ကြောက်စရာ ကတုံး
Vol. 25 Ch. 350
တခြားသော အဖွဲ့ဝင်များသည်လည်း ကတုံး အမျိုးသားကို သတိထားမိကြ၏။
“ဟင်... သူကကျ ဘာလို့ သံချပ်ကာ ဝတ်မထားတာလဲ။” ယောင်မင်ရှီက သိလိုစိတ်ပြင်းပြစွာ မေးလာလေ၏။
“သူက သံချပ်ကာ ဝတ်ဝတ်မဝတ်ဝတ် ဘယ်သူက ဂရုစိုက်လို့လဲ။ သူ့ကိုတိုက်ကြရအောင် သူက ရန်သူပဲ။”
ဟူကွမ်က လက်သီးပြင်းပြင်းဆုပ်ကာ အမျိုးသားဆီသို့ အထက်စီးဆန်ဆန်လျှောက်လာလေ၏။
အန်လင်းက ချက်ချင်းပင် ဟူကွမ်၏ လက်မောင်းကို ဆွဲလိုက်ပြီး “ အလျင်စလို မလုပ်နဲ့။”
“တစ်ခုခုမှား နေလို့လား အစ်ကိုကြီး အန်။” ဟူကွမ်သည် အန်လင်းက အဘယ့်ကြောင့် အလွန်စိတ်မအေးဖြစ်နေရသလဲဆိုသည်ကို အနည်းငယ် သိချင်လာ၏။
အန်လင်းက ပြန်မဖြေခင်တွင် သက်ပျင်းချလိုက်ပြီး “မင်းဒီလို တစ်ဇွတ်ထိုးတိုးဝင်သွားလို့ တစ်ချက်တည်းနဲ့ အသက်မရှင်တော့မှာကို စိုးရိမ်နေတာ။”
ရွှမ်ယွမ်ချန်က သဘောတူကြောင်း အခိုင်အမာဝင်ပြောလာ၏။ “အတန်းဖော် အန်လင်းပြောတာ မှန်တယ်။ ငါတို့က ဒီလိုမျိုး ဘာမှမသိရတဲ့ ရန်သူတွေနဲ့ဆို သတိထားရမယ်။ ငါအရင်ဆုံး အကဲခတ်ကြည့်လိုက်အုံးမယ်။”
သူက စကားပြောရင်း သူ့၏ ရှေးဟောင်းဓားကို ဆွဲထုတ်ကာ ကတုံးအမျိုးသားဆီသို့ သတိတကြီး ချဉ်းကပ်လိုက်လေတော့သည်။
အန်လင်းက ရွှမ်ယွမ်ချန်၏ အမူအရာကြောင့် အလန့်တကြားဖြစ်သွားကာ သူ့နောက်ကို ချက်ချင်းလှမ်းဆွဲလိုက်၏။
ရွှမ်ယွမ်ချန် : “...”
အန်လင်းက တံတွေးမျိုချကာ တည်တည်ငြိမ်ငြိမ်ပြောလာ၏။ “အဲ့လူရဲ့ ဝတ်ပုံစားပုံက ကျွန်တော့်ကို နည်းနည်းစိတ်ပူစေလို့ ကျွန်တော်တို့ထဲက တစ်ယောက်မှ သူ့ဆီက တစ်ချက်လေးတောင် အရိုက်မခံသင့်ဘူး။ အရင်ဆုံး စက်ရုပ်တစ်နဲ့ စက်ရုပ်နှစ်ကို သူ့ရဲ့ခွန်အားကို စမ်းသပ်ခိုင်းသင့်တယ်...”
ယောင်မင်ရှီ၊ ဟူကွမ်နှင့် မြေဖြူဝိညာဉ်တို့က မယုံကြည်နိုင်စွာ မျက်လုံးများပြူးကျယ်သွားပြီး သူတို့မယုံကြည်နိုင်သော တစ်စုံတစ်ခုကို တွေ့လိုက်ရသကဲ့သို့ အန်လင်းကို ငေးကြည့်နေကြ၏။
ဤသည်မှာ သူတို့၏ အစ်ကိုကြီးအန်က တစ်စုံတစ်ယောက်ကို ဤမျှကြောက်ရွံ့နေခြင်းကို မြင်ရသည်မှာ သူတို့မှတ်ဉာဏ်ထဲတွင် ပထမဆုံးသောအကြိမ်ဖြစ်လေ၏။
လျှိုချင်ဟွမ်က ထူးဆန်းသည့် ဖက်ရှင်အမြင်နှင့် အမျိုးသားကိုကြည့်ရင်း အလေးအနက် တွေးတောကာ မေးစိကို ခပ်ဖွဖွ ပွတ်လိုက်ပြီး “ငါသူ့ကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားရတယ်...”
