← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

ကံတရားကိုရောင်းစားမယ်

အခန်း ၇။ စိတ်လှုပ်ရှားဖွယ်ရာ ရွှေဥဖောက်ခြင်း

ရှီယုံမှာ လွန်စွာမှ မတရားခံရသည်ဟု ခံစားနေရ၏။ ထိုစဉ် သူ၏ မျက်လုံးထောင့်မှနေ၍ အပြင်ဘက်ကို ရုတ်တရက် မြင်လိုက်ရသည်။ လရောင်အောက်တွင်

ရင်းနှီးကျွမ်းဝင်နေပြီး နူးညံ့သိမ်မွေ့သော

ပုံရိပ်လေးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်သို့ မျက်ရည်များ

ချက်ချင်းပင် စီးကျလာတော့သည်။

“ဝူး...”

“ဘာကို ဝူး... နေတာလဲ...ပါးစပ်ပိတ်ထားစမ်း... မင်း ထပ်ပြီးတော့ ဆိုင်ရှင်ဒေါသထွက်အောင် လုပ်မယ်ဆိုရင် ငါ မင်းကို အရေခွံခွာပစ်မယ်...”

“ဝူး... ဝူး...ဝူး...” ရှီဖျင်ယန်လည်း စကားပြောရင်း ရပ်တန့်သွားကာ သူ၏ သားဖြစ်သူကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်သောအခါ သူ၏

မျက်လုံးများမှာ အရောင်လက်သွားတော့သည်။

“မိန်းမ...”

“ခယ်မ...”

“အမေ...”

“ပါးစပ်ပိတ်ထားကြ... အသံတိုးတိုးလုပ်စမ်း...”

ရှီလုံယန်ကကျယ်လောင်စွာ ဟောက်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် တံခါးပေါက်ဆီသို့ ပြေးသွားလေသည်။

သူ၏ အရေပြားများ တွန့်လိပ်နေသော မျက်နှာအိုကြီးတွင်

အပြုံးများဖြင့် ပြည့်နှက်နေ၏။

“ဖျင်အာ... အဖေ့ကို မြန်မြန် ပိုက်ဆံလေး ဘာလေး

ပေးပါဦး...”

ထိုအမျိုးသမီးက ချိုသာစွာ ပြုံးလိုက်သည်။ “ဟုတ်ကဲ့ပါ အဖေ...”

ထိုသို့ ပြောပြီးနောက် သူမက သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူလိုက်သည်။

“အဖေ... ဒီမှာ ရွှေဒင်္ဂါး သုံးထောင်ပါ...”

“ကောင်းတယ်... လိမ္မာလိုက်တဲ့ ငါ့ချွေးမလေး...”

ရှီလုံယန်က သိုလှောင်အိတ်ကို ယူလိုက်ပြီး

ကောင်တာဆီသို့ လျင်မြန်စွာ သွားကာ ဝှေ့ယမ်းပြလိုက်သည်။

“ဟီးဟီး...ဆိုင်ရှင်... ကျုပ်တို့မှာ ပိုက်ဆံ ရှိသွားပြီဗျ...” “ပထမဆုံး

ကျုပ်တို့ အကြွေးတင်နေတဲ့ ရွှေဒင်္ဂါး သုံးဆယ်ကို အရင်ဆပ်မယ်...” “ရပါတယ်...ဒါက ရွှေဒင်္ဂါး တစ်ထောင်ပါ... ရွှေဒင်္ဂါး သုံးဆယ် ဆပ်ပြီးရင် ကျန်တဲ့ပိုက်ဆံတွေနဲ့ ဟို... ဟိုလေ... ဘာကတ်လဲဆိုတာတွေ အကုန်လုံး

လဲပေးပါဗျို့...”

လီယွဲ့က ခေါင်းညိတ်လိုက်သည်။

“နှစ်မျိုး ရှိပါတယ်...ဘယ်တစ်မျိုးကို လိုချင်တာလဲ...”

“သူတို့နဲ့ အတူတူပဲ...”

ရှီလုံယန်က သူ့ဘေးတွင် ရှိနေသော လျိုမူချင်းကို လက်ညိုးထိုးကာ ပြောလိုက်သည်။ လျိုမူချင်းက နောက်သို့ လှည့်ကာ တံတွေးထွေးလိုက်၏။

“အရှက်မရှိတဲ့ လူအိုကြီး...”

“ကောင်းပြီ...” ခြစ်ကတ် အထပ်လိုက်ကို ကိုင်ရင်း ရှီလုံယန်က

နေရာတစ်ခုကို ရှာကာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် စတင်၍

ခြစ်လေတော့သည်။

“မိန်းမ... မင်း ရောက်လာပြီကိုး...”

အကြွေးဆပ်ပြီးသွားသောအခါ ရှီဖျင်ယန်နှင့် အခြား နှစ်ယောက်တို့မှာ

လွတ်လပ်သွားပြီ ဖြစ်သည်။ သူတို့က ဆိုင်ထဲမှ အမြန်

ပြေးထွက်လာသည်နှင့် အေးစက်သော အကြည့်တစ်ချက်နှင့်

ရင်ဆိုင်လိုက်ရသည်။

“ပြောစမ်း... ဘာတွေ ဖြစ်ခဲ့တာလဲ...”

မိသားစု၏ ဘဏ္ဍာရေးမန်နေဂျာဖြစ်သူ၏ အမူအရာက အမျိုးသား သုံးဦးကို ချက်ချင်းပင် ငြိမ်ကျသွားစေသည်။

“မိန်းမ... ဒီကိစ္စတွေ အားလုံးက ဒီသားမိုက်ကြောင့် ဖြစ်ရတာပါ...”

ထို့နောက် ရှီဖျင်ယန်က သူ၏ ဇနီးဖြစ်သူ ချန်ဖျင်ကို အကြောင်းစုံ ပြောပြလိုက်သည်။

ချန်ဖျင်မှာ ထိုစကားများကို ကြားသောအခါ လန့်ဖြန့်သွားကာ ကောင်တာနောက်တွင် ငြီးငွေ့နေပုံရသော လီယွဲ့ကို ကြည့်လိုက်သည်။

“နင်ယန်မြို့မှာ ဒီလောက်အစွမ်းထက်တဲ့ သိုင်းပညာရှင် တစ်ယောက် ရှိနေတာလား...”

သူမက ဉာဏ်ကောင်းသော သူတစ်ယောက် ဖြစ်သည်။ သူမ၏ ခင်ပွန်းနှင့် တတိယဦးလေးတို့မှာ တစ်ခါတစ်ရံတွင်

ယုံကြည်ရလောက်ခြင်း မရှိသော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကိုမူ လိမ်ညာပြောဆိုမည်

မဟုတ်ပေ။ ထို့အပြင် လျိုမိသားစုမှ လူများလည်း ဤနေရာတွင် ရှိနေသည် မဟုတ်ပါလော။

“လျိုမိသားစုက လျိုဝူယီတောင် အရိုးဆေးကြောခြင်း အရည် တစ်ပုလင်းကိုပေါက်ပြီးတော့ အဆင့်တစ်ခုကို အောင်မြင်စွာ

တက်လှမ်းသွားနိုင်ခဲ့ပြီပဲ...”

ချန်ဖျင်က ရှီယုံကို ကြည့်လိုက်သည်။ သူမ၏ ကိုယ်ပိုင် သားလေးသည်လည်း လျိုဝူယီနှင့်အသက်အရွယ် တူညီကာ အရိုးဆေးကြောပြီး နိုးထရမည့် အရွယ်ပင် ဖြစ်လေသည်။ သူမက မူလက နှစ်လယ်ပိုင်းတွင် ကျင်းပမည့် ထျန်းယွမ် လေလံရုံတွင် အရိုးဆေးကြောခြင်း အရည်ကို အပြိုင်အဆိုင် ဝယ်ယူရန် စီစဉ်ထားခဲ့သော်လည်း ယခုမူ... သူမက ၎င်းကို ပို၍

စောစီးစွာ ရရှိနိုင်ပေလိမ့်မည်။ ထို့အပြင် လျိုမိသားစုသည် ရွှေဒင်္ဂါး

နှစ်ထောင်သာ သုံးစွဲခဲ့ရသည် မဟုတ်ပါလော။ ချန်ဖျင်မှာ အလွန်ပင်

စိတ်လှုပ်ရှားသွားသည်။ သူမက ဖြည်းညင်းစွာ ရှေ့သို့ တိုးသွားပြီး

ကောင်တာဆီသို့ မှီကာ တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။

“မင်္ဂလာပါဆိုင်ရှင်...”

