← Chapters

လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိကြတယ် ၂

Vol. 107 Ch. 1062

လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိကြတယ် ၂

Vol. 107 Ch. 1062

ချက်ချင်းပင် တစ်ဖက်လူထုတ်ယူလာသော ထင်းရှူး၊ ဝါး၊ ပညာရှိသစ်ပင်၊ ပေါ့ပလာ နှင့် မိုးမခ တို့မှ စိတ်ဝိညာဉ်သစ်ကိုင်းငါးခုကိုလည်း သူ မြင်တွေ့လိုက်ရ၏။

ချီဖုန်း တစ်ခဏမျှတိတ်ဆိတ်သွားပြီး သူ၏မျက်နှာမှာတင်းမာနေဆဲဖြစ်သော်လည်း သူ၏လေသံတော့မျှော်လင့်မထားဘဲ ကျေနပ်ဟမါစွက်နေသည်။ "လှုပ်‌ရည်ကိုင်ရည် မဆိုးဘူးပဲ"

"မဆိုးဘူး" ဆိုသည်မှာ ကောင်းကင်ဘုံခုံရုံးမှ ဤနေရာသို့ စေလွှတ်ခံရသော ဤမသေမျိုးစစ်သူကြီး က သူ၏နောက်ဆုံးအားနည်းချက်ကိုလုပ်ရပ်များမှတစ်ဆင့်နောက်ဆုံးတွင် ဖြည့်ဆည်းနိုင်ခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်၏။

ဖယ်ကျဉ်ခံရမှုကိုဒေါသမထွက်ဘဲ ထိပ်တိုက်ရင်ဆိုင်ကာ သူ၏တာဝန်များကို လေးနက်စွာ ဆက်လက်ထမ်းဆောင်နေခြင်းမှာ သဘောထားကောင်းမွန်မှုကြောင့်ဖြစ်နိုင်သလို အကြောက်တရားကြောင့်လည်းဖြစ်နိုင်သည်။

သို့သော် သင့်လျော်သောစွမ်းဆောင်ရည်များရှိပြီး ဤအရာကိုကိုင်တွယ်နိုင်စွမ်းရှိနေခြင်းက ဤသူက အမှန်တကယ်ပင် အလားအလာရှိသော မျိုးစေ့တစ်ခုဖြစ်ကြောင်း သက်သေပြနေချေ၏။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားအရှင်" ချင်းဟွာက အောက်ကျို့ခြင်း သို့မဟုတ် မောက်မာခြင်းမရှိဘဲတုံ့ပြန်လိုက်ပါသည်။

"ငါက လူတွေကို ဒီတိုင်းချီးကျူးနေဖို့ အားမနေဘူး" ချီဖုန်း မျက်ခုံးပင့်ကာလှောင်ပြောင်လိုက်၏။

"ငါပြောချင်တာက ရောက်ရောက်ချင်း ဒီလောက်ကြီးမားတဲ့ကုသိုလ်ကောင်းမှုကို ရရှိလိုက်တာက ရာထူးတိုးဖို့ သေချာချင်မှသေချာလိမ့်မယ်၊ ဒါပေမယ့် မင်းခေါင်းပေါ်တင်ထားတဲ့ အပြစ်တွေကို ရှင်းပစ်ဖို့တော့ လုံလောက်ပါတယ်။ ဘယ်လိုလဲ၊ ကောင်းကင်ဘုံခုံရုံးဆီပြန်ခေါ်ခံရဖို့ မင်း အစီအစဉ်ဆွဲနေပြီလား"

နတ်ဘုရားစစ်သူကြီးကို အံ့အားသင့်သွားစေလောက်အောင် ချင်းဟွာက ခေါင်းကိုအသာအယာ ခါယမ်းလိုက်ချေသည်။ "ကျုပ်မှာဘာအပြစ်မှ မရှိပါဘူး၊ဘယ်နေရာမှာ တာဝန်ထမ်းဆောင်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ မသေမျိုးခုံရုံးရဲ့အစီအစဉ်တွေကိုပဲ လိုက်နာပါတယ်"

