မသေမျိုးခုံရုံး၏အင်အား
Vol. 107 Ch. 1067
ကျေးလက်လမ်းလေးတစ်ခုပေါ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် လှပသောအမျိုးသမီးတစ်ဦးတို့က တစ်ယောက်နောက်တစ်ယောက်လျှောက်သွားနေကြပြီး သူတို့နှစ်ဦးစလုံးကဆည်းဆာအချိန်၏လေထုထဲတွင် ဖုံးလွှမ်းနေကြပေသည်။
ဤသူတို့က ဗောဓိသတ္တတစ်ပါးနှင့် တာ့လော် မသေမျိုးအရှင်တို့နှင့် လက်ရည်ယှဉ်နိုင်စွမ်းရှိသော တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် နှစ်ဦးဖြစ်ကြောင်း မည်သူမျှမသိနိုင်ကြချေ။
"အခြေအနေတွေ ပိုဆိုးမလာခဲ့ပေမယ့် ဗောဓိဂိုဏ်း ကတော့ တကယ်ကို လှုပ်ရှားခဲ့တာပဲ" ဖုန်းရှီ၏စိတ်အခြေအနေမှာ အနည်းငယ်ညှိုးနွမ်းနေပေ၏။
အစ်ကိုယန် ဖြစ်စေ လက်တစ်ထောင် ဗောဓိသတ္တ ဖြစ်စေ သူတို့အားလုံးက ပတ်ဝန်းကျင်ရှိမြို့ကြီးများ ထိတ်လန့်မှုထဲသို့ မကျဆင်းသွားစေရန် သူတို့၏တိုက်ခိုက်မှု အကွာအဝေးကို တိတ်တဆိတ် ထိန်းချုပ်ထားခဲ့ကြချေသည်။
သို့သော် တတိယအဆင့် စွမ်းအားရှင်နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုက နှစ်ဖက်စလုံးက နောက်ဆုတ်ပေးရန် ဆန္ဒမရှိကြောင်းကို သက်သေပြနေပြီဖြစ်ပါသည်။
"မဟာတောင်ပိုင်းတိုက်ကြီးဟာ မကြာခင်မှာ လုံးဝ ပရမ်းပတာအခြေအနေတစ်ခုထဲကို ရောက်သွားတော့မယ်လို့ ငါ ခံစားနေရတယ်" သူမက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။
"ဒီလိုကြိုတင်နိမိတ်ဖတ်တာတွေ မလိုအပ်ပါဘူး"
ရန်မင်လီက စာရင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူကာ ကမ်းပေးလိုက်၏။ "ဒါတွေက ငါတို့ နတ်ဘုရားမင်းဆက်ရဲ့တောင်ပိုင်းတိုက်ကြီး အုပ်ချုပ်မှုအောက်မှာရှိတဲ့ မသေမျိုးဂိုဏ်းတွေ ပဲ။ နတ်ဆိုးသုတ်သင်ရေးဌာနရဲ့စောင့်ကြည့်မှုအရ တစ်ဝက်ကျော်လောက်က တိတ်တဆိတ် ဆုတ်ခွာနေကြပြီ။ သာမန်ပြည်သူတွေတောင် သူတို့ရဲ့မွေးရပ်မြေကနေထွက်ခွာဖို့ ဝန်လေးနေကြတာ၊ ဒီကျင့်ကြံသူတွေက သူတို့ရဲ့မသေမျိုးအိမ်တော်တွေ နှစ်ပေါင်းမရေမတွက်နိုင်အောင်ပြုစုပျိုးထောင်လာခဲ့တဲ့ တန်ဖိုးထားရတဲ့မြေနေရာတွေကို ဘာလို့ စွန့်ပစ်သွားကြမှာလဲ"
သူ လှောင်ပြောင်လိုက်ပြီး သူ၏ကိုယ်ပိုင်အဖြေကို ပေးလိုက်ချေ၏။ "အခြေအနေမဟန်တာကို စောစောစီးစီးသတင်းရလို့ ဘေးအန္တရာယ်ကနေ ရှောင်ပုန်းချင်တာထက် ဘာမှမပိုပါဘူး"
