← Chapters

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈) - ထူးဆန်းသော ခဲခဲလေးနှင့် ရုတ်တရက်ထွက်ပေါ်လာသော ခရာသံ ၂

"ဒါက..."

ရွှီရှင်းသည် စားပွဲပေါ်တွင် အားရပါးရ စားသောက်နေသည့် သတ္တဝါငယ်လေးကို သတ္တဝါမျိုးစိတ်သစ် တစ်ခုအား ကြည့်နေသကဲ့သို့ ကြည့်နေမိ၏။

အစောပိုင်းက လီဝမ်ရှီးကို မည်မျှပင် လှုပ်နှိုးစေကာမူ နိုးမလာခဲ့သော်လည်း ဤကောင်လေးက သူ၏ ခြေဖဝါးလေးဖြင့် တို့လိုက်ရုံနှင့် လီဝမ်ရှီးမှာ ချက်ချင်း နိုးလာခဲ့သည်။

လီဝမ်ရှီးမှာ ဤသတ္တဝါငယ်လေးကြောင့်ပင် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်နိုင်ပါသလား။

ခဲခဲလေးအကြောင်း ပြောရလျှင် နောက်ပိုင်းတွင် ၎င်းသည် ပို၍ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်လာသည်။

ယနေ့တွင် ခဲခဲလေးကို ရွှီရှင်းက အပြင်သို့ ခေါ်မသွားခဲ့ဘဲ သစ်ပင်အိမ်အတွင်း၌သာ တစ်နေကုန် အနားယူစေခဲ့သော်လည်း နေ့လယ်ပိုင်းအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပြီး စားစရာများကိုပင် မတို့ထိခဲ့ပေ။

ဟင်းနံ့များ သို့မဟုတ် စကားပြောသံများကလည်း ၎င်းကို နိုးမလာစေခဲ့ဘဲ ရွှီရှင်းက မတော်တဆ လွှတ်ချလိုက်မှသာ နိုးလာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လီဝမ်ရှီးသည်လည်း အိပ်ပျော်နေသော ခဲခဲလေးကို ပွတ်သပ်ပေးနေခဲ့သည်။

ဤရှုထောင့်မှကြည့်လျှင် သူမသည် ခဲခဲလေး၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်း ဖြစ်နိုင်ခြေ အလွန်များလှသည်။

"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ။ ငါ ခဏလေး အိပ်ပျော်သွားတာကို နင်တို့အားလုံး ဘာလို့ ဒီလိုမျိုး ဖြစ်နေကြတာလဲ"

လီဝမ်ရှီးက လူတိုင်း တိတ်ဆိတ်စွာဖြင့် စားပွဲပေါ်က ခဲခဲလေးကို ဝိုင်းကြည့်နေကြသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် ရွှီရှင်း၏ လက်မောင်းကို ဆွဲကာ မေးလိုက်သည်။

ရွှီရှင်းက သူမဘက်သို့ လှည့်ကာ "ဘာမှမဖြစ်ပါဘူး၊ အခု နင် တစ်ခုခု နေမကောင်းတာမျိုး ခံစားရသေးလား" ဟု မေးမြန်းလိုက်သည်။

"နေမကောင်းတာလား"

လီဝမ်ရှီးက ဇဝေဇဝါ ဖြစ်သွားသော်လည်း "မဖြစ်ပါဘူး၊ အဲဒီအစား ငါ့ကိုယ်က လန်းဆန်းနေသလိုပဲ၊ အပြာရောင်အဆင့် လိမ္မော်သီးတစ်လုံး စားလိုက်ရသလိုမျိုးပဲ" ဟု ပြန်ဖြေသည်။

၎င်းမှာ ကောင်းမွန်သော လက္ခဏာပင် ဖြစ်သည်။

"နင် နေကောင်းတယ်ဆိုရင် ပြီးတာပါပဲ။ ဒီကိစ္စကို ခဏ ထားလိုက်ပါဦး၊ ငါ နောက်မှ အဖြေရှာကြည့်ပါ့မယ်။ အဓိက အကြောင်းအရာကို ပြန်သွားကြရအောင်"

ရွှီရှင်းက နိုးလာပြီးနောက် ပြန်လည် စားသောက်နေသည့် သတ္တဝါငယ်လေးကို တစ်ချက်ကြည့်ကာ ကျိချောင်းယန်ဘက်သို့ လှည့်လိုက်၏။

ကျိချောင်းယန်က ခေါင်းညိတ်ပြပြီး အနီးနားရှိ အခြားနယ်မြေများတွင် ဖြစ်ပျက်နေသော ထူးဆန်းသည့် ဖြစ်ရပ်များကို ပြန်လည် ပြောပြ၏။

"နင် ပြောတာ မှန်တယ်"

