← Chapters

မင်ကျစ်ရန်၏သတိပေးမှု

Vol. 107 Ch. 1068

မင်ကျစ်ရန်၏သတိပေးမှု

Vol. 107 Ch. 1068

ပဉ္စမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော ကျင့်ကြံသူများက အခြားသူများ၏အမြင်တွင် မြင့်မားလှသော ဧရာမတောင်ကြီးများကဲ့သို့ပင်။

သို့သော် ဧရာမတောင်များစုဝေးလာသောအခါတွင် အမြင့်များ ကွာခြားမှုရှိနေဆဲဖြစ်ချေ၏။

"အဲဒါပါပဲ၊ ခေတ်ကာလရဲ့ ပရမ်းပတာ လမ်းကြောင်းတွေက တားဆီးလို့မရဘူး၊ ပြီးတော့ လမ်းစဉ်သုံးသွယ်ကို ရင်ဆိုင်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ အဖြေဆိုတာ ဘယ်မှာရှိလို့လဲ။ ငါတို့ အနိုင်မရနိုင်မှတော့ အနည်းဆုံးတော့ပြိုင်ဘက်ကို ငါတို့နဲ့အတူ ဆွဲချသွားရမယ်"

ရန်မင်လီ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်၏။ "ဒီကပ်ဘေးက တကယ် ဘယ်ကလာသလဲဆိုတာကို လောကကြီးကိုပြသဖို့အတွက် အဲဒီ မျောက်နတ်ဆိုးကို ငါ ပြန်လွှတ်လိုက်တာပါ။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ ရန်သူတွေကို ရင်ဆိုင်နိုင်တယ်လို့ ထင်နေကြတာလား။ စိတ်ကူးယဉ်နေတာပဲ"

အကယ်၍ သာမန်ပြည်သူများက အင်ပါယာခုံရုံး အပေါ် ယုံကြည်မှုဆုံးရှုံးသွားပါက ၎င်းသည် ဧကရာဇ်ချီကို အများဆုံးအားနည်းသွားစေရုံသာ ရှိမည်ဖြစ်သော်လည်း ဤချီကိုလမ်းစဉ်သုံးသွယ် မှ ထိုကျင့်ကြံသူများစုပ်ယူသုံးစွဲခွင့် လုံးဝမပြုနိုင်ချေ။ ထိုသို့ဖြစ်မှသာ အင်ပါယာခုံရုံးက သင့်တော်သောလွတ်လမ်းတစ်ခုကို ထိန်းသိမ်းထားနိုင်မည်။

"လူအများကြီး သေကြရလိမ့်မယ်" ဖုန်းရှီက မျက်လုံးများကို မှိတ်ထားလိုက်သည်။

ယခုတစ်ကြိမ် လမ်းစဉ်သုံးသွယ်အသုံးပြုခဲ့သော နည်းဗျူဟာများက အလွန်တရာစေ့စပ်သေချာပြီး ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်ထားသည်ဟု ဆိုနိုင်ပေ၏။

ပထမဦးစွာ သူတို့က အစစ်အမှန်ကျမ်းစာကို ထုတ်ဖော်ပြသကာ လူများ၏အတွေးအမြင်များကို ပြန့်ကျဲသွားစေပြီးနောက် ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်စေရန် နတ်ဆိုးများကို လွှတ်ပေးခဲ့ကြချေသည်။

လူတိုင်းက မိမိကိုယ်ကျိုးကိုသာ ကြည့်နေကြသော ဤသို့သော အချိန်ကာလမျိုးတွင် နတ်ဆိုးကပ်ဘေးကြောင့် တစ်စုံတစ်ယောက် သေဆုံးသွားတိုင်း သူတို့က သဘာဝကျကျပင်အင်ပါယာခုံရုံး အပေါ်သာ အပြစ်တင်ကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်ရန် အစစ်အမှန်ကျမ်းစာကို ကျင့်ကြံခွင့် အဘယ်ကြောင့်မပြုသနည်းဟု မေးခွန်းထုတ်ကြပေလိမ့်မည်။

