← Chapters

အရာအားလုံးက ငါ့အပေါ်မှာပဲ မူတည်တယ်

Vol. 107 Ch. 1064

အရာအားလုံးက ငါ့အပေါ်မှာပဲ မူတည်တယ်

Vol. 107 Ch. 1064

ကျန်းယန်စီရင်စု၊ ရှန်းစံအိမ်

အမှောင်ရိပ်တစ်ခုက လေဟာနယ်ထဲမှထွက်ပေါ်လာပြီး ခြံဝင်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့၏။

ရှန်းယီ ဘေးသို့တစ်ချက်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်က သူ့ကိုစောင့်နေနှင့်ပြီးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

"မင်းဆီ ပစ္စည်းတစ်ခု လာပို့တာပါ"

ဝူရှန်းက ကျောက်စားပွဲဘေးမှ မတ်တပ်ရပ်လိုက်ပြီး စားပွဲပေါ်ရှိရွှေရောင်ဆေးလုံးနှစ်လုံးကို လက်ညိုးထိုးပြကာ ပြောလိုက်၏။ "ဒီနှစ်ခုလုံးက ကပ်ဘေးသုံးဆယ် ဆေးလုံးတွေပဲ၊ တစ်လုံးက ငါ့ရဲ့ တောင်းပန်မှုဖြစ်ပြီး နောက်တစ်လုံးကတော့ အင်ပါယာခုံရုံးကချီးမြှင့်တဲ့ဆုလာဘ်ပါ၊ မင်း သေချာ သိမ်းထားသင့်တယ်"

ယခင်က အနောက်တောင်စီရင်စုတွင် ဖြစ်ပွားခဲ့သောဖြစ်ရပ်က ဗောဓိဂိုဏ်းမှ ပဉ္စမအဆင့် အာဟတ်တစ်ပါးနှင့် ပတ်သက်နေကြောင်း ထင်ရှားသော်လည်း ပေးအပ်သောဆုလာဘ်များတွင် ၎င်းအတွက်ပါဝင်ခြင်းမရှိဘဲ ဆဋ္ဌမအဆင့် ကောင်းကင်ဘုံမသေမျိုးနယ်ပယ်ရှိ ရေးနဂါးနှင့် ၎င်း၏လက်အောက်ရှိ နတ်ဆိုးအုပ်စုအတွက်သာ ထည့်သွင်းရေတွက်ထားကြောင်း ရှင်းလင်းလှပါသည်။

ရှန်းယီ တစ်ခဏမျှစဉ်းစားတွေးတောလိုက်သော်လည်း စကားများစွာမပြောခဲ့ပေ။ "စီနီယာကို ကျေးဇူးတင်ပါတယ်"

မည်သို့ပင်ဆိုစေ ဗောဓိဂိုဏ်းကိုဆန့်ကျင်ခြင်းက အင်ပါယာခုံရုံး၏အမိန့်မဟုတ်ဘဲ စစ်သူကြီးယန်၏ကိုယ်ပိုင် ရည်ရွယ်ချက်သာဖြစ်ပေသည်။ ဤကိစ္စကို ဆက်လက်အရေးမယူခြင်းကပင် လုံလောက်စွာ ကောင်းမွန်နေပြီဖြစ်၏။

ရှန်းယီ၏စိတ်ထဲရှိနေသည့်အရာများကို မြင်သိနေသည့်အလား ဝူရှန်းက သူ၏သိုလှောင်အိတ်ထဲမှ နောက်ထပ်ရွှေရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ရာ ယခင်နှစ်လုံးထက် သိသိသာသာ ပိုမို ကြီးမားနေပေသည်။ "ကပ်ဘေးတစ်ရာ ရွှေရောင်ဆေးလုံးပါ၊ စစ်သူကြီးယန် ကိုယ်တိုင်က ပေးတာပါ၊ အင်ပါယာခုံရုံးနဲ့ ဘာမှမဆိုင်ပါဘူး"

သူ ဆေးလုံးကို လက်ထဲတွင်ကိုင်ထားပြီး အချိန်အတော်ကြာသည်အထိ မလွှတ်ပေးခဲ့ချေ။

ရှန်းယီအထင်အမြင်လွဲမှားမည်ကို စိုးရိမ်သောကြောင့် ဝူရှန်းက တိုးညှင်းသော အသံဖြင့် ထပ်လောင်းပြောကြားလိုက်၏။ "ဒီအရာကို ငါ စိတ်မဝင်စားပါဘူး၊ ဒါကို ဝှက်ထားဖို့ သတ္တိလည်း ငါ့မှာ မရှိပါဘူး"

