ဘာလို့ အဲ့တာက သူတို့ဖြစ်နေတာလဲ။
Vol. 25 Ch. 349
အန်လင်းနှင့် တခြားသူများက ရှေ့ဆက်ကာ နောက်ဆုံးသော လေဟာနယ် လမ်းဆုံဆီသို့ လာခဲ့ကြ၏။
ထိုသည်မှာ ကျယ်ပြန့်သော မြက်ခင်းစိမ်းကြီးတစ်ခုဖြစ်ပြီး အပြာရောင်ကောင်းကင်ကြီး၏ အောက်တွင် အဖြူရောင် တိမ်တိုက်များက တွဲလဲခိုနေကာ ကြည်လင်သော စမ်းချောင်းလေးက စိမ်းလန်းစိုပြည်သော တောင်ကုန်းတစ်ခုပေါ်မှ စီးဆင်းနေပေတော့သည်။ ထိုနေရာရှိ လေထုမှာပင် အလွန်အမင်း သန့်စင်နေပြီး လတ်ဆတ်နေပေ၏။
“ချစ်စရာကောင်းလိုက်တဲ့ နေရာလေးပဲ။”
စုချန်းရန်က ကျေနပ်အားရစွာ မျက်လုံးများ မှေးလိုက်ပြီး အဆုတ်ထဲသို့ လေအပြည့် ရှုသွင်းလိုက်လေသည်။
အန်လင်းက သူတိူ့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ကာ အေးဆေးငြိမ်သက်မှု၏ အာရုံထဲတွင် ဖမ်းစားခံလိုက်ရတော့သည်။ သူက ဤကဲ့သို့ လှပသော ရှုခင်းထဲတွင် မည်သည့် မကောင်းဆိုးဝါး ပေါ်လာသည်ကိုမှ ပုံဖော်ကြည့်၍ မရပါပေ။
ပြီးနောက် သူ့အားထိုသို့တွေးသည်မို့ အပြစ်တင်၍လည်းမရပါချေ။ လူတိုင်းသဘောပေါက်ရမည်မှာ သူတို့သည် လက်ရှိတွင် နယ်မြေစောင့်ရှောက်သူ မျိုးနွယ်စု ဆယ်ခု၏ တစ်စိတ်တပိုင်းဖြစ်နေသည်မို့ သူတို့၏ မစ်ရှင်မှာ ဤကမ္ဘာမြေကို ခြိမ်းခြောက်နိုင်သည့် သက်ရှိ ဖြစ်တည်မှုများကို အဆုံးစီရင်ရမည် ဖြစ်သည်။
ပြီးခဲ့သော လေဟာနယ် လမ်းဆုံးနှစ်ခုမှာ နိမိတ်ဆိုးမာရ်နတ်များနှင့် ငရဲနတ်ဆိုးများဖြစ်၏။ ထို့ကြောင့် ဤလမ်းဆုံထဲတွင်လည်း မကောင်းဆိုးဝါး တစ်ချို့ ရှိလောက်ပေမည်။
ထိုအခိုက်၌ပင် အက်ကွဲကြောင်းတစ်ခုက ကောင်းကင်ပေါ်တွင် ပွင့်ဟလာ၏။
စက်ဝိုင်းပုံစံ ငွေဖြူရောင် အရာဝတ္ထုပျံများက ထို အက်ကွဲကြောင်းထဲမှ ပျံထွက်လာတော့သည်။ အရာဝတ္ထုပျံများမှာ ချောမွေ့သော ငွေအကွင်းနှစ်ခု ပါရှိပြီး နေရောင်၏ အောက်တွင် အနုပညာလက်ရာတစ်ခုကဲ့သို့ တောက်ပနေ၏။
အန်လင်းနှင့် တစ်ခြားသူများက ထိုမြင်ကွင်းကြောင့် ကြောင်အသွားတော့သည်။
အဲ့တာတွေက သောက်ကျိုးနည်း ဘာတွေလဲဟ။ အဲ့လိုဟာကြီးတွေက ဘာလို့ပေါ်လာတာလဲ။
“လခွမ်း... ငါတို့က နောက်ဆုံးအဆင့်မှာ ဂြိုလ်သားတွေကို တိုက်ခိုက်ရမှာလား။” လျှိုချင်ဟွမ်က ဆိုလာ၏။
အန်လင်း : “...”