အန်လင်းက ဝိညာဉ်ဖက်ကို ရှာတွေ့လိုက်သကဲ့သို့ လျှိုချင်ဟွမ်ဆီသို့ မျက်နှာလှည့်လိုက်ကာ “One Punch Man”
“အို... ဟုတ်သား။” လျှိုချင်ဟွမ်က လက်ခုတ်တီးလိုက်ကာ သူမ၏ ခရမ်းရောင် မျက်လုံးများက စိတ်လှုပ်ရှားစွာ အရောင်တောက်လာတော့သည်။ “သူက ဘယ်ဘော့စ်ကိုမဆို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ အဲ့ဒီ့မာစတာ Saitama ပဲ။”
ဘာမှမသိသော တခြား အဖွဲ့ဝင်များ အားလုံးက သူမ၏ စကားများကြောင့် အလန့်တကြား ဖြစ်ကုန်ကြ၏။
Saitama။ မည်သည့် ဘော့စ်ကိုမဆို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်သည်။ သူက ဤမျှအထိ အစွမ်းထက်သည်လား။
“ဟဲလို မာစတာSaitama၊ ကျွန်မက နတ်ဝိဇ္ဇာမငယ်လေး Luxပါ။” လျှိုချင်ဟွမ်က အဝေးမှ ကတုံးအမျိုးသားကို အလွန်တောက်ပသော အပြုံးလေးနှင့် စိတ်လှုပ်ရှားစွာ လက်ပြလိုက်လေသည်။
သူတို့မှာ ဤကြီးမား ကျယ်ပြန့်သည့် ကမ္ဘာကြီးတွင် ဝင်တိုက်မိကြသော အလွန်စိတ်အား ထက်သန်လှသည့် cosplay စိတ်ဝင်စားသူနှစ်ဦးဖြစ်၏။
ထိုသည်က ကံကြမ္မာပင်...။
ကတုံးအမျိုးသားက သူ့အား မာစတာSaitamaဟု ရည်ညွှန်းပြီး စိတ်အားထက်သန်စွာ လက်ပြနေသော အလွန်လှပသည့် အမျိုးသမီးကို တွေ့သောအခါ နေရာ၌ပင် မလှုပ်မယှက်ရှိနေလေ၏။ သူသည်လည်း ဝိညာဉ်ဖက်ကိုတွေ့လိုက်ရသကဲ့သို့ မျက်လုံးများ အရောင်တောက်လာလေ၏။
သူသည် မကြာသေးခင်က ဆံပင်များအားလုံးဆုံးရှုံးသွားပြီးနောက် သူ့၏ တင့်တယ်သောပုံရိပ်ကို ပြန်ရရန် မည်သို့လုပ်ရမည်ကို အလွန် စိတ်ပူနေတာဖြစ်၏။
မကြာခင်မှာပင် သူက ဘုရင်မကြီး ဖန်တီးထားသော ကမ္ဘာထဲမှ အလွန်ကြမ်းသည့် စိတ်ကူးယဉ် ဇတ်ကောင်တစ်ခုကို သတိရသွား၏။ ထို့ကြောင့် သူက ဆွဲဆောင်မှုကို ပြန်လည်တွေ့ရှိရန် ထိုဇာတ်ကောင်အတိုင်း cosplayလုက်ရန် ဆုံးဖြစ်လိုက်ခြင်းပင်။ သူက ဤအဝတ်အစားကို ဝတ်ဆင်ထားရုံနှင့် သတိထားမိလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
သူက ပင်ကိုယ်ကိုက ကြမ်းတမ်းသည့် အရှိန်အဝါများ ထိုးထွက်နေခြင်းလား။
ကတုံးအမျိုးသားက အလွန်အမင်းကျေနပ်သွားသော်လည်း သူ့၏ မစ်ရှင်က မည်သည်ဆိုသည်ကို သတိရသေး၏။ သူက မစ်ရှင်ကို ပြီးမြောက်အောင်မလုပ်နိုင်ပါက နောက်တစ်ကြိမ်တွင် အစွမ်းထက်ကတုံးအဖြစ်ပင် cosplayလို့ ရမည်မဟုတ်တော့ပါ။ ထိုအစား သူက ခေါင်းမရှိသည့် စစ်သားတစ်ယောက်အဖြစ် cosplay နေရမည်ဖြစ်သည်...။
သူက သတိထားခံရ၍ အပျော်ကြီးပျော်နေစဉ်တွင် သူ့ပါးစပ်ပင် မဖွင့်နိုင်ခင်၌ ပုံရိပ်တစ်ခုက သူ့အပေါ်တွင် ပေါ်လာလေ၏။
ဘုန်း...
