လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိကြတယ် ၃
Vol. 107 Ch. 1063
ရှီယုံ၏ခေါင်းက မယုံကြည်နိုင်စွာပြူးကျယ်နေသောမျက်လုံးများဖြင့် မြေပြင်ပေါ်သို့ ဘုတ်ခနဲကျသွားပြီး အသက်စွမ်းအင်လက္ခဏာရပ်များ လုံးဝကင်းမဲ့သွားခဲ့ချေသည်။
သူ့မျပ်လုံးများက တိမ်ဖြူမသေမျိုးတောင်ကို ဖောက်ထွင်းမြင်နိုင်ပြီး ချင်းလွမ်နန်းတော်အတွင်းရှိ လူတိုင်းကို မြင်တွေ့နိုင်သကဲ့သို့ ရှေ့သို့စိုက်ကြည့်နေခဲ့၏။
"ခွင့်ပြုပါဦး" မသေမျိုးအရာရှိများ ဦးညွှတ်ပြီး နန်းတော်ထဲမှ စနစ်တကျထွက်ခွာသွားကြသည်။
လူနှစ်ဦးတည်းသာ ကျန်ရစ်သောအခါ ဟုန်ကျင်းက စကားပြောရန်တုံ့ဆိုင်းနေခဲ့ပြီးနောက် "သူ့ကို ဒီတိုင်းကွပ်မျက်လိုက်တာလား။ သူက မင်းရဲ့ဂိုဏ်းတူအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး မင်းရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေခဲ့တာ၊ ပြီးတော့အမိန့်တော်အရ လုပ်ဆောင်နေခဲ့တာပါ။ ဒီသတင်းပျံ့သွားရင် ငါတို့ဂိုဏ်းသားရဲ့စိတ်တွေကို အေးစက်သွားစေနိုင်တယ်၊မင်းအပေါ် ဆန့်ကျင်မှုတွေ ရှိလာနိုင်မလား"
ပုံမှန်အခြေအနေများအောက်တွင် ၎င်းမှာ လက်ခံနိုင်ဖွယ် ရှိပေသည်။
မည်သို့ပင်ဆိုစေ ဘက်မလိုက်ဘဲ မျှတသည်ဟူသော ချင်းလွမ်၏ဂုဏ်သတင်းမှာ လူသိများပေ၏။ ဤကဲ့သို့သော ကိစ္စရပ်များကို ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းခြင်းက သူ၏သမာဓိကို ပိုမို ခိုင်မာစေနိုင်ပေသည်။
သို့သော် ယခုအခါ မတူညီတော့ချေ။ ချင်းလွမ် က သူ၏စီးတော်ယာဉ်နှင့် ပတ်သက်သော ပြဿနာကို စုံစမ်းစစ်ဆေးနေကြောင်းကို လူအများက သိရှိနေကြ၏။
သူ၏ စီးတော်ယာဉ်ကို ဤမျှပြင်းပြင်းထန်ထန် ကာကွယ်ပြီး သူ၏လက်အောက်ငယ်သားကိုတေယ့ ဤကဲ့သို့ ဆက်ဆံခြင်းက... အနည်းငယ် အဓိပ္ပါယ်မရှိသကဲ့သို့ ဖြစ်နေချေသည်။
"ချန်ချင်းကို စောင့်ကြည့်ဖို့ ငါ သူ့ကို ညွှန်ကြားခဲ့တာပါ။ရန်သူရှေ့မှာ ထွက်ပြေးပြီး စစ်သည်တွေကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်အောင် လှုံ့ဆော်ဖို့ မဟုတ်ဘူး"
ချင်းလွမ်၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ဤစိုးရိမ်ပူပန်မှုများကို ဂရုမစိုက်ပုံရပေ၏။ သူသည် စာရွက်နှင့် စုတ်တံကို ယူကာ ချန်ချင်း၏ အောင်မြင်မှုများကို သပ်ရပ်စွာမှတ်တမ်းတင်လိုက်ပြီးနောက် မသေမျိုးခုံရုံးသို့ စေလွှတ်လိုက်ချေသည်။
"..."
