← Chapters

ဟွမ်ဂျိဟောင်၊ ကြောက်မယ်ဖွယ်ကောင်းသော အခြေခံအဆင့်နဝမတန်းကျင့်ကြံသူ

Vol. 3 Ch. 40

ဟွမ်ဂျိဟောင်၊ ကြောက်မယ်ဖွယ်ကောင်းသော အခြေခံအဆင့်နဝမတန်းကျင့်ကြံသူ

Vol. 3 Ch. 40

အခန်း (၄၀) ဟွမ်ဂျိဟောင်၊ ကြောက်မယ်ဖွယ်ကောင်းသော အခြေခံအဆင့်နဝမတန်းကျင့်ကြံသူ

ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို သူ့လိုဏ်ဂူထဲ ယူသွားပြီး ဘေးနားပစ်ချကာ ကျင့်ကြံအားထုတ်ပါတယ်။ အစမှာ ငရဲကြက်နက်ဟာ လိုဏ်ဂူထဲက ဆေးပင်တွေကို စားဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ်စိတ်ဝိညာဉ်ချီကြောင့် လွှင့်စဉ်ထွက်သွားပြီး လိုဏ်ဂူနံရံကို သွားတိုက်ပါတယ်။ ငရဲကြက်နက်ဟာ နာကျင်လွန်းတာကြောင့် အော်ဟစ်ပါတော့တယ်။

‘အား... ဒီအတိုင်းဆို မဖြစ်သေးဘူး၊ ဒီလိုသာ ဆက်သွားရင် ဖီးနစ် မပြောင်းခင် သေသွားလိမ့်မယ်!’

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ငရဲကြက်နက်ထဲ သူ့စိတ်ဝိညာဉ်ချီကို ထည့်သွင်းပေးပြီး စိတ်ဝိညာဉ်ချီကို ဘယ်လိုစုပ်ယူရမလဲဆိုတာ သင်ပေးလိုက်ပါတယ်။ လေးငါးခြောက်ရက် အကြာမှာတော့ ငရဲကြက်နက်ဟာ စိတ်ဝိညာဉ်ချီကို စုပ်ယူတက်သွားပါတယ်။ စိတ်ဝိညာဉ်ချီ စုပ်ယူတာက ဆာလောင်မှုကို ပြေပျောက်စေတဲ့အတွက် ငရဲကြက်နက်ဟာ ကျင့်ကြံခြင်းရဲ့ အရသာကို စတင်ခံစားပါတော့တယ်။

ဘယ်လိုပဲပြောပြော မွန်းစတားပညာရှိက ပြန်ဝင်စားတာဖြစ်တဲ့အတွက် ဒီငရဲကြက်နက်ဟာ သာမန်နဲ့ လုံးဝခြားနားပါပါတယ်။ ဒီကြက်က ဖီးနစ်ခန္ဓာကိုယ်ကို ပြန်မပြောင်းနိုင်သေးသလို အသိဉာဏ်ကလည်း မဖွံဖြိုးသေးတာတောင် သူအလေ့အကျင့်တွေကတော့ ပျောက်ကွယ်မသွားဘဲ ကျန်ရှိနေပါသေးတယ်။

ငရဲကြက်နက်အတွက် ကံကောင်းတာက ဟန်ကျွယ်နဲ့ တွေ့ဆုံခဲ့ခြင်းပါ။ မဟုတ်ရင် မိစ္ဆာတစ်သောင်းနယ်မြေကို အပို့ခံရပြီး တစ်ခြားမွန်းစတားတွေ၊ မိစ္ဆာတွေ အစားခံရလို့ ပြန်ဝင်စားတာနဲ့ သံသရာ လည်နေမှာပါ။ ဘယ်ဘဝကျမှ သူ့ပုံစံအစစ်အမှန်ကို ပြန်ရမလဲဆိုတာ မသိနိုင်ပါဘူး။

ငရဲကြက်နက်က သူ့ဘာသာ ကျင့်ကြံနိုင်တာကို တွေ့သွားတာကြောင့် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး သူ့ကျင့်ကြံခြင်းကို ပြန်ဆက်ပါတယ်။ ကနဦးဝိညာဉ် ပဥ္စမအဆင့်က သူ့အတွက် မလုံလောက်ပါဘူး။ သူ့ရည်မှန်းချက်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို အမြန်ဆုံး ရောက်ဖို့ပါ။

