အခန်း (၄၁၂-၄၁၄)
Vol. 28 Ch. 412-414
အခန်း (၄၁၂) - သားရဲလှိုင်းအပြီး ပြန်လည်ကောင်းလာသော ဆက်သွယ်ရေး
"ဒီနေ့ ဆက်သွယ်ရေးတွေ ပြန်ပွင့်သင့်ပြီ မဟုတ်လား။"
ရွှီရှင်းသည် သူ၏လက်ပတ်နာရီကို ပွတ်ဆွဲကြည့်လိုက်သော်လည်း နယ်မြေချန်နယ် မှာ ဆိတ်ငြိမ်နေဆဲပင် ဖြစ်၏။
ထိုစဉ် လီဝမ်ရှီးထံမှ ခုနလေးတင် ပေးပို့ထားသော သီးသန့်စာတိုလေးကို သူ မြင်လိုက်ရသည်။
"ဆက်သွယ်ရေး ပြန်ပွင့်ပြီလား။"
"ဟင်"
သူ လီဝမ်ရှီးဘက်သို့ လှည့်ကြည့်လိုက်သည်။
လီဝမ်ရှီးသည်လည်း သူ့ကို အံ့သြဝမ်းသာသော မျက်ဝန်းများဖြင့် ပြန်ကြည့်နေသည်။
"ငါတို့ရဲ့ ဆက်သွယ်ရေးက တကယ်ကြီး ပြန်ပွင့်သွားပြီ"
သစ်ပင်အိမ်ကို ဝိုင်းရံထားသော သားရဲလှိုင်းများ ဆုတ်ခွာသွားပြီးနောက်တွင် ဤသစ်ပင်အိမ်၏ ဆက်သွယ်ရေးစနစ် ပြန်လည်ကောင်းမွန်လာခြင်း ဖြစ်ပေလိမ့်မည်။
သူသည် စူးစမ်းရှာဖွေသူများ ချန်နယ်တွင် ချက်ချင်းပင် စာတစ်စောင် ပေးပို့လိုက်သည်။
ရွှီရှင်း - "ဘယ်သူတွေရဲ့ ဆက်သွယ်ရေး ပြန်ပွင့်ပြီလဲ။"
အမှန်ပင် စာတိုမှာ အောင်မြင်စွာ ရောက်က်သွားခဲ့ချေပြီ။
ချက်ချင်းဆိုသလိုပင် ချန်နယ်အတွင်းမှ ပြန်စာတစ်စောင် ရောက်လာသည်။
ဝမ်ကွေ့ရှင်း - " အာ ဘာလို့ ရုတ်တရက်ကြီး စကားပြောလို့ ရသွားတာလဲ။ နယ်မြေချန်နယ်က တိတ်ဆိတ်နေလို့ မပွင့်သေးဘူး ထင်နေတာ..."
ဝမ်ကွေ့ရှင်း၏ စွမ်းရည်အရဆိုလျှင် သူမသည် သားရဲလှိုင်းလုံးကို သူ့ထက်ပင် ပိုမိုမြန်ဆန်စွာ နှိမ်နင်းနိုင်ခဲ့ပုံရသည်။
ချီရွှယ်ဖေး - "ငါပြောတာကို နင်တို့ မြင်ရလား။"
ကျိချောင်းယန် - "ပတ်ဝန်းကျင်က သားရဲလှိုင်းတွေကို ရှင်းထုတ်နိုင်တဲ့ ငါတို့လိုလူတွေပဲ ဆက်သွယ်ရေး ပြန်ပွင့်တာ ဖြစ်မယ်။ တခြားလူတွေကတော့ ငါတို့စာတွေကို လက်ခံလို့ရဦးမှာ မဟုတ်ဘူး။"
လီဝမ်ရှီး - "ဟဲဟဲ၊ ငါ အရင်တွေ့တာ။ ရွှီရှင်းဆီ သီးသန့်စာ ပို့ကြည့်ရင်း ဆက်သွယ်ရေး အလုပ်လုပ်နေမှန်း သိလိုက်တာ"
ဝမ်ကွေ့ရှင်း - "ကြည့်ရတာ ငါ့ဘက်က သားရဲတွေကို အကုန်ရှင်းပစ်လိုက်နိုင်တာ ငါတစ်ယောက်တည်းပဲ ထင်တယ်။ ဟိုကောင်တွေကတော့ တော်တော်နှေးတာပဲ။ ထားလိုက်ပါတော့၊ ငါ သူတို့ကို သွားကူလိုက်ဦးမယ်။"
ရွှီရှင်း - "နင်က ဗီဇပြောင်းသတ္တဝါတွေကို ထိန်းချုပ်ပြီး စီးသွားလို့ ရတယ် မဟုတ်လား။ အဲဒါဆိုရင် ပိုမြန်တာပေါ့။"
ဝမ်ကွေ့ရှင်း - "ရတော့ ရပါတယ်၊ ဒါပေမဲ့ ကူးစက်ခံထားရတဲ့ သားရဲတစ်ကောင်က အရှိန်ကုန်တင်ပြီး ပြေးရင် ဆယ်မိနစ်ပဲ သက်ဆိုးရှည်တာ။ အဲဒါကြောင့် ဆယ်မိနစ်တစ်ခါ သားရဲအသစ် လဲနေရတယ်။ ပြီးတော့ ပုံမှန်ဆိုရင် စီးလို့ရတဲ့ သားရဲကြီးမျိုးကို ရှာဖို့ကလည်း မလွယ်ဘူးလေ... အချိန်အများစုက လမ်းလျှောက်ရင်းနဲ့ပဲ ကုန်နေတာ။"
အမှန်ပင် သူမ၏ စွမ်းရည်အောက်တွင် သက်ရှိအားလုံးမှာ တစ်ခါသုံးပစ္စည်းများသာ ဖြစ်သဖြင့် ခရီးဝေးသွားလာရန်မှာ သိပ်ပြီး အဆင်မပြေလှပေ။
လီဝမ်ရှီး - "အခု သားရဲတွေ ပြန်ရောက်လာပြီဆိုတော့ လမ်းမှာ သမင်တွေ၊ မြင်းတွေ၊ နွားတွေ အများကြီး ရှိနေမှာပါ။ အဆင်ပြေသွားမှာပါ"
ဝမ်ကွေ့ရှင်း - "... မပြေပါဘူး၊ သူတို့က ငါ့ကို ကြောက်နေကြတာ။ အဝေးကနေ မြားနဲ့ ပစ်ရင်တော့ ရပေမဲ့ ငါ အနားကပ်သွားတာနဲ့ သူတို့တွေ ထွက်ပြေးကုန်ရော။ ငါကလည်း သူတို့ကို အမှီလိုက်နိုင်လောက်အောင် မမြန်တော့ သူတို့ကို ကူးစက်အောင် လုပ်လို့ မရဘူး..."
