မသန်စွမ်းသူ တစ်စု
Vol. 25 Ch. 353
အန်လင်းက အသက်စွမ်းအင် လုံးဝ ကုန်ခန်းသွားကာ နေရာ၌ မြံမြံရပ်နေသော ကတုံးအမျိုးသားကိုကြည့်ရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းမချပဲ မနေနိုင်ပါချေ။
ဤသို့ အလွန်အမင်းခက်ခဲလှသော တိုက်ပွဲကြီးက နောက်ဆုံးတွင်တော့ ပြီးဆုံးသွားလေပြီ။
သူက ထိုကတုံးအမျိုးသားကို အနိုင်ရရန် ဝှက်ဖဲအားလုံးကို ထုတ်သုံးရပြီး သူ့၏ အသက်ကိုပင်စတေးရမလိုဖြစ်သွား၏။ ထိုသည်က လွယ်ကူသော အောင်မြင်မှု မဟုတ်သည်မှာ အသေအချာပင်။
မာစတာ Saitamaက အမှန်တကယ့်ကို အလွန်အမင်းကြမ်းလွန်းလှ၏။
ထို့ပြင် ထိုသည်မှာ Saitama အစစ်ပင် မဟုတ်သေးပါချေ။ သူသည် cosplayer တစ်ဦးပင် ဖြစ်သေးသော်လည်း အလွန်အမင်း ကြမ်းလွန်းလှသည်ပင်။
ထို့နောက် ချက်ချင်းပင် အန်လင်းက ကတုံးအမျိုးသားမှာ ရွှေရောင်အလင်းတန်း အမှုန်လေးများအဖြစ် လွင့်စင်ပပျောက်သွားပြီး သူ့မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။
“ဝိုး... နောက်ဆုံးဘောစ့်ဆိုတော့ မျှော်လင့်ထားသလိုပဲ သူသေပြီးလို့ ထွက်သွားတာတောင် စောက်ရမ်းကြမ်းတာပဲ...”
အန်လင်းက သူ့မျက်စိရှေ့တွင် ဖြစ်သွားသော မြင်ကွင်းကို အနှမြောပဲ မနေနိုင်ပါချေ။
သို့သော် သူက ထိုရွှေရောင် အလင်းမှုန်များက ပြန်လည်စုစည်းလာပြီး ကတုံးအမျိုးသားအဖြစ် ဖွဲ့စည်းသွားသည်ကို တွေ့လိုက်၏။
သူ့ခန္ဓာကိုယ်က ဒဏ်ရာများနှင့် ပြည့်နေဆဲဖြစ်သော်လည်း လည်ပင်းက သေစေနိုင်လောက်သော ဒဏ်ရာမှာ ပျောက်ကွယ်သွားလေပြီ။
ကတုံးအမျိုးသားက သူ့ကိုယ်သူ လှည့်ပတ်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်လိုက်လေ၏။
“ဟမ်... ငါက မသေဘူးလား။” သူက ရုတ်တရက် မေးလာ၏။
အန်လင်း : “...”
စုချန်းရန် : “...”
ရွှမ်ယွမ်ချန် : “...”
“ဟုတ်တယ်။ ရှင်က သေပြီးနေပြီ။ ကျေးဇူးပြုပြီး အေးအေးဆေးဆေး နေပါ။ တောင်းပန်ပါတယ်။” လျှိုချင်ဟွမ်က ကတုံးအမျိုးသား ပြန်လည်ရှင်သန်လာသည်ကို မြင်သောအခါ သူမ၏ နှလုံးက ပါးစပ်မှ ခုန်ထွက်လာတော့မည်ဟုပင် ခံစားလိုက်ရ၏။
ချစ်စဖွယ် အမျိုးသမီး အသံတစ်ခုက ရုတ်တရက် ကောင်းကင်ထက်မှ ထွက်ပေါ်လာ၏။
“မင်းက တကယ်တော့ သေပြီးသွားပြီ။ ကျေးဇူးပြုပြီး စက်ဝိုင်းပုံ လှေပျံကြီးကို ဒီနေရာသို့ ပြန်ပြီးဦးတည်မောင်းနှင်လာခဲ့ပါ။”
ကတုံးအမျိုးသားက သူ့နှဖူးသူ ရိုက်လိုက်ပြီး ချက်ချင်းပင် ဘာဖြစ်သွားသလဲဆိုသည်ကို သဘောပေါက်သွား၏။ သူက အန်လင်းနှင့် တခြားသူများကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီး ငွေရောင် ဝတ္ထုပျံကြီးဆီသို့ နှေးကွေးစွာ လျှောက်သွားပြီး တံခါးဖွင့်ကာ ခုန်ဝင်သွားတော့သည်။
အန်လင်းနှင့် တခြားသူများ : “...”