လုဖေးအာက သူမ၏ လက်ပတ်နာရီကို ပွတ်ဆွဲကြည့်လိုက်ရင်း "လွန်ခဲ့တဲ့ ရက်အနည်းငယ်က နယ်မြေ (၁၈၇) မှာ လူဦးရေက အကြောင်းရင်းမရှိဘဲ မြန်မြန်လျော့နည်းသွားလို့ အားလုံး ထိတ်လန့်ခဲ့ကြတာ။ ဒီနေ့... ဟင်။ လူဦးရေက လျော့မသွားပါလား"

နယ်မြေ (၁၈၇) ရှိ လူဦးရေမှာ ဆက်သွယ်ရေး မပြတ်တောက်မီကအတိုင်းပင် ရှိနေသေးသည်။

နယ်မြေ (၁၈၈) တွင်လည်း လူဦးရေမှာ ပြောင်းလဲခြင်း မရှိပါပေ။

၎င်းမှာ ဆက်သွယ်ရေး ပြဿနာကြောင့်သာ ဖြစ်နိုင်ပြီး နယ်မြေချန်နယ်များမှာ အချိန်အတော်ကြာ အပ်ဒိတ်မဖြစ်သေးခြင်း ဖြစ်ပေလိမ့်မည်။

အကယ်၍ အချက်အလက်များ အမှန်တကယ် ပြန်လည် အပ်ဒိတ်ဖြစ်သွားပါက လူဦးရေမှာ သိသိသာသာ လျော့ကျသွားမည်ကို ရွှီရှင်း စိုးရိမ်နေမိသည်။

ကျိချောင်းယန်က ဆက်လက် ပြောပြသည်မှာ "မနေ့က ငါ တောင်ဘက်ပိုင်းကို စူးစမ်းရှာဖွေရင်း သေဆုံးလုနီးပါး ဖြစ်နေတဲ့ နောက်ထပ် သစ်ပင်အိမ်တစ်လုံးကို တွေ့ခဲ့တယ်။ အဲဒီ ပတ်ဝန်းကျင်မှာ ဒီလူနဲ့ ပုံစံတူတဲ့ ဗီဇပြောင်းလူသားတစ်ယောက်ကို ငါ တွေ့ခဲ့တယ်။ သူ့ရဲ့ အရေပြားပေါ်မှာ သွေးရောင်မျဉ်းတွေ ရှိနေပြီး အမွေးအမျှင်တွေတော့ မရှိဘူး။ အဲဒီမျဉ်းတွေသာ မရှိရင် သူက သာမန်လူတစ်ယောက်နဲ့ပဲ တူမှာ"

ရွှီရှင်းက သူ၏ ခန့်မှန်းချက်ကို မျှဝေလိုက်သည်။

"လုယက်သူတွေဆီက ရတဲ့ ပုဆိန်ရဲ့ စွမ်းရည်အရ သူတို့က သစ်ပင်အိမ်တွေကို ဖျက်ဆီးဖို့ လာတာဆိုတာ သိသာတယ်။ ဒါကြောင့် ဒီဗီဇပြောင်းလဲမှုက လုယက်သူတွေကြောင့် ဖြစ်တာ မဟုတ်နိုင်ဘူး"

ကျိချောင်းယန်က ခေါင်းညိတ်ရင်း "ငါ့အထင်တော့ ဒီလူက လုယက်သူတွေနဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သားရဲအုပ်စုထဲမှာ ထည့်သွင်းခံလိုက်ရတာ ဖြစ်မယ်။ လုယက်သူတွေက ဗီဇပြောင်းသတ္တဝါတွေကို အမိန့်ပေးနိုင်တာကြောင့် ဒီလူကိုလည်း အမိန့်ပေးခိုင်းစေတာ ဖြစ်နိုင်တယ်" ဟု ဆိုသည်။

သူ ပြောနေစဉ်မှာပင် မြေပြင်ပေါ်က လူကို ကြည့်လိုက်ရာ ထိုသူ၏ မျက်နှာမှာ ယခင်ကကဲ့သို့ ကြောက်မက်ဖွယ် မကောင်းတော့ပါပေ။

ထိုသူမှာ မျက်တောင်မခတ်နိုင်ဘဲ မျက်လုံးကိုသာ ဖြည်းဖြည်းချင်း လှုပ်ရှားနိုင်၏။

ရွှီရှင်းက မျက်လုံးလှုပ်ရှားနိုင်လျှင် ဆက်သွယ်ရေး လုပ်နိုင်မည်ဟု တွေးတောကာ ထိုသူ၏ ရှေ့တွင် ထိုင်ချလိုက်သည်။

"မင်းက အရင်က တကယ်ပဲ ရှင်ကျန်သူတစ်ယောက်လား။ ဟုတ်တယ်ဆိုရင် ဘယ်ဘက်ကို ကြည့်ပါ၊ မဟုတ်ဘူးဆိုရင် ညာဘက်ကို ကြည့်ပါ"။

ထိုသူ၏ မျက်လုံးများမှာ လူတိုင်း၏ အကြည့်အောက်တွင် ဖြည်းဖြည်းချင်း ဘယ်ဘက်သို့ ရွေ့သွားခဲ့သည်။

