← Chapters

အခန်း (၁၀၉၇-၁၀၉၈)

Vol. 93 Ch. 1097-1098

အခန်း (၁၀၉၇-၁၀၉၈)

Vol. 93 Ch. 1097-1098

အခန်း ၁၀၉၇- အသက်ရှင်ကျန်ရစ်သူများ၏ ဆွေးနွေးပွဲနှင့် လူမဲ့ကင်းထောက်ဒရုန်းများ

“အတိအကျပဲ...တကယ်လို့ ကျုပ်တို့က ဒီကမ္ဘာက ဒေသခံတွေကို ကူညီပြီး မသေမျိုးမျိုးနွယ်ကို နှိမ်နင်းပေးမယ်ဆိုရင် ဖုံးကွယ်ထားတဲ့ မစ်ရှင်တစ်ခုခု အောင်မြင်သွားပြီး ဆုလာဘ်တွေတောင် ရနိုင်သေးတယ်။”

“မင်းမေဂျီးတော်... မင်းက ဒီနေရာကို တကယ့် ဂိမ်းလောကကြီးလို့ ထင်နေတာလား။”

“ဒါပေမဲ့ ဒါကလည်း စဉ်းစားသင့်တဲ့ အချက်ပဲ။ ကိုယ့်ရဲ့ ဘေးကင်းရေးကို အာမခံချက်ရှိသရွေ့တော့ အရာရာကို စမ်းသပ်ကြည့်တာက မထင်မှတ်ထားတဲ့ အကျိုးအမြတ်တွေ ရလာနိုင်တာပေါ့။”

ဂရုထဲက ဆွေးနွေးမှုများကို ကြည့်ပြီး ရှောင်းယီက ဆက်ပြောလိုက်သည်။

“တကယ်တော့ ကျုပ်လည်း ဒေသခံတွေကို ကူညီပြီး မသေမျိုးတွေကို ရှင်းထုတ်ဖို့ ပိုပြီးအားသန်တယ်။ နောက်ဆုံးတော့ သူတို့က ကျုပ်တို့ရဲ့ ဘုံရန်သူတွေပဲလေ။ ပြီးတော့ ဒီလိုလုပ်တာက ကိုယ့်ရဲ့ အဆင့်ကို မြှင့်တင်တာနဲ့လည်း ဘာမှ ပဋိပက္ခမဖြစ်ဘူး။”

“အင်း... အဲ့ဒါလည်း ယုတ္တိရှိသားပဲ။ ဒီရွေးချယ်မှု နှစ်ခုက တစ်ခုလုပ်ရင် တစ်ခုလုပ်လို့မရတာမျိုး မဟုတ်ဘူး။ ငါတို့က ဘာလို့ တစ်ခုတည်းကိုပဲ ရွေးနေမှာလဲ။”

“လူကြီးတစ်ယောက်အနေနဲ့တော့ ငါကတော့ နှစ်ခုလုံး လိုချင်တယ်။”

အမှန်တကယ်တွင် လက်ရှိရှိနေသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အရေအတွက်အရ လူတိုင်း ဤကမ္ဘာမှ ထွက်ခွာနိုင်မည်မဟုတ်ကြောင်းကို ရှောင်းယီက လူတိုင်းကို ထုတ်မပြောခဲ့ပေ။

ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများ အပါအဝင် ရက်ပေါင်းများစွာ အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ပြီးနောက် ရှောင်းယီအနေဖြင့် သူ၏ မဟာမိတ်အဖွဲ့ထဲက လူများကို ကံကြမ္မာအတိုင်း ပစ်ထားခဲ့ရန်မှာ မဖြစ်နိုင်ပေ။ ဤသည်မှာလည်း မသေမျိုးမျိုးနွယ်ကို အပြီးတိုင် ရှင်းလင်းရန် ရှောင်းယီ ဆုံးဖြတ်ရသည့် အခြားအကြောင်းရင်းတစ်ခု ဖြစ်သည်။

“သူဌေး ခင်ဗျား ဘယ်လိုလုပ်ပြီး လေဟာနယ်တံခါးထဲကို တိုက်ဝင်သွားပြီး အဲ့ဒီမှာ အခြေကုပ်ယူနိုင်ခဲ့လဲဆိုတာ ပြောပြပေးလို့ ရမလား။”

“ဟုတ်တယ်။ ကျုပ်တို့လည်း သင်ယူချင်လို့ပါ။ ကျုပ်တို့လည်း အဲ့ဒီလို လုပ်ကြည့်လို့ ရမလားလို့။”

“ဒါက သင်ယူဖို့တော့ သိပ်မလွယ်လောက်ဘူးထင်တယ်။ သူဌေးရဲ့ မဟာမိတ်အဖွဲ့ရဲ့ ပစ်အားက ဘယ်လောက် ပြင်းထန်လဲဆိုတာ ကျုပ်တို့အားလုံး အကြမ်းဖျင်း သိထားကြတာပဲ။ ကျုပ်တို့နဲ့ သူဌေးကြားက ကွာဟချက်က အရမ်းကြီးနေသေးတော့ သူ့အတွက် အလုပ်ဖြစ်တာက ကျုပ်တို့အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။”

ထိုအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။

“ဟုတ်ပါတယ်။ အပေါ်ကလူ ပြောတာ မှန်တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ အတွေ့အကြုံအချို့ကိုတော့ လူတိုင်းကို မျှဝေပေးလို့ ရပါတယ်။ တစ်ခုပဲ မှတ်ထားကြပါ။ ကိုယ့်ရဲ့ ဘေးကင်းရေးက ပထမပဲ... နားလည်လား။”

“နားလည်ပါပြီ။”

လူတိုင်းက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

“လေဟာနယ်တံခါးဆိုတာ မသေမျိုးမျိုးနွယ်အတွက် အရမ်းအရေးကြီးတဲ့ အရာပဲ။ ဒါကြောင့် ဟိုဘက်ခြမ်းမှာ သူတို့ရဲ့ မသေမျိုးတပ်ဖွဲ့ အမြောက်အမြား စောင့်ကြပ်နေမှာ သေချာတယ်။ ခုနက လေဟာနယ်တံခါးထဲ တိုက်ဝင်ဖို့ ကြိုးစားတဲ့ မဟာမိတ်အဖွဲ့ကလည်း ပြောပြသွားပြီပဲ။ ကျုပ်တို့ အင်အားတစ်မျိုးတည်းနဲ့ ထိုးဖောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”

ရှောင်းယီက ဂရုထဲတွင် ဆက်ပြောလိုက်သည်။

“သူဌေးရဲ့ ပစ်အားနဲ့တောင် ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူးလား။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

“မရဘူး။ ဘာလို့လဲဆိုတော့ လေဟာနယ်တံခါးရဲ့ အရွယ်အစားက ကန့်သတ်ချက်ရှိနေပြီးတော့ အဲ့ဒီထဲကို ထည့်သွင်းနိုင်တဲ့ ပစ်အားကလည်း ကန့်သတ်ချက်ရှိတယ်။ ရန်သူတွေက အဆက်မပြတ် တိုးဝင်လာနေတော့ ကျုပ်တို့ အများဆုံး လုပ်နိုင်တာက သူတို့ ကျုပ်တို့ဘက်ကို မကျူးကျော်နိုင်အောင် တားထားဖို့ပဲ။ ဟိုဘက်ကို တိုက်ဝင်ဖို့က အရမ်းခက်ခဲတယ်။”

“ဒီမသေမျိုးတွေက ဘယ်ကနေ ဒီလောက် လူဦးရေအများကြီး ရနေတာလဲ။”

“သေသွားတဲ့သူတိုင်းရဲ့ အရိုးစုတွေက မသေမျိုးမျိုးနွယ်ရဲ့ စစ်သည်တွေ ဖြစ်ကုန်တာလို့ ကြားတယ်။”

“ဒါဆို ခင်ဗျားပြောချင်တာက ဒေသခံတွေ ခုတ်ထစ်နေတဲ့ အရိုးစုတွေက သူတို့ရဲ့ ဘိုးဘေးတွေ ဖြစ်နေနိုင်တာပေါ့။”

“ဘိုးဘေးအိုကြီးတွေတောင် ဖြစ်နိုင်တယ်။”

“ငါ့လခွီးထဲမှ... မင်းတို့ စကားလမ်းကြောင်း မလွှဲကြစမ်းနဲ့။ သူဌေးကို ဆက်ပြောခွင့်ပေးလိုက်ပါဦး။ ဒါနဲ့... မင်းကရော အဲ့ဒါကို ဘယ်သူ့ဆီက ကြားလာတာလဲ။”

“အဲ... မင်းလည်း စကားလမ်းကြောင်း လွှဲနေပြီဟ။ သူဌေး သူတို့ကို ဂရုမစိုက်ပါနဲ့။ ဆက်ပြောပေးပါဦး။”

ထိုဆွေးနွေးမှုများကို ကြည့်ပြီး ရှောင်းယီက ပြုံးကာ ဆက်ပြောလိုက်သည်။

“ဒါကြောင့် ကျုပ်တို့က ရှေ့တန်းမှာ မသေမျိုးတွေကို တိုက်နေတဲ့ ဒေသခံတွေ ဒါမှမဟုတ် မျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းဖို့ လိုအပ်တယ်။ သူတို့က မသေမျိုးတွေရဲ့ အာရုံကို ဆွဲထုတ်ပေးနိုင်မယ်ဆိုရင် ကျုပ်တို့အတွက် လေဟာနယ်တံခါးထဲကို တိုက်ဝင်ဖို့ အခွင့်အရေး ရလာလိမ့်မယ်။”

“ပူးပေါင်းရမယ် ဟုတ်လား။ ကျုပ်တို့က သူတို့ကို မမြင်တောင် မမြင်ရတာ ဘယ်လိုသွား ပူးပေါင်းမှာလဲ။”

“ဟုတ်ပါ့ လက်ကိုင်ဖုန်း တစ်လုံးလောက် ဟိုဘက်ကို လှမ်းပစ်ပေးရမှာလား။”

“ဒါက တကယ်ကို စဉ်းစားသင့်တဲ့ အချက်ပဲ။ ငှက်တစ်ကောင်ကို ယဉ်အောင်လုပ်ပြီး ဖုန်းတစ်လုံးနဲ့ ဟိုဘက်ကို ပျံခိုင်းလိုက်ရင်ရော...။”