ဟုန်ကျင်း အံများကိုကြိတ်လိုက်၏။ နောင်တရမှုအချို့ကို ခံစားနေရသော်လည်း ဆုတ်ခွာရန်အတွက် ယခုအခါ ချင်းလွမ် နှင့် နီးကပ်လွန်းစွာ မဟာမိတ်ဖွဲ့ပြီးဖြစ်နေချေပြီ။
တစ်ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူက ဖြောင်းဖျရန် ကြိုးစားလိုက်ပါသည်။ "ဒီအတိုင်းပဲ ထားလိုက်ပါတော့။မင်းက ကောင်းကင်ဘုံမသေမျိုးနယ်ပယ်က ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူ တစ်ကောင် ဆုံးရှုံးခဲ့သလို၊ ငါလည်း တစ်ခါက ဗောဓိဂိုဏ်းက အာဟတ် တစ်ပါး ဆုံးရှုံးခဲ့ဖူးပါတယ်။ ငါလည်း သည်းခံခဲ့တာပါပဲ။ ဒီအတိုင်း ဆက်သွားနေတာက သိပ်ပြီး မသင့်တော်သလိုပဲ"
အစပိုင်းတွင် ချင်းလွမ် စိတ်လိုက်မာပါ လုပ်ဆောင်နေသည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ယခုအခါ တစ်ဖက်လူ၏သံသယများက လုံးဝ အကြောင်းပြချက်မရှိသည်တော့ မဟုတ်ကြောင်း တွေ့ရှိလိုက်ရပေ၏။
သို့တိုင်အောင်... မှန်ကန်နေလျှင်တောင်မှ မထိုက်တန်ပေ။
ယိုယွင်ရှန်း၏အစီရင်ခံစာများအရ မြင်းများ၏ကံကြမ္မာ၏အနောက်တွင် ရှန်းရွှီတောင် ရပ်တည်နေသည်မှာ သေချာလှပါသည်။
"ငါက ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးနေတာ၊ ဘာမှားနေလို့လဲ" ချင်းလွမ် သူ၏ မျက်ခွံများကိုပင် မပင့်ဘဲ စာရွက်နှင့် စုတ်တံကို နောက်တစ်ကြိမ်ယူလိုက်ရာ သူ ဘာရေးနေသည်ကို မသိရချေ။
"မင်း" ဟုန်ကျင်း အံ့အားသင့်သွားပြီး သူ၏ မျက်နှာတွင်ကူကယ်ရာမဲ့မှုများ ပေါ်လွင်နေပေ၏။
အမှန်ပင်။ ချင်းလွမ် မည်သည့် စည်းမျဉ်းကိုမျှ ချိုးဖောက်နေခြင်းမဟုတ်သော်လည်း သူ အမှန်တကယ် ဘာတွေးနေသည်ကို သူ့ကိုယ်သူမှလွဲ၍ မည်သူသိမည်နည်း။
အကယ်၍ ၎င်းက ပုံမှန် စုံစမ်းစစ်ဆေးမှုတစ်ခုသာ ဖြစ်ခဲ့ပါက မြင်းများ၏ကံကြမ္မာက အင်ပါရီယာမြင်းစောင်းမှ အထိအခိုက်မရှိဘဲ မည်သို့ထွက်ပေါ်လာနိုင်မည်နည်း။ ဆဋ္ဌမအဆင့်အောက် မသေမျိုးစစ်သူကြီးအဖြစ် တိုက်ရိုက်ရာထူးတိုးခံရမည်လော။
ရှန်းရွှီတောင်၏လက်ချက်ဖြင့် ရှုံးနိမ့်မှုကြုံတွေ့ရခြင်းမှာ ရှက်စရာမဟုတ်ပေ။
သူ ဒါကို ဒီအတိုင်း ထားလိုက်လို့ မရဘူးလား။
"ဒီစာက ဘယ်သူ့အတွက်လဲ" ဟုန်ကျင်း ရင်ထဲတွင် သက်ပြင်းချလိုက်၏။ တစ်ဖက်လူ၏ ရာထူးမှာ မြင့်မားလွန်းသဖြင့် သူ လုပ်ခဲ့ပြီးသည်ထက် ပို၍ မလုပ်နိုင်တော့ချေ။
"ရှန်းရွှီတောင် " ချင်းလွမ် စာအိတ်ကို သေချာစွာ ပိတ်လိုက်ပြီးနောက် တံဆိပ်တုံးကြီး ဖြင့် တံဆိပ်ရိုက်နှိပ်လိုက်၏။
"..."