လီယွဲ့က တုံ့ပြန်သည့်အနေဖြင့် အနည်းငယ်

ခေါင်းညိတ်ပြလိုက်သည်။

“ဆိုင်ရှင်ကိုဒုက္ခပေးသလိုတော့ ဖြစ်သွားမယ်... ဒီကတ်တွေရဲ့ စည်းမျဉ်းတွေကို ကျွန်မကို ရှင်းပြပေးလို့ ရမလား...”

“အကုန်လုံး အဲဒီအပေါ်မှာ ရေးထားပါတယ်...

စာဖတ်တတ်တဲ့ သူတိုင်း နားလည်နိုင်ပါတယ်...”

ရှီယုံက သူ့ကိုယ်သူ

စေတနာ့ဝန်ထမ်းအဖြစ် အမြန် ပြေးလာကာ

စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “အမေ... သား သိတယ်...

သား ဆော့ဖူးတယ်...” ရှီဖျင်ယန်နှင့် ရှီဖျင်ဖုန်းတို့က တစ်ယောက်ကို တစ်ယောက်

ကြည့်လိုက်ကြပြီး သူတို့လည်း ပြေးလာကြသည်။

“မိန်းမ...” “ခယ်မ...”

“ထွက်သွားစမ်း...”

“ဟုတ်ကဲ့ပါဗျာ...” (မိန်းမကြောက်တာ)

“ဆိုင်ရှင်...ကျွန်မကို ရွှေဒင်္ဂါး နှစ်ထောင်ဖိုး ခြစ်ကတ်တွေ ပေးပါ...”

လီယွဲ့မှာအံ့အားသင့်သွားသည်။ ဖောက်သည်ကြီးပါလား။ ဤအမျိုးသမီးက ပြတ်သားပြီး သပ်ရပ်စွာ လုပ်ဆောင်တတ်ပေသည်။ မိသားစုကို တာဝန်ယူရသူပီပီ သူမတွင် အရည်အချင်း ရှိပေသည်။

ရွှေဒင်္ဂါး နှစ်ထောင်ဆိုသည်မှာ ကတ်ငါးအုပ် အတိအကျပင် ဖြစ်လေသည်။

ချန်ဖျင်က သူမအတွက် သုံးအုပ်ကို သိမ်းထားပြီး သူမ၏ သားဖြစ်သူကို နှစ်အုပ်

ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် အမေ...”

ရှီယုံက ၎င်းတို့ကို ရတနာတစ်ခုသဖွယ်

တန်ဖိုးထားလေသည်။ သူက မလှမ်းမကမ်းတွင် ရှိနေသော လျိုဝူယီကို တစ်ချက်

ကြည့်လိုက်သည်။ သူက သူ့ကိုယ်သူ တိတ်တဆိတ် အားပေးလိုက်၏။ ‘သူတောင်

လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမယ်...’ သူ၏ ဘေးတွင် ရှိနေသော လူသန်ကြီး

နှစ်ယောက်မှာ စိမ်းလဲ့လဲ့ တောက်ပနေသော မျက်လုံးများဖြင့်

စိုက်ကြည့်နေကာ အနီးသို့ တိုးကပ်လာသည်ကို သူ မသိခဲ့ပေ။

“သားလေး...” “တူလေး...”

“ဟင့်အင်း... မလုပ်နဲ့နော်... အမေ...”

အသံများကို ကြားလိုက်ရသောကြောင့် ချန်ဖျင်က

လှည့်ကာ စိုက်ကြည့်လိုက်သည်။ လူသန်ကြီး နှစ်ယောက်၏ နှလုံးသားများမှာ

တုန်လှုပ်သွားတော့သည်။ သူတို့က သူတို့ လုပ်နေသည့်

အရာများကို အလိုအလျောက် ရပ်တန့်လိုက်ကြပြီး အနေခက်စွာဖြင့်

ခေါင်းကုတ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

“တတိယညီ...ဒီနေ့ ရာသီဥတုက သာယာတယ်နော်...”

“ဟုတ်တယ် အစ်ကိုကြီး... ကြယ်တွေတောင်

အများကြီးပဲ...”

လီယွဲ့မှာ အံ့အားသင့်သွားကာ မိုးကုပ်စက်ဝိုင်းဆီသို့

လှမ်းကြည့်လိုက်သည်။ ‘ကြယ်တွေ...’ ထိုနေရာတွင် ဘာမှ မရှိသည်မှာ ထင်ရှားလှပေသည်။

သူတို့က တော်တော်လေးကို အပိုပြောနေကြခြင်းပင်။

“ဟား ဟား ဟား...ဒီလူအိုကြီးတော့ ထီပေါက်ပြီဟေ့... ထီပေါက်ပြီ...”

“အဖေ...ဘာပေါက်တာလဲ...”

ရှီလုံယန်က ခါးထောက်ကာ ရပ်နေပြီး ကောင်ကင်သို့ မော့ကာ ရူးသွပ်စွာ ရယ်မောနေလေသည်။

“ကတ်တစ်ကတ်တည်းမှာ ဆုမဲနေရာ တစ်ဆယ့်နှစ်ခုစလုံး ပေါက်တယ်ကွ...”

လီယွဲ့က လှမ်းကြည့်လိုက်ရာ တကယ်ပင် မှန်ကန်နေပေသည်။ ဤအခြေအနေမျိုးကို သူ၏

ယခင်ဘဝတွင် မကြာခဏ ကြုံတွေ့ခဲ့ရဖူးသည်။ ဆုမဲနေရာ ဆယ့်နှစ်ခုစလုံး

ပေါက်နေသည့် ကတ်တစ်ကတ်တည်းပင် ဖြစ်လေသည်။ “စုစုပေါင်း ရွှေဒင်္ဂါး ရှစ်ရာတိတိပဲ...

အမြတ်ကြီးပဲဟေ့...” “အဖေ... မိုက်တယ်ဗျာ...” “ဒါပေါ့ကွ...” ရှီလုံယန်က

လျိုမူချင်းကို အနည်းငယ် ရန်စသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုသူ၏ မျက်နှာမှာ ပြာနှမ်းနေလေပြီ။

“ဘာတွေများ ဂုဏ်ယူနေရတာလဲ... ငါ့ရဲ့

ချင်းလီက ရွှေဒင်္ဂါး တစ်သိန်းတန်တဲ့ အရိုးဆေးကြောခြင်း အရည်ကိုပေါက်ထားတာကွ...”

“မင်း...”

ရှီလုံယန်မှာ ချက်ချင်းပင်

လေလျှော့သွားသလို ဖြစ်သွားတော့သည်။

“ဟွန့်... အရိုးဆေးကြောခြင်းအရည်ပဲ မဟုတ်ဘူးလား... ဒီလူအိုကြီးလည်း ပေါက်နိုင်တာပဲ... လိမ္မာတဲ့ ချွေးမလေး...

လိမ္မာတဲ့ မြေးလေး... ပိုပြီးတော့ ကြိုးစားကြစမ်း...”