“ငှက်က ပျံသွားနိုင်ရင်တောင် အဲ့ဒီက ဒေသခံတွေ ဒါမှမဟုတ် မျိုးနွယ်ခြားတွေက ငါတို့ကို ယုံပါ့မလား။”

“အဲ့ဒါတော့ မသေချာဘူး။ မသေမျိုးတွေက အဲ့ဒီငှက်ကို ချက်ချင်း သတ်ပစ်မှာ သေချာတယ်။ ဖြစ်နိုင်ရင်တော့ လေယာဉ်တစ်စင်းလောက် လွှတ်တာကို ပိုစဉ်းစားသင့်တယ်။”

“မင်းဟာက ပိုပြီးတော့တောင် ယုတ္တိမရှိသေးတယ်။ လေယာဉ်ပျံတစ်စင်းလောက် ကြီးမားတဲ့ ပစ်မှတ်ကို မသေမျိုးတွေက ပိုတောင် သတိထားမိလွယ်ဦးမယ်။”

“အတိအကျပဲ။ ပြီးတော့ အဓိက လိုအပ်ချက်တစ်ခုလည်း ရှိသေးတယ်။ မင်းအရင်ဆုံး လေယာဉ်ပျံတစ်စင်းကို တည်ဆောက်နိုင်ဖို့ လိုတယ်လေ။”

“ကျုပ်က လေယာဉ်ပျံရဲ့ ကာကွယ်ရေးက ပိုမြင့်မလားလို့ တွေးမိရုံပါ။”

အလျင်အမြန် တက်လာနေသော စကားဝိုင်းများကို ကြည့်ရင်း ရှောင်းယီ အနည်းငယ် အားကိုးရာမဲ့သလို ခံစားလိုက်ရပြီး ဆက်ပြောလိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ အသေးစား လူမဲ့ကင်းထောက်ဒရုန်း တစ်မျိုးရှိတယ်။ လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းမှာရှိတဲ့ မျိုးနွယ်ခြားတွေနဲ့ ဆက်သွယ်ဖို့ အဲ့ဒါကို ကျုပ်တို့ သုံးခဲ့တာ။”

“ဝိုး... ဒါ့ကြောင့်ကိုး။ သူဌေးကတော့ တကယ့်ကို အစွမ်းထက်တာပဲ။ ဒီလောက်အဆင့်မြင့်တဲ့ ပစ္စည်းတွေတောင် ရှိနေတာလား။”

“သူဌေး ကျုပ်ကို အဲ့ဒါ ဆယ်ခုလောက်ရောင်းပေးပါ။ လေဟာနယ်အသီးသီးမှာ ရှိနေတဲ့ အခြေအနေတွေကို ကင်းထောက်ဖို့ စီစဉ်နေလို့ပါ။”

“ဟေ့လူ... ဈေးတောင် မမေးတော့ဘူးလား။”

“မမေးတော့ဘူးဗျာ။ အုတ်မြစ်ကျောက် ဘယ်လောက်ပဲပေးရပေးရ ပေးမှာပဲ။ သူဌေးက ဈေးတင်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်။”

“တကယ့်ကို လူမဟုတ်တဲ့ သူဌေးကြီးပါလား။”

ထိုအခါ ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။

“ခဏနေရင် စစ်ဆေးမှုအောင်မြင်ထားတဲ့ မဟာမိတ်ခေါင်းဆောင်တွေအတွက် ဒီကင်းထောက်ဒရုန်းတွေကို စာရင်းတင်ပေးပါ့မယ်။ ဈေးနှုန်းကိုတော့ တစ်ခုကို အုတ်မြစ်ကျောက် ၃၀၀ လို့ သတ်မှတ်ထားပါတယ်။ အမှန်တော့ အများကြီး ဝယ်နေဖို့ မလိုပါဘူး။ တစ်ခုတည်းနဲ့တင် လေဟာနယ်တံခါးအားလုံးကို အလှည့်ကျ ကင်းထောက်လို့ ရပါတယ်။ သူဌေးကြီးတွေအတွက်ကတော့ တစ်မျိုးပေါ့လေ။”

“ကျေးဇူးတင်ပါတယ် သူဌေး။”

လူတိုင်းက တစ်ယောက်တစ်ပေါက် ပြန်ဖြေလိုက်ကြသည်။

ထိုစဉ် ရှောင်းယီက ထပ်မံသတိပေးလိုက်သည်။

“ကင်းထောက်ပြီးလို့ ဟိုဘက်ခြမ်းနဲ့ အဆက်အသွယ်ရပြီ၊ သဘောတူညီချက် ရပြီဆိုမှ တိုက်စစ်ဆင်ကြပါ။ မှတ်ထားပါ...ဘေးကင်းရေးက ပထမပဲ။”

“ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တို့ မှတ်ထားပါ့မယ်။”

“ဒါနဲ့ သူဌေး ဒီဒရုန်းက ရိုက်ကူးတဲ့ မြင်ကွင်းတွေကို ကျုပ်တို့ လက်ကိုင်ဖုန်းတွေထဲကနေ ကြည့်လို့ရမလား။”