‘မဟုတ်ဘူး၊ ငါ ဟင်းလင်ပြင်ပေါင်းစပ်ခြင်းကို မကြာခင်မှာ ရောက်ဖို့ လိုအပ်တယ်! မဟုတ်သေးဘူး၊ ကောင်းကင်ဘုံဝင်ခြင်း အဆင့်ကို ရောက်ဖို့လိုအပ်တယ်! ကျင့်ကြံခြင်းလောကရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်မှ ငါ စိတ်အေးလက်အေး နေနိုင်မှာ’

…

နှစ်နှစ်ကြာတဲ့အခါမှာ လီချင်းဇဲ့နဲ့ မဟာအကြီးအကဲ ပြန်ရောက်လာပါတယ်။ သူတို့နှစ်ယောက်ဟာ မိုးကြိုးအင်မော်တယ်က သူလျှိုဖြစ်ပြီး ဟန်ကျွယ် သတ်တာ ခံလိုက်ရပြီဖြစ်တဲ့အကြောင်း ကြားသိလိုက်ရတဲ့အခါမှာ တုန်လှုပ်ချောက်ချားသွားကြပါယ်။ နတ်မိမယ်ရှီရွှမ်က သက်သေကို ထုတ်ပြလိုက်တဲ့အခါမှာတော့ သူတို့နှစ်ဦးဟာ ယမ်းပုံမီးကျဖြစ်ပြီး မိုးကာဝတ်ရုံဂိုဏ်းရဲ့ အရှက်မဲ့မှုကို ကြိမ်းမောင်းဆဲဆိုပါတော့တယ်။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို သူ့လိုဏ်ဂူထဲမှာ ဧည့်ခံနေပါတယ်။ ရှင်းဟုန်ရွှမ်ကို ဟန်ကျွယ် မမြင်ရတာ နှစ်အတန်ကြာခဲ့ပါပြီ။ ရှင်းဟုန်ရွှမ်ဟာ နှစ်တွေကြာလေ ပိုပိုပြီး ဆွဲဆောင်မှုရှိလာပါတယ်။

ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အခြေခံအဆင့် အဋ္ဌမတန်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီကျင့်ကြံနှုန်းက တော်တော်လေး မြန်တယ်လို့ ပြောလို့ရပါတယ်။ ချန်ယွီအာနဲ့ မော့ကျူကိုတောင် မီလုနီးပါး ဖြစ်သွားပါပြီ။ အဓိကတောင်ထိပ်မှာ သူရရှိတဲ့ သူ့အကျိုးအမြတ်က တစ်ခြားတောင်ထိပ်တွေထက် အများကြီးသာပါတယ်။

[ဂိုဏ်းချုပ် ပြန်ရောက်လာပြီ၊ သင်သည် ယွီဂျင်ဂိုဏ်းအား ဘေးမသိရန်မခအောင် ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် သိုင်းပညာတစ်မျိုးနှင့် စိတ်ဝိညာဉ်ပြောင်းလဲခြင်းဆေး တစ်ပုလင်း ရရှိမည်။]

[လေနတ်သားသိုင်းအား ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]

[စိတ်ဝိညာဉ်ပြောင်းလဲခြင်းဆေး တစ်ပုလင်း ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]

[လေနတ်သားသိုင်း: သင်သည် မိုးမြေတစ်ခွင်ရှိ လေအား စီးနင်း၍ ခရီးနှင်နိုင်သည်၊ သင်ကိုယ်တိုင်လည်း လေအသွင်သို့ ပြောင်းလဲနိုင်သည်။]

[ဝိညာဉ်ဖော်မေးရှင်ဆေး: စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူများအတွက် အထူးဖော်စပ်ထားသည့် ထိပ်တန်းဆေးတစ်မျိုး ဖြစ်သည်၊ ဆေးလုံး ၁၂လုံး ပါရှိသည်။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းငါးကြောင်းကို မြင်ရတဲ့အခါမှာ ပြုံးလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ သူ့စုဆောင်းထားခဲ့တဲ့ သဘာဝရတနာတွေကို ဟန်ကျွယ်လိုဏ်ဂူထဲမှ စတင်နေရာချပါတယ် “ဒီရတနာတွေက ကျွန်မ စွန့်စားခရီးထွက်ရင်းနဲ့ ရခဲ့တာ၊ ရှင်လိုအပ်မယ်ထင်လို့ ကျွန်မ စုဆောင်းထားခဲ့တာ”

