မွေးရာပါတာအိုနှလုံးသား၊ မိစ္ဆာသခင်
Vol. 3 Ch. 45
အခန်း (၄၅) မွေးရာပါတာအိုနှလုံးသား၊ မိစ္ဆာသခင်
‘ဘာလို့မပြေးကြတာလဲ ဟုတ်လား? ဒီစကားက မင်းပြောသင့်တဲ့စကား?’ လီချင်းဇဲ့ဟာ စိတ်ထဲမှာ အော်ဟစ်ကြိမ်းမောင်းလိုက်ပါတယ်။ ဟန်ကျွယ်ကို သူလာရှာရတဲ့အကြောင်းရင်းက ကြိုတင်ပြင်ဆင်ထားဖို့ လာပြောတာပါ။ ဒါပေမဲ့ ဟန်ကျွယ်က ထွက်ပြေးဖို့ ပြောလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး!
လီချင်းဇဲ့က သုန်မှုန်နေတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဘယ်ကို ထွက်ပြေးရမှာလဲ? ဂိုဏ်းထဲမှာက တပည့်တွေ အများကြီးပဲ၊ ပြီးတော့ ထွက်ပြေးမယ်ဆိုရင်လည်း ရန်နိုင်ငံအပြင်ဘက်ရောက်အောင် ထွက်ပြေးဖို့ လိုအပ်တယ်၊ ဒါပေမဲ့ ငါတို့တွေ အခြားနေရာသစ်ကို ရောက်သွားရင် အဲဒီမှာရှိတဲ့ဂိုဏ်းတွေက ငါတို့ကို အလွယ်တကူလက်သင်ခံမှာ မဟုတ်ဘူး၊ ငါတို့ကို အရိုးတောင်မကျန်အောင် ဝါးစားပစ်လိမ့်မယ်၊ ဒီလိုဆိုရင်လည်း ယွီဂျင်ဂိုဏ်းက ပျက်စီးသွားမှာပဲ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။ ယွီဂျင်ဂိုဏ်းပျက်စီးပါစေ အသက်ရှင်နေသေးရင် ရတာပဲမဟုတ်ဘူးလားလို့ ပြောလိုက်ချင်ပေမဲ့ ဟန်ကျွယ်ဟာ နှုတ်ကနေ ထုတ်မပြောပါဘူး။
[ယွီဂျင်ဂိုဏ်းသည် ပျက်သုဉ်းရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းထွက်ပြေးပါ။ သင်သည် မိုးကာဝတ်ရုံဂိုဏ်း၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်ပြီး ရတနာတစ်မျိုးကို ရရှိမည်။]
[၂။ ယွီဂျင်ဂိုဏ်းကို ကာကွယ်ပါ။ ဘဝဟူသည် တစ်ကြိမ်သာ အသက်ရှင်ခွင့် ရှိသည့်အတွက် အမြဲတမ်းနောက်ဆုတ်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် မိုးကာဝတ်ရုံဂိုဏ်းကို အနိုင်ယူတိုက်ခိုက်ပါ။ သင်သည် စိတ်ဝိညာဉ်ရတနာ၊ ဓားသိုင်းကျမ်းနှင့် နတ်သားရဲဥကို ရရှိမည်။]
ဟန်ကျွယ်ဟာ ချက်ချင်းဆုံးဖြတ်ချက် မချဘဲ သေသေချာချာ တွေးတောလိုက်ပါတယ်။ သူထွက်ပြေးမယ်ဆိုရင်တောင် ဘယ်နေရာကိုပြေးရမလဲဆိုတာ မသိပါဘူး။ မိုးကာဝတ်ရုံဂိုဏ်းက ယွီဂျင်ဂိုဏ်းက ဖျက်ဆီးပြီးရင် ရန်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောကကို တိုက်ခိုက်သိမ်းယူမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိုးကာဝတ်ရုံဂိုဏ်းက လွတ်ချင်ရင် ရန်နိုင်ငံအပြင်ဘက် ဒါမှမဟုတ် မိုးကာဝတ်ရုံဂိုဏ်းထဲ ဝင်ရပါလိမ့်မယ်။
‘မနိုင်တာနဲ့ သူတို့ဂိုဏ်းထဲ ဝင်ရမှာလား? ဒါက ကုပ်ကုပ်နေတာ မဟုတ်ဘူး၊ သူရဲဘောကြောင်တာပဲ! အချိန်စောင့်လိုက်တာ ပိုကောင်းမယ်၊ သူတို့ကိုမနိုင်မှ ထွက်ပြေးလည်း နောက်မကျသေးပါဘူး၊ နောက်ပြီး ငါ့မှာ ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံနဲ့ မီးမိစ္ဆာခေါင်းလောင်းလည်း ရှိတယ်၊ လေနတ်သားသိုင်းကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် သူတို့လက်က လွတ်အောင် ထွက်ပြေးဖို့ဆိုကာ ထမင်းစားရေသောက်ကိစ္စပဲ’
ဟန်ကျွယ်က လီချင်းဇဲ့ကို မေးလိုက်ပါတယ် “မိုးကာဝတ်ရုံဂိုဏ်းက ဘယ်အချိန် ရောက်လာမှာလဲ?”
