← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉)

အထွတ်အထိပ် စေတနာရှင်မကြီး

ထို့ပြင် လျန်ထျန်းသည် ရွှေမြောင်ကုမ္ပဏီကို စေတနာရေခဲသေတ္တာတိုင်း၏ ပတ်ပတ်လည်၌ အစက် အပြောက်မကျန် ကြည်လင်ပြတ်သားသော ကင်မရာများ တပ်ဆင်ရန် ညွှန်ကြားလိုက်လေသည်။

နောက်ဆုံးတွင် ဆိုင်းဘုတ်ပေါ်ရှိ စာသားများကိုလည်း အောက်ပါအတိုင်း ပြောင်းလဲရေးသားစေလိုက် သည်။

[သတိပြုရန်...။ ဤစေတနာရေခဲသေတ္တာသည် အများပြည်သူ အကျိုးပြု ပစ္စည်းဖြစ်သည်။ ကျေးဇူးပြု ၍ လိုအပ်သလောက်သာ သုံးစွဲပါ။ လိုအပ်သည်ထက် ပိုမိုယူဆောင်ခြင်း သို့မဟုတ် လေလွင့်ပြုခြင်းမှာ ခိုးမှုမြောက်ပါသည်။ ခိုးယူသူသည် ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်သည်...။]

ထိုညတွင်ပင် အမျိုးသမီးကြီးသည် ရေခဲသေတ္တာအတွင်းမှ ရေများကို ခိုးယူရန် တစ်ဖန် ရောက်ရှိလာ ပြန်လေသည်။ သူမသည် ရေပုလင်းများမှာ လှပသော တောင်ပံပုံသဏ္ဌာန်ပါရှိသည့် ဖန်ပုလင်းများဖြင့် ပြောင်းလဲသွားသည်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားတော့သည်။

"ဒီရေပုလင်းတွေက ပိုပြီး အဆင့်မြင့်ပုံရတယ်..။. ငါ ပြန်ရောင်းရင် သာမန်ရေတွေထက် ငါးဆလောက် ပိုတောင်းလို့ ရမှာပဲ...။"

သူမသည် ဆိုင်းဘုတ်အသစ်ပေါ်ရှိ သတိပေးချက်များကို မြင်သောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး၊

"ဘယ်သူ့ကို လာခြောက်နေတာလဲ...။ ရေပုလင်းလေး နည်းနည်းပါးပါး ယူတာကို ရဲတွေက လာဖမ်း မယ်တဲ့လား...။ အရူးတွေပဲ...။"

ထို့နောက် သူမသည် ရေနှင့် ဖျော်ရည်များကို သူမ၏ လျှပ်စစ်သုံးဘီးဆိုင်ကယ်ပေါ်သို့ အကုန်အစင် တင်ဆောင်သွားတော့သည်။

နောက်တစ်နေ့ နံနက်ခင်း၌... တံခါးခေါက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်။ ဖန်းတာဖန်း သည် အိပ်ချင်မူးတူးဖြင့် အိပ်ခန်းထဲမှ ထွက်လာကာ ကျိန်ဆဲရင်း တံခါးဖွင့်ပေးလိုက်လေသည်။

"ဘယ်သူလဲ...။ မနက်စောစောစီးစီး ဘာလို့ လာနှောင့်ယှက်နေတာလဲ...။"

"ငါ မနေ့ညက ဘယ်လောက် ပင်ပန်းထားလဲ သိရဲ့လား...။ အဲ့ဒီရေတွေကို သာမန်ထက် ဆယ်ဆဈေးနဲ့ ရောင်းတာတောင် လူတွေက လုဝယ်နေကြလို့ မိုးလင်းခါနီးမှ အိပ်ရတာ...။"

"ငါ့ဆီမှာ ပစ္စည်းကျန်သေးတယ်ဆိုတာ သိလို့ လာဝယ်တာလား...။ သတင်းကလည်း မြန်လှချည်လား...။ ဒီတစ်ခါတော့ အဆနှစ်ဆယ်လောက် ဈေးတင်ရောင်းရမယ်...။"

ဖန်းတာဖန်းသည် စိတ်ပျက်ဟန်ဆောင်ကာ တံခါးကို ဖွင့်လိုက်လေသည်။ သူမသည် ဝယ်သူဟု ထင်မှတ် ထားသော်လည်း တံခါးရှေ့၌ ရဲအရာရှိ နှစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။

"မင်းက ဖန်းတာဖန်းလား...။ မင်းကို အလွန်များပြားတဲ့ ငွေကြေးပမာဏ ခိုးမှုနဲ့ သံသယရှိတဲ့အတွက် ဖမ်းဆီးရမှာ ဖြစ်တယ်...။ ဒါက ဖမ်းဝရမ်းပဲ...။ သေချာကြည့်လိုက်...။"

