← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

ကံတရားကိုရောင်းစားမယ်

အခန်း (၁) ထီဆိုင် ဟုတ်လား။

ကောင်းကင်ကြယ်တာရာတိုက်ကြီး ချင်းကျိုးပြည်နယ်၊ နင်ယန်မြို့ပြင် သုံးဆယ်လီ

အကွာအဝေး၌။

ထိုနေရာတွင် စိမ်းလန်းသော သစ်တောများကြား၌ခမ်းနားစွာ ရပ်တည်နေသည့် ထူးခြားလှသော

နှစ်ထပ်တိုက်အဆောက်အအုံ တစ်ခုရှိလေသည်။ အစိမ်းရောင် အုတ်ကြွပ်မိုးများ၊

အပြာရောင်အုတ်နံရံများဖြင့် တည်ဆောက်ထားပြီး မြေညီထပ်တွင် အမိုးပွင့်

ခြံဝင်းငယ်လေးတစ်ခုလည်း ပါရှိ၏။ ခြံဝင်းအရှေ့ဘက် ခပ်လှမ်းလှမ်းတွင် အကျယ်

သုံးမီတာခန့်ရှိသော လမ်းငယ်လေးတစ်ခု ရှိသော်လည်း ခရီးသွားလာသူ အလွန်

ရှားပါးလှသည်။

လီယွဲ့က ဆိုင်ပေါက်ဝတွင် ထိုင်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သူက

အလုပ်ထွက်ထားပြီး အလုပ်လက်မဲ့ဖြစ်နေသဖြင့်

ဖခင်ဖြစ်သူ၏ ဆိုင်ကို ကူညီစောင့်ပေးရင်း အလုပ်ရှာဖွေရေး

အက်ပ်များကို မွှေနှောက်နေခဲ့ခြင်းဖြစ်သညါ။ နေ့လည်ဘက်တွင် ဆိုင်အသွားအလာ

ပါးသဖြင့် အပေါ်ထပ်သို့ တက်၍ တစ်ရေးအိပ်လိုက်ရာမှ နိုးလာသောအခါ

အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိလာမှန်း

သိလိုက်ရတော့သည်။

ပို၍ ရယ်စရာကောင်းသည်မှာ သူတို့မိသားစု ကိုယ်တိုင်ဆောက်ထားသော နှစ်ထပ်တိုက်လေးနှင့်

မြေညီထပ်ရှိ ထီဆိုင်လေးသည်ပါ သူနှင့်အတူ တစ်ပါတည်း ကူးပြောင်းလာခဲ့ခြင်းပင်။

သနားစရာကောင်းသော သူ၏ဖခင်မှာမူ အိမ်လည်းမရှိ၊

စီးပွားရေးလည်းမရှိနှင့် တစ်သက်လုံး

ရှာဖွေထားသမျှ သုညဘဝမှ ပြန်စရတော့မည်ကို တွေးမိတိုင်း သူ စိတ်မကောင်း ဖြစ်မိသည်။

သူသည်လည်း ကူးပြောင်းသူများ၏ ထုံးစံအတိုင်း ‘စနစ်’ ဟူသော ရွှေလက်ချောင်းလေးကိုတော့

ရရှိထားပေသည်။ ထိုစနစ်၏ တာဝန်မှာ “ထီဆိုင်ကို ဖွင့်လှစ်ရန်” ပင်။

ဤသည်မှာ ရယ်စရာကောင်းလွန်းလှသည် မဟုတ်ပါလော။ ယခု အခြားကမ္ဘာကို

ကူးပြောင်းလာပြီဖြစ်ရာ သူက ဇာတ်လိုက်

ဖြစ်ရမည်လေ။ မိုးကွဲမြေဟက် စွမ်းအားကြီးမားရမည့်အစား

ထီလာရောင်းနေရသည်တဲ့လား။ ပြီးတော့

ဘယ်ထီဆိုင်က လူပြတ်တဲ့ နေရာမှာ သွားဖွင့်ဖူးလို့လဲ။ ဤကဲ့သို့

လူသူလေးပါး ကင်းမဲ့သော တောခေါင်ခေါင်တွင် အနီးဆုံးမြို့သို့ သွားရန်ပင် ခြေလျင် နှစ်နာရီခန့် လျှောက်ရမည် ဖြစ်ရာ စီးပွားရေး ကောင်းစရာ အကြောင်းကိုမရှိချေ။

သို့သော် စနစ်ကမူ သူ၏ သူဌေးဟောင်း အတိုင်းပင် အကောင်းချည်းသာ ပြောဆိုနေခဲ့သည်။

ထီဆိုင်လေးကိုသာ သေချာစီမံအုပ်ချုပ်နိုင်ပါက လိုချင်တာ အကုန်ရမည်ဟု ကတိပေးထားလေ၏။

လီယွဲ့ခမျာလည်း မတတ်သာသည့်အဆုံး ယုံကြည်လိုက်ရတော့သည်။ စနစ်၏ ရှင်းပြချက်အရ

ဤကမ္ဘာသည် တန်ခိုးကျင့်စဉ်ကမ္ဘာ ဖြစ်ကြောင်း သူ သိရှိထားသည်။

နေရာတိုင်းတွင် အန္တရာယ်များ ကိန်းအောင်းနေပြီး

သာမန်လူတစ်ယောက်အနေဖြင့် အရမ်းကာရော

လျှောက်သွားနေပါက အကြောင်းမဲ့သက်သက် အသက်ပျောက်သွားနိုင်ပေသည်။ သို့ဖြစ်ရာ စနစ်ကို

ယုံကြည်ခြင်းကသာ လီယွဲ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေတော့၏။

“ထူးဆန်းလိုက်တာ၊ ဒီနေရာမှာ ဘယ်တုန်းက အဆောက်အအုံကြီး ဆောက်လိုက်တာလဲ” “လွန်ခဲ့တဲ့

ရက်အနည်းငယ်က ငါဖြတ်သွားတုန်းက မရှိသေးပါဘူး။ ဒီနေ့မှ... ထူးဆန်းလိုက်တာကွာ”

“ပုံစံက ဆန်းကြယ်ပေမယ့် တော်တော်တော့ ခမ်းနားတယ်။ တောကြီးမျက်မည်းထဲမှာ

တကယ်ပဲ လူနေလို့လား” “ဟေ့ ဟိုမှာ ကြည့်စမ်း၊ လူတစ်ယောက် ရှိနေတယ်”

တစ်မနက်ခင်းလုံး ဆိုင်ပေါက်ဝတွင် ထိုင်နေသော်လည်း ခွေးတစ်ကောင်မျှ ဖြတ်မသွားသော

ဤကဲ့သို့ ခေါင်ဖျားလှသည့် နေရာတွင် လူသံကြားလိုက်ရသဖြင့် လီယွဲ့တစ်ယောက်

ချက်ချင်း တက်ကြွသွားကာ မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးများဖြင့်

လှမ်းကြည့်လိုက်သည်။

သူတို့မှာ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် အရွယ်ခန့်ရှိသော လူငယ်သုံးဦးဖြစ်လေသည်။