ဤစကားများကို ကြားလိုက်ရသောအခါ ချီဖုန်းက မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ပြီး ဆယ်ကျန်းကျော်မြင့်မားသော ရွှေရောင်ခန္ဓာကိုယ်ကို အကဲခတ်လိုက်၏။

အချိန်အတော်ကြာပြီးနောက် သူက တိုးညှင်းစွာ ပြောလိုက်ပါသည်။ "မင်းတို့ကြားမှာ ဘယ်လို အတားအဆီးတွေရှိနေတယ်၊ဘယ်လို အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေရှိနေတယ်ဆိုတာကို ငါ ဂရုမစိုက်ဘူး၊ဒါပေမယ့် မှတ်ထား၊မသေမျိုးခုံရုံးရဲ့အတွင်းမှာ အစစ်အမှန်နတ်ဘုရားတွေက မိုးမြေရဲ့သံသရာလည်ပတ်မှုတွေကိုထိန်းချုပ်ပြီး မသေမျိုးသုံးပါးဂိုဏ်း ဒါမှမဟုတ် ဗောဓိဂိုဏ်းကပဲဖြစ်ဖြစ် အခြားသူတွေဆိုတာက ကူညီဖို့သက်သက်ပဲ"

"ငါတို့ ရှာဖွေနေတာက ယင်နဲ့ယန် ကြားက ရှင်းလင်းတဲ့ကွဲပြားမှုနဲ့ မိုးနဲ့မြေရဲ့ တည်ငြိမ်မှုပဲ"

"အဲဒီစကားလုံးလှလှတွေကို ဖယ်ထားပြီး မပြောခင်သေချာစဉ်းစားဖို့ ငါ မင်းကို အကြံပေးချင်တယ်"

မသေမျိုးခုံရုံး အတွင်းရှိ လူတိုင်းက အစစ်အမှန်နတ်ဘုရားများ၏သဘာဝကို သိရှိကြပေသည်။ သူတို့၏ရှေ့တွင် ထိုအနှစ်သာရမရှိသော လှည့်ကွက်များကိုကစားခြင်းမှာ အဓိပ္ပါယ်မရှိချေ။

"ကျုပ်ပြောခဲ့တာတွေ အားလုံးက အမှန်တွေပါ" ချင်းဟွာ တည်ငြိမ်စွာမျက်လုံးများကို ပင့်ကာပြောလိုက်၏။

"ကောင်းပြီ" ချီဖုန်း လေကုန်ခံမနေတော့ဘဲ ရပ်တန့်လိုက်ပြီး သူ၏လက်ကြီးကို ဝှေ့ယမ်းလိုက်ချေသည်။

"အဲဒီလိုဖြစ်နေမှတော့ မင်းအခုပြန်လို့မရသေးဘူး၊ အချိန်အတိုင်းအတာတစ်ခုအထိ ချင်းလွမ်ဆီကနေ မင်းကိုငှားရမ်းပြီး ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်း ကို ဆက်ပြီး စောင့်ကြပ်ခိုင်းဖို့ငါ စီစဉ်ထားတယ်၊ ပြီးတော့ သူ့ကိုအသိပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"

သူ စကားပြောနေစဉ် ကောင်းကင်စစ်သည်များ ဆီသို့ တစ်ချက်ကြည့်လိုက်၏။ "သေချာတာပေါ့ ဒီလူတွေလည်းဒီမှာနေရမယ်၊ ဒါပေမယ့် ကုသိုလ်ကောင်းမှုတွေကိုတော့ ဆက်ပြီးရေတွက်ပေးရမယ်၊ သူ့ကို ပြောလိုက်၊ ဒီစစ်သူကြီးလေးက အခု ငါ့အတွက်ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးနေပြီဖြစ်တဲ့အတွက် ကုသိုလ်ကောင်းမှုကို အနည်းငယ်လေးတောင်လျှော့တွက်ထားမယ်ဆိုရင် ငါ ကိုယ်တိုင်သူ့နန်းတော်ဆီလာပြီး မေးခွန်းထုတ်တာကို အပြစ်မတင်နဲ့လို့"

