အခန်း (၉-၁၀)
Vol. 1 Ch. 9-10
ကံတရားကိုရောင်းစားမယ်
အခန်း ၉။ ပျော်ရွှင်စရာ ရေ
“ကျုပ် အရင် လာမယ်...” ရှီလုံယန်က စိတ်မရှည်စွာဖြင့် ရှေ့သို့ လှမ်းထွက်လာသည်။
“မင်းတို့ နှစ်ယောက် အရင်သွားပြီး ကတ်ခြစ်နေကြ... ဒီနေ့ ငါတို့
အရိုးဆေးကြောခြင်း အရည်ကို ရအောင် ခြစ်ရမယ်...
လျိုမိသားစုက အဲဒီ မျိုးဆက်သစ်လေးတောင် အဆင့်တက်သွားပြီဆိုတော့
ယုံအာလည်း နောက်ကျကျန်နေလို့ လုံးဝ မဖြစ်ဘူး...” ရှီဖျင်ယန်က ယုံကြည်မှု
အပြည့်ဖြင့် ပြုံးလိုက်သည်။ “အဖေ... ကြည့်သာနေ... ဒီနေ့ ဒီမှာ လူတွေ
အများကြီး ရှိနေတာ... အားလုံး ဝိုင်းလုပ်ကြရင် သေချာပေါက်
ရမှာပါ...” မလာရောက်မီက ရှီမိသားစု၏ ဘဏ္ဍာရေးမန်နေဂျာဖြစ်သူ
ချန်ဖျင်သည် အရိုးဆေးကြောခြင်း အရည် တစ်ခုတည်းသော
ရည်ရွယ်ချက်အတွက် သူ့ကို ရွှေဒင်္ဂါး ငါးထောင်
ခွဲဝေပေးထားခဲ့သည်။ မနေ့ညက သူတို့ ယူလာခဲ့သော
ခြစ်ကတ်များကို ဆုလာဘ် ထုတ်ယူပြီးနောက်။ ရှီဖျင်ယန်နှင့်
ရှီဖျင်ဖုန်းတို့သည် ခြစ်ကတ် ငါးအုပ်စီကို ယူကာ ခြံဝင်းအတွင်းသို့
ဝင်သွားကြသည်။ ‘ဘုရားရေ... ရွှေဥဖောက်တာကို ကြည့်ရင်းနဲ့ ကတ်ခြစ်နေကြတာလား...’
ကျန်ရှိနေသော ရှီမိသားစုဝင်များမှာမူ သူတို့၏ ကိုယ်ပိုင် အိတ်ကပ်ထဲမှ
ပိုက်ဆံကို ထုတ်ကာ ကောင်တာဘေးတွင် ရိုးသားစွာ စတင်၍
ခြစ်နေကြသည်။ “ဆိုင်ရှင်... အခြေအနေ စမ်းကြည့်ဖို့
ရွှေဒင်္ဂါး နှစ်ရာဖိုးနဲ့ စလိုက်ရအောင်...” ရွှေဒင်္ဂါး
နှစ်ရာဆိုသည်မှာ ဆယ်ကြိမ်စာနှင့် ညီမျှလေသည်။ အရောင်းအဝယ်
ပြုလုပ်ပြီးနောက် လီယွဲ့က ရှီလုံယန်ကို ရွှေရောင်
တူငယ်လေး တစ်ချောင်း ကမ်းပေးလိုက်သည်။ ထိုတူလေးမှာ သေသပ်စွာ
ပြုလုပ်ထားပြီး ကိုင်ထားရသည်မှာ အလွန်ပင် ကောင်းမွန်လှသည်။
ရှီလုံယန်က လက်ကို ပွတ်သပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး
ရွှေရောင် တူငယ်လေးကို လွှဲချလိုက်သည်။ ‘ဂျွတ်...’ ကြည်လင်ပြတ်သားသော
ကွဲအက်သံ တစ်ခု ထွက်ပေါ်လာပြီး ပထမဆုံး ရွှေဥမှာ ကွဲကြေသွားတော့သည်။ “တစ်ခုခု
ထွက်လာလား...” ရွှေဥကို အမြဲတမ်း ကြည့်နေသော ရှီဖျင်ယန်နှင့် သူ၏ ညီဖြစ်သူတို့သည်
စစ်ဆေးရန်အတွက် ချက်ချင်းပင် ဆောင့်ကြောင့် ထိုင်ချလိုက်ကြသည်။ “ထွက်လာတယ်
အဖေ...” “ဘာထွက်လာတာလဲ... မှော်လက်နက်လား...” “အဲ... အဖေ... မဟုတ်ဘူး...”
ရှီဖျင်ယန်က ရွှေဥ အပိုင်းအစများ ကြားမှ ပစ္စည်းတစ်ခုကို ရှာတွေ့သွားပြီး သူ၏
ဖခင်ဖြစ်သူထံသို့ လှုပ်ရမ်းပြလိုက်သည်။ ရှီလုံယန်၏ ပါးစပ်မှာ တွန့်လိမ်သွားတော့သည်။
‘ကြေးဒင်္ဂါး တစ်ပြား...’ သူက လီယွဲ့ကို နာကြည်းစွာဖြင့် စိုက်ကြည့်လိုက်ရာ လီယွဲ့က
သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “ကြေးတစ်ပြားဆိုလည်း ဆုလာဘ် တစ်ခုပါပဲ... ဘာမှ
မရတာထက်စာရင်တော့ ပိုကောင်းတယ် မဟုတ်လား...” “ဆိုင်ရှင် ပြောတာ မှန်တယ်...
ဒါက ပထမဆုံး အကြိမ် ဖောက်တာပဲ ရှိသေးတယ်... ဆက်လုပ်...” ရှီလုံယန်က
ဆက်လုပ်လေသည်။ ဒုတိယ အကြိမ် ဖောက်ရာတွင် နောက်ထပ် ကြေးဒင်္ဂါး
တစ်ပြားကို ရရှိပြန်သည်။ တတိယ အကြိမ် ဖောက်ရာတွင် ဘာမှ မရပေ။ စတုတ္ထ အကြိမ်
ဖောက်သောအခါ... “နောက်တစ်ကြိမ်...” လီယွဲ့က သူ၏ နဖူးကို အုပ်လိုက်သည်။
“ရွှေဥဖောက်ဖို့အတွက် နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးတာနဲ့
ညီမျှပါတယ်...” “ဒါလည်း မဆိုးပါဘူး... အနည်းဆုံးတော့ ကြေးဒင်္ဂါး တစ်ပြားထက်
ပိုကောင်းတာပေါ့...” သူ ဆက်လုပ်လေသည်။ နောက်ထပ် အကြိမ် အနည်းငယ် ဖောက်ရာတွင် ဘာမှ
မရဘဲ လုံးဝကို အလွတ်များသာ ဖြစ်နေလေသည်။ “ဒါက နောက်ဆုံး အကြိမ် ဖောက်တာပဲ...”