ဟုန်ကျင်း လုံးလုံးလျားလျားပင်စိတ်ပျက်သွားခဲ့ချေသည်။
သူတို့က မဟာမသေမျိုးဂိုဏ်းမှ ဖြစ်ကြပြီး သူတို့၏အထွတ်အထိပ်အချိန်တွင် ရှိနေကြကာ သူနှင့် အကြောင်းပြချက်ရှာရန် လွယ်ကူသော လူညံ့များ မဟုတ်ကြပေ။
ထိုသို့ တွေးမိသော်လည်း သူသည် မတ်တပ်ရပ်ပြီး စာကို ယူလိုက်၏။ "ငါ ပို့လိုက်ပါ့မယ်"
ဒါ နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။
ကပ်ဘေးများ နီးကပ်လာသည်နှင့်အမျှ ဟုန်ကျင်းက တစ်ချိန်ကကပ်ဘေးများကြားမှ ထမြောက်လာနိုင်မည့် အနာဂတ် မဟာမိတ်တစ်ဦးကို ရွေးချယ်ရာတွင် သူကိုယ်တိုင်ပါးနပ်သည်ဟု ထင်မှတ်ခဲ့ဖူးပေ၏။ သို့သော် ဤနဂါးဖြူပြဿနာကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တစ်ဖက်လူသည် အမှန်တကယ်ပျက်စီးသွားပြီဖြစ်ချေသည်။
သူသည် စာအိတ်ကို ယူကာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သေမျိုးလောကဆီသို့ ဦးတည်သွားခဲ့၏။
ထိုအချိန်တွင် ရှန်းရွှီတောင်ကို ဝန်းရံထားသော တောင်ထွတ်ရှစ်ခုပေါ်တွင်..
တာအိုသခင်မုယန်က ချောက်ကမ်းပါးစွန်းတွင် လက်နောက်ပစ်၍ ရပ်နေချေ၏။
သူ၏စိတ်ဓာတ်များ လုံးဝကျဆင်းနေသော လျိုရွေ့ဖုန်းက သူ၏ဖခင်နောက်သို့ စိတ်ဓာတ်ကျနေသော အမူအရာဖြင့်လိုက်ပါလာပေသည်။
ရှန်းယီက ထို အပြစ်အနာအဆာကင်းသော ကပ်ဘေးရတနာဆေးလုံးကို ဖန်တီးပြီးကတည်းက သူ၏တန်ဖိုးမှာ ထိုးကျသွားခဲ့ပြီး တတိယမျိုးဆက် တပည့် ဘဝသို့ ရာထူးချခံခဲ့ရကာ သူ၏ရွယ်တူများကြားတွင် တောင်ထိပ်သခင် တစ်ဦး၏ ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်တော့ချေ။
"ကြိုးကြိုးစားစားကျင့်ကြံပါ၊ ကံကြမ္မာက အခွင့်အရေးပေးလာတဲ့အခါ လက်လွတ်မခံပါနဲ့" တာအိုသခင်မုယန်က ကောင်းကင်ကန့်လန့်ကာကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပေ၏။
"ဘာအခွင့်အရေး ရှိတော့လို့လဲ..." လျိုရွေ့ဖုန်းက ခါးသီးစွာ ပြုံးလိုက်ချေသည်။ ခြံဝင်းအတွင်းတွင် ရုပ်တုတစ်ခု ထပ်မံ အလှဆင်ထားပေ၏။