ဤစကားများနှင့်အတူ လောကရေးရာကိစ္စများကို နားမလည်သော ကောင်းကင်စစ်သည်ပင်လျှင် တစ်ခဏမျှရပ်တန့်သွားပြီးနောက် အံ့အားသင့်သည့် အမူအရာကိုထုတ်ဖော်လိုက်ကြ၏။

စစ်သူကြီးချန်ချင်းက ဗောဓိသတ္တ တစ်ပါးနှင့် တာ့လော်မသေမျိုးအရှင်တို့နှင့် နှိုင်းယှဉ်နိုင်သော တတိယအဆင့်အောက်ရှိသည့် အစစ်အမှန်နတ်ဘုရားဂိုဏ်း၏နတ်ဘုရားတစ်ပါးမှ မျက်နှာသာပေးမှုကို အမှန်တကယ် ရရှိခဲ့ခြင်းပင်။

သေချာသည်မှာ အစစ်အမှန်နတ်ဘုရား၏စိတ်နေသဘောထားအရ သူတို့က မည်သည့် အကျိုးအမြတ်ကိုမျှသေချာပေါက်ပေးအပ်မည် မဟုတ်ပေ။

သို့သော် သူတို့၏မျက်နှာသာပေးမှုကို ရရှိခြင်းက အနည်းဆုံးတော့ စစ်သူကြီးချန်ချင်းအနေဖြင့် မသေမျိုးခုံရုံးတွင် ပစ်မှတ်ထားခံရတော့မည် မဟုတ်သကဲ့သို့ မည်သူကမျှ သူ့ကို ဒုက္ခပေးဝံ့မည် မဟုတ်ကြောင်းကို သေချာစေချေ၏။

"ဒီလက်အောက်ငယ်သားက အမိန့်ကို နာခံပါတယ်"

သတိဝင်လာသော မသေမျိုးစစ်သူကြီးတစ်ဦးက အမိန့်ကိုလက်ခံရန် အလျင်အမြန်ဦးညွှတ်လိုက်ပြီး ချင်းဟွာဆီသို့ ပြန်လည်ကြည့်ရှုသောအခါ သူ၏အကြည့်တွင် ကြီးမားသောပြောင်းလဲမှုတစ်ခု ရှိနေခဲ့ပေသည်။

မသေမျိုးခုံရုံးတွင် တာဝန်ထမ်းဆောင်စဉ် အရေးအကြီးဆုံးအရာမှာ ရှုပ်ထွေးမှုထဲသို့ ရောနှောဝင်ရောက်ပြီး မိမိကိုယ်ကို နေရာပေးနိုင်မည့် နေရာတစ်ခုကိုရှာဖွေရန်ဖြစ်ပြီး ယခုအခါ သူတို့၏ စစ်သူကြီးက နောက်ဆုံးတွင် ရပ်တည်ချက်တစ်ခုကို ရရှိခဲ့ပြီဖြစ်ပေ၏။

၎င်းမှာ မသေမျိုးခုံရုံးအတွင်းရှိ အဖြောင့်မတ်ဆုံးနှင့် အမြင့်မားဆုံးသောဘက်တွင် ရပ်တည်နေခြင်းပင်ဖြစ်သည်။

ဤနေရာကို တည်ငြိမ်စွာ ကိုင်တွယ်ထားနိုင်ရန်မှာ နောင်လာမည့် စွမ်းဆောင်ရည်များအပေါ်တွင် မူတည်နေသေးသော်လည်း ၎င်းက အခြားသူများ အိပ်မက်မက်ရသော လိုလားတောင့်တဖွယ်ကောင်းသည့် အစပျိုးမှုတစ်ခုဖြစ်နေပြီဖြစ်ပါသည်။

"ကျေးဇူးတင်ပါတယ် နတ်ဘုရားအရှင်"

ချင်းဟွာ သက်ပြင်းတစ်ချက် ချလိုက်၏။ ယခုအခါ သူမက သူမ၏သခင်ကို ပိုမိုသာကူညီနိုင်မည်ဟု ထင်ရပေသည်။

...