မိသားစုကြီး နှစ်စုသည်

ထီဆိုင်၏ နှစ်ဖက်စွန်းတွင် ခွဲ၍ နေကြကာ အချို့က ခြစ်နေကြပြီး အချို့ကမူ မျှော်လင့်တကြီးဖြင့် ကြည့်နေကြသည်။ အချုပ်အားဖြင့် ဆိုရသော် အလွန်ပင်စည်ကားနေလေသည်။

ဤအခိုက်အတန့်တွင် လီယွဲ့မှာ စနစ်နေရာလွတ်အတွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ချန်ဖျင်၏ ရွှေဒင်္ဂါး နှစ်ထောင်ကို

ရရှိခဲ့ပြီဖြစ်ရာ အဆင့်လိုက် တာဝန်မှာ ပြီးမြောက်သွားပြီး

ဆုလာဘ်ကိုလည်း ထုတ်ပေးလိုက်ပြီ ဖြစ်သည်။

‘စိတ်လှုပ်ရှားဖွယ်ရာရွှေဥဖောက်ခြင်း’

ဘုရားရေ... ဒါက ထီဆိုင် မဟုတ်ဘူးလား။

ဘာလို့ ရွှေဥဖောက်တာကလည်း ဒီနေရာမှာ ရောက်နေရတာလဲ။

ရွှေဥဖောက်ခြင်းအတွက် စည်းမျဉ်းများမှာ

ခြစ်ကတ်များနှင့် မတူညီပေ။ ရွှေဥဖောက်ခြင်းအတွက် စုစုပေါင်း ရွေးချယ်စရာအခုတစ်ရာ ရှိပြီး တစ်ခါ ဖောက်လျှင် ရွှေဒင်္ဂါး နှစ်ဆယ် ကုန်ကျမည်

ဖြစ်သည်။ စနစ်က ဖောက်ပြီးသား ရွှေဥတိုင်းကို အလိုအလျောက် ပြန်လည်

ဖြည့်တင်းပေးမည် ဖြစ်သောကြောင့် ပေါက်နိုင်ခြေကို တိုးစေရန်အတွက် ဂိမ်းကို

လက်ဝါးကြီးအုပ်ခြင်း ပြဿနာ မရှိနိုင်ပေ။ တစ်ချိန်တည်းမှာပင် မတူညီသော

ငွေကြေးပမာဏများ၊ သာမန်လက်နက်များ၊ မှော်လက်နက်များနှင့်

ကျင့်စဉ်နည်းလမ်းများ အပါအဝင် ဆုလာဘ်များစွာ ရှိလေသည်။ သာမန်လက်နက်များမှာ

အဆင့်မရှိသော လက်နက်များ ဖြစ်ကြသည်။ စနစ်၏ ဆုလာဘ်များမှာ

သာမန်လက်နက်များထက် သဘာဝအားဖြင့် ပို၍

အစွမ်းထက်သော်လည်း မှော်လက်နက်များ၏ အဆင့်သို့မူ

မရောက်ရှိသေးပေ။

ထျန်းရှင်း ကုန်းမြေတိုက်ပေါ်ရှိ

မှော်လက်နက်များကို အဝါရောင်၊ နက်နဲသော၊ မြေကြီးနှင့်

ကောင်းကင် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ မှော်လက်နက်၏ အဆင့် မြင့်မားလေလေ

ပို၍ အစွမ်းထက်ကာ တန်ဖိုးကြီးလေလေ ဖြစ်သည်။ ကောင်းကင်အဆင့် မှော်လက်နက်များမှာ

ကမ္ဘာလောကတွင် ပို၍ပင် ရှားပါးလှသည်။ ကောင်းကင်အဆင့် မှော်လက်နက်များသည်

နေနှင့် လတို့၏ အနှစ်သာရများဖြင့် သန့်စင်ထားခြင်း ခံရကာ ဝိညာဉ်များကို

မွေးဖွားပေးနိုင်ပြီး တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း ဆိုကြသည်။ နင်ယန် ကဲ့သို့သော

အလှမ်းဝေးသည့် မြို့ငယ်လေး တစ်မြို့အတွက် အဝါရောင်အဆင့် မှော်လက်နက်များမှာ

အလွန်ပင် တန်ဖိုးကြီးမားနေပြီ ဖြစ်သည်။ နက်နဲသော အဆင့်အတွက်မူ

ဂိုဏ်းအင်အားစုများမှ အဆင့်မြင့် ပုဂ္ဂိုလ်များသာလျှင်

ပိုင်ဆိုင်နိုင်ကြပေသည်။

ကျင့်စဉ်နည်းလမ်းများမှာလည်း အတူတူပင်

ဖြစ်သည်။ အဝါရောင်၊ နက်နဲသော၊ မြေကြီး၊ ကောင်းကင်။ အဆင့် မြင့်မားလေလေ

တန်ဖိုးကြီးလေလေ ဖြစ်လေသည်။ ထို့ကြောင့် ဤ စိတ်လှုပ်ရှားဖွယ်ရာ

ရွှေဥဖောက်ခြင်း ဂိမ်းမှာ သိုင်းပညာရှင်များအတွက် ကြီးမားသော ဆွဲဆောင်မှု တစ်ခု

ဖြစ်မည်မှာ သေချာလှပေသည်။ အဆင့်လိုက် စီးပွားရေး တာဝန်အတွက် ဒုတိယဆုလာဘ်မှာမူ

နယ်မြေအကျယ်အဝန်းကို စတုရန်း မီတာငါးမီတာအထိ တိုးချဲ့ပေးခြင်းပင်ဖြစ်သည်။

“စနစ်... မင်းက တော်တော် ကပ်စေးနဲတာပဲ...

ဒီနှုန်းအတိုင်းဆိုရင် ငါက ကီလိုမီတာ

ငါးဆယ် အချင်းဝက်ကို လွှမ်းခြုံနိုင်တဲ့အထိ နယ်မြေကို ဘယ်တော့

တိုးချဲ့နိုင်မှာလဲ...”

“မလောပါနဲ့ အိမ်ရှင်... ရှေးစကား

ရှိတယ်လေ... အလျင်လိုရင် အမှားပါတတ်တယ် တဲ့...”

“ကျွတ် ကျွတ် ကျွတ်...မင်းက စာပေ အသုံးအနှုန်းတွေတောင် သုံးနေပါလား...”

နောက်ထပ် အဆင့်လိုက်ဝင်ငွေ တာဝန်မှာ ယခင် တာဝန်ထက် ဆယ်ဆ ပိုများသော ရွှေဒင်္ဂါး ငါးသောင်း

ရောင်းရငွေ လိုအပ်လေသည်။ သို့သော်လည်း သူက နင်ယန်မြို့ရှိ သူဌေးများ

အားလုံးကို ဆွဲဆောင်နိုင်မည် ဆိုပါက ထိုအရာမှာ ခက်ခဲမည် မဟုတ်ပေ။

ဆိုင်တွင် ဖောက်သည်များ တိုးလာစေရန် အကောင်းဆုံး နည်းလမ်းမှာ တစ်ဆင့်စကား

တစ်ဆင့်နား ကြော်ငြာခြင်းပင် ဖြစ်သည်။ ဤအရာကို အလောတကြီး လုပ်၍

မရပေ။ သဘာဝအတိုင်းသာ ဖြစ်ပါစေတော့။

“သားလေး... မင်းရဲ့ ကံက မကောင်းပါဘူး... အဖေ့ကို

ကစားဖို့ ကတ်နှစ်ကတ်လောက် ပေးပါဦး...”

“တူလေး...” “အမေ...”

“ဟေ့... မင်းဒီမိုက်ရိုင်းတဲ့ ကောင်... အားယား... အားယား... မိန်းမ... ကိုယ်မှားသွားပါတယ်... ကိုယ် မှားသွားပါတယ်...”

“ခယ်မ... ကျွန်တော် ဘာမှမပြောပါဘူး...”

လျိုချင်းလီမှာ သူမ၏ လက်ထဲရှိ ခြစ်ကတ်များ

အားလုံးကို ခြစ်ပြီးသွားသောအခါ အနည်းငယ် စိတ်ပျက်နေပုံ ရလေသည်။

“ဆိုင်ရှင်... နောက်တစ်အုပ်လောက်...”

“ဒီနေ့တော့ဆိုင်ပိတ်ပါပြီ... မနက်ဖြန်မှ ပြန်လာခဲ့ပါ...”

“မနက်ဖြန်... ဒါပေမဲ့... ကျွန်မက မနက်ဖြန် ဂိုဏ်းကို ပြန်ရတော့မယ်...ဒီတစ်ခါ မိသားစုဆီ အလည်လာဖို့ ဆရာ့ဆီကနေ ငါးရက် ခွင့်ပန်လာတာ... ဒီနေ့ကနောက်ဆုံးရက်ပဲ...”