“ချိတ်ဆက်ထားသရွေ့တော့ ရပါတယ်။ ဒါပေမဲ့ အကွာအဝေး ကန့်သတ်ချက်တော့ ရှိတယ်။ မီတာ တစ်သောင်း ပတ်လည်အတွင်းမှာဆိုရင်တော့ တိုက်ရိုက်မြင်ကွင်းတွေကို ကြည့်လို့ရမယ်။ မီတာ တစ်သောင်းကျော်သွားရင်တော့ မြင်ကွင်းတွေကို ကြည့်နိုင်ဖို့ ဒရုန်းပြန်လာတာကို စောင့်ရလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

၎င်းတို့ကို ကွန်ပျူတာများနှင့်လည်း ချိတ်ဆက်နိုင်သော်လည်း ယခုအခါ လူတိုင်းတွင် လက်ကိုင်ဖုန်းများ ရှိနေသဖြင့် ရှောင်းယီက ကွန်ပျူတာသုံးရန် ထည့်မပြောတော့ခြင်း ဖြစ်သည်။

“ဒီဒရုန်းရဲ့ ကင်းထောက်နိုင်တဲ့ အကွာအဝေးက ဘယ်လောက်လဲဗျ။”

တစ်စုံတစ်ယောက်က စုံစမ်းမေးမြန်းလိုက်သည်။ ရှောင်းယီ ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“အမှန်တော့ အကွာအဝေး ကန့်သတ်ချက် မရှိဘူးလို့တောင် ပြောလို့ရတယ်။ ကျုပ်တို့ ကင်းထောက်ရမယ့် အချိန်ကို စိတ်ကြိုက် သတ်မှတ်လို့ရတယ်။ အကယ်၍ အားကုန်သွားရင် သူက အလင်းရောင်ရှိတဲ့နေရာကို အလိုအလျောက် ရှာဖွေပြီး အလင်းစွမ်းအင်နဲ့ လျှပ်စစ်ထုတ်ပြီး သူ့ဘာသာ အားပြန်သွင်းလိမ့်မယ်။”

“ငါ့ချီး... ဒီဒရုန်းက တကယ့်ကို အလန်းစားပဲ။”

“ဟုတ်တယ်။ ဒါက အရမ်းကို စမတ်ကျလွန်းတယ်။ သူဌေး ထုတ်ပြလိုက်တဲ့ ပစ္စည်းတွေက တကယ့်ကို အဆင့်မြင့်ပစ္စည်းတွေချည်းပဲ။”

“သူဌေးဆီက ထွက်လာတာမှန်ရင် အကုန်လုံး လက်ရာမွန်ပဲ။”

“ဘာတွေတွေဝေနေမှာလဲ။ ကျုပ် အခုချက်ချင်း အလုံး ၂၀ ယူမယ်။”

“အမ်... လေဟာနယ်တံခါးက စုစုပေါင်းမှ ၉ ခုပဲ ရှိတာလေ။ မင်းက ဘာလို့ အဲ့ဒီလောက် အများကြီး ယူမှာလဲ။ သူဌေးက တစ်ခုတည်းနဲ့တောင် အေးဆေး ကင်းထောက်လို့ ရတယ်လို့ ပြောထားသားပဲ။”

“ဒါပေမဲ့ သူဌေးက သူဌေးကြီးတွေကလွဲရင်လို့လည်း ပြောထားတယ်လေ။ ရှင်းနေတာပဲ...။ ဒါက သူဌေးကြီးပဲ ဖြစ်ရမယ်။”

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

“လောလောဆယ်တော့ လူတိုင်း ဟိုဘက်ခြမ်းက အခြေအနေကို အရင် ကင်းထောက်ကြပါ။ အဆင်အခြင်မဲ့ မလုပ်ကြပါနဲ့။ တကယ်လို့ လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းက မြင်ကွင်းကို တကယ်မြင်ချင်တယ်ဆိုရင် ကျုပ်တို့ဆီကို လာခဲ့လို့ ရပါတယ်။ ကျုပ်တို့ ဟိုဘက်မှာ ကိုယ်ပိုင် အခြေစိုက်စခန်းတစ်ခု ရထားပြီးပြီ။”

“ကောင်းပါပြီ။ ဒီကိစ္စက တကယ်ပဲ လောလို့ မရဘူး။ လေဟာနယ်ထဲကို ဝင်ဖို့ဆိုတာ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး။”

“သူဌေးကတော့ တကယ် အစွမ်းထက်တာပဲ။ ဟိုဘက်မှာတောင် ခြေကုပ်ရနေပြီ။ အဲ့ဒါက မသေမျိုးမျိုးနွယ်တွေနဲ့ တိုက်နေရတဲ့ ရှေ့တန်းစစ်မျက်နှာကြီးလေ။”

“ဒါပေမဲ့ သူဌေးရဲ့ မဟာမိတ်အဖွဲ့ရဲ့ အင်အားနဲ့ဆိုရင်တော့ ရှေ့တန်းက မျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းပြီး တိုက်နိုင်တာကြောင့် ခြေကုပ်ရသွားတာက မဆန်းပါဘူး။”