မသေမျိုးခုံရုံးအတွင်းရှိ အေးချမ်းသောနန်းတော်တစ်ခုထဲတွင်..။

ချင်းလွမ်က မသေမျိုးပလ္လင်အထက်တွင် မြင့်မားစွာထိုင်နေပြီး ဟုန်ကျင်းလည်း အတူရှိနေကာ မသေမျိုးအရာရှိများအများအပြားက ခါးညွှတ်လျက်ရပ်နေကြပြီး သူတို့၏ခါးနေရာများတွင် နတ်ဆိုးသုတ်သင်သူဟူသောဆိပ်ပြားများ ချိတ်ဆွဲထားကြချေသည်။

ချင်းလွမ် နှင့်အတူ ရက်ပေါင်းများစွာ နေထိုင်ခဲ့ရသော်လည်း ဟုန်ကျင်း၏မျက်နှာမှာ အနည်းငယ် အနေရခက်နေဆဲပင်။

မသေမျိုးခုံရုံးတွင် နတ်ဆိုးသုတ်သင်ရေးစင်မြင့် တစ်ခု ရှိချေသည်။ ပုံမှန်အားဖြင့် ၎င်းကို အောက်မြေပြင်မှ ဖမ်းဆီးရမိသော မဟာနတ်ဆိုးများအတွက် အသုံးပြုလေ့ရှိသော်လည်း ရံဖန်ရံခါတွင်မူ ရက်စက်ကြမ်းကြုတ်သောပြစ်မှုများကို ကျူးလွန်ပြီး မကောင်းမှုထဲသို့ ကျဆင်းသွားသော မသေမျိုးအချို့ကို ကွပ်မျက်လေ့ရှိပါသည်။

အောက်သို့ တစ်ချက်ခုတ်ချလိုက်ရုံဖြင့် ခေါင်းဖြတ်ခံရခြင်း၊လမ်းစဉ်ပျောက်ကွယ်သွားခြင်း၊ ဝိညာဉ်ပြိုကွဲသွားခြင်းတို့ဖြစ်ကာ ပြန်လည်မွေးဖွားရန်နှင့် ပြန်လည်ကျင့်ကြံရန် မည်သည့်အခွင့်အရေးမျှ ရှိမည်မဟုတ်ချေ။

ဤကဲ့သို့သော အရာများက အဖြစ်မများသော်လည်း အံ့အားသင့်စရာတော့မဟုတ်ပေ။

ဟုန်ကျင်း၏အနေရခက်မှုမှာ ချင်းလွမ်၏အမိန့်အောက်တွင် ဤကဲ့သို့သော အပြစ်ရှိသည့်မသေမျိုးတစ်ပါးပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်းကြောင့်ဖြစ်ပြီး ၎င်းက သူ၏အထွတ်အထိပ်အချိန်များအတွင်း ဂုဏ်သတင်းကို သိသိသာသာထိခိုက်စေခဲ့သောကြောင့်ပင်။

နတ်ဆိုးသုတ်သင်သူ မသေမျိုးအရာရှိများ အများအပြားက ရှီယုံ၏ပြစ်မှုများကို အဆုံးတိုင်အောင် ရုန်းကန်ဖတ်ပြခဲ့ရပြီးနောက် တိတ်ဆိတ်သွားကြပါသည်။

နန်းတော်တစ်ခုလုံးက သေမင်းတမန်နယ်မြေတစ်ခုကဲ့သို့ တိတ်ဆိတ်နေခဲ့၏။

ချင်းလွမ် မျက်လုံးများကို မှိတ်ထားပြီး အိပ်ချင်ယောင်ဆောင်နေကာ သူ၏အမူအရာတွင် မည်သည့် ခံစားချက်မျှမပေါ်လွင်ခဲ့ချေ။