ထိုသို့ပြောပြီးနောက် ရန်မင်လီ သူ၏ခေါင်းကို လှည့်ကာ ဖုန်းရှီကို တစ်ချက်ကြည့်လိုက်ပေသည်။ "အင်ပါယာခုံရုံး က မသေမျိုးခုံရုံးဆီက တုံ့ပြန်မှုကို စောင့်နေတုန်းပဲ၊ ဒါပေမယ့် ငါ မြင်သလောက်တော့ ငါတို့ရနိုင်မှာမဟုတ်ဘူးလို့ ထင်တယ်"
ရတနာခုနစ်ပါး ဗောဓိသတ္တ၏တရားဟောကြားမှုက ဤထက်ပို၍ရှင်းလင်း၍မရနိုင်လောက်အောင် သိသာထင်ရှားသော အချက်ပြမှုတစ်ခုဖြစ်ပေ၏။
သူတို့ မျှော်လင့်ချက် ရှိနေသေးခြင်းမှာ ၎င်းက ဗောဓိဂိုဏ်း၏ရပ်တည်ချက်မျှသာဖြစ်မည်ဟု ထင်မှတ်ထားခဲ့သောကြောင့် ဖြစ်ပေသည်။ ယခုကြည့်ရသည်မှာ နတ်ဘုရားမင်းဆက်က မိုးမြေအလယ်တွင်အနည်းငယ် အထီးကျန်နေသကဲ့သို့ ဖြစ်နေချေပြီ။
"နင်ဒီလောက်တောင် သတိထားနေတာ အံ့ဩစရာ မရှိပါဘူး။ဒါဆို သူတို့ တကယ် ဘာလိုချင်နေကြတာလဲ" ဖုန်းရှီက စာရင်းကိုယူကာ အကြမ်းဖျင်း ကြည့်ရှုလိုက်ပြီး အမှန်တကယ်ပင် အံ့အားသင့်စရာဖြစ်နေကြောင်း တွေ့ရှိလိုက်ရပေသည်။
နတ်ဘုရားမင်းဆက်၏နယ်မြေအတွင်း ကျန်ရှိနေသောဂိုဏ်းများအတွက် ဂိုဏ်းချုပ် အနေဖြင့် ဆဋ္ဌမအဆင့် ကောင်းကင်ဘုံမသေမျိုး တစ်ပါး ရှိနေခြင်းမှာ အလွန်ရှားပါးလှပြီး မည်သည့် အမည်ခံစစ်သူကြီး မဆို သူတို့ကို အလွယ်တကူဖိနှိပ်နိုင်စွမ်း ရှိပေ၏။
သို့သော် သေးငယ်သော အချက်လေးများက ပိုမိုကြီးမားသောရုပ်ပုံလွှာကို ပြောပြနေချေသည်။ ဤဂိုဏ်းများ၏မျိုးဆက်များအားလုံးက အစစ်အမှန် မသေမျိုးသုံးပါးဂိုဏ်း၏နောက်လိုက်များထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး အကောင်းဆုံးအခြေအနေတွင် တပည့်တစ်ဝက်ဟု မှတ်ယူနိုင်ပေသည်။
အကယ်၍ သူတို့၏ဇာစ်မြစ်များကို ဤသဲလွန်စများမှတစ်ဆင့် ခြေရာခံမည်ဆိုပါက ဤစာရင်းက မသေမျိုးသုံးပါးဂိုဏ်း တစ်ခုလုံး၏နေရာအများအပြားနှင့် ရောယှက်သွားလုနီးပါးဖြစ်ပေလိမ့်မည်။
"သူတို့ လိုချင်တာက..." ရန်မင်လီ ဤစကားလုံးများကို နှစ်ကြိမ်တိုင်တိုင်စဉ်းစားတွေးတောလိုက်ပြီး သူ၏မျက်လုံးများမှာ ပိုမိုအေးစက်လာခဲ့ချေ၏။ "မင်း သတိမထားမိဘူးလား။ပြီးခဲ့တဲ့ ရတနာခုနစ်ပါး ဗောဓိသတ္တရဲ့ တရားဟောကြားမှုနဲ့ ကြာပန်းပလ္လင်နည်းစနစ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အင်ပါယာခုံရုံးရဲ့လုပ်ဆောင်မှုကတည်းက