ကလင်...လင်...လင်...။

ဖုန်းခေါ်သံတစ်ခု ရုတ်တရက် ဝင်လာ၏။ ကျန်းယွင်ထျန်းပင်။ ရှောငယီ ချက်ချင်း ဖုန်းကိုင်လိုက်သည်။

“ရှေ့တန်းမှာ အခြေအနေ တစ်ခုခုရှိလို့လား။”

“ဟုတ်တယ်...မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ အခုတင် အပြေးအလွှား ရောက်လာတယ်။ တခြား စစ်မျက်နှာတွေမှာရှိတဲ့ မသေမျိုးမျိုးနွယ်တွေဆီမှာ ထူးခြားတဲ့ အခြေအနေတွေ ရှိနေတယ်တဲ့။ သူတို့လက်ထဲမှာ ငါတို့ လက်နက်တွေနဲ့ အတိအကျတူတဲ့ လက်နက်တွေ ရှိနေတယ်လို့ သူက ပြောနေတယ်။”

ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

အခန်း ၁၀၉၈- လူပုမျိုးနွယ်၏ ကာကွယ်ရေးလိုင်းကို ကူညီခြင်း၊ အသိဟောင်းများ

ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ရှောင်းယီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ငါတို့ဆီက လက်နက်တွေနဲ့ အတူတူပဲဆိုတာ သေချာလား။ ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ်တွေလား။”

“အတိအကျတော့ မသေချာဘူး။ ဒါပေမဲ့ ခုခံနေတဲ့ လူပုမျိုးနွယ်ရဲ့ ပြောပြချက်အရဆိုရင်တော့ အဲ့ဒါတွေ ဖြစ်ဖို့များတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

အရိုးစုအုပ်ကြီးက ကာဘိုင်ရိုင်ဖယ်တွေနဲ့ လူတွေကို လိုက်ပစ်နေတာလား။ တွေးကြည့်ရုံနဲ့တင် ထိုမြင်ကွင်းက တကယ့်ကို ထူးဆန်းအံ့သြဖွယ် ကောင်းနေပြီဖြစ်သည်။

“အရင်ဆုံး သရဲတံခါး တောင်ကြားလမ်းက ခံတပ်ကို ပြီးအောင် ဆောက်လိုက်ဦး။ ဒီနေရာကို ငါတို့ မရမက ထိန်းထားရမယ်။ ပြီးရင် ကင်းထောက်လေယာဉ်တစ်စင်းလွှတ်ပြီး သွားကြည့်ခိုင်းလိုက်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဖြစ်နိုင်ရင် သူတို့ဆီက လက်နက်အချို့ကို သိမ်းဆည်းနိုင်အောင် ကြိုးစားကြည့်။ ဒါမှ ငါတို့ ဓာတ်ခွဲစမ်းသပ်လို့ ရမှာ။”

“နားလည်ပါပြီ။ ကင်းထောက်လေယာဉ်ကို အခုလေးတင် လွှတ်လိုက်ပြီးပြီ။ လက်နက်သိမ်းဆည်းဖို့ ကိစ္စကတော့ နည်းနည်း ခက်ခဲလိမ့်မယ်လို့ ပြောတယ်။ မသေမျိုးမျိုးနွယ်က မူလကတည်းက လူအင်အားနဲ့ ဖိတိုက်တဲ့ နည်းဗျူဟာကို သုံးတာဆိုတော့ အခု ဒီလက်နက်တွေပါ ရှိလာတော့ သူတို့ရဲ့ ထိုးစစ်က အရမ်းမြန်လာတယ်။ အရှေ့က အရိုးစုတွေ သေသွားရင် အနောက်ကကောင်တွေက လက်နက်ကို ချက်ချင်း ကောက်ကိုင်ပြီး ဆက်တိုက်ကြတာပဲ။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ကောင်းပြီ။ အတင်းအကျပ်တော့ မလုပ်ပါနဲ့။ လက်နက်ရရင်တော့ အကောင်းဆုံးပေါ့။ မရရင်လည်း ကင်းထောက်လေယာဉ်ရဲ့ ရလဒ်ကိုပဲ စောင့်ကြည့်ကြမယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“သူတို့ရဲ့ တည်နေရာက ငါတို့နဲ့ တော်တော်ဝေးလား။”

“ကီလိုမီတာ နှစ်ရာလောက် ဝေးတယ်။”

ကျန်းယွင်ထျန်းက ဖြေလိုက်သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။

“စက်သေနတ် ၅ လက်ကို အဲ့ဒီကိုသွားပြီး ကူညီပေးဖို့ စီစဉ်လိုက်ပါ။ မင်းတို့ရဲ့ ဘေးကင်းရေးကိုတော့ အဓိကထားရမယ်။ ပြီးတော့ ရန်သူ့လက်နက်တွေကိုလည်း အနီးကပ် လေ့လာခဲ့။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

ဖုန်းချပြီးနောက် ကျန်းယွင်ထျန်းသည် လေဟာနယ်တံခါးကို ဖြတ်၍ ပြန်သွားကာ ထျန်းဝူကို ကြည့်ပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က စက်သေနတ် ၅ လက် လွှတ်ပြီး ကူညီခိုင်းလိုက်တယ်။ ကျေးဇူးပြုပြီး လမ်းပြပေးပါ။”