၎င်းမှာ အမှန်တကယ်ပင်။

ကပ်ဘေးတစ်ရာ ရွှေရောင်ဆေးလုံးက တန်ဖိုးကြီးမားသော်လည်း ၎င်းကို အပြည့်အဝ စုပ်ယူနိုင်ရန်အတွက် အသက်ရှင်ရန်လည်းလိုအပ်ပေသည်။ သူ ပြီးခဲ့သည့်အကြိမ်က လူအနည်းငယ်နှင့် ကိစ္စရပ်များကို ရှင်းလင်းရန် ဆုံးဖြတ်ပြီးဖြစ်ရာ ရွှေရောင်ဆေးလုံးတစ်လုံးအတွက်နှင့် သူ တွေဝေသွားဖွယ် မရှိချေ။

"ငါ ပြောချင်တာက သေချာစဉ်းစားပါလို့ပါ"

"ဒီအရာကို မင်းလက်ခံလိုက်တာနဲ့ နောင်တစ်ချိန်ကျရင် နောက်ပြန်လှည့်ဖို့ခက်သွားလိမ့်မယ်"

ဝူရှန်းက အခြားသူများ၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိသော ပါးနပ်လည်ဝယ်သူတစ်ဦး ဖြစ်သော်လည်းပြီးခဲ့သည့်အကြိမ်က ရှန်းယီ၏ "နားလည်ပါပြီ" ဟူသော စကားက သူ့ကို အမှန်တကယ်ပင်များစွာ စိတ်သက်သာရာ ရသွားစေခဲ့ပေသည်။

အတွေ့အကြုံရင့်ကျက်သော အကြီးအကဲတစ်ဦးအနေဖြင့် ပါရမီရှင် ဤလူငယ်လေးကို ပိုမိုသေချာစွာစဉ်းစားစေလိုပေသည်။

ဒီလောကမှာ အလကားရတဲ့ နေ့လည်စာဆိုတာ မရှိပါဘူး။

စစ်သူကြီးယန်ပ ရက်ရောသူဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရွှေရောင်ဆေးလုံးကို လူတစ်ဦး၏အသက်တန်ဖိုးဟု ခေါ်ဆို၍လည်းမမှားပေ။

ဘာလို့ ဒုက္ခခံနေမှာလဲ။

၎င်းကို ကြားလိုက်ရသောအခါ ရှန်းယီက ပြုံးရုံသာ ပြုံးလိုက်၏။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဟူး"

ဝူရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ကာ တတိယမြောက် ရွှေရောင်ဆေးလုံးကို စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါးချန်ထားခဲ့ပြီးနောက် လှည့်ကာ ရှန်းစံအိမ်မှ နောက်ထပ်စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာသွားခဲ့သည်။

ရှန်းယီသူထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ကျောက်စားပွဲဆီသို့ ချဉ်းကပ်ကာ ရွှေရောင်ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။

စုစုပေါင်း လူသားဧကရာဇ်ချီကပ်ဘေး တစ်ရာ့ခြောက်ဆယ်က ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကဲ့သို့ မများပြားသော်လည်း သာမန်ကျင့်ကြံသူတစ်ဦးအတွက်မူ ဤပမာဏက သွားရည်ကျလောက်အောင်ပင် လုံလောက်နေပြီဖြစ်၏။

နတ်ဘုရားမင်းဆက်မှလွဲ၍ လောကရှိ အခြား မည်သည့် အင်အားစုကမျှ၊ မသေမျိုးခုံရုံးပင်လျှင် ဤမျှရက်ရောသော လက်ဆောင်မျိုးမရှိနိုင်ပေ။

ရှန်းယီ တစ်ခဏမျှစဉ်းစားတွေးတောလိုက်ပြီးနောက် ဆေးမီးဖိုကို ထုတ်ယူရန် ဆုံးဖြတ်လိုက်၏။

လောလောဆယ်တွင် ကျားနဂါးအသီးအပွင့်အတွက် လူသားဧကရာဇ်ချီကို အသုံးပြုရန်မှာ ဗောဓိဂိုဏ်း၏အထူး ပစ္စည်းအများအပြားလိုအပ်မည်ဖြစ်ပြီး နှလုံးသားကပ်ဘေးအတွင်း ပြဿနာများ မဖြစ်ပေါ်စေရန် ၎င်းကို ခြေဖျက်ရာတွင် ကူညီပေးရန် ဂိုဏ်းမှ အကြီးအကဲအများအပြားကို အကူအညီတောင်းခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

လက်ရှိ သူ၏အဆင့်အတန်းဖြင့် ဗောဓိဂိုဏ်းသို့ တစ်ယောက်တည်း သွားရောက်ခြင်းက သေလမ်းရှာခြင်းနှင့် မည်သို့မျှခြားနားမည်မဟုတ်ချေ။