သဘောထားကွဲလွဲတဲ့ ညည်းညူသံတချို့ စတင်ထွက်ပေါ်လာခဲ့တယ်။ သူတို့က အပေါ်ယံမှာ နာခံနေရင်တောင်မှ သာမန်ပြည်သူတွေသာမက အင်ပါယာခုံရုံးရဲ့သံတမန်တွေကပါ သူတို့ရဲ့အနာဂတ်အလားအလာတွေကို ငါတို့ကဖြတ်တောက်လိုက်တယ်လို့ ခံစားနေကြတယ်"
"ပြီးတော့ ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်း က မျောက်နတ်ဆိုးကလည်း အင်ပါယာခုံရုံးအပေါ် မကျေနပ်မှုတွေကို ပိုမိုပြင်းထန်လာစေခဲ့ပြီး တောင်ပိုင်းတိုက်ကြီးက စီရင်စုသခင် အတော်များများကလည်း မတည်ငြိမ်မှုတွေနဲ့ ဧကရာဇ်ချီရဲ့အားနည်းလာမှုတွေကို သတိပြုမိနေကြပြီ"
ရန်မင်လီ၏ စကားများကြောင့် ဖုန်းရှီက သူမ၏ မျက်မှောင်များကိုဖြည်းညှင်းစွာ တွန့်ချိုးလိုက်၏။ "နင်ဒီလောက် ရှင်းရှင်းလင်းလင်းမြင်နေရမှတော့ ပြီးခဲ့တဲ့အကြိမ်က အဲဒီမျောက်နတ်ဆိုး ကို လွှတ်ပေးဖို့ ဘာလို့ထောက်ခံခဲ့သေးတာလဲ"
"သူ့ကို ကွပ်မျက်ဖို့က လွယ်ပါတယ်။ ဒါပေမယ့် ဒီမျောက်နတ်ဆိုး ဟာ မသေမျိုးဂိုဏ်းကနေ လာတယ်ဆိုတာကို မင်း ဘယ်လိုသက်သေပြနိုင်မလဲ။ ပြည်သူတွေရဲ့ မျက်လုံးထဲမှာတော့ သူတို့က အင်ပါယာခုံရုံးဟာ ကျဆင်းနေပြီဖြစ်ပြီး နတ်ဆိုးတွေကို မဟန့်တားနိုင်တော့ဘူးလို့ပဲ ထင်ကြလိမ့်မယ်။ တစ်ကြိမ်လောက်ဆို အဆင်ပြေနိုင်ပေမယ့် ဒီလိုဖြစ်ရပ်တွေက အကြိမ်ကြိမ်ဖြစ်လာပြီး ငါတို့ အားလုံးကို မထိန်းချုပ်နိုင်တဲ့အထိဖြစ်လာရင်ကော။ အဲဒီအချိန်ကျရင် မသေမျိုးဂိုဏ်းတွေက ကပ်ဘေးကို ဖြေရှင်းဖို့ ဝင်လာခဲ့မယ်ဆိုရင် နှိုင်းယှဉ်ခံရမှာကို ကြောက်တဲ့ အကြောင်းပြချက်ကို မင်း မသိဘူးလား"
ဤနေရာသို့ ရောက်သောအခါ ရန်မင်လီက သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်းစွမ်းကိုစတင်ဆုံးရှုံးလာခဲ့ချေသည်။
ခွန်အားအရကြည့်မည်ဆိုလျှင် လူသားဧကရာဇ်က လမ်းစဉ်သုံးသွယ်၏ခေါင်းဆောင်များထက် များစွာ အားနည်းသော်လည်း သူက နေရာအနှံ့ပျံ့နှံ့နေသော ဧကရာဇ်ချီကို ကိုင်စွဲထားသောကြောင့် မသေမျိုးခုံရုံးနှင့်အတူ လူ့လောက အပေါ်တွင် စိုးစံနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ဤဧကရာဇ်ချီက ဘယ်ကမှန်းမသိ ရောက်လာခြင်း မဟုတ်သကဲ့သို့ အလွန်တကူအမိန့်ပေးနိုင်သည့် အရာလည်း မဟုတ်ချေ။