လျိုချင်းလီ၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း

ကျဆင်းသွားတော့သည်။

“ဂိုဏ်းကို ပြန်မယ်... မင်းက ဂိုဏ်းသားတစ်ယောက်လား...”

“ဟုတ်ပါတယ် ဆိုင်ရှင်... မနှစ်က အဆင့်တစ်ခုကို ရောက်ပြီးတဲ့နောက်မှာ ကျွန်မကျောက်စိမ်းဓားဂိုဏ်းကို ဝင်ခဲ့တာပါ...”

လီယွဲ့၏ မျက်လုံးများမှာ အရောင်လက်သွားတော့သည်။

“ဂိုဏ်းတစ်ခု... ကြီးမားတဲ့ အဆက်အသွယ် တစ်ခုပဲ...”

“ဒီနေ့တော့ တကယ်ကို နောက်ကျနေပါပြီ...

ဒီလိုလုပ်ပါ... မင်းက ဖောက်သည်ဟောင်း ဖြစ်နေတာဆိုတော့

အိမ်ပြန်ယူသွားပြီး ဆော့ဖို့ ကတ်အုပ်တချို့ကို ငါ

ရောင်းပေးလိုက်ပါမယ်... မင်း ပေါက်တယ်ဆိုရင် နောက်တစ်ခါကျမှ

ဆုလာ ထုတ်လို့ ရတယ်... ဒါမှမဟုတ် တစ်ယောက်ယောက်ကို လွှတ်ပြီး လာထုတ်ခိုင်းပေါ့...

ဘယ်လိုလဲ...”

ထိုစကားကို ကြားသောအခါ လျိုချင်းလီ၏ မျက်လုံးများမှာ

တောက်ပသွားတော့သည်။ “တကယ်လား...” “တကယ်ပေါ့...”

စနစ်က ဆိုင်ထဲတွင်သာ ကစားရမည်ဟု သတ်မှတ်ထားခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ ဆုလာဘ်

ထုတ်ယူခြင်းသည် ထီလက်မှတ်ကိုသာ အသိအမှတ်ပြုပြီး ပေါက်ထားသော လက်မှတ်များသည်

ဆုလာဘ် ထုတ်ယူပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

“အရမ်းကောင်းတာပဲ...” “အဖေ... သမီး မနက်ဖြန် ဂိုဏ်းကို

ပြန်ရတော့မယ်... ပြီးတော့ ဆိုင်ရှင်က အိမ်ပြန်ယူသွားပြီး

ခြစ်လို့ ရတယ်လို့ ပြောတယ်...” “ဒါ တကယ်လား...” လျိုချန်ဖုန်းက

အာမေဍိတ်သံ ပြုလိုက်ပြီး ဆိုင်ထဲရှိ လူတိုင်းက လီယွဲ့ဆီသို့

အကြည့်များ ရောက်သွားကြသည်။

“ဟုတ်ပါတယ်... ဆိုင်ကို ပုံမှန်မလာနိုင်ဘူးဆိုရင် အိမ်မှာ ကစားလို့ ရပါတယ်... ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်သရွေ့ ပေါက်ထားတဲ့ ခြစ်ကတ်တွေနဲ့ အချိန်မရွေး ဆုလာ ထုတ်လို့ ရပါတယ်...”

“ဆိုင်ရှင်... ဆိုင်ရှင်က ဒီလိုပြောမှတော့ ကျုပ်တို့က

ဆိုင်ရှင်ကို ယုံကြည်တာပေါ့...”

“ဆိုင်ရှင်... ကျုပ်ကို ငါးအုပ်ပေးပါ... ကျုပ် အိမ်ပြန်ယူသွားပြီး တစ်ညလုံး ခြစ်မလို့...”

“အဖေ...သမီးလည်း ငါးအုပ် လိုချင်တယ်...”

“ဒီလူအိုကြီးကတော့ ဆယ်အုပ်လိုချင်တယ်...”

မိသားစု နှစ်စုသည် ထီလက်မှတ်များကို

တစ်ယောက်ပြီး တစ်ယောက် စတင်၍ မှာယူကြတော့သည်။ လီယွဲ့မှာ

အနည်းငယ် အံ့အားသင့်သွားသည်။ သူက ရွှေဒင်္ဂါး တစ်သောင်း ဆုကြီးအတွက်

ဆယ့်နှစ်အုပ်နှင့် အရိုးဆေးကြောခြင်း အရည် ဆုကြီးအတွက် နှစ်ဆယ်အုပ် အပါအဝင်

စုစုပေါင်း သုံးဆယ့်နှစ်အုပ် ရောင်းချခဲ့ရသည်။ တတိယ အဆင့်အတွက် ဝင်ငွေမှာ

ချက်ချင်းပင် ရှစ်ထောင်ကို ကျော်လွန်သွားတော့သည်။

“မနက်ဖြန်ဂိမ်းအသစ်တစ်ခုကို ထပ်ထည့်ပါမယ်... ဆုကြီးတွေ အများကြီးပါပါမယ်... မှော်လက်နက်တွေ၊ ကျင့်စဉ်နည်းလမ်းတွေနဲ့ တခြားအသေးအမွှားလေးတွေပေါ့... အချိန်ရရင် လာဆော့လို့

ရပါတယ်...”

လူတိုင်းမှာ တုန်လှုပ်သွားကြသည်။ “မှော်လက်နက်တွေနဲ့

ကျင့်စဉ်နည်းလမ်းတွေ...” “ဆိုင်ရှင်... အရိပ်အမြွက်လေးတော့

ပြောပြပါဦး... ဘယ်လို ကစားရမှာလဲ... အဲဒါကလည်း ခြစ်ကတ်ပဲလား...”

“ဒီလူအိုကြီးကတော့ မစောင့်နိုင်တော့ဘူး... ကျုပ်ရဲ့ တောင်ဖြတ်ဓားကဘမနှစ်က ဖုန်းမင်တောင်ပေါ်မှာ မိစ္ဆာသားရဲ တစ်ကောင်ကြောင့် ပျက်စီးသွားတာ... အခုသင့်တော်တဲ့ မှော်လက်နက် တစ်ခု အရေးတကြီး လိုအပ်နေတာ...”

လီယွဲ့ကလျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ “မနက်ဖြန်ကျရင်

ခင်ဗျားတို့ သိရမှာပါ... အဲဒါက လုံးဝကို ကွဲပြားခြားနားတဲ့ ကစားနည်းတစ်ခုပါ...”

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လီယွဲ့ ပြောနေသော ဂိမ်းမှာ မည်သို့သော ဂိမ်းမျိုးဖြစ်သည်ကို သူတို့ နားမလည်ကြသော်လည်း သူ၏ စကားများကို

မှတ်သားထားကာ မနက်ဖြန် ပြန်လာရန် စီစဉ်လိုက်ကြသည်။

“အားလုံးပဲ... ဆုတွေ ထုတ်ပြီးရင်

ပြန်ကြတော့... တော်တော်လေး နောက်ကျနေပြီ...”

“ကောင်းပါပြီ ဆိုင်ရှင်...”