အားလုံးပေါင်းလိုက်လျှင် လွန်စွာဒုက္ခများလွန်းပေသည်။

ဆေးဖော်စပ်ခြင်းကို အသုံးပြု၍ ဤရွှေရောင်ဆေးလုံးများကို ထိုက်ရွှီတာအိုအသီးအပွင့်အတွက် အသုံးပြုလိုက်ခြင်းက ပိုမိုအဆင်ပြေပေလိမ့်မည်။

ထို့ပြင် ယခင်က ထိုက်ရွှီတာအိုအသီးအပွင့်ကို ဆွတ်ခူးချိန်တွင် ရှန်းယီက ဝူရှန်း သူ့ကို လာမနှိုးမချင်းရုန်းထွက်နိုင်စွမ်းမရှိလောက်အောင်ပင် ထိုထူးဆန်းသော ခံစားချက်ကို ခံစားခဲ့ရပေသည်။

အညစ်အကြေးများကြောင့်ပြဿနာများ ဖြစ်ပေါ်လာမည်ကို သူ စိုးရိမ်နေခဲ့၏။

အပြန်လမ်းတွင် ချင်းယွင်သူတော်စင်ငါးပါး၏ နတ်ဆိုးသက်တမ်းကို စုပ်ယူပြီးနောက် သူ၏ကျားနဂါးအသီးအပွင့်က ထိုက်ရွှီတာအိုအသီးအပွင့်ထက်များစွာ သာလွန်ကာ ကပ်ဘေး ခုနစ်ရာ့ခြောက်ဆယ် အတိုင်းအတာသို့ ရောက်ရှိသွားခဲ့ပေသည်။

ထိုက်ရွှီအတွင်းခရီးသွားနေစဉ် ရှန်းယီက ထိုနယ်ပယ်မှ ပြန်ကန်ထုတ်ခံရမည့်အလား အလွန်အမင်းလေးလံသော ဖိအားခံစားချက်များကိုပင် ကြုံတွေ့ခဲ့ရပေသည်။

"မြိုနိုင်တာထက် ပိုဝါးမိတာပဲ"

သူ သူ့ရှေ့ရှိ ဆေးမီးဖိုကိုစိုက်ကြည့်ကာ တိုးညှင်းစွာ သက်ပြင်းချလိုက်၏။

ဤသည်မှာ လေလွင့်ကျင့်ကြံသူများ၏ပြဿနာဟောင်းတစ်ခုဖြစ်ပြီး ကောင်းသောအရာများကို မြင်တွေ့ရသမျှ စမ်းသပ်ကြည့်လိုစိတ်ကို မထိန်းချုပ်နိုင်ခြင်းပင်။

ထိုက်ရွှီတာအိုအသီးအပွင့်က သူ့ကို အမှန်တကယ်ပင်များစွာ အထောက်အကူပြုခဲ့သော်လည်း သူ ရင်ဆိုင်နေရသောပြဿနာများမှာ ရှောင်လွှဲ၍မရနိုင်သော အတားအဆီးတစ်ခုဖြစ်နေဆဲပင်။

၎င်းမှာ... ကပ်ဘေးစွမ်းအားများ ရှိနေသော်လည်း လမ်းကြောင်းမရှိခြင်းပင်။

ကျားနဂါးအသီးအပွင့်အတွက် လမ်းကြောင်းကို အမှားအယွင်းများစွာဖြင့် ဖြတ်သန်းခဲ့ရသော်လည်း ထိုက်ရွှီတာအိုအသီးအပွင့်မှာမူ ကွဲပြားပါသည်။ ယဲ့လန်၏ထိုက်ရွှီဓားတာအိုကိုယ်တိုင်က အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးဘဲ ကပ်ဘေး ခြောက်ရာတွင်သာပိတ်မိနေရာ သူ့ကို သင်ကြားပြသပေးရန်ဆိုသည်မှာ ဆိုဖွယ်ရာမရှိပေ။

လမ်းတစ်ဝက်တွင်မှ ဝင်ရောက်လာသော ရှန်းယီက ရှန်းရွှီတောင်၏အမွေအနှစ်များနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိချေ။ ဆဋ္ဌမအဆင့်နှင့် ပဉ္စမအဆင့် တာအိုကျင့်စဉ်များမှလွဲ၍ သူ့တွင် ကျန်ရှိနေသောအရာမှာ ဆေးကျမ်းများအပြည့်အနှက်ရှိသော အခန်းတစ်ခန်းသာဖြစ်ပြီး အခြားမည်သည့်အရာမျှ မရှိပေ။

သူသည် မျက်လုံးများကို မှိတ်ထားပြီး နက်ရှိုင်းစွာ စဉ်းစားတွေးတောနေစဉ် ဆေးဖော်စပ်ခြင်းကို လုပ်ဆောင်နေခဲ့၏။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့သည်။