ငွေရောင် ဝတ္ထုပျံကြီးက လူတိုင်း၏ အကြည့်အောက်တွင် လေထဲသို့ မြင့်တက်လာပြီး ကောင်းကင်မှ အက်ကွဲကြောင်းဆီသို့ ပျံသန်းသွား၏။
“ဟင်း... အဲ့တာက ကြမ်းလိုက်တာ...” ရွှမ်ယွမ်ချန်က ခြေမခိုင်တော့ပဲ မြေကြီးပေါ်သို့ ပုံကျသွားတော့၏။
သူ့၏ အာရုံကြောများက ဤအလှည့်အပြောင်းများအားလုံးဆီမှ ပျက်စီးပါးလျှသွားသည်ဟု ခံစားလိုက်ရ၏။
အန်လင်းက မြေပေါ်တွင် ငါးအသေတစ်ကောင်ကဲ့သို့ လှဲနေပြီး လက်တစ်ချောင်း မရန်ပင် အားမရှိတော့ပါပေ။
ထို့နောက် သူက သူ့ခါးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သည်ကို ခံစားရ၏။
သူလှည့်ကြည့်လိုက်သောအခါ လျှိုချင်ဟွမ်က သူ့အား မရပ်မနား မျက်တောင်ခတ်ပြရင်း တစ်နေရာဆီသို့ ခိုးကြောင်ခိုးဝှက် ညွှန်ပြနေသည်ကို တွေ့လိုက်ရ၏။
အန်လင်းက သူမ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သောအခါ တိုက်ပွဲနတ်ဘုရား ထျန်တာအိုက တိုက်ပွဲထဲတွင် တိုက်နေသည်ကို တွေ့လိုက်ရ၏။
“ဘာကြီးလဲ...” သူက လျှိုချင်ဟွမ်၏ ရည်ရွယ်ချက်ကို အနည်းငယ်နားမလည်ပါပေ။
“သေလိုက်ပါတော့။ နင်က ယောက်ျားတစ်ယောက်မဟုတ်ဘူးလား။ ကိုယ့်ဟာကို မစဉ်းစားနိုင်ဘူးလား။” လျှိုချင်ဟွမ်က အန်လင်းကို စိုက်ကြည့်လိုက်၏။
သူက ယောက်ျားတစ်ယောက်လား။ အဲ့တာက တစ်ခုခုနဲ့ ဘာများဆိုင်နေလို့လဲ။
အန်လင်းက မျက်တောင် တဖြတ်ဖြတ်ခတ်လိုက်ကာ တောက်ပသော်လည်း အပေါ်စီးဆန်လှသော တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ကို ကြည့်လိုက်၏။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ ကျန်းချီကုန်းမြေကြီး၏ အသန်မာဆုံးဟူသော ဂုဏ်ပုဒ်ဖြင့် အမှန်တကယ်ပင် ထိုက်တန်ပါပေသည်။ တိုက်ပွဲနတ်ဘုရား ထျန်တာအိုမှာ သူ့တိုက်ခိုက်နိုင်စွမ်းတိုးတက်အောင် အနက်ရောင် သံချပ်ကာ ရှိသော်လည်း သူမက သူ့အားမြေပြင်ပေါ်သို့ ပြားပြားဝပ်စေနိုင်သေးပေ၏။
သို့သော်လည်း ထိုသည်မှာ ရည်ရွယ်ချက်၏ တခြားအရာများပင်။
