← Chapters

ဟွမ်ဂျိဟောင်၏ စိန်ခေါ်မှု

Vol. 3 Ch. 42

ဟွမ်ဂျိဟောင်၏ စိန်ခေါ်မှု

Vol. 3 Ch. 42

အခန်း (၄၂) ဟွမ်ဂျိဟောင်၏ စိန်ခေါ်မှု

“ယွီဂျင်ဂိုဏ်းကို စိန်ခေါ်ရမှာလား?” ဟွမ်ဂျိဟောင်ဟာ မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်ပါတယ် “အဲဒီ စိတ်ပျက်ဖို့‌ကောင်းတဲ့ဂိုဏ်းကို ဘာလို့ စိန်ခေါ်ရမှာလဲ” ဟွမ်ဂျိဟောင်ဟာ ယွီဂျင်ဂိုဏ်းကို မျက်စိထဲ မထည့်ပါဘူး။

မိုးကာဝတ်ရုံနဲ့ လူတစ်ယောက်က ချက်ချင်း ပြောလိုက်ပါတယ် “မကြာသေးခင်က ယွီဂျင်ဂိုဏ်းမှာ နတ်သတ်အကြီးအကဲ ပေါ်လာတယ်၊ သူက စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို ဓားတစ်ချက်တည်းနဲ့ ဇီဝိန်ချုပ်လိုက်တာ၊ သူ့အစွမ်းက ခန့်မှန်းလို့ မရနိုင်ဘူး”

ဒီစကားကြောင့် ဟွမ်ဂျိဟောင်ရဲ့ မျက်ခုံးဟာ ပင့်တက်သွားပါတယ်။

“ငါ ယွီဂျင်ဂိုဏ်းက ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲကို တိုက်ခိုက်ဖူးတယ်၊ သူတို့အစွမ်းက ဘာမှ မပြောပလောက်ဘူး၊ နောက်ပြီး နတ်သတ်အကြီးအကဲ ဆိုတာကိုလည်း ငါ မကြားဖူးဘူး၊ ငါ့ကို မညာစမ်းနဲ့” ဟွမ်ဂျိဟောင်ဟာ အသံတိုးတိုး ပြောလိုက်ပေမဲ့ ကြောက်မယ်ဖွယ်ကောင်းတဲ့ ရောင်ဝါဟာ တစ်စက်ကလေးတောင် လျော့ကျသွားခြင်း မရှိပါဘူး။

“ကျုပ်တို့ မညာရဲပါဘူး!”

“ဒီသတင်းက အမှန်ပါ၊ ကျင့်ကြံသူခြင်းလောကမှာ လျှောက်စုံစမ်းလို့ရတယ်!”

“ချင်မင်ဂိုဏ်းက ဒီလူကြောင့် ပျက်သုဉ်းသွားရတာ!”

မိုးကာဝတ်ရုံဂိုဏ်းရဲ့ တစ်ခြားအဖွဲ့ဝင်တွေကလည်း အလောတကြီး ပြောလိုက်ပါတယ်။ သူတို့လေးယောက် ပေါင်းတိုက်ရင်တောင် ဟွမ်ဂျိဟောင်ကို မယှဉ်နိုင်တဲ့အတွက် ဒီလောက်ထိ ကြောက်နေရခြင်း ဖြစ်ပါတယ်။

ဟွမ်ဂျိဟောင်ရဲ့ မျက်လုံးဟာ အနည်းငယ် လင်းလက်သွားပါတယ် “အရင်ဆုံး ငါ့ကို မိုးကာဝတ်ရုံဂိုဏ်းရဲ့ တည်နေရာကိုပြော၊ ယွီဂျင်ဂိုဏ်းကို စိန်ခေါ်ပြီးရင် မိုးကာဝတ်ရုံဂိုဏ်းကို စိန်ခေါ်မယ်”

မိုးကာဝတ်ရုံနဲ့ လူလေးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဟွမ်ဂျိဟောင် သိချင်တာကို ပြောပြလိုက်ရပါတယ်။

တစ်ခဏအကြာမှတော့ ဟွမ်ဂျိဟောင် ထွက်ခွာသွားပါတယ်။

မိုးကာဝတ်ရုံဂိုဏ်းသား လေးယောက်ဟာ လေပူတစ်ချက် မှုတ်ထုတ်ပြီး ကုလားထိုင်တွေပေါ် အရုပ်ကြိုးပြတ် လဲကျသွားပါတယ်