ထို မုန်းတီးစရာကောင်းသော ယခင် တောင်ထိပ်သခင်၏ရုပ်တုမဟုတ်ဘဲ ပို၍မုန်းတီးစရာကောင်းသော အခြားလူငယ်တစ်ဦး၏ရုပ်တုဖြစ်ပြီး သူ၏အသားနှင့် သွေးများကို စားသုံးချင်လောက်အောင် မုန်းတီးမှုများဖြင့် အိပ်မပျော်သော ညများကို ဖြစ်ပေါ်စေခဲ့ချေသည်။
"ဟင်" ထိုအချိန်မှာပင် သားအဖနှစ်ဦးက တစ်စုံတစ်ခု ထူးခြားနေကြောင်း သတိပြုမိသွားပြီး တစ်ချိန်တည်းမှာပင် အထက်သို့ မော့ကြည့်လိုက်ကြ၏။
ရွှေရောင်အလင်းတစ်ခုက ကောင်းကင်ကန့်လန့်ကာမှ ချဉ်းကပ်လာပြီး ရှန်းရွှီ၏တောင်ထွတ်ရှစ်ခု ကြားသို့ တိုက်ရိုက် ဆင်းသက်လာစဉ် မသေမျိုးခုံရုံး၏အရှိန်အဝါကို သယ်ဆောင်လာခဲ့ချေသည်။
"စစ်သူကြီးဟုန်ကျင်း ၊ ရှန်းရွှီကို အလည်လာပါတယ်" လေးနက်ပြီး ကျယ်လောင်သော ဤစကားများနှင့်အတူ တောင်ထွတ်တစ်ခုစီက နတ်ဝိညာဉ် တုန်ခါမှုများဖြင့်တုံ့ပြန်ခဲ့ပြီး သဘောထားကိုပြသခဲ့သော်လည်း အစစ်အမှန်မသေမျိုးစစ်သူကြီးကို အတွင်းသို့ ကြိုဆိုခြင်းမပြုခဲ့ကြချေ။
မသေမျိုးအရာရှိ တစ်ဦး၏တည်ရှိမှုက အထင်ကြီးစရာ ကောင်းသော်လည်း မသေမျိုးသုံးပါးဂိုဏ်း ၏ရှန်ရွှီးတောင်က သာမန်နေရာတစ်ခုမဟုတ်ပေ။ ဂိုဏ်းတွင်းပဋိပက္ခများကြောင့် အချင်းချင်း သတိထားနေကြခြင်းမှာ တော်တော်လေး ပုံမှန်သာ ဖြစ်ပေ၏။
"ဟုန်ကျင်း မှာ စွမ်းအားကြီးမားတဲ့ မဟာစစ်သူကြီး ချင်းလွမ် ဆီကနေ လက်ရေးအမိန့်တော် ပါလာပါတယ်။ ဆေးလုံးတောင်ထိပ် ရဲ့ တောင်ထိပ်သခင် နဲ့ မိတ်ဖွဲ့ချင်လို့ပါ၊ တခြား ဘာတာဝန်မှ မရှိပါဘူး" ဟုန်ကျင်း၏အသံက ရွှေရောင်အလင်းအတွင်း နောက်တစ်ကြိမ် ဟိန်းဟောက်သွားခဲ့ချေသည်။
သို့သော် ကျန်ရှိနေသော တောင်ထွတ် ခုနစ်ခု က ငြင်းပယ်နေဆဲပင်။
အစစ်အမှန် မသေမျိုးအမိန့်တော် မပါဘဲ ကောင်းကင်ဘုံခုံရုံးမှ လာရောက်သူတစ်ဦးက ယေဘုယျအားဖြင့် လျစ်လျူရှုခံရလေ့ရှိရာ ဟုန်ကျင်း ဤကိစ္စအတွက် သိပ်မခဲ့ခြင်းဖြစ်ပေသည်။
ထိုအချိန်မှာပင် ဆဋ္ဌမမြောက်တောင်ထွတ် ကြားမှ ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်ထွက်လာခဲ့၏။
တာအိုသခင်မုယန်က နူးညံ့သိမ်မွေ့သော အပြုံးဖြင့်တိုးညှင်းစွာ ဖိတ်ခေါ်လိုက်သည်။ "မသေမျိုးစစ်သူကြီးကျေးဇူးပြုပြီး စကားပြောဖို့တောင်ထွတ်ကို ကြွပါ"