သူက ကောင်းကင်မှ အရာဝတ္ထုများနှင့် UFOs များအကြားတွင် နှိုင်းယှဉ်ချက်မပြုလုပ်ရန် ကြိုးစားနေ၏။ သို့သော် ထိုသည်များမှာ သူယခင်က မြင်ဖူးခဲ့သော မည်သည့် မှော်ဝင်ပစ္စည်းများနှင့်မဆို အလွန်အမင်း ကွာခြားလွန်းနေ၏။
သူက ထိုအရာဝတ္ထုများမှာ မည်သည့် ပစ္စည်းများ ဖြစ်နိုင်သနည်းဟူသည်ကို တွေးတောနေစဉ်မှာပင် တောက်ပသော လျှပ်စီးကြောင်းက ရုတ်တရက် ထိုအရာ၏ ပတ်လည်တွင် စတင်လည်ပတ်လာကာ အပေါ်ဘက်လေထုထဲသို့ စုစည်းသွားတော့သည်။
“ဂရုစိုက်ကြ...။”
အန်လင်း၏ ဆံပင်များက ထောင်သွားကာ သူ့၏ အုတ်ခဲနက်ကို အော်ဟစ်ဆင့်ခေါ်လိုက်ပြီး ကျယ်ပြန့်သွားစေရန် အမိန့်ပေးလိုက်တော့သည်။
ဘုန်း...
ထန်ရှီမန်က အလန့်တကြားဖြစ်သွားပြီး အုတ်ခဲနက်ပေါ်မှ မြေပေါ်သို့ ပြုတ်ကျသွားလေ၏။ သူက ဝတ္ထုပျံဆီမှ ကြီးမားသောလျှပ်စစ်တိုင်ကြီး ထိုးထွက်လာပြီး အုတ်ခဲနက်နှင့် တိုက်သွားသောမြင်ကွင်းနှင့် ဆီးကြို မခံရမီတွင် ခေါင်းကိုမော့ရန် အခွင့်အရေးတစ်ခုသာ ရရှိလိုက်လေ၏။
ကြောက်မက်ဖွယ်စွမ်းအင်ပေါက်ကွဲမှုကြီးက အပြင်ဖက်သို့ လျှံထွက်လာကာ သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖုန်မှုန့်အဖြစ်လျော့ချကာ မြေပြင်ပေါ်တွင် ကြီးမားလှသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်စေတော့သည်။
“အဲ့တာဆို သူတို့က တကယ်ပဲ ဂြိုလ်သားတွေလား။ အဲ့တာက အဲ့မှာရှိတဲ့ အဆင့်မြင့် နည်းပညာ ဖြစ်မယ်...” အန်လင်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်ကာ သူ့နှလုံးသားမှာတော့ အကြောက်တရားဖြင့် ရစ်ဝဲနေလေပြီ။
သူက နောက်ဆုံးတိုက်ခိုက်မှုမှ မည်သည့် သက်ရှိစွမ်းအင် လွှမ်းမိုးမှုကိုမှ မခံစားရပါ။ ထို့ကြောင့် ထိုသည်က ရူပဗေဒဆိုင်ရာ တိုက်ခိုက်မှု သပ်သပ်ဖြစ်သည်မှာ ရှင်းလင်းလှ၏။
“စက်ရုပ် တစ်၊ စက်ရုပ် နှစ် အဲ့ဟာကြီးကို ကောင်းကင်ကနေ တိုက်ချလိုက်စမ်း...။”
အန်လင်းက ထိုဝတ္ထုပျံမှာ တကယ့်ပင် ရန်လိုနေသည်ကို အတည်ပြုလိုက်ပြီးနောက် ချက်ချင်းပင် ပြန်လည်တိုက်ခိုက်မှုတစ်ခုကို ဖော်ပြလိုက်သည်။