ရှီလုံယန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ထုချလိုက်သည်။ “တစ်ခုခု
ထွက်လာပြီ အဖေ... ဒီတစ်ခါတော့ မတူဘူး... ကြေးဒင်္ဂါး
မဟုတ်ဘူး...” “အဲဒါ ဘာလဲ...” “ငွေဒင်္ဂါး တစ်ပြား...” ရှီလုံယန်၏
မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။ “ထွက်သွားစမ်း...
မင်းတို့ သားမိုက် နှစ်ယောက်ကြောင့် ငါ အာရုံ နောက်နေပြီ...
သွား... မင်းတို့ ကတ်တွေပဲ သွားခြစ်နေကြ...” သူတို့၏ ဖခင်ဖြစ်သူ
ဒေါသထွက်သွားသည်ကို မြင်သောအခါ ရှီညီအစ်ကို နှစ်ယောက်သည် အမြန်
နောက်ဆုတ်သွားကြပြီး ကတ်များကို ခြစ်နေရင်းမှ ရွှေဥဖောက်သည့် နေရာဆီသို့
တစ်ချက်တစ်ချက် လှမ်းကြည့်နေကြသည်။ ရှီလုံယန်မှာ
လျင်မြန်စွာပင် တည်ငြိမ်သွားလေသည်။ မနေ့က ကတ်ခြစ်ခဲ့သော
အတွေ့အကြုံအရ ကောင်းမွန်သော ပစ္စည်းများကို ရရှိရန် ထိုမျှလောက်
မလွယ်ကူကြောင်း သူ သဘာဝကျကျပင် သိရှိထားလေသည်။
“ဆိုင်ရှင်... ရွှေဒင်္ဂါး နှစ်ရာဖိုး ထပ်... မဟုတ်ဘူး...
ရွှေဒင်္ဂါး ငါးရာဖိုး...” အရောင်းအဝယ် ပြုလုပ်ပြီးနောက် သူက
ရွှေဥဖောက်ခြင်းကို ဆက်လုပ်လေသည်။ ဆယ်ကြိမ် ဖောက်ပြီးနောက် သူသည်
ကြေးဒင်္ဂါး ငါးပြားကို ရရှိခဲ့သည်။ နောက်ထပ် ဆယ်ကြိမ်
ဖောက်ပြီးနောက်တွင်မူ ရှီလုံယန်မှာ
လုံးလုံးလျားလျား စိတ်ပျက်သွားတော့သည်။ ခြစ်ကတ်များဖြင့် ဆုကြီးများ
ရရန် ရှားပါးသော်လည်း ဆုငယ်လေးများမှာ အတော်လေး မကြာခဏ ထွက်ပေါ်လာတတ်လေသည်။
သို့သော် ဤ ရွှေဥဖောက်ခြင်းမှာမူ... ယခုအချိန်အထိ ရလဒ်မှာ ငွေဒင်္ဂါး
နှစ်ပြားနှင့် ကြေးဒင်္ဂါး ကိုးပြားသာ ဖြစ်လေသည်။ ငါးကြိမ် ဖောက်ရန်
ကျန်ရှိနေသေးသည်။ “ကျုပ်ကတော့ မယုံဘူးဗျာ...” ရှီလုံယန်က
အသက်ပြင်းပြင်း ရှူလိုက်ပြီး တူကို လွှဲချလိုက်သည်။ လီယွဲ့၏ အကြည့်များက
လိုက်ပါသွားပြီး သူ၏ အမူအရာမှာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။ တစ်ခုခု
ထွက်လာပြီး ၎င်းမှာ ငွေကြေး မဟုတ်ပေ။ ရှီလုံယန်က စစ်ဆေးရန် အမြန် ဆောင့်ကြောင့်
ထိုင်ချလိုက်ပြီး ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ “ဒါက ဘာလဲ...” သူ၏
လက်ထဲတွင် ဘာရှိနေသလဲ ဆိုတာကို လီယွဲ့ သေချာစွာ မြင်လိုက်ရသောအခါ သူ၏
မျက်နှာမှာ မည်းမှောင်သွားတော့သည်။ ရွှေဥဖောက်ခြင်းအတွက် ဆုလာဘ်များမှာ
ကျပန်းဖြစ်ပြီး ကွဲပြားခြားနားကာ အမျိုးအစားပေါင်းစုံ ပါဝင်လေသည်။
စနစ်၏ အဆိုအရ မထင်မှတ်ထားသော ပစ္စည်းအချို့ကို ဖောက်၍ ရနိုင်သည့်
အခွင့်အရေးလည်း ရှိလေသည်။ သို့သော် ထိုအရာများမှာ အတိအကျ ဘာတွေလဲ
ဆိုသည်ကို လီယွဲ့ မသိသလို စိတ်ဝင်စားမှုလည်း မရှိပေ။ တစ်ခုပဲ ရှိသည်မှာ...
လူဝကြီးတွေအတွက် ပျော်ရွှင်စရာ ရေလိုမျိုး အရာတစ်ခုက နည်းနည်းလေး
များနေပြီ မဟုတ်ပါလား။ “ဆိုင်ရှင်... ဒီပစ္စည်းက ဘာလဲ...” လီယွဲ့၏
ပါးစပ်မှာ တွန့်လိမ်သွားတော့သည်။ “ဒါက... ကိုလာ ပါ...” “ကိုလာ...
ထူးဆန်းတဲ့ နာမည်ပဲ... ဆိုင်ရှင်... ဒီအရာက ဘာအတွက် အသုံးဝင်တာလဲ...”