အရေးကြီးသော အရာမှာ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ အခုအချိန်၌ လူသားအသွင်နှင့်ဖြစ်ကာ သူမ၏ အစိမ်းရောင် အင်ပါယာ ဝတ်ရုံမှာ လည်ထောင်ဘေးကွဲ ကိုယ်ကျပ် သင်တိုင်းနှင့် တူနေ၏။ ထိုသည်မှာ သူမ၏ ပေါက်ကွဲစေနိုင်သော ကောက်ကြောင်းများကို အပြည့်အဝ ပေါ်လွင်နေစေရုံသာမက ဝတ်ရုံ၏ ဘေးနားများမှာလဲ သူမ၏ တင်ပါးထိနီးပါး ပွင့်ဟနေကာ သူမ၏ ဆွဲဆောင်မှုရှိသော ခြေထောက်ရှည်များ တစ်ခုလုံးကို အန်လင်း၏ မျက်စိပသာဒအတွက် လှစ်ဟာပြနေ၏။
အန်လင်းက တံတွေးမျိုချလိုက်၏။
သူက ကောင်းကင်ပေါ်တွင် တိုက်ပွဲနတ်ဘုရား ထျန်တာအိုနှင့် တိုက်ခိုက်နေသော တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ကို ကြည့်ရန် လှဲချလိုက်၏။
ဤသည်မှာ... အကောင်းဆုံး ရှု့ထောင့်ပင်ဖြစ်သည်။
သူက လျှိုချင်ဟွမ်ကို ကျေးဇူးကြီးလှပါသည် ဟူသော အမူအရာဖြင့်ကြည့်လိုက်ရာ သူမက ကျေနပ်အားရစွာ ခေါင်းငြိမ့်ပြ၏။
“တစ်ခါတစ်လေတော့ အလှအပကို ရှာဖွေတဲ့နေရာမှာ ကျွမ်းကျင်တဲ့ မျက်လုံးတစ်စုံရှိဖို့က အရေးကြီးတယ်...”
သူမက စကားပြောနေရင်း ဖုန်းကိုဆွဲထုတ်ကာ စတင်ဆော့နေလေတော့သည်။
စုချန်းရန်က အန်လင်းနှင့် တခြားသူများဆီသို့လျှောက်လာကာ အဝေးတိုက်ပွဲမှ ထွက်လာသော ပေါက်ကွဲမှု ရောင်ခြည်များကို ကာကွယ်ရန် သူတို့ဘေးမှ စောင့်ကြပ်ပေးနေ၏။ သူမက အဖွဲ့ထဲတွင် ထိခိုက်မှုအနည်းဆုံးသူဖြစ်ပြီး ထိုသို့ဆိုလျှင်တောင်မှ လှုပ်ရှားမှု တစ်ခုစီတိုင်းတွင် သူမ၏ ခန္ဓာကိုယ်မှာ တစ်စစီ ကွဲထွက်သွားကာ ပြန်စုစည်းနေသည်ဟု ခံစားနေရပြီး နာကျင်မှုကြောင့် အံ့တင်းတင်းကြိတ်ထားရ၏။
တိုက်ပွဲက နိဂံုးချုပ်လုနီးနေပြီဖြစ်ကာ အဆုံးသတ်ရလာဒ်က အတော်လေး သိသာစပြုလာလေပြီ။
တိုက်ပွဲနတ်ဘုရား ကျန်းဟုန်က အမှန်တကယ်ပင် အလွန်အစွမ်းထက်လှ၏။ စုရှောင်လန်က တိုက်ပွဲထဲ ဝင်ရောက်ပြီးသည့်တိုင် သူက သိသိသာသာ အသာစီးရနေဆဲပင်။ ထို့အပြင် စက်ရုပ်နှစ်ကောင်က သူ့၏ လှုပ်ရှားမှုများကို တားဆီးရန် အကောင်းဆုံးလုပ်နေသည်ဟူသော အချက်ကြောင့်သာ မဟုတ်ပါက ဟူကွမ်နှင့် ယောင်မင်ရှီသည်လည်း အနားယူရန် လှဲနေရလောက်ပြီ ဖြစ်သည်။
