← Chapters

အဆုံးမဲ့ ည

Vol. 25 Ch. 352

အဆုံးမဲ့ ည

Vol. 25 Ch. 352

ကတုံးအမျိုးသားက အဝေးမှ အန်လင်းကိုကြည့်လိုက်ကာ အမူအရာအနည်းငယ်ပြောင်းသွား၏။

သူ့အရှိန်အဝါက... ရုတ်တရက်ကြီး အလွန်အမင်းအစွမ်းထွက်လာခြင်းဖြစ်၏။

အန်လင်းသည်လည်း နက်စွေးစွေး မျက်ဝန်းတစ်စုံဖြင့် ကတုံးအမျိုးသား၏ အကြည့်နှင့် ဆုံသွား၏။ သူ့နောက်တွင် အနက်ရောင် ဝတ်ရုံရှည်က သူ့အလိုလိုပေါ်လာပြီး မိစ္ဆာရှင်းဓားကိုယ်တိုင်ကပင် အနက်ရောင် ဝတ်စုံတစ်စုံ ဝတ်လိုက်သကဲ့သို့ အနက်ရောင်အလွှာတစ်ခု၏ ရစ်ပတ်ခြင်းခံလိုက်ရသည်။

အရာအားလုံးက ရုတ်တရက် တိတ်ဆိတ်သွားပြီး သေစေနိုင်လောက်သော အရှိန်အဝါများက အပြင်ဘက်သို့ ထိုးထွက်လာလေ၏။

အန်လင်းက အမှောင်ထု၏ အလယ်တွင် ည၏ အုပ်စိုးသူတစ်ယောက်ကဲ့သို့ မတ်တပ်ရပ်နေ၏။ သူက တိတ်ဆိတ်နေပြီး အရှိန်လျော့နေသော်လည်း သူ့အားအင်မှာ ငြင်းပယ်မရနိုင်ပါပေ။

လေ​​ပြည်ညင်းလေးတစ်ခုက ခတ်ဖွဖွတိုက်ခတ်လာပြီး အန်လင်းက ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ကတုံးအမျိုးသား၏ မျက်ဆံများက အပြင်းအထန် ကြုံ့ဝင်သွားပြီး မျက်နှာချင်းဆိုင်နေသော ဦးတည်ချက်ကို လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

ထိုအခိုက်အတန့်၌ ပြိုင်ဘက်ကင်း စွမ်းအင်နှင့် ပြည့်နှက်နေသော အနက်ရောင်ဓားက ကောင်းကင်မှ ကျဆင်းလာပြီး သူ့လက်သီးနှင့် တိုက်မိသွားတော့သည်။

ဘုန်း...

အင်အားနှစ်ခုက တိုက်မိသွားပြီး သက်ရှိစွမ်းအင်များက လေထဲတွင် တစ်ကီလိုမီတာ အထိထိုးထွက်သွားတော့သည်။ သူတို့တိုက်မိခြင်းမှ ဖျက်ဆီးစေတတ်သော ပေါက်ကွဲမှုကြီးက ချက်ချင်းပင် ပေတစ်ထောင်အချင်းဝက်အတွင်းမှ အရာတိုင်းကို ဖျက်ဆီးပစ်လိုက်၏။

အန်လင်းနှင့်ကတုံးအမျိုးသားက တစ်ချိန်တည်းမှာပင် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားလေ၏။ ကတုံးအမျိုးသား၏လက်အိတ်က ပြဲထွက်သွားပြီး ဖြစ်ကာ သွေးထွက်နေသော ဒဏ်ရာက လက်အိတ်အပြဲနေရာမှ မြင်နေရ၏။ သို့သော်လည်း အန်လင်းသည်တော့ လုံးဝ ထိခိုက်ဒဏ်ရာရှိမနေကာ ကတုံးအမျိုးသားဆီသို့ အေးစက်စက်အမူအရာဖြင့် တစ်ဟုန်ထိုးဝင်တိုက်လိုက်လေတော့သည်။

ထိုသည်မှာ အဆင်တန်ဆာ လုံးဝမပါသည့် သန့်စင်သော ခွန်အား၏ တိုက်ပွဲပင်ဖြစ်၏။ နောက်ဆက်တွဲ စွမ်းအင် တိုက်ခိုက်မှုကြီးက ဤကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်တော့မလိုပင်။