ရှင်းဟုန်ရွှမ်ဟာ ပြုံးပြီး ဟန်ကျွယ်ကို လှည့်ကြည့်လိုက်တဲ့အခါမှာ ဟန်ကျွယ်ပြုံးနေတာကိုလည်း တွေ့လိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်ရင်ထဲမှာ ပျားသကာနှစ်ချို့ထက် ချိုမြန်ထွက်သွားပါတယ် ‘ကြည့်ရတာ ယောက်ျားက ငါ့ရောက်လာတာကို ပျော်နေတဲ့ပုံပဲ’

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ စကားစမြည် ပြောဆိုပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အပြင်လောကမှ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောပြပါတယ်။ ဒီလိုနဲ့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဆီကနေ ကျင့်ကြံခြင်းလောကအကြောင်း တစ်စွန်းတစ်စ သိလိုက်ရပါတယ်။

လွန်ခဲ့တဲ့တစ်လတုန်းက ရှင်းဟုန်ရွှမ်ဟာ အဓိကတောင်ထိပ်ကပည့်တွေနဲ့ တောင်အောက်ဆင်း လေ့ကျင့်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့တွေဟာ လက်ယာဂိုဏ်းတစ်ခုဖြစ်တဲ့ ကြက်သွေးရောင်တောင်ထိပ်ဂိုဏ်းနဲ့ လက်ဝဲဂိုဏ်းတစ်ခုဖြစ်တဲ့ မိုးပြာနဂါးဂိုဏ်းတို့ရဲ့ တိုက်ပွဲကို ရင်ဆိုင်တိုးမိသွားပါတယ်။ ရှင်းဟုန်ရွှမ်တို့အဖွဲ့ဟာ မိုးပြာနဂါးဂိုဏ်းကို ဝိုင်းမောင်းထုတ်ကြရင်း ရှင်းဟုန်ရွှမ်ဟာ သိုလှောင်လက်စွပ်တစ်ကွင်းကို ကံအားလျော်စွာ ရရှိသွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဒီသိုလှောင်လက်စွပ်ကို နောက်ကျမှ ဖွင့်ကြည့်တဲ့အခါ အထဲမှာ ရတနာတွေအများကြီး ရှိနေတာကို တွေ့လိုက်ရပါတယ်။

“ယွီဂျင်ဂိုဏ်းရဲ့ ရန်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောကမှာ အဆင့်ဘယ်လောက်ရှိလဲ?” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်က အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “ရန်ကျင့်ကြံခြင်းလောကမှာ ဂိုဏ်းပေါင်းနှစ်ဆယ်ကျော်ရှိတယ်၊ ဒီထဲက ၁၂ ဂိုဏ်းက လက်ယာဂိုဏ်းတွေ၊ ယွီဂျင်ဂိုဏ်းက ထိပ်တန်းငါးဂိုဏ်းထဲမှာတော့ ပါတယ်”

‘အား? ထိပ်တန်းငါးဂိုဏ်းထဲမှာပဲ ပါတာလား?’ ဟန်ကျွယ်ဟာ စိတ်ပျက်သွားပါတယ် ‘ဒီလောက်ထိ ရန်သူများနေတာ အံဩစရာ မရှိတော့ပါဘူး’

ရှင်းဟုန်ရွှမ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “တကယ်တော့ ဂိုဏ်းတွေရဲ့အင်အားက သိပ်မကွာပါဘူး၊ သူတို့မှာ တကယ်သတ်မှတ်ထားတဲ့ အဆင့်တွေ မရှိကြဘူး”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ကျင့်ကြံခြင်းလောကမှ အဆင့်တွေက သိပ်အများကြီး မရှိပါဘူး။ ဒီအဆင့်တွေကို သတ်မှတ်ဖို့က သာမန်အချက်အလက်နဲ့ လုံးဝမဖြစ်နိုင်လို့ပါပဲ။

