← Chapters

အခန်း (၁၀၉၉-၁၁၀၀)

Vol. 93 Ch. 1099-1100

အခန်း (၁၀၉၉-၁၁၀၀)

Vol. 93 Ch. 1099-1100

အခန်း ၁၀၉၉- အဆင့်မြှင့်တင်ထားသော ကာဘိုင်ရိုင်ဖယ်နှင့် ဂျက်ဖ်၏ သံသယများ

ကျန်းယွင်ထျန်း ယူဆောင်လာသော စက်သေနတ် ၅ လက်၏ အကူအညီဖြင့် လူပုမျိုးနွယ်၏ ကာကွယ်ရေးလိုင်းမှာ ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။

နောက်တန်းမှ တိုက်ပွဲကို စောင့်ကြည့်နေသော ဂျက်ဖ်မှာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ဒီသေနတ်တွေကို ဘယ်လိုခေါ်လဲ။”

“အပေါ့စား စက်သေနတ်လို့ ခေါ်တယ်။”

ကော်နာက ပြန်ဖြေလိုက်သည်။

“ဒီသေနတ်မျိုးကို ကျုပ် ပထမဆုံး မြင်ဖူးတုန်းကဆိုရင် ကျုပ်တို့လက်ထဲက သေနတ်တွေက မီးမွှေးတဲ့ သံတူရွင်းတွေအဖြစ်ပဲ သုံးလို့ရတော့မယ်လို့တောင် ခံစားခဲ့ရတာ။”

ဂျက်ဖ်က အလွန်အမင်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ ငါတို့ဆီမှာ ဒီလိုလက်နက်မျိုး ရာနဲ့ချီရှိမယ်ဆိုရင် ဒီနေရာကို ကာကွယ်ရုံတင်မကဘူး မသေမျိုးမျိုးနွယ်တွေကိုပါ ပြန်ပြီး တွန်းလှန်ပစ်နိုင်တယ်။”

ထိုအခါ ရှောင်းယီက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။

“ဒါဆိုရင် ကျုပ် ခင်ဗျားကို ဒီစက်သေနတ် အလက် ၁၀၀ ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ...။”

ဂျက်ဖ်မှာ နောက်တစ်ကြိမ် မှင်တက်သွားပြန်သည်။

“မင်းက ငါတို့ လူပုစကားကို နားလည်တာလား။”

ဘေးမှ ကော်နာက ပြုံးလျက် ရှင်းပြလိုက်သည်။

“ကျွန်းပိုင်ရှင်က လူပုစကားတင်မကဘူး...မျိုးနွယ်စုအားလုံးရဲ့ ဘာသာစကားကို ကျွမ်းကျင်တယ်။”

ရှောင်းယီက လက်ကာပြလိုက်၏။

“နားလည်ရုံနဲ့ ဆက်သွယ်နိုင်ရုံတင်ပါ။ အဲ့ဒီထက်မပိုပါဘူး။ ကျွမ်းကျင်တယ်လို့တော့ မသတ်မှတ်နိုင်ပါဘူး။”

ရှောင်းယီသည် ဤနေရာတွင် နှိမ့်ချနေခြင်း မဟုတ်ပေ။ သူ လူပုစကားကို နားလည်နေခြင်းမှာ သူ၏ တယ်လီကသီစွမ်းရည်ကြောင့်သာ ဖြစ်သည်။ အကယ်၍ သူ့ကို စာသားအစုအဝေးတစ်ခု ပေးလိုက်ပါက သူ လုံးဝ ဖတ်နိုင်မည်မဟုတ်ပေ။

“အဟန့်အတားမရှိ ဆက်သွယ်နိုင်တာကတင် ကျွမ်းကျင်တယ်လို့ ခေါ်လို့ရနေပါပြီ။”

ဂျက်ဖ်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ရှောင်း ခင်ဗျား တကယ်ပဲ အလက် ၁၀၀ ရောင်းပေးမှာလား။”

“ရောင်းမှာ မဟုတ်ဘူး၊ ပေးမှာပါ။”

ရှောင်းယီက ဆိုသည်။

“ခင်ဗျားတို့ မသေမျိုးတွေကို ကာကွယ်တဲ့နေရာမှာ အထောက်အကူဖြစ်ဖို့က အဓိကပါပဲ။”

“ဒီလောက်အဆင့်မြင့်တဲ့ လက်နက်တွေကို လက်ဆောင်အဖြစ်တော့ ငါတို့ လက်မခံနိုင်ပါဘူး။ မင်းနဲ့ ဘာပစ္စည်းနဲ့ လဲလှယ်ရင်ကောင်းမလဲဆိုတာ ငါခဏ စဉ်းစားပါရစေဦး။”

ဂျက်ဖ်က စတင် တွေးတောတော့သည်။ ထိုအခါ ကော်နာက ချက်ချင်းပင် ဝင်ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က အုတ်မြစ်ကျောက်တွေ လိုအပ်နေတယ်။ အဲ့ဒီ အုတ်မြစ်ကျောက်တွေက ခင်ဗျားရဲ့ ဘဏ္ဍာတိုက်ထဲမှာ ဒီတိုင်းရှိနေတော့လည်း ဘာမှ အသုံးဝင်တာမှ မဟုတ်တာ။ အကုန်သာ ထုတ်ပေးလိုက်စမ်းပါ။”