ကတုံးအမျိုးသားက အန်လင်း၏ အညှာအတာမဲ့ ဓားချက်များကြောင့် ေနာက်ဆုတ်ရန် တွန်းအားပေးခံလိုက်ရပြီး ဒဏ်ရာ တစ်ဒါဇင်ခန့်က သူ့တစ်ကိုယ်လုံးတွင် ပေါ်လာတော့သည်။

ကတုံးအမျိုးသား၏ မျက်လုံးထဲတွင် အန်လင်း၏ နောက်တွင် တစ်ဖြတ်ဖြတ်ခတ်နေသော အနက်ရောင် ဝတ်ရုံရှည်က ဆက်တိုက်ပြန့်ကားလာပြီး မကြာမီမှာပင် ကောင်းကင်တစ်ခုလုံးကို မဲမှောင်သွားစေတော့မယောင်ပင်။ ထိုအချိန်၌ အန်လင်း၏ ဓားက ထိုအမဲရောင် ကောင်းကင်များ၏ အောက်တွင် သေခြင်း၏ ရှေ့ပြေးနိမိတ်ဖြစ်လာပြီး သူ့သခင်ကို ဆန့်ကျင်ရဲတဲ့ မည်သူမဆို၏ အသက်ကို ရိတ်သိမ်းသွားမည်ဟု ခြိမ်းခြောက်နေလေ၏။

လျှိုချင်ဟွမ်နှင့် ရွှမ်ယွမ်ချန်က ကောင်းကင်ကို ကြည့်ရန် သူတို့၏ခေါင်းများ မော့လိုက်ကြ၏။ အန်လင်း၏ အနက်ရောင် ဝတ်ရုံရှည်က နေမင်းကြီးကိုပင် မဲမှောင်နေစေလေပြီ။

တဖြည်းဖြည်း ညသို့ကျရောက်လာ၏။ အန်လင်း၏ အဆုံးမဲ့ ညဓားသိုင်းက နောက်ဆုံးတွင်တော့ သူ့စွမ်အား၏ အထွဋ်အထိပ်သို့ ရောက်လာလေပြီ။

အန်လင်းက ဤတစ်ကြိမ်တွင်တော့ စစ်နတ်ဘုရား၏ ဓားချက် ခြောက်ချက်ကို အသုံးမပြုတော့ပါ။ ထိုအစား သူက ရှဲ့လေး၏ အကြံပြုချက်ကို လက်ခံကာ အခုလေးတင်ရရှိထားသော အဆုံးမဲ့ည ဓားသိုင်းကို အသုံးပြုလိုက်၏။

စုရှောင်လန်က ကြက်သွေးရောင် အလင်းတန်းနှင့် နောက်ဆုတ်ခံလိုက်ရပြီး သူမ၏ အကြည့်များက အဝေးမှ အမျိုးသားပေါ်တွင် တည်မြဲနေကာ သူမ၏ အစိမ်းရောင် ဝတ်စုံက သူမကိုယ်ပတ်လည်တွင် တဖြတ်ဖြတ်ခတ်နေတော့သည်။

တိုက်ပွဲနတ်ဘုရား ကျန်းဟုန်မှာ အလွန်အစွမ်းထက်ပြီး စက်ရုပ်နှစ်​ကောင်၏ အကူအညီနှင့်ပင် ဟူကွမ်နှင့် ယောင်မင်ရှီတို့နှစ်ဦးမှာ သေရေးရှင်ရေး အခြေအနေသို့ ကျရောက်နေသည့် အတိုင်းအတာထိပင်။ ထို့ကြောင့် စုရှောင်လန်ကို အန်လင်းက သူတို့၏ တိုက်ပွဲတွင် ကူညီရန် လွတ်လိုက်၏။

စုရှောင်လန်နှင့် မခွဲခွာခင်၌ အန်လင်းက ကတုံးနှင့် အမျိုးသားကို သေချာပေါက် အနိုင်ပိုင်းမည်ဟု ပြောလာခဲ့သည်။ သူမက သူ့၏ တည်ကြည်သော မျက်နှာထားကိုကြည့်ကာ သူ့စကားလုံးများကို အကြွင်းမဲ့ ယုံကြည်ပါသည်။

