ဝူရှန်း၏တွေဝေမှု
Vol. 107 Ch. 1069
"သူတို့ဆုတ်ခွာသွားတဲ့အခါ စွမ်းအားတွေကိုဖိနှိပ်ထားတဲ့ ရတနာကိုပါ ယူဆောင်သွားကြတယ်။ နတ်ဆိုးဖိနှိပ်ရေးမျှော်စင်က ပြိုကျတော့မယ်..."
"အရာရှိရှန်း ၊ ကျေးဇူးပြုပြီး စောစောစီးစီး ပြင်ဆင်မှုတွေ လုပ်ထားပေးပါ။ အတွင်းက နတ်ဆိုးတွေကိုလွတ်မြောက်ပြီးကွဲမသွားပါစေနဲ့။ သူတို့က အရာရှိတွေလောက် အားမကောင်းပေမယ့် အရေအတွက် အများကြီးပါ။ သေမျိုးလောကထဲကိုသာ ဝင်ရောက်သွားရင် အနီးအနားက စီရင်စုတွေ ကပ်ဘေးဆိုက်မှာကို ကျုပ်စိုးရိမ်တယ်"
...
မြေစောင့်မသေမျိုး၏စကားများအပြီးတွင် ဝူရှန်းနောက်ဆုတ်နေသောခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ခ၏။ သူက လူအုပ်ဆီသို့ နောက်ပြန်လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် တွေဝေမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပါသည်။
ဗောဓိဂိုဏ်း ပြီးနောက် မသေမျိုးသုံးပါးဂိုဏ်းကလည်း အရှုံးမပေးဘဲ အခြားညစ်ပတ်သော လှည့်ကွက်တစ်ခုကိုကစားခဲ့ကြောင်း ရှင်းလင်းလှပေ၏။
ထို့ပြင် သတင်းက သူ လုံးဝယုံကြည်မှုကင်းမဲ့နေသော မသေမျိုးအရာရှိတစ်ဦးထံမှ လာခြင်း ဖြစ်ချေသည်။
ထိုအတွေးနှင့်အတူ ဝူရှန်း မည်သည့်အရာကိုမျှ မကြားခဲ့ရသည့်အလား သူ၏အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်၏။ မင်္ဂလာတိမ်တိုက်ကို ဆင့်ခေါ်ကာ ကောင်းကင်ယံကို ဖြတ်၍ တည့်တည့် ပျံသန်းသွားခဲ့ချေသည်။
ကံကောင်းထောက်မစွာဖြင့် ဧရိယာများကို အစောကြီးကတည်းက သတ်မှတ်ပေးထားပြီးဖြစ်ရာ ယခုငြင်းခုံနေရန် မလိုအပ်တော့ချေ။
"ဒါ..." အနည်းငယ် အံ့အားသင့်သွားသော မင်ကျစ်ရန်က ဝူရှန်းကောင်းကင်ကန့်လန့်ကာ ထဲသို့ ပျောက်ကွယ်သွားသည်ကိုကြည့်နေခဲ့ပြီး ထိုသူနှစ်ဦးကို နားလည်ရခက်စွာဖြင့်နောက်သို့ လှည့်ကြည့်လိုက်၏။
"ဟူး" ခေါင်းကိုက်စွာဖြင့် နားထင်များကို ပွတ်သပ်နေသော ယဲ့လန်က ရှန်းယီ ကို ကြည့်လိုက်သည်။
"သူ့ကို ဂရုမစိုက်နဲ့တော့၊ကျန်းယန်ကိုပဲ ထိန်းထားလိုက်။ ငါ့ဘက်မှာ လောလောဆယ် အရေးပေါ်ကိစ္စ ဘာမှမရှိသေးဘူး၊ အနောက်တောင်စီရင်စု ရော လင်ဟယ်စီရင်စုကိုပါ ငါ စောင့်ကြည့်ပေးထားမယ်။ အကြီးအကဲယန် အတွက်ကတော့... သူ့ကို လောလောဆယ် အနားပေးလိုက်ပါ"
အခြား အမည်ခံစစ်သူကြီးနှစ်ဦးက စီရင်စုကိုးခုကို စောင့်ကြည့်နေပြီး စစ်သူကြီးယန် အမှားလုပ်မိမည့်အချိန်ကို စောင့်ဆိုင်းနေကြကြောင်း အသိဉာဏ်ရှိသူတိုင်း သိရှိကြပေ၏။
အကြီးအကဲယန်၏ စိတ်နေသဘောထားအရ ၎င်းက သူ၏အခြေခံအုတ်မြစ်ကို ထိခိုက်စေမည်ဆိုလျှင်ပင် ဤအခြေအနေမျိုးတွင် သူ ကိုယ်တိုင် မလွဲမသွေရင်ဆိုင်ဖြေရှင်းမည်သာ ဖြစ်ချေသည်။
"စိတ်မပူပါနဲ့၊ ဘာမှ မှားယွင်းသွားမှာ မဟုတ်ဘူး" သူမက ရှန်းယီကိုငြင်းဆိုခွင့် မပေးခဲ့ပေ။ ဤကိစ္စရပ်များကို ကိုင်တွယ်ရာတွင် သူ အကျွမ်းတဝင် မရှိမည်ကိုပင် စိုးရိမ်နေခဲ့၏။