“အင်း... အဲဒါက လူတွေကို... ပျော်ရွှင်စေတယ်...” မှန်ပါသည်။ ၎င်းမှာ သာမန်
ကိုလာ တစ်ပုလင်းသာ ဖြစ်လေသည်။ လူတွေကို ပျော်ရွှင်စေသည်မှလွဲ၍ ၎င်းမှာ လုံးဝကို
အသုံးမဝင်ပေ။ ‘အို... ဟုတ်သားပဲ... အဲဒါက လူတစ်ယောက်ရဲ့ သွေးတွင်း သကြားဓာတ်ကို
မြင့်တက်စေနိုင်တယ်...’ လီယွဲ့၏ လမ်းညွှန်မှုဖြင့် ရှီလုံယန်က
ပုလင်းအဖုံးကို လှည့်ဖွင့်လိုက်ပြီး တစ်ငုံ အကြီးကြီး
သောက်ချလိုက်သည်။ “အင်း...” သူက အလွန် မြန်မြန် သောက်လိုက်သောကြောင့်
ပူဖောင်းများက သူ၏ လည်ချောင်းကို ပိတ်ဆို့သွားကာ ကျယ်လောင်သော
လေတက်သံ တစ်ခုကို အလိုအလျောက် ထွက်ပေါ်လာစေသည်။ သူက အရသာကို
ခံစားလိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ပို၍
တောက်ပလာတော့သည်။ “အရသာ ရှိလိုက်တာ... အရမ်း ချိုပြီးတော့
တကယ်ကို လန်းဆန်းသွားတာပဲ...” “ခင်ဗျား ပျော်သွားပြီလား...” “ပျော်တာပေါ့...”
ရှီလုံယန်က သူ၏ လက်ထဲရှိ ကိုလာ ပုလင်းဝက်ကို ကြည့်လိုက်သည်။
“ပစ္စည်းကောင်းပဲ... ငါ အသက်တစ်ဝက်လောက်
ရှင်သန်လာတာ... ဒီလောက် လန်းဆန်းစေတဲ့ အရာမျိုး တစ်ခါမှ
မသောက်ဖူးဘူး...” “အဖေ... အဖေ ဘာတွေ သောက်နေတာလဲ...” ရှီညီအစ်ကို
နှစ်ယောက်က အနီးသို့ တိုးကပ်လာကြပြီး ကိုလာ ပုလင်းဝက်ကို
စူးစိုက်စွာ ကြည့်နေကြသည်။ “ထွက်သွားစမ်း...” ရှီလုံယန်က
ကိုလာ ပုလင်းဝက်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ “အဖေ...
ပစ္စည်းကောင်းတွေဆိုတာ မျှဝေရတယ်လေ...” “မျှဝေရမယ်... ချီးကို မျှဝေ...
မင်းတို့ သောက်ချင်ရင် ကိုယ့်ဟာကိုယ် ရွှေဥ ဖောက်ကြ...” “ကျွန်တော် ဖောက်မယ်...”
“မင်း ဖင်ကို ဖောက်... ငါ ကစားလို့ အားမရသေးဘူး... သွား... မင်းတို့ ကတ်တွေ
သွားခြစ်ကြ...” ရှီညီအစ်ကို နှစ်ယောက်က သူတို့၏ မျက်နှာများကို
အောက်ချကာ ကတ်များ ဆက်ခြစ်ရန် ဘေးသို့ ပြန်သွားကြသည်။ “အကြိမ် အနည်းငယ်
ဖောက်ဖို့ပဲ ကျန်တော့တယ်... နောက်ဆုံး အားထုတ်မှုပဲ...” အကြိမ်
အနည်းငယ် ဖောက်ပြီးနောက် နောက်ဆုံးအကြိမ် ဖောက်ရာတွင် အခြား
ပစ္စည်းတစ်ခုကို ရရှိခဲ့သည်။ ၎င်းမှာ အနက်ရောင် ဓားရှည် တစ်လက်
ဖြစ်လေသည်။ သာမန်အဆင့် လက်နက် တစ်ခု။ “ဓားကောင်းပဲ... ထိပ်တန်းအဆင့်
သာမန်လက်နက် တစ်ခုပဲ... သူ့ရဲ့ အရည်အသွေးက မော့မိသားစု
လက်နက် အလုပ်ရုံက ဓားတွေထက် အများကြီး သာလွန်တယ်... အနည်းဆုံး
ရွှေဒင်္ဂါး သုံးရာလောက် တန်တယ်...” သူ၏ ဆုံးရှုံးမှု အချို့ကို
ပြန်လည် ရရှိသွားသောကြောင့် ရှီလုံယန်က သူ၏ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ရန်
ပြင်ဆင်လိုက်သည်။ “ဆိုင်ရှင်... ကျုပ်တို့ ရောက်ပြီ...” လီယွဲ့က
မော့ကြည့်လိုက်ရာ လျိုမိသားစုမှ လူများ ရောက်လာသည်ကို
မြင်လိုက်ရသည်။ လျိုချင်းလီမှာ လာရောက်ခြင်း မရှိသော်လည်း
ရင်းနှီးကျွမ်းဝင်နေသော မျက်နှာများ အားလုံး
ပါဝင်ပြီး သူစိမ်း အနည်းငယ်လည်း ပါဝင်လေသည်။ “အာဏာရှင် ဓားဂိုဏ်းက
လူတွေလား...” ရှီလုံယန်က သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ လျိုမိသားစု၏
မိသားစု ခေါင်းဆောင်ဟောင်း ဖြစ်သော လျိုမူချင်းသည် အာဏာရှင် ဓားဂိုဏ်းမှ အကြီးအကဲ
ဝူဆန်ထုန်းကို သိကျွမ်းလေသည်။ လျိုဝူယီသည် ကျင့်ကြံခြင်း လမ်းစဉ်သို့ ပထမဆုံး
ဝင်ရောက်လာသောအခါ လျိုမူချင်းက ဤအဆက်အသွယ်ကို အသုံးပြု၍ သူ့ကို အာဏာရှင်
ဓားဂိုဏ်းသို့ ဝင်ရောက်စေလိုခဲ့သည်။ ယနေ့ နံနက်စောစောတွင်
ဝူဆန်ထုန်းက ချိန်ယန်မြို့သို့ ရောက်ရှိလာပြီး လျိုဝူယီ၏
နက်နဲသော အဆင့် အရည်အချင်းကို မမျှော်လင့်ဘဲ စမ်းသပ်စစ်ဆေးမိရာမှ သူ့ကို
ကိုယ်ပိုင် တပည့်အဖြစ် လက်ခံခဲ့လေသည်။ ချိန်ယန်မြို့တွင် နက်နဲသော အဆင့်