ဖန်းတာဖန်းသည် ရဲအရာရှိ၏ စကားကို ကြားသောအခါ မှင်တက်သွားရသည်။ သူမသည် ဖမ်းဝရမ်းကို ယူကြည့်သော်လည်း ဘာမှ နားမလည်ပေ။ ထို့ကြောင့် ရဲများက သူမကို ဖမ်းဆီးရန် ရှေ့တိုးလာ သောအခါ သူမသည် ရုန်းကန်ကာ အော်ဟစ်လေတော့သည်။

"ငါ မလိုက်နိုင်ဘူး...။ နင်တို့က လူလိမ်တွေ...၊ ရဲအစစ်တွေ မဟုတ်ဘူး...။"

ဖန်းတာဖန်း၏ ရုန်းကန်မှုကို ရင်ဆိုင်ရန် ရဲအရာရှိများက သူတို့၏ ဝန်ထမ်းကတ်များကို ထုတ်ပြလိုက် ပြီးနောက် ကင်မရာမှ မှတ်တမ်းတင်ထားသည့် ဗီဒီယိုသက်သေကို ပြသလိုက်လေသည်။

"အခုတော့ ဘာပြောဦးမလဲ...။ ငါတို့နဲ့ လိုက်ခဲ့တော့...။"

ဖန်းတာဖန်းသည် ဆက်လက်၍ မောက်မာစွာ အော်ဟစ်နေဆဲ ဖြစ်သည်။

"ရဲအစစ်ဖြစ်တော့ရော ဘာဖြစ်လဲ...။ ဗီဒီယိုရှိတော့ရော ဘာဖြစ်လဲ...။ ရေခဲသေတ္တာပေါ်မှာ အလကား ယူလို့ရတယ်လို့ ရေးထားတာပဲလေ...။"

ထိုအခါ ရဲအရာရှိက ဗီဒီယိုကို ချဲ့ပြလိုက်ရာ ဆိုင်းဘုတ်ပေါ်ရှိ စာသားများမှာ ထင်ရှားစွာ ပေါ်ထွက်လာ လေသည်။

[လိုအပ်သည်ထက် ပိုမိုယူဆောင်ခြင်း သို့မဟုတ် လေလွင့်ပြုခြင်းမှာ ခိုးမှုမြောက်ပါသည်...။ ခိုးယူသူ သည် ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်သည်...။]

ရဲအရာရှိက တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်လေသည်။

"ဒီစေတနာရေခဲသေတ္တာ ပိုင်ရှင်က ငါတို့ ရဲစခန်းမှာ မှတ်ပုံတင်ထားပြီးသား...။ ဒါကြောင့် ဒါဟာ ခိုးမှု ပဲ...။"

ဖန်းတာဖန်းသည် ထိတ်လန့်သွားသော်လည်း လေသံကို မလျှော့ဘဲ။

"ရေပုလင်း အစုတ်လေး နည်းနည်းပါးပါးကို...။ ငါ ပြန်ပေးလိုက်မယ်လေ...။"

ရဲအရာရှိတစ်ဦးက ရယ်မောလိုက်ပြီး၊

"ပစ္စည်းတစ်ခုကို ခိုးပြီးမှ အဖမ်းခံရတော့မှ ပြန်ပေးမယ်ဆိုတာက အပြစ်ဒဏ် လျော့ပေါ့ဖို့ပဲ ရနိုင်မယ်.. .။ အပြစ်ဒဏ်ကနေတော့ ကင်းလွတ်ခွင့် မရနိုင်ဘူး...။"

ထိုစကားကို ကြားသောအခါ ဖန်းတာဖန်းမှာ တုန်တုန်ရီရီဖြင့်။

"ဟမ်... ထောင်ကျမှာလား...။ ရေပုလင်းလေး နည်းနည်းပါးပါးကို ဒီလောက်အထိ ဖြစ်ရမှာလား...။ အေးပါ... ၊ ငါ ပိုက်ဆံပြန်ပေးမယ်...။ ပိုတောင် ပေးလိုက်ဦးမယ်...။"

ရဲအရာရှိတစ်ဦးမှာ ထိုစကားကြောင့် ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရလေသည်။ သူသည် တည်ငြိမ်သော မျက်နှာထားဖြင့် စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်လေသည်။

"ရော့... ဒါက ရေပုလင်းတွေရဲ့ တန်ဖိုးပြေစာပဲ...။ မင်း ဘယ်လောက် လျော်နိုင်မလဲဆိုတာ ကြည့်လိုက် ပါဦး...။"

ဖန်းတာဖန်းသည် ပြေစာပေါ်ရှိ ကျသင့်ငွေကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လေတော့သည်။