"တကယ်ပဲ ဆက်သွယ်လို့ ရတာပဲ သူ ငါတို့ပြောတာကို နားလည်တယ်"

လီဝမ်ရှီးက အံ့သြစွာဖြင့် အော်ဟစ်လိုက်၏။

"မင်းက ငါတို့ကို တိုက်ခိုက်တဲ့ ဗီဇပြောင်းသားရဲတွေ၊ အမွေးအမျှင်နဲ့ လူသားတွေနဲ့အတူ ပါလာတာလား။ ဟုတ်ရင် ဘယ်ဘက်၊ မဟုတ်ရင် ညာဘက်ကြည့်ပါ"။

ထိုသူ၏ အကြည့်မှာ ပြောင်းလဲခြင်း မရှိဘဲ ဘယ်ဘက်သို့သာ ဆက်လက် ကြည့်နေသည်။

"မင်းက သူတို့ရဲ့ အပေါင်းအဖော်လား"

ထိုအခါ ထိုသူ၏ အကြည့်မှာ ဖြည်းဖြည်းချင်း ညာဘက်သို့ ရွေ့သွားခဲ့ပြီး သူသည် အပေါင်းအဖော် မဟုတ်ကြောင်း ရွှီရှင်းကို အချက်ပြလိုက်သည်။

ရွှီရှင်းမှာမူ မယုံကြည်နိုင်သေးပါပေ။

အကယ်၍ အပေါင်းအဖော် မဟုတ်ပါက အဘယ်ကြောင့် သူ့လက်ထဲတွင် ထိုအထူးပုဆိန် ရှိနေရသနည်း။

လုဖေးအာက "ရွှီရှင်း၊ သူ့ကို စာချုပ်ချုပ်လိုက်ပါလား။ ဒါဆိုရင် သူ မလိမ်နိုင်တော့ဘူး" ဟု အကြံပြု၏။

ရွှီရှင်းမှာမူ ဝန်လေးနေမိသည်။

သူ၏ လက်ဝယ်တွင် ဗီဇပြောင်းသားရဲ စာချုပ် (၁၁) ခု ရှိခဲ့ရာ၊ ယခုအခါတွင် (၈) ခုကို အသုံးပြုပြီးဖြစ်သဖြင့် (၃) ခုသာ ကျန်ရှိတော့သည်။

ချန်ယင် ပျောက်ဆုံးနေသဖြင့် ဤစာချုပ်များကို ချွေတာသုံးစွဲရမည်ဖြစ်ပြီး ဤဗီဇပြောင်းလူသားမှာ ပြန်လည် ကျန်းမာလာနိုင်မလား သို့မဟုတ် အထူးစွမ်းရည်များ ရှိမလားဆိုသည်ကို မသေချာသေးပါပေ။

ရွှီရှင်း တွေးတောနေစဉ်မှာပင် ပြတင်းပေါက် အပြင်ဘက်မှ စူးရှသော ခရာမှုတ်သံတစ်ခု ထွက်ပေါ်လာ၏။

ငွေရောင်ဘုရင်၊ မီမီနှင့် ဆီးနှင်းဝံပုလွေတို့မှာ ချက်ချင်းပင် ခုခံကာကွယ်သည့် ပုံစံဖြင့် ထရပ်လိုက်ကြသည်။

ကျိချောင်းယန်က ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ပြီး ရွှီရှင်းကလည်း သူ၏ စိတ်ထဲမှ မြေပုံတွင် ထိုခရာသံ လာရာအရပ်ကို ရှာဖွေလိုက်သည်။

ထိုစဉ် အခြားအရာများထက် ပိုမိုတောက်ပသော အနီရောင်အစက်တစ်ခုမှာ သစ်ပင်အိမ်မှ အလွန်မြန်သော အရှိန်ဖြင့် ဝေးရာသို့ ပြေးထွက်သွားသည်ကို သူ သတိပြုမိလိုက်သည်။

၎င်းမှာ ငွေရောင်ဘုရင်၏ အရှိန်နှင့်ပင် တူညီလှသည်။

"အု..."

ခရာသံ ထွက်ပေါ်လာသည်နှင့် မြေပြင်ပေါ်က ဗီဇပြောင်းလူသားမှာ နာကျင်စွာ ညည်းညူလိုက်သည်။

ထိုသူ၏ မျက်နှာမှာ ပြန်လည် ကြောက်မက်ဖွယ် ကောင်းလာပြီး မျက်လုံးများမှာ ပြူးထွက်လာခဲ့၏။

တစ်စုံတစ်ခုကို ပြောရန် ကြိုးစားနေဟန် ရှိသော်လည်း အသံထွက်မလာပါပေ။

ချီရွှယ်ဖေးက ဆေးတိုက်ရန် ကြိုးစားသော်လည်း အချိန်မမှီတော့ပေ။

"ဘုန်း"