တိုက်ပွဲနတ်ဘုရား ဇီယန်က ထို့နောက် တိုက်ပွဲထဲသို့ ဝင်ရောက်ကာ တိုက်ပွဲနတ်ဘုရား ကျန်းဟုန်ကို အခွင့်မသာအောင် ကစားပွဲကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်၏။
ထိုသည်မှာ အန်လင်းက တိုက်ပွဲနတ်ဘုရား ဇီယန်က အားကုန်သုံးတိုက်ခိုက်သည်ကို မြင်ရသည့် ပထမဆုံးအကြိမ်ပင်ဖြစ်ပြီး သူက သူ့လက်မှ အညှာအတာမဲ့သော ကမ္ဘာမြေတုန်လှုပ်စေနိုင်သည့် မီးတောက်စီးကြောင်းနည်းလမ်းများ မှုတ်ထုတ်ကာ အတော်လေး အထင်ကြီးစရာပုံရိပ်ကို ဖြစ်ပေါ်စေ၏။ တိုက်ပွဲနတ်ဘုရား ဇီယန်မှာ နောက်ဆုံးတွင်တော့ သူ့မျက်လုံးထဲတွင် တိုက်ပွဲနတ်ဘုရားဟူသော ဂုဏ်ပုဒ်နှင့် ကိုက်ညီအောင် စီမံနိုင်ခဲ့သည်ကို အန်လင်း ဝန်ခံရပေမည်။
ဘုန်း...
ခွန်အားကြီး အစိမ်းရောင် ဓားအလင်းတန်းတစ်ခုက ကျရောက်လာပြီး တိုက်ပွဲနတ်ဘုရား ထျန်တာအိုက သူ့၏ သံချပ်ကာနှင့်အတူ တစ်ဝက်အပိုင်းခံလိုက်ရလေတော့သည်။
တိုက်ပွဲနတ်ဘုရား ထျန်တာအို၏ အရှိန်အဝါက မှေးမှိန်လာပြီး သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းမှုန်များအဖြစ် လွင့်စင်ပပျောက်သွားလေ၏။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က ကျက်သရေ ရှိလှစွာ သူ့ဓားကို သိမ်းလိုက်ပီး အန်လင်းဆီသို့စိုက်ကြည့်လာ၏။
အန်လင်းက ချက်ချင်းပင် သူ့အကြည့်များကို ပြောင်းလိုက်ပြီး စုရှောင်လန်ဆီသို့ စိတ်ရင်းဖြင့်စိတ်ပူနေသောအမူအရာဖြင့် ဦးတည်လိုက်လေတော့သည်။
သို့သော်လည်း သူက တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က အလွန်လျင်မြန်စွာ အဆုံးသတ်လိုက်သည်ကို နှမြောတသဖြစ်ဆဲပင်။
တိုက်ပွဲနတ်ဘုရား ကျန်းဟုန်သည်လည်း သူ့၏ ခြောက်ယောက်၊ တစ်ယောက် တိုက်ပွဲထဲတွင် အန္တရာယ်ကျလုဆဲဆဲ ရှုံးနိမ့်ခြင်း အရိပ်အယောင်များကို ပြစပြုလာလေပြီ။
သူက ယောင်မင်ရှီထံမှ ဓားချက်ကို ရှောင်တိမ်းလိုက်သော်လည်း စက်ရုပ်နှစ်ကောင်မှာ ထိုအခွင့်အရေးကိုယူကာ အစွမ်းထက် ကမ္ဘာမြေဆွဲအား နယ်ပယ်တစ်ခုကို ထုတ်လွှတ်လိုက်၏။