လက်ရှိအခြေအနေ ဖြစ်ပေါ်လာရခြင်းမှာ အင်ပါယာခုံရုံးက သာမန်ပြည်သူများကို ကာလရှည်ကြာ ငြိမ်းချမ်းမှုနှင့် အေးချမ်းမှုကို ပေးစွမ်းနိုင်ခဲ့ပြီး ၎င်းက အင်ပါယာခုံရုံးအပေါ် သူတို့၏စိတ်ကို လုံခြုံစေခဲ့သောကြောင့်ဖြစ်ပေ၏။
"ဒါက လမ်းစဉ်သုံးသွယ်အတွက် ဘာအကျိုးရှိလို့လဲ" ဖုန်းရှီက နားမလည်နိုင်ဘဲ သူ့ကို ဘေးတိုက်ကြည့်လိုက်ချေသည်။
ထိုကျင့်ကြံသူများ အတွက် သေမျိုးလောက၏ဧကရာဇ်ချီက အလွန်ကောင်းမွန်သော ကျင့်ကြံခြင်းဆေးဝါး တစ်ခုလည်းဖြစ်ပေ၏။ ဤရတနာကို ဖျက်ဆီးခြင်းဖြင့် ဗောဓိဂိုဏ်းမှ ဘုန်းကြီးများက နောက်ပြန်ဆုတ်ကာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကပ်ဘေးများကို ပြန်လည်ဖြတ်သန်းရန် စီစဉ်နေကြသည်လော၊ ထို့အတူ မသေမျိုးသုံးပါးဂိုဏ်းကရော တန်ဖိုးကြီးကပ်ဘေးစွမ်းအားဆေးဝါးများအတွက် လောကကြီးကို ပရမ်းပတာဖြစ်စေရန် စီစဉ်နေကြသည်လော။
အစစ်အမှန်နတ်ဘုရားဂိုဏ်း နှင့် ပတ်သက်၍မူ သူတို့က နတ်ဘုရားစွမ်းအားကိုဖြည့်တင်းရန် ယုံကြည်မှုစွမ်းအားများမလိုအပ်တော့ဘူးလားဟု တွေးတောစရာပင်။
၎င်းကို ကြားလိုက်ရသောအခါ ရန်မင်လီ ရုတ်တရက် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်းအကဲခတ်လိုက်ပြီးနောက် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ရာ သူ၏မျက်နှာမှာ မိုးပင်ရွာကျလာနိုင်လောက်အောင်ပင် အလွန်တရာမှောင်မိုက်နေခဲ့လူသားအင်ပါယာဧကရာဇ်က မသေမျိုးဌာနကို တည်ထောင်ပြီး ငါတို့ကိုစုဆောင်းခဲ့တာ၊ ကောင်းကင်ဘုံခုံရုံးကို အစားထိုးဖို့ သူ မစဉ်းစားခဲ့ဘူးလို့ ထင်လို့လား။ ဒီလိုဖြစ်နေမှတော့ မသေမျိုးခုံရုံးကရော လူသားအင်ပါယာကို အစားထိုးချင်တာ အံ့ဩစရာလား"
"အဲဒါကို ပရမ်းပတာအချိန်ကာလတွေက သူရဲကောင်းတွေကို မွေးထုတ်ပေးတယ်လို့ ခေါ်ကြတယ်"
"မသေမျိုးသုံးပါးဂိုဏ်းက ထင်ရှားတဲ့ လူငယ်အများအပြားပေါ်ထွက်လာဖို့ စီစဉ်နေကြတယ်လို့ ငါ ကြားထားတယ်"
"ဥပမာ ဝမ်ယွီမသေမျိုးဂိုဏ်း က ချင်းလွမ် မသေမျိုးစစ်သူကြီး ၊ ရှန်းရွှီမသေမျိုးဂိုဏ်းက မိုးကြိုးတာအိုဘုန်းကြီး ၊ ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းက ထျန်းတုန်း နတ်သမီး ..."