"ဒီလောက် ဈေးကြီးတဲ့ ရေရှိလို့လား...။ မဖြစ်နိုင်ဘူး...၊ ဒါတွေက လိမ်ညာနေတာ...။ ငါ မယုံဘူး...။"

သို့သော် သူမ မည်မျှပင် ငြင်းဆန်စေကာမူ နောက်ဆုံးတွင် ရဲများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။

နောက်ပိုင်းတွင် ဤဖြစ်ရပ်သည် အယ်လ် (L) မြို့တော် တစ်ခုလုံးသာမက အခြားမြို့များသို့ပါ ပျံ့နှံ့သွားခဲ့ လေသည်။

စေတနာရေခဲသေတ္တာမှ ရေများကို ခိုးယူသည့် အမျိုးသမီးကြီးသည် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခံလိုက်ရကြောင်း အားလုံးက သိရှိသွားကြသည်။ ထိုအချိန်မှစ၍ တစ်နိုင်ငံလုံးရှိ စေတနာရေခဲ သေတ္တာများမှ ရေများကို မည်သူမျှ မခိုးဝံ့ကြတော့ပေ။

ထောင်ထဲတွင် ဖန်းတာဖန်းမှာ နေ့စဉ်နှင့်အမျှ ငိုကြွေးရင်း ခွင့်လွှတ်ရန် တောင်းပန်နေရှာပေသည်။

တစ်နေ့တွင် ရေခဲသေတ္တာပိုင်ရှင် ရောက်ရှိလာသောအခါ သူမသည် မှင်တက်သွားရလေသည်။ သူမကို ရေမခိုးရန် ပထမဆုံး တားမြစ်ခဲ့သည့် ပို့ဆောင်ရေးသမားလေး မဟုတ်ပါလား။

မိမိ၏ မောက်မာမှုနှင့် ရိုင်းစိုင်းမှုများအတွက် ဖန်းတာဖန်းမှာ နောင်တကြီးစွာ ရရှိကာ မြေပြင်ပေါ်သို့ ခွေယိုင်ကျသွားတော့လေသည်။

...

လျန်ထျန်းသည် သူ၏ နေ့စဉ် အလုပ်များထဲသို့ ပြန်လည် ဝင်ရောက်သွားပြန်သည်။

တစ်နေ့တွင် သူသည် အမှာစာအချို့ ပို့ဆောင်ပြီးနောက် နောက်ထပ် တစ်ခုကို လက်ခံရန် ပြင်ဆင်နေစဉ် မနီးမဝေးမှ ရန်ဖြစ်သံတစ်ခုကို ကြားလိုက်ရလေသည်။

သူ သွားရောက်ကြည့်ရှုလိုက်သောအခါ အစားအသောက် အမှာစာများစွာကို ကိုင်ဆောင်ထားသည့် သက်ကြီးအမျိုးသားတစ်ဦးနှင့် သူ့ကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးထားသည့် ပို့ဆောင်ရေးသမား လူငယ်တစ်ဦးကို တွေ့လိုက်ရလေသည်။

ထိုသက်ကြီးအမျိုးသားမှာ အသက် (၆၀) ကျော် (၇၀) ခန့် ရှိပုံရပြီး ပို့ဆောင်ရေးသမား လူငယ်မှာမူ ဒေါသတကြီးဖြင့် ပြောဆိုနေလေသည်။

မကြာမီပင် လူအုပ်ကြီး စုရုံးလာကြသည်။ ပို့ဆောင်ရေးသမား၏ စကားများအရ ဖြစ်ရပ်ကို လျန်ထျန်း သိရှိလိုက်ရလေသည်။

"ခင်ဗျား ကျုပ်ဆီက အမှာစာတွေကို ဘယ်နှစ်ခါ ခိုးပြီးပြီလဲ...။ ကိုယ့်ဘာသာကိုယ် ပြောစမ်း...။"

"ဒီဆိုင်က အမှာစာတွေ အခိုးခံရတာ သုံးကြိမ်ထက်မကတော့ဘူး...။ ခင်ဗျား ဒီမှာပဲ အမြဲ လာယူနေတာ မဟုတ်လား...။"

"ပြီးခဲ့တဲ့တစ်ခါကလည်း ကျုပ် အမှာစာ လာယူတဲ့အချိန်မှာ ခင်ဗျားက ကျုပ်ဗူးကို ဖွင့်ပြီး ထမင်း ထုတ်ကို ယူပြေးသွားတာ ကျုပ် မျက်မြင်ပဲ...။ အခုတော့ လက်ပူးလက်ကျပ် မိပြီ...။ ခင်ဗျားကို ထောင်ထဲ ပို့ပစ်မယ်...။"

