← Chapters

လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိကြတယ်

Vol. 107 Ch. 1061

လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိကြတယ်

Vol. 107 Ch. 1061

"စစ်သူကြီးချန်ချင်း၊တရားခံကို မသေမျိုးခုံရုံးဆီ အခုချက်ချင်းပြန်ပို့လိုက်ပါ့မယ်" ယခင်က ထွက်ခွာရန်ဝန်လေးနေခဲ့သော ယိုယွင်ရှန်းက ယခုအခါကြိုးတုပ်ခံထားရသော ရှီယုံး ကို ဆွဲခေါ်သွားရန် စိတ်အားထက်သန်စွာဖြင့် စေတနာ့ဝန်ထမ်းနေခဲ့၏။

မသေမျိုးစစ်သူကြီးချင်းလွမ် နှင့် မျိုးရိုးတူညီသူဖြစ်ရာ ဤကိစ္စမှာအခြားသူများကို စော်ကားမိနိုင်သောကိစ္စဖြစ်ပြီး ဤကဲ့သို့သော တာဝန်မျိုးကို လက်အောက်ငယ်သားများထံ လွှဲပြောင်းပေးလေ့ရှိသည့် အကျင့်သူ့တွင် မရှိချေ။

"သွားတော့" သခင်မချင်းဟွာက သူမ၏ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးချက်ချင်းပင် ကောင်းကင်ယံသို့ ပျံတက်သွားကာ ရှန်းယီ၏နောက်တွင် လာရပ်နေခဲ့ပေသည်။

ရှီယုံ၏ကိစ္စနှင့် နှိုင်းယှဉ်ပါက အခက်အခဲများစွာကိုကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် ပြန်လည်ဆုံတွေ့ရသော သခင်နှင့်ကျွန်ဖြစ်ရာ သူမက သူမ၏သခင်ကို အချိန်အနည်းငယ်ကြာအောင် ထပ်မံ ငေးကြည့်နေလိုချေ၏။

ချင်ပြည်နယ်မှ စတင်၍ သူမက သူမရှေ့ရှိ လူငယ်လေးနှင့်အတူ လိုက်ပါလာခဲ့ပြီး သူ၏ခရီးစဉ်နှင့် ကြီးထွားလာမှုတို့ကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရသည်။

လက်ရှိ ကြောက်မက်ဖွယ်ကောင်းသော ရန်သူများက ယခင်ကထက်အဆပေါင်းမရေမတွက်နိုင်အောင် ပိုမိုကြောက်စရာကောင်းလာခဲ့သော်လည်း သူမ၏သခင်ရှေ့တွင်မူ သူမ၏နှလုံးသားထဲ၌ မည်သည့် ကွာခြားမှုမျှမရှိသေးချေ။

"ပင်ပန်းသွားပြီ ကျေးဇူးပဲ" ရှန်းယီက နောက်သို့ လှည့်မကြည့်ခဲ့ဘဲစကားတစ်ခွန်းဖြင့်နှစ်သိမ့်ရန် သူ၏နတ်အာရုံကိုသာ အသုံးပြုလိုက်ပေ၏။

"သခင်ရဲ့လမ်းစဉ်ကို ကာကွယ်ဖို့အတွက် အကြိမ်တစ်ထောင်သေရမယ်ဆိုရင်တောင် ကျွန်မ ဆန္ဒရှိပါတယ်" ချင်းဟွာက ကွေးတက်သွားမည့် သူမ၏နှုတ်ခမ်းထောင့်များကို အပြင်းအထန်ဖိနှိပ်ထားလိုက်ကာ လတ်တလောတိုက်ခိုက်ခဲ့ရသော နေ့ရက်များက ရုတ်တရက်အဓိပ္ပါယ်ရှိလာသကဲ့သို့ ဖြစ်သွားစေသည်။

တစ်ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူမက စိုးရိမ်ပူပန်မှုအချို့ကို ခံစားလိုက်ရပြီး သူမ၏နတ်အာရုံ ဖြင့် ထပ်မံ၍ပြန်လည်ဖြေကြားလိုက်၏။ "ဒါပေမယ့် ချင်းလွမ်နဲ့ ပတ်သက်ပြီးတော့..."

