ကျင့်ကြံခြင်းအဆင့် တိုးတက်ခြင်း
Vol. 3 Ch. 41
အခန်း (၄၁) ကျင့်ကြံခြင်းအဆင့် တိုးတက်ခြင်း
ရဲ့စန်းလောင်ဟာ လျှပ်စီးပိုက်ကွန်မှာ ရစ်ပတ်နှောင်ဖွဲ့မိသွားတဲ့အတွက် အလွန်အကဲ စိုးထိတ်သွားပါတယ်။ သူဟာ ဟန်ကျွယ်ဘက် ချက်ချင်း ပြန်လှည့်ပြီး အော်ပြောလိုက်ပါတယ် “ငါ အရှုံပေးတယ်! ကျွန်တော် အညံခံပါတယ်! ကျွန်တော်ကိုတော့ မသတ်ပါနဲ့! ချမ်းသာပေးပါ!”
ဟန်ကျွယ်ဟာ ရဲ့စန်းလောင်စကားကို စိတ်ထဲမထည့်ဘဲ လမ်းခြောက်သွယ်စုပ်ယူခြင်းကို အသုံးပြုကာ ရဲ့စန်းလောင်ရဲ့ ကနဦးဝိညာဉ်ကို သူ့လက်ထဲရောက်လာအောင် ဆွဲစုပ်လိုက်ပါတယ်။ လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီဟာ ရဲ့စန်းလောင်ရဲ့ ကနဦးဝိညာဉ်ကို ရစ်ပတ်လိုက်တဲ့အတွက် ရဲ့စန်းလောင်ဟာ လုံးဝမလှုပ်ရှားနိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ သူတို့တိုက်ခိုက်ခဲ့တဲ့နေရာကို ပထမဆုံး ပြန်သွားပါတယ်။ အဲဒီနေရာမှာ ရဲ့စန်းလောင်ရဲ့ သိုလှောင်လက်စွပ်ကို ရှာဖွေသိမ်းယူပြီးမှ သူ့လိုဏ်ဂူကို ပြန်ပါတယ်။
ငရဲကြက်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်လက်ထဲက အကောင်သေးသေးလေးကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေပါတယ်။ ရဲ့စန်းလောင်ဟာ ငရဲကြက်ရဲ့အကြည့်ကြောင့် ကြောက်လန့်သွားပြီး သူ့ကနဦးဝိညာဉ်ဟာ တုန်တက်သွားပါတယ်။
ဟန်ကျွယ်ဟာ ရဲ့စန်းလောင်ရဲ့ ကနဦးဝိညာဉ်ကို မြေကြီးပေါ်ချလိုက်ပါတယ်။ အဲဒီနောက် အိပ်ရာပေါ်မှာ တင်ပလ္လင်ခွေထိုင်ကာ ရဲ့စန်းလောင်ကို ငုံကြည့်ပြီး မေးမြန်းလိုက်ပါတယ် “မိုးကာဝတ်ရုံဂိုဏ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ?”
ရဲ့စန်းလောင်ဟာ အံကြိတ်လိုက်ပြီးမှ အဖြေပြန်ပေးပါတယ် “ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ပြီး ပါရမီရှင်တွေကို သိမ်းယူဖို့ပါ၊ ယွီဂျင်ဂိုဏ်း ပျက်စီးသွားရင် အဲဒီပါရမီရှင်တွေက သွားစရာနေရာ မရှိတော့တဲ့အတွက် မိုးကာဝတ်ရုံဂိုဏ်းထဲကို ဝင်ရပါလိမ့်မယ်”
“မင်းတို့က ယွီဂျင်ဂိုဏ်းကိုပဲ ဆန့်ကျင်တာလား? ဒါမှမဟုတ် ကျင့်ကြံခြင်းလောက တစ်ခုလုံးလား?”
“ကျင့်ကြံခြင်းလောက တစ်ခုလုံးပါ...”