ရှင်းဟုန်ရွှမ်သည် ကိစ္စတစ်ခုကို သတိရသွားပြီး ပြောလိုက်၏ “အို.. အခုမှသတိရတယ်၊ မကြာသေးခင်က ကျင့်ကြံခြင်းလောကမှာ နာမည်ကြီးတစ်ယောက် ပေါ်လာတယ်၊ သူက ဟင်္သာဓားဂိုဏ်းက ဟွမ်ဂျိဟောင်ပဲ၊ ဟိုးအရင်တုန်းက ရွှေဓာတ်လုံးအဆင့်နဲ့ ကနဦးဝိညာဉ်မွန်းစတား တစ်ကောင်ကို သတ်ပစ်လိုက်တယ်၊ အဲဒီအချိန်ကစပြီး နာမည်ကျော်ကြားလာတာပဲ၊ အခုနှစ်တရာလောက် ရှိပြီဆိုတော့ သူ့ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်နေလောက်ပြီ၊ ဒီရက်ပိုင်းမှာ သူက လက်ယာဂိုဏ်းတွေရဲ့  ပညာရှင်တွေကို တစ်ဦးချင်းလိုက်စိန်ခေါ်ပြီး အနိုင်ယူနေတယ်၊ သူ့ကို ဘယ်သူမှ မတားနိုင်သေးဘူး”

အဲဒီနောက် ရှင်းဟုန်ရွှမ်သည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏ “ဟွမ်ဂျိဟောင်က ရန်ကျင့်ကြံခြင်းလောကမှာရှိတဲ့ ဂိုဏ်းတွေအကုန်လုံးကို စိန်ခေါ်ချင်တာဆိုတော့ ကျွန်မတို့ဆီကို ရောက်လာမယ်ထင်လား?”

ရှင်းဟုန်ရွှမ်ဟာ တာအိုသခင်ကျင်းရှုဆီကနေ ဟန်ကျွယ်က နတ်သတ်အကြီးအကဲဖြစ်ကြောင်း သိခဲ့ပြီးပါပြီ။ ဟွမ်ဂျိဟောင်သာ ရောက်လာခဲ့ရင် ဟန်ကျွယ်က ကျိန်းသေပေါက် ရင်ဆိုင်တိုက်ခိုက်ရမှာပါ။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး တွေးတောလိုက်ပါတယ် ‘ဘာလို့ ဒီလိုတိုက်ပွဲရူးတွေက နေရာတကာမှာ ရှိနေရတာလဲ? ဂိုဏ်းတွေကို တစ်ယောက်တည်း စိန်ခေါ်တယ်ဆိုတော့ တော်တော်လေး အစွမ်းရှိလို့ပဲ ဖြစ်ရမယ်’

“ဟွမ်ဂျိဟောင်က ဂိုဏ်းတွေကို စိန်ခေါ်တိုက်ခိုက်ရင်းနဲ့ တစ်ယောက်ယောက်ကို သတ်ဖြတ်သေးလား?” ဟန်ကျွယ်ဟာ အလေးအနက် မေးလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်က ခေါင်းခါပြီး ပြန်ဖြေပါတယ် “မသတ်ပါဘူး၊ ဟင်္သာဓားဂိုဏ်းကလည်း လက်ယာဂိုဏ်းပဲလေ”

“ဒါဆိုရင်တော့ ပူစရာ မရှိတော့ပါဘူး”

ရှင်းဟုန်ရွှမ်ဟာ ဇဝေဇဝါ ဖြစ်သွားပါတယ် ‘နာမည်ကျော် နတ်သတ်အကြီးအကဲက သေရမှာ ကြောက်နေတာလား’ ဒီကိစ္စက ရယ်စရာကောင်းနေပေမဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို အထင်မသေးပါဘူး။ သူမပြောနဲ့ ယွီဂျင်ဂိုဏ်းထဲမှရှိတဲ့ ဘယ်သူကမှ ဟန်ကျွယ်ကို အထင်သေးဖို့ အခွင့်အရေးမရှိပါဘူး။

တစ်နာရီကြာ စကားပြောဆိုပြီးတဲ့ နောက်မှာတော့ ရှင်းဟုန်ရွှမ်ဟာ ပြန်သွားပါတယ်။ ရှင်းဟုန်ရွှမ် ပြန်သွားတာနဲ့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းကို ဆက်ပါတယ်။

ရှင်းဟုန်ရွှမ်၊ မော့ကျူနဲ့ ချန်ယွီအာဟာ ဟန်ကျွယ်ဆီကို လေးငါးနှစ်တစ်ကြိမ် လာလည်ပါတယ်။ သူတို့ဟာ ဟန်ကျွယ်ကို အနှောင့်အယှက်မပေးဘဲ စကားစမြည်ပြောဆိုပြီးရင် ပြန်သွားကြပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုဘဝကို တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ ဒီလိုစကားပြောဆိုတာကလည်း ဟန်ကျွယ်အတွက် အကျိုးမယုတ်ပါဘူး။ ကျင့်ကြံခြင်းလောကအကြောင်းကို သူတို့ဆီကနေ ဟန်ကျွယ် သိရှိနိုင်ပါတယ်။