၎င်းကိုကြားလိုက်ရသောအခါ ရှန်းယီက ကောင်းကင်ကန့်လန့်ကာဆီသို့ သူ၏အကြည့်ကို တိတ်တဆိတ်ပင့်လိုက်ပေ၏။

ထိုအချိန်တွင်မှ သူက အထင်အမြင်လွဲနေတာတစ်ခုရှိနေခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့ချေသည်။

၎င်းမှာ ယဲ့လန်မှ သူ့အပေါ် ပေးသနားထားသော ဘွဲ့အမည်၏တန်ဖိုးကို လျှော့တွက်ထားမိခြင်းပင်။

အကယ်၍ သူသာ ယခင်ကကဲ့သို့ ကိစ္စရပ်များကို ဆက်လက်ကိုင်တွယ်နေမည်ဆိုပါက ဤအနှစ်သာရမရှိသော ဘွဲ့အမည်က သူ၏လက်ထဲတွင် လျင်မြန်စွာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

အကြောင်းပြချက်မှာ ရိုးရှင်းလှ၏။

မည်သည့် တောင်ထိပ်သခင်ကမျှ ဤမျှသတိကြီးစွာ ထားမည်မဟုတ်ချေ။ သူတို့တစ်ဦးစီတိုင်းက ဤလောကတွင် မြင့်မားသောတည်ရှိမှုတစ်ခုအဖြစ် ရပ်တည်နေကြပြီး အရာရာများစွာကို စိုးရိမ်ပူပန်နေရန်မလိုအပ်ပေ။

အလွန်အမင်း နှိမ့်ချလွန်းခြင်းက တစ်စုံတစ်ရာကို ဖုံးကွယ်ထားသကဲ့သို့ သံသယများကိုသာဖြစ်ပေါ်စေမည် ဖြစ်ချေ၏။

ပေါ်ပေါ်ထင်ထင်ရပ်တည်နေခြင်းက ပို၍ ကောင်းမွန်ပါသည်။

မသေမျိုးစစ်သူကြီးချင်းလွမ်က သံသယဝင်နေမည်ဆိုလျှင်ပင် သူတို့က သူတို့၏အကြည့်များကို သူ့အပေါ်သို့မဟုတ်ဘဲ ရှန်းရွှီတောင် အပေါ်သို့သာ ပို့လွှတ်ကြမည်ဖြစ်ပြီး သူ၏ကိုယ်ပိုင် ကြီးထွားလာမှုအတွက် အချိန်လုံလောက်စွာဆွဲဆန့်ပေးနိုင်မည် ဖြစ်ပေ၏။

"ဟူး" ရှန်းယီက သူ၏လက်မောင်းများကို ပျင်းရိစွာ ဆန့်ထုတ်လိုက်ပေ၏။ အပြင်ဘက်တွင် ရှန်းရွှီတောင်၏နာမည်ရှိနေသလို အတွင်းဘက်တွင်လည်း ဖိအားများကိုခုခံရန် စစ်သူကြီးယန်လန်ထင်၏အကူအညီရှိနေသဖြင့် ဤသစ်ပင်ကြီးနှစ်ပင်ကိုအားကိုးရခြင်းက သူ၏ဝန်ထုပ်ဝန်ပိုးများကို ရုတ်တရက်များစွာ သက်သာသွားစေခဲ့ချေသည်။

သို့သော် အလွန်အမင်း ပေါ့ဆနေ၍တော့ မဖြစ်ပေ။ မည်သို့ပင်ဆိုစေ ဤလောကကြီးက မျှော်လင့်မထားသောဖြစ်ရပ်များဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ကိုရင်ဆိုင်ရန် လုံလောက်သော အခြေခံအုတ်မြစ်တစ်ခုပြင်ဆင်နိုင်ရေးအတွက် သူ ဤအချိန်ကို အသုံးပြုရန် လိုအပ်ပေ၏။