ဆယ့်ငါးမိနစ် အကြာတွင် ဆိုင်တံခါးကို ပိတ်လိုက်သည်။ လီယွဲ့သည်

ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာဝင်ကာ အိပ်မက်ကမ္ဘာထဲသို့ လျင်မြန်စွာ

ဝင်ရောက်သွားတော့သည်။ ဖုန်းမင်တောင်ပေါ်တွင်။ ဧရာမ

စွမ်းအားနှစ်ခုသည် ယှက်နွယ်ကာ လှည့်ပတ်နေကြသည်။

ကောင်းကင်ယံတွင် ပေပေါင်းများစွာ ရှည်လျားသော ငှက်ကြီးတစ်ကောင်

ပျံသန်းသွားလေသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ နီရဲနေကာ တောင်ပံများကို

ခတ်လိုက်သောအခါ ၎င်းတို့အောက်တွင် ပူပြင်းလှသော မီးတောက်များ

လွင့်စင်ထွက်ပေါ်လာ၏။ ၎င်း၏ နောက်တွင်မူ အေးစက်သော

စွမ်းအားတစ်ခုက အဆက်မပြတ် လိုက်လံ ဖမ်းဆီးနေကာ

ကွေ့ကောက်လှည့်ပတ်နေသော

ခန္ဓာကိုယ်တစ်ခုသည် ကောင်းကင်ယံတွင် အလွန်

လျင်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းနေလေသည်။ ထိုအရာမှာလည်း တူညီစွာပင်

ကြီးမားလှသော ရေနဂါးကြီး တစ်ကောင် ဖြစ်လေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ပြာလဲ့လဲ့

အရောင်ရှိပြီး ၎င်း သွားရာ ပေဆယ်ပေတိုင်းတွင် လေထုထဲ၌ အေးစက်သော အလင်းတန်း တစ်ခု

ချန်ရစ်ခဲ့လေသည်။

ကံတရားကိုရောင်းစားမယ်

အခန်း ၈။ သတ္တိကြောင်သော ငှက်... သတ္တိကြောင်သော ငှက်...

“ငှက်စုတ်... မင်းက သေချင်နေတာပဲ...” အေးစက်လှသော အသံသည် ကောင်းကင်ယံကို

ခွဲထုတ်လိုက်သည့် ထက်မြက်သော ဓားတစ်လက်အလားပင်။

“နင်ယိုယို...မင်း ပြီးပြီလား... ဒါက ကျိုးပဲ့နေတဲ့ နဂါးပုလဲ တစ်လုံးပါကွာ...ပြန်ယူသွားလိုက်စမ်း...” မီးငှက်ကြီးက

တောင်ပံများကို ခတ်လိုက်ရာ နီလာရောင် ပုလဲတစ်လုံးမှာ နောက်သို့

လွင့်စင်သွားတော့သည်။ ရေနဂါးက အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ

ဖမ်းယူရန် ဟန်ပြင်လိုက်သော်လည်း မထင်မှတ်ထားစွာပင် နဂါးပုလဲမှာ သူမ၏

အနီးသို့ ရောက်သောအခါ ဧရာမ မီးလုံးကြီး တစ်လုံးအဖြစ်သို့ ရုတ်တရက်

ပြောင်းလဲသွားတော့သည်။

“ဘုန်း...”

ကြမ်းတမ်းလှသောကြမ်းတမ်းလှသော

ပေါက်ကွဲသံကြီးက ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး ပဲ့တင်ထပ်သွားတော့သည်။

“ဟား ဟား ဟား... ရေခဲတုံးမ... ဝိညာဉ်ပုလဲကို ပြန်ရဖို့ အိပ်မက်မက်နေလိုက်...အဲဒါက မင်း ငါ့ကို အမြဲတမ်း အနိုင်ကျင့်တဲ့ အတွက်ကြောင့် ရတဲ့ ရလဒ်ပဲ...”

“မင်းက တသေချင်နေတာပဲ...”

လိပ်တက်လာသော မီးတောက်များ အလယ်မှ ကျယ်ပြန့်သော အအေးဓာတ်များကို

သယ်ဆောင်လာသည့် ရေခဲမြား တစ်စင်း ပေါ်ထွက်လာ၏။

“ငှက်စုတ်... ငါ မင်းကိုသတ်မယ်...”

ရေခဲမြားမှာ လေထဲတွင်ပင် ထောင်ပေါင်းများစွာ အဖြစ်သို့

ကွဲထွက်သွားကာ အောက်ဘက်သို့ ဖြန့်ကျက်သွားသော ဧရာမ ရေခဲပိုက်ကွန်ကြီး

တစ်ခုအဖြစ် ယက်လုပ်သွားတော့သည်။

“ရေခဲတုံးမ... မင်းက တကယ်ကြီးလား...”

မီးငှက်ကြီးမှာ လန့်ဖြန့်သွားကာ ဒေါသထွက်သွားပြီး တောင်ပံများကို ခတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ချက်ချင်းပင် မြင့်တက်သွားကာ မီးတောက်

လေဆင်နှာမောင်းများ ပေါ်ထွက်လာတော့သည်။

“ကောင်းကင်ကို လောင်ကျွမ်းစေမယ့် မီးတောက်များ... ကွဲစမ်း...”

ရေခဲပိုက်ကွန်နှင့်

မီးတောက်များ ရိုက်ခတ်သွားရာ ကောင်းကင်တစ်ခွင်လုံး တောက်ပသော

အရောင်အသွေးများဖြင့်

ပေါက်ကွဲသွားတော့သည်။ ချက်ချင်းဆိုသလိုပင်

အလွန်အေးစက်သော နဂါးမီးခိုးများ ပန်းထွက်လာသည်။ မီးငှက်ကြီးက လေထဲတွင် လည်ထွက်သွားကာ

သီသီလေး ရှောင်တိမ်းလိုက်ပြီးနောက် နောက်သို့ လှည့်ကာ နဂါးမီးခိုးကို

ခုခံရန်အတွက် ပူပြင်းလှသော မီးတောက်တစ်ခုကို

မှုတ်ထုတ်လိုက်သည်။ ရုတ်တရက်။ မိုးကုပ်စက်ဝိုင်းဆီမှ

မိုးကြိုးတစ်စင်း ပစ်ချလာပြီးနောက် လျှပ်တစ်ပြက်ဆိုသလိုပင် သည်းထန်စွာ

မိုးရွာသွန်းလာတော့သည်။ မိုးကြိုးနှင့် မိုးရေတို့ ရောနှောသွားကာ

လျှပ်စီးများက အော်ဟစ်မြည်ဟည်းနေ၏။

“ဝုန်း... ဝုန်း... ဝုန်း...”

မိုးကြိုးများဆက်လက် ကျဆင်းလာသည်။ နှစ်စင်း... သုံးစင်း... လေးစင်း... “ဒီလျှပ်စီးက...”

“ရေခဲတုံးမ... တိုက်တာကို ရပ်လိုက်တော့... ဒီလျှပ်စီးက မမှန်ဘူး...”

သို့သော်ရေနဂါးမှာ သူ့ကို လုံးဝ လျစ်လျူရှုထားကာ လိပ်တက်လာသော နဂါးမီးခိုးများက ထပ်မံ၍

ဝင်တိုက်လိုက်သည်။

“မင်း... မင်း... တုံးအတဲ့ နဂါးမ...”

မီးငှက်ကြီးက တောင်ပံများကို ခတ်ကာ ရှောင်တိမ်းရန် ပျံတက်လိုက်ပြီး ကောင်းကင်မှ ကျဆင်းလာဆဲဖြစ်သော လျှပ်စီးကို ကြည့်လိုက်သည်။

“ဒါက...ကပ်ဘေးလျှပ်စီးပဲ... အစွမ်းထက်တဲ့ သိုင်းပညာရှင် တစ်ယောက်က ဖုန်းမင်တောင်နားမှာ ကပ်ဘေးကို ဖြတ်ကျော်နေတာပဲ...”

နဂါးမီးခိုးမှာ ဘေးဘက်မှ ထပ်မံ ပေါ်ထွက်လာသော်လည်း ဤတစ်ကြိမ်တွင်မူ နဂါးမီးခိုးမှာ လေထဲတွင် လားရာ ပြောင်းသွားကာ လျှပ်စီးဆီသို့

ပျံသန်းသွားလေသည်။

“ကပ်ဘေး ဖြတ်ကျော်နေတဲ့ နေရာနဲ့အကွာအဝေးက အရမ်း နီးလွန်းနေတယ်... လွန်ကဲစွာ စုစည်းနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေက ကပ်ဘေး တိမ်တိုက်ကို ဆွဲဆောင်သွားလိမ့်မယ်... ငါတို့ပါလျှပ်စီး ကပ်ဘေးရဲ့ သက်ရောက်မှုကို ခံရလိမ့်မယ်...”

“ရေခဲတုံးမ...ချက်ချင်း ရပ်လိုက်စမ်း...”