“ညီငယ်တို့... ဆိုင်ထဲဝင်ပြီး ပျော်စရာလေးတွေ လာလုပ်ကြမလား” “ပျော်စရာ...ဘာပျော်စရာလဲ”

ပြည့်တန်ဆာရုံများမှ မိန်းမငယ်များကလည်း ဤကဲ့သို့ပင် ခေါ်ဝေါ်လေ့ရှိရာ လူငယ်သုံးဦးမှာ အလိုအလျောက်ပင် တင်ပါးများ

ရှုံ့သွားကြတော့သည်။

လီယွဲ့၏ မျက်နှာမှာ မည်းမှောင်သွား၏။ ဤကမ္ဘာက လူငယ်လေးများရဲ့ အတွေးက ဤမျှပင်

ညစ်ညမ်းနေရသလား။ သူက ကိုယ်ကို အနည်းငယ် စောင်းပေးလိုက်ကာ

ခြံဝင်းနံရံတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို

ပြသလိုက်သည်။

“ထီဆိုင်”

ထိုဆိုင်းဘုတ်၏ ဘေးတွင် ဒေါင်လိုက် စာတန်းနှစ်ကြောင်းကို ရေးသားထားလေသည်။ “ဘဝက အရသာ

ပေါ့ပျက်လွန်းနေရင် ထီလက်မှတ်လေးနဲ့ အရသာ ဖြည့်စွက်လိုက်ပါ။” “တစ်ကြိမ်လောက်

ကံထူးသွားတာနဲ့ တစ်သက်လုံး စည်းစိမ်ခံစားရမယ်။”

အလယ်တွင်ရပ်နေသော ပိန်ပိန်ပါးပါး လူငယ်လေးက ထိုစာသားကို ခပ်တိုးတိုး ဖတ်လိုက်သည်။

“ဒီ... ထီ ဆိုတာက ဘာကို ပြောတာလဲဗျ”

လီယွဲ့က ပြုံးလိုက်ပြီး “ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အရာပဲ”

“ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ် ဟုတ်လား။ ဆိုင်ရှင်... စကားက နည်းနည်းလွန်မနေဘူးလား” “စကားနဲ့ ပြောနေတာထက်စာရင် ဆိုင်ထဲ

ဝင်ကြည့်ကြတာပေါ့”

လူငယ်ဖြစ်သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် “ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် ငါတို့က နွေဦးရာသီ အပန်းဖြေ ထွက်လာကြတာပဲ။ လုပ်စရာလည်း မရှိဘူးဆိုတော့ ဝင်ကြည့်ကြတာပေါ့” “ကြွပါခင်ဗျာ”

မြေညီထပ်က ထီဆိုင်ဖြစ်ပြီး ကျယ်ဝန်းလှကာ လူနှစ်ဆယ်ခန့် အေးဆေး ဝင်ဆန့်သည်။

အခြားကမ္ဘာသို့ ကူးပြောင်းလာသည်ဖြစ်ရာ ထီဆိုသည်မှာလည်း

ယခင်ကဲ့သို့တော့ မဟုတ်တော့ပေ။ ဂျက်ကော့ထီများ၊ နှစ်ရောင်ခြယ်ဘောလုံးထီများ မရှိသေးချေ။ စနစ်၏ ပြောကြားချက်အရ ထိုအရာများကို နောင်မှ

တဖြည်းဖြည်း ဖြည့်စွက်သွားမည် ဖြစ်သည်။ လောလောဆယ်တွင် ခဲခြစ်ကတ်အမျိုးအစား တစ်ခုတည်းသာ ရှိလေသည်။

“’ပျော်ရွှင်ခြင်း’ တဲ့လား” “ဒီကတ်ပြားသေးသေးလေးကို ခင်ဗျားက ထီလက်မှတ်လို့

ခေါ်တာလား” “ဟုတ်ပါတယ်။ တစ်ကတ်ကို ရွှေဒင်္ဂါး နှစ်ပြားပဲ

ကျသင့်ပါမယ်။ ဖုံးကွယ်ထားတဲ့ နေရာလေးတွေကို ခြစ်ကြည့်လိုက်လို့

ဆုပေါက်ခဲ့ရင် အနည်းဆုံးတော့ အရင်းပြန်ရမှာပါ။ ဂျက်ကော့ဆုကြီးသာ

ပေါက်သွားရင်တော့ ဆုကြေးက မယုံနိုင်စရာပဲ”

ရွှေဒင်္ဂါးများသည် ဤကမ္ဘာ၏ အသုံးအများဆုံး ငွေကြေးများထဲမှ တစ်ခုဖြစ်သည်။ ရွှေ၊

ငွေ နှင့် ကြေး ဟူ၍ ရှိကာ ကြေးပြား တစ်ရာလျှင် ငွေတစ်ကျပ်၊ ငွေတစ်ရာလျှင်

ရွှေတစ်ပြားနှင့် ညီမျှသည်။

“ရွှေဒင်္ဂါး နှစ်ပြားတောင် ဟုတ်လား။ ဒီစက္ကူလေး တစ်ရွက်ကို အဲဒီလောက်ပေးရတာ အရမ်း

ဈေးမကြီးလွန်းဘူးလား”

လီယွဲ့က ရယ်မောလိုက်ပြီး “လူလေးတို့... ဒါက သာမန် စက္ကူ မဟုတ်ဘူးလေ။ ဒီ

‘ပျော်ရွှင်ခြင်း’ ခြစ်ကတ်ရဲ့ အမြင့်ဆုံးဆုက ရွှေဒင်္ဂါး

တစ်သောင်းအထိ ရှိတယ်လို့ပဲ မှတ်ထားလိုက်ပါ” “ရွှေဒင်္ဂါး တစ်သောင်း”

ထိုစကားကို ကြားသောအခါ လူငယ်လေးများ၏ မျက်လုံးများ ပြူးကျယ်သွားကာ အလွန်တရာ

အံ့အားသင့်သွားကြတော့သည်။ သူတို့သည် ချမ်းသာသော မိသားစုများမှ

ဆင်းသက်လာကြသော်လည်း လူငယ်လေးများသာ ဖြစ်ရာ ရွှေဒင်္ဂါး တစ်သောင်းဟူသည်

သူတို့အတွက် မိုးပေါ်က ဂဏန်းတစ်ခုလိုပင် များပြားလွန်းလှသည်။

“ဒါပေါ့... ဒါပေမယ့် ဒါက ဖြစ်တန်စွမ်း အပေါ်မှာလည်း မူတည်သေးတယ်။

ဘာမှ မပေါက်တာလည်း ဖြစ်နိုင်သလို၊ တစ်ကတ်တည်းနဲ့ ရွှေဒင်္ဂါး တစ်သောင်း

ဆုကြီးကို ပေါက်ချင်လည်း ပေါက်သွားနိုင်တယ်။ လွယ်လွယ်ပြောရရင်တော့

ကံတရားသက်သက်ပဲ”

“သြော်... လောင်းကစားရုံတွေနဲ့ နည်းနည်းတော့တူသားပဲ။ စိတ်ဝင်စားစရာပဲ”

“ဘယ်လိုလဲ... တစ်ကတ်လောက် စမ်းကြည့်မလား”