ကြည့်ရသည်မှာ သူမ၏ စွမ်းရည်သည် အဝေးကနေ ပတ်ပြေးနေသော ရန်သူမျိုးကို ရင်ဆိုင်ရန် အားနည်းချက် ရှိပုံရသည်။
"အိုး... ရပြီဟေ့၊ တစ်ကောင် ရပြီ"
ဝမ်ကွေ့ရှင်းက ချန်နယ်တွင် အားတက်သရော အော်ဟစ်လိုက်သည်။
"ဗီဇပြောင်း နွားရိုင်းတစ်ကောင် ငါ့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာလို့ ချက်ချင်း ဖမ်းလိုက်ပြီ။ နောက်ဆုံးတော့ ကိုယ့်ခြေထောက်နဲ့ကိုယ် မပြေးရတော့ဘူး"
ဟိုဘက်တွင်တော့ စိုးရိမ်စရာ မလိုတော့ပုံရသည်။
ဝမ်ကွေ့ရှင်း၏ အကူအညီဖြင့်ဆိုလျှင် သားရဲအုပ်ကို ကိုင်တွယ်ရန်မှာ သူမအတွက်တော့ ကလေးကစားစရာမျှသာ ဖြစ်ပေလိမ့်မည်။
ကျိချောင်းယန် - "ရွှီရှင်း၊ မင်းဘက်မှာ ကိစ္စတွေ အကုန်ပြီးပြီလား။ ငါတို့တွေ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ လူစုကြရင် မကောင်းဘူးလား။"
ရွှီရှင်းတွင်လည်း ထိုကဲ့သို့ အကြံမျိုး ရှိနေသည်။
သို့သော် သူ မလုပ်ခင် လုပ်စရာ ကိစ္စအချို့ ရှိနေသေးသည်။
"နောက်ထပ် နာရီဝက်လောက်နေရင်ပေါ့၊ ငါ လုပ်စရာလေးတွေ ရှိနေသေးလို့။ နာရီဝက်နေရင် ငါ့အိမ်ကို လာခဲ့ကြပါ၊ ငါ့အိမ်ကတော့ ဘာမှ ပျက်စီးသွားတာ မရှိဘူး။"
ကျိချောင်းယန် - "ကောင်းပြီ၊ ဒါဆိုရင် နာရီဝက်နေရင် ငါတို့ မင်းဆီ လာခဲ့မယ်။"
ရွှီရှင်းသည် သွေးများ ပေကျံနေသော လီဝမ်ရှီးကို ကြည့်ပြီး ရယ်မောလိုက်၏။
"နင် အမြန်သွားပြီး ရေချိုးလိုက်ဦး၊ ငါလည်း ပြန်ပြီး သန့်ရှင်းရေး လုပ်ဦးမယ်။"
လီဝမ်ရှီးသည် သွေးတွေပေနေသော သူမကိုယ်သူမ ငုံ့ကြည့်ရင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာသည်။
"ဟုတ်သားပဲ၊ ဒါဆိုရင် နာရီဝက်နေရင် တွေ့ကြမယ်နော်။"
လီဝမ်ရှီးကို နှုတ်ဆက်ပြီးနောက် ရွှီရှင်းသည် အလင်းတံခါးကို ဖွင့်ကာ သူ၏ သစ်ပင်အိမ်ဘက်သို့ ပြန်လာခဲ့သည်။
သူသည် သစ်ပင်အိမ်အတွင်းသို့ မဝင်သေးဘဲ မာဟုန်ဝေ၏ သစ်ပင်အိမ်ရှိရာသို့ ချက်ချင်း ဦးတည်သွားလိုက်၏။
ထိုနေရာတွင် ပေါက်ကွဲမှုကြောင့် လွင့်ထွက်သွားခဲ့သော ဧရာမမြွေကြီး၏ ခရမ်းရောင်အကြေးခွံများ ရှိနေသင့်သည် မဟုတ်ပါလား။
မာဟုန်ဝေ၏ သစ်ပင်အိမ်သည် ရွှီရှင်း၏ အိမ်မှ အရှေ့တောင်ဘက်တွင် တည်ရှိပြီး အနောက်ဘက်က ရေကန်နှင့်လည်း အလှမ်းဝေးလှသည်။
၎င်းမှာ ရွှီရှင်းက တမင်တကာ ရွေးချယ်ပေးထားသော နေရာဖြစ်၏။
နေဦး... အရှေ့တောင်ဘက်လား။
ရွှီရှင်း တစ်စုံတစ်ခုကို သတိရလိုက်သည့်အခါ သူ၏ မျက်မှောင်များ တွန့်ချိုးသွားခဲ့ရသည်။
သစ်ပင်အိမ်ကို စနစ်တကျ စစ်တပ်တစ်ခုလို လာတိုက်ခိုက်ခဲ့သော သားရဲလှိုင်းလုံးကြီးမှာ အနောက်မြောက်ဘက်မှ လာခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် ကျန်ရှိနေသော သတ္တဝါအားလုံးကို ဆုတ်ခွာစေခဲ့သော ခရာမှုတ်သံမှာမူ အရှေ့တောင်ဘက်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သူ အတော်လေး ထူးဆန်းသည်ဟု ထင်ခဲ့မိသည်။
တိုက်ခိုက်မည့် စစ်တပ်နှင့် ထိန်းချုပ်သူ ခေါင်းဆောင်မှာ ဘာကြောင့် အရပ်မျက်နှာ မတူဘဲ ဆန့်ကျင်ဘက် ဖြစ်နေရတာလဲ။
ဖြစ်နိုင်တာက...