စက်ရုပ်ကြီး နှစ်ကောင်မှာ အန်လင်း၏ ခိုင်းစေမှုကို လက်ခံရရှိသည်နှင့် ချက်ချင်းပင် ရှေ့တိုးလာကာ အလင်းတန်းနှစ်ခုအသွင် ပြောင်းလိုက်ပြီး ကောင်းကင်ရှိ ဝတ္ထုပျံဆီသို့ အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းသွားလေ၏။
ထိုအခိုက်အတန့်၌ ဝတ္ထုပျံပေါ်တွင် အပေါက်တစ်ခု ပေါ်လာပြီး အနက်ရောင် သံချပ်ကာများ ဝတ်ဆင်ထာသော ပုံရိပ်နှစ်ခုက ထိုအပေါက်ထဲမှ ခုန်ထွက်လာ၏။
ဝှစ်...
သူတို့ထဲမှ တစ်ဦးက စက်ရုပ်များဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာကာ စက်ရုပ်၏ အလင်းဓားဆီသို့ သံလက်သီးတစ်လုံး ပစ်သွင်းလာတော့သည်။
ဘုန်း...
စက်ဝိုင်းပုံ စွမ်းအင်ပေါက်ကွဲခြင်းက သူတို့ ပတ်လည်တွင် ထိုးထွက်လာပြီး ချွန်ထက်သော အလင်းဓားက သံလက်သီးကြောင့် ရပ်တန့်သွားပြီး နောက်ထပ်ထပ်၍ မခုတ်နိုင်ပါတော့ချေ။
တခြားစက်ရုပ်က ပုံရိပ်ဆီသို့ သူ့၏ အမြှောက်ချိန်ထားပြီးဖြစ်ကာ လေဆာပေါက်ကွဲမှုကို ထိုဦးတည်ရာသို့ ပို့လွှတ်လိုက်၏။
လေဆာ ပေါက်ကွဲမှုက လေထုကို စုတ်ဖြဲပစ်ကာ ရည်ရွယ်ရာဆီသို့ ချက်ချင်းပင် ရောက်လုဆဲဆဲဖြစ်နေစဉ်၌ လျှပ်စစ်ဓာတ်အားက ရှေ့သို့ ပေါက်ထွက်လာ၏။
မီးခိုးရောင် စွမ်းအင်အတားအဆီးတစ်ခုက အနက်ရောင် သံချပ်ကာ၏ ပတ်လည်တွင် ပေါ်လာပြီး အစွမ်းထက် လေဆာပေါက်ကွဲမှု သေခြင်းတရားကို သူ့လမ်းကြောင်းတွင် တားဆီးလိုက်သောအခါ တခြားသော အံ့အားသင့်ဖွယ် အသံကျယ်ကြီးက ထွက်ပေါ်လာတော့သည်။
“အလင်းယိုင် နယ်မြေ”
အနက်ရောင် သံချပ်ကာ အင်္ကျီက တောက်ပသောအလင်းနှင့် လင်းလက်လာသောအခါ ဩရှပြီး အစွမ်းထက်သည့် အသံတစ်ခုက ထွက်ပေါ်လာ၏။ ထို့နောက် ထိုပုံရိပ်၏ နောက်တွင် အလင်းတန်း ခုနှစ်ခုက ချက်ချင်းပေါ်ပေါက်လာကာ စက်ရုပ်နှစ်ကောင်ဆီသို့ အကြီးအကျယ် ဖျက်စီးတတ်သော အားအင်နှင့် တိုးဝင်သွားတော့သည်။