ယခုတွင်တော့ နောက်ဆုံးအခိုက်အတန့်ကို ရောက်ရှိလာလေပြီ။

ကတုံးအမျိုးသားက အလွန်စိတ်ဆိုးသွားပြီး လက်သီးတင်းတင်းဆုပ်လိုက်ကာ သူ့၏ အရှိန်အဝါများက အလွန်အမင်း ကျယ်ပြန့်လာလေတော့သည်။

“သွေးကြီးမနေနဲ့ စောက်ကောင်လေး၊ ငါ့ရဲ့အတည်ပေါက် ထိုးချက်တစ်ခုကို အရင်ခံကြည့်အုံး။”

ကတုံးအမျိုးသား၏ လက်မောင်းကြွက်သွားများမှာ တွန့်လိမ်စပြုလာပြီး သက်ရှိစွမ်းအင်များက ရှေ့သို့ထိုးထွက်လာကာ အချင်းဝက် မီတာ တစ်ထောင်ကျော်ရှိသော လေပွေကြီးတစ်ခု ဖြစ်ပေါ်လာစေ၏။ ထိုလေပွေ၏ ဗဟိုမှာတော့ တခြားမဟုတ်ပဲ သူ့၏ ညာဘက်လက်သီးပင်။

သူက ထိုးချလိုက်ေတာ့သည်။

သူ့၏ လက်အိတ်ဝတ် လက်သီးကြီးမှာ အရာအားလုံးကို ဖျက်ဆီးပစ်မည့် စွမ်းအင်များ ပြည့်နှက်နေသည့်ပုံ ရပြီး အန်လင်း၏ မျက်လုံးထဲတွင် တဖြည်းဖြည်း ကြီးမာလာလေ၏။

ထိုစွမ်းအားမှာ ပင်လယ်ပြင်ကြီးလောက် ကျယ်ပြန့်ပြီး အရှိန်မှာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်လောက်သည်အထိ ကြီးမားလေ၏။

အန်လင်း၏ အမူအရာမှာ အလွန်လေးနက်လာပြီး ဓားကို သူ့ရှေ့တွင် ကိုင်ထားကာ ထို့နောက်တွင်တော့ သူက လျင်မြန်စွာ လည်ပတ်လာလေတော့သည်။ သူ့၏ အနက်ရောင် ဝတ်ရုံရှည်က မင်ရောင်မဲနက်နေသော ကောင်းကင်မှ ပြုတ်ကျလာပြီး သူ့၏ ကိုယ်ပိုင်လေပွေကို ဖြစ်ပေါ်စေလေ၏။

လေပွေထဲတွင် အနက်ရောင်အရိပ် ၉၉မျိုးက စတင် ပေါ်ပေါက်လာ၏။ ထိုအရာ၏ အလယ်ဗဟိုမှာတော့ ဘလက်ဟိုး တစ်ခု၏ ပကတိ အမှောင်ထုဖြစ်သော အနက်​ရောင် အရိပ်နှင့် ဆင်တူလှလေ၏။ ဤကဲ့သို့ အရိပ်မျိုးသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်က အကြည့်တစ်ချက်တည်းနှင့်ပင် စုပ်ယူခြင်းခံလိုက်ရမည့် သကဲ့သို့ ခံစားရစေ၏။

ဘုန်း...

လေပွေမှ ထွက်လာသော ဖျက်ဆီးစေနိုင်သည့် စွမ်းအားကြီးက တစ်လွှာချင်းတစ်လွှာ ပြိုလဲစပြုလာပြီး ပတ်ဝန်းကျင်မှ ကွင်းပြင်ကျယ်ကြီးက တွန့်လိမ်ကွေးစပြုလာ၏။ အလွှာ ၁၀၊ အလွှာ ၁၂၊ အလွှာ ၁၃... အလွှာ ၁၉။

ကြီးမာသော အရှိန်အဝါများနှင့် ပြည့်နှက်နေသော အနက်ရောင် အက်ကွဲကြောင်းများက ​လေထုထဲတွင် ပေါ်ပေါက်စပြုလာ၏။ ထိုသည်က သူတို့ပတ်ဝန်းကျင်မှ ကွင်းပြင်ကျယ်ကြီးက အက်ကွဲစပြုလာပြီဖြစ်သော လက္ခဏာများဖြစ်လေ၏။

