← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁)

ထိုက်ကျောက် ဒေါသထွက်နေပြီ

နောက်တစ်နေ့သည် လျန်ထျန်းက တိထူလုံအုပ်စုတွင် ယွမ်တစ်သောင်း ရင်းနှီးမြှုပ်နှံမည်ဟု သဘောတူ ထားသော နေ့မတိုင်မီ တစ်ရက်အလိုလည်း ဖြစ်ပေသည်။

အဝေးဆီမှ တိမ်တိုက်များပေါ်တွင် နံနက်ခင်း အရုဏ်တက်လာချိန်၌ ရဲကားတစ်အုပ်သည် တိထူလုံ အုပ်စု အဆောက်အအုံရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

ရဲကားများသည် ထိုက်မိသားစု၏ ဗီလာအိမ်ကြီးနှင့် ထိုက်ကျောက် ပျော်ပါးနေကျ ဘားဆိုင်ဆီသို့ ဥဩဆွဲသံကျယ်လောင်စွာဖြင့် ရောက်ရှိလာကြလေသည်။

ထိုက်ပေါင်ကို ရဲအရာရှိများက ကားပေါ်သို့ ခေါ်ဆောင်သွားချိန်တွင် အိတ်ချ်မြို့တော်၌ နာမည်ကြီးလှ သော တိထူလုံအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူသည် တည်ငြိမ်ဟန်ဆောင်ကာ အသံဩဩဖြင့် အော်ဟစ်လိုက် လေသည်။

"မင်းတို့ရဲ့ ညွှန်ကြားရေးမှူးဖုန်ကို ငါ့ဆီ ခေါ်လာခဲ့စမ်း မင်းတို့လိုကောင်တွေက ငါ့ကို ဖမ်းခွင့်မရှိဘူး..."

ဤစကားကို ကြားသောအခါ ဦးဆောင်လာသော ကင်းလှည့်ခေါင်းဆောင်က လှောင်ပြောင်လိုက် လေသည်။

"ခင်ဗျားကို ညွှန်ကြားရေးမှူးဖုန်ဆီ ခေါ်သွားမလို့ပဲ သူလည်း မနေ့ညကတည်းက အဖမ်းခံထားရပြီ...။"

ဤသည်ကို ကြားသောအခါ ထိုက်ပေါင်မှာ ချက်ချင်းပင် လေလျှော့သွားသော ပူဖောင်းပမာ ဖြစ်သွားပြီး ကားပေါ်သို့ အသာတကြည်ပင် လိုက်ပါသွားလေတော့သည်။

အမှန်တကယ်တော့ လျန်ထျန်းသည် တိထူလုံအုပ်စု၏ အိတ်ချ်မြို့တော်ရှိ ဩဇာလွှမ်းမိုးမှုမှာ လမ်းမနှစ် သွယ်လုံးတွင် ကြီးမားကျယ်ပြန့်လှကြောင်း ကြာမြင့်စွာကတည်းက သိရှိထားခဲ့ပြီး ဖြစ်ပေသည်။

သူ၏လက်ထဲတွင် သက်သေအထောက်အထားများ ရှိနေသော်လည်း အလျင်စလို ပေးအပ်လိုက်ပါက ကြားဖြတ် ဟန့်တားခံရမည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ တိထူလုံအုပ်စုကို ဖြိုချနိုင်မည် မဟုတ်သည့် အ ပြင် ၎င်းတို့ကိုယ်တိုင်ပင် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သဖြင့် ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် လျန်ထျန်းသည် အယ်လ်မြို့တော်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သော မစ္စတာဝမ်ကို ဆက် သွယ်ခဲ့လေသည်။ မစ္စတာဝမ်သည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးသာမက ပြည်သူ့ကွန်ဂရက် ကိုယ်စား လှယ်တစ်ဦးလည်း ဖြစ်ပေသည်။