“ကောင်းပြီလေ... ရွှေဒင်္ဂါး နှစ်ပြားလောက်တော့ စမ်းကြည့်ကြတာပေါ့”

လီယွဲ့က ရွှေဒင်္ဂါး နှစ်ပြားကို ယူကာ အံဆွဲထဲ ထည့်လိုက်ပြီးနောက်

‘ပျော်ရွှင်ခြင်း’ ခြစ်ကတ် တစ်ထပ်ကို

ကမ်းပေးလိုက်သည်။

“ကြိုက်တာ တစ်ခု ရွေးလိုက်”

အလယ်မှ လူငယ်လေးသည် အလယ်တည့်တည့်မှ ကတ်တစ်ခုကို ကျပန်း ဆွဲယူလိုက်သည်။ ထို့နောက်

သူက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ရွှေဒင်္ဂါး တစ်ပြားကို ထုတ်ကာ

အလိုအလျောက်ပင် စတင် ခြစ်လေတော့သည်။

ဤကမ္ဘာမှ ရွှေဒင်္ဂါးများသည် ခေတ်သစ်ကမ္ဘာမှ ငွေဒင်္ဂါးများနှင့် ဆင်တူပြီး အရောင်နှင့် ပါဝင်သော သတ္တုများသာ ကွာခြားခြင်း ဖြစ်သည်။

“ငါ ပေါက်မပေါက်ကို ဘယ်လို သိနိုင်မလဲ”

“ဘယ်ဘက် အပေါ်ထောင့်မှာ ကြည့်လိုက်ပါ၊

အဲဒီမှာ အသေးစိတ် ညွှန်ကြားချက်တွေ ရေးထားတယ်”

‘ပျော်ရွှင်ခြင်း’ ခြစ်ကတ်တွင် ခြစ်ရမည့် နေရာ ဆယ့်နှစ်ခု ပါဝင်ရာ ဆုပေါက်နိုင်ခြေ ဆယ့်နှစ်ကြိမ် ရှိလေသည်။ စည်းမျဉ်းများကလည်း ရိုးရှင်းလှသည်။ ‘ပျော်ရွှင်ခြင်း’

ဟူသော စာလုံးကို ခြစ်မိသည်နှင့် အောက်တွင် ရေးသားထားသော ပမာဏအတိုင်း

ဆုကြေးရရှိမည် ဖြစ်သည်။

“ဘာမှ မပါဘူး”

“လွဲပြန်ပြီ”

“ဘာမှ မရှိဘူး”

လူငယ်သုံးဦးမှာ ခေါင်းချင်းဆိုင်ကာ ပွစိပွစိ ရေရွတ်ရင်း ခြစ်နေကြသည်။ လီယွဲ့ကတော့

ဘေးမှနေ၍ သဘောကျစွာ ကြည့်နေလေသည်။ အခြားကမ္ဘာတစ်ခုတွင် ဤကဲ့သို့

မြင်ကွင်းမျိုးကို မြင်တွေ့ရသည်မှာ အတော်လေး

လက်တွေ့မဆန်သလို ခံစားရ၏။ သို့သော် ထီကိစ္စနှင့်

ပတ်သက်လာလျှင်မူကား... ကောင်းပြီလေ...

သိတဲ့သူတွေကတော့ သိကြပါတယ်။ သူ့မိသားစုက ထီဆိုင် ဖွင့်ထားသော်လည်း

သူကိုယ်တိုင်ကတော့ ထိုအရာများကို တစ်ခါမျှ ဝယ်ဖူးခြင်း မရှိချေ။

“ထွက်လာပြီ... ငါ ‘ပျော်ရွှင်ခြင်း’ ကို ရပြီကွ” ပိန်ပိန်ပါးပါး လူငယ်လေးသည်

စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။

လီယွဲ့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။ ပထမဆုံး ကတ်မှာတင်

ဆုပေါက်သွားသည်တဲ့လား။ “ဆိုင်ရှင်... ဒါဆို

ဆုပေါက်တယ်လို့ သတ်မှတ်တာမလား”

လီယွဲ့က ကိုယ်ကို ကိုင်းကာ ကြည့်လိုက်သည်။ တကယ်ပင် ‘ပျော်ရွှင်ခြင်း’ ဟူသော

စာလုံးလေး ပေါ်နေပြီး အောက်တွင် အာရပ်ဂဏန်း ၂ မဟုတ်ဘဲ တရုတ်စာလုံး

‘နှစ်’ ဟု ရေးသားထားလေသည်။ ဤစနစ်က တော်တော်လေး စေ့စပ်သေချာသည်ဟု ဆိုရမည်။

“ဂုဏ်ယူပါတယ်။ ညီလေး ရွှေဒင်္ဂါး နှစ်ပြား ပေါက်သွားပြီဆိုတော့ အရင်းတော့

ကျေသွားပြီ။ နည်းနည်းလေး ခြစ်စရာ ကျန်သေးတယ်၊

ဆက်ခြစ်ကြည့်ပါဦး” “ကောင်းပြီ”

လူငယ်လေး၏ မျက်နှာမှာ အနည်းငယ် နီမြန်းလာပြီး သူ၏ စိတ်ဝင်စားမှုမှာ ယခင်ကထက်

သိသိသာသာ မြင့်တက်လာတော့သည်။ ဤသည်မှာ ထီ၏ သဘာဝပင်တည်း။

စွဲလမ်းသွားရန် လွယ်ကူသလို၊ ဆော့လေလေ ပို၍

စိတ်အားထက်သန်လာလေလေ ဖြစ်တတ်သည်။

“နောက်တစ်ခု... နောက်ထပ် ပေါက်ပြန်ပြီကွ” လီယွဲ့ လှမ်းကြည့်လိုက်တော့ တကယ်ပင်

ဖြစ်နေသည်။ နောက်ဆုံး ထောင့်နေရာလေးတွင် နောက်ထပ် ‘ပျော်ရွှင်ခြင်း’

တစ်ခု ပေါ်လာခဲ့၏။ ယခုတစ်ကြိမ် ပမာဏမှာမူ ပိုများလေသည်။ ရွှေဒင်္ဂါး ငါးပြား။

ဆုပေါက်နိုင်ခြေက ဒီလောက်တောင် များနေတာလား။

“ဂုဏ်ယူပါတယ်။ ညီလေးရဲ့ ကံကတော်တော်ကောင်းတာပဲ။ ဆုငွေကို အခုချက်ချင်း ထုတ်ယူမလား ဒါမှမဟုတ်...”