ကော်နာ၏ စကားကို ကြားသောအခါ ဂျက်ဖ် အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။

“မင်းက အုတ်မြစ်ကျောက်တွေ လိုနေတာလား။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“အုတ်မြစ်ကျောက်တွေက ကျုပ်ရဲ့ ကျွန်းကို ပိုပြီး ကျယ်ပြန့်စေနိုင်သလို ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အလားအလာကိုလည်း ပိုကောင်းစေတယ်။”

“ကောင်းပြီ။ ဒါဆိုရင်တော့ အုတ်မြစ်ကျောက်တွေနဲ့ပဲ ကုန်သွယ်ကြတာပေါ့။”

ဂျက်ဖ်က လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ ကျုပ် အလွန်ဝမ်းမြောက်မိပါတယ်။ ဒါပေမဲ့ ကျုပ်ပြောခဲ့သလိုပဲ ဒီစက်သေနတ် အလက် ၁၀၀ ကိုတော့ လက်ဆောင်အဖြစ်ပဲ ပေးပါ့မယ်။ နောင်တစ်ချိန် ထပ်ဝယ်ချင်တယ်ဆိုမှ အုတ်မြစ်ကျောက်တွေနဲ့ ဝယ်ပေါ့။ ဈေးနှုန်းကိုတော့ ဘုရင်ကော်နာ ဝယ်တဲ့ဈေးအတိုင်းပဲ ပေးပါ့မယ်။”

ကော်နာက နှုတ်ခမ်းဆူလိုက်၏။

“ဂျက်ဖ်...ခင်ဗျားက ကျုပ်ရဲ့ အဆက်အသွယ်ကြောင့် အကျိုးအမြတ် ရနေတာနော်။ နောက်ကျရင် ကျုပ်ကို အရက်သေချာ တိုက်ရမယ်။”

“ပြဿနာမရှိဘူး။ ငါတို့တိုင်းပြည်က အကောင်းဆုံး မုယောအရက်တွေကို ထုတ်ပေးမယ်။ မူးတဲ့အထိ သောက်ကြတာပေါ့။”

ဂျက်ဖ်က ပြုံးကာ ပြန်ဖြေလိုက်သည်။။သို့သော် မထင်မှတ်ဘဲ ကော်နာက ခေါင်းခါပြလိုက်သည်။

“ခင်ဗျားတို့တိုင်းပြည်က အဲ့ဒီ အရည်တွေကို ဘယ်သူက သောက်ချင်လို့လဲ။ ကျုပ်က ကျုပ်တို့ မဟာမိတ်အဖွဲ့က အကောင်းဆုံး အရက်တွေကိုပဲ ခင်ဗျားကို တိုက်ခိုင်းချင်တာ။”

ဂျက်ဖ်တစ်ယောက် အနည်းငယ် မှင်တက်သွား၏။

“အရင်တုန်းက မင်း ဒီကို လာလည်တုန်းက အဲ့ဒီလို မပြောခဲ့ပါဘူး။ နေ့တိုင်း အဲ့ဒီအရက်တွေကို ငါ ဘယ်တော့ ထုတ်ပေးမလဲဆိုတာ မျှော်လင့်နေခဲ့တာ မဟုတ်ဘူးလား။”

“ဒါက အဲ့ဒီတုန်းက ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အရက်တွေကို မမြည်းစမ်းဖူးသေးလို့လေ။”

ကော်နာက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ခင်ဗျားသာ တစ်ငုံလောက် သောက်ကြည့်လိုက်ရင် တခြားဘယ်အရက်ကိုမှ သောက်ချင်တော့မှာ မဟုတ်ဘူး။”

“မင်းက ဒီလိုတောင် ပြောနေမှတော့ မင်းပြောတဲ့ အရက်ကို ငါ တကယ် မြည်းကြည့်ချင်လာပြီ။”

ဂျက်ဖ်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့ဆီကို လာပြီး မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။”

ရှောင်းယီက ဘေးမှနေ၍ ပြုံးကာ ပြောလိုက်သည်။

အားလုံး စကားပြောနေကြစဉ်မှာပင် မသေမျိုးမျိုးနွယ်မှာ မီတာငါးရာကျော်အထိ နောက်သို့ ဆုတ်သွားခဲ့ရသည်။

“အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ မသေမျိုးတွေကို ကျွန်တော်မျိုးတို့ ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပါပြီ။”

စစ်သည်တစ်ဦးက အနားသို့လာ၍ သတင်းပို့လိုက်သည်

“ဒါက အဓိကအားဖြင့် လူသားမျိုးနွယ်ရဲ့ စစ်ကူတွေကြောင့်ပါပဲ။”

ဂျက်ဖ်က ခေါင်းညိတ်ပြီး ရှောင်းယီဘက်လှည့်ကာ ပြောလိုက်သည်။

“ဒီတစ်ခါ ငါတို့ကို လာရောက်ကူညီပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။”