"မသေမျိုးဌာနကို ဘာလို့ တည်ထောင်ခဲ့ရသလဲဆိုတာ မင်း မှတ်မိသေးလား"

ရန်မင်လီက လှောင်ပြောင်လိုက်ပြီး မသေမျိုးအရာရှိတစ်ဦးကို ပြစ်မှားမိခြင်းကြောင့် ဖြစ်ပေါ်လာသော ကြီးမားလှသည့် မိုးခေါင်ရေရှားမှုကြီးကို ပြန်လည်သတိရမိလိုက်၏။ ၎င်းက အဆုံးအစမဲ့သော ထိုမြေနေရာကိုဆိတ်သုန်းသွားစေခဲ့ပြီး လူနှင့် တိရစ္ဆာန်အားလုံး သေဆုံးသွားခဲ့ကြရသည်။

ထိုအချိန်မှစ၍ သူကဲ့သို့ လူများအတွက် ရည်ရွယ်ချက်တစ်ခုရှိလာခဲ့ခြင်း ဖြစ်ချေ၏။

အကယ်၍ နတ်ဘုရားမင်းဆက်၏အုပ်ချုပ်သူများ အမှန်တကယ် ပြောင်းလဲသွားပါက လူသားဧကရာဇ်၏တားဆီးထိန်းချုပ်မှုမရှိတော့ပါက ဤကဲ့သို့သောအရာများက ပုံမှန်အခြေအနေတစ်ခု ဖြစ်လာပါလိမ့်မည်။

လူသားဧကရာဇ်က ပြည်သူများထံမှ ဧကရာဇ်ချီဖြင့် ထာဝရငြိမ်းချမ်းစေသော်လည်း ထိုမြင့်မြတ်သောမသေမျိုးများက မိုးကြိုး၏ စွမ်းအားဖြင့် သေမျိုးလောကထံမှ နာခံမှုကို အတင်းအကျပ်ရယူလေ့ရှိကြပြီး ၎င်းမှာ ပိုမို အဆင်ပြေကာ အားစိုက်ရသက်သာသောကြောင့် ဖြစ်ချေ၏။

သေမျိုးလောကမှ မဟုတ်သည့်အရာက သေမျိုးများကိုအုပ်ချုပ်ချင်နေခြင်းက အဓိပ္ပါယ်မရှိဘူးမဟုတ်လော။

"ငါ့ကိုယ်ငါ အကြီးအကဲယန်ထက် ပိုသိပါတယ်။ လမ်းစဉ်သုံးသွယ်ရဲ့ရှေ့မှာ မင်းနဲ့ငါက ပုရွက်ဆိတ်တွေပဲ။ ဒီကမ္ဘာကြီးကို မကယ်တင်နိုင်ဘဲ အချိန်ဆွဲဖို့လောက်ပဲ ငါတို့အကောင်းဆုံးလုပ်နိုင်တယ်"

"ငါတို့ မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ ပြဿနာတွေ ထပ်မဖန်တီးပါနဲ့"

"သူ စီရင်စုကိုးခုကိုကြီးကြပ်ကွပ်ကဲဖို့ မင်း သူ့ကို ကူညီချင်တယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် ငါ မင်းကို သတိပေးပါရစေ၊သူ့ရဲ့ ခေါင်းမာတဲ့ စိတ်နေသဘောထားနဲ့ သူတကယ်အရှုံးမပေးရမချင်း သူရဲ့စိတ်ကို ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီလိုအချိန်မျိုးမှာ ငါတို့သုံးယောက်က စည်းလုံးညီညွတ်စွာ ရပ်တည်ရမယ်၊ဘယ်လို သဘောထားကွဲလွဲမှုမျိုးကိုမှ ငါတို့လက်ခံလို့မရဘူး။ အဲဒီလိုမှ မဟုတ်ရင် သူ ဒဏ်ရာတွေ သက်သာလာတာနဲ့တစ်ပြိုင်နက် ဒီလိုပဲ ဆက်လုပ်နေလိမ့်မယ်"