ပို့ဆောင်ရေးသမား၏ ဒေါသတရားများရှေ့တွင် ထိုသက်ကြီးအမျိုးသားမှာ တုပ်တုပ်မျှ မလှုပ်ဘဲ ငြိမ်သက်နေလေသည်။ သူသည် တကယ်ပင် တည်ငြိမ်နေခြင်းလော သို့မဟုတ် ကြောက်လန့်နေခြင်း လော ဆိုသည်မှာ မသဲကွဲပေ။

ထိုစဉ်တွင် လူအုပ်ထဲမှ အသက် (၃၀) ခန့် အမျိုးသမီးတစ်ဦး ထွက်လာပြီး ပြောလိုက်သည်။

"ထားလိုက်ပါတော့... သူက အသက်လည်း ကြီးလှပြီပဲ...။ လူကြီးတွေမှာလည်း အခက်အခဲ ရှိမှာပေါ့...။ သူ တကယ် ဒုက္ခရောက်နေလို့ ခိုးမိတာ ဖြစ်မှာပါ...။ သူ့ကို လွှတ်ပေးလိုက်ပါ...။"

ထိုစကားကို ကြားသောအခါ ပို့ဆောင်ရေးသမားမှာ မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်မကောင်း စွာဖြင့်၊

"သူက ဒုက္ခရောက်နေတာ ဟုတ်လား...။ ဒါဆိုရင် ငါကော လွယ်ကူနေတယ်လို့ ထင်လို့လား...။"

"သူ ခိုးသွားတဲ့ အမှာစာတွေကြောင့် ငါ့မှာ အချိန်နောက်ကျပြီး တိုင်ကြားစာတွေ ဘယ်လောက် အပို့ခံ ရလဲ သိလား...။"

"ပိုဆိုးတာက သူက တစ်ခုတည်း ခိုးတာ မဟုတ်ဘူး...။ ရှိသမျှ အကုန် ယူသွားတာ...။ ငါ့ရဲ့ တစ်လ၊ နှစ်လစာ လုပ်အားခတွေ အလကား ကုန်သွားပြီ...။"

ပို့ဆောင်ရေးသမားမှာ ဒေါသရော၊ ဝမ်းနည်းမှုပါ ရောပြွမ်းနေလေသည်။ သို့သော် ထိုအမျိုးသမီးက ဆက်၍ ငြင်းခုံပြန်လေသည်။

"ဟယ်... နင်ကလည်း အသက် (၆၀)၊ (၇၀) အရွယ် လူကြီးတစ်ယောက်ကို ဘာလို့ ဒီလောက်အထိ ရန်တွေ့နေရတာလဲ...။"

"ဒီလူကြီးက ကျန်းမာရေး မကောင်းတာ ဒါမှမဟုတ် ငွေကြေး အခက်အခဲ ရှိလို့ မတတ်သာဘဲ ခိုးမိတာ ဖြစ်မှာပေါ့...။"

"နင်က ဒီလို စဉ်းစားကြည့်ပါလား...။ အဲ့ဒီ အစားအသောက်တွေက အထီးကျန်နေတဲ့ လူကြီးတစ် ယောက်ကို ကူညီရာ ရောက်တာပဲလေ...။ ဒါက ကုသိုလ်ရတဲ့ ကိစ္စပဲ...။"

"လူငယ်ဆိုတာ သဘောထားကြီးရတယ်...။ တစ်လ၊ နှစ်လစာ လစာလောက်ကတော့ လူကြီးတွေကို ကန်တော့လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ...။ လူကြီးတွေကို ရိုသေပြီး လူငယ်တွေကို ချစ်ခင်ရ မယ်ဆိုတာ ငါတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု မဟုတ်လား...။"

အခန်း (၁၂၀)

ကျွန်မက မိန်းကလေးပဲလေ...

လူအုပ်ထဲမှ စေတနာရှင်မကြီး၏ စကားများကို နားထောင်ပြီးနောက် လျန်ထျန်းမှာ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ပြန်လည် တုံ့ပြန်လိုက်လေသည်။

"ခင်ဗျားက သဘောထား ဒီလောက် ကြီးနေမှတော့ ဒီပို့ဆောင်ရေးသမားလေး ဆုံးရှုံးသွားတဲ့ တစ်လ၊ နှစ်လ စာ ဝင်ငွေကို ရှင့်ဘာသာ ဖြည့်ဆည်းပေးလိုက်ပါလား...။ အဖိုးကြီးကို လှူဒါန်းလိုက်တယ်လို့ပဲ သဘောထားလိုက်ပေါ့...။"