ထိုဗီဇပြောင်းလူသား၏ ဦးခေါင်းမှာ လူတိုင်း၏ ရှေ့မှာတင် ပေါက်ကွဲသွားခဲ့ပြီး သွေးများနှင့် အသားစများမှာ နေရာအနှံ့ စင်သွားခဲ့သည်။

ရွှီရှင်း၏ နှလုံးသားမှာ လေးလံသွားခဲ့ရသည်။

မြေပုံပေါ်က အနီရောင်အစက်မှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။

ဤသည်မှာ သက်သေဖျောက်ရန်အတွက် လာရောက် လုပ်ဆောင်သွားခြင်း ဖြစ်နိုင်သည်။

ဤဗီဇပြောင်းလူသားများတွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေကြပါသနည်း။

အခန်း ၄၁၈ ပြီး။

အခန်း (၄၁၉) - လုဖေးအာ၏ ထူးဆန်းသောအခြေအနေ

သစ်ပင်အိမ်အတွင်းရှိ လူတိုင်းသည် မိမိတို့မျက်စိရှေ့တွင် ဖြစ်ပျက်သွားသောအရာကို မယုံကြည်နိုင်ဘဲ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားကြသည်။

ချီရွှယ်ဖေး၏ တစ်ကိုယ်လုံးတွင် သွေးများ စိုရွှဲနေချေပြီ။

သူမသည် ဆရာဝန်တစ်ဦးဖြစ်သဖြင့် ထိုသို့သောအခြေအနေမျိုးအပေါ် သည်းခံနိုင်စွမ်း မြင့်မားသော်လည်း လူတစ်ယောက်၏ ဦးခေါင်းမှာ ရှေ့တင် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရခြင်းက သူမကို တုန်လှုပ်သွားစေသည်။

ကံကောင်းသည်မှာ ရွှီရှင်းထံတွင် ရေပူစက်နှင့် ရေစုပ်စက် ရှိနေသဖြင့် လီဝမ်ရှီးက ချီရွှယ်ဖေးအား ရေချိုးရန် ချက်ချင်း ခေါ်သွားပေးနိုင်ခဲ့သည်။

"သူ ထွက်ပြေးသွားတဲ့ အရပ်က ငါ့ရဲ့ သစ်ပင်အိမ်ဘက်ကို တန်းတန်းမတ်မတ်ပဲ" ဟု ကျိချောင်းယန်က ပြတင်းပေါက်မှ အပြင်သို့ ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။

"ရွှီရှင်း၊ ငါ့ကို အောက်ချပေးပါဦး၊ ငါ သစ်ပင်အိမ်ကို ပြန်မှဖြစ်မယ်။ သူတို့ရဲ့ သဲလွန်စကို အဲဒီမှာ ရှာတွေ့နိုင်တယ်"။

"ငါ့ရဲ့မြေပုံမှာတော့ မမြင်ရတော့ဘူး၊ သူ ဒီအနားမှာ မရှိတော့တာလည်း ဖြစ်နိုင်တယ်။ မင်း သေချာပေါက် လိုက်ချင်လို့လား" ဟု ရွှီရှင်းက ပြန်မေးလိုက်သည်။

ရွှီရှင်း၏ မြေပုံပေါ်မှ အနီရောင်အစက်မှာ သစ်ပင်အိမ်နှင့် တစ်ကီလိုမီတာခန့်အကွာတွင် ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

အနီရောင်အစက် ပျောက်ကွယ်သွားနိုင်သည့် အကြောင်းရင်း သုံးချက် ရှိပါသည်။

ပထမမှာ ထိုသတ္တဝါ သေဆုံးသွားခြင်း၊ ဒုတိယမှာ မြေအောက်သို့ ရောက်ရှိသွားခြင်းနှင့် တတိယမှာ ခရမ်းနက်ရောင် ဝဲဂယက်မှတစ်ဆင့် အခြားနေရာသို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။

ရွှီရှင်းအနေဖြင့် တတိယအချက်မှာ အဖြစ်နိုင်ဆုံးဟု ယူဆထားသဖြင့် ယခု လိုက်ရှာလျှင်လည်း အချိန်ကုန်ရုံသာ ဖြစ်နိုင်ချေ ရှိ၏။

"ငါ သေချာတယ်။ ငါ ကြိုတင်မြင်ထားတဲ့ မြင်ကွင်းက ဒီကိစ္စနဲ့ ဆက်စပ်နေနိုင်တယ်" ဟု ကျိချောင်းယန်က ဆိုသဖြင့် ရွှီရှင်းကလည်း ထိုဗီဇပြောင်းလူသား ပျောက်ကွယ်သွားသည့် နေရာကို ပြောပြကာ သူ့အား အောက်သို့ ချပေးလိုက်သည်။

ကျိချောင်းယန်ကို ပို့ဆောင်ပြီးနောက် ရွှီရှင်းသည် သေဆုံးသွားသော ဗီဇပြောင်းလူသား၏ ရှေ့တွင် ထိုင်ချလိုက်၏။