အန်လင်း၏ အတွင်းအင်္ဂါများက ကွဲထွက်သွားပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းကြီးက သူ့၏ အရိုးစုတည်ဆောက်ပုံများတွင် ထွက်ပေါ်လာ၏။ ထိုသည်များက သေစေနိုင်သော ထိခိုက်ဒဏ်ရာများ ဖြစ်နေပြီးဖြစ်သော်လည်း သူက အကြောက်တရားအနည်းငယ်ကိုပင် မခံစားရပဲ မျက်လုံးများသည်လည်း ခါတိုင်းထပ်ပို၍ တောက်ပနေတော့သည်။

သူ့နှလုံးသားထဲတွင် ဤသည်မှာ အောင်နိုင်ခြင်းကို အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်ပါပေ။

မိစ္ဆာရှင်းဓားမှာ အနက်မှ အနက်ရောင် အရိပ်အဖြစ် ပြောင်းလဲသွားပြီး အန်လင်း၏ လက်ထဲတွင် ပြန်လည်တည်ငြိမ်လာ၏။ ထိုသည်က စိတ်လှုပ်ရှားမှုအပြည့်နှင့် ကြည်လင်နေသော အသံတစ်ခုဖြင့် ပြောလာ၏။

“အန်လင်း၊ မျက်လုံးပိတ်ထား။”

အန်လင်းက မျက်လုံးပိတ်လိုက်ပြီးနောက် အလင်းရောင်ကို မြင်လိုက်ရ၏။

ထိုသည်မှာ သူ့သတိထဲရှိ အလင်းထုံးလေးတစ်ခုဖြစ်ကာ အမှောင်ထုကို ဖြတ်သန်းလာပြီး မျက်စိကြိမ်းလောက်စရာ အလင်းတန်းအဖြစ် ကြီးထွားလာလေ၏။

အလွန်တောက်ပသော အလင်းတန်းတစ်ခုက မိစ္ဆာရှင်းဓားမှ တိုးထွက်လာသည်မှာ ညအမှောင်ယံနှင့် အာရုဏ်ဦးကြား အကူးအပြောင်းကို ကိုယ်စားပြုနေသကဲ့သို့ပင်။

မှောင်မဲသော ကောင်းကင်ရံကြီးက တောက်ပသောအလင်းတန်းကြီးတစ်ခုဖြင့် စုတ်ဖြဲခြင်းခံလိုက်ရပြီး အန်လင်း၏ ဝတ်ရုံရှည်ကြီးနဲ့ မိစ္ဆာရှင်းဓား ပတ်လည်တွင် လှည့်ပတ်နေသော အနက်ရောင်အလွှာကြီး နှစ်ခုစလုံးက ပျောက်ကွယ်သွားတော့သည်။

အဖြူရောင် ဓားအလင်းတန်းက လေထဲသို့ ပေါက်ကွဲလာပြီး အချိန်အတော်ကြာ ဖိနှိပ်ခံထားရပြီး နောက်ဆုံးတွင်တော့ သူ့စွမ်းအားကို ပြသရန် လွှတ်ပေးခံလိုက်သကဲ့သို့ ကသုတ်ကရက်နှင့် သူ့စွမ်းအင်များကို ထုတ်လွှတ်လိုက်တော့၏။

“နောက်ဆုံးနည်းလမ်း... အဆုံးမဲ့ ည... အာရုဏ်ဦး...”

ကတုံးအမျိုးသားက အဖြူရောင်ဓားအလင်းတန်းသည် အမှောင်ထုကို စုတ်ဖြဲလိုက်ပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသည်ကို ကြည့်လိုက်၏။ ထိုသည်က ဤကမ္ဘာ၏ အထူးသီးသန့် အရောင်ဖြစ်လာပြီး သူ့အလင်းရောင်မှာလဲ အစွမ်းထက်ကာ တောက်ပလွန်းပြီး မျှော်လင့်ချက်များ ပြည့်နှက်နေပေ၏။

သူတို့က မိတ်ဆွေပဲဖြစ်စေ ရန်သူပဲဖြစ်စေ လူတိုင်းက မသိလိုက်မသိဘာသာဖြင့် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသော ဓားအလင်းတန်းကို ကြည့်ရှုလိုက်၏။ သူတို့အားလုံးမှာ သူတို့ရှေ့ရှိမြင်ကွင်းကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွား၏။