ရန်မင်လီ ဤစကားများကို ချန်ထားရစ်ခဲ့ပြီး တိမ်တိုက်တစ်ခုပေါ်မှ လျင်မြန်စွာပျံသန်းသွားခဲ့ချေ၏။ "မင်းကိုယ်တိုင် သေချာစဉ်းစားပါ"

...

လှပသောအမျိုးသမီးက ထိုနေရာတွင် ရပ်နေခဲ့ပြီး သူမ ယခင်ကပြင်ဆင်ထားသော စာသုံးစောင်ကို ထုတ်ယူလိုက်ပေသည်။ ၎င်းတို့က မူလက ဝူရှန်း နှင့် နန်ယန် ထို့မှအခြားလူတစ်ဦးထံသို့ ပေးပို့ရန် ရည်ရွယ်ထားခြင်း ဖြစ်ချေ၏။

သူမက စာများကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ဖြည်းညှင်းစွာပြန်လည်သိမ်းဆည်းလိုက်ပါသည်။

...

ကျန်းယန်စီရင်စု ၊ရှန်းစံအိမ်တွင်..

"ကျွန်မလည်း သွားတော့မယ်။ ထိုက်ရွှီတာအိုကျင့်စဉ် နဲ့ ပတ်သက်လို့ သံသယတစ်ခုခုရှိရင် ကျွန်မဆီ သတင်းစကားပါးလိုက်ပါ"

ယဲ့လန် အပြင်ဘက်ခြံဝင်းဆီသို့ လျှောက်သွားပြီး ရှန်းယီကို ခေါင်းညိတ်ပြလိုက်သည်။

အကြောင်းပြချက်တစ်ခုခုကြောင့် လူငယ်လေးက ပုံမှန်နှင့် မည်သို့မျှမကွာခြားပုံရသော်လည်း သူမက ရှင်းပြ၍မရနိုင်သော ခဲယဉ်းစွာဖိနှိပ်ထားရသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုနှင့် သူ၏မျက်လုံးများထဲရှိ စိတ်မရှည်မှုများကို ခံစားလိုက်ရ၏။

ထိုက်ရွှီတာအိုကျင့်စဉ်ကို ကျင့်ကြံနေသော ကျင့်ကြံသူတစ်ဦးအတွက် ဤသည်မှာ အလွန် အန္တရာယ်များလှချေသည်။

ဝူရှန်း ခြံဝင်းငယ်လေးထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး စိတ်ပျံ့လွင့်နေပုံရပါသည်။ အကျိုးဆက်များကို သူအစောကြီးကတည်းက သတိပေးခဲ့သော်လည်း သူတို့က ဤနေရာတွင် ရှိနေဆဲဖြစ်ပြီး ဤတစ်ကြိမ်တွင် အကြီးအကဲယန်ရှိနေသဖြင့် သူတို့ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့ခြင်းမှာ ကံကောင်းခြင်းပင်။

သို့သော် နောက်တစ်ခါဆိုလျှင်ကော..

အကြီးအကဲယန် ဤနေရာတွင် ရှိနေဦးမည်လား၊ အကယ်၍ သူ ရှိနေလျှင်ပင်မှ ထိုပြင်းထန်စွာ ဒဏ်ရာရထားသော ခန္ဓာကိုယ်က နောက်ထပ် ဒဏ်ရာမည်မျှကို ခံနိုင်ရည်ရှိမည်နည်း။