ခရမ်းရောင်မီးတောက်များက ကောင်းကင်မှ ထိုးဆင်းလာတော့သည်။
ထိုသည်မှာ အလွန်အစွမ်းထက် ထိုးဖောက်နိုင်သော ဂုဏ်သတ္တိများရှိသည့် ခရမ်းနက် နဂါး မီးတောက်များဖြစ်၏။ ကတုံးအမျိုးသားက ချက်ချင်းပင် မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အလွန်မြင့်မားသည့် အပူရှိန်က သူ့အောက်ရှိ မြေကြီးကို အရည်ပျော်နေသော ချော်ရည်ပူအဖြစ် ပြောင်းပစ်တော့သည်။
သို့သော်လည်း စက်ရုပ်က ရှေ့ဆီသို့ မီးတောက်စီးကြောင်းကြီးတစ်ခုကို မှုတ်ထုတ်မည့်ဆဲဆဲမှာပင် ကတုံးအမျိုးသားက ထိုအရာ၏ အနောက်သို့ ပေါ်လာပြီး ဖြစ်၏။
အန်လင်း၏ မျက်ဆံများက အလန့်တကြား ကြုံ့ဝင်သွားလေ၏။ “မြန်လိုက်တာ”
ကတုံးအမျိုးသား၏ အဖြူရောင် ဝတ်ရုံကြီးက သူ့နောက်တွင် တဖြတ်ဖြတ်ခတ်နေကာ သူ့၏ လက်အိတ်ဝတ်လက်များက စက်ရုပ်၏ နောက်ကျောကို မယုံကြည်နိုင်ဖွယ်ရာ အရှိန်ဖြင့် ထိုးချလိုက်လေတော့၏။
ဘုန်း...
ကျယ်လောင်လှသည့် ထိုးနှက်သံကြီးက မိုးခြိမ်းသံကြီးကဲ့သို့ ပေါက်ထွက်လာပြီး လေထုထဲသို့ တစ်ကီလိုမီတာကျော်အထိ ကျယ်ပြန့်သွားသော အဖြူရောင် စွမ်းအင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်စေ၏။
ခလွမ်း...