“နောက်တစ်ကတ် ထပ်ယူမယ်”

လီယွဲ့ စကားပင် မဆုံးလိုက် လူငယ်လေးက ဖြတ်ပြောလိုက်သည်။

“ကောင်းပြီ၊ အဲဒါဆို ခဏနေမှ ငါ စာရင်းရှင်းပေးမယ်”

သူက နောက်ထပ် တစ်ကတ်ထပ်ယူလိုက်သည်။ ဒုတိယကတ်တွင်လည်း ရွှေဒင်္ဂါး နှစ်ပြားထပ်ပေါက်ပြန်သည်။

“နောက်တစ်ခု”

တတိယကတ်တွင် ရွှေဒင်္ဂါး ငါးပြား ထပ်ပေါက်သည်။ လူငယ်လေးများမှာ အလွန်တရာ စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။

ရုတ်တရက် သူတို့က လီယွဲ့အား လှမ်းကြည့်လိုက်ကြ၏။

“ဆိုင်ရှင်... ခင်ဗျား နောက်မှကတိမဖျက်ဘူး မဟုတ်လား”

လီယွဲ့က လက်ကို ယမ်းကာ ခပ်ပေါ့ပေါ့ပင် တုံ့ပြန်လိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ…ဒီလောက်ကြီးတဲ့ ဆိုင်ကြီး ဖွင့်ထားတာ၊ ကျုပ်က ဘယ်ကို ထွက်ပြေးရမှာလဲ”

“ဒါလည်း ဟုတ်တာပါပဲ။ ဆိုင်ရှင်ရဲ့ ဒီအဆောက်အအုံကြီးက ကြီးမားရုံတင်မကဘူး ပုံစံကလည်း ထူးခြားတယ်။ ဒီလိုမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါဆောက်ဖို့ ပိုက်ဆံ တော်တော်များများ ကုန်ထားမှာဆိုတော့ ရွှေဒင်္ဂါးနှစ်ပြားလောက်နဲ့တော့ ငါတို့ကို လိမ်မှာ မဟုတ်ပါဘူး”

“သေချာပေါက်ပေါ့”

လီယွဲ့က သူ့ကိုကြည့်ကာ ဆက်ပြောလိုက်သည်။

“ထပ်ယူဦးမလား”

“ဆက်ပေးပါ။ ဒီနေ့ ငါ့ကံတွေ ကောင်းနေသလိုပဲ။ ငါ့ကို ချက်ချင်း ငါးကတ်လောက် ပေးလိုက်စမ်းပါ နောက်မှပဲ စာရင်းရှင်းကြတာပေါ့”

ဤသည်မှာ ပိုက်ဆံကို ကောက်ရနေသကဲ့သို့ ဖြစ်ရာ မည်သူက ငြင်းဆန်မည်နည်း။

ထို့နောက်တွင်တော့ လူငယ်သုံးဦးသည် သူတို့၏

ကြိုးပမ်းမှုကို ဆက်လက် လုပ်ဆောင်ကြရာ ပို၍ပို၍

ရူးသွပ်လာကြတော့သည်။

ပထမကတ်... ဘာမှမရှိ။ ဒုတိယကတ်... ဘာမှမရှိ။ တတိယကတ်... ရွှေဒင်္ဂါး နှစ်ပြား။

စတုတ္ထကတ်... ဘာမှမရှိ။ ပဉ္စမကတ်... ဘာမှမရှိ။

“ဆိုင်ရှင်... နောက်ထပ် ငါးကတ်။ မဟုတ်ဘူး... ဆယ်ကတ် ပေးဗျာ”

လီယွဲ့က တည်ငြိမ်စွာပင် ထီကတ်များကို ကမ်းပေးလိုက်ရင်း စိတ်ထဲမှ

သက်ပြင်းချလိုက်သည်။ သေချာပါတယ်။ အကုန်လုံးက

ချထားတဲ့ ထောင်ချောက် သက်သက်ပဲ။ စွဲလမ်းသွားအောင် အစပိုင်းမှာ ဆုအသေးလေးတွေ ပေးမယ်၊

အဲဒီနောက်ပိုင်း ကျန်တာတွေ အကုန်လုံးက တွင်းနက်ကြီးပဲ။

“အစ်ကိုလျို... ခင်ဗျား ကံကုန်သွားပြီ ထင်တယ်။ ကျွန်တော့်ကို စမ်းကြည့်ခွင့်ပေးပါဦး”

“မင်းဘာသာ မင်းဝယ်စမ်းပါ။ ငါကတော့ ဒီနေ့မှ

မပေါက်ရကောင်းလားကွာ”

ဤသို့ဖြင့် ဒုတိယမြောက် ထီရူးသွပ်သူလေးသည်လည်း ကျော့ကွင်းထဲသို့

သက်ဆင်းသွားလေတော့သည်။ တတိယမြောက်လူကရော

အဝေးကြီးမှာ ကျန်နေခဲ့ဦးမည်လား။ ထိုစဉ် ပထမဆုံး ထီရူးလေးက ရုတ်တရက်

အော်ဟစ်လိုက်ပြန်သည်။

“ရွှေဒင်္ဂါး နှစ်ဆယ်... ငါ လုပ်နိုင်တယ်လို့ ပြောသားပဲ”

လီယွဲ့က ပြုံးလိုက်ကာ

“ဂုဏ်ယူပါတယ်။ ဆက်လုပ်ဦးမလား”

“ဆက်လုပ်မယ်ကွာ”

ကောင်းပြီလေကောင်းပြီလေ... သူကတော့

ရူးသွပ်သွားချေပြီ။

“ငါလည်း ရွှေဒင်္ဂါး ဆယ်ပြား ပေါက်တယ်ကွ”

“နောက်ထပ် ရွှေဒင်္ဂါး ငါးပြားဟေ့”

ထိုအခါ တစ်ချိန်လုံး တုံ့ဆိုင်းနေခဲ့သော နောက်ဆုံး လူငယ်လေးသည် သွားကို

တင်းတင်းကြိတ်ကာ လီယွဲ့အား လှမ်းကြည့်လိုက်တော့သည်။

“ဆိုင်ရှင်... ကျွန်တော့်ကိုလည်း နှစ်ကတ်ပေးဗျာ”

ဤသို့ဖြင့် တတိယမြောက် ထီရူးသွပ်သူလေးသည်လည်း ကျော့ကွင်းထဲသို့ အောင်မြင်စွာ

ကျဆင်းသွားလေတော့သည်။

ကံတရားကိုရောင်းစားမယ်

အခန်း (၂) အကြုံစီးခြင်း

တစ်နာရီခန့် ကြာပြီးနောက်...

ထီရူးသွပ်သူ လူငယ်သုံးဦးသည် ထီဆိုင်ထဲမှ ထွက်လာကြသည်။ သူတို့ထဲမှ နှစ်ဦးမှာ

ငေးကြောင်ကြောင် ဖြစ်နေပြီး တစ်ဦးကမူ ပျော်ရွှင်စွာ

ပြုံးရွှင်နေလေသည်။

“ဒါ မဟုတ်သေးပါဘူးကွာ... ငါသေချာပေါက် ရွှေဒင်္ဂါး နှစ်ဆယ်တန် ဆုနှစ်ခုကို ခြစ်မိတာလေ ဘယ်လိုလုပ်ပြီး ရွှေဒင်္ဂါး ဆယ်ပြား ရှုံးသွားရတာလဲ”

“မင်း ခြစ်မိတဲ့ အလွတ်ကတ်တွေက ဘယ်လောက်တောင် များနေပြီလဲ ပြန်ကြည့်ဦး”

“ဟူး... သိသာ သိခဲ့ရင် ငါ အရှုံးမပေါ်ခင်ကတည်းက ရပ်လိုက်သင့်တာ”