“ကောင်းပါပြီ။”

ထျန်းဝူက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းက စစ်သည်တင်ယာဉ် အချို့ကို အချက်ပြလိုက်၏။ ထျန်းဝူကမူ ထိုယာဉ်များကို ဇဝေဇဝါဖြင့် ကြည့်နေခဲ့သည်။ သူ ဤကဲ့သို့ အရာမျိုးကို တစ်ခါမှ မမြင်ဖူးချေ။

“တက်လိုက်ပါ။”

ကျန်းယွင်ထျန်းက ဖိတ်ခေါ်လိုက်သည်။

“ဒါက ခွန်အားကို ချွေတာပေးပြီး အမြန်သွားလို့ရတဲ့ သယ်ယူပို့ဆောင်ရေး ကိရိယာပဲ။”

ထျန်းဝူက ခေါင်းညိတ်ပြီး တိုက်ရိုက်ပင် ဝင်ထိုင်လိုက်သည်။

သူ၏ လမ်းညွှန်မှုနှင့်အတူ ယာဉ်မောင်းက အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားတော့သည်။ ဤနေရာ၏ မြေမျက်နှာသွင်ပြင်မှာ အနည်းငယ် ရှုပ်ထွေးသော်လည်း စစ်သည်တင်ယာဉ်များမှာ ကြမ်းတမ်းသော လမ်းများအတွက် ဒီဇိုင်းထုတ်ထားသဖြင့် အရှိန်မှာ အတော်ပင် မြန်ဆန်လှသည်။

နှစ်နာရီမပြည့်မီမှာပင် ကျန်းယွင်ထျန်းနှင့် အခြားသူများသည် လူပုမျိုးနွယ် စောင့်ကြပ်နေသော ကာကွယ်ရေးလိုင်း အပိုင်းသို့ ရောက်ရှိသွားကြသည်။

ဤနေရာရှိ တိုက်ပွဲမှာ နဂါးလူသားမျိုးနွယ်နှင့် နတ်သူငယ်မျိုးနွယ်တို့၏ တိုက်ပွဲနှင့် လုံးဝကွဲပြားနေပေသည်။ အရင်တုန်းက ရှေးကျသော တိုက်ခိုက်မှုမျိုး ဖြစ်သော်လည်း ယခုမူ သေနတ်ချင်း အပြန်အလှန် ပစ်ခတ်နေကြခြင်း ဖြစ်သည်။

“ဒိုင်း....ဒိုင်း.... ဒိုင်း...”

“ဒပ် ဒပ် ဒပ်...”

သို့သော် လူပုမျိုးနွယ်၏ သေနတ်များမှာ သိသိသာသာ အဆင့်နိမ့်နေပြီး အရိုးစုများ၏ ပစ်ခတ်မှုအောက်တွင် ပိတ်မိနေကြသည်။ ကံကောင်းထောက်မစွာဖြင့် လူပုမျိုးနွယ်တွင် မြေမျက်နှာသွင်ပြင် အားသာချက်ရှိနေသောကြောင့်သာ မဟုတ်လျှင် ဤနေရာမှာ ကျဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။

ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့သည် အဝေးတစ်နေရာတွင် ရပ်တန့်လိုက်၏။ လူပုမျိုးနွယ် အစောင့်များက ယာဉ်ပေါ်ရှိ စက်သေနတ်များကို သတိထား၍ ကြည့်နေကြသည်။ သေနတ်လုပ်ငန်းတွင် ကျွမ်းကျင်သူများဖြစ်ကြသည့်အတိုင်း ယာဉ်ပေါ်ရှိ စက်သေနတ်များသည် အဆင့်မြင့် လက်နက်များဖြစ်ကြောင်း ၎င်းတို့ ချက်ချင်း သိလိုက်ကြသည်။

ထိုစဉ် ထျန်းဝူက ရှေ့တက်ကာ လူပုမျိုးနွယ် အစောင့်များနှင့် ညှိနှိုင်းလိုက်သည်။

ကျန်းယွင်ထျန်းနှင့် အခြားသူများသည် နဂါးလူသားမျိုးနွယ်နှင့် နတ်သူငယ်မျိုးနွယ်တို့ကို ကူညီ၍ သရဲတံခါး တောင်ကြားလမ်းကို ပြန်လည်သိမ်းပိုက်ပေးခဲ့သည်ဟု ကြားလိုက်ရသောအခါ လူပုမျိုးနွယ် အစောင့်များသည် အံ့သြသွားကြပြီး သံသယများ အနည်းငယ် လျော့နည်းသွားကြသည်။

“ကျုပ်တို့ကို ရှေ့တန်းကို သွားပြီး ကူညီခွင့်ပေးနိုင်မလား။”

ထျန်းဝူက မေးလိုက်သည်။ လူပုမျိုးနွယ် အစောင့်က ခေါင်းခါပြလိုက်၏။

“အထက်က အကြောင်းမကြားမချင်း ခင်ဗျားတို့ကို ရှေ့တန်းကို သွားခွင့်ပေးလို့ မရဘူး။”