စက်ရုပ်၏ အပြင်ဘက် သတ္ထုအကာမှာ ဖျက်ဆီးစေတတ်သော ခွန်အား၏ အောက်တွင် ချက်ချင်းပင် စတင်အက်ကွဲလာပြီး ထိုအရာ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဝင်မတိုက်မိခင်မှာပင် အဖြူရာင် အလင်းတန်းအဖြစ် ပြောင်းသွားလေတော့သည်။
အန်လင်းက အလွန်အမင်း ကြောက်ရွံ့သော အမူအရာတစ်ခုပေါ်လာကာ သက်ပြင်း ခက်နက်နက်တစ်ခုကို ချလာလေ၏။ “ယောင်မင်ရှီနဲ့ ဟူကွမ်က စက်ရုပ်တွေကို ကူပြီး တိုက်ပွဲနတ်ဘုရား ကျန်းဟုန်ကို တာဝန်ယူလိုက်။ တခြားသူတွေက ငါနဲ့အတူ ကတုံးကောင်ကိုတိုက်ဖို့ လိုက်ခဲ့။”
ကတုံးအမျိုးသားတွင် ရှိသော စွမ်းအားနှင့် အရှိန်တို့မှာ တိုက်ပွဲနတ်ဘုရား တစ်ဦးထက်ပင် များစွာပိုအစွမ်းထက်လေ၏။ ယောင်မင်ရှီနှင့် ဟူကွမ်တို့မှာ အဖွဲ့ထဲတွင် အားအနည်းဆုံးသော အသင်းဝင်များဖြစ်ကာ ထိုသည်မှာ သူတို့က အသုံးဝင်နိုင်သော တိုက်ပွဲမဟုတ်သည်ကို သိရှိထားပြီးဖြစ်လေ၏။ ထို့အတွက် သူတို့က အန်လင်း၏ ညွှန်ကြားချက်ကို ကန့်ကွက်မှုမရှိ လိုက်နာပြီး တိုက်ပွဲနတ်ဘုရား ကျန်းဟုန်ဆီသို့ ပျံသန်းသွားတော့၏။
အန်လင်းက စက်ရုပ်နှစ်ကောင်အား တိုက်ပွဲနတ်ဘုရား ကျန်းဟုန်ကို ဖြစ်နိုင်သမျှ ကြာကြာအချိန်ဆွဲထားရန် စိတ်ထဲမှ ညွှန်ကြားချက်များပို့လွှတ်လိုက်တော့သည်။ အဓိက ရည်ရွယ်ချက်မှာ သူ့ကို သတ်ရန်မဟုတ်ပဲ သူတိုက်ပွဲထဲဝင်မပါနိုင်အောင် တားဆီးရန်ပင်။
ကတုံးအမျိုးသားက စက်ရုပ်တစ်ကောင်ကို မြေကြီးပေါ်သို့ အလဲထိုးပြီးနောက် ဆက်မလိုက်တော့ပါပေ။ ထိုအစား သူက အန်လင်းနှင့် တခြားသူများဆီသို့ မျက်နှာထက်တွင် အေးဆေးသော အပြုံးတစ်ခုနှင့် ဖြည်းညည်းစွာ လျှောက်လာလေ၏။
“အားလုံးပဲ မင်္ဂလာပါ။ ငါက ဒီစမ်းသပ်မှုရဲ့ နောက်ဆုံး ဘောစ့် Saitamaပါ။ အခုထိ စမ်းသပ်မှုတွေက မင်းတို့အတွက် အရမ်းလွယ်နေခဲ့တယ်မလား။ အဲ့တာကြောင့် ဒီဟာက မင်းတို့ထဲက တစ်ချို့ကို သတ်ဖို့အတွက် အချိန်ပဲ။ အဆင့်သင့် ဖြစ်ကြပြီလား။”
သူက အဘယ့်ကြောင့် ကတုံးဖြစ်လာသည်ဆိုတာကို မေ့မည် မဟုတ်ပါချေ။ ယခုတွင်တော့ သူက ကလဲ့စားချေရန် အခွင့်အရေးတစ်ခု ရလာပြီဖြစ်ကာ သူက သဘာဝအလျောက် ထိုသည်ကို လက်နှစ်ဖက်လုံးနှင့် ဆုတ်ကိုင်မည်ပင်။
အလွန်အစွမ်းထက်လှသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒက သူစကားပြောနေစဉ်မှာပင် စိမ့်ထွက်လာတော့သည်။
အန်လင်းက ကတုံးအမျိုးသား၏ မျက်လုံးထဲကို ကြည့်လိုက်ပြီး အလွန်အမင်း အန္တရာယ်အငွေ့အသက်များကြားတွင် ပိတ်မိနေလေတော့၏။ သူသည် အမှန်ပင် ထိုးနှက်ချက်တစ်ခုတည်းနှင့် အသတ်ခံရမည်ဟု ခံစားမိနေလေ၏။
“ငါ Saitamaကို အာရုံလွှဲလိုက်မယ်။ အခွင့်အရေးရလာရင် မင်းတို့သူ့ကို တိုက်ခိုက်လိုက်။” ရွှမ်ယွမ်ချန်က ရုတ်တရက် ပြောလာ၏။
“ဟုတ်ပြီ။ ရွှမ်ယွမ်ချန်က သူ့ကို အာလုံလွှဲနေတုန်း ငါက အဝေးကနေ တိုက်နေလိုက်မယ်။
စုချန်းရန်က အလယ်လောက်ကနေ လုပ်ကြံသတ်ဖြတ်လိုက်။ အန်လင်းနဲ့ စုရှောင်လန်က အနီးကပ်တိုက်ခိုက်နိုင်တယ်။” လျှိုချင်ဟွမ်က စိတ်လှုပ်ရှားစွာ တာဝန်ခွဲပေးလိုက်၏။
လူတိုင်း : “...”