“ဒီကောင်က ဘယ်လောက်ထိတောင် အစွမ်းထက်နေတာလဲ?” ဂိုဏ်းသားတစ်ယောက်က အံကြိတ်ပြီး မေးလိုက်ပါတယ်။

တစ်ခြားတစ်ယောက် ပြောလိုက်ပါတယ် “အဲဒါက အရေးမကြီးဘူး၊ အရေးကြီးတာက ငါတို့ရဲ့နေရာ တစ်ခုခုမှားနေပြီ၊ အသံကာ၊ အာရုံကာတာတွေ ဘယ်ရောက်ကုန်တာလဲ?”

…

ယွီဂျင်ဂိုဏ်း။

လီချင်းဇဲ့ ထွက်သွားတာ နှစ်နှစ်ရှိပါပြီ။

ဟန်ကျွယ်ဟာလည်း ကနဦးဝိညာဉ် ဆဋ္ဌမအဆင့်မှာ ရှိနေတုန်းဆိုပေမဲ့ ရဲ့စန်းလောင်ရဲ့ ဆေးလုံးကောင်းမှုကြောင့် ကနဦးဝိညာဉ် သတ္တမအဆင့်ကို တော်တော်လေး နီးကပ်သွားပါပြီ။ ငရဲကြက်ကတော့ မီတာဝက်လောက်ထိ အရပ်ထွက်လာပါတယ်။ ဟန်ကျွယ်က သူ့အရိုးကို စမ်းသပ်ကြည့်တဲ့အခါမှာ အရွယ်ရောက်ဖို့ တော်တော်‌လေး လိုသေးတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။

တစ်နေ့မှာတော့ ချန်ယွီအာဟာ ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။ သူဟာ ငရဲကြက်ကို မမြင်တွေ့ရတာ နှစ်အတန်ကြာပြီမို့ ငရဲကြက်ဆီလျှောက်သွားပြီး ပွတ်သပ်လိုက်ပါတယ်။

“ယားတယ်... ယားတယ်...” ငရဲကြက်ဟာ ရုန်းကန်ပြီး နောက်ဆုတ်သွား၏။

ချန်ယွီအာသည် ငရဲကြက်၏ ကလေးအသံကြောင့် ပိုမိုစိတ်ဝင်စားသွားလေသည်။

“လိုက်ပွတ်သပ် မနေနဲ့၊ ဒီကောင်က ကျွန်တော်ရဲ့တန်ဖို့းရှိတဲ့ စီးတော်ယာဉ်၊ ထိခိုက်သွားရင် လျော်ကြေးပေးနိုင်လို့လား”

“ကျွတ်... ကျွတ်... မမမခန္ဓာကိုယ်ကို လျော်ကြေးအဖြစ် မောင်လေးကို ပေးမယ်လေ! မောင်လေးက ကြက်ကိုတောင် စီးတော်ယာဉ်အဖြစ် သုံးတယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ”

ချန်ယွီအာဟာ အဲဒီလိုပြောလိုက်ပေမဲ့ ငရဲကြက်ကို မပွတ်သပ်တော့ဘဲ ဟန်ကျွယ်ဆီ လျှောက်သွားလိုက်ပါတယ် “ဂျူနီယာဟန်၊ မမ မင်းမျက်နှာကိုကို မြင်ရတိုင်း ပိုပိုပြီး ချောလာသလိုပဲ၊ မောင်လေးရဲ့မိဘတွေက တော်တော်လေး ရုပ်ချောလို့ပဲဖြစ်မယ်”

‘မိဘတွေလား? အို... သူတို့က သာမန်မော်တယ်ပါပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြုံးလိုက်ပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ သူ့မိဘတွေအကြောင်းကို တွေးမိပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းတစ်ရာ ကျော်သွားပြီ ဖြစ်တဲ့အတွက် သူတို့သာ မော်တယ်ဆိုရင် အစောကြီးကတည်းက သေသွားလောက်ပါပြီ။ ဒါကလည်း ဟန်ကျွယ်အတွက်တော့ တစ်မျိုးတစ်ဖုံ ကောင်းပါတယ်။