မီးငှက်ကြီးက ဟောက်လိုက်သော်လည်း

အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ လျှပ်စီး

ကပ်ဘေးမှာ နဂါးမီးခိုးများကို လွှမ်းခြုံကာ ပြိုကျလာတော့သည်။

“ရေခဲတုံးမ...သတိထား...”

ရေနဂါးက သူမ၏ ခန္ဓာကိုယ်ကို ရစ်ခွေကာ လျင်မြန်စွာ

ထွက်ပြေးလေသည်။ သူတို့၏ နောက်ကွယ်ရှိ လျှပ်စီး ကပ်ဘေးမှာ

ခြေရာခံကိရိယာ တပ်ဆင်ထားသည့်အလား သူတို့ကို အဆက်မပြတ် လိုက်လံဖမ်းဆီးနေလေသည်။ ပူနွေးသော လှိုင်းလုံးတစ်ခုက သူမ၏ မျက်နှာဆီသို့ပြေးဝင်လာ၏။ ထိုအရာမှာ မီးငှက်ပင် ဖြစ်လေသည်။

“ငါတော့ မင်းနဲ့တကယ်ကို ပြီးတာပဲ...”

မီးငှက်က ရေနဂါးကို ၎င်း၏ ခြေသည်းများဖြင့်

ဆွဲယူကာ တောင်ပံများကို ရူးသွပ်စွာ ခတ်လိုက်သော်လည်း နောက်ကွယ်ရှိ

လျှပ်စီးများက ပို၍ လျင်မြန်နေပေသည်။

“ငါတို့ ဒီအတိုင်း ဆက်သွားလို့မရတော့ဘူး...”

“သွားစမ်း... မင်း ငါ့ကို ကယ်ဖို့ မလိုဘူး...”

“ဒါက ကပ်ဘေး လျှပ်စီးကွ... မင်းသာ အထိခံရရင် သေချာပေါက် သေမှာပဲ...”

ကပ်ဘေးလျှပ်စီး ဝင်တိုက်လာသည်ကို မြင်သောအခါ မီးငှက်က အံကိုကြိတ်လိုက်သည်။

“ရေခဲတုံးမ... ငါတို့ ရှင်တာပဲဖြစ်ဖြစ်... သေတာပဲဖြစ်ဖြစ်... ကံတရားအတိုင်းပဲကွာ...”

မီးငှက်က တိုးတိုးလေး အော်ဟစ်လိုက်ပြီး ၎င်း၏

တောင်ပံအကျယ်ကို ပေတစ်ရာ အထိ ဖြန့်ကြက်ကာ ရေနဂါး၏ ခန္ဓာကိုယ်ကို ၎င်း၏တောင်ပံများ အတွင်းဝယ် အပြည့်အဝ လွှမ်းခြုံထားလိုက်သည်။

“ဝေါင်း...”

ရေနဂါးက ကြမ်းတမ်းစွာ ဟောက်လိုက်ပြီး တောင်ပံများ အကြားမှ

ရုန်းထွက်ကာ သူမ၏ ခန္ဓာကိုယ်ကို မီးငှက်၏ ပတ်လည်တွင် ရစ်ခွေလိုက်သည်။

ချက်ချင်းပင် နဂါးနှင့် ဖီးနစ်ငှက်တို့မှာ ယှက်နွယ်သွားကြပြီး

ကောင်းကင်နှင့် မြေကြီး၏ ဓမ္မရုပ်တုများက ပဲ့တင်ထပ်သွားတော့သည်။

“ဝုန်း...”

“မနက်ခင်းမှာ နိုးထလာပြီး... နေမင်းကြီးကို ပွေ့ဖက်လိုက်တာ...

အပြုသဘောဆောင်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်နေတာပဲ...”

လီယွဲ့သည် အောက်ထပ်သို့ ဆင်းလာကာ တံခါးကို တွန်းဖွင့်လိုက်ပြီး အကြောဆန့်လိုက်သည်။ မနေ့ညက မိုးရွာပြီး မိုးကြိုးများပစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ယနေ့ သူ နိုးလာသောအခါ ကောင်းကင်ယံမှာ လီပေါင်းတစ်သောင်းခန့် ကြည်လင်နေလေသည်။

လေထုက ပို၍ပင် လတ်ဆတ်နေသေး၏။ အားသစ်လန်းဆန်းသွားစေသည်။

“အို... ဒီစာကလေးလေးက ဘယ်က ရောက်လာတာလဲ... အနီရောင်လေး... တော်တော် လှတာပဲ...”

တံခါးဝတွင် လက်ဖဝါးအရွယ်အစားရှိ ငှက်တစ်ကောင်မှာ

မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေလေသည်။ လီယွဲ့က

ဆောင့်ကြောင့်ထိုင်ကာ ၎င်းကို ကောက်ယူ၍

လှုပ်ကြည့်လိုက်သည်။

“သေသွားပြီလား...”

စီယွိကဖြည်းညင်းစွာ နိုးလာပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ “လူသားတစ်ယောက်လား...” “ငါ ဘယ်ရောက်နေတာလဲ... ရေခဲတုံးမကော ဘယ်မှာလဲ...”

သူက အောက်သို့ ငုံ့ကြည့်လိုက်ပြီး အေးခဲသွားတော့သည်။

‘‘ငါလို ခမ်းနားထည်ဝါတဲ့တောက်လောင်နေတဲ့ မီးတောက်ငှက်က ဘယ်လိုလုပ် ဒီသရဲလို ပုံစံမျိုး ဖြစ်သွားရတာလဲ...’’

ထိုအရာမှာ ထိတ်လန့်ဖွယ်ကောင်းသော ကပ်ဘေးတိမ်တိုက်ကြောင့်ပင်။ မိစ္ဆာမျိုးနွယ်သည်

လူသားမျိုးနွယ်ကဲ့သို့ပင် ဆဋ္ဌမအဆင့်တွင် အမြုတေ တစ်ခုကို ဖန်တီးရပြီး

၎င်းကို မိစ္ဆာအမြုတေ ဟု ခေါ်ဆိုလေသည်။ သို့သော် ယခုအချိန်တွင် သူ၏

အတွင်းရှိ မိစ္ဆာအမြုတေမှာ မှေးမှိန်ကာ အားနည်းနေပြီး ယခင်က ကြွယ်ဝသော

အရောင်အသွေးများ လုံးဝ ကင်းမဲ့နေလေပြီ။ ထိုမျှသာမက သူ၏

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း ငယ်ရွယ်သော ပုံစံသို့

ရိုက်ချခံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူသည် ပြာနှင့် မီးခိုးအဖြစ်သို့

ပြောင်းလဲမသွားခဲ့ပေ။ သူသည် သာမန်ငှက် တစ်ကောင်နှင့်

ဆင်တူသွားရုံသာဖြစ်ပြီး ပြန်လည်

နာလန်ထူရန်အတွက် အလွန် ကြာမြင့်သော အချိန်တစ်ခု လိုအပ်မည် ဖြစ်သည်။

‘ဝမ်းနည်းစရာ...ပဲ’ ‘ငါ စီယွိ... ဂုဏ်သိက္ခာရှိတဲ့ စတုတ္ထအဆင့် မိစ္ဆာမျိုးနွယ်

ကျွမ်းကျင်သူ တစ်ယောက်က ဒီအဆင့်ထိ ကျဆင်းသွားရတယ်လို့... ဒါတွေ အားလုံးက အဲဒီ

ကျိန်စာသင့်နေတဲ့ လျှပ်စီး ကပ်ဘေးကြောင့်ပဲ... ဘယ်ကောင်က ဖုန်းမင်တောင်ကို လာပြီး

ကပ်ဘေး ဖြတ်ကျော်နေတာလဲ...’ “အို... မင်း မသေသေးဘူးပဲ...” လီယွဲ့က စာကလေး၏

ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ “မင်း ဗိုက်က ဘာလို့ ဖောင်းနေတာလဲ...

ဘာတွေ စားထားတာလဲ...” စီယွိမှာ လန့်ဖြန့်သွားတော့သည်။ ‘နဂါးပုလဲ...’

‘နင်ယိုယိုရဲ့ နဂါးပုလဲက သူ့ဗိုက်ထဲမှာ ရှိနေတာပဲ...’ ‘ဟေ့... ဟေ့...