ထိုစကားကို ကြားသောအခါ စေတနာရှင်မကြီး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လျန်ထျန်းကို စွေကြည့်လိုက်လေသည်။ လျန်ထျန်းမှာလည်း အစားအသောက် ပို့ဆောင်ရေး ယူနီဖောင်းကို ဝတ်ဆင် ထားသည်ကို မြင်လိုက်ရသောအခါ သူမ၏ ဒေါသတကြီး လေသံတွင် မထီမဲ့မြင်ပြုမှုများပါ ရောယှက် လာလေတော့သည်။

"ဪ... နောက်ထပ် ပို့ဆောင်ရေးသမားတစ်ယောက်ပဲ...။ ကြည့်ရတာ နင်တို့ ပို့ဆောင်ရေးသမား တွေက အဆင့်အတန်းလည်း မရှိသလို ကိုယ်ချင်းစာတရားလည်း မရှိကြဘူးပဲ...။"

"ဒီအဖိုးကြီးက အစားအသောက်လေး နည်းနည်းပါးပါး စားမိတာကို ဘာလို့ ဒီလောက်အထိ သဘော ထားကျဉ်းမြောင်းနေရတာလဲ...။ ဒီလို စိတ်ဓာတ်မျိုးနဲ့ဆိုရင်တော့ နင်တို့တစ်သက် ပို့ဆောင်ရေးသမား ဘဝနဲ့ပဲ ထိုက်တန်တာပေါ့...။"

လျန်ထျန်းမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်မိသွားရလေသည်။

"ခင်ဗျားကတော့ ကိုယ်ကျင့်တရားလည်း မြင့်မားတယ်၊ အမြင်လည်း ကျယ်တာပေါ့...။ ဒါဆိုရင် ခင်ဗျား က ဘယ်လို အလုပ်လုပ်လဲဆိုတာ သိပါရစေဦး...။"

ထိုမေးခွန်းကို ကြားသောအခါ စေတနာရှင်မကြီးမှာ ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားသည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

"ဒီမြို့မှာ အချမ်းသာဆုံး အုပ်စုအကြောင်းကို နင် ကြားဖူးမှာပေါ့...။ ငါက အဲ့ဒီမှာ အထွေထွေ စီမံခန့်ခွဲမှု၊ အရေးကြီး ဧည့်သည်တော်များ ကြိုဆိုရေးနဲ့ အုပ်စုရဲ့ မျက်နှာစာအဖြစ် တာဝန်ယူရတဲ့ ဝန်ထမ်းတစ် ယောက်ပဲ...။"

"ဒီလို ကုမ္ပဏီကြီးမှာ အလုပ်ရတယ်ဆိုကတည်းက ငါ့ရဲ့ ထူးချွန်မှုကို သက်သေပြနေတာပဲ...။ နင်တို့လို အလုပ်အကိုင် မရေရာတဲ့ ပို့ဆောင်ရေးသမားတွေနဲ့ မတူဘူး...။"

လျန်ထျန်းသည် ထိုစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရပြီး ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။ ဖုန်းကို စပီကာဖွင့်လိုက်သည်နှင့် အမျိုးသမီးတစ်ဦး၏ ဖားယားသည့် လေသံက ထွက်ပေါ်လာတော့သည်။

"ရှယ်ယာရှင်လျန်း...၊ ရှင့်ဆီက ဖုန်းလက်ခံရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ...။ ကျွန်မ ရဲ့ကျွမ်းပါ... ပြီးခဲ့တဲ့တစ်ခါက ရှင့်ကို ဝန်ဆောင်မှုပေးခဲ့တဲ့ ဧည့်ကြိုကြီးကြပ်ရေးမှူးလေ...၊ မှတ်မိသေးလားဟင်...။"

ဖုန်းထဲမှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည့် ခဏ၌ စေတနာရှင်မကြီး၏ ဂုဏ်ယူနေသော မျက်နှာမှာ ချက်ချင်းပင် အေးခဲသွားပြီး ရင်ခုန်သံများ မြန်လာတော့သည်။ လျန်ထျန်းက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေသည်။

"ကိစ္စကိုပဲ ပြောရအောင်...၊ ဒီနေ့ ငါ ဖုန်းဆက်တာက မင်းတို့ဆီမှာ ဝန်ထမ်းအသစ်တွေ ထပ်ခန့်ထား သလားလို့ သိချင်လို့ပဲ...။"

ရဲ့ကျွမ်းမှာ လျန်ထျန်း၏ ဆိုလိုရင်းကို ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သတိထားကာ ပြန်ဖြေလိုက် လေသည်။

"ရှယ်ယာရှင်လျန်း...၊ ကျွန်မတို့ အုပ်စုက အခုအချိန်မှာ တိုးတက်နေတာဆိုတော့ ဝန်ထမ်းအသစ်တွေ ခဏခဏ ခန့်ဖြစ်ပါတယ်...။ ဒါက ဘာဖြစ်လို့လဲဟင်...။"