“မလိုပါဘူး။ မသေမျိုးတွေက ကျုပ်တို့အားလုံးရဲ့ ဘုံရန်သူပဲ။ အကယ်၍ သူတို့က ခင်ဗျားတို့ရဲ့ ကာကွယ်ရေးလိုင်းကို ဖောက်ထွက်သွားမယ်ဆိုရင် ကျုပ်တို့လည်း အေးအေးဆေးဆေး နေရမှာမဟုတ်ဘူး။”

ရှောင်းယီက လက်ကာပြရင်း ပြောလိုက်သည်။ ထိုအချိန်တွင် ကျန်းယွင်ထျန်း လျှောက်လာပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ရန်သူ့လက်နက်ကို ငါတို့ ရရှိခဲ့ပါပြီ။ ဒါက ကာဘိုင်ရိုင်ဖယ်ပဲ။”

ကျန်းယွင်ထျန်း၏ လက်ထဲရှိ ကာဘိုင်ရိုင်ဖယ်ကို ကြည့်ပြီး ရှောင်းယီ မျက်မှောင်ကြုတ်သွားတော့သည်။

[ဆီမီးအော်တိုမက်တစ် ကာဘိုင်ရိုင်ဖယ် (SS + အဆင့်): ဤလက်နက်ကို မသေမျိုးမျိုးနွယ်က ရရှိထားခြင်းဖြစ်ပြီး အလိုအလျောက် အဆင့်မြှင့်တင်ခြင်း ခံထားရသည်။ အချက်အလက် အမျိုးမျိုးမှာ SS အဆင့်ရှိ ဆီမီးအော်တိုမက်တစ် ကာဘိုင်ရိုင်ဖယ်ထက် အနည်းငယ် သာလွန်သည်။]

ထိုစဉ် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသဖြင့် ရှောင်းယီက မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

“ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ဒီလိုလှည့်ကွက်မျိုး ထပ်သုံးပြန်ပြီလား။”

ပထမတွင် ရှောင်းယီက သူသည် မသေမျိုးမျိုးနွယ်နှင့် ပူးပေါင်းနေသည့် အဖွဲ့ကို မဖော်ထုတ်နိုင်သေးသဖြင့် ကာဘိုင်ရိုင်ဖယ်မှာ မသေမျိုးများလက်ထဲ ရောက်သွားခြင်းဖြစ်မည်ဟု ထင်ခဲ့သည်။

ယခုကြည့်ရသည်မှာ ကာဘိုင်ရိုင်ဖယ်များ ပိုင်ဆိုင်ထားသည့် မဟာမိတ်အဖွဲ့တစ်ခုခုမှာ မသေမျိုးများ၏ ချေမှုန်းခြင်းကို ခံလိုက်ရခြင်းဖြစ်ပေလိမ့်မည်။

ကျန်းယွင်ထျန်းက ရှောင်းယီ၏ စကားကို ကြားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ....။”

“ဒီသေနတ်တွေကို မသေမျိုးတွေက လုယူသွားတာပဲ။ လုယူသွားပြီးတာနဲ့ အဲ့ဒါတွေက အလိုအလျောက် အဆင့်မြှင့်တင်ခြင်း ခံလိုက်ရတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အရင်တုန်းက ဒေသခံတွေ ငါတို့လက်နက်တွေကို လုယူတုန်းကလိုမျိုးလား။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ဟုတ်တယ်။”

“ဒါဆိုရင်တော့ နောင်တစ်ချိန် အဆင့်မြင့်လက်နက်တွေကို ပြင်ပကို ရောင်းချတဲ့နေရာမှာ တကယ်ပဲ သတိထားရတော့မယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အင်း...။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို ငါအရင် ပြန်နှင့်တော့မယ်။”

ထိုအချိန်တွင် ကော်နာက ဝင်ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ငါတို့ လူပုတိုင်းပြည်က တပ်ဖွဲ့တွေကို ဒီကိုလွှတ်ပြီး မသေမျိုးတွေကို သတ်တဲ့နေရာမှာ ကူညီပေးချင်ပါတယ်။”

“ကောင်းပြီ၊ ကျုပ် သဘောတူတယ်။”

ရှောင်းယီက တုံ့ပြန်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်....”

ယခင်က လူပုတိုင်းပြည်၏ စစ်တပ်မှာ ကျန်းယွင်ထျန်း၏ တစ်ပေါင်းတည်း စီမံခန့်ခွဲမှုကို လက်ခံခဲ့စဉ်ကပင် မဟာမိတ်အဖွဲ့က စစ်တပ်အသုံးပြုရန် လိုအပ်ပါက လူပုစစ်တပ်အနေဖြင့် နာခံရမည်ဟု သဘောတူညီခဲ့ပြီးသားဖြစ်သည်။ အကယ်၍ ၎င်းတို့ဘာသာ စစ်တပ်ကို အသုံးပြုလိုပါက ရှောင်းယီနှင့် ကျန်းယွင်ထျန်းထံ လျှောက်ထားရမည်ဖြစ်သည်။