“မင်းတို့သတ္တိက မသေးဘူးပဲ! မင်းတို့ဂိုဏ်းထဲမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ ရှိတယ်မလား?”
“ရှိတာပေါ့...” ရဲ့စန်းလောင်ဟာ ဟန်ကျွယ် မေးခွန်းတွေကို အမှန်အတိုင်း ပြန်ဖြေပါတယ်။ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ နည်းနည်းလေးတောင် သတိလက်လွှတ်လို့ မဖြစ်ပါဘူး။
“ဟင်းလင်ပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူရော ရှိသေးလား?” ဟန်ကျွယ်ဟာ မျက်စိပေါက်ကျဉ်းပြီး မေးလိုက်ပါတယ်။
“အဲဒီအဆင့်က ဒဏ္ဍာရီအဆင့်ပဲ၊ အနည်းဆုံးတော့ ဂိုဏ်းထဲမှာ ဒီအဆင့်ရောက်တယ်လို့ တစ်ခါမှ မကြားမိဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ဂိုဏ်းချုပ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရဲ့ ထိပ်ဆုံးမှာပါ”
“မိုးကာဝတ်ရုံဂိုဏ်းက ဒီလောက်စွမ်းနေရင် ဘာလို့ အမှောင်ထဲမှာ ပုန်းအောင်းနေတာလဲ?”
“ဘယ်လောက်ပဲ အစွမ်းထက်ထက် ကျင့်ကြံခြင်းလောက တစ်ခုလုံးကိုတော့ ယှဉ်မတိုက်နိုင်ဘူး၊ လွန်ခဲ့တဲ့နှစ်တစ်ထောင်က ရခဲ့တဲ့ သင်ခန်းစာကြောင့် ကျွန်တော်တို့ခေါင်းဆောင်က အလွန်သတိထားနေတာပါ”
“ယွီဂျင်ဂိုဏ်းရဲ့ ပါရမီရှင်တွေကို ဘယ်နေရာမှာ ဖမ်းချုပ်ထားလဲ?”
“အင်း... အဲ... အဲဒါတော့ ကျွန်တော် တကယ်မသိပါဘူး၊ ကျွန်တော်က သာမန်ကြီးကြပ်သူတစ်ဦးသာသာပါ”
‘သာမန်ကြီးကြပ်သူက ကနဦးဝိညာဉ် သတ္တမအဆင့်လား?’ မိုးကာဝတ်ရုံဂိုဏ်းက အလွန်တရာ အန္တရာယ်များတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ် ‘တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ’
ရဲ့စန်းလောင်က ဂရုတစိုက် ပြောလိုက်ပါတယ် “စီနီယာ ကျွန်တော့်ကို သွားခွင့်ပေးပါ၊ ဒီလိုအလုပ်မျိုး နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ယွီဂျင်ဂိုဏ်းကိုလည်း ဘယ်တောမှ မလာတော့ဘူးလို့ ကျွန်တော် ကျိန်ဆိုပါတယ်။
[ရဲ့စန်းလောင်သည် သင့်အပေါ် မုန်းတီးသွားပြီဖြစ်သည်၊ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်၊ သေခြင်းတရားမှလွဲ၍ မပြေနိုင်သည့်အမုန်းဖြစ်သည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ် ‘ကောင်လေး... မင်းက ကိုယ့်လမ်းကြောင်း ကိုယ်ရွေးလိုက်ပြီပဲ’