“အကြာဆုံးဆယ်နှစ်ပဲ၊ မေပယ်တောင်ကြားကို ရှင်းလင်းဖို့ အချိန်တော့ယူရမှာပဲ”
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဂိုဏ်းချုပ်၊ ကျုပ်တို့ရဲ့ ယွီဂျင်ဂိုဏ်းက တစ်ခါပြီးတစ်ခါ ပစ်မှတ်ထားခံနေရတာလဲ? ကျုပ်တို့ဂိုဏ်းက အင်အားကြီးတယ်လို့ ထင်ထားတာ”
လီချင်းဇဲ့ဟာ ကသိကအောက်ဖြစ်သွားပြီး အံကြိတ်ကာ ပြောလိုက်ပါတယ်။
“ယွီဂျင်ဂိုဏ်းက တကယ်တော့ အင်အားကြီးပါတယ်၊ ဒါပေမဲ့ အစွမ်းထက်ဆုံးပုဂ္ဂိုလ်က ဂိုဏ်းတည်ထောင်သူဘိုးဘေးပဲ၊ သူက နတ်ဖြစ်ဖို့အတွက် လမ်းရှာမယ်ဆိုပြီး ထွက်သွားတာ နှစ်ငါးရာကြာပြီ၊ အခုအချိန်အထိ သတင်းအစအန မရသေးဘူး၊ သူသာရှိမယ်ဆိုရင် ဒီကောင်တွေ ငါတို့ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲမှာလဲ? လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက မိုးကာဝတ်ရုံဂိုဏ်းနဲ့ နောက်ဆုံးတိုက်ပွဲမှာ ဂိုဏ်းတည်ထောင်သူဘိုးဘေးက အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ခဲ့တာ”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ် “ဒါဆို မိုးကာဝတ်ရုံဂိုဏ်းက ကလဲ့စားပြန်ချေတာပေါ့”
လီချင်းဇဲ့ဟာ အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်ပါတယ်။
မော်တယ်တွေအတွက်တော့ နှစ်တစ်ထောင်ဆိုတာ အလွန်တရာရှည်ကြာတဲ့ အချိန်တစ်ခုပါ။ ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာတော့ သာမန်အချိန်တစ်ခုမျှသာ ဖြစ်ပါတယ်။ ယွီဂျင်ဂိုဏ်းမှာဆိုရင် လီချင်းဇဲ့က တတိယမျိုးဆက်ဖြစ်ပြီး ဒုတိယမျိုးဆက်ကတော့ မဟာအကြီးအကဲဖြစ်ပါတယ်။
“ဘိုးဘေးက သူ့ကိုဆက်သွယ်ဖို့ ရတနာတစ်ခု ချန်ထားခဲ့တယ်၊ မဟာအကြီးအကဲနဲ့ ကျုပ်လည်း အဲဒီရတနာကို အသုံးပြုပြီး၊ ဘိုးဘေးက ဒါကို အာရုံခံစားနိုင်ပါ့မလး မသိဘူး၊ သူပြန်လာမယ်ဆိုရင် မိုးကာဝတ်ရုံဂိုဏ်းကို ကြောက်စရာ မလိုတော့ဘူး၊ အဲဒီအချိန်ကျရင် ယွီဂျင်ဂိုဏ်းက ရန်နိုင်ငံမှာ အင်အားအကြီးမားဆုံး ဂိုဏ်းတစ်ခု ဖြစ်လာလိမ့်မယ်၊ အကြီးအကဲဟန် ကျုပ်တို့တွေ အံကြိတ်ပြီး တောင်ခံထားဖို့ လိုအပ်တယ်၊ ကျုပ်တို့တွေ တောင်ခံထားနိုင်ရင် အနာဂတ်မှာ ဘယ်သူကိုမှ ကြောက်စရာ မလိုတော့ဘူး၊ အကြီးအကဲဟန်လည်း စိတ်ရှိသလို အေးအေးဆေးဆေး ကျင့်ကြံလို့ရလိမ့်မယ်၊ နောက်ပြီး ဘိုးဘေးက ထက်မြက်တဲ့ ကျင့်စဉ်ကောင်းတွေကို သင်ပေးကောင်း သင်ပေးနိုင်မှာ” လီချင်းဇဲ့ဟာ ဟန်ကျွယ်လက်မောင်းကို ဆုပ်ကိုင်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့လက်ကို အမြန်ဆွဲထုတ်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ် “ကောင်းပြီ၊ မိုးကာဝတ်ရုံဂိုဏ်းက ခင်ဗျားတို့နဲ့ ကျုပ်ရင်ဆိုင်မယ်၊ ဒါပေမဲ့ ကြိုပြောထားမယ်နော်၊ ကျုပ်မနိုင်ရင်တော့ ထွက်ပြေးမှာ”