ရှောင်းယီ ထိုနေရာမှ ချက်ချင်း ထွက်ခွာလာခဲ့သည်။ အဆင့်မြင့်လက်နက်များ ပိုင်ဆိုင်ထားသည့် မဟာမိတ်အဖွဲ့များအနေဖြင့် ထိုလက်နက်များ မသေမျိုးများလက်ထဲ မရောက်သွားစေဖို့ သတိပေးရန်အတွက် သူ မဟာမိတ်အဖွဲ့သို့ အမြန်ဆုံး ပြန်ရန် လိုအပ်နေသည်။ မဟုတ်လျှင် မသေမျိုးမျိုးနွယ်ကို ကိုင်တွယ်ရသည်မှာ ပို၍ ပို၍ ခက်ခဲလာပေလိမ့်မည်။

ရှောင်းယီ ထွက်သွားပြီးနောက် ဂျက်ဖ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ကော်နာ မင်းတို့ဘက်က အခြေအနေက ဘယ်လိုလဲ။”

“ဘာအခြေအနေကို ပြောတာလဲ။”

ကော်နာက အနည်းငယ် ကြောင်အသွားခဲ့သည်။

“ဘာလို့ မင်းရဲ့စစ်တပ်ကို သုံးဖို့အတွက် သူ့ဆီ လျှောက်ထားနေရတာလဲ။”

ဂျက်ဖ်က သံသယဖြင့် မေးလိုက်သည်။ ကော်နာက ပြုံးလိုက်သည်။

“ဒါက ကျုပ်တို့ သဘောတူညီထားပြီးသား ကိစ္စပါ။ ကျုပ်တို့ တိုင်းပြည်ရဲ့ စစ်တပ်ကို မဟာမိတ်အဖွဲ့ရဲ့ တစ်ပေါင်းတည်း စီမံခန့်ခွဲမှုအောက်မှာ ထားထားတာလေ။”

“အဲ့ဒီလိုဆိုရင် မင်းမကြောက်ဘူးလား...”

ဂျက်ဖ်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

“ကြောက်ရမှာလား။”

ကော်နာက ပြုံးကာ ခေါင်းခါပြလိုက်သည်။

“စိတ်ချပါ။ တကယ်လို့ သူက ကျုပ်တို့ တိုင်းပြည်ကို သိမ်းချင်တယ်ဆိုရင် ဒါက အရမ်းကို လွယ်ကူတဲ့ကိစ္စပဲ။ ဘာအစီအစဉ်၊ ဘာလှည့်ကွက်မှ သုံးနေစရာ မလိုပါဘူး။ ဒါ့အပြင် ကျုပ် ကျွန်းပိုင်ရှင်ကို ယုံကြည်တယ်။”

ဂျက်ဖ်က ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို ထပ်မပြောတော့ပေ။

“တစ်ချိန်ကျရင် မင်းရဲ့တပ်ဖွဲ့တွေရဲ့ တိုက်ရည်ခိုက်ရည် ဘယ်လိုရှိမလဲဆိုတာ ငါကြည့်ချင်သေးတယ်။”

“ခင်ဗျား တကယ်ကြီး အံ့သြသွားလိမ့်မယ်လို့ ကျုပ် ထင်တယ်။”

ကော်နာက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဟုတ်လား။ ဒါဆိုရင်တော့ ငါ တကယ်ကို မျှော်လင့်နေမိပြီ။”

ဂျက်ဖ်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“စောင့်ကြည့်နေလိုက်ပါ။ ကျုပ်တို့ မကြာခင် ပြန်လာခဲ့မယ်။ အဲဒီအခါကျရင် မဟာမိတ်အဖွဲ့ရဲ့ အရက်အချို့ပါ ယူလာပေးမယ်။ ခင်ဗျား မြည်းစမ်းကြည့်လိုက်ရင် ခင်ဗျားတို့ရဲ့ မုယောအရက်တွေက တကယ်ကို သောက်ရခက်တယ်ဆိုတာ သိသွားလိမ့်မယ်။”

“ကောင်းပြီ။ ငါ ဒီမှာပဲ စောင့်နေမယ်။”

ဂျက်ဖ်က တုံ့ပြန်လိုက်သည်။ ထို့နောက် ကော်နာသည်လည်း ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ကျန်းယွင်ထျန်းနှင့် အခြားသူများသည်မူ ဤနေရာတွင် ဆက်လက်ကျန်ရှိနေပြီး မသေမျိုးများ၏ ထိုးစစ်ကို ဆက်လက် ဟန့်တားနေကြသည်။ ကော်နာက သူ၏တပ်ဖွဲ့များကို ခေါ်လာပြီးမှသာ သူ ပြန်လည် ဆုတ်ခွာမည်ဖြစ်သည်။

ယခုအခါ မဟာမိတ်အဖွဲ့အတွင်းရှိ လူပုစစ်တပ်မှာ လူသားမျိုးနွယ်များကဲ့သို့ပင် လက်နက်ကိရိယာ အစုံအလင် တပ်ဆင်ထားပြီး စက်သေနတ်တပ်စုများလည်း ရှိကြသည်။ ၎င်းတို့ စစ်ကူရောက်လာသည်နှင့် သူ၏ စက်သေနတ် ၅ လက်မှာ လိုအပ်တော့မည် မဟုတ်ပေ။