အရည်အချင်းဆိုသည်မှာ ဂိုဏ်းတစ်ခု၏ အဓိက တပည့် ဖြစ်လာရန် လုံလောက်သော
အလွန် ထူးချွန်သည့် အရည်အချင်းပင် ဖြစ်လေသည်။ လျိုမိသားစုမှာ အလွန်အမင်း
ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကာ အောင်ပွဲခံ ညစာစားပွဲ တစ်ခုကို ကျင်းပခဲ့ကြသည်။
ညစာစားပွဲတွင် စကားပြောကြရင်း ဝူဆန်ထုန်းက ချိန်ယန်မြို့ အပြင်ဘက်
လီသုံးဆယ် အကွာရှိ ထီဆိုင် အကြောင်းကို သိရှိသွားခဲ့ခြင်းပင်။
“ဆိုင်ရှင်... ကျုပ်တို့ ပြန်လာပြီ...” လီယွဲ့က ပြုံးလိုက်သည်။
“ကြိုဆိုပါတယ်...” “ကျွန်တော် မိတ်ဆက်ပေးပါရစေ... ဒါက
အာဏာရှင် ဓားဂိုဏ်းက အကြီးအကဲ ဝူ ပါ...” လီယွဲ့က ခေါင်းညိတ်လိုက်သည်။
ရုတ်တရက် သူ၏ ထံသို့ မြင်ရသော ချီ စွမ်းအင်ယန္တရား တစ်ခု ပြေးဝင်လာသည်ကို
သူ ခံစားလိုက်ရသည်။ ဤအကြီးအကဲ ဝူသည် သူ့ကို စူးစမ်းရန်အတွက် ဝိညာဉ်အမြင်ကို
အသုံးပြုနေခြင်းပင်။ ထိုအရာမှာ မိမိကိုယ်ကို အထင်ကြီးလွန်းခြင်းပင်
ဖြစ်လေသည်။ “ဖူး...” ဝူဆန်ထုန်းမှာ ထိတ်လန့်ဖွယ်ကောင်းသော အမူအရာဖြင့် သွေးတစ်ပွက်
အန်ချလိုက်ပြီး အမြန် နောက်ဆုတ်သွားတော့သည်။ ယခုလေးတင် သူ၏ နတ်ဘုရား အမြင်မှာ
ထိတ်လန့်ဖွယ်ကောင်းသော အဆုံးမဲ့ တွင်းနက်ကြီး တစ်ခုထဲသို့
စုပ်ယူခံလိုက်ရသလိုပင်... ဤလူသည် အလွန်ပင်
အစွမ်းထက်လှသည်။ ဂိုဏ်းချုပ်ပင်လျှင် သူ၏ ရှေ့တွင်
ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အသေးအမွှားလေး ဖြစ်နေပေလိမ့်မည်။ “ပထမဆုံး
အကြိမ် တွေ့ဆုံတာမှာ မင်းက နည်းနည်း ရိုင်းပြနေတယ် မဟုတ်ဘူးလား...”
ထိုပေါ့ပါးသော စကားတစ်ခွန်းနှင့် ဝူဆန်ထုန်း၏ လက်ရှိ အခြေအနေကို
ပေါင်းစပ်လိုက်သောအခါ လျိုမူချင်းမှာ ဘာတွေ ဖြစ်သွားသည်ကို မည်သို့
မသိဘဲ နေနိုင်မည်လဲ။ “အစ်ကိုဝူ... ခင်ဗျား... ရိုင်းရိုင်းပြပြ မလုပ်ဖို့
ကျုပ် ပြောထားတယ် မဟုတ်လား... ဆိုင်ရှင်... ကျွန်တော် တောင်းပန်ပါတယ်...
အစ်ကိုဝူ ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်...” လျိုမူချင်းက အမြန်
ဒူးထောက်ကာ တောင်းပန်လိုက်သည်။ သူ၏ ဘေးတွင် ရှိနေသော
ဝူဆန်ထုန်းသည်လည်း ဒူးထောက်လိုက်၏။ “ဒီမျိုးဆက်သစ်က
ရိုင်းပြမိသွားပါတယ်... စီနီယာ... ကျေးဇူးပြုပြီး
ခွင့်လွှတ်ပေးပါ...” သူ၏ မျက်နှာမှာ ဖြူရော်နေကာ
သူသည် ပြင်းထန်စွာ ဒဏ်ရာရထားကြောင်းကို ရှင်းလင်းစွာ ဖော်ပြနေလေသည်။
“ဆိုင်ရှင်... သူ့ကို ခွင့်လွှတ်ပေးပါ...” လျိုဝူယီသည်လည်း သူ
ယခုလေးတင် အသိအမှတ်ပြုထားသော ဆရာဖြစ်သူအတွက် တောင်းပန်ရန်
ဒူးထောက်လိုက်သည်။ လီယွဲ့က သူတို့ သုံးယောက်ကို တစ်ချက်
ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ “ကျေးဇူးတင်ပါတယ်
ဆိုင်ရှင်...” လျိုမူချင်းနှင့် လျိုဝူယီတို့က ဝူဆန်ထုန်းကို အမြန်
ထူပေးလိုက်ကြသည်။ “အစ်ကိုဝူ... ဒီမှာ ခင်ဗျား ရောင့်တက်တက် လုပ်လို့ မရဘူး...”
“အစ်ကိုလျို... ဒီလူရဲ့ နောက်ခံက... ဘာလဲ...” “ကျုပ် ဘယ်လိုလုပ် သိမှာလဲ...
အချုပ်ပြောရရင် အစ်ကိုဝူ... အဲဒီ အမှားမျိုးကို ထပ်မလုပ်နဲ့တော့...” “ကျုပ်ရဲ့
စိတ်လိုက်မာန်ပါ လုပ်ရပ်ပါ... အစ်ကိုလျိုရဲ့ မှာကြားချက်တွေကို ကျုပ်
မမေ့ခဲ့သင့်ဘူး...”
ကံတရားကိုရောင်းစားမယ်
အခန်း ၁၀။ သိုင်းပညာရပ်
ရှီလုံယန်က တူကို မြှောက်ကာ လွှဲချလိုက်သည်။ ထိုအခါ ရွှေဥသည် ရွှေရောင် အလင်းတန်း
တစ်ခုနှင့်အတူ ရုတ်တရက် ပေါက်ကွဲသွားကာ သူ့ကို မီတာ အနည်းငယ်ခန့် နောက်သို့
လွင့်စင်သွားစေသည်။
“အဖေ... အဆင်ပြေရဲ့လား...”
ရှီလုံယန်က သူ၏အဝတ်အစားများကို ပုတ်ခါလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဘာမှမဖြစ်ဘဲ ကောင်းမွန်နေသော်လည်း အဘယ်ကြောင့် ဤသို့ ဖြစ်သွားရသနည်း။
“ခင်ဗျားရဲ့ အကြိမ်ရေ ကုန်သွားလို့ပါ...”