လီချင်းဇဲ့က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ကျုပ်တို့တွေ မနိုင်ဘူးဆိုရင် ခင်ဗျားကို ကျုပ်တို့နဲ့ အသေမခံခိုင်းပါဘူး” သူတို့နှစ်ဦးဟာ အတန်ကြာပြောဆိုကြပြီးနောက် လီချင်းဇဲ့ဟာ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ လီချင်းဇဲ့ဆီက သူ့ကျင့်ကြံခြင်းတိုးတက်အောင် ဆေးလုံးအချို့တောင်းခဲ့ပေမဲ့ ယွီဂျင်ဂိုဏ်းမှာ ထူးချွန်ထက်မြက်တဲ့ အဂ္ဂိရတ်ဆရာမရှိတာကြောင့် ကနဦးဝိညာဉ်အတွက် သင့်တော်တဲ့ဆေးလုံးတွေကို မဖော်စပ်နိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ ငရဲကြက်ကိုကြည့်ပြီး ပြောလိုက်ပါတယ် “မင်းမြင်ပြီလား? အပြင်လောကကို အရမ်းအန္တရာယ်များတယ်၊ ငါတို့တွေက ပြဿနာ မရှာတာတောင် ငါတို့ကိုသတ်ချင်နေတဲ့ ရန်သူတွေက နေရာတကာမှာ ရှိနေတယ်”
ငရဲကြက်ဟာ ဆန်ကောက်စားသလို ခေါင်းညိတ်ခါညိတ်ခါ လုပ်လိုက်ပါတယ် “သခင်မှာ ယုံကြည်ချက် မရှိဘူးလား?”
“မရှိဘူး”
“အား! ဒါဆိုရင် ကျွန်တော်တို့တွေ တိတ်တဆိတ် ထွက်ပြေးကြမလား?”
“ဟင်? မဆိုးဘူး... မင်းက ငါ့စကားတွေကို ကောင်းကောင်းမှတ်ထားတာပဲ!”
“တကယ်လား?”
“ကောင်းပြီ၊ ငါတို့တွေ အခြေအနေကို စောင့်ကြည့်အုန်းမယ်”
…
တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ အတွင်းဂိုဏ်းမြို့ကိုသွားပြီး သားရဲအိတ်ကို ဝယ်လိုက်ပါတယ်။ ဒီသားရဲအိတ်နဲ့ဆိုရင် ငရဲကြက်ကို သွားလေရာယူသွားဖို့ အဆင်ပြေသွားပါပြီ။
အဆောင်ထဲကထွက်လိုက်ပြီး သူ့လိုဏ်ဂူကို ပြန်မလို့လုပ်နေတဲ့ ဟန်ကျွယ်ရဲ့ရှေ့မှာ ရုတ်တရက်ဆိုသလို စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ကံတရားအထောက်အပံ့ပါသူကို ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စုံစမ်းနေသည်။]
‘နောက်ထပ် ကံတရားအထောက်အပံ့ပါသူလား? ယွီဂျင်ဂိုဏ်းက ကံတရားသံလိုက်ပဲ!’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[ရွှမ်ချင်းကျွင်း: အခြေခံအဆင့် တတိယတန်း။ သူ၏သရုပ်မှန်မှာ မိစ္ဆာသခင်၏ မော်တယ်ခန္ဓာကိုယ် ဖြစ်သည်။ သူသည် တာအိုနှလုံးသားဖြင့် ဖွားမြင်လာသူဖြစ်ပြီး ထက်မြက်သော ပါရမီရှိ၏။ လွန်ခဲ့သော နှစ် ၈၀၀ က မိစ္ဆာသခင်သည် တာအိုအားဖိနှိပ်၍ အထက်သို့တက်လိုသဖြင့် မော်တယ်ခန္ဓာကိုယ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ အဓိကခန္ဓာကိုယ်ကို ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာ၌ ချိပ်ပိတ်ထား၏။ မော်တယ်ခန္ဓာကိုယ်သည် ဘဝအမျိုးမျိုးပြောင်းလဲ၍ အတွေ့အကြုံများရယူကာ တာအိုနှလုံးသားကို တည်တံ့စေခဲ့သည်။ သူ၏ ခြေစလက်စများသည် မိုးမြေတစ်ခွင်၌ တည်ရှိနေ၏။ လွန်ခဲ့သောသုံးနှစ်က သူသည် ယွီဂျင်ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်။]