ထို့အပြင် မစ္စတာဝမ်သည် အိတ်ချ်မြို့တော်တွင် ဘဏ်ခွဲတစ်ခုနှင့် လုံကျန်းဟိုတယ်တို့ကို အမှန်တကယ် ပိုင်ရှင်ဖြစ်ကြောင်း အသိအမှတ်ပြု မခံရဘဲ ဖွင့်လှစ်နိုင်ခဲ့ခြင်းက သူသည် အိတ်ချ်မြို့တော်၌ အတိုင်း အတာတစ်ခုအထိ အဆက်အသွယ်များ ရှိနေကြောင်း ဖော်ပြနေပေသည်။

ထို့ကြောင့် လျန်ထျန်းသည် စုဆောင်းထားသော သက်သေအထောက်အထားများကို ယုံကြည်စိတ်ချရ သော သူတစ်ဦးထံသို့ ဤလမ်းကြောင်းမှတစ်ဆင့် ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုသက်သေအထောက်အထားများဖြင့် အိတ်ချ်မြို့တော်ရှိ ရဲတပ်ဖွဲ့ အတော်များများသည် ထိုညမှာပင် စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ကြလေသည်။

ထိုက်ကျောက်ကို ဘားဆိုင်ထဲမှ ဆွဲထုတ်လာချိန်တွင် သူသည် မူးယစ်နေဆဲဖြစ်ပြီး အရက်နှင့် မိန်းမကိစ္စ များကြောင့် အင်အားကုန်ခမ်းနေသည့် ပုံပေါက်နေလေသည်။ သူသည် ရဲအရာရှိများကို ကြည့်ကာ တိထူလုံအုပ်စု၏ ဒုတိယမြောက် သခင်လေးဟူသော မာန်မာနကို ထုတ်ဖော်လျက် မောက်မာစွာဖြင့် အော်ဟစ်လိုက်လေသည်။

"ဘယ်သူက ငါ့ကို ဖမ်းရဲတာလဲ ဘယ်သူက ငါ့ကို ဖမ်းရဲတာလဲ...။"

"ငါက တိထူလုံအုပ်စုရဲ့ ဒုတိယသခင်လေးကွ ပြီးတော့ ငါတို့အုပ်စုက မကြာခင်မှာ ယွမ်တစ်သောင်း ရင်းနှီးမြှုပ်နှံမှု ရတော့မှာ...။"

"မင်းတို့အားလုံးကို ပိုက်ဆံတွေနဲ့ မြှုပ်ပစ်မယ် မင်းတို့အားလုံးကို ပိုက်ဆံတွေနဲ့ မြှုပ်ပစ်မယ်ကွ...။"

"ဘုန်း..."

ထိုက်ကျောက်သည် ရဲအရာရှိများကို ပိုက်ဆံဖြင့် အသေမြှုပ်နိုင်မည်၊ မမြှုပ်နိုင်မည်ကို မသိရသော် လည်း အရာရှိများကမူ နံပါတ်တုတ်များကို ဆွဲထုတ်ကာ ထိုက်ကျောက်ကို တစ်ချက်တည်းဖြင့် သတိ လစ်သွားစေရန် ရိုက်ချလိုက်လေတော့သည်။

ထိုက်ကျောက် သတိရလာချိန်တွင် သူသည် အလယ်၌ သံကြိုးပါသော အေးစက်စက် လက်ကောက် တစ်ကွင်းကို ဝတ်ဆင်ထားရပြီး ဖြစ်လေသည်။ သို့သော်လည်း ထိုက်ကျောက်သည် ဤအချိန်အထိ ကြောက်ရွံ့ခြင်း မရှိသေးဘဲ သူ့ကို စစ်ကြောမေးမြန်းမည့် ရဲအရာရှိများကို အေးစက်စွာ နှာခေါင်းရှုံ့ လျက် ပြောလိုက်လေသည်၊

"ငါ အခုလို နေရာမျိုးကို ရောက်တာ ဒီအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ဘူး မကြာခင်မှာပဲ မင်းတို့ ငါ့ကို ရိုရိုသေသေ ပြန်ပို့ပေးရလိမ့်မယ်...။"

"ပြောစမ်း ငါ့ကို ဘယ်သူက ချောက်ချတာလဲ ငါ အပြင်ထွက်ပြီး အစ်ကိုလျန်ဆီက ယွမ်တစ်သောင်း ရင်းနှီးမြှုပ်နှံမှု ရတာနဲ့ ငါ့ကို ဒုက္ခပေးတဲ့သူကို ထိုက်တန်တဲ့ အဖိုးအခ ပြန်ပေးဆပ်ခိုင်းမယ်...။"