လျန်ထျန်းက ဆိုလိုရင်းကို တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"အခု ငါ့ရှေ့မှာ လူတစ်ယောက် ရှိနေတယ်...။ သူက အချမ်းသာဆုံး အုပ်စုရဲ့ ဝန်ထမ်းဖြစ်ပြီး အထွေထွေ စီမံခန့်ခွဲမှု၊ အရေးကြီး ဧည့်သည်တော်များ ကြိုဆိုရေးနဲ့ အုပ်စုရဲ့ မျက်နှာစာအဖြစ် တာဝန်ယူရတယ်လို့ ပြောနေတယ်...။"

"ဒါပေမဲ့ ဒီလောက် အရေးကြီးတဲ့ ဝန်ထမ်းကို ပြီးခဲ့တဲ့ အစည်းအဝေးမှာ ငါ ဘာလို့ မတွေ့ခဲ့ရတာလဲ...။ ကြည့်ရတာ သူက ဧည့်ကြိုဌာနမှာ ခန့်ထားတဲ့ ဝန်ထမ်းအသစ်များလားလို့ ငါ တွေးနေမိတယ်...။ ဒါကြောင့် အဲ့ဒီလူရဲ့ အထောက်အထားကို အတည်ပြုပေးပါဦး..."

လျန်ထျန်း စကားအဆုံးတွင် တစ်ဖက်မှ စေတနာရှင်မကြီးမှာ ဆက်လက် အောင့်အည်းမထား နိုင်တော့ဘဲ အမြန်ရှေ့တက်ကာ ဖုန်းထဲသို့ အော်ပြောလိုက်လေသည်။

"ရှင်က တကယ်ပဲ မန်နေဂျာရဲ့လား...။ အချမ်းသာဆုံး ကုမ္ပဏီရဲ့ ဧည့်ကြိုမန်နေဂျာ ရဲ့ကျွမ်းလား...။"

ရဲ့ကျွမ်းမှာ စေတနာရှင်မကြီး၏ အသံကို ကြားသောအခါ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ အံ့အားသင့်စွာ ပြောလိုက်သည်။

"ယိုတန်လီ... နင် ဘာလို့ ရှယ်ယာရှင်လျန်းနဲ့ အတူရှိနေတာလဲ...။"

ဤစေတနာရှင်မကြီး၏ အမည်မှာ ယိုတန်လီ ဖြစ်ပေသည်။ ယိုတန်လီမှာ ရဲ့ကျွမ်းက သူမ၏ အမည်ကို ခေါ်လိုက်သည်ကို ကြားသောအခါ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားပြီး နှုတ်ခမ်းများ တုန်ရီလာတော့ သည်။

"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...။ သူက ကြည့်ရတာ ပို့ဆောင်ရေးသမား အစစ်ပဲကို...။ ဘာလို့ ကျွန်မတို့ အုပ်စုရဲ့ ရှယ်ယာရှင် ဖြစ်နေရတာလဲ...။"

ရဲ့ကျွမ်းမှာ ယိုတန်လီ၏ တုန်ရီနေသော အသံကို ကြားသည်နှင့် အခြေအနေကို ခန့်မှန်းမိသွားလေသည်။

"ယိုတန်လီ... နင်... နင် ရှယ်ယာရှင်လျန်းကို စော်ကားလိုက်တာတော့ မဟုတ်ပါဘူးနော်...။"

"အို... နင်ကတော့ တကယ့်ကို ဦးနှောက်မရှိတာပဲ...။ ရှယ်ယာရှင်လျန်းက တစ်ခါက ကုမ္ပဏီ အစည်း အဝေးကို ပို့ဆောင်ရေးသမား ယူနီဖောင်းနဲ့ တက်ရောက်ခဲ့ဖူးတာကို နင် မသိဘူးလား...။ အဲ့ဒီတုန်းက သူ့ကို နှောင့်ယှက်ခဲ့တဲ့ လုံခြုံရေး ဝန်ထမ်းနှစ်ယောက်လည်း အလုပ်ထုတ်ခံခဲ့ရတယ်လေ...။"

"ဪ... ဟုတ်သားပဲ...။ အဲ့ဒီအချိန်တုန်းက နင် ကုမ္ပဏီထဲ မဝင်ရသေးဘူးပဲ...။"

"ဒါပေမဲ့ အခုတော့ အကုန် နောက်ကျကုန်ပြီ...။ နင် ရှယ်ယာရှင်လျန်းကို ဘယ်လို တောင်းပန်ရမ လဲဆိုတာပဲ မြန်မြန် စဉ်းစားတော့...။"