အဖြူရောင်ဓားအလင်းတန်းတစ်ခုက ကတုံးအမျိုးသား၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး သွေးရောင်မြူခိုးများက လေထုထဲသို့ ထိုးထွက်လာကာ သူက မြေကြီးပေါ်သို့ ယိုင်နဲ့နဲ့ထိုးကျသွား၏။

အန်လင်းသည်လည်း ပြုတ်ကျသွားလေ၏။ သရဲလောက၏ မူရင်းစွမ်းအားကို ဤကဲ့သို့ အချိန်အတန်ကြာ အသုံးပြုခြင်း၏ နောက်ဆက်တွဲ သက်ရောက်မှုများက သာမန်မောပန်းခြင်း မဟုတ်တော့ပါချေ။ သူ့၏ တာအိုအခြေခံက အပြီးတိုင် ပျက်စီးသွားနိုင်ချေလဲ ရှိ၏။

သူက နွေးထွေးသော လက်မောင်းတစ်စုံ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ သူက မျက်လုံးဖွင့်ရန်ကြိုးစားလိုက်သောအခါ အခုအချိန်၌ စိုးရိမ်စိတ်အပြည့်နှင့် ရွှမ်ယွမ်ချန်၏ ချောမောလှသည်မျက်နှာနှင့် ဆုံလိုက်ရ၏။

“အတန်းဖော် အန်လင်း အဆင်ပြေရဲ့လား။”

“ငါ... ငါ အဆင်ပြေပါတယ်။”

အန်လင်းက ဖျော့တော့စွာ ခေါင်းခါပြပြီး ထိုလှုပ်ရှားမှုက သူ့အား ချောင်းဆိုးလာစေပြီး နောက်ထပ်သော ပါးစပ်အပြည့် သွေးများအန်လာစေတော့သည်။

သူ့ခန္ဓာကိုယ်မှ အားအင်များအားလုံး ကုန်ခန်းသွားသည်သာမက ကတုံးအမျိုးသား၏ နောက်ဆုံးထိုးချက်ကို ခံလိုက်ရပြီးနောက် သူသည်လဲ သေဆုံးလုနီးနီး အခြေအနေသို့ရောက်နေပြီဖြစ်သည်။

မိစ္ဆာရှင်းဓားက ပျော်ရွှင်စွာအော်ဟစ်လိုက်ပြီး သခင်၏ သေလုဆဲဆဲအခြေအနေကို နည်းနည်းမှ စိတ်မပူပဲ သိုလှောင်လက်စွပ်ထဲသို့ ပြန်ဝင်သွားတော့သည်။

ရွှမ်ယွမ်ချန်က လျှိုချင်ဟွမ်နှင့် အန်လင်းကို အတူတကွ နေရာချလိုက်ပြီး စိတ်ဝိညာဉ် ပြန်လည်ဖြစ်ထွန်းရေး ဆေးတောင့်တစ်ချို့ကို ​ကျွေးလိုက်၏။ သူသည် အတော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော်လည်း မတ်တပ်တော့ ရပ်နိုင်လေသော၏။

သူတို့အားလုံးက သက်ပျင်းများ နေလိုက်ကြစဉ်မှာတွင်

အသံတစ်ခုက သူ့တို့၏ ကိုယ်များကို ကြောက်လန့်တကြားတုန်ယင်လာစေ၏။

“အဟွတ်... အဟွတ်... ငါက မင်းတို့ကို လျော့တွက်မိတာပဲ။”

ကတုံးပုံရိပ်တစ်ခုက အပျက်အစီးများကြားမှ ဖြည်းညင်းစွာ မတ်တပ်ရပ်လာ၏။ သူ့၏ ဦးခေါင်းပြောင်ပြောင်က သွေးများစွန်းထင်းနေသော်လည်း နေရောင်၏ အောက်တွင် မျက်စိထဲ ထင်းနေသေးပေသည်။