သူမ ကျောက်စိမ်းပြားကိုတိုက်ရိုက်ထုတ်ယူကာ နတ်ဆိုးကပ်ဘေးများကို ပြင်ဆင်ထားရန် နတ်ဆိုးသုတ်သင်ရေးဌာနများ နှင့် စီရင်စုသုံးခု၏အစိုးရရုံးများသို့ သတိပေးရန် ကူညီပေးခဲ့သည်။
ကျောက်စိမ်းပြားကို ချထားပြီးနောက် ယဲ့လန် က ဓားအလင်းတန်းတစ်ခုအဖြစ် ပြတ်သားစွာ ပြောင်းလဲသွားပြီး ထိုက်ရွှီနယ်ပယ်အတွင်းသို့ ဝင်ရောက်ကာ အဓိက စီရင်စုကြီးနှစ်ခုကြားရှိ နေရာဆီသို့ တည့်တည့် ဦးတည်သွားခဲ့၏။
အမည်ခံစစ်သူကြီး တစ်ဦး၏တာဝန်မှာ သူတို့၏ စီမံအုပ်ချုပ်မှုအောက်ရှိမြို့နယ်များကို ကာကွယ်ရန် ဖြစ်၏။ စီရင်စုမြို့တော် ဘေးကင်းနေသရွေ့ ကျန်ရှိနေသောအရာများကို ဖြည်းညှင်းစွာဖြေရှင်းနိုင်ပါသည်။
"မင်းတို့နှစ်ယောက်စလုံး ကြီးကြပ်ပေးနေမှတော့ ဒီလူအိုကြီးစိတ်ချရပါပြီ" မင်ကျစ်ရန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဦးညွှတ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်ချေ၏။
ထိုအချိန်တွင် သူသည် ရှန်းယီ၏အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ပါသည်။
လူငယ်လေး၏ဖြူဖျော့ပြီးချောမောသော မျက်နှာပေါ်တွင် သူအတင်းအကျပ်ဖိနှိပ်ထားသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်မှာ ယခုအခါ တစ်စတစ်စပေါ်ထွက်လာနေချေပြီ။
သူ တိတ်ဆိတ်နေသော်လည်း ကောင်းကင်ကန့်လန့်ကာကို ကြည့်နေရင်း သူ၏တစ်ကိုယ်လုံးသည် သိသာထင်ရှားသော အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းသွားပေ၏။
တောင်ပိုင်းဟုန်တွင် ရှိနေစဉ်က ရှန်းယီ သူ၏ကျင့်ကြံခြင်း၏အဓိပ္ပါယ်ကို စီနီယာရွှမ်ချင်း နှင့် ဆွေးနွေးခဲ့ဖူးပါသည်။ ၎င်းမှာ အခြားသူများ၏ဖိနှိပ်မှုကို မခံလိုခြင်းပင်။
သို့သော် ကောင်းကင်ယံတွင် ဖြတ်သန်းသွားသော ကြာပန်းပလ္လင် နှင့် အနက်ရောင်ခွေးနှင့် တိုတောင်းသောအကြည့်ချင်းဆုံမှုက အတိတ်က နတ်ဆိုးသက်တမ်းကို လိုချင်တပ်မက်မှုနှင့် သူ၏လောဘကို နောက်တစ်ကြိမ်ပြန်လည်သတိရစေခဲ့သည်။
"ရှီး"
မင်ကျစ်ယန်က ပတ်ဝန်းကျင်ရှိကြမ်းကြုတ်သော အရှိန်အဝါများရုတ်တရက် မြင့်တက်လာမှုကို ခံစားလိုက်ရပြီးနောက် ရှန်းယီ အပေါ် သူ၏ကနဦး အကဲဖြတ်ချက်ကို မရည်ရွယ်ဘဲပြန်လည်သတိရမိလိုက်ပေ၏။
မွေးရာပါသတ်ဖြတ်ခြင်းကံကြမ္မာ။
သူ အကဲဖြတ် မှားယွင်းခဲ့ခြင်း မဟုတ်ပေ။ လမ်းပျောက်နေသောဝိညာဉ်များ ထောင်သောင်းချီ၏ဝိညာဉ်များမပါဘဲ ဤမျှပြင်းထန်ပြီး ကြမ်းကြုတ်သောအရှိန်အဝါမျိုးကို မည်သူကများ စုဆောင်းနိုင်မည်နည်း။
"အရာရှိရှန်း ..." မင်ကျစ်ရန်က တိုးညှင်းစွာဖြင့်သာ ပြောနိုင်ခဲ့ချေ၏။
"ကိစ္စမရှိပါဘူး၊ အရင်ဆုံး အဲဒီကို သွားကြည့်ကြတာပေါ့" ရှန်းယီတည်ငြိမ်စွာ ပြောလိုက်ပြီး နောက်တစ်ခဏတွင် သူက ထိုက်ရွှီနယ်ပယ်အတွင်းသို့ ခြေလှမ်းလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပေ၏။
...