“ငါကတော့ ဉာဏ်ကောင်းတယ်။ အချိန်မီ ရပ်လိုက်လို့ ရွှေဒင်္ဂါး ငါးပြားအမြတ်ကျန်ခဲ့တယ်”

“ငါ့ ပိုက်ဆံအိတ်ထဲ ပြောင်သွားတာလေးပဲ နမြောစရာ ကောင်းနေတယ်။ ငါ့စိတ်ထဲ

ထင်နေတာတော့ နောက်ထပ် တစ်ကတ်လောက်သာ ထပ်ခြစ်လိုက်ရင် သေချာပေါက် ဆုကြီး

ပေါက်တော့မှာ... ရွှေဒင်္ဂါး တစ်သောင်းတောင်

ဖြစ်ချင်ဖြစ်မှာကွ”

“ငါ ဆုံးဖြတ်လိုက်ပြီ…မနက်ဖြန်ကျရင် နောက်တစ်ကြိမ် လာတိုက်ခိုက်ဦးမယ်”

“ငါလည်း ပါမယ်”

“ဒါပေမယ့် ငါ့တို့မုန့်ဖိုးတွေ ကုန်သွားပြီလေ”

“မင်း အစ်မဆီက တောင်းပေါ့ကွ”

“အင်း... အဲဒါလည်း ဟုတ်တာပဲ”

ထီဆိုင်အတွင်း၌မူ လီယွဲ့တစ်ယောက် ရွှေဒင်္ဂါးများကို ပျော်ရွှင်စွာ ရေတွက်နေလေသည်။

ပထမဆုံး စီးပွားရေး အလုပ်အဖြစ် ဖောက်သည်များအား ဆုငွေ ပြန်အမ်းပြီးသည်အထိ သူကရွှေဒင်္ဂါး လေးဆယ့်ခြောက်ပြား အမြတ်ရလိုက်သည်။

မဆိုးပါဘူး။ သူက ရွှေဒင်္ဂါး အများစုကို အံဆွဲထဲ ထည့်သွင်းလိုက်ပြီး ကျန်သည်များကို

အိတ်ကပ်ထဲ ထိုးထည့်ကာ မြို့ထဲသို့ သွားရန် ပြင်ဆင်လိုက်သည်။

“ပထမဆုံး အရောင်းအဝယ်ကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် အိမ်ရှင်ကို

ဂုဏ်ပြုပါတယ်။ ဆုကြေးတွေ ပေးအပ်ပါတော့မယ်”

“ဗားရှင်းသစ် ခြစ်ကတ်(၁) ခု”

“စွမ်းအားနယ်မြေ ဖွင့်လှစ်ခြင်း ၁ စတုရန်းမီတာ”

လီယွဲ့ အံ့အားသင့်သွားသည်။ ဗားရှင်းသစ် ခြစ်ကတ်ကို နားလည်ရန် လွယ်ကူသော်လည်း ဒီစွမ်းအားနယ်မြေ ဆိုတာက ဘာကို ဆိုလိုတာလဲ။

“အိမ်ရှင်ကို ဗဟိုပြုပြီး တစ်စတုရန်းမီတာ ပတ်လည်အတွင်းမှာ အိမ်ရှင်က ဘယ်သူမှအနိုင်မယူနိုင်တဲ့ မရှုံးနိုင်သော အခြေအနေကို ရရှိပါမယ်”

စနစ်၏ အဖြေကြောင့် လီယွဲ့ ရင်ထဲ၌ ဝမ်းသာလုံးဆို့သွားတော့သည်။

မရှုံးနိုင်ဘူးတဲ့လား...။ ဒါက အလွန်ကောင်းမွန်လှသည်။ ဤစွမ်းအားဖြင့်ဆိုလျှင် ဤကမ္ဘာ၌ သူ၏အသက်အန္တရာယ်အတွက် ပူပန်ရန် မလိုတော့ပေ။

“စနစ်... မင်းက လူလိုသူလိုတော့ တစ်ခုခု လုပ်ပေးနိုင်သားပဲလို့ ငါ ချီးကျူးရတော့မယ်”

“အိမ်ရှင်ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်”

သူက ဗားရှင်းသစ် ခြစ်ကတ်ကို ကြည့်လိုက်သည်။ တစ်ကတ်လျှင် ရွှေဒင်္ဂါး နှစ်ဆယ်ကျသင့်မည် ဖြစ်ပြီး အမြင့်ဆုံးဆုမှာ ‘ခြင်ဆီသန့်စင်ဆေးရည်’ ဖြစ်လေသည်။

“စနစ်၊ ဒီအရာက ဘာကြီးလဲ”

ဏ္ဍ“အိမ်ရှင်ကို ဖြေကြားပါ့မယ်။ ခြင်ဆီသန့်စင်ဆေးရည် ဆိုတာက

လူတစ်ယောက်ရဲ့ အရိုးအကြောတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို

သန့်စင်ပေးပြီး လောကရဲ့ ဝိညာဉ်စွမ်းအင်တွေကို

ခံစားသိရှိနိုင်အောင်၊ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်

လျှောက်လှမ်းနိုင်အောင် ကူညီပေးတဲ့ အရာဖြစ်ပါတယ်”

ကောင်းကင်ကြယ်တာရာ တိုက်ကြီးတွင် ကျင့်ကြံသူများ၏ အဆင့်များကို အဆင့် ၉ ခု

ခွဲခြားထားသည်။ နဝမအဆင့်သည် အနိမ့်ဆုံးဖြစ်ပြီး ပထမအဆင့်သည်အမြင့်ဆုံး ဖြစ်၏။

နဝမအဆင့် ချီသန့်စင်ခြင်း၊ အဋ္ဌမအဆင့် အဆီအနှစ်သန့်စင်ခြင်း၊ သတ္တမအဆင့် ဝိညာဉ်မွေးမြူခြင်း၊ ဆဋ္ဌမအဆင့် ရွှေဒန်တည်ဆောက်ခြင်း၊ ပဉ္စမအဆင့် ခရမ်းရောင်စံအိမ်၊ စတုတ္ထအဆင့် ပေါင်းစည်းခြင်း၊ တတိယအဆင့်

တာအိုပေါင်းစည်းခြင်း၊ ဒုတိယအဆင့် အထွတ်အထိပ် နှင့် ပထမအဆင့် သူတော်စင်နယ်ပယ်

တို့ဖြစ်ကြသည်။

အဆင့်တိုင်းကို အစောပိုင်း၊ အလယ်အလတ်၊ နောက်ပိုင်း၊ အထွတ်အထိပ် ဟူ၍ အငယ်စား နယ်ပယ်

လေးခု ထပ်မံ ခွဲခြားထားသည်။

ပါရမီအရည်အချင်းများကိုလည်း သာမန်၊ အဝါရောင်အဆင့်၊ နက်နဲသောအဆင့်၊ ကမ္ဘာမြေအဆင့်၊

မိုးကောင်းကင်အဆင့်၊ အထွတ်အထိပ်အဆင့်၊ ဂုဏ်သရေရှိအဆင့် နှင့် မသေမျိုးအဆင့် ဟူ၍ ခွဲခြားထားပြန်သည်။ အရည်အချင်း ပိုမြင့်လေ၊ ကျင့်ကြံမှုအရှိန် ပိုမြန်လေဖြစ်ပြီး ကျင့်ကြံခြင်း လမ်းခရီးတွင် ပို၍ ခရီးရောက်လေ ဖြစ်သည်။