ရွှီရှင်း ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး မာဟုန်ဝေ၏ သစ်ပင်အိမ်ရှိရာသို့ ရောက်ရှိသွား၏။
ပင်မသစ်ပင်အိမ် မပျက်စီးသရွေ့ ကပ်ပါးသစ်ပင်အိမ်မှာ အကန့်အသတ်မရှိ ပြန်လည်ပေါက်ရောက်နိုင်သည်ဖြစ်ရာ ယခုအခါတွင်တော့ ပျက်စီးနေသော အပျက်အစီးများကြားမှ မာဟုန်ဝေ၏ သစ်ပင်အိမ်မှာ ပြန်လည် ပေါက်ဖွားလာချေပြီ။
အပြာရောင်အဆင့် သစ်ပင်အိမ်တစ်လုံး ပေါက်ရန် ဆယ်မိနစ်ခန့်သာ ကြာသော်လည်း ပြန်လည်ပြုပြင်ရန်မှာမူ များစွာ နှေးကွေးလှပေသည်။
သို့သော်လည်း ထိုမျှအထိတော့ မနှေးကွေးလှပါပေ သစ်ပင်အိမ်မှာ အကိုင်းအခက်များနှင့် အရွက်များ စတင် ထွက်ပေါ်နေပြီ ဖြစ်သည်။
ဤနှုန်းအတိုင်းဆိုလျှင် ညမရောက်မီမှာပင် ဤကပ်ပါးသစ်ပင်အိမ်မှာ နဂိုမူလ အလယ်အလတ်အဆင့် သစ်ပင်အိမ်အဖြစ် ပြန်လည် ရောက်ရှိသွားပေလိမ့်မည်။
နှမြောစရာကောင်းသည်မှာ သစ်ပင်အိမ်တွင် တပ်ဆင်ထားသော မြှားပစ်စက်များ၊ အင်ဂျင်နှင့် ဘက်ထရီများပင် ဖြစ်သည်။
ရွှီရှင်းသည် အပျက်အစီးများကြားတွင် စတင် ရှာဖွေတော့၏။
သူသည် ခရမ်းရောင်အလင်းတန်းကို မတွေ့ရပါပေ။
အစပိုင်းတွင် အကြေးခွံများမှာ အပျက်အစီးများအောက်တွင် ဖိမိနေသဖြင့် သူ၏ စူးစမ်းနိုင်စွမ်းက အလင်းတန်းကို မမြင်ရခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့မိသည်။
သို့သော် အပျက်အစီး အားလုံးကို ရှာဖွေပြီးသည့်နောက်တွင်တော့ သူ၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့ရသည်။
ဘာမှ မရှိပါပေ။
လုံးဝကို ဘာမှ မရှိခြင်းပင်။
ခရမ်းရောင်အကြေးခွံများ မရှိရုံသာမက သစ်ပင်အိမ်မှ ကျန်ရစ်သော သစ်သားစများမှလွဲ၍ အခြားဘာကိုမျှ မတွေ့ရပေ။
ရွှီရှင်း၏ နားလည်မှုအရဆိုလျှင် ဤနေရာတွင် ရှိနေသင့်သော အရာအားလုံး ပျောက်ဆုံးနေခြင်း ဖြစ်သည်။
ပျက်စီးသွားသော အင်ဂျင်၊ ဘက်ထရီ၊ ပရိဘောဂများ၊ အလှဆင်ပစ္စည်းများနှင့် မာဟုန်ဝေ၏ သစ်ပင်အိမ် နံရံတွင် တပ်ဆင်ထားသော သည့် မြှားပစ်စက် ဒါဇင်ပေါင်းများစွာ၏ အပိုင်းအစ တစ်ခုကိုမျှ မတွေ့ရပေ။
အခန်း ၄၁၂ ပြီး။
အခန်း (၄၁၃) - ရှင်ကျန်သူများလား ဒါမှမဟုတ် ကျူးကျော်သူတွေလား
တောက်..
သူ့ရဲ့ ခန့်မှန်းချက်က အခုမှပဲ အတည်ပြုနိုင်တော့မှာပါ။
အဲဒီ ဗီဇပြောင်းလူသားဟာ အရှေ့တောင်ဘက်ကို ဘာအတွက် ရောက်လာခဲ့တာလဲဆိုရင်..