သူအကြည့်ကို ရုပ်သိမ်းလိုက်ပြီး စနစ်မျက်နှာပြင် ဆီသို့ ကြည့်လိုက်ချေသည်။

[ပဉ္စမအဆင့် ပညာရှိသစ်ပင်မသေမျိုးကို သတ်ဖြတ်ခဲ့သည်။ စုစုပေါင်းသက်တမ်း ကပ်ဘေး ၁၂၇ ခု၊ လက်ကျန်သက်တမ်း ကပ်ဘေး ၆၃ ခု၊ စုပ်ယူပြီး။]

[ပဉ္စမအဆင့် မိုးမခမသေမျိုးကို သတ်ဖြတ်ခဲ့သည်။ စုစုပေါင်းသက်တမ်း ကပ်ဘေး ၁၁၇ ခု၊ လက်ကျန်သက်တမ်း ကပ်ဘေး ၅၈ ခု၊စုပ်ယူပြီး။]

...

အပင်များမှနေ၍ စိတ်ဝိညာဉ်များအဖြစ်အမှန်တကယ်ပြောင်းလဲသွားခြင်းဖြစ်ရာ ဤသို့ နှစ်ဆတိုးလာသော သက်တမ်းမှာ အခြားသက်ရှိအားလုံးအတွက်အားကျစရာပင်။

ယခုအခါ ရှန်းယီက ၎င်းမှ အကျိုးအမြတ်ရရှိသူ ဖြစ်လာခဲ့ချေသည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - ကပ်ဘေး ၂၉၄ ခု]

ဤမျှကြွယ်ဝသော ရိတ်သိမ်းမှုက ရှန်းယီကို ဤနေရာတွင်ပင် နေချင်စိတ်ပေါက်သွားစေလုနီးပါး ဖြစ်စေခဲ့သော်လည်း ကံမကောင်းစွာဖြင့် ၎င်းမှာ အတွေးသက်သက်မျှသာဖြစ်ပေ၏။ ကျင့်ကောတောင်ပတ်ဝန်းကျင်ရှိ အကြီးမားဆုံးသော နတ်ဆိုးဘုရင်ဖြစ်သည့် ချင်းယွင်၏သူတော်စင်ငါးပါး ကျဆုံးသွားခြင်းက အခြားနတ်ဆိုးများ၏နှလုံးသားထဲသို့ ထိတ်လန့်မှုများကို မလွဲမသွေရိုက်သွင်းလိုက်မည်ဖြစ်ရာ သူတို့သည် အချိန်အတိုင်းအတာ တစ်ခုအထိ ကိုယ်ထင်ပြဝံ့ကြမည်မဟုတ်ချေ။

ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းထဲသို့ တစ်ယောက်တည်း ဝင်ရောက်ရန်ကိစ္စနှင့် ပတ်သက်၍မူ...

ရှန်းယီတွင် နတ်ဆိုးအသက်တမ်း လိုအပ်နေသော်လည်း ၎င်းမှာသေလမ်းရှာရမည့်အချိန်မဟုတ်ချေ။

ယခင်က ထွက်လာခဲ့သော တတိယအဆင့်အောက် ရာထူးကိုကိုင်ဆောင်ထားသည့် ကြယ်တာရာနတ်ဘုရားစစ်သူကြီးက ထိုစဉ်က ရတနာခုနစ်ပါး ဗောဓိသတ္တထက်ပင် ပိုမို အားကောင်းနိုင်ပေ၏။

သူကိုယ်တိုင်ပင် လုံးဝအမြစ်ပြတ် မချေမှုန်းနိုင်ခဲ့သော ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းက ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦး စိတ်တိုင်းကျသွားလာနိုင်သော နေရာမျိုး မဟုတ်ချေ။