ရုတ်တရက် ကမ္ဘမြေဆွဲအား တိုးလိုက်ခြင်း၏ အောက်တွင် တိုက်ပွဲနတ်ဘုရား ကျန်းဟုန်၏ လှုပ်ရှားမှုများမှာ ခတ္တမျှ တုံ့ဆိုင်းသွားပြီး သူက များစွာသော တိုက်ခိုက်မှုများနှင့် မိတ်ဆက်ခြင်းခံလိုက်ရ၏။
ဟူကွမ်၏ လက်သီးက လေထုကို ဖြတ်ပြီး ပျံသန်းလာကာ စုရှောင်လန်၏ ဓားက ရွှေရောင်အလင်းတန်း တစ်ခုနှင့် ခုတ်ပိုင်းလိုက်ပြီး တိုက်ပွဲနတ်ဘုရားဇီယန်၏ အဆုံးအဖြတ် မီးတောက်များက ကောင်းကင်မှ ကျဆင်းလာတော့သည်...။
ကောင်းကင်ကြီးက မန္တန်နည်းလမ်းကြောင့် တစ်ဖန်ပြန်လည် ထွန်းလင်းသွားတော့သည်။
အန်လင်းက ကောင်းကင်မှ ထိုးကျလာသော အနက်ရောင် သံကာဝတ် ပုံရိပ်နှင့်အတူ စုရှောင်လန်နှင့် တခြားသူများက အသည်းအသန်နောက်ကလိုက်လာသည်ကို ကြည့်လိုက်ကာ ဤတိုက်ပွဲမှာ အခြေခံအားဖြင့် ပြီးဆုံးသွားပြီဆိုသည်ကို သိလိုက်၏။
သိပ်မကြာလိုက်ခင်မှာပင် တိုက်ပွဲနတ်ဘုရား ကျန်းဟုန်၏ နှလုံးမှာ တိုက်ပွဲနတ်ဘုရား ဇီယန်၏ ကြက်သွေးရောင် မီးတောက်လှံတံနှင့် ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူ့ခေါင်းမှာတော့ စုရှောင်လန်၏ ပျံသန်းလျှပ်စီး ဓားချက်ဖြင့် ခုတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။
“ဂုဏ်ယူပါတယ်။ နယ်မြေစောင့်ရှောက်သူ စမ်းသပ်မှု၊ ခရမ်းရောင်ကြယ် အဆင့်က ပြီးမြောက်သွားပါပြီ။”
အသံတစ်ခုက ကောင်းကင်မှ ကျဆင်းလာကာ လူတိုင်းက စမ်းသပ်မှုပြီးသွားပြီဖြစ်သည်ကို အတည်ပြုလိုက်၏။
လူတိုင်း၏ နှလုံးသားများက “ခရမ်းရောင်ကြယ်” ဟူသောစကားကို ကြားသောအခါ အနည်းငယ် တုန်လှုပ်သွားတော့၏။ သူတို့က ပန်းကန်ပြားပျံများနှင့် အဆင့်မြင့် နည်းပညာ သံချပ်ကာများရှိနေသည်မှာ အံ့ဩစရာမဟုတ်တော့ပါပေ။ သူတို့သည် ခရမ်းရောင်ကြယ်အသင်းအဖွဲ့မှ ကိုယ်စားလှယ်များဖြစ်သည်ကို လူတိုင်းက သိသွားသောအခါ ထိုသည်မှာ ယခုတွင်တော့ အလွန်ကို အဓိပ္ပာယ်ရှိသွားလေပြီ။
သို့သော်လည်း သူတို့က အဘယ့်ကြောင့် နယ်မြေစောင့်ရှောက်သူ မျိုးနွယ်စု ဆယ်စု၏ ရန်သူများ ဖြစ်ရသနည်း။
ဤအပိုင်းအတွက် လူတိုင်း၏ အမှတ်ကို ပြသသော အလင်းတန်းတစ်ခုက ကောင်းကင်တွင်ပေါ်လာ၏။