တစ်ချိန်တည်းမှာ ငရဲကြက်နက်ဟာ တဖြည်းဖြည်း ကြီးပြင်းလာပါတယ်။

…

တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း ယွီဂျင်ဂိုဏ်းပတ်လည်ကို စစ်ဆေးလိုက်ပါတယ်။

[ရဲ့စန်းလောင်: ကနဦးဝိညာဉ် သတ္တမအဆင့်၊ မိုးကာဝတ်ရုံဂိုဏ်း၏ စောင့်ကြပ်သူ]

‘ကနဦးဝိညာဉ် သတ္တမဆင့်လား? မဆိုးဘူး!’ ဟန်ကျွယ်ဟာ ထိုင်ရာကနေထပြီး လိုဏ်ဂူအပြင်ဘက်ကို ထွက်လိုက်ပါတယ်။ ငရဲကြက်နက်ဟာ ဟန်ကျွယ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဘာသာ ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ရဲ့ ပြုစုပြိုးထောင်မှုကြောင့် ငရဲကြက်နက်ဟာ ကျင့်ကြံခြင်းအရသာကို ခံစားတက်နေပါပြီ။

လေးငါးကီလိုမီတာ အကွာက သစ်တောအုပ်တစ်အုပ်မှာ ယွီဂျင်ဂိုဏ်းဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ဟာ သစ်ပင်အောက်မှာ တရားထိုင်နေပါတယ်။ သူ့မျက်နှာက ချောမောနေပေမဲ့ သူ့မျက်ခုံးအကြားမှာ မိစ္ဆာအငွေ့အသက် ယှက်သမ်းနေပါတယ်။ ဒီလူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ မိုးကာဝတ်ရုံဂိုဏ်းက ရဲ့စန်းလောင်ပါ။

“တာအိုမိုးကြိုးက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ? တစ်ခုခုဖြစ်နေလို့လား?” ရဲ့စန်းလောင်က ကြိမ်းမောင်းလိုက်ပါတယ်။ သူစောင့်နေတာ တစ်လပြည့်ပြီဖြစ်တဲ့အတွက် သူ့စိတ်ရှည်မှုက ကုန်ဆုံးလာနေပါပြီ။ သူဟာ ယွီဂျင်ဂိုဏ်းထဲကို တန်းဝင်သွားချင်စိတ် ပေါက်လာပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်သတ်အကြီးကို တွေးမိတဲ့အခါမှာ သူမလုပ်ရဲတော့ပါဘူး။

ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ သစ်ပင်တွေကြားထဲကနေ ရဲ့စန်းလောင်ဆီ လျှောက်လာပါတယ်။ ဒါကို မြင်လိုက်ရတဲ့ ရဲ့စန်းလောင်ဟာ ချက်ချင်းပဲ နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ သူဟာ ချက်ချင်းပဲ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံလိုက်ပါတယ်။

‘အခြေခံအဆင့် နဝမတန်းလား? ပုရွတ်ဆိတ်ပဲ!’

ရဲ့စန်းလောင်ဟာ ဟန်ကျွယ်ကို မမြင်ချင်ယောင်ဆောင်ပြီး ဆက်ကျင့်ကြံနေပါတယ်။ ဘာပဲဖြစ်ဖြစ် သူက ယွီဂျင်ဂိုဏ်းရဲ့ဝတ်ရုံကို ဝတ်ဆင်ထားတာကြောင့် တစ်ယောက်ယောက်ကို တွေ့လို့ ထွက်ပြေးတယ်ဆိုရင် သံသယဝင်စရာ ကောင်းသွားပါလိမ့်မယ်။

ဒါပေမဲ့ ဟန်ကျွယ်က သူ့ဆီကို တန်းတန်းမတ်မတ် လျှောက်သွားပါတယ်။ ရဲ့စန်းလောင်ဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “လိုချင်တာ တစ်ခုခုရှိလို့လား?”