ထျန်းဝူ မျက်မှောင်ကြုတ်သွားသည်။

“သူတို့ရဲ့ အကူအညီနဲ့ဆိုရင် ခင်ဗျားတို့ ဒီလောက်အထိ ပင်ပင်ပန်းပန်း ကာကွယ်နေစရာ မလိုတော့ဘူး။”

“စိတ်မကောင်းပါဘူး၊ အကူအညီ ရောက်လာမယ်ဆိုတဲ့ အမိန့် ကျုပ်တို့ မရထားဘူး။”

ထိုလူပုအစောင့်မှာ အလွန် ခေါင်းမာပြီး ၎င်းတို့ကို ဖြတ်သန်းခွင့်ပေးရန် အပြတ်အသတ် ငြင်းဆိုနေလေသည်။

ထိုစဉ်မှာပင် အခြားသော ယာဉ်တစ်စီးမှာ အဝေးမှ မောင်းနှင်လာပြီး ကျန်းယွင်ထျန်း၏ ယာဉ်ဘေးတွင် ရပ်တန့်လိုက်သည်။ယာဉ်ပေါ်တွင် ပါလာသူကို မြင်သည်နှင့် ကျန်းယွင်ထျန်းက ချက်ချင်းပင် အလေးပြုလိုက်၏။

“ကျွန်းပိုင်ရှင်...။”

အခြားသော စစ်သည်များကလည်း လိုက်လံအလေးပြုလိုက်ကြသည်။ ရှောင်းယီ ယာဉ်ပေါ်မှ ဆင်းလာပြီးနောက် နောက်ခန်းမှ လူပုဘုရင်သည်လည်း ဆင်းလာခဲ့သည်။

ရောက်လာသူကို မြင်လိုက်ရသောအခါ လူပုအစောင့်၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

“မင်းတို့ရဲ့ ဘုရင်က ဘယ်သူလဲ။”

လူပုဘုရင်သည် လျှောက်လာပြီး အသံနှိမ့်ကာ မေးလိုက်သည်။

လူပုမျိုးနွယ်တို့၏ ပွင့်လင်းရိုးသားမှုမှာ ကျော်ကြားလှသည်။ အကယ်၍ လူသားတစ်ဦးကသာ ဤသို့မေးမြန်းပါက ပြဿနာရှာရန် လာသည်ဟု ထင်ကြပေလိမ့်မည်။

“ခင်ဗျားက ဘုရင် ကော်နာလား”

ထိုအစောင့်က လူပုဘုရင်၏ မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။

ကော်နာမှာ မှင်တက်သွား၏။ ဤအစောင့်က သူ၏အမည်ကို သိနေသည် မဟုတ်ပါလော။

ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ လူပုဘုရင်၏ အမည်မှာ အမှန်တကယ်ပင် ကော်နာ ဖြစ်ပေသည်။

ကော်နာက ခေါင်းညိတ်ပြလိုက်သည်။

“မင်း ငါ့ကို သိတာလား။”

“ကျွန်တော်မျိုးတို့ ဘုရင်က အရှင်ဂျက်ဖ်ပါ။ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တိုင်းပြည်ကို ဖြတ်ပြီး ခရီးလှည့်လည်တုန်းက တစ်ခါ မြင်ဖူးခဲ့တာပါ။”

ထိုအစောင့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒါဆို ဂျက်ဖ်ရဲ့ တပ်ဖွဲ့ပေါ့။ ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ အာမခံတယ်။ ဒီလူတွေက ငါတို့ရဲ့ မဟာမိတ်တွေပဲ။ ဂျက်ဖ်ဆီ သတင်းပို့လိုက်ပါ။ ငါတို့ကို တိုက်ပွဲမှာ ပါဝင်ခွင့်ပေးလို့။”

ကော်နာက ချက်ချင်း ရှင်းပြလိုက်သည်။

“အရှင်မင်းကြီးက ဒီလူတွေကို သိတာလား။”

ထိုအစောင့်က စူးစမ်းစွာ မေးမြန်းရင်း အခြားသူများကို သတင်းပို့ရန် ချက်ချင်း စီစဉ်လိုက်သည်။

“သိတာပေါ့။ သိရုံတင်မကဘူး။ သူတို့က တကယ့် သူငယ်ချင်းကောင်းတွေပဲ။”

ကော်နာက အခိုင်အမာ ပြောလိုက်သည်။

မကြာမီမှာပင် အလွန်တောင့်တင်းကြံ့ခိုင်သော လူပုတစ်ဦးမှာ အပြေးအလွှား ထွက်လာခဲ့သည်။ ကော်နာကို မြင်သည်နှင့် သူက ချက်ချင်း ရှေ့တိုးလာပြီး ၎င်းတို့နှစ်ဦး ဖက်လဲတကင်း နှုတ်ဆက်လိုက်ကြသည်။

“ကော်နာလေး...မင်း ရှေ့တန်းကို တကယ်ကြီး ရောက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။ ဒါက မလွယ်ကူတဲ့ကိစ္စပဲ။”

ဂျက်ဖ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဂျက်ဖ်နှင့် ကော်နာတို့မှာ နှစ်ဦးစလုံး လူပုဘုရင်များ ဖြစ်ကြသော်လည်း ဂျက်ဖ်က ကော်နာထက် အသက် ၄၀ ကျော် ပိုကြီးသဖြင့် ထိုသို့ခေါ်ခြင်းမှာ ပြဿနာမရှိပေ။