ဒီနေရာမှာရှိတဲ့ မာဟုန်ဝေရဲ့ အကြွင်းအကျန်တွေကို လာသိမ်းဖို့ပဲ ဖြစ်လောက်၏။
ဒါတွေက အမှိုက်တွေ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် အဲဒီအထဲမှာ ခရမ်းရောင်အဆင့် အကြေးခွံတွေ ပါနေတာကိုး။
ဒီဗီဇပြောင်းလူသားဟာ ဗီဇပြောင်းသတ္တဝါ စစ်တပ်ကို အနောက်မြောက်ဘက်ကနေ တိုက်ခိုက်ဖို့ ထိန်းချုပ်ထားပြီး သူကိုယ်တိုင်ကတော့ တိတ်တဆိတ် အရှေ့တောင်ဘက်ကို လာပြီး ဒီမှာရှိတဲ့ အရင်းအမြစ်အားလုံးကို သိမ်းကျုံးယူသွားတာ ဖြစ်ပေသည်။
ဘာဖြစ်လို့ သူတို့က ဒီပစ္စည်းတွေကို ခိုးရတာလဲ။
ရွှီရှင်းဟာ ဗီဇပြောင်းလူသားရဲ့ လက်ထဲကနေ လုယူခဲ့တဲ့ ပုဆိန်ကို သူရဲ့ ကျောပိုးအိတ်ထဲကနေ ထုတ်လိုက်၏။
အထူးသံပုဆိန် (အပြာရောင်အဆင့်): မူလက ရှင်ကျန်သူတစ်ဦး ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ဤသံပုဆိန်ကို ထူးဆန်းသော စွမ်းအားများဖြင့် မြှင့်တင်ထားသဖြင့် သစ်ပင်အိမ်များကို ခုတ်လှဲရာတွင် ဆယ်ဆမက ပျက်စီးစေနိုင်ပြီး သစ်ပင်အိမ်များကို ပိုမိုလျင်မြန်စွာ ခုတ်လှဲနိုင်စေသည်။
ဒီပုဆိန်က အဖြေအများကြီးကို ပေးနိုင်လောက်၏။
ဒီဗီဇပြောင်းလူသားတွေဟာ မူလက သစ်ပင်အိမ်တွေကို ခုတ်လှဲပြီး အတွင်းထဲက ပစ္စည်းတွေကို လုယူဖို့ ရည်ရွယ်ထားကြတာပဲ။
ဒီသံပုဆိန်ရဲ့ မိတ်ဆက်စာမှာတင် မူလက ရှင်ကျန်သူတစ်ဦး ပြုလုပ်ခဲ့ခြင်း လို့ ဆိုထား၏။
ဒီပုဆိန်ဟာလည်း ရှင်ကျန်သူတစ်ဦးထံကနေ လုယူခံရပြီး ထူးဆန်းတဲ့ စွမ်းအားတွေနဲ့ အဆင့်မြှင့်တင်ခံထားရတာ ဖြစ်နိုင်လောက်သည်။
ဒီလူတွေဟာ ဗီဇပြောင်းသတ္တဝါတွေကို ထိန်းချုပ်ပြီး ရှင်ကျန်သူတွေဆီကနေ မီးရှို့ သတ်ဖြတ်၊ လုယက်ဖို့ သီးသန့်လေ့ကျင့်ထားသူတွေ ဖြစ်နိုင်သည်။
သူတို့တွေက ရှင်ကျန်သူတွေနဲ့ တစ်ဖက်တည်း မဟုတ်ပေ။
ဒါကြောင့် သူတို့ကို လုယက်သူများလို့ပဲ ခေါ်ရပေမည်။
လီဝမ်ရှီးရဲ့ ဘက်မှာလည်း သူဟာ ဗီဇပြောင်းလူသားတွေ ဒါမှမဟုတ် ဒီလုယက်သူတွေကို မြင်တွေ့ခဲ့ရ၏။
ဒီဗီဇပြောင်းသတ္တဝါ လှိုင်းလုံးကြီးဟာ ဒီကာလအတွင်း စုဆောင်းထားတဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်ဖို့အတွက် ဒီလုယက်သူတွေက စီစဉ်ထားတာ ဖြစ်ပုံရ၏။
ရှင်ကျန်သူတွေဟာ ဒီနေ့မှာ သတ်ဖြတ်ခြင်း ခံရဖို့အတွက် အဆီတစ်ဝင်းဝင်းနဲ့ အစာကျွေးခံထားရတဲ့ ဝက်အုပ်ကြီးတွေနဲ့ တူနေတော့၏။
ဒါပေမဲ့ သူတို့ဘက်က အမှားတစ်ခုကတော့ ရွှီရှင်းတို့ဟာ ဒီဗီဇပြောင်းသတ္တဝါတွေကို ထိန်းချုပ်နေတဲ့ လုယက်သူတွေထက် ပိုပြီး သန်မာသွားခဲ့ကြတာပါပဲ။
ဒါကတော့ ရွှီရှင်းရဲ့ ကိုယ်ပိုင် ခန့်မှန်းချက်တွေ ဖြစ်ပေသည်။
သူဟာ လုယက်ခံလိုက်ရတဲ့ အပျက်အစီးတွေကို စိုက်ကြည့်လိုက်မိ၏။
ဒီသားရဲအုပ်ကို ထိန်းချုပ်နေတဲ့ကောင်ဟာ ရွှီရှင်းရဲ့ သစ်ပင်အိမ်ကို ထိခိုက်မှု မပေးနိုင်တော့မှန်း သိလိုက်ရတဲ့အချိန်မှာ ရေကန်ထဲက ဧရာမမြွေကြီး ထွက်ပေါ်လာပြီး မာဟုန်ဝေရဲ့ သစ်ပင်အိမ်ကို ဖျက်ဆီးလိုက်တဲ့ အခြေအနေကို အခွင့်ကောင်းယူကာ ပစ်မှတ်ကို ချက်ချင်း ပြောင်းလဲလိုက်ချင်းပင်။
သူဟာ သားရဲအုပ်ကို အနောက်မြောက်ဘက်ကနေ အပြင်းအထန် တိုက်ခိုက်ခိုင်းပြီး ရွှီရှင်းရဲ့ အာရုံအားလုံးကို အနောက်မြောက်ဘက်ကို ရောက်နေအောင် လုပ်ဆောင်ခဲ့၏။
ထိုအတောအတွင်းမှာပဲ သူဟာ တိတ်တဆိတ် အရှေ့တောင်ဘက်ကို လာပြီး မာဟုန်ဝေရဲ့ သစ်ပင်အိမ်က ပစ္စည်းတွေနဲ့ ပေါက်ကွဲမှုကြောင့် လွင့်ထွက်သွားတဲ့ ခရမ်းရောင်အဆင့် အကြေးခွံတွေကိုပါ ခိုးယူသွားတာ ဖြစ်သည်။