‘မိစ္ဆာသခင်လား? အထင်ကြီးဖို့ကောင်းတယ်၊ မိစ္ဆာဖြစ်နေတာတောင် တာအိုနှလုံးသားနဲ့ မွေးဖွားလာသေးတယ်! ဒီလူက ဘယ်လိုလူစားမျိုးလဲ’
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။ အဲဒီနောက် စနစ်ရဲ့ ညွှန်ကြားမှုနောက်လိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရွှမ်ချင်းကျွင်းကို တွေ့လိုက်ရပါတယ်။
ဒီအမျိုးသမီးဟာ ယွီဂျင်ဂိုဏ်းရဲ့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ အနောက်ကနေ ကြည့်ရသလောက်တော့ အရမ်းကြီးလှပမနေဘဲ ပုံမှန်ပဲရှိပါတယ်။ အဲဒီအချိန်မှာ ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ဘက်ကို လှည့်လာပါတယ်။ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းရဲ့ မျက်နှာကို ကြည့်လိုက်တဲ့အခါမှာ သာမန်ပဲ ရှိနေတာကို တွေ့လိုက်ရပါတယ်။ သာမန်ကျင့်ကြံသူ အမျိုးသမီးတွေနဲ့ ဘာမျှမခြားနားပါဘူး။ တစ်ခြားအမျိုးသမီး ကျင့်ကြံသူတွေနဲ့ အတူရပ်နေရင် သူ့ကို ဘယ်သူမှ သတိထားမိမှာမဟုတ်ပါဘူး။
ရွှမ်ချင်းကျွင်းဟာ လမ်းဘေးမှာရပ်ပြီး လူနှစ်ယောက် ရန်ဖြစ်နေတာကို ကြည့်နေပါတယ်။ အမျိုးသားကျင့်ကြံသူနှစ်ယောက်က လှပတဲ့အမျိုးသမီး ကျင့်ကြံသူတစ်ယောက်အတွက်နဲ့ တိုက်ခိုက်နေကြတာပါ။
“ငါ မိစ္ဆာသခင်ကို မြူဆွယ်သင့်လား? သူက အထက်တက်တော့မှာဆိုတော့ အနည်းဆုံး ကောင်းကင်ဘုံဝင်ခြင်းအဆင့်တော့ ရှိမှာပဲ” ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ ဒါပေမဲ့ သူ့အကြံကို ချက်ချင်းပဲ ပယ်ချလိုက်ပါတယ်။ ဟန်ကျွယ် လိုချင်တာက ငြိမ်သက်မှုဖြစ်တဲ့အတွက် ဒီလိုပြဿနာအိုးတွေနဲ့ မပတ်သတ်တာ အကောင်းဆုံးပါပဲ။ အဲဒီနောက် ဟန်ကျွယ်ဟာ လှည့်ထွက်လိုက်ပါတယ်။
ဒီအချိန်မှာ ရွှမ်ချင်းကျွင်းက သူ့ကို လှမ်းကြည့်လိုက်တာကို ဟန်ကျွယ် သတိမထားမိလိုက်ပါဘူး။
[ရွှမ်ချင်းကျွင်းသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]
ဟန်ကျွယ်ခြေလှမ်းတွေဟာ ရပ်ဆိုင်းသွားပြီး နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။ ဟန်ကျွယ်ဟာ နောက်ကို ချက်ချင်း လှည့်ကြည့်လိုက်တဲ့အခါမှာ ရွှမ်ချင်းကျွင်းရဲ့ အကြည့်နဲ့ ရင်ဆိုင်တိုးမိသွားပါတယ်။
‘သေစမ်း... မိစ္ဆာသခင်က ငါ့ကို သတိထားမိသွားပြီ!’