ဟေ့... လူသား... မင်း ဘာလုပ်နေတာလဲ...’ ‘မလုပ်နဲ့...’ လီယွဲ့က စာကလေးကို

ပြောင်းပြန်ကိုင်ကာ အားကုန် လှုပ်ရမ်းလိုက်သည်။ နီလာရောင်

ဘောလုံးငယ်လေး တစ်လုံးက မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။

“ဒါကဘာလဲ...” “ပုလဲတစ်လုံး... အေးစက်ပြီး လန်းဆန်းနေတာပဲ... နွေရာသီမှာအသုံးဝင်လောက်တယ်...”

လီယွဲ့က ၎င်းကို လက်ထဲတွင် ကိုင်ထားကာ

ဆော့လေလေ စွမ်းအင်များ ပိုမို ရရှိလာလေလေ ဖြစ်သည်ဟု ခံစားရလေသည်။

တစ်လုံးတည်းသာ ရှိနေသည်မှာ နှမြောစရာပင်။

“တွေ့ရာအကုန်လျှောက်စားနေတယ်... ဒီလောက်ကြီးတဲ့ ဘောလုံးက မင်းကို နင်သေအောင်

မလုပ်နိုင်ဘူးလို့ ထင်နေတာလား... ငါ မင်းကို

ကယ်ခဲ့တာဆိုတော့ ဒါကို မင်းရဲ့ ကျေးဇူးဆပ်တယ်လို့ပဲ

သတ်မှတ်လိုက်တော့မယ်...”

စီယွိမှာ အ ပြောမတတ်အောင် ဖြစ်သွားတော့သည်။

‘မင်း သေလိုက်...’ ‘အဲဒါ ဘာလဲဆိုတာကိုကော မင်း သိလို့လား... ပြီးတော့

မင်းက အဲဒါနဲ့ ဆော့နေသေးတယ်...’ ရုတ်တရက် နီလာရောင် ပုံရိပ်တစ်ခုက ဘေးဘက်မှ

ပေါ်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။ နောက်စက္ကန့်တွင် သူ၏ ငှက်မျက်လုံး

အစုံမှာ ပြူးကျယ်သွားတော့သည်။ “ဂျွတ်...” ‘သွားတွေ... သူမရဲ့ သွားတွေ

ကျိုးသွားတာလား...’ ‘နင်ယိုယို... မင်း အဆင်ပြေရဲ့လား...’ လီယွဲ့က သူ့ကို

ကိုက်လိုက်သည့် အကောင်ပေါက်လေးကို လက်တစ်ဖက်တည်းဖြင့် လှမ်းဖမ်းလိုက်သည်။

“မြွေပေါက်လေးပါလား...” လီယွဲ့သည် ယခင်က မြွေကဲ့သို့သော

သတ္တဝါများကို အလွန် ရွံရှာတတ်သော်လည်း သူ၏ ရှေ့ရှိ

ဤအကောင်လေးမှာမူ... ထိတ်လန့်စရာကောင်းပုံ မပေါ်ပေ။ အဘယ်ကြောင့်ဆိုသော်

၎င်းက အလွန် လှပလွန်းနေသောကြောင့်ပင်။ ၎င်း၏ တစ်ကိုယ်လုံးမှာ

နီလာရောင်ဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ချောမွေ့ကာ

နူးညံ့သိမ်မွေ့ပြီး ၎င်း၏ မြွေခေါင်းလေးမှာ ချစ်စရာကောင်းကာ အသည်းယားစရာ

ကောင်းလေသည်။ တစ်ခုပဲ ရှိသည်မှာ... စောစောက သူ့ကို

ကိုက်လိုက်စဉ်က ၎င်း၏ သွားများ ကျိုးသွားခြင်းပင်။ သို့သော်

ယခုဆိုလျှင် ပို၍ပင် ချစ်စရာ ကောင်းနေပုံ ရလေသည်။

“မင်းကလည်း ကိုင်ရတာတော်တော်လေး အေးတာပဲ... ဒီဘောလုံးလေးလိုပဲ...”

လီယွဲ့သည် မြွေပေါက်လေးနှင့် စာကလေးတို့ကို လက်တစ်ဖက်စီတွင် ကိုင်ထားလိုက်သည်။

“မင်းတို့ ငါ့တံခါးဝမှာ ပေါ်လာတာက ရေစက်ပဲ... ငါ

တစ်ယောက်တည်း ပျင်းနေတာဆိုတော့ မင်းတို့ နှစ်ကောင်က ဒီကစပြီး ငါ့ကိုအဖော်ပြုပေးရမယ်...”

ထို့နောက် သူက ကြိုးတစ်ချောင်း

ရှာတွေ့သွားပြီး စာကလေးကို ကောင်တာတွင် ချည်နှောင်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ၎င်းမှာ ပျံသန်းနိုင်သော သတ္တဝါ ဖြစ်သောကြောင့်

လွင့်ပျံသွားမည်ကို သူ မလိုလားပေ။ သူတို့က အိမ်မွေးတိရစ္ဆာန်များပင်

ဖြစ်လေသည်။ သူက သူတို့နှင့် သံယောဇဉ် တချို့ကို မွေးမြူရန်

လိုအပ်ပြီး ရင်းနှီးသွားသောအခါမှသာ သူတို့ကို လွှတ်ပေးရမည်

ဖြစ်သည်။ မြွေပေါက်လေးအတွက်မူ ကိုင်ထားရသည်မှာ တော်တော်လေး သက်တောင့်သက်သာ

ရှိလေသည်။ သူ၏ လက်ထဲတွင် နူးညံ့ပြီး အေးစက်နေ၏။

“မင်းတို့ကို နာမည် ပေးရအောင်...

မင်းက ‘အနီလေး’ ဖြစ်ပြီး မင်းက ‘အပြာလေး’ ပဲ... ဆုံးဖြတ်ပြီးပြီ...”

စီယွိက တောင်ပံများကို ခတ်ကာ ပြင်းထန်သော သဘောမတူမှုကို ပြသလိုက်သည်။ ‘ဒါကဘယ်လို အဆိုးရွားဆုံး နာမည်ကြီးလဲ...’ ‘ပြီးတော့ ဒီမှာ နေဖို့ ဘယ်သူက

သဘောတူလို့လဲ...’ သူက အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့သော်လည်း ပြင်းထန်စွာ

ဒဏ်ရာရထားသောကြောင့် ယခုအခါ သာမန်ငှက် တစ်ကောင်နှင့် မခြားနားတော့ပေ။ သူ

မည်သို့ လွတ်မြောက်နိုင်မည်နည်း။ ‘ရေခဲတုံးမ... မြန်မြန်

နည်းလမ်းရှာဦး... ငါတို့က လူသားတစ်ယောက်ရဲ့ ဖမ်းဆီးတာကို

ခံလို့ မဖြစ်ဘူး...’ နင်ယိုယိုသည် ယခုအချိန်တွင် လီယွဲ့၏ လက်ထဲ၌ တိတ်တဆိတ်

ဝမ်းနည်းပူဆွေးနေသည်ကို သူ မသိခဲ့ပေ။ သူမသည် ပြင်းထန်စွာ ဒဏ်ရာရပြီး

ဒုက္ခိတ နီးပါး ဖြစ်သွားရုံသာမက သူမ၏ မွေးရာပါ နဂါးပုလဲကိုလည်း

အခိုးခံလိုက်ရပြီး သူမ၏ သွားများကိုပါ

ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလော။ ‘ဒါတွေ အားလုံးက

မင်းအပြစ်တွေပဲ... ငှက်စုတ်...’ ‘မင်းသာ ငါ့နဂါးပုလဲကို မခိုးခဲ့ဘူးဆိုရင်

ငါတို့က လျှပ်စီး ကပ်ဘေးနဲ့ ဘယ်လိုလုပ် ကြုံတွေ့ရပြီး ဒီလိုမျိုး

ဖြစ်သွားနိုင်မှာလဲ...’ သူမ၏ အေးစက်သော မျက်လုံးများက

စားပွဲပေါ်ရှိ စာကလေးထံသို့ ကြည့်လိုက်ရာ ထိုငှက်လေးမှာ မသိမသာ

တုန်ယင်သွားတော့သည်။ ‘သတ္တိကြောင်တဲ့ ငှက်... သတ္တိကြောင်တဲ့ ငှက်...