သူက သူ့ရင်ဘတ်ပေါ်ရှိ သွေးထွက်နေသော ဒဏ်ရာကို ဆုပ်ကိုင်ကာ အန်လင်းနှင့် တခြားသူများဆီသို့ ဒေါသနှင့် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် လျှောက်လာ၏။ “မင်းရဲ့ ခွန်အားက ငါထင်ထားတာထက် အများကြီး ကြီးနေပါ့လား။ ဒါမဲ့ မင်းက ငါ့ကိုအနိုင်တိုက်ဖို့ သေးလွန်းပြီး အားနည်းလွန်းသေးတယ်ကွာ။”

ကတုံးအမျိုးသားက စတင် ရယ်မောလာတော့သည်။ “မင်းလန့်သွားလား။ မင်း အရမ်းအံ့အားသင့်သွားလား။ မင်းအရမ်း စိတ်လှုပ်ရှားသွားလား။”

သူက လက်သီးဆုပ်ပြီး သူတို့ဆီသို့ ဆက်လျှောက်လာ၏။ သူက သူတို့၏ အသက်အားလုံးကို အဆုံးသတ်ပစ်မည်။ သူက အန်လင်းနှင့်တခြားသူများဆီသို့ ရှေးဟောင်းမကောင်းဆိုးဝါးတစ်ကောင်က သူ့သားကောင်ဆီသို့ နောက်ယောင်ခံလိုက်နေသကဲ့သို့ နီးသထက်နီးလာလေတော့သည်။

ထိုအခိုက်၌ပင် အပြာရောင် လှိုင်းငယ်လေးများက လေထဲတွင် ရုတ်တရက် ပေါ်လာတော့၏။

ရုတ်တရက် အပြာရောင် အလင်းတန်းတစ်ခုသည် သစ်ရွက်တစ်ရွက်က အေးဆေးသော ရေကန်ထဲသို့ တိတ်တဆိတ်ကြွေကျသွားသကဲ့သို့ လင်းလက်သွားတော့၏။

ထိုသည်က အလွန်အမင်းမြန်ဆန်လှ၍ အမျိုးသားက သတိလက်လွတ်ဖြစ်သွားလေသည်။

ကတုံးအမျိုးသားက အားအနည်းဆုံးနှင့် စိတ်မတည်ငြိမ်ဆုံးသောအချိန်တွင် သေမင်း၏ တစဉ်းရှည်က ဆင်းသက်လာခြင်းပင်...။

ကတုံးအမျိုးသားက သူ့လည်ပင်းမှ ဒဏ်ရာကို မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်၏။

အန်လင်း၊ လျှိုချင်ဟွမ်နှင့် တခြားသူများက အဝေးမှ အပြာရောင် အလင်းလေးကို ကြည့်ကာ သက်ပြင်းချလိုက်လေတော့၏။

“ကောင်းတယ်။ အဲ့တာက လုံးဝ ပြည့်စုံလိုက်တာ။” အန်လင်းက သူ့၏ သေဆုံးလုဆဲဆဲ ကုတင်မှ ထလာပြီး ကြည်ကြည်နူးနူးအော်လာတော့၏။

“အဲ့တာက ဘာကြောင့် လုပ်ကြံသတ်ဖြတ်သူတွေက အဖွဲ့လိုက်တိုက်ပွဲမှာ အရေးပါသလဲဆိုတာပဲ...”

လျှိုချင်ဟွမ်၏ မျက်လုံးမှ တောက်ပသော အလင်းတန်းလေးထွက်ပေါ်လာပြီး မြူးကြွသော အပြုံးတစ်ခုက သူမမျက်နှာပေါ်တွင် ပေါ်လာတော့သည်။

အပြာရောင်လရောင်ဝိုင်းက အဝေးမှ စုချန်းရန်၏ ကိုယ်ဘေးတွင် ကခုန်နေသည်မှာ ဆုတစ်ခု တောင်းနေသကဲ့သို့ပင်။

စုချန်းရန်က သူ့မျက်နှာမှ သွေးများကို သုတ်လိုက်ပြီး အန်လင်းနှင့်တခြားသူများကို ပျော်ရွှင်စွာပြုံးပြလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ပါးချိုင့် ခပ်ပါးပါးလေး နှစ်ခုပေါ်လာပြီး သူမ၏ သွင်ပြင်အား ချစ်စရာအလွန်ကောင်းပြီး နှစ်သက်ကြည်နူးဖွယ် ဖြစ်နေစေတော့သည်။

***

All Chapters