ဟန်ကျွယ်ဟာ အကြောင်းရင်းတစ်ချို့ကြောင့် အလန့်တကြားဖြစ်သွားပြီး ယဉ်ယဉ်ကျေးကျေး ပြန်ပြုံးပြလိုက်ပါတယ်။
[ရွှမ်ချင်းကျွင်းသည် သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်]
ဟန်ကျွယ်ဟာ နောက်ထပ်တစ်စက္ကန့်တောင် မနေတော့ဘဲ အဲဒီနေရာကနေ ချက်ချင်း ထွက်ခွာသွားပါတယ်။ ရွှမ်ချင်းကျွင်းကလည်း ဟန်ကျွယ်နောက်ကို လိုက်သွားပါတယ်။
အတွင်းဂိုဏ်းမြို့ကနေ ထွက်ခွာပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ လေနတ်သားသိုင်းကို အသုံးပြုပြီး သူ့လိုဏ်ဂူကို အမြန်ပြန်ပါတယ်။ လိုဏ်ဂူထဲကို ပြန်ရောက်လာတဲ့ ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာ အလန့်တကြားထိုင်လိုက်ပါတယ်။
‘သူ ငါ့ကို ချောတယ်လို့ပဲ တွေးပါစေ၊ ငါ့ကို ဂရုမစိုက်ပါစေနဲ့’ ဟန်ကျွယ်ဟာ တိတ်တဆိတ် ဆုတောင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ငတုံးငအ မဟုတ်ပါဘူး။ ရွှမ်ချင်းကျွင်းက သူ့ကို တကယ်ကြိုက်တယ်ဆိုရင်တောင် သူ့ဘဝမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်တက်မှာ ကျိန်းသေပါတယ်။
ဘာတွေပဲဖြစ်နေပါစေ သူက မိစ္ဆာသခင်တစ်ဦးပါ။ မော်တယ်ကမ္ဘာမှာ ခြေဦးတည့်ရာ လျှောက်သွားပြီး နှစ်တွေအကြာကြီး နေထိုင်ခဲ့သူပါ။ သူ့လိုအမျိုးသမီးက လူတစ်ယောက်နဲ့ မြင်မြင်ချင်း ချစ်ကြိုက်မိပြီး အရာအားလုံးကို စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်က သူ့ကို စိတ်ကျေနပ်စေဖို့ ကြိုးစားမယ်ဆိုရင် နောက်ဆုံးရလဒ်က တစ်ခုတည်းပဲ ရှိပါတယ်။
အဲဒါက ကျေးကျွန်ပါပဲ!
…
ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ရဲ့လိုဏ်ဂူရှိရာကို ရောက်လာတဲ့အခါမှာတောင်နံရံမှာ ထွင်းထားတဲ့ စာလုံးတွေကို မြင်သွားပါတယ်။
“ယနေ့သည်းခံ မနက်ဖြန် လွတ်လပ်မည်!”
ရွှမ်ချင်းကျွင်းဟာ မရယ်မိအောင် သူ့ကိုယ်သူ ထိန်းထားလိုက်ပါတယ် ‘ဒီကောင်လေးက စိတ်ဝင်စားဖို့တော့ကောင်းသားပဲ’ ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပြီးနောက် လေးနက်တည်ကြည်တဲ့ မျက်နှာထားကို ပြောင်းသွားပါတယ် “ဒီစာလုံးတွေက အဓိပ္ပာယ်ရှိတယ်...”
ရွှမ်ချင်းကျွင်းဟာ တစ်ခဏမျှ တွေးတောနေပြီးနောက် ထွက်ခွာသွားပါတယ်။ သူထွက်သွားမှပဲ ဟန်ကျွယ်ဟာ သက်ပြင်းချနိုင်ပါတော့တယ်။
“ငါ့ကိုလိုချင်တဲ့ သူ့ဆန္ဒကို စွန့်လွှတ်ပါစေလို့ မျှော်လင့်ရတာပဲ” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ငရဲကြက်က မေးလိုက်ပါတယ် “ဘာဆန္ဒလဲ?”
“ငါ့ဆန္ဒက မင်းကိုစားချင်တာ” ဟန်ကျွယ်က ဒေါသတကြီး ပြန်ဖြေလိုက်ပါတယ်။
“အဲဒီမိန်းမက သခင်ကို စားချင်နေတာလား?”
ဟန်ကျွယ်ဟာ ထူးဆန်းတဲ့မျက်နှာနဲ့ ပြန်ပြောလိုက်ပါတယ် “အဲဒီလို ပြောလို့ရတယ်