လောလောဆယ်တော့ သည်းခံလိုက်ကြတာပေါ့...’ အနည်းဆုံးတော့ သူတို့

အသက်ရှင်နေသေးသည် မဟုတ်ပါလော။ လီယွဲ့သည် မြွေပေါက်လေးကို သူ၏ ပခုံးပေါ်တွင် တင်ကာ

နံနက်စာ ပြင်ဆင်ရန် ဟန်ပြင်လိုက်သည်။ အိမ်သုံး ပစ္စည်းများနှင့် မီးဖိုချောင်သုံး

ပစ္စည်းများ အားလုံး စုံလင်စွာ ရှိလေသည်။ ပြီးခဲ့သည့် အကြိမ်က နင်ယန်မြို့မှ

ယူဆောင်လာသော ပါဝင်ပစ္စည်းများမှာ ရေခဲသေတ္တာထဲတွင် အပြည့်အမောက်

ရှိနေသည်။ ခရမ်းချဉ်သီးနှင့် ကြက်ဥခေါက်ဆွဲ ရိုးရိုးတစ်ပွဲကို လျင်မြန်စွာ

ပြင်ဆင်လိုက်သည်။ အနံ့ကို ရသောအခါ သူ၏ ပခုံးပေါ်တွင် မှိုင်တွေနေသော

မြွေပေါက်လေးမှာ မျက်လုံးများကို ဖွင့်လိုက်ပြီး

စူးစမ်းလိုစိတ် အပြည့်ဖြင့် လီယွဲ့၏ လက်မောင်းမှတစ်ဆင့်

စားပွဲပေါ်သို့ ဆင်းလာလေသည်။

“မင်းလည်း စားချင်လို့လား...”

“မြွေတွေက ခေါက်ဆွဲ စားလို့လား...”

လီယွဲ့က ရယ်မောလိုက်ပြီး စားပွဲပေါ်သို့ တစ်ပုံစာ

ဆွဲချလိုက်သည်။ မြွေပေါက်လေးက ၎င်းကို စုပ်ယူလိုက်ရာ မျက်လုံးများမှာ အနည်းငယ်

ကျဉ်းမြောင်းသွားပြီး အလွန် အရသာရှိပုံ ပေါ်လေသည်။ နံနက်စာ စားပြီးနောက်။

လီယွဲ့က စီးပွားရေး လုပ်ရန်အတွက် တံခါးကို ဖွင့်လိုက်သည်။ နေမင်းကြီး တဖြည်းဖြည်း

ထွက်ပေါ်လာပြီး ပထမဆုံး လူစုသည် ဆိုင်သို့ ရောက်ရှိလာကြသည်။ ရှီလုံယန်က

ဦးဆောင်ကာ လျင်မြန်စွာ ဝင်ရောက်လာပြီး သူ၏ နောက်တွင် ရှီယုံနှင့်

ညီအစ်ကို နှစ်ယောက်ဖြစ်သော ရှီဖျင်ယန်နှင့် ရှီဖျင်ဖုန်းတို့

ပါဝင်လေသည်။ လီယွဲ့ မတွေ့ဖူးသေးသော အခြား လူအနည်းငယ်လည်း

ပါဝင်သေးသည်။ သူတို့ အားလုံးမှာ ရှီမိသားစု၏ ဆွေမျိုးများပင်

ဖြစ်ကြသည်။

“ဆိုင်ရှင်... ကျုပ်တို့ ပြန်လာပြီဗျို့...”

“အို...ဆိုင်ရှင်... ခင်ဗျား အမြင် တော်တော် စူးတာပဲ... အဲဒီ ငှက်လေးကို ဘယ်ကရလာတာလဲ...”

ရှီလုံယန်က ကောင်တာတွင် ချည်ထားသော ငှက်နီလေးကို

ပွတ်သပ်ရန် ကြိုးစားလိုက်သော်လည်း ထိုငှက်ကလေးက တောင်ပံများကို

အသည်းအသန် ခတ်ကာ ပြင်းထန်သော ဆန့်ကျင်မှုကို ပြသလေသည်။ ၎င်း၏

မျက်လုံးသေးသေးလေးများမှာ မထီမဲ့မြင် ပြုမှုများဖြင့်

ပြည့်နှက်နေကာ ‘လူသား... ဒီလူအိုကြီးကို မထိနဲ့...’ ဟု ပြောနေသည့်အလားပင်။

“တော်တော် စိတ်တိုတတ်တဲ့ ကောင်လေးပဲ... ဟား ဟား ဟား...”

“ခေါင်းဆောင်ကြီး... ဒါက ခေါင်းဆောင်ကြီး ပြောတဲ့

လျှို့ဝှက်ဆန်းကြယ်တဲ့ ဆိုင်လေးလား...”

လူအုပ်ထဲမှ အကြီးအကဲ အနည်းငယ်က

မေးမြန်းလိုက်ကြသည်။

“မှန်တယ်... ငါ မင်းတို့ကို ပြောမယ်...

လျိုမိသားစု ရသွားတဲ့ အရိုးဆေးကြောခြင်း အရည်က ဒီကနေ ရတာ...ပြီးတော့ ရွှေဒင်္ဂါး နှစ်ထောင်ပဲ ကုန်တာ...”

“မှတ်ထားကြ... ဆိုင်ရှင်ကို လုံးဝ ဒေါသမထွက်စေနဲ့... သူ့ရဲ့ စွမ်းအားက ခန့်မှန်းလို့ မရနိုင်ဘူး... သူက လက်ဖျစ်တစ်တွက် အတွင်းမှာ ငါတို့ အားလုံးကို သတ်ပစ်နိုင်တယ်...”

ထိုစကားကို ကြားသောအခါ လူတိုင်းက တစ်ပြိုင်နက်တည်း တံတွေးမြိုချလိုက်ကြသည်။

“နားလည်ပါပြီ... ကျွန်တော်တို့ သေချာပေါက် မှတ်ထားပါ့မယ်...”

လီယွဲ့က အပေါ်ထပ်မှ

ဆင်းလာသည်။

“တော်တော် စောကြတာပဲ...” “မင်္ဂလာပါ ဆိုင်ရှင်...” “ဒီလောက်

ယဉ်ကျေးနေစရာ မလိုပါဘူး...” လီယွဲ့က စကားပြောရင်း အပြင်ဘက်

ခြံဝင်းဆီသို့ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင်

ရွှေရောင် အလင်းတန်း တစ်ခု ပေါ်လာပြီး မြေပြင်ပေါ်တွင် ရွှေဥ တစ်ပုံ

ပေါ်လာတော့သည်။ အလုံးတိုင်းမှာ လက်ဖဝါး အရွယ်အစားရှိကာ တစ်ပုံစံတည်း တူညီပြီး

သပ်ရပ်စွာ စီစဉ်ထားလေသည်။

“ဆိုင်ရှင်... ဒါက မနေ့က ဆိုင်ရှင် ပြောတဲ့

ဂိမ်းအသစ်လား...” “ဟုတ်တယ်... စည်းမျဉ်းတွေက

ရိုးရှင်းပါတယ်... ရွှေဥ တစ်လုံးကို

ဖောက်လိုက်ရုံပဲ... ဆုလာဘ်က အထဲမှာ ရှိတယ်... ဒါက

ကံတရား အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်တယ်... တစ်ခါ ဖောက်ဖို့ ရွှေဒင်္ဂါး

နှစ်ဆယ်...” ရှီဖျင်ယန်က ခေါင်းညိတ်လိုက်သည်။ “တကယ်ကို ရိုးရှင်းပြီး နားလည်ရ

လွယ်ကူတာပဲ...” လီယွဲ့က ပြုံးကာ ပြောလိုက်သည်။ “ဘယ်သူ အရင်

စမ်းကြည့်ချင်လဲ...”

All Chapters