အခန်း ၁၁၀၀- မသေမျိုးတို့၏ တိုးတက်လာမှုနှင့် မဟာမိတ်လူပုမျိုးနွယ်၏ ပံ့ပိုးကူညီမှု

ရှောင်းယီသည် လေဟာနယ်တံခါးမှတစ်ဆင့် မဟာမိတ်ကျွန်းသို့ ပြန်ရောက်လာပြီးနောက် ဂရုထဲတွင် ချက်ချင်း ပြောလိုက်သည်။

“အားလုံးပဲ ကိုယ့်ဆီမှာရှိတဲ့ အဆင့်မြင့်လက်နက်တွေကို မပျောက်ပျက်အောင် အထူးဂရုစိုက်ကြပါ။ ကျုပ် အခုတင် ရှေ့တန်းမှာ ကျုပ်ရောင်းထားတဲ့ ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ်တွေကို တွေ့ခဲ့ရတယ်။ စုံစမ်းကြည့်ချက်အရ အဲ့ဒါတွေကို မသေမျိုးမျိုးနွယ်က လုယူသွားတာပဲ။”

“မဖြစ်နိုင်တာ...။ ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ်ကို ကိုင်ထားပြီးမှ မသေမျိုးတွေဆီမှာ ဘယ်လိုလုပ် အလုခံလိုက်ရတာလဲ။”

“ဟုတ်ပါ့ ဒီလောက်အဆင့်မြင့်တဲ့ လက်နက်ရှိရင် မသေမျိုးတွေကို အေးဆေး ဟန့်တားထားနိုင်ရမှာလေ။”

“တော်ကြပါတော့ဗျာ...အဲ့ဒါ ကျုပ်တို့ မဟာမိတ်အဖွဲ့ပါ။ ကျုပ်တို့ ကျွန်းခွဲတစ်ခု ကျဆုံးသွားပြီ။”

“ဘာဖြစ်လို့လဲ။ သူဌေး ပေးတဲ့ ကာဘိုင်ရိုင်ဖယ်တွေနဲ့တောင် မခုခံနိုင်ဘူးလား။”

“အရင်တုန်းကဆိုရင် သူတို့က အတင်းတိုးဝင်တာမျိုးပဲ လုပ်တာ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့က စစ်ဗျူဟာတွေ သုံးလာကြတယ်။”

“စစ်ဗျူဟာ သုံးတယ် ဟုတ်လား။ မဖြစ်နိုင်တာ...။ မသေမျိုးတွေရဲ့ တစ်ခုတည်းသော ဗျူဟာက လူအင်အားနဲ့ ဖိတိုက်တာ မဟုတ်ဘူးလား။”

“မဟုတ်ဘူး...။ သူတို့က အရှေ့ကနေ အသံပေးပြီး အနောက်ကနေ တိုက်ခိုက်တာမျိုးတောင် လုပ်တတ်နေပြီ။ မနေ့ညက ကျုပ်တို့ မဟာမိတ်အဖွဲ့နဲ့ တွေ့တဲ့ မသေမျိုးတွေက အဲ့ဒီအတိုင်း ကစားသွားတာ။ ကံကောင်းလို့ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲက တစ်ယောက်က ယီရန်ပင်းဆီမှာ စစ်ပညာ သွားသင်ထားဖူးလို့ပေါ့။ မဟုတ်ရင် အပေါ်ကလူလိုပဲ ပေါ့ပေါ့တွေးမိပြီး ဒုက္ခရောက်ကုန်မှာ။”

“ဟုတ်တယ်...။ ဒါပေမဲ့ ဒီဗျူဟာတွေက ရိုးရှင်းပါတယ်။ လူတိုင်းသာ နည်းနည်း ဂရုစိုက်မယ်ဆိုရင် သူတို့အကွက်ထဲ မဝင်သွားနိုင်ပါဘူး။”

“ဟူး... အဲ့ဒါတော့ မှန်ပါတယ်။ ဒါပေမဲ့ လူဆိုတာ အမှားနဲ့ မကင်းဘူးလေ။ ဘာမှတတ်နိုင်ဘူး။”

“အဲ့ဒီ မသေမျိုးတွေက ကာဘိုင်ရိုင်ဖယ်တွေကို လုသွားပြီးရင်ကော ဘယ်လိုသုံးရမလဲဆိုတာ သိလို့လား။”

“သိတယ်။”

ရှောင်းယီက အခိုင်အမာ ပြန်ဖြေလိုက်သည်။

“ဒါကို ကျုပ်တို့ ရှေ့တန်းမှာ အတည်ပြုပြီးပြီ။ တစ်ချိန်တည်းမှာပဲ မသေမျိုးတွေမှာ တပ်မှူးတွေ ရှိနေတာကိုလည်း တွေ့ခဲ့ရတယ်။ အဲဒီတပ်မှူးတွေက လေဟာနယ်တံခါးတွေကနေတစ်ဆင့် ရောက်လာတာ ဖြစ်နိုင်တယ်။ နောင်အခါကျရင် မသေမျိုးတွေက ပိုပြီး ကောက်ကျစ်လာနိုင်တယ်။”