အန်လင်းသည် ရွှမ်ယွမ်ချန်က သူတို့၏ ရန်သူများကို အာရုံလွှဲရန် ယုံကြည်ရသည်ဟု ခံစားရ၏။ နောက်ဆုံးတွင်တော့ သူက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်၌ ရှိနေစဉ်မှာတွင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ရောက်နေသော ဝမ်ရွှမ်ကျန်းအား အချိန်ခဏလေးအတွင်းမှာပင် တိုက်ခိုက်ပြီး သူ့သွေးမျိုးဆက်စွမ်းအင်ကို အသက်သွင်းခဲ့၏။
သူက ယခုတွင်တော့ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ရောက်နေပြီး သူတို့အားလုံးကြားတွင် ခွန်အားအရ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်သည်မှာ သေချာပေါက်ပင်။
သို့သော် ရွှမ်ယွမ်ချန်က လှုပ်ရှားချိန်ပင် မရခင်မှာပင် အဖြူရောင် အလင်းတိုင်ကြီးတစ်ခုက မြေကြီးမှ ဆုတ်ဖြဲကာ ထွက်လာပြီး ကတုံးအမျိုးသားဆီသို့ ပျံသန်းသွားလေ၏။
ဝှစ်...
မြင်ကွင်းတစ်ခုလုံးက အဖြူရောင် အလင်းတိုင်ကြီး၏ ဝါးမျိုခြင်းကို ခံရပြီး ကတုံးအမျိုးသားက မျက်လုံးက အာရုံခံနိုင်သည်ထက် ပိုသည့် အရှိန်ဖြင့် ရှောင်တိမ်းလိုက်၏။
အလင်းတိုင်ကြီးက သူ့၏ ပခုံးအနီးမှ ဖြတ်သွားပြီး သူ့နောက်ပေတစ်ထောင် အကွာတွင် ကြီးမားသော ကျင်းကြီးတစ်ခု ချန်ထားခဲ့၏။
“သောက်ကျိုးနည်း...”
လျှိုချင်ဟွမ်က သူမ၏ ခရမ်းရောင် မျက်လုံးများကို မယုံနိုင်စွာ တစ်ဖြတ်ဖြတ်ခတ်လိုက်၏။
“ငါ့အလှည့်ပေါ့။” ကတုံးအမျိုးသားက အမူအရာမဲ့ ကြေညာလိုက်၏။
သူ့၏ လက်အိတ်ဝတ်လက်သီးများက နောက်အခိုက်အတန့်မှာပင် ပြင်းထန်လှသော အားကြီးဖြင့် လူတိုင်းအပေါ်သို့ ကျဆင်းလာပြီးဖြစ်၏။
ဘုန်း...