ချန်ယွီအာက ဆက်ပြောပါတယ် “အကြီးအကဲကွမ်း ပြန်လာတော့မယ်လို့ မမကြားတယ်၊ အကြီးအကဲကွမ်းကို မောင်လေး ကြားဖူးလား? သူနဲ့ မမတို့ဆရာသခင်က ယွီဂျင်ဂိုဏ်းကို အတူတူဝင်ခဲ့တာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း  ၃၀၀ က ဟင်္သာဓားဂိုဏ်းကို ရန်စမိခဲ့လို့ ရန်နိုင်ငံအပြင်ကို တိတ်တဆိတ် ပို့ခံခဲ့ရတာ၊ လွန်ခဲ့တဲ့နှစ်ဝက်ကပဲ သူပြန်လာပြီး ဂိုဏ်းချုပ်ရာထူးအတွက် တိုက်ခိုက်မယ်လို့ ပညာရပ်တစ်မျိုးနဲ့ သတင်းစကားပါးလိုက်တယ်”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ဒီလိုကိစ္စမျိုးကို သူ မကြားမိသလို ဒီလိုလူမျိုးကိုလည်း တစ်ခါမှ မကြားဖူးပါဘူး။

“ပြောကြတာတော့ အကြီးအကဲကွမ်းက မမတို့ဆရာသခင်ကို အရမ်းကြိုက်တာတဲ့၊ သူက မမတို့ဆရာသခင်ရဲ့ တာအိုလက်တွဲဖော်တောင် ဖြစ်လာနိုင်တယ်” ချန်ယွီအာက ဆက်ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပခုံးတွန့်လိုက်ပါတယ် ‘ဒီလူက အိပ်မက်မက်နေတာပါ၊ နတ်မိမယ်ရှီရွှမ်က သူ့တပည်တွေကိုတောင် လက်တွဲဖော် မထားခိုင်းတာ၊ သူက ဘယ်လိုလုပ်ပြီး ကိုယ့်စည်းမျည်းကို ကိုယ်ချိုးဖောက်မှာလဲ?’

အဲဒီနောက် ချန်ယွီအာကို မေးလိုက်ပါတယ် “အကြီးအကဲကွမ်းက တော်တော်စွမ်းလို့လား?”

ချန်ယွီအာက ခေါင်းညိတ်ပြီး ပြန်ဖြေပါတယ် “သူက ရန်နိုင်ငံအပြင်ဘက်မှာ အခွင့်အရေးတစ်ခုရပြီး စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ ဖြစ်နေပြီ၊ ဒီတစ်ခါ ယွီဂျင်ဂိုဏ်းကို သူပြန်လာတာက ဟင်္သာဓားဂိုဏ်းကို ဖိနှိပ်ချင်လို့ပဲ၊ အကြီးအကဲတွေကလည်း ပျော်နေတယ်၊ ယွီဂျင်ဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ဦး တိုးလာတော့ မိုးကာဝတ်ရုံဂိုဏ်းကို ရင်ဆိုင်ဖို့ ပိုပြီးတော့ ယုံကြည်မှု ရှိသွားတာပေါ့၊ မဟာအကြီးအကဲလည်း တော်တော်ပျော်နေတယ်၊ ဒါပေမဲ့ ဂိုဏ်းချုပ်ကတော့ ဒီသတင်းကို မသိသေးဘူး”

ဟန်ကျွယ်ဟာ လီချင်းဇဲ့အတွက် ဝမ်းနည်းပေးလိုက်ပါတယ်။ ဒီလောက်နှစ်တွေ အများကြီး ကြိုးစားအားထုတ်ပြီးတဲ့နောက်မှာ လီချင်းဇဲ့ဟာ သူ့ဂိုဏ်းချုပ်ရာထူးကို ဆုံးရှုံးရပါတော့မယ်။ ဟန်ကျွယ်ဟာ အကြီးအကဲကွမ်းအကြောင်း ဆက်မေးဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ကံတရားအထောက်အပံ့ပါသူကို ရှာဖွေတွေ့ရှိထားသည်၊ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးနေသည်။]

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘နောက်ထပ် ကံတရားအထောက်အပံ့ပါသူလား? ယွီဂျင်ဂိုဏ်းရဲ့ ကံတရားက တော်တော်လေး ကောင်းနေတာပဲ!’