"မင်း ခိုင်းလို့ရအောင် တိမ်တိုက်နွားလား တစ်ကောင်ချန်ထားခဲ့မယ်၊ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ဦး" ရှန်းယီက ဗောဓိဂိုဏ်း၏အာဟတ် နတ်ဆိုးကျောက်တုံးကို ကျင့်ကောတောင်အနီးတွင် ချန်ထားခဲ့၏။ ကပ်ဘေး သုံးရာ အနှစ်သာရအဆင့် ရှိသော ၎င်း၏ကျင့်ကြံခြင်းက သင့်လျော်သော အထောက်အကူတစ်ခုဖြစ်စေပါလိမ့်မည်။

ထိုက်ယင်နတ်ဆိုးမသေမျိုး ငါးကောင်ကို သတ်ဖြတ်နိုင်ခဲ့သော သခင်မချင်းဟွာ၏ အောင်မြင်မှုက သေချာပေါက်ဆုချီးမြှင့်ခံရမည်ဖြစ်ပြီး အကယ်၍ သူမသာ ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းတွင် ဆက်လက်နေထိုင်နိုင်မည်ဆိုပါက ၎င်းသည် မပြတ်တမ်းထောက်ပံ့ပေးနေမည့် နတ်ဆိုးသက်တမ်းရင်းမြစ်တစ်ခုဖြစ်လာပေလိမ့်မည်။

ဤနေရာက အနောက်တောင်စီရင်စု နှင့်လည်း မဝေးလှသဖြင့် လိုအပ်ပါက သူ ကူညီပေးနိုင်၏။

အရာအားလုံးကို စီစဉ်ပြီးနောက် ရှန်းယီက ဆက်လက်မတွေဝေတော့ဘဲ ထိုက်ရွှီအတွင်းသို့ တိုက်ရိုက်ခြေလှမ်းလိုက်သည်။

သူ ယခုရရှိခဲ့သော နတ်ဆိုးအသက်တမ်း ကို ချေဖျက်ရပါတော့မည်။

ကျားနဂါးကျမ်းစာအတွင်းသို့ နတ်ဆိုးသက်တမ်းများပိုမို သွန်းလောင်းလိုက်သည်နှင့်အမျှ ၎င်းအတွင်းရှိပြောင်းလဲမှုများကို ရှန်းယီ ပိုမိုရှင်းလင်းစွာ ခံစားလာရပေသည်။

နဂါးနှင့် ကျားကို သူ၏ခန္ဓာကိုယ်တွင် ချုပ်နှောင်ရန်၊ သားရဲနှစ်ကောင်နှင့်အတူ လောကအနှံ့ ခရီးသွားရန်နှင့် ကပ်ဘေးများကို အတူတကွ ကျော်ဖြတ်ရန်အတွက် ကပ်ဘေးစွမ်းအားကို အသုံးပြုခြင်းဟူသော မူလတီထွင်ဖန်တီးထားသည့် စိတ်ကူးက ကျားနဂါးအနှစ်သာရအတွက် လောက ကယ်တင်ခြင်းဟူသော ခံစားချက်တစ်ခုကို ပေါင်းထည့်ပေးခဲ့၏။

သူက ကပ်ဘေးတစ်ထောင် မဟာအနှစ်သာရကို ပြီးမြောက်ပြီး စတုတ္ထအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်သည့်အခါ ၎င်းက မည်သည့်အရာအဖြစ်သို့ပြောင်းလဲသွားမည်ကို သိရှိရန် စိတ်အားထက်သန်နေခဲ့ပေသည်။

"..."

သခင်မ ချင်းဟွာက သူမ၏သခင် ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပြီး အချိန်အတော်ကြာအောင် စဉ်းစားအတွေးနက်ကာရပ်နေခဲ့ပြီးနောက် နောက်ဆုံးတွင်လှည့်ကာ များပြားလှသော ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ ကြားသို့ ဆင်းသက်သွားခဲ့ချေ၏။

"စစ်သူကြီးချန်ချင်း ဂုဏ်ပြုပါတယ်" ဂုဏ်ပြုစကားသံများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း သခင်မ ချင်းဟွာ၏မျက်နှာပေါ်တွင် မည်သည့် မောက်မာမှုမျှ မရှိခဲ့ဘဲ ယခင်ကကဲ့သို့ပင် တည်ငြိမ်နေခဲ့ပါသည်။