ခဲခဲလေး၊ မီမီနှင့် ငွေရောင်ဘုရင်တို့မှာလည်း အနားသို့ စုဝေးလာကြသည်။

ထိုသူ သေဆုံးသွားသည့်ပုံမှာ တကယ့်ကို ရက်စက်လှပေသည်။

ရွှီရှင်းသည် အနံ့အသက်နှင့် မြင်ကွင်းကြောင့် မအီမသာ ဖြစ်နေသော်လည်း သဲလွန်စ တစ်စုံတစ်ရာ ရလိုရငြား အသေအချာ စစ်ဆေးကြည့်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပါပေ။

သူ မတ်တပ်ရပ်လိုက်သည့်အခါ လုဖေးအာမှာ ထူးဆန်းသောအခြေအနေတစ်ခုဖြင့် ရပ်နေသည်ကို သတိထားမိလိုက်သည်။

သူမသည် ကြမ်းပြင်ပေါ်က အလောင်းကို မျက်လုံးပြူးကာ စိုက်ကြည့်နေပြီး အသက်ရှူသံများ မြန်လာကာ ပါးပြင်ပေါ်တွင် သွေးရောင်မျဉ်းနှစ်ကြောင်း ပေါ်လာခဲ့သည်။

သူမ၏ စွမ်းအားများမှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်ပုံစံ ဖြစ်နေချေပြီ။

"လုဖေးအာ၊ သတိထားဦး" ဟု ရွှီရှင်းက ချက်ချင်း အော်ဟစ်လိုက်သော်လည်း သူမက မကြားသည့်အလား သူမ၏ နှုတ်ခမ်းပေါ်တွင် စင်နေသော သွေးများကို လျှာဖြင့် လျက်နေပြီး မျက်လုံးများမှာ ပို၍ နီရဲလာခဲ့သည်။

ရွှီရှင်းသည် သူမ၏ ခေါင်းနောက်ဘက်ကို လက်ဖြင့် ရိုက်ချလိုက်မှသာ သူမသည် ဆိုဖာပေါ်သို့ ကျသွားတော့၏။

"အား" ဟု လုဖေးအာ အော်ဟစ်ကာ ဆိုဖာပေါ်မှ ပြန်ခုန်တက်လာသည်။

ရွှီရှင်းသည် သူမအား လက်ပတ်အတွင်းသို့ ပြန်ထည့်ရန် ပြင်လိုက်သော်လည်း သူမက ပျာပျာသလဲ တားမြစ်လိုက်သဖြင့် သူမအား ဆိုဖာပေါ်တွင် ထိုင်ခိုင်းကာ ခုနက ခံစားချက်ကို မေးမြန်းလိုက်သည်။

"ဒီလူရဲ့ သွေးနဲ့ အသားတွေက ကျွန်မအတွက် တကယ့်ကို ပြင်းထန်တဲ့ ဆွဲဆောင်မှု ဖြစ်နေတာ" ဟု လုဖေးအာက သူမ၏ ခံစားချက်ကို ရှင်းပြသည်။

"ဒါကို ဘယ်လို ပြောပြရမလဲ မသိပေမဲ့... ဆာလောင်နေတဲ့ ဇွန်ဘီတစ်ကောင်က လူအသားအသားလတ်လတ်ဆတ်ဆတ်ကို မြင်လိုက်ရသလိုမျိုးပဲ"။

ရွှီရှင်းက ၎င်းမှာ အစကတည်းက ခံစားခဲ့ရခြင်းလားဟု မေးမြန်းသည့်အခါ သူမက "အစတုန်းကတော့ ခံစားချက်က သိပ်မသိသာဘူး၊ ဒါပေမဲ့ အခုတော့..." ဟု ဆိုကာ အလောင်းကို ထပ်မကြည့်ရဲဘဲ သိမ်းဆည်းပေးရန် တောင်းဆိုလာသည်။

ရွှီရှင်းသည် အဆင့်နိမ့် ကျောပိုးအိတ်တစ်ခုကို အသုံးပြုကာ ထိုဗီဇပြောင်းလူသား၏ အလောင်းကို သိမ်းဆည်းလိုက်သည်။

ထိုသို့ သိမ်းဆည်းလိုက်သည့်အခါ ထူးခြားချက်မှာ သစ်ပင်အိမ်၏ နံရံ၊ မျက်နှာကြက်နှင့် ကြမ်းပြင်ပေါ်တွင် စင်နေသော သွေးကွက်များအားလုံးမှာ လုံးဝကို အစအနမကျန် ပျောက်ကွယ်သွားခြင်းပင်။

အခန်း ၄၁၉ ပြီး။

အခန်း (၄၂၀) - လုဖေးအာ၏ ထူးဆန်းသောအခြေအနေ ၂

သစ်ပင်အိမ်မှာ ကိုယ်တိုင်သန့်ရှင်းရေးလုပ်တဲ့ စနစ်ရှိနေတာလား။

ဒါမှမဟုတ် သစ်ပင်အိမ်ကပဲ ဒီသွေးတွေကို စုပ်ယူလိုက်တာလား။

ရွှီရှင်းက အလောင်းကို သိမ်းဆည်းလိုက်တော့မှ လုဖေးအာဟာ သက်ပြင်းချနိုင်တော့ပြီး ကြမ်းပြင်ပေါ်သို့ ခွေခနဲ ထိုင်ချလိုက်တော့၏။

"ငါ ဘာတွေဖြစ်ကုန်တာလဲ..."