“ကျုပ်တို့ ကျွန်းပိုင်ရှင်နောက်ကို လိုက်လာလို့သာ ဒီကို ရောက်တာပါ။ မဟုတ်ရင် ဒီလောက်ဝေးတဲ့ ခရီးကို လာဖို့ဆိုတာ မလွယ်ဘူး။”

ကော်နာက မျက်လုံးလေး ကလည်ကလည်ဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင် ဟုတ်လား။”

ဂျက်ဖ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ကော်နာက အလျင်အမြန် ရှင်းပြလိုက်ရာ ဂျက်ဖ်တစ်ယောက် ရှောင်းယီကို အံ့သြတကြီး ကြည့်လိုက်၏။

“ဒါဆိုရင် တွေဝေနေစရာ ဘာရှိဦးမှာလဲ။ သူတို့ကို ဖြတ်သန်းခွင့်ပေးလိုက်ကြစမ်း။”

ဂျက်ဖ်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ရှောင်း စိတ်ထဲမထားပါနဲ့။ ဒီအစောင့်တွေက ငါ့ရဲ့ အမိန့်ကိုပဲ နာခံကြတာမို့လို့ပါ။”

“စိတ်ထဲမထားပါဘူး။ ခင်ဗျားရဲ့ အစောင့်တွေက အရည်အချင်း ပြည့်ဝကြပါတယ်။ စစ်မျက်နှာထဲကို လူစိမ်းတွေကို အလွယ်တကူ မပေးဝင်သင့်ဘူး။ သူလျှိုတွေသာဆိုရင် ပြဿနာတက်ကုန်လိမ့်မယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“အတိအကျပဲ။ ငါပြောချင်တာ အဲ့ဒါပဲ။ အဲ့ဒီအကြောင်းတွေ ခဏထားလိုက်ဦးစို့။ ရှေ့တန်းက ဖိအားက အရမ်းများနေတယ်။ ကော်နာ ပြောနေတဲ့ စက်သေနတ်တွေက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးပါဦး။”

ဂျက်ဖ်က ဆိုသည်။

ရှောင်းယီသည် ချက်ချင်းပင် ကျန်းယွင်ထျန်းနှင့် အခြားသူများကို ရှေ့တန်းသို့ ဝင်ရောက်နိုင်ကြောင်း အချက်ပြလိုက်သည်။

ကျန်းယွင်ထျန်းသည် စစ်သည် ၁၀ ဦးကို ခေါ်ဆောင်ကာ လူပုမျိုးနွယ်၏ ကာကွယ်ရေးလိုင်းဆီသို့ ချက်ချင်း အပြေးအလွှား သွားလိုက်သည်။

ကျန်းယွင်ထျန်း၏ ညွှန်ကြားမှုအောက်တွင် ၎င်းတို့သည် အဓိကကျသော နေရာ ၅ ခုကို ရှာဖွေပြီး စစ်သည်များက စက်သေနတ်များကို လျင်မြန်စွာ တပ်ဆင်လိုက်ကြသည်။

“စိတ်ကြိုက် ပစ်ခတ်ကြ...။ ပစ်ကွင်းတွေ ထပ်နေအောင် ဂရုစိုက်။ ဘယ်နေရာမှာမှ ဟာကွက် မကျန်စေနဲ့။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

အားလုံးက ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။

“ဒပ် ဒပ် ဒပ် ဒပ် ဒပ်...”

အဆက်မပြတ် မြည်ဟိန်းနေသော စက်သေနတ်သံများသည် လူပုမျိုးနွယ်၏ ကာကွယ်ရေးလိုင်းတစ်လျှောက် ချက်ချင်း ထွက်ပေါ်လာတော့သည်။

ဤသည်မှာ လူပုမျိုးနွယ်ဝင် အားလုံး၏ အကြည့်ကို ဆွဲဆောင်သွားတော့သည်။ မီတာ တစ်ရာအတွင်း တိုးဝင်လာသော အရိုးစုများမှာ မြက်ဖြတ်စက်ဖြင့် အဖြတ်ခံလိုက်ရသကဲ့သို့ တရစပ် လဲကျသွားသည်ကို မြင်ရသောအခါ ၎င်းတို့မှာ အံ့သြတကြီးဖြင့် တံတွေးပင် မျိုချလိုက်မိကြသည်။

“ဒါက ဘာလက်နက်လဲ။ ဘာလို့ အဆက်မပြတ် ပစ်နိုင်နေတာလဲ။”

“ငါလည်း မသိဘူး။ ဘာလို့ ဒီလူသားတွေက ရှေ့တန်းကို ရောက်လာတာလဲ။ သူတို့က အမြဲတမ်း နောက်တန်းမှာပဲ ပုန်းနေတာ မဟုတ်ဘူးလား။”

“ဟုတ်တယ်။ သူတို့ လူသားတွေရဲ့ သေနတ်တွေက ငါတို့ လူပုမျိုးနွယ်တွေထက်တောင် ဘာလို့ ပိုပြီး အဆင့်မြင့်နေရတာလဲ။ ဒါက ယုတ္တိမရှိဘူး။”

All Chapters