ကောင်းကင်ကန့်လန့်ကာ၏ အလယ်တွင်..
မင်္ဂလာတိမ်တိုက်ပေါ်တွင် ရပ်နေသော ဝူရှန်းက အောက်ဘက်သို့ အနည်းငယ် စိတ်မပါတပါဖြင့် တစ်ချက်ကြည့်လိုက်၏။
ဗောဓိဂိုဏ်း နှင့် မသေမျိုးသုံးပါးဂိုဏ်းတို့ နှစ်ခုစလုံးက မဟာတောင်ပိုင်းတိုက်ကြီးဘက်သို့ သူတို့၏အစွယ်များကို စတင်ပြသလာကြပြီဖြစ်ရာ နတ်ဆိုးသုတ်သင်ရေးဌာနက ကျင့်ကြံရန်အတွက် အရည်အချင်းပြည့်မီသော နေရာတစ်ခုဟု မထင်ရတော့ချေ။
နတ်ဆိုးသုတ်သင်သူ နီးပါးတိုင်းတွင် ကိုယ်ပိုင် ဇာတ်လမ်းများ ရှိကြသည်။ ထိုသို့မဟုတ်လျှင် ဤကဲ့သို့သောကျိန်ဆဲခံ နေရာမျိုးသို့ မည်သူက ဝင်ရောက်လာမည်နည်း။
ဝူရှန်းတွင်လည်း တစ်ခုရှိသော်လည်း ယဲ့လန်၏အခြေအနေများနှင့် နှိုင်းယှဉ်ပါက များစွာ ရှုပ်ထွေးမှု မရှိလှပေ။
သူ၏ဇာစ်မြစ်မှာ သင့်လျော်သော မသေမျိုးဂိုဏ်း တစ်ခုမှပင် မဟုတ်ဘဲ မသေမျိုးသုံးပါးဂိုဏ်း နှင့် အချိတ်အဆက်အချို့ရှိပြီး အချိန်အတော်ကြာအောင်ဆက်လက်တည်ရှိလာခဲ့သော မိသားစုတစ်ခုမှသာ ဖြစ်ပေ၏။
ထို မသေမျိုးဂိုဏ်းက နတ်ဆိုးမသေမျိုးတစ်ပါးကို ပြစ်မှားမိခဲ့ပြီး လွတ်မြောက်ရန်နှင့် အကာအကွယ်ရှာဖွေရန်အတွက် တပည့်အများအပြားကို ယာယီ ဆုတ်ခွာသွားစေခဲ့ချေသည်။
နတ်ဆိုးမသေမျိုးက မကြာမီမှာပင် ရောက်ရှိလာပြီး ဒေါသတကြီးဖြင့် ဂိုဏ်း၏လက်အောက်ခံ အင်အားစုများစွာကို ဖျက်ဆီးပစ်ခဲ့ရာ သူရှိနေသောနေရာက ထိခိုက်ခံရသူများကြားတွင်ပင် အရေးပါမှုမရှိလှချေ။
ပြောရလောက်အောင်ပင် မတန်ပေ။
ဝူရှန်းက သီသီလေးလွတ်မြောက်လာခဲ့ပြီး အခွင့်အလမ်းများစွာကို ကြုံတွေ့ပြီးနောက် နောက်ဆုံးတွင် နတ်ဆိုးသုတ်သင်ရေးဌာန သို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ချေ၏။
သူက သတိကြီးစွာထားပြီးအမြဲတစေ ဆင်ခြင်တတ်ပေသည်။ ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေစဉ် သူက ထိုနတ်ဆိုးမသေမျိုး၏အဆင့်သို့ တဖြည်းဖြည်းနီးကပ်လာခဲ့ပြီး အရေးမပါသော ပုရွက်ဆိတ်တစ်ကောင်အဖြစ်မှ ယခုအခါ ထိုတည်ရှိမှုကို မော့ကြည့်နိုင်စွမ်းရှိလာခဲ့ချေပြီ။
စွန့်ပစ်ခံခဲ့ရဖူးသူတစ်ဦးက အခြားသူများ၏ကတိကဝတ်များကို ယုံကြည်ရန် ခက်ခဲလေ့ရှိရာ ၎င်းက သူ အကြီးအကဲယန်၏အန္တရာယ်များသောလုပ်ရပ်များတွင် ဘယ်သောအခါမှ မပါဝင်ရန် နှင့် လမ်းစဉ်သုံးသွယ် နှင့် အဆင်မပြေမဖြစ်ချင်ခဲ့ရခြင်း၏အကြောင်းရင်းဖြစ်ပေ၏။