ဟန်ကျွယ်ဟာ သူ့လက်ကိုမြှောက်လိုက်ပြီး ပြိုင်ဘက်ကင်း ဓားလက်ချောင်းသိုင်းကို ထုတ်သုံးလိုက်ပါတယ်။ ဟန်ကျွယ်လက်ချောင်းထိပ်က ထွက်လာတဲ့ လျှပ်စီးလိုလျင်မြန်လှတဲ့ ဓားချီဟာ ရဲ့စန်းလောင်ရဲ့ ကနဦးဝိညာဉ်ကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်
ဒါကိုမြင်လိုက်ရတဲ့ ငရဲကြက်ဟာ ဖိမ့်ဖိမ့်တုန်သွားပါတယ်။ ငရဲကြက်ဟာ ဟန်ကျွယ် လူသတ်တာကို ပထမဆုံးအကြိမ် မြင်လိုက်ရပါတယ်။
ရဲ့စန်းလောင် သေသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ရဲ့စန်းလောင်ရဲ့ သိုလှောင်လက်စွပ်ကို စတင်စစ်ဆေးလိုက်ပါတယ်။ ရဲ့စန်းလောင်ဟာ ကနဦးဝိညဉ် သတ္တမအဆင့်ဖြစ်တဲ့အတွက် သူ့သိုလှောင်လက်စွပ်ထဲက ရင်းမြစ်တွေက တော်တော်လေး ပေါကြွယ်ဝပါတယ်။ သိုလှောင်လက်စွပ်ရဲ့ အတွင်းပမာဏဟာ အလွန်ကြီးမားကျယ်ပြီးပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေ တောင်လို ပုံနေပါတယ်။ အဲဒါတွေအပြင် အသုံးဆောင် အမျိုးမျိုး၊ သိုင်းပညာရပ်တွေ ဆေးလုံးတွေနဲ့ တစ်ခြားရတနာတွေ မြောက်မြားစွာကိုလည်း သိုလှောင်လက်စွပ်ထဲမှာ တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ သိုင်းပညာရပ်တွေကို ကြည့်လိုက်တဲ့အခါမှာ သာမန်ကျင့်စဉ်နဲ့ သိုင်းပညာတွေသာ ဖြစ်တဲ့အတွက် တစ်စက်ကလေးတောင် စိတ်မဝင်စားတော့ပါဘူး။ အသုံးအဆောင် ပစ္စည်းတွေကလည်း မိစ္ဆာကျင့်ကြံသူတွေသာ သုံးတဲ့ပစ္စည်းတွေ ဖြစ်နေပါတယ်။ အဲဒါကြောာင့် ဟန်ကျွယ်ဟာ ဆေးလုံးတွေကို စစ်ဆေးလိုက်ပါတယ်။
မကြာခင်မှာပဲ ကနဦးဝိညာဉ်ကျင့်ကြံသူတွေကို အထောက်အကူပြုတဲ့ ဆေးလုံးကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဒီဆေးလုံးတွေကို မှီဝဲပါတော့တယ်။
…
နှစ်နှစ်ကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် ဆဋ္ဌမအဆင့်ကို ရောက်ရှိသွားပါတယ်။ ငရဲကြက်ကလည်း ကြက်ဖကြီး ဖြစ်လာပြီး ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးငယ်လောက် အသိဉာဏ် ရှိလာတာကြောင့် လူစကား ပြောနိုင်လာပါတယ်။ ဒါ့အပြင် ငရဲကြက်ရဲ့ စိတ်ဝိညာဉ်ချီထဲမှာ မိစ္ဆာစွမ်းအား အနည်းငယ် ပါဝင်နေပါတယ်။ ကြည့်ရတာ ငရဲကြက်ဟာ မိစ္ဆာကျင့်ကြံခြင်း ကျင့်စဉ်တစ်ခုကို ဆက်ခံလိုက်ရပုံပါပဲ။
ဒါဟာ မွန်းစတားဘဝတုန်းက ကျင့်စဉ်ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် တွက်ဆမိလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါလည်း ကောင်းပါတယ်။ ဟန်ကျွယ် သင်ပေးစရာမလိုတော့ဘူးပေါ့။
လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီ နောက်တစ်ခါရောက်လာပြီး မိုးကာဝတ်ရုံဂိုဏ်းအကြောင်း ပြောပါတယ်။ ဒီနှစ်ပိုင်းမှာ မိုးကာဝတ်ရုံဂိုဏ်းဟာ လေထဲပျောက်သွားသလို ယွီဂျင်ဂိုဏ်းကို ဆက်ပြီး မတိုက်ခိုက်တော့ပါဘူး။ လီချင်းဇဲ့ဟာ အချိန်အတန်ကြာ စုံစမ်းပြီးတဲ့နောက်မှာ ယွီဂျင်ဂိုဏ်းတပည့်တွေကို ချုပ်နှောင်ထားတဲ့နေရာကို သိရှိသွားပါတယ်။ ဟန်ကျွယ်ဆီ သူ ရောက်လာတာက အကူအညီ လာတောင်းတာပါ။
ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ဒီဟာက ကျုပ်ကို ဂိုဏ်းကနေ ထွက်သွားအောင် မြားခေါ်တာလည်း ဖြစ်နိုင်တယ်၊ ကျုပ်ထွက်သွားလို့ မိုးကာဝတ်ရုံဂိုဏ်း ရောက်လာရင် ဘယ်လိုလုပ်မလဲ? ကနဦးဝိညာဉ်အဆင့်တောင် မိုးကာဝတ်ရုံဂိုဏ်းမှာ ကြီးကြပ်သူရာထူးပဲ ရှိတယ်”
ဟန်ကျွယ်စကားကြောင့် လီချင်းဇဲ့ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ် ပြောတာကလည်း မမှားပါဘူး၊ ဖြစ်နိုင်ချေ ရှိပါတယ်။ ဟန်ကျွယ် ခန့်မှန်းသလို ဖြစ်လာခဲ့ရင် အဖမ်းခံရတဲ့လူတွေကို ကယ်နိုင်လည်း အသုံးဝင်မှာ မဟုတ်ပါဘူး။
“ဒါဆိုရင် ကျုပ်ဘာသာပဲ သွားတော့မယ်၊ အကြီးအကဲဟန်... ယွီဂျင်ဂိုဏ်းကို ခင်ဗျားလက်ထဲ အပ်ထားခဲ့မယ်” လီချင်းဇဲ့က တည်ကြည်လေးနက်စွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ် “ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူမဟုတ်ရင် ယွီဂျင်ဂိုဏ်းကို ဘယ်သူမှ မသိမ်းပိုက်နိုင်ဘူး!”
လီချင်းဇဲ့ဟာ အားပါးတရ ပြုံးလိုက်ပါတယ်။ ကြည့်ရတာ ဟန်ကျွယ်က ဒီနှစ်ပိုင်းမှာ ပိုပြီးတော့ အစွမ်းထက်လာပုံပါပဲ။ လီချင်းဇဲ့ဟာ ကျေနပ်အားရစွာ ထွက်ခွာသွားပါတယ်။
လီချင်းဇဲ့ ထွက်ခွာသွားပြီးနောက် ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောကာ အသွင်တူလက်ရည်စမ်းပွဲကို ဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တွမ့်ထုံးထျန်ကို စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့် ပြောင်းလဲပြီး ရင်ဆိုင်တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ သားရေကျအောင် မနည်းတိုက်ခိုက်လိုက်ရပါတယ်။
ဒီရလဒ်က ဟန်ကျွယ်ကို အလန့်တကြား ဖြစ်သွားစေပါတယ်။