ဒါပေမဲ့ ရွှီရှင်းရဲ့ သစ်ပင်အိမ်က အလွန်စွမ်းအားကြီးလွန်းသဖြင့် သူလွှတ်လိုက်တဲ့ အလယ်အလတ်အဆင့် သတ္တဝါ ငါးကောင်စလုံးကို သုတ်သင်နိုင်ခဲ့လိမ့်မယ်လို့တော့ သူ ထင်မထားခဲ့ပုံပင်။
အချက်အလက်တွေကတော့ အတော်လေးကို တိကျနိုင်၏။
ဒါကို ဘယ်လို အတည်ပြုမလဲဆိုတာကတော့ သူရဲ့ လက်ပတ်ထဲက ဗီဇပြောင်းလူသားဆီကနေ ဘယ်လို သတင်းအချက်အလက်တွေ ရမလဲဆိုတဲ့အပေါ်မှာ မူတည်နေ၏။
ဒါက တကယ့်ကို အစီအစဉ်ကျလှတဲ့ ထောင်ချောက်တစ်ခုပင်။
ဒါပေမဲ့ တစ်ဖက်လူအတွက်လည်း ဆုံးရှုံးမှုက မသေးလှချေ။
ရွှီရှင်းဟာ သူရဲ့ ကျောပိုးအိတ်ကို စမ်းကြည့်လိုက်ရာ အထဲမှာ ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ ရရှိနိုင်ခြေ အလွန်များတဲ့ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ အလောင်း ငါးလောင်း ရှိနေဆဲ ဖြစ်၏။
ခြုံပြောရရင်တော့ သူ ရှုံးနိမ့်သွားတာ မဟုတ်ပေ။
မြေပုံပေါ်က ပတ်ဝန်းကျင်မှာ ထူးခြားတဲ့ အနီရောင်အစက်တွေ မရှိတော့သလို အများစုကတော့ ယုန်တွေ ဒါမှမဟုတ် တောကြောင်တွေလို သာမန်တောရိုင်းတိရစ္ဆာန်တွေရဲ့ အင်အားလောက်ပဲ ရှိပါတော့၏။
ရွှီရှင်းဟာ ဒီကိစ္စကို ဆက်ပြီး စဉ်းစားမနေတော့ဘဲ သစ်ပင်အိမ်ဘက်ကို ပြန်လှည့်လာခဲ့တော့၏။
ပထမဆုံး လုပ်ရမယ့်အလုပ်ကတော့ ရေချိုးဖို့ပင်။
သွေးတွေပေနေတဲ့ ဒီခန္ဓာကိုယ်က စေးကပ်ပြီး အနံ့အသက်ကလည်း တကယ့်ကို ဆိုးရွားလှ၏။
သစ်ပင်အိမ်ခြေရင်းကို ရောက်တဲ့အခါ မီမီနဲ့ ငွေရောင်ဘုရင်တို့ဟာ သွေးမြူခိုးအခန်းကနေ ထွက်လာပြီး တံခါးဝမှာ လှဲနေကြတာကို တွေ့လိုက်ရသည်။
ရွှီရှင်း ပြန်လာတာကို မြင်တော့ သူတို့နှစ်ကောင်စလုံး ထရပ်ကြ၏။
ရွှီရှင်းက သူတို့အား အပေါ်ထပ်ကို ခေါ်သွားပြီး ဒဏ်ရာ လုံးဝ မပျောက်သေးတဲ့ ဆီးနှင်းဝံပုလွေကိုလည်း ထုတ်ပေးလိုက်ကာ သူတို့အချင်းချင်း မိတ်ဆက်ပေးလိုက်၏။
လုဖေးအာဟာ ထိန်းချုပ်ရေး မော်နီတာရှေ့မှာ ထိုင်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေဆဲပင်။
သူမဟာ ရွှီရှင်း ပြန်လာတာကို သတိထားမိပြီး ချက်ချင်း ထရပ်ကာ
"ဝမ်ရှီးဘက်မှာ ကိစ္စတွေ ပြီးပြီလား" လို့ မေးလိုက်၏။
"အင်း"
ရွှီရှင်း ခေါင်းညိတ်ပြလိုက်ပြီး အချိန်ကို လှမ်းကြည့်လိုက်သည်။
အခုဆိုရင် နေ့လယ်စာ စားရမယ့် အချိန်ကို ရောက်နေပြီဖြစ်သည်။
ဒါကြောင့် သူက လုဖေးအာကို "နေ့လယ်စာ လုပ်ကြရအောင်။ ကျိချောင်းယန်တို့လည်း မကြာခင် ရောက်လာတော့မှာ။ နည်းနည်း ပိုလုပ်ထားလိုက်ပါ။ နင့်ကို စူးစမ်းရှာဖွေသူများ အဖွဲ့ထဲ ထည့်ဖို့ ကိစ္စကိုလည်း သူတို့နဲ့ ငါ ပြောပေးမယ်" လို့ ပြောလိုက်၏။
လုဖေးအာရဲ့ ဒီတစ်ကြိမ် စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်ခဲ့သဖြင့် ရွှီရှင်းက သူပေးထားတဲ့ ကတိကို တည်ဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။
လုဖေးအာရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်၏။
"ဟုတ်ကဲ့ပါ၊ နားလည်ပါပြီ၊ အခုချက်ချင်းပဲ အရသာရှိတဲ့ ဟင်းပွဲကြီး ပြင်ဆင်လိုက်ပါ့မယ်"
ပြောပြောဆိုဆိုနဲ့ သူမဟာ မီးဖိုချောင်ထဲကို ပြေးဝင်သွား၏။
သူမ တကယ့်ကို စိတ်ပျော်ရွှင်နေတာကို ရွှီရှင်း သိလိုက်ရပေသည်။