“ချဘဲ... အဲ့ဒီ အရိုးခြောက်တွေမှာ တပ်မှူးတွေတောင် ရှိနေတာလား။”

“ဟုတ်ပါ့တယ်။ သူတို့မှာ ဦးနှောက်တောင် မရှိတော့ဘဲနဲ့ ဦးနှောက် သုံးနေကြတာလား။”

“ဇွန်ဘီးတွေမှာ တပ်မှူးရှိတာကတော့ ဦးနှောက်ကျန်သေးလို့ နားလည်ပေးလို့ရပေမဲ့ အရိုးစုတွေမှာ တပ်မှူးရှိတာကတော့ နည်းနည်းတော့ လွန်လွန်းမနေဘူးလား။”

“လွန်တာ မလွန်တာ အသာထား...ငါတို့ ဒီကမ္ဘာကို ရောက်လာတာက ပိုတောင် လွန်သေးတယ်။”

“ဟူး... ဘာမှ မပြောတော့ဘူး။ ငါလည်း ငါ့လူတွေကို ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီလွှတ်ပြီး စစ်ပညာ သွားသင်ခိုင်းတော့မယ်။”

ထိုစဥ် ရှောင်းယီက ဆက်ပြောလိုက်သည်။

“အဆင့်မြင့်လက်နက်တွေကို ကာကွယ်ဖို့ ကျုပ် အရင်ကလည်း အလေးအနက် ပြောခဲ့ဖူးပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းကတော့ အဲ့ဒီလက်နက်တွေသာ မသေမျိုးတွေလက်ထဲ ရောက်သွားရင် အလိုအလျောက် အဆင့်မြှင့်တင်ခြင်းခံရမှာမို့လို့ပဲ။ ဒါက ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ပြောင်းလဲလိုက်တာ ဖြစ်နိုင်တယ်။”

“သေစမ်း... နောက်တစ်ခါလား။ အရင်တုန်းကလည်း ဒေသခံတွေ ငါတို့ပစ္စည်းတွေကို လုသွားရင် အလိုအလျောက် အဆင့်မြှင့်ပေးခဲ့တာပဲ။ အခု မသေမျိုးတွေကလည်း အဲ့ဒီအတိုင်း လုပ်ပြန်ပြီလား။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသိပေးချက်မှာလည်း သူတို့က အားကောင်းလာလိမ့်မယ်လို့ ပြောထားတာပဲ။ အခုတော့ မသေမျိုးတွေက ‘ဘတ်ဖ်’ (Buff) ရသွားပြီပေါ့။ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကတော့ တကယ်ကို ထင်တိုင်းကြဲနေတာပဲ။”

“တခြားနည်းလမ်း မရှိဘူးလေ။ ရောက်လာတဲ့ အကွက်ကို ပြန်တုံ့ပြန်ရုံပဲ ရှိတာပေါ့။ ငါတို့က ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲလို့မှ မရတာ။”

“ပြောစရာ စကားတစ်ခွန်းပဲ ရှိတယ်။ ငါတို့လက်ထဲက အဆင့်မြင့်လက်နက်တွေကို မသေမျိုးတွေလက်ထဲ အရောက်မခံဘဲ ကိုယ့်ဘာသာ ဖျက်ဆီးပစ်တာက ပိုကောင်းတယ်။”

“မှန်တယ်...လူတိုင်း ဒီအချက်ကို မှတ်ထားကြပါ။”

ရှောင်းယီ အနည်းငယ် စဉ်းစားပြီး ဂရုထဲတွင် မေးလိုက်သည်။

“ခင်ဗျားတို့ လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းတွေကို ကင်းထောက်ကြည့်ပြီးကြပြီလား။”

“ကြည့်ပြီးပြီ။ ကျုပ်တို့ဘက်က လေဟာနယ်တံခါး တစ်ဖက်ခြမ်းမှာတော့ ကျယ်ပြောတဲ့ သမုဒ္ဒရာကြီးပဲ။ နာဂမျိုးနွယ်တွေက ရေမျက်နှာပြင်ပေါ်မှာ မသေမျိုးတွေကို တိုက်နေကြတယ်။”

“ကျုပ်တို့ဘက်မှာတော့ ဆန်တောမျိုးနွယ် (မြင်းတစ်ပိုင်းလူတစ်ပိုင်း) တွေပဲ။”

“ကျုပ်တို့ဘက်မှာတော့ ဝံပုလွေလူသားမျိုးနွယ်တွေပဲ။”

...