ဟန်ကျွယ်ဟာ အသံလွှင့်စကားနည်းနဲ့ ပြောလိုက်ပါတယ် “တာအိုရောင်းရင်းက မိုးကာဝတ်ရုံဂိုဏ်းရဲ့ ကြီးကြပ်သူရဲ့လား? ကျွန်တော်က မိုးကြိုးအင်မော်တယ်ရဲ့ ကိုယ်ပိုင်တပည့်ပါ၊ မကြာသေးခင်က တာအိုရောင်းရင်းရဲ့ လှုပ်ရှားမှုတွေကြောင့် ဆရာသခင်က တာဝန်အများကြီး လက်ခံရခဲ့တယ်၊ ဒါကြောင့် တာအိုရောင်းရင်းဆီ လာဖို့ အချိန်မရှိတော့ပါဘူး၊ အဲဒါကြောင့် ကျွန်တော့်ကိုလွှတ်ပြီး တာအိုရောင်းရင်းကို ရှာခိုင်းလိုက်တာပါ”

ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ ရဲ့စန်းလောင်ဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ်။ သူဟာ ဟန်ကျွယ်ရင်ဘက်ကို လှမ်းရိုက်ပြီး အင်အားကြီးတဲ့ စိတ်ဝိညာဉ်ချီကို ဟန်ကျွယ်ကိုယ်ထဲ တွန်းပို့လိုက်ပါတယ်။ အဲဒီနောက်မှာတော့...

“ဝုန်း...” ရဲ့စန်းလောင်ဟာ ပြင်းထန်တဲ့ အားအရှိန်ကြောင့် လွှင့်စဉ်ထွက်သွားပြီး သစ်ပင်တစ်ပင်နဲ့ သွားတိုက်မိပါတယ်။

ဟန်ကျွယ်ဟာ သူ့ရင်ဘက်ကို အသာခါလိုက်ပြီး နှာခေါင်းရှုံလိုက်ပါတယ် ‘မင်းလိုကောင်ကများ ငါ့ကို ရိုက်ရဲတယ်! မင်းရဲ့ ဒီစိတ်ဝိညာဉ်ချီလေးနဲ့များ ငါ့ကို ဒုက္ခပေးချင်သေးတယ်!’

ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံက တိုက်ခိုက်မှုတွေကို တန့်ပြန်နိုင်တဲ့ အစွမ်းမရှိပါဘူး။ ဟန်ကျွယ်က လမ်းခြောက်သွယ်စိတ်ဝိညာဉ်ချီကို အသုံးပြုပြီး ပြန်တွန်းထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ ရဲ့စန်းလောင်ရဲ့ စိတ်ဝိညာဉ်ချီလေးဟာ ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ်စိတ်ဝိညာဉ်ချီအောက်မှ ပုရွတ်ဆိတ်ပေါက်စပဲ ရှိပါတယ်။

“မင်း...”

ရဲ့စန်းလောင်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားပါတယ်။

‘ဘယ်လိုဖြစ်ပြီး အခြေခံအဆင့် နဝမတန်းက ဒီလောက်တောင် အစွမ်းထက်နေရတာလဲ? နေပါအုန်း... သူက...’

ရဲ့စန်းလောင်က တစ်စုံတစ်ခုကို တွေးမိပြီး ကြောက်ရွံမှုကြောင့် မျက်နှာတစ်ခုလုံး သွေးဆုတ်သွားပါတယ်။ သူဟာ ချက်ချင်းပဲ လှည့်ပြေးပါတယ်။ ဒါပေမဲ့ သူလှည့်လိုက်ရုံပဲ ရှိပါသေးတယ်။ ဟန်ကျွယ်ရဲ့ အရိပ်ဓားသုံးချောင်းက လျှပ်စီးလိုအလျင်နဲ့ သူ့ခန္ဓာကိုယ်ကိုယ်ကို ပိုင်းဖြတ်လိုက်ပါတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရဲ့စန်းလောင်ရဲ့ ကနဦးဝိညာဉ်ဟာ သူ့ရုပ်ခန္ဓာကို စွန့်ပစ်ပြီး အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ထွက်ပြေးပါတယ်။ ဟန်ကျွယ်ကလည်း လေနတ်သားသိုင်းကို အသုံးပြုပြီး နောက်ကနေ ချက်ချင်းလိုက်ပါတယ်။

သုံးစက္ကန့်အတွင်းမှာ ဟန်ကျွယ်ဟာ ရဲ့စန်းလောင်ကို မီသွားပါတယ်။ ဟန်ကျွယ်ဟာ လက်မြှောက်ပြီး မိုးကြိုးမုန်တိုင်းကြီးကို ထုတ်သုံးလိုက်တဲ့အခါမှာ ကောင်းကင်တစ်ခုလုံး လျှပ်စီးပိုက်ကွန်ဖြစ်သွားပြီး ရဲ့စန်းလောင်ကို တားဆီးလိုက်ပါတယ်။

All Chapters