ဟန်ကျွယ်ဟာ ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[ဟွမ်ဂျိဟောင်: စိတ်ဝိညာဉ်ပြောင်းလဲခြင်း တတိယအဆင့်၊ ဟင်္သာဓားဂိုဏ်း၏ ပြင်ပအကြီးအကဲ။ ဓားနှလုံးသားဖြင့် မွေးဖွားခဲ့သူဖြစ်ပြီး ဓားတာအို၌ နားလည်နိုင်စွမ်း မြင့်မား၏။ သူ၏ ပြိုင်ဘက်ကင်းသော အရည်အချင်းကြောင့် မောက်မာသော ကိုယ်ရေကိုယ်သွေးရှိ၏၊ ပိုမိုအစွမ်းထက်ရန်အတွက် သူသည် အရာအားလုံးကို စွန့်လွှတ်နိုင်သည်။]

‘ဟွမ်ဂျိဟောင်လား? ခွီးတဲ့မှပဲ! ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ? သူက ယွီဂျင်ဂိုဏ်းကို လာစိန်ခေါ်တာလား?’ ဟန်ကျွယ်ဟာ ခေါင်းကိုက်သွားပါတယ် ‘ငါ့ဘဝက အေးအေးဆေးဆေး နေချင်တာတောင် မနေရတဲ့ဘဝပါလား?’

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[ယွီဂျင်ဂိုဏ်းသည် ဟွမ်ဂျိဟောင်၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများရှိသည်။]

[၁။ ဂိုဏ်းတစ်ခုလုံးအား အမိန့်ပေးပြီး ဟွမ်ဂျိဟောင်ကို ဝိုင်းရံတိုက်ခိုက်၍ အနိုင်ယူပါ။ သင့်နာမည်သည် ကျင့်ကြံခြင်းလောကကို လှုပ်ခါသွားမည်ဖြစ်ပြီး မီးသဘာဝရှိသည့် ကျင့်စဉ်တစ်ခုကို ရရှိမည်။]

[၂။ ဟွမ်ဂျိဟောင်ကို တိတ်တိဆိတ် တိုက်ထုတ်လိုက်ပါက စိတ်ဝိညာဉ်ရတနာကို ရရှိမည်။]

ဟန်ကျွယ်ဟာ ဒုတိယကို ရွေးချယ်လိုက်ပါတယ်။ နာမည်ကျော်အောင်လုပ်တာက သူ့ပုံစံမဟုတ်ပါဘူး။ ဒါ့အပြင် ဟွမ်ဂျိဟောင်ကို လူသိရှင်ကြား အနိုင်ယူလိုက်ရင် ယွီဂျင်ဂိုဏ်းနဲ့ ဟင်္သာဂိုဏ်းက ရန်သူတွေ ဖြစ်သွားမှာပါ။

ဟန်ကျွယ်ဟာ ဟင်္သာဓားဂိုဏ်းမှာ ဟွမ်ဂျိဟောင်အဆင့်က ဘယ်လောက်ရှိတယ်ဆိုတာကို မသိရသေးပါဘူး။ ဟွမ်ဂျိဟောင်က ဟင်္သာဓားဂိုဏ်းမှာ အစွမ်းထက်ဆုံးဆိုရင်တောင် ဟင်္သာဓားဂိုဏ်းနဲ့ မိုးကာဝတ်ရုံဂိုဏ်း ပူးပေါင်းတိုက်ခိုက်ရင် ယွီဂျင်ဂိုဏ်းက ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။

“ယွီဂျင်ဂိုဏ်းက တော်တော်လေး အားနည်းသေးတာပဲ” ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် ချန်ယွီအာကိုကြည့်ပြီး ပြောလိုက်ပါတယ် “ပြန်တော့၊ ကျွန်တော် လုပ်စရာ ရှိသေးတယ်”

“ဘာကိစ္စလဲ?”