အားလုံး၏ ပြောပြချက်များကို ကြားရသောအခါ ရှောင်းယီ မျက်မှောင်ကြုတ်သွားခဲ့သည်။

လူသားမျိုးနွယ် တစ်ခုမှ မရှိဘူးလား။

ဤသည်မှာ အနည်းငယ် ထူးဆန်းနေပေသည်။

“ကျုပ်တို့ရဲ့ ကင်းထောက်ဒရုန်းက ပြန်ပျံမလာတော့ဘူး။ ရန်သူက ပစ်ချလိုက်တာ ထင်တယ်။”

“ဘာ...ရန်သူက မင်းတို့ရဲ့ ကင်းထောက်ဒရုန်းကို မြင်သွားလို့လား။”

“ကျုပ်လည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ် သတ်မှတ်ပေးထားတဲ့အချိန် ကျော်သွားပြီ။ ကင်းထောက်ဒရုန်းက ပြန်မလာသေးဘူး။”

“မသေမျိုးတွေသာ ငါတို့ ကင်းထောက်ဒရုန်းကို ရသွားမယ်ဆိုရင် အဲ့ဒါလည်း အဆင့်မြှင့်တင်ခံရဦးမှာလား။”

“စည်းမျဉ်းတွေအရဆိုရင်တော့ အဆင့်မြှင့်တင်ခံရမှာပေါ့။ ဒါပေမဲ့ သူတို့ သုံးတတ်ပါ့မလားဆိုတာက တစ်ပိုင်းပေါ့။ မသေမျိုးတွေမှာ လက်ကိုင်ဖုန်းတွေ၊ ကွန်ပျူတာတွေ ရှိတာမှ မဟုတ်တာ။ သူတို့က ကင်းထောက်ဒရုန်းကို သူတို့ဦးနှောက်နဲ့ တိုက်ရိုက်သွားချိတ်လို့ မရဘူးလေ ဟုတ်တယ်မလား။”

“ဒါကလည်း မသေချာဘူးနော်။ နောင်ကျရင် ငါတို့ကျွန်းတွေကို လာပြီး ကင်းထောက်မယ့် ဒရုန်းတွေကိုလည်း သတိထားရတော့မယ်ထင်တယ်။”

ထိုလူများ၏ စကားဝိုင်းကို ကြည့်ရင်း ရှောင်းယီ၏ ကျုံ့ထားသော မျက်မှောင်များမှာ ပို၍ နက်ရှိုင်းလာခဲ့သည်။

“အခုအချိန်မှာ လူတိုင်း အဆပေါင်းများစွာ ပိုသတိထားရမယ်။ နည်းနည်းလေးမှ ပေါ့ဆလို့ မဖြစ်ဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် မသေမျိုးတွေကို ဘယ်လို အားသာချက်တွေ ပေးဦးမလဲဆိုတာ ကျုပ်တို့ မသိနိုင်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်တယ်။ လူတိုင်း တကယ်ပဲ သတိထားပြီးရင်း သတိထားရမယ်။ လုံးဝကို ပေါ့ဆလို့ မဖြစ်ဘူး။”

“ဘယ်သူက ပေါ့ဆရဲမှာလဲ။ တစ်ယောက်ဆိုရင် ကျွန်းတောင် ဆုံးရှုံးသွားပြီလေ။ ဒါက သေခြင်း၊ရှင်ခြင်းနဲ့ဆိုင်တဲ့ ကိစ္စပဲ။”

“ကျွန်းဆုံးရှုံးသွားတဲ့ မဟာမိတ်အဖွဲ့ကို ပြောရဦးမယ်။ သူတို့ ဘာလို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြပ်ဖို့ လူမစီစဉ်ထားတာလဲ။ မသေမျိုးတွေ ကျွန်းပေါ်တက်လာပြီး မခုခံနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်မှာ အဲ့ဒါကို ရိုက်ခွဲပစ်လိုက်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် မသေမျိုးတွေကို အကျိုးအမြတ် မရစေသင့်ဘူး။”

“ဟူး... သူတို့မှာ မျှော်လင့်ချက်လေး ရှိနေသေးလို့ နေမှာပေါ့။ ဒီလောက်အချိန်အကြာကြီး တည်ဆောက်လာခဲ့ရတာဆိုတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရိုက်ခွဲပြီး လက်လျှော့လိုက်ဖို့ဆိုတာ လက်ခံရခက်မှာပဲ။”

“ခင်ဗျားတို့ရဲ့ နှမြောတွန့်တိုမှုကြောင့် မသေမျိုးတွေဆီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ ကျွန်းတစ်ကျွန်း လက်ဆောင်ပေးလိုက်သလို ဖြစ်သွားပြီလေ။ ဟူး... အဲ့ဒီကျွန်းက အရင်တုန်းက ငါတို့တွေ့ခဲ့တဲ့ မသေမျိုးကျွန်းတွေလိုမျိုး ပြောင်းသွားမလားပဲ။”

“ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ကျုပ် ခံစားရတယ်။”

“အဲ့ဒီလိုသာဆိုရင် မသေမျိုးတွေက သူတို့ရဲ့ စစ်အင်အားကို မြှင့်တင်ဖို့ အခွင့်အရေး ရသွားတာပေါ့။”

အုတ်မြစ်ကျောက်ကျွန်းများတွင် အရှိန်မြှင့်တင်ခြင်းနှင့် အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း ဂုဏ်သတ္တိများ ရှိကြသည်။ မသေမျိုးများက ထိုအချက်ကြောင့် ပိုပြီးတော့တောင် ထွက်လာဦးမလားဆိုသည်ကို ဘယ်သူမှ အသေအချာ မပြောနိုင်ပေ။