သူ့ကို စစ်ကြောမေးမြန်းနေသော ရဲအရာရှိက စားပွဲကို လက်ဖြင့် ရိုက်ချကာ အေးစက်စွာဖြင့် ပြောလိုက် လေသည်။

"ထိုက်ကျောက် မင်းကို လိမ္မာပါးနပ်စွာ နေဖို့ အကြံပေးချင်တယ်...။"

"မင်းတို့ရဲ့ တိထူလုံအုပ်စုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း သဘောတူညီချက် မပါဘဲ ဖောက် သည်တွေနဲ့ အိပ်ခဲ့တာတွေ အပါအဝင် စည်းကမ်းချိုးဖောက်မှုတွေနဲ့ ပြစ်မှုကျူးလွန်မှုတွေ အများအပြား ရှိနေတယ်ဆိုတဲ့ တရားဝင် တိုင်ကြားစာကို ငါတို့ လက်ခံရရှိထားတယ်။ သက်သေအထောက်အထား တွေကလည်း ခိုင်လုံနေပြီ...။"

"မင်းတို့ရဲ့ တိထူလုံအုပ်စုကို စုံစမ်းစစ်ဆေးဖို့ လုပ်ငန်းတွေ ရပ်ဆိုင်းထားလိုက်ပြီ ပြီးတော့ မင်းအဖေ ထိုက်ပေါင် ကိုလည်း ဖမ်းဆီးထားပြီး ဘေးခန်းက စစ်ကြောရေးအခန်းထဲမှာ သူလည်း ရှိနေတယ်...။"

ဤစကားကို ကြားသောအခါ ထိုက်ကျောက်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် ရယ်မော လိုက်လေသည်။

"စုံစမ်းစစ်ဆေးဖို့ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ် ဟုတ်လား။ ငါ့အဘိုးကြီးကိုလည်း ဖမ်းထားတယ်ပေါ့ မင်းတို့ ငါ့ကို နောက်နေတာလား...။"

"မင်းတို့ရဲ့ ညွှန်ကြားရေးမှူးဖုန်တောင် ငါ့အဘိုးကြီးကို မျက်နှာချိုသွေးပြီး ခွေးတစ်ကောင်လို ဖားယားနေ ရတာ...။"

"မင်းတို့ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ် ငါ့ရဲ့ လက်ထောက်ရှုံ့ချန်ကို တွေ့ချင်တယ် ငါ့ ရှေ့နေကို တွေ့ချင်တယ် ငါ့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် လျန်ထျန်းကို တွေ့ချင်တယ် မင်းတို့ကို နောင်တရသွားစေရမယ်...။"

ထိုက်ကျောက်မှာ အလွန် ဆိုးရွားသော ဒေါသရှိနေလေသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် သူသည် ရဲအရာရှိများကို အော်ဟစ်ရဲနေဆဲ ဖြစ်သည်။

"ဝုန်း... "

စာရွက်စာတမ်း အထပ်လိုက်ကို ပစ်ချလိုက်ပြီး ထိုက်ကျောက်ရှေ့တွင် ဖြန့်ပြလိုက်လေသည်။ တစ်ချိန် တည်းမှာပင် ရဲအရာရှိ၏ တရားမျှတပြီး တင်းမာသော အသံက ထွက်ပေါ်လာခဲ့လေသည်၊

"ကြည့်စမ်း ဒီသက်သေအထောက်အထားတွေကို လျန်ထျန်းဆိုတဲ့လူက ပေးခဲ့တာဖြစ်ပြီး သူကိုယ်တိုင် လည်း တရားဝင် တိုင်ကြားထားတယ်...။"

"ပြီးတော့ မင်းပြောတဲ့ ရှုံ့ချန်ဆိုတာကလည်း သက်သေတွေထဲက တစ်ယောက်ပဲ မင်းရဲ့ ရှေ့နေဆိုရင် လည်း အဖမ်းခံထားရပြီဆိုတော့ လောလောဆယ် မင်းကို သူ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး...။"