“ပြောဖို့ မသင့်တော်ဘူး”

“ဟွန်း..” ချန်ယွီအာဟာ နှုတ်ခမ်းတွန့်ပြီး ထွက်ခွာသွားပါတယ်။ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတုန်း ပြန်သွားဖို့ အပြောခံရတဲ့အတွက် ချန်ယွီအာ ဘယ်လောက်ထိ စိတ်ပျက်သွားမလဲဆိုတာ စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်နိုင်ပါတယ်။

ချန်ယွီအာ ထွက်ခွာသွားတဲ့အခါ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ဟွမ်ဂျိဟောင်ရဲ့ တည်နေရာကို ရှာဖွေလိုက်ပါတယ်။ ဒီအချိန်မှာ ဟွမ်ဂျိဟောင်က ယွီဂျင်ဂိုဏ်းနဲ့ ကီလိုမီတာ၂၀ လောက်ပဲ ကွာဝေးပြီး စိမ်ပြေနပြေ လျှောက်လာနေပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းကြီး သွားမတိုက်ဘဲ အသွင်တူလက်ရည်စမ်းပွဲမှာ အရင်ဆုံးတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ သတိတရားဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ရောက်သွားပါတယ်။ ငါးမိနစ်ကြာတဲ့အခါမှာတော့ တိုက်ပွဲပြီးဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ဒီကောင်က မဆိုးဘူး’

ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နောက်ထပ် အသွင်တူလက်ရည်စမ်းပွဲကို စလိုက်ပါတယ် ‘တစ်ချက်တည်းနဲ့ မသေဘူးပဲ၊ ဒါတောင် ဒီကောင်က စိတ်ဝိညာဉ်ပြောင်းလဲခြင်း တတိယအဆင့်ပဲ ရှိတာ!’

ဟန်ကျွယ်ဟာ တိုက်ခိုက်တဲ့ပုံစံကို ပြောင်းလဲလိုက်ပါတယ်။ ဒီလိုနဲ့ နှစ်မိနစ်ကြာတဲ့အခါမှာတော့ တိုက်ပွဲပြီးဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ် “ဓားနှလုံးသားနဲ့ မွေးဖွားလာသူက တော်တော်လေးစွမ်းတာပဲ၊ ငါ့ကို နှစ်မိနစ်တောင် ခုခံနိုင်တယ်”

ဟန်ကျွယ်ဟာ ကသိကအောက် ဖြစ်သွားပါတယ်။ ဒီနှစ်မိနစ်တိုက်ပွဲက လူအများကြီး သိသွားဖို့ လုံလေက်ပါတယ်။ ဒီပြိုင်ဘက်က ရင်ဆိုင်ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်မှာ ရွေးချယ်စရာ မရှိပါဘူး။

သူထပ်စောင့်နေလို့ မရတော့ပါဘူး။ တိုက်ပွဲသာ ယွီဂျင်ဂိုဏ်းမှာ ဖြစ်ပွားခဲ့ရင် တစ်စက္ကန့်ပဲ ကြာရင်တောင် သူ့နာမည်က ကျင့်ကြံခြင်းလောကကို တုန်လှုပ်သွားစေမှာပါ။

…

တောအုပ်ထဲမှာ ဟွမ်ဂျိဟောင်ဟာ အေးအေးဆေးဆေး လမ်းလျှောက်နေပါတယ်။ သူ့မျက်နှာက တည်ကြည်နေပြီး လာမဲ့တိုက်ပွဲအတွက် နည်းနည်းလေးတောင် ရင်ထိတ်ခြင်း မရှိပါဘူး။ ရုတ်တရက်ဆိုသလို သူ့ရှေ့မှာ လူတစ်ယောက် ပေါ်လာပါတယ်။

အဲဒီလူကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ ဟန်ကျွယ်ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက မော်တယ်မဟုတ်ကြောင်း ဖော်ပြနေပါတယ်။

ဟွမ်ဂျိဟောင်ဟာ ဟန်ကျွယ်ကို တစ်ချက်ကြည့်လိုက်ပါတယ် “အခြေခံအဆင့် နဝမတန်းလား! တော်တော်လေး အားနည်းတာပဲ၊ ဒါပေမဲ့ ရုပ်ကတော့ ချောသားပဲ”

[ဟွမ်ဂျိဟောင်သည် သင့်အပေါ် အကောင်းမြင်စိတ်ရှိသည်၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာပေါ်လာတဲ့ စာကြောင်းကြောင့် မှင်သက်သွားပါတယ် ‘ဘာလဲဟ?’

All Chapters