“နားထောင်ရတာ... ဒီပစ္စည်းက တော်တော် တန်ဖိုးကြီးမယ့်ပုံပဲ”

“တစ်တိုက်ကြီးလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ တန်ဖိုးကြီးတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

ဒါပေမယ့် ချင်းကျိုးပြည်နယ်ထဲက နင်ယန်မြို့လို ခေါင်ဖျားတဲ့

နေရာတွေမှာတော့ တန်ဖိုးဖြတ်မရနိုင်လောက်အောင် ရှားပါးပါတယ်”

ကောင်းကင်ကြယ်တာရာ တိုက်ကြီးတွင် နိုင်ငံနှစ်ခု ရှိသည်။ ဖုန်းအင်ပါယာ နှင့် ဝူအင်ပါယာ တို့ဖြစ်သည်။

ဝူအင်ပါယာတွင် ပြည်နယ် ကိုးခု ရှိသည်။ ချင်းကျိုးမှာ ဖုန်းအင်ပါယာနှင့် အနီးဆုံးပြည်နယ်ဖြစ်ပြီး နင်ယန်မြို့သည် ချင်းကျိုးပြည်နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသော မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ ရှေ့သို့ လီငါးဆယ်၊ ခြောက်ဆယ်ခန့် သွားလျှင်

ဖုန်းမင်တောင် ဟုခေါ်သော ခမ်းနားလှသည့် တောင်တန်းကြီး

ရှိပြီး တောင်ခြေတွင် ရှိုးရွှေမြစ် ဟုခေါ်သည့် ကွေ့ကောက်နေသော မြစ်တစ်စင်းစီးဆင်းနေသည်။ ဖုန်းမင်တောင်မှ နောက်ထပ် လီတစ်ရာခန့် အကွာသည် ဝူအင်ပါယာနှင့်

ဖုန်းအင်ပါယာတို့၏ နယ်စပ် ဖြစ်သည်။ ထိုနေရာတွင် ဝူနှင့် ဖုန်း အင်ပါယာနှစ်ခုကြား ဆုံမှတ်ဖြစ်သော ပိုယန်မြို့ ဟုခေါ်သည့် နယ်စပ်မြို့လေးတစ်မြို့လည်း ရှိပြီး ၎င်းသည်လည်း ချင်းကျိုးပြည်နယ် အတွင်း၌ပင် ပါဝင်သည်။

“အဆင့်လိုက်တာဝန်ပေးအပ်ခြင်း - ရွှေဒင်္ဂါး ငါးထောင် ဝင်ငွေ ရှာဖွေပါ”

ရွှေဒင်္ဂါး ငါးထောင်ဆိုသည်မှာ သိပ်မများလှသော်လည်း နည်းပါးလှသည်တော့ မဟုတ်ပေ။

ရွှေဒင်္ဂါး နှစ်ဆယ်တန် ခြစ်ကတ်များကို အားကိုးပါက ဖောက်သည် အနည်းငယ်ထပ်ရသည်နှင့် ရက်အနည်းငယ်အတွင်း ပြီးမြောက်နိုင်သော်လည်း ဆိုင်တည်နေရာက အနည်းငယ်တော့ ခက်ခဲနေသည်။

ဖြည်းဖြည်းချင်းပဲ လုပ်ရတော့မည်။ ကူးပြောင်းလာပြီးနောက် သူ၏ အိမ်၌ ချက်ပြုတ်စရာ

ပါဝင်ပစ္စည်းများ မရှိတော့သော်လည်း မီးဖိုချောင်သုံး ပစ္စည်းများ အားလုံးရှိနေသေးသည်။ လျှပ်စစ်မီး မရှိသော်လည်း ခေတ်မီပစ္စည်းများကို ဤကမ္ဘာတွင် အသုံးပြု၍ ရနေသေး၏။ ဤအရာအားလုံးမှာ သေချာပေါက် စနစ်၏ ကျေးဇူးကြောင့်ပင်။

အချိန်စောနေသေးသဖြင့် လီယွဲ့ ဆိုင်ကိုပိတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

“ဒီ ကျိန်စာသင့်နေတဲ့ နေရာကြီးကွာ...”

လီယွဲ့ ခြေလျင် လျှောက်လာခဲ့သည်။ အကွာအဝေးက လီသုံးဆယ်ခန့် ရှိရာ

မြို့ထဲရောက်ချိန်တွင် မှောင်နေလောက်ပြီ

ဖြစ်သည်။ ဤနေရာမှာ ခေတ်သစ်ကမ္ဘာနှင့် မတူဘဲ မိုးချုပ်သည်နှင့် ဆိုင်များ ပိတ်လေ့ရှိကြသည်။

“ကြုံရာစီးလို့ ရမယ့် ကားများ ရှိမလား”

သူက လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ

လိုက်ကြည့်နေသည်။ ခဏအကြာတွင် သူ၏ ကြိုးပမ်းမှု

အရာထင်သွားကာ အဝေးမှ ရထားလုံး တစ်စီး ဖြည်းညင်းစွာ

မောင်းနှင်လာသည်ကို မြင်လိုက်ရ၏။

“အစ်ကိုကြီး...”

လီယွဲ့က လမ်းဘေးမှနေ၍ လက်လှမ်းပြလိုက်ရာ ရထားလုံးသည် ဖြည်းညင်းစွာ

ရပ်တန့်သွားလေသည်။ မြင်းလှည်းဆရာမှာ

လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။

“ဘာကိစ္စ ရှိလို့လဲ”

“အစ်ကိုကြီးက နင်ယန်မြို့ကို သွားမှာလား”

လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် ခေါင်းညိတ်ပြသည်။ လီယွဲ့ အလွန် ဝမ်းသာသွား၏။

“အစ်ကိုကြီး... ကျွန်တော့်ကို အကြုံလေး ခေါ်သွားပေးလို့ ရမလား။ ကျွန်တော် ကားခပေးပါ့မယ်”

အမျိုးသားက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်

“တောင်းပန်ပါတယ်။ ရထားလုံးထဲမှာ နေရာမရှိတော့လို့ပါ”

ထိုသို့ပြောပြီးနောက် သူက မြင်းကြိမ်တံကို မြှောက်ကာ

ဆက်လက် ထွက်ခွာရန် ပြင်လိုက်သည်။ အကြုံစီးရမည့် လှည်းကို ခက်ခက်ခဲခဲ

ရှာတွေ့ထားရာ လီယွဲ့က မည်သို့ အလွတ်ခံမည်နည်း။ သူက ရထားလုံးရှေ့သို့

တိုးဝင်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“ကျွန်တော်ရှေ့မှာပဲ ထိုင်လို့ ရပါတယ်။ အထဲ ဝင်စရာ မလိုပါဘူး”

“ညီလေး... တကယ်ကို အဆင်မပြေလို့ပါ၊ မင်း...”