“အဲ့တာက... အဲ့ဒီ့ အလင်းယိုင်နယ်မြေက တိုက်ပွဲနတ်ဘုရား ကျန်းဟုန် အသုံးပြုတဲ့ နည်းလမ်းမဟုတ်လား။ ပြီးတော့ အဲ့တာက အစွမ်းထက် တိုက်ပွဲချီ...။ အဲ့တာက မှားနိုင်စရာမရှိဘူး။ အဲ့တာ သူဆိုတာ သေချာတယ်။” တိုက်ပွဲနတ်ဘုရား ဇီယန်က သူ့မျက်လုံးရှေ့မှ မြင်ကွင်း အလန့်တကြား ကြည့်ကာ အခိုင်အမာပြောလာ၏။
“တိုက်ပွဲနတ်ဘုရား ကျန်းဟုန်။ အဲ့တာက ပေးဟောင် အင်ပါယာရဲ့ ပထမဆုံး တိုက်ပွဲနတ်ဘုရား မဟုတ်လား။” စုရှောင်လန်၏ အမူအရာက ရှုပ်ထွေးသွားကာ သူမဖတ်ခဲ့သော သမိုင်း စာပိုဒ်မှ အမည်ကို ပြန်စဉ်းစားလိုက်တော့သည်။ “စာအုပ်ထဲမှာ ရေးထားတော့ သူက လွန်ခဲ့သည့် နှစ်ခုနှစ်ထောင်က ပျောက်ဆုံးသွားတာတဲ့။ ဖြစ်နိုင်တာကတော့...”
လူတိုင်းက အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်ကို ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးမှုက သူတို့၏ နှလုံးထိတိုင် တိုးပွားလာတော့သည်။
သူတို့ အစက တွေးထားသည်မှာ ထိုပုံရိပ်နှစ်ခုမှာ စက်ရုပ်နှစ်ကောင်ကဲ့သို့ စက်နှင့်ပြုလုပ်ထားသော ရုပ်သေးရုပ်များသာဖြစ်သည် ဟုပင်။ မည်သို့ဆိုဆို သူတို့မှာ သူတို့၏ သံချပ်ကာထဲတွင် အလွန်အမင်း တင်းကြပ်စွာ ပိတ်လှောင်ထားပြီး သူတို့ကိုယ် သူတို့ အမဲရောင်ခြယ်ထားသော ပိုကြီးသည့် စက်ရုပ်များအသွင် ပေးနေလေ၏။
သို့သော် မကြာသေးမီက တိုးတက်မှုများကြောင့် ထို သံချပ်ကာဝတ် ပုံရိပ်မှာ တိုက်ပွဲနတ်ဘုရား တစ်ပါး ဖြစ်သည်ဟူသော ဖြစ်နိုင်ချေမှာ အလွန်များလာပုံပေါ်လေသည်။
တိုက်ပွဲနတ်ဘုရား ကျန်းဟုန်က အဘယ့်ကြောင့် ဤနေရာ၌ ရှိနေရသနည်း။ သူက ဤကဲ့သို့ အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန် တစ်ခုကို မည်သို့ရရှိသနည်း။ အဘယ့်ကြောင့် သူက နယ်မြေစောင့်ရှောက်သူမျိုးနွယ်စု ဆယ်ခုအနေဖြင့် သူတို့ရင်ဆိုင်ရမည့် တတိယမြောက် ပြိုင်ဘက်ဖြစ်နေရသနည်း။
စက်ရုပ်တစ်နှင့် စက်ရုပ်နှစ်တို့မှာ သက်တံ့အလင်းတန်းများကြောင့် မြေပြင်သို့ လဲကျနေလေပြီ။
ထိုအချိန်၌ တခြားသော သံချပ်ကာဝတ် ပုံရိပ်တစ်ခုက အန်လင်းနှင့် တခြားသူများဆီသို့ ပျံသန်းလာပြီး သူ့၏ ပြိုင်ဘက်ကင်းအရှိန်အဝါကို ထိန်ချန်ထားခြင်းမရှိပဲ ထုတ်လွှတ်လာတော့သည်။