သူမရဲ့ စိတ်ဓာတ်တွေ ကျဆင်းနေပြီး စိတ်ကို မထိန်းချုပ်နိုင်သလို ဖြစ်နေရှာသည်။

"လူသားအသားကို အဲဒီလိုမျိုး ခံစားမိနေတာ၊ ငါတော့ အရူးဖြစ်နေပြီ ထင်တယ်..."

"နင် မာဟုန်ဝေအပေါ်မှာရော အဲဒီလို ခံစားချက်မျိုး ရှိလား" လို့ ရွှီရှင်းက ခေတ္တစဉ်းစားပြီး မေးလိုက်၏။

လုဖေးအာက ခေါင်းခါပြပြီး "ဒီလူက မာဟုန်ဝေနဲ့ အမျိုးအစားတူ ခံစားချက်မျိုး ပေးတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ မာဟုန်ဝေမှာတော့ ဒီလိုမျိုး ဆွဲဆောင်တဲ့ အစွမ်း မရှိဘူး" လို့ ပြန်ဖြေသည်။

ရွှီရှင်းက နားလည်သလို ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်၏။

"ဝူး..."

ခဲခဲလေးက လုဖေးအာအနားကို လျှောက်သွားပြီး သူမကို အသာအယာ တို့လိုက်၏။

ခဲခဲလေးရဲ့ အပြုအမူကြောင့် လုဖေးအာဟာ အကြောင်းရင်းမရှိဘဲ စိတ်သက်သာရာရသွားပြီး အရင်က မှောင်မိုက်နေတဲ့ စိတ်အခြေအနေတွေဟာ လွင့်ပျယ်သွားခဲ့သည်။

သူမက ခဲခဲလေးရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ရွှီရှင်းကို ပြောလိုက်၏။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မမှာ ယူဆချက်တစ်ခု ရှိတယ်၊ ရှင် နားထောင်ကြည့်မလား"

"ပြောပါဦး"

လုဖေးအာက စကားလုံးတွေကို သေချာစီစဉ်ပြီးနောက် စတင်ပြောပြတော့သည်။

"အဲဒီလူက ကျွန်မနဲ့ အမျိုးအစားတူတာတော့ သေချာတယ်၊ ဒါပေမဲ့ သူက တစ်ခုခုကို စားထားတာ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲကို တစ်ခုခု ထိုးသွင်းထားတာ ဖြစ်နိုင်တယ်။ အဲဒါက သူ့ကို အမြဲတမ်း စွမ်းအားပေါက်ကွဲတဲ့ အခြေအနေမှာ ရှိနေစေတာပဲ။ ပြီးတော့ အဲဒီအရာကပဲ ကျွန်မကို မကြာခဏ လာပြီး သက်ရောက်မှုရှိနေပြီး ကျွန်မကို ဗီဇပြောင်းလဲစေဖို့ တွန်းအားပေးနေတာ"

လုဖေးအာက သူမရဲ့ မျက်နှာကို ညွှန်ပြလိုက်၏။

အခုတော့ သူမရဲ့ မျက်နှာဟာ အရင်လိုပဲ အပြစ်ပြောစရာမရှိအောင် ပြန်လည်လှပနေပြီး ပါးပြင်ပေါ်က သွေးရောင်မျဉ်းတွေလည်း လုံးဝ ပျောက်ကွယ်သွားလေပြီ။

"ဒါက သူ့ရဲ့ ခန္ဓာကိုယ်အပေါ် ဘာလို့ အဲဒီလို ခံစားမိလဲဆိုတာကိုလည်း ရှင်းပြနိုင်တယ်။ ဘာလို့လဲဆိုတော့ သူ့ခန္ဓာကိုယ်ထဲမှာ ကျွန်မကို စွမ်းအားပေါက်ကွဲတဲ့ အခြေအနေမှာ ရှိနေစေမယ့် ဒြပ်စင်တစ်ခု ရှိနေလို့ပဲ။ ကျွန်မကို ဆွဲဆောင်နေတာက အဲဒီဒြပ်စင်ပဲ၊ သူ့ရဲ့ အသား မဟုတ်ဘူး"

လုဖေးအာက ခိုင်ခိုင်မာမာ ပြောလိုက်သလို သူမကိုယ်သူမလည်း အားပေးလိုက်၏။

လူ့အသားကို စိတ်ဝင်စားတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင် မဖြစ်ချင်တာကြောင့်ပင်။