ယခုတစ်ကြိမ် ၎င်းတို့ခွဲကွာရခြင်း၏အဓိပ္ပါယ်က မည်သည့်အရာနည်း။ သူတို့၏ရည်ရွယ်ချက်က အမှန်တကယ်ပင် ခေါင်းမာသော တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်ကို သတ်ဖြတ်ရန် ဖြစ်နေသည်လောဟု တွေးတောစရာပင်။

"လမ်းမှာ ဂရုစိုက်သွားပါ" ရှန်းယီ နှုတ်ဆက်သည့်အနေဖြင့် ဦးညွှတ်လိုက်ချေသည်။

သူ အနောက်သို့ လှည့်တော့မည့်ဆဲဆဲတွင် အနီးအနားမှစွမ်းအင်လှိုင်းတစ်ခုကို သူ သတိပြုမိလိုက်၏။

သူတို့သုံးဦး၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ခါးကုန်းပြီး အရပ်ပုသောပုံရိပ်တစ်ခုက မြေပြင်မှထွက်ပေါ်လာခဲ့ပြီး တုတ်ကောက်တစ်ချောင်းကိုကိုင်ဆောင်ထားကာ သူ၏ညှိုးနွမ်းနေသောမျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ရှိနေချေသည်။

ထိုသူမှာ ကျန်းယန်စီရင်စု၏မြေစောင့်မသေမျိုး ဖြစ်ပြီး ရှန်းယီကို နတ်ဆိုးသုတ်သင်ရေးဌာနသို့ ခေါ်ဆောင်လာခဲ့သောသူဖြစ်သည့် မင်ကျစ်ရန်ပင်။

သို့သော် နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ရချိန်တွင် လေထုမှာရှင်းပြ၍မရနိုင်လောက်အောင် အနေရခက်နေခဲ့ချေသည်။

"ငါ သွားတော့မယ်" ဝူရှန်းက လူအိုကြီးကို ခံစားချက်ကင်းမဲ့စွာတစ်ချက်ကြည့်လိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ ရှေ့သို့ လျှောက်သွားခဲ့၏။

မူလက နီးကပ်စွာဆက်သွယ်ထားသော အင်ပါယာခုံရုံး နှင့် မြေစောင့်မသေမျိုးကြားရှိ မဟာမိတ်က ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းမှ မျောက်နတ်ဆိုး၏ဖြစ်ရပ်နှင့် စီရင်စုသုံးခု၏မြေစောင့်မသေမျိုးများ၏တိတ်ဆိတ်မှုအပြီးတွင် လုံးဝပြိုကွဲသွားခဲ့ပြီဖြစ်ချေသည်။

ယဲ့လန်ပင်လျှင် သူ့ကို ယဉ်ကျေးစွာသာခေါင်းညိတ်ပြရုံသာ ပြုလုပ်ခဲ့၏။

...

မင်ကျစ်ရန်က သူ၏အိုမင်းနေသော မျက်နှာကို ပွတ်သပ်လိုက်ပြီးစကားပြောရန် ရုန်းကန်နေရကာ နောက်ဆုံးတွင် တိုးညှင်းစွာရေရွတ်လိုက်ချေသည်။ "ဒီနှိမ့်ကျသူက အရာရှိတွေကို အရိုအသေပေးပါတယ်"

အချို့သောအရာများသည် ရှင်းပြ၍ မရနိုင်ချေ။

မင်ကျစ်ရန်က တိတ်ဆိတ်နေသော မြေစောင့်မသေမျိုးများထဲတွင် မပါဝင်သော်လည်း သတင်းကို ကြားကြားချင်း ကျန်းယန်စီရင်စုသို့ အလျင်အမြန် လာရောက်ခဲ့ပြီး သူရောက်ရှိချိန်တွင် မျောက်နတ်ဆိုး ကို ဖမ်းဆီးပြီးသွားပြီဖြစ်ချေ၏။