လီယွဲ့ကလီယွဲ့က တိုးညင်းစွာ သတိပေးလိုက်သည်။
ရှီလုံယန်က သဘောပေါက်သွားကာ သူ၏ ခေါင်းကို ရိုက်လိုက်သည်။
“အို...တောင်းပန်ပါတယ် ဆိုင်ရှင်... ကျုပ်က အာရုံ အရမ်းစိုက်နေလို့မေ့သွားတာ...”
“ကိစ္စ မရှိပါဘူး...”
စနစ်တွင် ဤကဲ့သို့သောလုပ်ဆောင်ချက် ရှိနေပေသည်။ ဤနည်းဖြင့် သူက အမြဲတမ်း စောင့်ကြည့်နေရန်
မလိုအပ်တော့ပေ။ မည်သို့ပင်ဖြစ်စေ ပိုက်ဆံ မပေးဘဲ မည်သူမျှ ရွှေဥများကို ဖောက်၍
မရနိုင်ပေ။ “ဆိုင်ရှင်... အကြိမ် ငါးဆယ်စာ ပေးပါ...” “ရွှေဒင်္ဂါး တစ်ထောင်...”
“ကျေးဇူးတင်ပါတယ်...” အရောင်းအဝယ် ပြုလုပ်ပြီးနောက် ရှီလုံယန်က တူငယ်လေးကို ကိုင်ကာ
လျိုမူချင်းကို တစ်ချက် ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ လျိုမူချင်းက သူ့ကို
အဖက်မလုပ်ပေ။ ဤနေရာမှာ ငြင်းခုံရန် သို့မဟုတ် ပြဿနာရှာရန် နေရာ
မဟုတ်ပေ။
“ဆိုင်ရှင်... ဒါက မနေ့က ပြောတဲ့ ကစားနည်း အသစ်လား...”
“ဟုတ်ပါတယ်... ခင်ဗျားလည်း စမ်းကြည့်လို့ ရပါတယ်...”
လျိုမူချင်းက သူ၏
သိုလှောင်အိတ်ထဲမှ ရွှေဒင်္ဂါး တစ်ထောင်ကို စိတ်လှုပ်ရှားစွာဖြင့်
ထုတ်ယူလိုက်သည်။
“ဆိုင်ရှင်... ကျွန်တော်လည်း အကြိမ်
ငါးဆယ်စာ ယူမယ်...”
ထို့နောက် သူက သူ၏ ဘေးတွင် ရှိနေသော ဝူဆန်ထုန်းကို
ကြည့်လိုက်သည်။
“အစ်ကိုဝူ... ခင်ဗျားကော စမ်းကြည့်ချင်သေးလား...”
ဝူဆန်ထုန်းက အသက်အကြိမ်
အနည်းငယ် ရှူထုတ်ကာ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
“ကျုပ် အရင်စောင့်ကြည့်ဦးမယ်... အစ်ကိုလျို... ကျုပ်ကို
ဂရုမစိုက်နဲ့...” “ကောင်းပြီလေ...” လျိုမူချင်းက
ရှီလုံယန်၏ ဘေးသို့ လှမ်းသွားလိုက်ရာ လီယွဲ့က သူ့ကို
တစ်ပုံစံတည်း တူညီသော ရွှေရောင် တူငယ်လေး တစ်ချောင်း
ကမ်းပေးလိုက်သည်။ ကောင်တာပေါ်ရှိ စာကလေးမှာ ရုတ်တရက်
မတ်တတ်ရပ်လိုက်သည်။ ‘နောက်ထပ်... နောက်ထပ်
ကောင်းကင်အဆင့် မှော်လက်နက် တစ်ခု... ပြီးတော့ ပုံစံကလည်း
တစ်ပုံစံတည်းပဲ...’ ‘မယုံနိုင်စရာပဲ... ကုန်းမြေတိုက် တစ်ခုလုံးရဲ့ အလွန်
ရှားပါးတဲ့ ဒီကောင်းကင်အဆင့် ရတနာတွေက ဒီနေရာမှာတော့ အများကြီး
အလွယ်တကူ ထုတ်လုပ်လို့ ရနေပုံပဲ...’ လူအိုကြီး နှစ်ယောက်မှာ တစ်မီတာခန့်
အကွာအဝေးတွင် ရပ်နေကြပြီး သူတို့၏ အကြည့်များ ဆုံတွေ့သွားသောအခါ
လျှပ်စီးနှင့် မီးပွားများ ပွင့်ထွက်သွားတော့သည်။
“ဟွန့်...” နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း အေးစက်စွာ
နှာခေါင်းရှုံ့လိုက်ကြပြီး သူတို့ လိုချင်သော
ရွှေဥများကို စတင် ရွေးချယ်လေတော့သည်။ တစ်ယောက် တစ်လှည့်စီ...
ဘယ်တစ်လှည့်... ညာတစ်လှည့်။ အခွံများ ကွဲအက်သွားသော အသံများက
စည်းချက်ကျကျ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အကြောင်းပြချက် တစ်ခုခုကြောင့် လီယွဲ့၏
စိတ်ထဲတွင် ကိန်းဂဏန်း တစ်ခု ပေါ်လာလေသည်။ ‘ရှစ်ဆယ်...’
“ငါ့ဟာက ငွေဒင်္ဂါးတစ်ပြား ကျလာတယ်...”
“ငါ့ဟာက ရွှေဒင်္ဂါး တစ်ပြား...”
“ထပ်လုပ်...”
“နောက်တစ်ကြိမ်...” “သာမန်လက်နက် တစ်ခု... ဟား ဟား ဟား... အဘိုးကြီးလျို... မင်းလည်း သိပ်အဆင်မပြေပါလား...”