သံချပ်ကာဝတ် ပုံရိပ်က သူ့လက်ဖဝါးကို ဖြန့်လိုက်ကာ ကောင်းကင်က ရုတ်တရက်မဲမှောင်လာပြီး တိုက်ပွဲချီများက အကြမ်းပတမ်း တိုးပွားလာတော့သည်။
စက္ကန့် အနည်းငယ်အတွင်းမှာပင် မီတာတစ်ထောင်ကျော်သော အနက်ရောင် ဓားမော့အလင်းတန်းတစ်ခုက လေထဲတွင်ပေါ်လာပြီး အန်လင်းနှင့် တခြားသူများဆီသို့ ပြိုင်ဘက်ကင်း ဖျက်စီးခြင်း အငွေ့အသက်ဖြင့် ဆက်သက်လာတော့သည်။
“အဲ့တာက တိုက်ပွဲနတ်ဘုရား ထျန်တာအိုရဲ့ သီးသန့် တိုက်ကွက်၊ အနက်ရောင် ကောင်းကင်ဘုံ ဓားချက် မဟုတ်လား။” တိုက်ပွဲနတ်ဘုရား ဇီယန်က ထပ်မံ၍ အခိုင်အမာဆိုလာပြန်၏။
“ရှင်က အံ့ဩနေတာရပ်ပြီး တကယ်ကိုပဲ တစ်ခုခုလုပ်လို့ မရဘူးလား။” ပိုင်ချောင်က သူမ၏ အစိမ်းရောင် အင်ပါယာ ဝတ်ရုံက သူမပတ်လည်တွင် တစ်ဖြတ်ဖြတ်ခတ်နေရင်း လေထဲသို့ ပျံသန်းလာတော့သည်။ သူမက လေထုထဲသို့ ဆုတ်ကိုင်လိုက်ပြီး ကြီးမားသော အစိမ်းရောင် ဓားအလင်းတန်း တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီး အနက်ရောင် ဓားမော့အလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံပြီး ဝင်တိုက်လိုက်လေ၏။
ဘုန်း...
တိုက်ပွဲနတ်ဘုရား နှစ်ယောက်၏ တိုက်ခိုက်မှုက ကောင်းကင်တစ်ခုလုံးကို အစိမ်းနှင့် အနက်ဆေးရောင်များ ရောယှက်နေသော ပန်းချီတစ်ချပ်သဖွယ် ပြောင်းသွားစေတော့သည်။
“တိုက်ပွဲ နတ်ဘုရား ထျန်တာအိုက အိုရှင်းအင်ပါယာရဲ့ ဒုတိယ တိုက်ပွဲနတ်ဘုရားပဲ။ သူကလည်း သမိုင်းစာအုပ်ထဲမှာ ပျောက်ဆုံးနေတဲ့ တိုက်ပွဲနတ်ဘုရားများ စာရင်းထဲမှာ ပါတယ်။” စုရှောင်လန်က ထပ်ပြောလာ၏။
“ပျောက်နေတဲ့ တိုက်ပွဲနတ်ဘုရားတွေ အကုန် ဒီကိုလာကြတယ်ထင်တယ်။”
ရွှမ်ယွမ်ချန်က သူ့တို့အပေါ်ကောင်းကင်ရှိ ကမ္ဘာမြေတုန်လှုပ်စေနိုင်သော တိုက်ခိုက်မှုကြီးကို ကြည့်ကာ နှလုံးသားပင် တုန်လှုပ်သွားတော့သည်။
ဤကဲ့သို့ နက်နဲလွန်းသော စွမ်းအား... ထိုသို့ဆိုပါက ဤသည်မှာ တိုက်ပွဲနတ်ဘုရား နှစ်ဦး အစွမ်းကုန် တိုက်ခိုက်သောအခါ မည်သည်နှင့် တူသလဲ ဆိုသည်ပင် ဖြစ်၏။