ရွှီရှင်းလည်း စဉ်းစားခန်း ဝင်သွားရ၏။

သူမပြောတာက ရွှီရှင်း ခုနက စဉ်းစားနေတာနဲ့လည်း တူနေလို့ပင်။

ဒီဗီဇပြောင်းလူသားဟာ ခရာသံကြားတာနဲ့ ချက်ချင်း တုံ့ပြန်ပြီး သေဆုံးသွားတာကို ကြည့်ရင် သူ့ခန္ဓာကိုယ်ထဲမှာ ခရာသံရဲ့ သက်ရောက်မှုကို ခံရတဲ့ တစ်စုံတစ်ခု ရှိနေတာ သေချာ၏။

အဲဒီအရာဟာ အမွေးအမျှင်နဲ့ ခရာမှုတ်တဲ့ သတ္တဝါတွေရဲ့ လက်ချက်လည်း ဖြစ်နိုင်ခြေ ရှိသည်။

ရွှီရှင်းက ဝမ်ကွေ့ရှင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက်တွေအကြောင်းကို တွေးမိသွား၏။

ဖြစ်နိုင်တာက အဲဒီအဆိပ်အတောက်တွေနဲ့ သဘောတရားချင်း တူညီနေတာလည်း ဖြစ်နိုင်သည်။

ဒီဗီဇပြောင်းလူသားရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပြီး သူ့ကို သေဆုံးစေတာမျိုးပေါ့။

တခြား ဗီဇပြောင်းသတ္တဝါတွေကိုလည်း ဒီနည်းလမ်း၊ ဒီဒြပ်စင်နဲ့ပဲ ထိန်းချုပ်ထားတာများလား။

"တခြား သတ္တဝါတွေရဲ့ အလောင်းတွေအပေါ်မှာရော ဒီလို ခံစားရလား" လို့ ရွှီရှင်းက ထပ်မေးလိုက်၏။

လုဖေးအာက ခေါင်းခါပြီး "မခံစားရဘူး၊ သူ့တစ်ယောက်တည်းအပေါ်မှာပဲ အဲဒီလို ဖြစ်တာ" လို့ ပြန်ပြော၏။

ကြည့်ရတာတော့ မဟုတ်သေးပါဘူး။

ရွှီရှင်း ခေါင်းညိတ်လိုက်ပြီး စိတ်အနည်းငယ် အေးသွားရသည်။

"ကောင်းပြီ၊ စိတ်အေးအေးထားပါ၊ နင်ပြောသလိုပဲ ဒြပ်စင်တစ်ခုခုကြောင့် ဖြစ်တာလည်း ဖြစ်နိုင်သလို နင်ကလည်း အဲ့ဒီရဲ့ သက်ရောက်မှုကို ခံလိုက်ရတာ ဖြစ်မှာပါ။ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး" လို့ ရွှီရှင်းက ပြောလိုက်သည်။

"ဒါပေမဲ့ အရာအားလုံးက ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့ နင့်ကို စူးစမ်းရှာဖွေသူတွေထဲ ထည့်ဖို့ကိစ္စကိုတောင် သူတို့ကို ပြောဖို့ အချိန်မရလိုက်ဘူး"

"လောလောဆယ်တော့ မလုပ်ပါနဲ့ဦး"

လုဖေးအာက သူမဘာသာ ဇဝေဇဝါ ဖြစ်နေသလို သက်ပြင်းချလိုက်၏။

"ကျွန်မ အခု ဘယ်လို အခြေအနေမျိုး ရောက်နေလဲဆိုတာတောင် မသိဘူး၊ ရှင့်နောက်မှာပဲ လောလောဆယ် လိုက်နေတာ အကောင်းဆုံးပါပဲ။ အကယ်၍..."

သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး "အကယ်၍ ကျွန်မ တကယ်ပဲ အရူးဖြစ်သွားမယ်ဆိုရင်တော့... ကျွန်မကိုသာ သတ်လိုက်ပါ၊ ကိုယ်ပိုင်အသိစိတ်တွေ လုံးဝ ပျောက်ဆုံးသွားတဲ့ ဇွန်ဘီတစ်ကောင်တော့ အဖြစ်မခံနိုင်ဘူး" လို့ ပြောရှာ၏။

"နင်ကတော့ တော်တော်လေးကို ကြိုတွေးထားတာပဲ"

ရွှီရှင်းလည်း ဘာပြောရမှန်း မသိတော့ချေ။

ဖြစ်နိုင်တာက တစ်စုံတစ်ခုရဲ့ သက်ရောက်မှုကြောင့် သူမရဲ့ စိတ်ခံစားချက်တွေ ပြန်ပြီး မတည်မငြိမ် ဖြစ်လာတာ ဖြစ်မှာပင်။

"အကယ်၍ နင် တကယ် ရူးသွားရင်တောင် နင့်ကို လက်ပတ်ထဲမှာ ပိတ်ထားပြီး ပြန်ကောင်းလာမလား စောင့်ကြည့်ရမှာပေါ့"

"..."