ကမ္ဘာမြေ အက်ကွဲစေနိုင်သော အသံကြီးက ထွက်ပေါ်လာပြီး သူတို့အောက်က မြေကြီးက လုံးဝပင် လှုပ်ခါသွားတော့၏။
ရှေးဟောင်းဓားတစ်ချောင်းက လက်အိတ်ဝတ်လက်သီးကြီး၏ လမ်းကြောင်းတွင် ရပ်နေပြီး ယင်ယန်ပုံရိပ် အလင်းတန်းကတစ်ခုက အဆုံးမရှိသော ကွင်းတစ်ခုထဲတွင် လည်ပတ်နေ၏။
“အို... စိတ်ဝင်စားစရာပဲ...။” ကတုံးအမျိုးသား၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အရောင်များ ပေါ်ထွက်လာ၏။
သူက သူ့၏ ထိုးနှက်ချက်ကို ခံနိုင်မည့် တစ်စုံတစ်ယောက်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပါပေ။
ရွှမ်ယွမ်ချန်က အလွန်အမင်း တည်ငြိမ်နေသော အမူအရာရှိနေပြီး လျှို့ဝှက်ဆန်းကြယ် အနေအထားသို့ ရောက်နေပုံရ၏။ သို့သော် သူ့၏ ပါးစပ်ထောင့်မှ သွေးများ စိမ့်ထွက်နေပြီး သူက အမှန်တကယ်တော့ ဒဏ်ရာရသွားသည်ဟူသော အချက်ကို ဖော်ပြနေ၏။
မီးတောက်နှင့် လျှပ်စီးများ ပြည့်နေသော ဓားအလင်းတန်းတစ်ခုက ကတုံးအမျိုးသားဆီသို့ ကြောက်မက်ဖွယ် အရှိန်ဖြင့် ရုတ်တရက် ခုတ်ပိုင်းပစ်လိုက်၏။
ကတုံးအမျိုးသားက နောက်တစ်လှမ်းဆုတ်သွားပြီး ဓားအလင်းတန်းကို ရှောင်တိမ်းလိုက်ရသည်မို့ မျက်လုံးပြာသွားကာ သူ့ခန္ဓာကိုယ်က မီတာ တစ်ဒါဇင်ခန့် နောက်ဆုတ်သွား၏။
လေထုက လှိုင်းများထသွားကာ အပြာရောင် လရောင်ဝိုင်းက သူ့နောက်တွင် တိတ်တဆိတ် ပေါ်လာပြီး သေစေနိုင်သော အပြာရောင် မျဉ်းတစ်ကြောင်းကို လေထုထဲသို့ ဆွဲလိုက်၏။
ကတုံးအမျိုးသားက နောက်ပင် လှည့်မကြည့်ပဲ ထိုးချက်တစ်ခု ထုတ်လိုက်၏။
ဘုန်း...
သူ့၏ လက်အိတ်ဝတ်လက်သီးများက သိပ်သည်းသော ပန်ကိတ်များအဖြစ် လေထုထဲတွင် အေးခဲသွားပြီး အပြာရောင် လရောင်ဝိုင်းကို ပြင်းထန်စွာ တုန်လှုပ်စေကာ ပြင်းထန်လှသော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။
ထိုသည်က မည်သည့်စွမ်းအားအမျိုးအစားဖြစ်သည်ကို ဖော်ပြရန် မဖြစ်နိုင်ပါပေ။ စုချန်းရန်က မီတာတစ်ရာအဝေးတွင် တည်ရှိနေသည်ဖြစ်သော်လည်း အဝေးမှ လက်သီးချက်ကြောင့် အဝေးဆီသို့ ကန်ထုတ် ခံလိုက်ရပြီး သူမကိုယ်ထဲမှ အရိုးများအားလုံးက ကျိုးသွားသည်ဟု ခံစားလိုက်ရကာ လေထဲသို့ အဝတ်စုတ်အရုပ်တစ်ခုကဲ့သို့ ပျံသန်းသွားပြီး ပါးစပ်အပြည့်သွေးများ အန်ထွက်သွား၏။
ကတုံးအမျိုးသားက ရုတ်တရက် သူ့ဘေးသို့ လေအေးတစ်ခုက ဖြတ်သွားသည်ကို ခံစားလိုက်ရပြီး သူက မကြည့်ပဲနှင့်ပင် ထပ်မှန်၍ ထိုးချက်တစ်ခုပြုလိုက်၏။
အန်လင်း၏ မိစ္ဆာရှင်းဓား ဓားသွားက အမျိုးသား၏ လည်ပင်းမှ တစ်လက်မခန့်ပင် ဝေးကွာတော့ကာ ဖျက်ဆီးစေနိုင်သော လက်သီးအလင်းတန်းကြီးက သူ့ကိုယ်ထဲသို့ ပြေးဝင်လာပြီး သူ့အား မီတာ ရာပေါင်းတစ်ချို့ ပျံထွက်သွားစေ၏...။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ကတုံးအမျိုးသားက လက်သီးသုံးချက်ကို ထုတ်လိုက်ကာ လူသုံးယောက်ကို ထိခိုက်ဒဏ်ရာ ရစေပြီးဖြစ်၏...။
***