အန်လင်းက တိုက်ပွဲနတ်ဘုရား ဇီယန်ကို မနှစ်မြို့သော အမူအရာဖြင့် ကြည့်လိုက်ကာ “စီနီယာ၊ အစ်ကိုက သူတို့လို တိုက်ပွဲနတ်ဘုရားပဲလေ။ ဒီလိုပဲ ပွဲကြည့်နေရတာ မရှက်ဘူးလား။”
သူက တိုက်ပွဲထဲရှိ တိုက်ပွဲနတ်ဘုရား အားလုံးကို အလွန် ကြောက်ရွံ့ရိုသေနေတာ ဖြစ်သည်။ တိုက်ပွဲနတ်ဘုရား ထျန်တာအို၊ တိုက်ပွဲနတ်ဘုရား ကျန်းဟုန်နှင့် တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် သူတို့အားလုံးမှာ ပြိုင်ဘက်ကင်း အစွမ်းထက်ကြ၏။ တိုက်ပွဲနတ်ဘုရား ဇီယန်သာလျှင် ဘေးထွက်ရပ်နေခြင်းဖြစ်သည်။ သူက တိုက်ပွဲနတ်ဘုရား အတုတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား။
တိုက်ပွဲနတ်ဘုရား ဇီယန်က ခပ်ဖွဖွရယ်ကာ “ငါ့ကို တိုက်ပွဲထဲကို တွန်းပို့ဖို့ ကြိုးစားမနေနဲ့။ ငါက ထျန်းလင်းလင်းနဲ့ ထန်ရှီမန်ကို ကာကွယ်ဖို့ပဲ တာဝန်ရှိတာ။ အို... မြွေဖြူဝိညာဉ်ရောပါတယ်။”
အန်လင်း : “...”
သူက တိုက်ပွဲနတ်ဘုရား ကျန်းဟုန်၏ အသေအရိုက်ခံထားရသော စက်ရုပ်နှစ်ကောင်ကို လှည့်ကြည့်လိုက်၏။
“တိုက်ပွဲထဲ ဝင်ကြရအောင်။”
အန်လင်းက သူ့ရန်သူများ၏ ခွန်အားကို အကဲဖြတ်ပြီး နောက်ဆုံးတော့ သူ့၏ မိစ္ဆာရှင်းဓားကို ဆွဲထုတ်လိုက်၏။
ထိုအခိုက်မှာပင် အဖြူရောင် စက်ဝိုင်းပုံစံ ပစ္စည်း တစ်ခုက မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာ၏။
အနက်ရောင် အက်ကွဲကြောင်းတစ်ခု ပေါ်လာကာ ထိုအထဲမှ ကတုံးအမျိုးသားတစ်ဦးက ချက်ချင်း ခုန်ထွက်လာ၏။
သူက အဝါရောင် တွဲဆက်ဝတ်ရုံကို အဖြူရောင်အပေါ်ဝတ်ရုံရှည်တစ်ခုနှင့် ဝတ်ဆင်ထားပြီ လက်အိတ် အနီတစ်စုံလည်း ဝတ်ထားသေး၏။ ထို့နောက် သူ့၏ ပင်ကိုယ်သွင်ပြင်က မြေပြင်ပေါ်မှ လူတိုင်းကို ချက်ချင်း သတိကပ်စေတော့သည်။
အန်လင်းက ထိုထူးထူးခြားခြား ဝတ်စားဆင်ယင်မှုကြောင့် စိတ်ရှုပ်သွားပြီး သူ့နှလုံးသားထဲတွင်တော့ အကြောက်တရား၏ အရိပ်အယောင်များ ပေါ်လာလေတော့၏။
***