ခဲခဲလေးကတော့ ဆိုဖာပေါ်မှာ ဟောက်ပြီး အိပ်ပျော်နေသလို ခုနက အင်အားတွေ အကုန်သုံးထားရတဲ့ အာဖုကလည်း ပြတင်းပေါက်ဘေးမှာ နေမကောင်းသလိုမျိုး လှဲနေရှာ၏။
ငွေရောင်ဘုရင်နဲ့ မီမီတို့ဟာ အဆင့်နိမ့် သတ္တဝါလေးဖြစ်တဲ့ ဆီးနှင်းဝံပုလွေကို ဝိုင်းရံထားကြရာ ဝံပုလွေခမျာ မြေပြင်ပေါ်မှာ ဝပ်ပြီး တုန်ရင်နေရှာ၏။
ရွှီရှင်းက အရင်ဆုံး ရေချိုးခန်းထဲကို သွားပြီး သူရဲ့ ခန္ဓာကိုယ်နဲ့ သံမဏိချပ်ဝတ်ပေါ်က သွေးတွေကို ဆေးကြောလိုက်သည်။
ထို့နောက် သားရေဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး အပြင်ထွက်လာခဲ့၏။
လီဝမ်ရှီးတစ်ယောက် အိမ်မှာ ဘာလို့ သားရေဝတ်စုံ ဝတ်ရတာကို ကြိုက်သလဲဆိုတာ သူ အခုမှ နားလည်သွား၏။
ဒါက တကယ့်ကို သက်တောင့်သက်သာ ရှိလှတာကိုး။
ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်က ပါးလွှာပြီး ပေါ့ပါးနေစေကာမူ ဒီလို နူးညံ့တဲ့ သားရေဝတ်စုံကတော့ မာကျောတဲ့ ချပ်ဝတ်ထက် ပိုပြီး နေလို့ကောင်း၏။
မီးဖိုချောင်ထဲမှ ဟင်းနံ့တွေ မွှေးလာသဖြင့် ရွှီရှင်းပင် တံတွေး တစ်ချက် မျိုချလိုက်မိ၏။
ကိုယ်တိုင်ချက်စားရတာထက် ဒီလို စားဖိုမှူးတစ်ယောက်ရဲ့ ဝန်ဆောင်မှုကို ရတာက ပိုပြီး သက်တောင့်သက်သာ ရှိလှ၏။
မကြာမီမှာပင် လီဝမ်ရှီး၊ ကျိချောင်းယန်နဲ့ ချီရွှယ်ဖေးတို့ ရောက်လာကြ၏။
ရွှီရှင်းက သူတို့အားလုံးကို သစ်ပင်အိမ်ပေါ်သို့ ခေါ်လာခဲ့၏။
သူတို့ သုံးယောက်စလုံး စားပွဲပေါ်က ဟင်းပွဲအပြည့်ကို ကြည့်ပြီး မှင်သက်သွားကြ၏။
"ထိုင်ကြပါဦး၊ ဒါတွေက လုဖေးအာ ချက်ထားတာပါ"
"ဒီလောက်အထိ ကောင်းလွန်းတာလား"
ကျိချောင်းယန်က မျက်ခုံးပင့်လိုက်ရင်း "ဒီကမ္ဘာကို ရောက်လာကတည်းက ဒီလို ခမ်းနားတဲ့ ဟင်းပွဲမျိုးကို စားရတာ ဒါ ပထမဆုံးပဲ။ မင်းကတော့ တကယ့်ကို ဇိမ်နဲ့ နေတာပဲ" လို့ ပြောလိုက်၏။
အခန်း ၄၁၃ ပြီး။
အခန်း (၄၁၄) - ရှင်ကျန်သူများလား ဒါမှမဟုတ် ကျူးကျော်သူတွေလား ၂
"ဘဝဆိုတာ တိုတိုလေးပါ၊ ခက်ခဲတဲ့ကြားကနေ ပျော်စရာကို ရှာဖွေရမယ်။ အမြဲတမ်း တင်းနေရင် ကြိုးပြတ်သွားလိမ့်မယ်" လို့ ရွှီရှင်းက ရယ်မောရင်း ပြောကာ ဆိုဖာပေါ်မှာ အသာအယာ ထိုင်ချလိုက်၏။
လီဝမ်ရှီးကလည်း သူ့ဘေးနားကို ချက်ချင်း တိုးကပ်ထိုင်လိုက်ပြီး တခြားသူတွေကို ကြည့်ကာ တဟီးဟီး ရယ်မောနေတော့သည်။
"ဖေးအာရဲ့ လက်ရာက တကယ်ကောင်းတာ။ ဒီမနက်လည်း လာစားသေးတယ်၊ အများကြီး စားခဲ့တာတောင် အခု ပြန်ဆာလာပြီ" လို့ သူမက ဆိုလိုက်၏။
ချီရွှယ်ဖေးကလည်း ရယ်မောရင်း ထိုင်လိုက်ပြီး "နင်တို့တွေကတော့ တကယ့်ကို ဇိမ်နဲ့ နေတတ်တာပဲ။ ငါလည်း နင်တို့နဲ့အတူ လာစားရင် ကောင်းမလားလို့ တွေးနေတာ။ တည်နေရာကူးပြောင်းစက် ရှိနေတော့ တစ်ယောက်နဲ့တစ်ယောက်စီ နေ့တိုင်း လာလည်နေရသလိုပဲ" လို့ ပြောလိုက်၏။
"လာခဲ့လေ၊ ရတာပေါ့"
လုဖေးအာက နောက်ဆုံးဟင်းပွဲကို မီးဖိုချောင်ထဲကနေ သယ်လာပြီး စားပွဲပေါ် တင်လိုက်၏။
"အခုတော့ စုံသွားပြီ။ အားလုံး လာစားလို့ ရပါတယ်။ ကျွန်မရဲ့ ချက်ပြုတ်မှုက ငယ်ငယ်ကတည်းက လေ့ကျင့်လာတာဆိုတော့ အားလုံး စိတ်ကျေနပ်စေရမယ်လို့ အာမခံပါတယ်"
လုဖေးအာဟာ တခြားအဖွဲ့ဝင်တွေရဲ့ ရှေ့မှာတော့ လိမ္မာတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဆက်လက် သရုပ်ဆောင်နေ၏။
သူမရဲ့ ချက်ပြုတ်မှုစွမ်းရည်ကတော့ ရွေးချယ်စရာ မရှိလို့ တတ်မြောက်ခဲ့ခြင်းပင်။