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ဂရုထဲတွင် ပြောလိုက်သည်။

“လူတိုင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အလွယ်တကူ မခွဲပစ်ဖို့ ကြိုးစားကြပါ။ အဲ့ဒါတွေ ရှိနေသေးသရွေ့တော့ ပြန်လုယူဖို့ အခွင့်အရေး ရှိနေသေးတယ်။”

သူ ဤသို့ ပြောခြင်းမှာ အသက်ရှင်ကျန်ရစ်သူများ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ဆက်လက်ထိန်းသိမ်းထားစေရန် အားပေးခြင်းလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်းအထိမ်းအမှတ်တိုင်များသည် ဤနေရာမှ ထွက်ခွာနိုင်ခြင်းနှင့် ဆက်စပ်နေသောကြောင့်ပင်။

“တွေ့လား...သူဌေးကတောင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အလွယ်တကူ မခွဲပစ်နဲ့လို့ ပြောနေပြီ။ ငါတို့ရဲ့ ရွေးချယ်မှုက မှန်ကန်တဲ့ပုံပဲ။”

“မှန်တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ သူဌေးက ပြန်လုယူဖို့ အခွင့်အရေး ရှာရမယ်လို့လည်း ပြောသေးတယ်လေ။”

“ကျုပ်တို့လည်း အခု အခွင့်အရေး ရှာနေတာပဲ မဟုတ်ဘူးလား။”

“ဒါကတော့ ခက်ဦးမယ်ထင်တယ်။ မသေမျိုးတွေက အဲ့ဒီကျွန်းကို သိမ်းပိုက်ပြီးပြီဆိုရင် သူတို့ရဲ့ တပ်တွေကို ဆက်တိုက် တိုးချဲ့နေမှာပဲ။ ပြီးတော့ ကျွန်းရဲ့ အသစ်ပြန်ဖြစ်တဲ့ ဂုဏ်သတ္တိကြောင့် ကျွန်းပေါ်မှာ မသေမျိုးတွေ ပိုပိုပြီး များလာလိမ့်မယ်။”

“တစ်နေ့ကျရင် ဆုံးရှုံးသွားတဲ့ကျွန်းကို ပြန်လုနိုင်မယ်လို့ ငါယုံကြည်တယ်။ အရင်ဆုံး တွေ့ခဲ့ရတဲ့ မသေမျိုးကျွန်းတွေမှာလည်း သေမျိုးမဲ့တွေ အများကြီးပဲလေ။ ဒါပေမဲ့ ငါတို့ သူတို့ကို အနိုင်ရခဲ့တာပဲ။”

အုပ်စုထဲက ဆွေးနွေးမှုများကို ကြည့်ပြီး ရှောင်းယီသည် ဖုန်းကို သိမ်းလိုက်ကာ လေဟာနယ်တံခါးမှတစ်ဆင့် ရှေ့တန်းသို့ ပြန်သွားခဲ့လိုက်သည်။

ထိုအချိန်တွင် ကော်နာသည်လည်း လူပုတိုင်းပြည်မှ စစ်သည်များနှင့်အတူ ရောက်ရှိလာပြီဖြစ်သည်။

စစ်သည်တင်ယာဉ်များ တစ်စီးပြီးတစ်စီး သူ၏မျက်စိရှေ့တွင် ရပ်တန့်သွားသည်ကို ကြည့်ရင်း ဂျက်ဖ်မှာ တကယ်ပင် အံ့သြတုန်လှုပ်သွားရသည်။

ဤကဲ့သို့သော စက်မျိုးက လူအများကြီးကို ဤမျှမြန်မြန်ဆန်ဆန် သယ်ဆောင်လာနိုင်သည်လော။

ထိုလေဟာနယ်တံခါးမှ ဤနေရာအထိ အကွာအဝေးမှာ ကီလိုမီတာ နှစ်ရာခန့် ရှိကြောင်း ဂျက်ဖ် သိထားသည်။ ကော်နာသည် သုံးနာရီမပြည့်မီမှာပင် အသွားအပြန် ခရီးစဉ်ဖြင့် စစ်ကူများကို ခေါ်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ကော်နာသည် ယာဉ်ပေါ်မှ ဆင်းလာပြီး ပြုံးကာ ပြောလိုက်သည်။

“ဘယ်လိုလဲ။ ကျုပ်တို့ရဲ့ အရှိန်က မြန်တယ် မဟုတ်လား။”

ဂျက်ဖ်က လက်မထောင်ပြလိုက်သည်။ ထို့နောက် ကော်နာက သူ၏စစ်သည်များကို ညွှန်ကြားလိုက်သည်။

“ငါတို့ရဲ့ မစ်ရှင်က သူတို့နဲ့ ပူးပေါင်းပြီး ဒီကာကွယ်ရေးလိုင်းကို ထိန်းထားဖို့နဲ့ မသေမျိုးတွေရဲ့ ထိုးစစ်ကို ဟန့်တားဖို့ပဲ။”

“ဟုတ်ကဲ့...။”

All Chapters