ယခု သူ အကြောက်ဆုံးအရာမှာ မသေမျိုးသုံးပါးဂိုဏ်း၏မျက်လုံးထဲတွင် အကြီးအကဲယန်၏လူ ဟု သတ်မှတ်ခံရမည်ကိုပင်။
အကယ်၍ယခုတစ်ကြိမ် သူ လှုပ်ရှားခဲ့မည်ဆိုပါက မသေမျိုးသုံးပါးဂိုဏ်းသာမက စစ်သူကြီးနှစ်ဦးဖြစ်သော ဖုန်းရှီ နှင့် ရန်မင်လီ တို့ကပါ သူ့ကို ယန်အဖွဲ့ ဘက်သို့ လုံးလုံးလျားလျားကူးပြောင်းသွားပြီဟု ထင်မှတ်ကြပေလိမ့်မည်။
ထို့ကြောင့် ဝူရှန်းက ဤကိစ္စနှင့် ဝေးကွာစွာနေရန် အလွန်အမင်းရည်ရွယ်ခဲ့ရခြင်း ဖြစ်ပေ၏။
တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ အနေဖြင့်
ကြီးမားလှသော ကလဲ့စားချေမှုကြီးကို မလုပ်ဆောင်ရသေးဘဲ သူ မည်ကဲ့သို့ဖြစ်သေရဲမည်နည်း။
ထိုနတ်ဆိုးမသေမျိုးရှေ့တွင် ရပ်တည်နိုင်ခဲ့ပါက မည်မျှကျေနပ်စရာကောင်းမည်ကို ညစဉ်ညတိုင်း ရေတွက်၍မရနိုင်အောင် သူ စဉ်းစားခဲ့ပြီး မည်သည့်စကားပြောရမည်ကိုပင် အကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူး၏။
အကယ်၍ထိုစကားများကို ပြောရန် အခွင့်အရေး မရခဲ့ပါက သူမျက်လုံးမမှိတ်ဘဲ သေဆုံးသွားရပေလိမ့်မည်။
ထို့ပြင် သူ့ကိုယ်သူ ဘေးဖယ်ထားမည်ဆိုလျှင် ယခုတစ်ကြိမ် အမှန်တကယ်ပြဿနာတစ်ခုခု ဖြစ်ပွားပြီး စစ်သူကြီးယန်ကို သူ၏အမှားကို သိမြင်စေကာ အဖွဲ့ခွဲများကြားပဋိပက္ခများကို ရပ်တန့်သွားစေမည်ဆိုပါက ၎င်းက မဟာတောင်ပိုင်းတိုက်ကြီးအတွက် မကောင်းသောအရာတစ်ခု ဖြစ်ချင်မှ ဖြစ်လာပေလိမ့်မည်။
...
သူ၏စတုတ္ထအဆင့် ကျင့်ကြံခြင်းစွမ်းအားတွင် စည်ကားနေသော လင်ဟယ်စီရင်စုက သူ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာပြီးရှည်လျားသော လမ်းမများနှင့် လမ်းကြားများမှပျော်ရွှင်ရယ်မောသံများအားလုံး သူ၏နားထဲသို့ ရောက်ရှိလာခဲ့ချေ၏။
ဝူရှန်း၏ခြေအောက်ရှိ မင်္ဂလာတိမ်တိုက်ြ တဖြည်းဖြည်း ပို၍ နှေးကွေးလာခဲ့ပေသည်။
အချိန်မည်မျှကြာသွားသည်မသိပေ။ သူက ရုတ်တရက်မျက်လုံးများကို လှန်လိုက်ပြီး "ကျစ်..ဒီပြဿနာကို ရှောင်လို့မရဘူးဆိုတာ ငါ သိသားပဲ"
စွန့်ပစ်ခံခဲ့ရဖူးသူများသာ မျှော်လင့်ချက်မဲ့ခြင်းနှင့် မလုံချုံခြင်း၏အရသာကို အမှန်တကယ်နားလည်နိုင်ပေ၏။
"ဒီတစ်ကြိမ်ပဲ၊ နောက်ထပ် မရှိစေရဘူး" သူ အံများကိုကြိတ်လိုက်ပြီး လှည့်ကာ လင်ဟယ်စီရင်စုရုံး အတွင်းသို့ ပြေးဝင်သွားခဲ့ချေသည်။