နေ့နှင့်ည အလှည့်ကျ ပြောင်းလဲသွား၏။

ရှန်းယီ၏သိုလှောင်အိတ်ထဲတွင် ဆေးပုလင်းများ အစီအရီပြည့်နှက်နေပြီဖြစ်ပြီး ကပ်ဘေး တစ်ရာ့ခြောက်ဆယ်စာ ရွှေရောင်ဆေးလုံးများကို ဆေးများအဖြစ် လုံးဝဖော်စပ်ပြီးစီးသွားသည်အထိပင်။

သူက ဆေးမီးဖိုကို သိမ်းဆည်းလိုက်ပြီးနောက် လှည့်ကာ အိမ်ထဲသို့ဝင်သွားကာကုတင်စွန်းတွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။

[လက်ကျန် နတ်ဆိုးသက်တမ်း - ကပ်ဘေး နှစ်ခု]

ဆေးဖော်စပ်ရုံသက်သက်ဖြင့် အချိန်လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီး ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းမှ ချင်းဟွာက ကပ်ဘေးနှစ်ခုစာ နတ်ဆိုးအးသက်တမ်းကိုသာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ရာ ၎င်းက ချင်းယွင်သူတော်စင်ငါးပါး ကျဆုံးသွားခြင်းက အခြားနတ်ဆိုးများအပေါ် မည်မျှကြီးမားသော ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း

ပြသရန်လုံလောက်ပေသည်။

သို့သော် ၎င်းက ဆေးများကိုချေဖျက်ရန်နှင့် သူ၏ အတွေးများကို အတည်ပြုရန်အတွက် လုံလောက်ပေ၏။

ရှန်းယီက ပြီးပြည့်စုံမှုကို လိုက်စားသူတစ်ဦး မဟုတ်ပေ။ လက်ထဲရှိ အရာများဖြင့်သာ လုံလောက်အောင်ပြုလုပ်တတ်သူဖြစ်၏။

ဆေးလုံးတောင်ထိပ်ရှိ စာအုပ်များကိုဖတ်ရှုခဲ့ရသဖြင့် ၎င်းကို အခြေခံ၍ သူ၏ကိုယ်ပိုင် စတုတ္ထအဆင့် မသေမျိုးလမ်းကြောင်းကို သရုပ်ဖော်တွက်ချက်ရန် ဆုံးဖြတ်လိုက်ပါသည်။

သူ့လက်စွပ်ထဲမှ ဆေးတစ်ဆုပ်ကို ထုတ်ယူကာ ပါးစပ်ထဲသို့ အလျင်အမြန်ထည့်လိုက်၏။

[ပထမဆုံး ကပ်ဘေး၊ သင်က ထိုက်ရွှီတာအိုကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့ပြီး တာအိုအသီးအပွင့်ကို အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့ကာ ထိုက်ရွှီနယ်ပယ်အတွင်းခရီးသွားနိုင်ခဲ့သည်။ သို့သော် ထိုဗလာနယ်ပယ်သည် ကြီးမားကျယ်ပြန့်ပြီး ခန့်မှန်းရခက်ခဲလှရာ ထိုနေရာသို့ သွေးအသားတို့ဖြင့် စွန့်စားသွားလာခြင်းက ထိုက်ရွှီထဲတွင် နစ်မြုပ်သွားနိုင်ပြီး လောကကြီးသို့ ဘယ်သောအခါမှပြန်မလာနိုင်တော့မည့် အန္တရာယ်ရှိသည်။နေထိုင်ရန် နေရာတစ်ခုရှာဖွေရန် အရေးကြီး၏။]

ဆေးလုံးတောင်ထိပ်မှ စာအုပ်များအားလုံးက ရှန်းယီ၏စိတ်ထဲတွင် ပေါင်းစည်းသွားပြီး ထိုလုပ်ငန်းစဉ်တွင် နတ်ဆိုးသက်တမ်း၏ပံ့ပိုးမှုဖြင့် သူက ယခင်စီနီယာများအပင်ပန်းခံချန်ရစ်ခဲ့သော ဆေးညွှန်းများကို သူ၏ကိုယ်ပိုင်ကျင့်စဉ်အဖြစ် တဖြည်းဖြည်းပြောင်းလဲခဲ့ပြီး ဥပမာတစ်ခုမှနေ၍ သရုပ်ဖော်ကောက်ချက်ချမှုများကို ပြုလုပ်နိုင်ခဲ့သည်။

(ထိုက်ရွှီနယ်ပယ်ဆို ဗလာနယ်ကိုပြောတာပါ၊)

All Chapters