လူအိုကြီးလူအိုကြီး နှစ်ယောက်မှာ
တစ်ယောက်နှင့် တစ်ယောက် သိသိသာသာကို
ပြိုင်ဆိုင်နေကြခြင်းပင်။
ရှီလုံယန်က သူ၏ ဒုတိယမြောက် သာမန်လက်နက်ကို ဝမ်းသာအားရ
သိမ်းဆည်းလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော
အမူအရာများ ပေါ်လွင်နေသည်။ လျိုမူချင်းက ဘာမှ မပြောဘဲ ဆက်၍ ဖောက်နေလေသည်။
‘ဂျွတ်...’ “ရွှေရောင်... ရွှေရောင် ဒဏ္ဍာရီပဲ... ဒါက ပစ္စည်းကောင်း
တစ်ခု ဖြစ်ရမယ်...” ဤတစ်ကြိမ် ရိုက်ချလိုက်သောအခါ ရွှေဥ အတွင်းမှ
အလင်းတန်းများ ဖြာထွက်လာကာ လူတိုင်း၏ အကြည့်ကို ချက်ချင်းပင်
ဆွဲဆောင်သွားတော့သည်။ ဆိုင်ထဲတွင် ကတ်ခြစ်နေကြသော သူများ အားလုံး အပြင်သို့ ပြေးထွက်လာကြသည်။
“အဘိုး... မြန်မြန်... အဲဒါ ဘာလဲဆိုတာ ကြည့်လိုက်...”
လျိုမူချင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဥခွံကို ခွာချကာ
ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
“ပင်လယ် တုန်လှုပ်ခြင်း သုံးကွက်...”
“ဒါက သိုင်းပညာရပ် တစ်ခုပဲ... အဝါရောင်အဆင့် ဓားသိုင်းပညာရပ် တစ်ခု...”
လူအုပ်ကြီး တစ်ခုလုံးမှာ လေကို ပြင်းပြင်း ရှူသွင်းလိုက်ကြပြီး
ဆူညံသွားတော့သည်။
“အဆင့်ရှိတဲ့ သိုင်းပညာရပ်တွေ တကယ်ကို ထွက်လာနိုင်တာပဲ...”
“ကျင့်စဉ်နည်းလမ်းတွေနဲ့ မှော်ရတနာတွေလည်း ရနိုင်မှာ သေချာတယ်...ဆိုင်ရှင် ပြောတာ မလိမ်ဘူးပဲ...”
လျိုမိသားစုဝင်များက အလွန်အမင်း
ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ဝိုင်းအုံလာကြသည်။ အဆင့်ရှိသော မည်သည့်
ရတနာကိုမဆို ငွေကြေးဖြင့်သာ တိုင်းတာ၍ မရနိုင်ကြောင်း လူတိုင်း
သိထားကြပေသည်။ အထူးသဖြင့် ချိန်ယန်မြို့ကဲ့သို့သော နေရာငယ်လေး
တစ်ခုတွင် မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးသော မိသားစု
အမွေအနှစ် အများစုမှာ အဝါရောင်အဆင့် ကျင့်စဉ်နည်းလမ်းများနှင့်
သိုင်းပညာရပ်များသာ ဖြစ်လေသည်။ ဂိုဏ်းအင်အားစုများ အတွင်း၌ပင်
ထိုအရာများမှာ အလွန် တန်ဖိုးကြီးလှပေသည်။ ယခုမှ ဝင်ရောက်လာသော သာမန် တပည့်များသည်
တစ်ယောက်လျှင် တစ်ခုကိုသာ ရွေးချယ် လေ့လာနိုင်ပြီး သူတို့က ပို၍ သင်ယူလိုပါက
ဂိုဏ်း၏ ထည့်ဝင်မှု အမှတ် အမြောက်အမြားဖြင့် လဲလှယ်ရမည် ဖြစ်သည်။
ဥပမာအားဖြင့် ဝူဆန်ထုန်း၏ အမြတ်နိုးဆုံး အဝါရောင်အဆင့် သိုင်းပညာရပ်မှာ သူ
အလွန် ခက်ခဲစွာ စုဆောင်းထားခဲ့ရသော ဂိုဏ်း၏ ထည့်ဝင်မှု အမှတ်များကို အသုံးပြု၍
လဲလှယ်ခဲ့ရခြင်း ဖြစ်လေသည်။ ကိုယ်ပိုင် တပည့်များမှာမူ
ကွာခြားလေသည်။ သူတို့မှာ ဂိုဏ်း၏ အကြီးအကဲများ၏ တပည့်များ
ဖြစ်ကြပြီး အကြီးအကဲက လိုလားသရွေ့ သင်ကြားပေးနိုင်ပေသည်။
အရေးအကြီးဆုံး အချက်တစ်ခုလည်း ရှိလေသည်။ ဂိုဏ်း၏
ကျင့်စဉ်နည်းလမ်းများနှင့် သိုင်းပညာရပ်များကို
ပြင်ပလူများထံသို့ လုံးဝ လက်ဆင့်မကမ်းရပေ။
ချိုးဖောက်သူများမှာ ပြင်းထန်သော ပြစ်ဒဏ်များကို ခံရမည်
ဖြစ်သည်။ ဤအခိုက်အတန့်တွင် နေရာ၌ အတုန်လှုပ်ဆုံး လူမှာ ဝူဆန်ထုန်း
ဖြစ်မည်မှာ သေချာလှပေသည်။ သူက လျိုမူချင်းကို အချိန်အတော်ကြာအောင်
စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လျိုမူချင်းသည် ရွှေဥ
အလုံးသုံးဆယ်ခန့်... ဆိုလိုသည်မှာ ရွှေဒင်္ဂါး ခြောက်ရာအောက်သာ
ဖောက်ခဲ့ရပြီး အဝါရောင်အဆင့် သိုင်းပညာရပ် တစ်ခုကို ရရှိခဲ့ခြင်းပင်။
ဤအရာ အားလုံးက သူ၏ ကမ္ဘာအမြင်ကို ရိုးရှင်းစွာပင် မှောက်လှန်ပစ်လိုက်လေသည်။ သူက
လီယွဲ့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ ပြင်းထန်သော စိတ်ဆန္ဒများဖြင့်
တောက်လောင်နေလေသည်။ “စီနီယာ... ကျွန်တော်လည်း စမ်းကြည့်ချင်တယ်...” “ရပါတယ်...”