လုဖေးအာရဲ့ မျက်တောင်တွေ တုန်သွားပြီး မျက်နှာလေး ညိုးငယ်သွားကာ ရွှီရှင်းကို အားငယ်သလို ကြည့်လိုက်၏။

"ဒါဆိုရင်တော့ ကျွန်မကို သတ်လိုက်တာကမှ ပိုကောင်းဦးမယ်၊ ကျွန်မရဲ့ သခင်ရယ်..."

ထိုအချိန်တွင် ရေချိုးပြီးသွားသော ချီရွှယ်ဖေးနှင့် လီဝမ်ရှီးတို့သည် သားရေချပ်ဝတ် အသစ်များကို ဝတ်ဆင်ကာ ရေချိုးခန်းထဲမှ ထွက်လာကြ၏။

"ဘာတွေ ပြောနေကြတာလဲ။ ခုနက ဖေးအာ အော်သံ ကြားလိုက်ရသလိုပဲ"

လီဝမ်ရှီးက လျှောက်လာပြီး ရွှီရှင်းဘေးမှာ ထိုင်ချင်ပေမဲ့ ဆိုဖာပေါ်က သွေးတွေကို မြင်ပြီး သူမကလည်း ရေချိုးပြီးခါစမို့ မထိုင်တော့ချေ။

"အခန်းကို မြန်မြန် သန့်ရှင်းရေး လုပ်ကြရအောင်၊ သွေးတွေနဲ့ဆိုတော့ နေလို့ မကောင်းဘူး။ ဖေးအာ၊ နင်ရော ရေမချိုးဘူးလား"

"မချိုးတော့ဘူး၊ ငါ့ရဲ့ သစ်ပင်အိမ်ကိုပဲ ပြန်တော့မယ်"

လုဖေးအာက သူမရဲ့ ကပ်ပါးသစ်ပင်အိမ်ဘက်ကို ညွှန်ပြလိုက်၏။

သူမရဲ့ လက်ရှိ အခြေအနေကို တခြားသူတွေ မသိစေချင်တာကြောင့်ပင်။

"အခြေအနေ ဘယ်လို ရှိလဲ" လို့ ချီရွှယ်ဖေးက မေးလိုက်၏။

သူမ ခုနက အနည်းငယ် ထိတ်လန့်သွားပေမဲ့ အခုတော့ အတော်လေး တည်ငြိမ်သွားလေပြီ။

"ကျိချောင်းယန်ကတော့ လိုက်သွားတယ်၊ ဒါပေမဲ့ မှီပါ့မလားတော့ မသေချာဘူး။ ဒီဗီဇပြောင်းလူသားရဲ့ အလောင်းဆီကနေလည်း ဘာသဲလွန်စမှ ရှာမတွေ့ဘူး"

"အလောင်းကို ငါ့ကိုသာ ပေးလိုက်ပါ၊ ငါ နည်းနည်းလောက် ခွဲစိပ်စစ်ဆေးကြည့်မယ်" လို့ ချီရွှယ်ဖေးက ဝန်လေးစွာနဲ့ ပြောလေသည်။

"ဒါပေမဲ့ သတင်းအချက်အလက် တစ်ခုခု တွေ့ရမယ်လို့တော့ အာမမခံနိုင်ဘူးနော်"

သူမက ခွဲစိပ်စစ်ဆေးမှုကို လေ့လာဖူးပေမဲ့မှုခင်းဆရာဝန် မဟုတ်တာကြောင့် ထူးခြားချက်တွေ တွေ့နိုင်ချေတော့ နည်း၏။

"ကောင်းပြီလေ"

ရွှီရှင်းက အလောင်းပါတဲ့ ကျောပိုးအိတ်ကို သူမထံ တိုက်ရိုက် ကမ်းပေးလိုက်၏။

"အလောင်းက အထဲမှာပါ၊ ခေါင်းကတော့ နည်းနည်း... အင်း... ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ နဂိုအတိုင်းပါပဲ"

ချီရွှယ်ဖေးက ကျောပိုးအိတ်ကို ယူပြီး အထဲကို စစ်ဆေးကာ ခေါင်းညိတ်ပြသည်။

"ကောင်းပါပြီ၊ ဒါဆိုရင် ငါလည်း ပြန်တော့မယ်"

ရွှီရှင်းက လုဖေးအာနဲ့ ချီရွှယ်ဖေးတို့ကို သစ်ပင်အိမ်အောက်အထိ လိုက်ပို့ပေးလိုက်၏။

လီဝမ်ရှီးကတော့ ကျန်ရစ်ခဲ့ပြီး သူမ အိပ်ပျော်နေစဉ်အတွင်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ရွှီရှင်းအား အနည်းငယ် ထပ်ပြီး မေးမြန်းချင်သေးတာကြောင့်ပင်။

အခန်း ၄၂၀ ပြီး။

All Chapters