သို့သော် နတ်ဘုရားမင်းဆက်၏မျက်လုံးထဲတွင် မြေစောင့်မသေမျိုးများက မသေမျိုးအရာရှိများ ဖြစ်ကြပြီး အားလုံးက တူညီသောသဘောထားမျိုးဖြင့် ဆက်ဆံခံရပေသည်။

မည်သို့ပင်ဆိုစေ ဤသည်မှာ အမှန်တရားဖြစ်ပြီး အကယ်၍ မသေမျိုးခုံရုံးက အမိန့်ထုတ်ပြန်ပါက သူက ၎င်းကိုအမှန်တကယ်ပင် ဆန့်ကျင်နိုင်မည် မဟုတ်ကြောင်းကို မင်ကျစ်ရန် ကိုယ်တိုင် ရှင်းလင်းစွာ သိရှိထားခဲ့၏။

"ကျုပ်နဲ့ ကိစ္စရှိလို့လား"

ရှန်းယီ နှုတ်ဆက်ရန် လက်ဆန့်ထုတ်လိုက်ပြီး ထုံးတမ်းစဉ်လာများအတွက် အချိန်မဖြုန်းခဲ့ချေ။ ဤသို့သောအခြေအနေမျိုးတွင် မြေစောင့်မသေမျိုး လာရောက်လည်ပတ်ခြင်းက အရေးပေါ်ကိစ္စတစ်ခုဖြစ်ရမည်သာဖြစ်ပေ၏။

"ကျုပ်..." မင်ကျစ်ရန်က သူ၏လက်ကို အောက်သို့ချလိုက်ပြီးသတိထားကာ သံသယဖြင့် စောင့်ကြည့်ရမည်ဟုသူအကြိမ်ကြိမ် အခိုင်အမာပြောဆိုခဲ့ဖူးသောလူဖြစ်သည့် ရှန်းယီတစ်ယောက်တည်းကသာ သူ့ကို ယခင်ကနှင့်တူညီစွာဆက်ဆံလိမ့်မည်ဟု ဘယ်သောအခါကမျှမျှော်လင့်မထားခဲ့ချေ။

သေချာသည်မှာ ပို၍မျှော်လင့်မထားခဲ့သောအရာမှာ အချိန်တိုအတွင်း ခေါင်ဖျားသောနေရာမှ ဤလေလွင့်ကျင့်ကြံသူက ဝူရှန်း နှင့် အခြားသူများနှင့်အတူတန်းတူ ထိုင်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ခြင်းပင်။

"ကျုပ် အထဲကို မဝင်တော့ပါဘူး" သူလက်ကို ဝှေ့ယမ်းကာခါးသီးသော အပြုံးတစ်ခုကိုဖန်တီးလိုက်ချေသည်။

"အရေးပေါ်ကိစ္စတစ်ခု သတင်းပို့ဖို့လာတာပါ၊ ပြောပြီးတာနဲ့ ပြန်ပါတော့မယ်"

မင်ကျစ်ရန်က သူ၏တုတ်ကောက်ကို မြှောက်ကာ ကျန်းယန် နှင့်ကပ်လျက်ရှိသော စီရင်စုသုံးခု၏ လမ်းကြောင်းဆီသို့ ညွှန်ပြလိုက်၏။

"အနီးအနားမှာ လူသူကင်းမဲ့လုနီးပါးဖြစ်နေတဲ့ မသေမျိုးဂိုဏ်းတွေ အကြောင်း အရာရှိရှန်းသိပါသလား။ဒီဂိုဏ်းတွေထဲမှာ မူလက မိစ္ဆာနတ်ဆိုးတွေ ကို ဖိနှိပ်ဖို့အစစ်အမှန်နတ်ဘုရားဂိုဏ်းက အသုံးပြုခဲ့ပြီး အခု မသေမျိုးသုံးပါးဂိုဏ်းရဲ့တပည့်တွေ ငှားရမ်းထားတဲ့ သန့်ရှင်းသောနယ်မြေဆယ့်ခြောက်ခု ရှိပါတယ်"

All Chapters