"ဒါက အလုပ်ပြုတ်ရုံတင် မဟုတ်ဘူးနော်...။ ဟို လုံခြုံရေး ဝန်ထမ်းနှစ်ယောက်ဆိုရင် အခုထိ အလုပ် ရှာမရသေးဘူး...။ မြို့ပေါ်က ကုမ္ပဏီကြီးတွေ အကုန်လုံးက သူတို့ကို နာမည်ပျက်စာရင်း သွင်းထား တာ...။ လျန်ထျန်းရဲ့ ဩဇာအာဏာက နင် ထင်ထားတာထက် အများကြီး ပိုကြီးတယ်ဆိုတာ မှတ် ထား...။"

ရဲ့ကျွမ်း၏ စကားများကို ကြားပြီးနောက် ယိုတန်လီမှာ စွံ့အလျက် ဘာမှ မပြောနိုင်တော့ပေ။

လျန်ထျန်းက ဖုန်းကို ချလိုက်ပြီး ယိုတန်လီကို အေးစက်စွာ ပြုံးပြလိုက်လေသည်။

"အခုတော့ မင်း ဘယ်သူလဲဆိုတာ သိသွားပြီ...။ မင်းက ဧည့်ကြို ဝန်ထမ်းတစ်ယောက်ပဲကိုး...။"

ယိုတန်လီမှာ လျန်ထျန်း၏ စကားကြောင့် တုန်လှုပ်သွားပြီး သတိပြန်ဝင်လာခဲ့လေသည်။ နောက်တစ် စက္ကန့်တွင် သူမသည် အမြန်ပင် အပြုံးတုကို ဖန်တီးကာ လျန်ထျန်းကို ဖားသည့် လေသံဖြင့် ပြောလိုက် လေသည်။

"ရှယ်ယာရှင်လျန်း... ကျွန်မ တောင်းပန်ပါတယ်...။ စောစောက ကျွန်မ ရှင့်ကို စော်ကားမိသွားပါတယ်...။ ခွင့်လွှတ်ပေးပါနော်...။"

လျန်ထျန်းက လက်ကို ခါယမ်းကာ သူမ၏ စကားကို ဖြတ်လိုက်လေသည်။

"မလိုအပ်ပါဘူး...။ ငါက အဆင့်အတန်းမရှိတဲ့ ပို့ဆောင်ရေးသမားတစ်ယောက်ပဲလေ...။ မင်းလို ထူးချွန်တဲ့သူရဲ့ တောင်းပန်မှုကို မခံယူနိုင်ပါဘူး...။"

"ပြီးတော့ မင်းလို ထူးချွန်တဲ့သူက ငါတို့ ကုမ္ပဏီမှာ ဧည့်ကြိုလုပ်နေရတာက နှမြောစရာပဲ...။"

"ဒါကြောင့် အခုပဲ လူ့စွမ်းအား အရင်းအမြစ် ဌာနကို ဖုန်းဆက်ပြီး မင်းကို အလုပ်ထုတ်ခိုင်းလိုက်မယ်...။ မင်း အပြင်လောကကြီးမှာ ပိုပြီး ထူးချွန်အောင် လုပ်ဆောင်နိုင်ဖို့ပေါ့...။"

ပြောပြောဆိုဆိုနှင့် လျန်ထျန်းသည် အခြားနံပါတ်တစ်ခုကို နှိပ်ရန် ပြင်လိုက်လေသည်။

ထိုအခါ ယိုတန်လီသည် လျန်ထျန်း၏ လက်မောင်းကို အတင်းပြေးဆွဲကာ ငိုယိုလေတော့သည်။

"ရှယ်ယာရှင်လျန်း... ကျွန်မ မှားသွားပါပြီ...။ ကျွန်မ တကယ် မှားသွားတာပါ...။"

"ကျွန်မ ဒီအလုပ်ကို မနည်းရထားတာပါ...။ အလုပ်သင် ကာလတောင် အခုမှ ပြီးတာလေ...၊ တစ်လကို

တစ်ပြားကျော်ကျော်လေးပဲ ရတာပါ...။"

"ဒီအလုပ် ပြုတ်သွားရင် ကျွန်မ ဘယ်မှာ ဒီလို အဆင့်အတန်းရှိတဲ့ အလုပ်မျိုး ထပ်ရှာရပါတော့မလဲ...။"

"ကျွန်မ ရုပ်လေးကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ...။ ရှင် ခိုင်းတာ အကုန် လုပ်ပါ့ မယ်...။"

လျန်ထျန်းသည် ယိုတန်လီကို မျက်လုံးပြူးကာ ကြည့်လိုက်ပြီး၊

"အမကြီး... အမကြီး မှန်ရော ကြည့်ဖူးရဲ့လား...။"