နန်းတော်နှင့် အလှမ်းဝေးသော နေရာတွင်မူ မြင့်မားသော ကျောက်စိမ်းတိုင်များ ပေါ်တွင် လေးလံသောသံကြိုးများ တွဲလောင်းကျနေပြီး ၎င်းတို့ထံမှ ထွက်ပေါ်လာသော တချွင်ချွင်မြည်သံများက အိပ်မွေ့ချသောဝိညာဉ်ခေါင်းလောင်း တစ်ခုကဲ့သို့ နတ်ဆိုးသုတ်သင်ရေးစင်မြင့်ကို ကြမ်းတမ်းခက်ထန်သောအငွေ့အသက်များဖြင့် ပြည့်နှက်နေစေခဲ့ပေသည်။

ကျောက်စိမ်းစင်မြင့်များအနက်မှ တစ်ခုပေါ်တွင် ရှီယုံက မသေမျိုးချုပ်နှောင်ကြိုး အစား ကျောက်စိမ်းစင်မြင့်နှင့် ဆက်သွယ်ထားသောသံကြိုးများဖြင့် အစားထိုးခံထားရပြီးဆံပင်များ ဖရိုဖရဲဖြင့်ရူးသွပ်စွာအော်ဟစ်နေချေသည်။ "ကျွန်တော်က အမိန့်အရ လုပ်ခဲ့တာပါ၊ အဲဒါ မြင်းများရဲ့ကံကြမ္မာက ပြဿနာရှာဖို့ ဒါကိုအကြောင်းပြချက်အဖြစ် သုံးခဲ့တာပါ၊ အရှင်ချင်းလွမ် ရဲ့ အစီအစဉ်တွေကို မကျေနပ်လို့ သူ့ဒေါသတွေကို ဖြေဖျောက်ဖို့ ကျွန်တော့်ကို ရှင်းပစ်ချင်နေတာပါ"

"ခင်ဗျားတို့ ကျွန်တော့်ကို သတ်လို့မရဘူး"

"မသေမျိုးစစ်သူကြီး အရှင်ချင်းလွမ် က ကျွန်တော့်ရဲ့အရင်းနှီးဆုံးသူပါ၊ မယုံရင် သူ့ကို သွားမေးကြည့်ပါ၊ မြန်မြန်သွားပါ"

ချင်းလွမ်နန်းတော် အတွင်း၌ လူတိုင်းက ဤဟိန်းဟောက်နေသောသူ၏စကားများကို နားထောင်နေကြပြီး တစ်ဦးချင်းစီကဖြည်းညှင်းစွာချောင်းဟန့်ကာ သူတို့၏အကြည့်များကို လွှဲဖယ်လိုက်ကြ၏။

"..."

ချင်းလွမ် မျက်လုံးများကိုဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး နန်းတော်၏အပြင်ဘက်သို့ တည်ငြိမ်စွာ ကြည့်ရှုလိုက်ချေသည်။

သူက သူ၏လက်ဖဝါးကို အသာအယာမြှောက်လိုက်၏။ "မသေမျိုးအရာရှိတွေကို အလုပ်ရှုပ်စေမိပြီ"

"ဒါဆိုရင်" မသေမျိုးအရာရှိများက သူတို့၏ခေါင်းများကိုမော့ကာ တုံ့ဆိုင်းစွာဖြင့် မေးမြန်းလိုက်ကြချေသည်။

ထိုလက်ဖဝါးက အောက်သို့ပြန်လည်ကျဆင်းသွားပြီး နန်းတော်အတွင်းကျန်ရစ်နေသော တစ်ခုတည်းသောအသံမှာ တည်ငြိမ်နေသောချင်းလွမ်၏အသံသာ ဖြစ်ပေ၏။

"ကွပ်မျက်လိုက်"

ထိုအသံနှင့်အတူ အဝေးရှိ နတ်ဆိုးသုတ်သင်ရေးစင်မြင့်တွင်..

ကောင်းကင်စစ်သည်များက ခံစားချက်ကင်းမဲ့နေပုံရပြီး သူတို့၏ဓားကြီးများက ကျွမ်းကျင်စွာကျဆင်းလာကာ သွေးများ ပန်းထွက်သွားပြီး သူတို့၏ နားထဲရှိ အော်ဟစ်သံများကို ရုတ်တရက်ရပ်တန့်သွားစေခဲ့သည်။

All Chapters