လျိုမူချင်းက အကြိမ် သုံးဆယ်ကျော်လေး ဖောက်ရုံဖြင့် အဝါရောင်အဆင့်
သိုင်းပညာရပ်ကို ရရှိသွားလိမ့်မည်ဟု လီယွဲ့လည်း
မမျှော်လင့်ထားခဲ့ပေ။ သို့သော် ဤအရာမှာ ကောင်းမွန်သော
ကိစ္စ တစ်ခု ဖြစ်လေသည်။ ဂုဏ်သတင်းက အပြင်သို့ ရောက်သွားသည်နှင့် အခြားသူများ
ငါးစာ မဟပ်မည်ကို သူ စိုးရိမ်နေရန် လိုသေးသလား။ ကောင်တာတွင်
ကတ်ခြစ်နေကြသော သူများကို ကြည့်လိုက်ပါ။ လျိုချင်းလီက
အရိုးဆေးကြောခြင်း အရည်ကို ခြစ်၍ ရသွားသောကြောင့် သူတို့လည်း ပို၍ ရှိရမည်ဟု
အလွန်အမင်း ယုံကြည်နေကြပြီး သူတို့၏ ကံ မရောက်သေးခြင်းသာ ဖြစ်သည်ဟု ထင်နေကြသည်
မဟုတ်ပါလား။ လျိုမူချင်းက အဝါရောင်အဆင့် သိုင်းပညာရပ်ကို သူ၏
သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး လီယွဲ့ကို
လေးနက်စွာ ကြည့်လိုက်သည်။ “ဆိုင်ရှင်... ကျေးဇူးတင်ပါတယ်...” လီယွဲ့က
ပြုံးလိုက်သည်။ “ဒါက ခင်ဗျားရဲ့ ကိုယ်ပိုင် အခွင့်အရေးပါ...
ကျေးဇူးတင်စရာ မလိုပါဘူး...” စကားစပ်၍ ပြောရလျှင် လျိုမိသားစုမှ လူများမှာ
ကံကောင်းခြင်း နတ်ဘုရား၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အနည်းငယ်
ရှိနေပုံ ရလေသည်။ ယခုအချိန်အထိ အဖိုးတန်ဆုံး ဆုနှစ်ခုစလုံးမှာ သူတို့
မိသားစုထံသို့ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။ အချို့က ဝမ်းမြောက်ဝမ်းသာ
ဖြစ်နေချိန်တွင် အချို့ကမူ စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။ အခြားတစ်ဖက်တွင်မူ
ရှီမိသားစုဝင်များမှာ မတည်ငြိမ်နိုင်တော့ပေ။ “အဲဒီ အဘိုးကြီးက
ဘာအခွင့်အရေးနဲ့လဲ...” “ဟုတ်တယ်လေ...
ဘာအခွင့်အရေးနဲ့လဲ...” “ငါက အရင် လာတာလေ... ဒါပေမဲ့
ဆုကြီးကို သူက အရင် ရသွားတယ်...” “အဖေက အရင် လာတာလေ... ဒါပေမဲ့ ဆုကြီးကို သူက အရင် ရသွားတယ်...” “ဒါက မတရားဘူး...” “ဒါက မတရာ... အား...အား... အား... အဖေ... မရိုက်နဲ့... ကျွန်တော့်ကို မရိုက်နဲ့...”
ဓာတ်ပြားဟောင်းကြီးလို ဖြစ်နေသော သူ၏ သားနှစ်ယောက်ကို
ကြည့်ရင်း ရှီလုံယန်၏ ဒေါသများက ပေါက်ကွဲထွက်လာတော့သည်။ သူက သူတို့
နှစ်ယောက်စလုံး၏ တင်ပါးကို ခြေထောက်ဖြင့် တစ်ချက်စီ ကန်လိုက်သည်။
“ထွက်သွားကြစမ်း... မင်းတို့ အရိုးဆေးကြောခြင်း အရည် တစ်ခုလောက်ရပြီလား... မြန်မြန် သွားပြီးတော့ ခြစ်ကြစမ်း...”
သူတို့၏ဖခင်ဖြစ်သူ ဒေါသထွက်နေသည်ကို သိသောကြောင့် ရှီညီအစ်ကိုနှစ်ယောက်သည် ဆိုင်ထဲသို့ အမြန် ပြေးဝင်သွားကြသည်။
“ဆိုင်ရှင်...နောက်ထပ် အကြိမ် ငါးဆယ်စာ...”
လီယွဲ့က ဖြည်းညင်းစွာ လျှောက်လာသည်။
“ကံတရားဆိုတာက မွေးရာပါ အပြောင်းအလဲ မြန်တယ်လေ... အခု
မပေါ်လာသေးဘူး ဆိုတာက နောက်မှ မပေါ်လာနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး...နောက်တစ်ကြိမ် ဖောက်ရင် တစ်ခုခု ရနိုင်သလို... နှစ်ခု ဆက်တိုက်တောင် ရချင်ရနိုင်တာပဲ မဟုတ်လား...”
ထိုစကားကို ကြားသောအခါ ရှီလုံယန်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
“ဆိုင်ရှင်... အဲဒါတကယ်လား...” လီယွဲ့၏ ပါးစပ်မှာ တွန့်လိမ်သွားတော့သည်။
“ကျုပ်ကခင်ဗျားကို နှစ်သိမ့်ပေးရုံ သက်သက်ပါဗျာ...”
သို့သော်ရှီလုံယန်မှာ တကယ်ကို ယုံကြည်သွားပုံ ရလေသည်။ “ဆိုင်ရှင်
ပြောတာ မှန်တယ်... ငါ့ရဲ့ ကံတရားက ရောက်လာတော့မယ်လို့ ငါ ခံစားနေရတယ်...”
ချက်ချင်းဆိုသလိုပင် ကြက်သွေး ထိုးသွင်းခံလိုက်ရသည့်အလား သူက
ရွှေဥများကို ရူးသွပ်စွာ စတင် ဖောက်လေတော့သည်။ သူက
ဖောက်နေရင်းနှင့် ရေရွတ်နေ၏။
“ငါ လုပ်နိုင်တယ်... ငါလုပ်နိုင်တယ်... လာစမ်း... တစ်ခုခု ထွက်လာစမ်း...”
လီယွဲ့မှာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ‘နောက်တစ်ယောက်
ရူးသွားပြန်ပြီ...’ လျိုမူချင်းက ခေါင်းကို မော့ကာ
လျှောက်လာပြီး ဟန်ဆောင်ကာ ချောင်း နှစ်ချက် ဟန့်လိုက်သည်။
“အို... မင်း ရွှေဥအလုံးတစ်ရာကျော်တောင် ဖောက်ပြီးသွားပြီပဲ... တတ်နိုင်ရဲ့လား အဘိုးကြီး ရှီ ရေ...”