“ဦးလေးမား... သူ့ကိုတက်ခွင့်ပြုလိုက်ပါ”

ထိုစဉ် ရထားလုံး အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အမျိုးသမီး တစ်ဦး၏ အသံဖြစ်ပြီးအသက် သိပ်မကြီးလှပေ။ သူမ၏ အသံမှာ နူးညံ့ကာ ချိုသာလှသည်။

“ဟုတ်ကဲ့ပါ”

“ကျေးဇူးတင်ပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်”

လီယွဲ့က ဆက်တိုက် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် မြင်းလှည်းဆရာ၏ ဘေးတွင်

ဝင်ထိုင်လိုက်သည်။ ရထားလုံး ဆက်လက် ထွက်ခွာလာခဲ့၏။

အကြုံစီးလာရသဖြင့် ခရီးမှာ သက်သောင့်သက်သာ ရှိကာ လျင်မြန်လှသည်။ လေပြေအေးလေးများ

တိုက်ခတ်နေသဖြင့် သူ၏ စိတ်အခြေအနေမှာလည်း သိသိသာသာ ကောင်းမွန်လာခဲ့သည်။

သိပ်မကြာမီတွင် ခရီးတစ်ဝက်ကို ကျော်လွန်လာခဲ့ပြီး ကောင်းကင်ယံမှာ မှောင်မိုက်လာလေပြီ။

မြင်းလှည်းဆရာ၏ အမြန်နှုန်းမှာလည်း သိသိသာသာ မြန်ဆန်လာသည်။

ရုတ်တရက်...။ ဝှစ်... လေထုကို ခွဲဆင်းလာသော အသံနှင့်အတူ အေးစက်သော အလင်းတန်းတစ်ခု

လက်ခနဲ ဖြစ်သွားကာ လျှို့ဝှက်လက်နက် တစ်ခုသည် သူတို့ထံ ပြေးဝင်လာလေသည်။

မြင်းလှည်းဆရာ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ထိုလက်နက်ကို

ကာကွယ်ရန် မြင်းကြိမ်တံကို ရမ်းခါလိုက်သည်။

ထန်း... ၎င်းမှာ ပျံလွှားဓားမြှောင် ပုံစံရှိသော လျှို့ဝှက်လက်နက် တစ်ခု ဖြစ်၏။

“သခင်မလေးကို ကာကွယ်ကြ”

စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံနှင့်

လူတစ်စု ကောင်းကင်ပေါ်မှ ဆင်းသက်လာကြသည်။

လီယွဲ့ အံ့အားသင့်သွားသည်။ ဤကမ္ဘာတွင် ကျင့်ကြံသူများ ရှိမှန်း သူသိထားသော်လည်း

လူများကို ငှက်များအလား ကောင်းကင်ယံတွင် ပျံသန်းနေသည်ကို ပထမဆုံးအကြိမ်

မြင်တွေ့လိုက်ရသဖြင့် အလွန်တရာ တုန်လှုပ်သွားမိသည်။ အနက်ရောင်ဝတ် လူများ၏

ပစ်မှတ်မှာ ရထားလုံး အတွင်းရှိ လူဖြစ်ကြောင်း သိသာလှသည်။ အေးစက်ကာ တောက်ပနေသော

ဓားချက်များစွာသည် ရထားလုံးဆီသို့ ထိုးစိုက်ဝင်လာကြ၏။

ဘန်း... ရထားလုံး၏ အမိုးသည် ပေါက်ကွဲထွက်သွားပြီး အမျိုးသမီး နှစ်ဦး

လွင့်စင်ထွက်လာကာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ရထားလုံးကို ဆွဲနေသော မြင်းမှာ လန့်ဖျပ်သွားပြီး ဟီသံပြုကာ

ထွက်ပြေးသွားတော့သည်။

လီယွဲ့ကမူ ပျက်စီးသွားသော ရထားလုံးဘေးတွင် ပုန်းကွယ်ရင်း အခြေအနေကို

စောင့်ကြည့်နေလေသည်။ အမျိုးသမီး နှစ်ဦးအနက် တစ်ဦးမှာ

အသက် အနည်းငယ် ပိုကြီးပြီး အစေခံပုံစံ ဝတ်ဆင်ထားသည်။ ထိုအစေခံ အမျိုးသမီးသည်

သေးသွယ်သော ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ အနက်ရောင်ဝတ် လူများစွာကို

တစ်ကိုယ်တော် ရင်ဆိုင်နေ၏။ သူမ၏ ဓားကွက်များမှာ ရေကူးနေသော နဂါးတစ်ကောင်အလား

လှုပ်ရှားနေပြီး သူမထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာလည်း ထက်ရှလှသည်။

အခြား အမျိုးသမီးမှာမူ အလွန် လှပသည်။ အသက် နှစ်ဆယ်ခန့်သာ ရှိမည်ဖြစ်ပြီး တောက်ပသော

မျက်လုံးများ၊ ဖြူဖွေးသော သွားများ၊ သေးသွယ်သိမ်မွေ့သော မျက်နှာသွင်ပြင်တို့

ပိုင်ဆိုင်ထား၏။ သို့သော် သူမ၏ မျက်နှာသွင်ပြင်မှာ ဖျားနာနေသူ တစ်ဦးအလား

အနည်းငယ် ဆိုးရွားနေသည်။ သူမက အစေခံ၏ နောက်တွင် ပုန်းကွယ်နေပြီး လုံးဝ အထိတ်တလန့်

ဖြစ်နေပုံရသည်။

အနက်ရောင်ဝတ် လူများက များပြားလှရာ အစေခံ အမျိုးသမီးမှာ တဖြည်းဖြည်းနှင့်

အသာစီးရရန် ခက်ခဲလာတော့သည်။ ထိုစဉ် လီယွဲ့၏ မျက်လုံးထောင့်မှ

တစ်စုံတစ်ခု သူ၏ထံသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသဖြင့် ရှောင်တိမ်းရန်

ဘေးသို့ ကိုင်းလိုက်သည်။

ဘန်း... ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ရထားလုံး တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ

ကွဲကြေသွားတော့သည်။ သေချာကြည့်လိုက်သောအခါ ၎င်းမှာ မြင်းလှည်းဆရာ ဖြစ်နေ၏။

သူ၏ ရင်ဘတ်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးသံရဲရဲ ဒဏ်ရာကြီး တစ်ခု ရရှိထားပြီး

မျက်နှာမှာ ဖြူရော်နေကာ အပြင်းအထန် ဒဏ်ရာရထားပုံပေါ်သည်။

လီယွဲ့မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ့အသက် နှစ်ဆယ်ကျော်

ကာလတစ်လျှောက်တွင် ဤကဲ့သို့ ကိစ္စမျိုးကို ပထမဆုံးအကြိမ်

ကြုံတွေ့ဖူးခြင်း ဖြစ်လေသည်။

ရုတ်တရက် မြင်းလှည်းဆရာကို ဒဏ်ရာရစေခဲ့သော အနက်ရောင်ဝတ် လူသည် ဓားကိုဝှေ့ယမ်းကာ

သူ၏ထံသို့ ပြေးဝင်လာလေတော့သည်။

“သေချာပြီ... ငါ့ကို အပေါင်းအပါလို့ ထင်သွားပြီပဲ”

အနက်ရောင်ဝတ် လူ၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လှသည်။ လီယွဲ့ အချိန်မီ

မရှောင်တိမ်းနိုင်တော့သဖြင့် မျက်စိကို

မှိတ်ထားလိုက်တော့သည်။

ထန်း... သတ္တုချင်း ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသော အသံကျယ်ကြီး ထွက်ပေါ်လာ၏။

လီယွဲ့ မျက်လုံးဖွင့်ကာ သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှ

ဖြစ်မနေပေ။ စွမ်းအားနယ်မြေ အတွင်းမှာ ငါက မရှုံးနိုင်ဘူးကွ။

သူက ခေါင်းမော့လိုက်ပြီး မှင်သက်နေသော အနက်ရောင်ဝတ် လူနှင့် မျက်လုံးချင်း

ဆုံလိုက်သည်။

“ဟယ်လို...”