"ထားလိုက်ပါတော့... မင်းကို ဘာမှ ထပ်မပြောချင်တော့ဘူး...။ ဘာပဲဖြစ်ဖြစ် အချမ်းသာဆုံး အုပ်စုမှာ ဧည့်ကြိုလုပ်ဖို့တော့ မမျှော်လင့်နဲ့တော့...။"

"တစ်နေ့ကျရင် မင်းရဲ့ စေတနာတွေ လျှံထွက်လာပြီး အုပ်စုရဲ့ ဂုဏ်သိက္ခာကိုပါ ဆွဲချသွားမှာကို ငါ တကယ် စိုးရိမ်မိတယ်...။"

ထိုသို့ပြောပြီး လျန်ထျန်းသည် ဖုန်းကို ဆက်လက် ခေါ်ဆိုလိုက်လေသည်။ မမျှော်လင့်ဘဲ ယိုတန်လီမှာ ရုတ်တရက် ဒေါသများ ပေါက်ကွဲလာပြီး သူမ၏ စရိုက်အမှန်ကို ထုတ်ပြလေတော့သည်။

"ဖုန်းမဆက်နဲ့...။"

"လူကြီးတစ်ယောက် အနိုင်ကျင့်ခံနေရတာကို မြင်လို့ တရားမျှတမှုအတွက် စကားပြောပေးမိတာကို ဘာလို့ ကျွန်မကို အပြစ်ပေးရမှာလဲ...။ ကျွန်မက စေတနာကောင်းတာပဲ မဟုတ်လား...။"

"ပြီးတော့ ကျွန်မက မိန်းကလေးတစ်ယောက်လေ...။ ကျွန်မအပေါ် နည်းနည်းလောက်တော့ သဘော ထား မကြီးနိုင်ဘူးလား...။ သက်ကြီးရွယ်အိုကို ရိုသေ၊ ကလေးကို ချစ်ခင်၊ မိန်းကလေးကို ဦးစားပေး ဆိုတာတွေက ရှင်တို့ လုပ်ရမယ့် အရာတွေ မဟုတ်ဘူးလား...။"

ယိုတန်လီ၏ အကျိုးအကြောင်းမဲ့ စကားများမှာ နွားမကြီး ဘရာစီယာ ဝတ်ထားသလိုပဲ တစ်လွဲ အကျိုး အကြောင်းတွေ တစ်သီကြီး ပြောနေခြင်းသာ ဖြစ်တော့သည်။

သို့သော် လျန်ထျန်းက သူမကို အခွင့်အရေး မပေးဘဲ ဖုန်းကို မြှင့်ကိုင်ကာ လူ့စွမ်းအား အရင်းအမြစ် ဌာနသို့ ခေါ်ဆိုလိုက်လေသည်။

ဌာနညွှန်ကြားရေးမှူးက သူမကို အလုပ်ထုတ်လိုက်ကြောင်း တရားဝင် အကြောင်းကြားလိုက်သည့် အခါမှ ယိုတန်လီသည် ရုန်းကန်နေခြင်းကို ရပ်တန့်ကာ မြေပြင်ပေါ်၌ ထိုင်၍ ငိုနေရှာတော့သည်။

လျန်ထျန်းသည် သူမကို လျစ်လျူရှုကာ အစားအသောက် ခိုးယူသည့် အဖိုးကြီးကို လှည့်ကြည့်လိုက် လေသည်။

ထိုအဖိုးကြီးမှာ သူ့ဘက်မှ ခုခံပြောပေးမည့်သူ မရှိတော့ကြောင်း သိလိုက်ရသောအခါ အစောပိုင်းက ကောင်းကောင်းမွန်မွန် ရပ်နေသော်လည်း ရုတ်တရက် မြေပြင်ပေါ်သို့ ထိုင်ချကာ အော်ဟစ်တော့သည်။

"အား... အား...၊ ငါ့တံတောင်ဆစ်...၊ ငါ့ခါး...၊ ငါ့အဆစ်အမြစ်တွေ နာကုန်ပြီ...။"

အမှာစာ အခိုးခံရသည့် ပို့ဆောင်ရေးသမားမှာ ထိတ်လန့်သွားပြီး အမြန်ပင် ရှင်းပြလိုက်လေသည်။

"ကျွန်တော်... ကျွန်တော် ခင်ဗျားကို မထိရသေးဘူးနော်...။"

သို့သော် ခေတ္တမျှ ကြာပြီးနောက် သူသည် သတိဝင်လာကာ ပြန်ပြောလိုက်သည်။

"နေပါဦး...။ခင်ဗျား ကျုပ် အမှာစာတွေကို ခိုးပြီး ထွက်ပြေးတုန်းကတော့ ခါးလည်း မနာ၊ ခြေထောက် လည်း မနာဘဲ ကျုပ် လိုက်လို့တောင် မမီဘူး မဟုတ်လား...။"

All Chapters