ငယ်ငယ်က သူမအတွက် သူမကိုယ်တိုင် မချက်ဘူးဆိုရင် ငတ်နေမှာ ဖြစ်ပြီး အထိန်းတော်ကလည်း သူမအတွက် ချက်ပေးမှာ မဟုတ်ချေ။
သူမဟာ မီးဖိုကို မှီဖို့ ခုံပုလေးပေါ် တက်ရပ်ပြီး ချက်ပြုတ်ခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကတည်းက ဒီပညာကို လေ့လာခဲ့တာ ဖြစ်သည်။
အားလုံး စားပွဲမှာ စုဝေးပြီး စားသောက်ရင်း ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆွေးနွေးကြတော့၏။
တစ်ယောက်ချင်းစီက သူတို့ရဲ့ သစ်ပင်အိမ် ပတ်ဝန်းကျင်က အခြေအနေတွေ၊ ဗီဇပြောင်းသတ္တဝါ အရေအတွက်နဲ့ အဆင့်အတန်းတွေကို ရှင်းပြကြ၏။
ဒါဟာ ရွှီရှင်း မြေပုံပေါ်မှာ မြင်တွေ့ခဲ့ရတာတွေနဲ့ အခြေခံအားဖြင့် ကိုက်ညီနေ၏။
ကျိချောင်းယန်ဟာ သူ့ရဲ့ သစ်ပင်အိမ် ဧရိယာကို ရှင်းလင်းပြီးနောက် ချီရွှယ်ဖေးကို သွားရောက် ကူညီခဲ့ခြင်းပင်။
"ငါ မင်းဆီကို ဆက်သွယ်လို့ မရခဲ့ပေမဲ့ မင်းကတော့ လီဝမ်ရှီးကို သွားကူညီမယ်ဆိုတာ ငါသေချာပေါက် သိနေတာ။ ဒါကြောင့် ငါက ချီရွှယ်ဖေးကို သွားကူညီခဲ့တာပါ" လို့ ကျိချောင်းယန်က ပြုံးရင်း ပြော၏။
"ဟီးဟီး..."
လီဝမ်ရှီးက ရွှီရှင်းကို မှီထားရင်း တိတ်တဆိတ် ရယ်မောနေသည်။
ရွှီရှင်းရဲ့ နှုတ်ခမ်းထောင့်မှာလည်း အပြုံးစလေးတစ်ခု ရှိနေပေမဲ့ သူ့ဦးနှောက်ကတော့ တခြားအရာတစ်ခုကို တွက်ချက်နေခဲ့၏။
အခုတစ်ကြိမ် သစ်ပင်အိမ် တစ်ခုချင်းစီ ရင်ဆိုင်ခဲ့ရတဲ့ သားရဲလှိုင်းရဲ့ အတိုင်းအတာဟာ အချက်နှစ်ချက်အပေါ် မူတည်နေပုံရ၏။
တစ်ချက်က သစ်ပင်အိမ်ရဲ့ အဆင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ ရှင်ကျန်သူ အရေအတွက် ဖြစ်သည်။
ရွှီရှင်းရဲ့ အိမ်က အဆင့်မြင့်ဆုံး ခရမ်းရောင်အဆင့်ဖြစ်သလို ရှင်ကျန်သူ သုံးယောက် ရှိ၏။
မာဟုန်ဝေရဲ့ ကပ်ပါးသစ်ပင်အိမ်ကလည်း အပြာရောင်အဆင့် ဖြစ်တာကြောင့် သားရဲလှိုင်းရဲ့ ခြိမ်းခြောက်မှုက အကြီးမားဆုံး ဖြစ်ခဲ့ရပြီး အဆင့်နိမ့်သတ္တဝါတွေတင်မကဘဲ အလယ်အလတ်အဆင့် ငါးကောင်တောင် ပါဝင်လာခဲ့၏။
ကျိချောင်းယန်ရဲ့ ဘက်မှာလည်း အဆင့်မြင့်ဆုံး ခရမ်းရောင်အဆင့် သစ်ပင်အိမ်ဖြစ်ပေမဲ့ တခြားသူတွေကို ကပ်ပါးအဖြစ် အခြေချခွင့် မပေးသေးချေ။
သူတစ်ယောက်တည်းသာ ရှိတာကြောင့် သားရဲလှိုင်းက ရွှီရှင်းရဲ့ ဘက်ထက် များစွာ သေး၏။
ဒါဟာ လီဝမ်ရှီးရဲ့ ဘက်ထက်တောင် သေးငယ်သေး၏။
လီဝမ်ရှီးရဲ့ သစ်ပင်အိမ်က အပြာရောင်အဆင့် ဖြစ်ပေမဲ့ လီယာကျွင်းနဲ့ လဲ့ယိုဖန်းတို့ အခြေချနေထိုင်တာကြောင့် စုစုပေါင်း သုံးယောက် ရှိနေပြီး သားရဲလှိုင်းလုံးက ကျိချောင်းယန်ရဲ့ ဘက်ထက် ပိုကြီးမားနေတာ ဖြစ်သည်။
ချီရွှယ်ဖေးရဲ့ ဘက်ကတော့ အပြာရောင်အဆင့် သစ်ပင်အိမ် ဖြစ်ပေမဲ့ ကျိချောင်းယန် ခေါ်လာတဲ့ ရှင်ကျန်သူတစ်ယောက်ပဲ ရှိတာကြောင့် စုစုပေါင်း နှစ်ယောက်သာ ရှိပြီး သားရဲလှိုင်းလုံးက အသေးဆုံး ဖြစ်နေသည်။
ရွှီရှင်းက သူ့ရဲ့ ခန့်မှန်းချက်ကို တခြားသူတွေနဲ့ မျှဝေလိုက်၏။
"ဒါက ဖြစ်နိုင်ခြေ ရှိတယ်" လို့ ကျိချောင်းယန်က ခဏလောက် စဉ်းစားပြီး သဘောတူလိုက်၏။
ရွှီရှင်းရဲ့ မြေပုံမရှိတာကြောင့် သူကတော့ အသစ်ရရှိတဲ့ သတင်းအချက်အလက်တွေကနေပဲ ခွဲခြမ်းစိတ်ဖြာနိုင်၏။
"ငါတို့အားလုံး အဲဒီ ထူးဆန်းတဲ့ ခရာသံကို ကြားခဲ့ရတယ်၊ ဒါဟာ ငါ ခန့်မှန်းခဲ့တဲ့ ဗီဇပြောင်းလူသားတွေကြောင့် ဖြစ်တာ သေချာသလောက်ပဲ"
နေဦး... ခဏလေး...