အနက်ရောင်ဝတ် လူက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ ဓားရှည်ဖြင့် ထပ်မံ

ခုတ်ချလိုက်ပြန်သည်။ ထန်း... သူ ထပ်ခုတ်သည်။ ထန်း...

ဤထူးဆန်းလှသော မြင်ကွင်းကြောင့် အနက်ရောင်ဝတ် လူမှာ ကြောက်လန့်သွားပြီး နောက်သို့

ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။

“မင်း...”

သူက အလွန်တရာ ထိတ်လန့်သွားပြီး ထွက်ပြေးရန် ပြင်လိုက်သော်လည်း လီယွဲ့က သူ့ကို

ဖမ်းဆွဲလိုက်သည်။

“မပြေးနဲ့လေကွာ”

“ငါ့ကို လွှတ်စမ်း”

တစ်စတုရန်းမီတာ အတွင်း မရှုံးနိုင်ခြင်း ဟူသည်က သူ၏ ကာကွယ်မှုသည် ပကတိအပြည့်အဝ

ဖြစ်ရုံသာမက သူ၏ ခွန်အားသည်လည်း ပြိုင်ဘက်ကင်း ဖြစ်နေခြင်းကို ဆိုလိုသည်။

သူက အနက်ရောင်ဝတ် လူကို ဖမ်းဆွဲထားရာ ထိုလူမှာ မည်မျှပင် ရုန်းကန်စေကာမူ

လွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။

“သွားစမ်းပါကွာ”

ဝုန်း... လီယွဲ့က လက်ဖြင့် တစ်ချက် လွှဲပစ်လိုက်ရာ အနက်ရောင်ဝတ် လူသည်

လွင့်ထွက်သွားပြီး အမျိုးသမီး နှစ်ဦး၏ ရှေ့တည့်တည့်သို့

ကျဆင်းသွားလေသည်။ သူက သွေးများ အန်ထုတ်လိုက်ပြီး ခေါင်းတစ်ဖက်သို့ လည်ကျသွားကာ

လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။

“ခွေးမသား... သူက တကယ်ပဲ ဒီလောက်တောင် ပျော့ညံ့တာလား” ငါ မကြည့်ရင် မမြင်ရဘူး။ ငါသေချာ မကြည့်သရွေ့တော့ ဒီလူ မသေသေးဘူး၊ သတိလစ်သွားရုံပဲ နေမှာပါလေ။ လီယွဲ့က

ကိုယ့်ကိုယ်ကို ထိုသို့သာ နှစ်သိမ့်လိုက်သည်။ သို့သော် အစေခံ အမျိုးသမီးကမူ ထိုအနက်ရောင်ဝတ် လူအသက်ရှူ ရပ်တန့်သွားပြီ ဖြစ်ကြောင်းကို ရှင်းလင်းစွာခံစားသိရှိနေလေသည်။

ခပ်ဖွဖွလေး လွှဲပစ်လိုက်ရုံနဲ့တင် သေသွားတယ်တဲ့လား။ ဒီလူရဲ့ ခွန်အားက ဘယ်လောက်တောင်

ကြီးမားနေရတာလဲ။

“သခင်လေး... ကျွန်မတို့ကို ကူညီပေးပါဦး”

လီယွဲ့ကလီယွဲ့က ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

“မင်းတို့ကောင်တွေ ထွက်သွားလိုက်ကြပါ။ လူသတ်ပစ္စည်းလုတဲ့ အလုပ်တွေကို ဘာဖြစ်လို့ လုပ်နေကြတာလဲ”

“သေချင်နေတာလား”

အနက်ရောင်ဝတ် လူတစ်ဦးက ဟစ်အော်လိုက်ပြီး သူ၏ ဓားဖြင့် လီယွဲ့ထံသို့ ခုတ်ချလိုက်သည်။

လီယွဲ့က သက်ပြင်းကို ခပ်တိုးတိုး ချလိုက်ပြီး

“ဘာလို့ အပင်ပန်းခံနေရတာလဲကွာ”

သူကတည်ငြိမ်စွာပင် လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ဓားသွားကို တိကျစွာညှပ်ဖမ်းလိုက်သည်။ ထို့နောက် အနည်းငယ် လိမ်ချိုးလိုက်ရာ ဓားသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

လူတိုင်း မှင်သက်သွားကြသည်။

“အားလုံး အတူတူ တိုက်ခိုက်ကြ”

အနက်ရောင်ဝတ် လူများက သူတို့ မျက်စိရှေ့မှ

မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် လီယွဲ့အား ဝိုင်းဝန်း

တိုက်ခိုက်ကြတော့သည်။ လီယွဲ့သည် မတုန်မလှုပ် ရပ်နေလေသည်။ သူတို့၏ လက်နက်များ

လီယွဲ့ထံသို့ ထိမှန်သွားသောအခါ ရုတ်တရက် အဖြူရောင် အလင်းတန်း တစ်ခု လင်းလက်သွား၏။

“အား...”

လက်နက်များ အားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင်ဝတ် လူများအားလုံးမှာ နောက်သို့ လွင့်စင်ထွက်သွားကြတော့သည်။

“ထွက်သွားကြပါလို့ ပြောနေတာကို ဘာလို့ နားမထောင်ကြတာလဲ။ ကောင်းကောင်းမွန်မွန်အလုပ်တစ်ခုကို မရှာနိုင်ကြဘူးလား။ ဒီလိုအလုပ်က အန္တရာယ်များတယ် အသက်ပေးလိုက်ရရင် မတန်ဘူးလေ”

လီယွဲ့မှာ ဘာလုပ်ရမှန်း မသိတော့ပေ။ သူက အကြုံလေး စီးချင်ရုံ သက်သက်သာ ဖြစ်သော်လည်း

ယခုလို ကိစ္စမျိုးနှင့် လာပတ်သက်နေရသည်။ အနက်ရောင်ဝတ် လူများမှာ နာကျင်မှုကို

ကြိတ်မှိတ်ခံစားရင်း လီယွဲ့အား စူးရဲစွာ တစ်ချက်ကြည့်ကာ အထိတ်တလန့်

ထွက်ပြေးသွားကြလေတော့သည်။

All Chapters