ရန်မင်လီ ရွတ်ဆိုလိုက်သော နာမည်တစ်ခုစီတိုင်းနှင့်အတူ သူ၏အမူအရာတွင် သတ်ဖြတ်ချင်သော ရည်ရွယ်ချက်တစ်ခုက မြင့်တက်လာခဲ့ချေ၏။
"ကမ္ဘာကြီးကိုပရမ်းပတာဖြစ်အောင်လုပ်ပြီးတော့ ဒီကောင်းကင်ဘုံပါရမီရှင်တွေက ဆင်းရဲဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကယ်တင်ဖို့ ဝင်ရောက်စွက်ဖက်လာကြမယ်၊ ဧကရာဇ်ချီတွေကို စုဆောင်းပြီး သူတို့ကိုယ်သူတို့မြှင့်တင်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ကြမယ်။ ပြီးတော့ ကံကောင်းထောက်မစွာနဲ့ စီမံစောင့်ရှောက်မှုတွေ ရရှိခဲ့မယ်ဆိုရင် သူတို့က အဲဒီအမြင့်ဆုံးရာထူးကို တက်လှမ်းဖို့ကြိုးစားလာနိုင်တယ်"
"အကယ်၍ အဲဒီလိုဆိုရင် နတ်ဘုရားမင်းဆက်ဟာ အုပ်ချုပ်သူတွေပြောင်းလဲသွားလိမ့်မယ်"
သူ၏စကားများ ဆုံးသွားသောအခါ ဤလူလတ်ပိုင်းအရွယ် အမျိုးသား၏ပတ်ဝန်းကျင်ရှိ ဆည်းဆာလေထုက ပိုမိုသိသာထင်ရှားလာပြီး သူ၏ဖြူစပြုနေသော ဆံပင်များက အနည်းငယ် တောက်ပနေခဲ့ချေသည်။
သူက ခါးသီးသောရယ်မောသံတစ်ခုကို ထုတ်လွှတ်လိုက်၏။ "ဆန့်ကျင်ဘက်အားဖြင့် ငါတို့ရဲ့ နတ်ဘုရားမင်းဆက်ကို ကြည့်လိုက်ပါဦး။ နတ်ဆိုးသုတ်သင်ရေးဌာနမှာတောင် ခွန်အားကြီးမားတဲ့ လူတွေ စုဝေးရာနေရာဖြစ်နေပေမယ့် အများစုမှာ ကိုယ်ပိုင် ဝန်ထုပ်ဝန်ပိုးတွေရှိနေကြတယ်။ အကယ်၍ သူတို့ကို မီးမောင်းထိုးပြနိုင်တဲ့နေရာကို အတင်းအကျပ်ရောက်သွားစေမယ်ဆိုရင် ဒီကောင်းကင်ဘုံပါရမီရှင်တွေ နဲ့ မယှဉ်ပြိုင်ရခင်မှာပဲ ကောင်းကင်ဘုံခုံရုံးရဲ့ နတ်ဆိုးသုတ်သင်ရေးစင်မြင့်ဆီကွပ်မျက်ဖို့ အရင်ဆုံးခေါ်ဆောင်သွားခံရနိုင်တယ်"
"အပြစ်ကင်းစင်တဲ့ သူတွေအတွက်ကျတော့ သူတို့မှာလုံလောက်တဲ့ ပါရမီနဲ့ ခွန်အားတွေ ရှိနေတယ်၊ မင်းကိုယ်တိုင်ပဲ ရှာကြည့်လိုက်ပါ။ ငါတို့ရဲ့ မဟာတောင်းပိုင်းတိုက်ကြီးမှာ အဲဒီလိုလူမျိုးတွေ ရှိလို့လား"
"ယဲ့လန် က မဆိုးပါဘူး၊ သူက အရမ်း ငယ်လွန်းပြီး ကျင့်ကြံခြင်းက နိမ့်လွန်းနေလို့ပါ" ဖုန်းရှီက အချိန်အတော်ကြာစဉ်းစားတွေးတောပြီးနောက် ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်ချေသည်။
လက်တလောရာထူးချီးမြှင့်ခံရသော နန်ယန် နှင့် အခြားသော လူငယ်မျိုးဆက်များနှင့် ပတ်သက်၍မူ သူတို့ကိုထည့်ပြောစရာပင် မလိုတော့ချေ။