အလွန် ခနဲ့တဲ့တဲ့နိုင်သော လေသံပင်။ သို့သော် လူတိုင်း အံ့အားသင့်သွားသည်မှာ
ရှီလုံယန်မှာ ဒေါသမထွက်ခြင်းပင်။ ယင်းအစား သူက တည်ငြိမ်သော မျက်နှာဖြင့်
မတ်မတ်ရပ်ကာ သူ၏ သိုလှောင်အိတ်ထဲမှ တစ်ဝက်သာ သောက်ရသေးသော ကိုလာ ပုလင်းကို
ထုတ်ယူလိုက်သည်။ သူက အဖုံးကို လှည့်ဖွင့်ကာ တစ်ငုံ သေးသေးလေး သောက်လိုက်သည်။
“လန်းဆန်းလိုက်တာ...” လျိုမူချင်းမှာ အံ့အားသင့်သွားသည်။
“အဲဒါ ဘာလဲ...”
“ငါအခုလေးတင် ဖောက်ပြီး ရထားတဲ့ ရတနာ တစ်ခုလေ...”
“ဘာအတွက်အသုံးဝင်တာလဲ...”
ရှီလုံယန်က ရယ်မောလိုက်သည်။
“မင်းကိုပြောပြရတာ ဘာမှ အကျိုးယုတ်စရာ မရှိပါဘူး... ဒီအမည်းရောင် ရေက...လူတစ်ယောက်ရဲ့ သက်တမ်းကို တိုးစေနိုင်တယ်...”
ထိုစကားကို ကြားသောအခါ လျိုမူချင်း၏ နှလုံးသားမှာ တုန်ခါသွားတော့သည်။ အဋ္ဌမအဆင့်
သိုင်းပညာရှင် တစ်ယောက်၏ သက်တမ်းမှာ သာမန် လူတစ်ယောက်၏
သက်တမ်းနှင့် မခြားနားပေ။ အမြုတေ ဖြစ်တည်ခြင်း အဆင့်
သို့မဟုတ် ထိုအထက်သို့ ရောက်ရှိမှသာ လူတစ်ယောက်၏ သက်တမ်းမှာ တိုးလာမည်
ဖြစ်သည်။ ယခု သူသည် အသက် ခုနစ်ဆယ်ကျော် အရွယ်သို့ ရောက်နေပြီ ဖြစ်ရာ အဓိက
အဆင့်တိုင်းကို ကျော်ဖြတ်ရန်မှာ အလွန်အမင်း ခက်ခဲလှပေသည်။
အထူးသဖြင့် သူသည် အသာမန်ဆုံး အရည်အချင်းကိုသာ
ပိုင်ဆိုင်ထားသောကြောင့်ပင်။ အမြုတေ
ဖြစ်တည်ခြင်း အဆင့်... မဖြစ်နိုင်သလောက်ပင်။ အနီးတွင် ရပ်နေသော
ဝူဆန်ထုန်းသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးလာသည်။
“အဲဒါတကယ်လား...”
“ဟွန့်... ငါက ဘာလို့ မင်းတို့ကို လိမ်ရမှာလဲ... ဒါက
ဆိုင်ရှင်ရဲ့ ဆိုင်က ရတနာ တစ်ခုပဲ...”
“ဆိုင်ရှင်...”
သူတို့သူကို မေးမြန်းရန်ဟန်ပြင်လိုက်စဉ်မှာပင် လီယွဲ့မှာ ဘယ်အချိန်ကတည်းက အထဲသို့ ဝင်သွားမှန်း
မသိတော့ပေ။ လျိုမူချင်းနှင့် ဝူဆန်ထုန်းတို့က တစ်ယောက်ကို
တစ်ယောက် ကြည့်လိုက်ကြသည်။
‘‘ယုံကြည်ရမလား...’’
“သေချာပေါက်ယုံတာပေါ့...”
ဆိုင်ရှင်ကဲ့သို့သောဆိုင်ရှင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက်
သက်တမ်းကို တိုးစေနိုင်သော အရာတစ်ခု ထုတ်လုပ်ပေးခြင်းမှာ ဘာများထူးဆန်းမည်လဲ။ သူတို့၏ မျက်လုံးများထဲရှိ မနာလိုမှုများကို မြင်သောအခါ
ရှီလုံယန်မှာ အလွန်အမင်း ကျေနပ်သွားတော့သည်။
‘‘အဲဒါက အတုဖြစ်နေရင်ကော ဘာဖြစ်လဲ...’’
‘‘အနည်းဆုံးတော့ ငါ့ရဲ့ စိတ်ပျက်မှုတွေကို
လွတ်လွတ်လပ်လပ် ဖောက်ခွဲလိုက်ရလို့ ငါ အရမ်းကို
နေလို့ကောင်းသွားပြီ...’’
နောက်ထပ် တစ်ငုံ သောက်ပြီးနောက်
သူက ကိုလာ ပုလင်းကို သေချာစွာ သိမ်းဆည်းလိုက်ပြီး ရွှေဥများကို ဆက်လက်
ဖောက်လေတော့သည်။ တစ်ချိန်တည်းမှာပင်။ ချိန်ကျိုးရှိ ကွေ့ကောက်နေသော
တောင်တန်းကြီး တစ်ခု အတွင်း၌။ ကျောက်စိမ်းဓားဂိုဏ်း... သင်ကြားရေး ခန်းမ။
စက်ဝိုင်းပုံစံ စင်မြင့်တစ်ခုပေါ်တွင် ဆံပင်ဖြူ အဘိုးအို တစ်ဦးက
ဂိုဏ်း၏ အခြေခံ ကျင့်စဉ်နည်းလမ်းနှင့် ပတ်သက်၍ သူ၏
ထိုးထွင်းသိမြင်မှုများကို ရှင်းပြနေလေသည်။
အောက်ဘက် ထောင့်တစ်နေရာတွင်။ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင် ရှိသည့်
မိန်းကလေး တစ်ဦးမှာ မြေပြင်ပေါ်တွင် တဝက်တပျက် ဆောင့်ကြောင့်ထိုင်ကာ
တစ်ခုခုကို ကလိနေလေသည်။
“ချင်းလီ... ချင်းလီ...”
မိန်းကလေးကခေါင်းစောင်းကာ တိုးတိုးလေး မေးလိုက်သည်။
“ဟောပြောပွဲပြီးပြီလား...”
“မပြီးသေးဘူး... မပြီးသေးဘူး... မင် ဘာလုပ်နေတာလဲ... မင်း
မြေပြင်ပေါ်မှာ တွားသွားပြီး တစ်ခုခုကို ကလိနေတာ အချိန်အတော်ကြာပြီနော်...”
“မင်းရဲ့ ကိစ္စ မဟုတ်တာကို ဝင်မပါနဲ့... ငါ အလုပ်များနေတယ်...
အကြီးအကဲ ဆွန်း ကိုသာ ငါ့အတွက် စောင့်ကြည့်ပေးထား...”