ဤကဲ့သို့သော စိတ်နေသဘောထားမျိုးမှာ ထူးခြားလှသည်မဟုတ်သော်လည်း မည်သူဖြစ်သနည်းဆိုသည့်အပေါ်တွင် မူတည်ပေ၏။

သူတို့၏မျက်လုံးများနဖူးပေါ်တက်ပေါက်နေပုံရသော ထူးခြားသည့် နောက်ခံများရှိသည့် အခြားသော မသေမျိုးများစွာနှင့် နှိုင်းယှဉ်ပါက မည်သည့် မောက်မာမှုမျှမရှိဘဲကိစ္စရပ်အားလုံးတွင် ကိုယ်တိုင်ပါဝင်ပတ်သက်တတ်သော ဤကဲ့သို့သော အထက်လူကြီးမျိုးကို ရှာဖွေတွေ့ရှိခြင်းမှာ ကောက်ရိုးပုံထဲ အပ်ရှာရသကဲ့သို့ပင်။

ရှီယုံ နှင့် ပတ်သက်၍မူ... သူက ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ခြင်းသာ ဖြစ်ချေ၏။

စစ်သူကြီးချန်ချင်းကို ကြိုတင် ဂုဏ်ပြုပြီးနောက် ကောင်းကင်စစ်သည်များက ထိုဧရိယာကို စောင့်ကြပ်ရန် သူတို့၏မူလနေရာများသို့ ပြန်သွားခဲ့ကြပါသည်။

ချင်းယွင်သူတော်စင်ငါးပါး ကျဆုံးသွားခြင်းနှင့် တိုက်ပွဲအတွင်း ယိုဖိတ်ကျလာသော ကြောက်မက်ဖွယ်အရှိန်အဝါက နောက်ဆုံးတွင် ကျင့်ကောတောင်ပတ်ဝန်းကျင်သို့ ရက်အနည်းငယ်ကြာ ငြိမ်းချမ်းမှုကို ယူဆောင်လာပေးခဲ့၏။

နတ်ဆိုးများသာမက အသက်ရှူနေသော မည်သည့်သက်ရှိကိုမျှမြင်တွေ့ရခြင်းမရှိတော့ချေ။

အနည်းဆုံးတော့ အခြား မဟာနတ်ဆိုးတစ်ကောင် ဤနေရာကိုလာရောက် မလွှဲပြောင်းယူမီအချိန်အထိ ကျင့်ကောတောင် ဟူသော ဤစစ်ဆေးရေးဂိတ်တွင် မည်သည့် မတော်တဆမှုမျှ ထပ်မံမြင်တွေ့ရဖွယ် မရှိတော့ပေ။

လူအုပ်ကြီးက နတ်ဆိုးများကို မစောင့်ဆိုင်းခဲ့သော်လည်း ကြယ်တာရာနတ်ဘုရားစစ်သူကြီး ရောက်ရှိလာမည့်အချိန်ကိုမူ စောင့်ဆိုင်းနေခဲ့ကြပေ၏။

ချီဖုန်းနတ်ဘုရားစစ်သူကြီးက ကြွေကျလာသောကြယ်တစ်ခုကဲ့သို့ ဆင်းသက်လာပြီး ရေခဲကဲ့သို့ အေးစက်သောအကြည့်ဖြင့် ချက်ချင်းပင် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်ချေသည်။

အပျက်အစီးများကိုမြင်တွေ့ရပြီး သေဆုံးသွားသော နတ်ဆိုးများ၏ကျန်ရစ်နေသည့် အရှိန်အဝါကို ခံစားရပြီးမှသာလျှင် သူက မျက်မှောင်ကြုတ်ထားမှုကိုလျှော့ချလိုက်ပြီး ရိုသေစွာဂါရဝပြုလျက် သူ့ဘေးတွင်ရပ်နေသော သခင်မချင်းဟွာ ဆီသို့ ခေါင်းလှည့်ကြည့်လိုက်၏။

All Chapters