ဒီတိုက်ပွဲက အသွင်တူလုပ်ထားတာပါ။ အပြင်မှာ တွမ့်ထုံးထျန်သာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်ကို ရောက်ရှိသွားရင် ဒီထက်အများကြီး ပိုအစွမ်းထက်မှာပါ။ ဒါ့အပြင် တွမ့်ထုံးထျန် စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်တာက ရှောင်အယ်ကြောင့်ပါ။ ဒါကြောင့် တစ်ခြား စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်ရင် အားနည်းနေပါသေးတယ်။
“စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ငါ အမြန်ဆုံးရောက်မှ ဖြစ်မယ်၊ မဟုတ်ရင် ငါ ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ဘူး” ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို နှိပ်ပြီး သူ့မိတ်ဆွေတွေရဲ့ အခြေအနေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည် ရန်ထျန်တုန်းသည် မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x29
[သင့်မိတ်ဆွေ ကျိုးဖန်သည် မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x48
သူ့ရဲ့ သနားစရာကောင်းလှတဲ့ တပည့်လေးဟာ အကြိမ်ကြိမ် တိုက်ခိုက်ခံနေရပေမဲ့ ဟန်ကျွယ်ဟာ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်အများကြီး တိုက်ခိုက်ခံရတာတောင် သူ့တပည့်လေးက အသက်ရှင်နေသေးလို့ပါပဲ။ ဒါက ဘာကိုပြနေလဲဆိုတော့ မိုးကာဝတ်ရုံဂိုဏ်းက ပါရမီရှင်တွေကို မြတ်နိုးပြီး မသတ်ချင်ဘူးဆိုတာပါပဲ။
‘မိုးကာဝတ်ရုံဂိုဏ်းက မိစ္ဆာဂိုဏ်းရော ဟုတ်ရဲ့လား?’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လေ့ကျင့်ပါတယ် ‘တပည့်လေးရေ တောင့်ခံထားအုန်း၊ မင်းဆရာသခင်မှာ လုံလောက်တဲ့စွမ်းအားရှိအောင် ကျင့်ကြံရအုန်းမယ်၊ အချိန်တန်ရင် မင်းကို လာကယ်မှာပါ’
…
အနက်ရောင် အဆောင်တစ်ခုမှာ မိုးကာဝတ်ရုံနဲ့ လူလေးယောက်ဟာ စားပွဲကိုဝိုင်းဖွဲ့ပြီး ထိုင်နေကြပါတယ်။ သူတို့လေးယောက်လုံးဟာ ကောက်ရိုးဦးထုပ်တွေ ဆောင်းထားပြီး မျက်နှာကို ကွယ်ထားကြပါတယ်။ သူတို့ထဲက တစ်ယောက် အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ရဲ့စန်းလောင်က ဘာလို့ အခုထိ ပြန်မလာသေးတာလဲ?”
အဲဒီအခါမှာ တစ်ခြားသူတွေရဲ့ အသံတွေလည်း ထွက်ပေါ်လာပါတယ်။
“သူ တစ်ခုခုများ ဖြစ်နေလို့လား?”
“ရဲ့စန်းလောင်က ကနဦးဝိညာဉ် သတ္တမအဆင့်မှာ၊ ယွီဂျင်ဂိုဏ်းမှာ နတ်သတ်အကြီးအကဲကလွဲလို့ သူ့ကို ဘယ်သူမှ မတားနိုင်ဘူး၊ နောက်ပြီး အတွင်းကနေ ကူညီနေတဲ့ သူလျှိုလည်း ရှိနေသေးတယ်”
“အဲဒီသူလျှိုက ဘယ်သူလဲ?”