ရွှီရှင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်၏။
သူ့ရဲ့ ကြိုတင်ခန့်မှန်းချက်ထဲက ဗီဇပြောင်းလူသားတွေဟာ သူ့လက်ပတ်ထဲက လူနဲ့ ကွာခြားနေသလိုပဲ မဟုတ်လား။
သူ့ရဲ့ ခန့်မှန်းချက်ထဲမှာတော့ အဲဒီလူတွေက ဂူထဲမှာ တွေ့ခဲ့ရတဲ့ လူတွေလိုပင် လူဝံလိုလို၊ အမွေးအမှင်တွေနဲ့ ရှေးဦးလူသားတွေလို ပုံစံမျိုးပင်။
ဒါပေမဲ့ သူ့လက်ပတ်ထဲက လူကတော့ အစွမ်းတွေ ထွက်ပေါ်လာတဲ့အချိန်က လုဖေးအာ ဒါမှမဟုတ် မာဟုန်ဝေတို့ရဲ့ ပုံစံနဲ့ ဆင်တူနေ၏။
ဒါက ဘာဖြစ်လို့လဲ။
သူ့လက်ပတ်ထဲက လူက သူခုနက ခန့်မှန်းခဲ့တဲ့ "လုယက်သူ" မဟုတ်တာများလား။
စားသောက်လို့ ပြီးခါနီးမှာတော့ ရွှီရှင်းက လုယက်သူတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ယူဆချက်တွေကို တခြားသူတွေကို ပြောပြလိုက်၏။
"နင့်စကားအရဆိုရင် အခု ငါတို့ရဲ့ အကြီးမားဆုံးရန်သူက တခြားလူသားအုပ်စု တစ်ခုပေါ့၊ ဗီဇပြောင်းလူသားတွေပေါ့ ဟုတ်လား"
ချီရွှယ်ဖေးရဲ့ မျက်နှာက အနည်းငယ် လေးနက်သွား၏။
"...အရမ်း ဖြစ်နိုင်ခြေ ရှိတယ်"
ကျိချောင်းယန်က သူ့ရဲ့ ပုဆိန်ကို ကိုင်ထားရင်း ခဏလောက် စဉ်းစားပြီးနောက် "မင်းရဲ့ ယူဆချက်က ငါ့ရဲ့ နောက်ဆုံး ကြိုတင်ခန့်မှန်းချက်နဲ့ အချို့နေရာတွေမှာ ကိုက်ညီနေတယ်။ အခု အဲဒီ ဗီဇပြောင်းလူသားကို ထုတ်ကြည့်ရင် ဘယ်လိုလဲ၊ အားလုံးလည်း စုံနေတုန်း သူ့ဆီကနေ သတင်းအချက်အလက် အချို့ ရအောင် ကြိုးစားကြည့်ကြတာပေါ့" လို့ ဆို၏။
"ကောင်းပြီ"
ရွှီရှင်း ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ လက်ပတ်ကို လှည့်လိုက်၏။
"ဒါက..."
"အိုး... ဘုရားရေ"
ကြမ်းပြင်ပေါ်မှာ ရုတ်တရက် ပေါ်လာတဲ့ ဗီဇပြောင်းလူသားကြောင့် ချီရွှယ်ဖေးနဲ့ လီဝမ်ရှီးတို့ အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်ကြသလို ကျိချောင်းယန်တောင် အသက်ရှူမှားသွားခဲ့ရ၏။
ရွှီရှင်းနဲ့ လုဖေးအာကတော့ အရင်က မြင်ဖူးထားတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပင်။
ဒီဗီဇပြောင်းလူသားက အရင်အတိုင်းပါပဲ၊ မလှုပ်မယှက် လဲလျောင်းနေပြီး မျက်လုံးတွေက ပြူးထွက်နေ၏။
သူ ပေါ်လာတဲ့ ခဏမှာတင် သူ့ရဲ့ မျက်လုံးတွေက အခန်းထဲမှာ ရှိနေတဲ့ လူအားလုံးကို ဖြည်းဖြည်းချင်း လိုက်ကြည့်နေ၏။
အခန်း ၄၁၄ ပြီး။