အန်လင်း : ၁၈၅၀၀ မှတ်။ လျှိုချင်ဟွမ် : ၁၂၂၀၀ မှတ်။ စုချန်းရန် : ၉၀၀၀ မှတ်။ စုရှောင်လန် : ၈၃၀၀ မှတ်။ ရွှမ်ယွမ်ချန် : ၇၂၀၀ မှတ်။ ယောင်မင်ရှီ : ၁၁၀၀ မှတ်။ ဟူကွမ် : ၉၀၀ မှတ်။ ထျန်းလင်းလင်း : ၁၀၀ မှတ်။ မြွေဖြူဝိညာဉ် : ၀ မှတ်။ ထန်ရှီမန် : ၀ မှတ်။
အန်လင်းသည် အစက စုချန်းရန်သည် Saitama cosplayerအား သေဆုံးခြင်း တိုက်ကွက်ကို ပြုလုပ်နိုင်ခဲ့သည်မို့ သူမက ဤအပိုင်းအတွက် အမှတ်အများဆုံးရမည်ဟု ထင်ခဲ့တာဖြစ်၏။ သို့သော် အံ့ဩစရာမှာ သူမက တတိယနေရာတွင်ဖြစ်ပြီး သူက ပထမနေရာရောက်ရှိနေခြင်းပင်။ အင်၊ ကြည့်ရသည်မှာတော့ ဒိုင်တွေက အတော်လေး မျှတတဲ့ပုံပဲ။
ထျန်းလင်းလင်းမှာ သူမ၏ အမှတ်ကို မြင်ပြီးနောက် အလွန်စိတ်လှုပ်ရှားနေပေ၏။ သူမက တိုက်ပွဲနတ်ဘုရား ကျန်းဟုန်ကို အစီအရင်တစ်ချို့ ပစ်သွင်းခဲ့တာပင်ရှိပြီး ထို့နောက်တွင်တော့ သူက သေဆုံးလုဆဲဆဲဖြစ်နေမှသာ တိုက်ခိုက်မှုအနည်းငယ်ပြုလုပ်ရန် သွားရဲခြင်းပင်။ ထိုကဲ့သို့ သာမညောင်ည လုပ်ဆောင်မှုလေးက သူမကို အမှတ်တစ်ရာအထိ ရစေမည်ဟု ဘယ်သူက ထင်မည်နည်း။
ချင်လေးက မြွေဖြူဝိညာဥ် အမှတ် သုညရသည်ကိုမြင်သောအခါ ခေါင်းလေးကို သူမ၏ လက်မောင်လေးဆီသို့ နှစ်သိမ့်မှုဖြင့် ပွတ်သတ်ပေးလိုက်၏။
“ငါ အဆင်ပြေပါတယ် ချင်လေး။ နောက်ဆုံရတာ ငါတစ်ယောက်တည်းမှ မဟုတ်တာ။” မြွေဖြူဝိညာဉ်က ထန်ရှီမန်ကိုကြည့်ကာ ချင်လေး၏ ခေါင်းကို ခပ်ဖွဖွပွတ်ပေးလိုက်၏။
ထန်ရှီမန်က သူ့နှလုံးသားသည် တခြားသော ဓားတစ်ချောင်းဖြင့် အထိုးခံလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
လေထုအလယ်တွင် တခြားသော လေဟာနယ် ဝင်ပေါက်တစ်ခု ပွင့်လာပြီး တိမ်တိုက်များက လှေကားများအဖြစ် စုစည်းသွားပြီး ကောင်းကင်သို့ သွားရာ လှေကားများသဖွယ် ဖြစ်နေလေတော့သည်။
လူတိုင်းက လေဟာနယ် ဝင်ပေါက်ကို သူတို့နှလုံးသားထဲတွင် စိုးရိမ်မှု မျှော်လင့်စောင့်စားမှုများဖြင့် ကြည့်လိုက်လေ၏။
နောက်ဆုံးတွင်တော့ ထိုသည်မှာ နောက်ဆုံးအပိုင်းအတွက် အချိန် ရောက်လာလေပြီ။
***