“ငါလည်း မသိဘူး၊ ရဲ့စန်းလောင်တစ်ယောက်ပဲ သိတာ၊ ဂိုဏ်းချုပ်နဲ့ သူလျှိုတစ်ယောက်စီကြားမှာ ကြားခံလူတစ်ယောက်စီပဲ ရှိတယ်”
“ဂိုဏ်းချုပ်က သတိထားလွန်းနေတာပါ၊ ငါ့အမြင်မှာတော့ ယွီဂျင်ဂိုဏ်းကို ဒီအတိုင်း ဝင်စီးလိုက်တာ ကောင်းတယ်၊ အဲဒီခေါင်းမာနေတဲ့ ယွီဂျင်ဂိုဏ်းတပည့်တွေကိုလည်း သတ်ပစ်သင့်တယ်”
သူတို့လေးဦးဟာ သူတို့ဂိုဏ်းချုပ်ကို စောဒက တက်လိုက်ကြပါတယ်။ သူတို့အမြင်မှာ ယွီဂျင်ဂိုဏ်းက နတ်သတ်အကြီးအကဲဟာ သန်မာတယ်ဆိုပေမဲ့ သူတို့ဂိုဏ်းချုပ်ရဲ့ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပါဘူး။ ဂိုဏ်းချုပ်အပြင် တစ်ခြားစိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတွေလည်း မိုးကာဝတ်ရုံဂိုဏ်းမှာ ရှိနေပါသေးတယ်။
“ဝုန်း” တံခါးဟာ ရုတ်တရက် အကန်ခံရပြီး ပွင့်ထွက်သွားပါတယ်။
ရွှေရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ဟာ ခန်းမထဲ ဝင်လာပါတယ်။ သူ့ရွှေရောင်ဝတ်ရုံမှာ ကျားတွေ ကျားသစ်တွေ ရေးဆွဲထားပြီး ခေါင်းမှာလည်း ငွေရောင်ကျောက်စိမ်း အဆင်တန်ဆာကို ဝတ်ဆင်ထားပါတယ်။ သူဟာ ရုပ်ရည်ချောမောပြီး တောက်ပတဲ့မျက်လုံး မာနကြီးတဲ့ အသွင်အပြင် ရှိပါတယ်။
မိုးကာဝတ်ရုံဂိုဏ်းက လူလေးယောက်ဟာ စားပွဲကိုခုံကို လက်ဝါးနဲ့ရိုက်လိုက်ပြီး တစ်ပြိုင်တည်း မတ်တတ်ရပ်လိုက်ကြပါတယ် “ရဲတင်းလှချည်လား!”
သူတို့ထဲကတစ်ယောက်ဟာ ခါးကဓားကို ဆွဲထုတ်ပြီး ရွှေရောင်ဝတ်စုံနဲ့လူကို တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။
ရွှေရောင်ဝတ်ရုံနဲ့လူရဲ့ အကြည့်ဟာ အေးစက်သွားပြီး ကြောက်ဖက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခု ထွက်ပေါ်လာပါတယ်။ အဆောင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတဲ့အတွက် မိုးကာဝတ်ရုံနဲ့ လူလေးယောက်ဟာ ကြောက်လန့်သွားပြီး နည်းနည်းလေးတောင် မလှုပ်ရဲကြတော့ပါဘူး။
သူတို့ထဲကတစ်ယောက်က အံကြိတ်ပြီး မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ?”
ရွှေရောင်ဝတ်စုံနဲ့လူဟာ ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်ပါတယ် “ငါက ဟင်္သာဓားဂိုဏ်းက ဟွမ်ဂျိဟောင်ပဲ၊ မင်းတို့က မိုးကာဝတ်ရုံဂိုဏ်းကလို့ ငါကြားလို့၊ ငါလည်း မိုးကာဝတ်ရုံဂိုဏ်းကို စိန်ခေါ်ချင်နေတာနဲ့ အတော်ဖြစ်သွားတယ်၊ မင်းတို့ဂိုဏ်းချုပ် ဘယ်မှာလဲ?”
ဟွမ်ဂျိဟောင်! မိုးကာဝတ်ရုံနဲ့ လူလေးယောက်ဟာ ပိုပြီးတုန်လှုပ်သွားကြပါတယ်။ ဒီနှစ်ပိုင်းမှာ ဟွမ်ဂျိဟောင်ရဲ့ ကျော်ကြားမှုက ကောင်းကင်ကနေမင်းကြီးလိုပါပဲ။
မိုးကာဝတ်ရုံနဲ့ လူလေးယောက်ထဲက တစ်ယောက်က ရုတ်တရက် ပြောလိုက်ပါတယ် “ဒီအတိုင်း ပြောလိုက်ရင် ငါတို့တွေ ကျိန်းသေပေါက် သေလိမ့်မယ်၊ ဒါပေမဲ့ မင်းသာ ယွီဂျင်ဂိုဏ်းကို ပထမဆုံး စိန်ခေါ်မယ်ဆိုရင် မိုးကာဝတ်ရုံဂိုဏ်းရဲ့ တည်နေရာကို ပြောပြမယ်”