ထိုက်ကျောက်သည် စာရွက်စာတမ်းများကို စိုက်ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ဖြင့် ပြည့်နှက်နေလေသည်။

နောက်တစ်စက္ကန့်တွင် သူ၏အတွေးများသည် ဒီရေဆုတ်သွားသကဲ့သို့ နောက်ကြောင်းပြန်သွားကာ လျန်ထျန်းနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့် မြင်ကွင်းတိုင်းက သူ၏ မှတ်ဉာဏ်ထဲတွင် ထင်ရှားစွာ ပေါ်လွင် လာတော့သည်။

တစ်ခဏအကြာတွင် ထိုက်ကျောက်သည် ရုတ်တရက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်၊

"အား..."

"အဲ့ဒီခွေးကောင် သူက အစကတည်းက ငါ့ကို ကစားသွားခဲ့တာပဲ ငါ့ကို ချောက်ချဖို့ ငါ့ရဲ့ ယုံကြည်ရတဲ့ လက်ထောက်တွေကိုတောင် လာဘ်ထိုးခဲ့သေးတယ်...။"

"ငါက သူ့ကို အပြည့်အဝ ယုံကြည်ခဲ့တာ ပိုပြီး ဒေါသထွက်ဖို့ကောင်းတာက မနေ့က ငါ့ကို အရူးတစ် ယောက်လို သူက လှမ်းခေါ်လိုက်သေးတယ်...။"

"ခွေးကောင် ခွေးကောင်။ မိုက်ရိုင်းတဲ့ကောင်...။"

ထိုက်ကျောက် မည်မျှပင် ကျိန်ဆဲနေစေကာမူ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ကုစားရန် နောက်ကျသွား ခဲ့ပြီ ဖြစ်ချေသည်။ သူသည် အချိန်ကြာမြင့်စွာ အသုံးချခံခဲ့ရသည်ကို တွေးမိရုံဖြင့်ပင် သည်းမခံနိုင် အောင် ဖြစ်နေရလေသည်။

မနေ့ကမှ သူ့ကို မိုက်မဲစွာဖြင့် ကူညီပေးခဲ့ပြီး ယနေ့တွင်မူ ဤကဲ့သို့ ရှုပ်ထွေးသော အခြေအနေမျိုးကြီး နှင့် ရင်ဆိုင်နေရသည်။ ထိုက်ကျောက်၏ စရိုက်အရဆိုလျှင် သူသည် အကြီးအကျယ် ဒေါသထွက်နေ မည်သာ ဖြစ်ပေသည်။

သို့သော် မကြာမီမှာပင် ထိုက်ပေါင်သည် အာမခံဖြင့် ယာယီ လွတ်မြောက်လာခဲ့ပြီး မှန်နံရံတစ်ခုမှ တစ်ဆင့် ထိုက်ကျောက်နှင့် တွေ့ဆုံခဲ့လေသည်။ သားအဖနှစ်ဦးသည် စားပွဲပေါ်ရှိ ကြိုးဖုန်းကို အသုံး ပြု၍ စကားပြောဆိုခဲ့ကြလေသည်။

"ကျောက်အာ မင်း သတိလက်လွတ် ဖြစ်သွားခဲ့တယ်။ အခု ငါ နည်းလမ်းစုံ ကြိုးစားပြီးပြီ၊ ငါ လုပ်နိုင် တာက ငါ့ကိုယ်ငါ ဒီနေရာကနေ အရင်ဆုံး လွတ်အောင် လုပ်ဖို့ပဲ...။"

"ဒါပေမဲ့ ဒီအခြေအနေက မလုံခြုံသေးဘူး။ ဒါကြောင့် မင်းက အရာအားလုံးကို တာဝန်ယူပေးဖို့ လိုတယ် စိတ်မပူပါနဲ့ အဖေက မင်းကို လက်လွှတ်မခံပါဘူး...။"

"ငါ ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ မင်းကို ထုတ်ပေးဖို့ နည်းလမ်းရှာမယ်။ ပြီးတော့ အဲ့ဒီ လျန်ဆိုတဲ့ ကောင် ဆိုးဆိုးရွားရွား သေစေရမယ်၊ သေချာပေါက် ကလဲ့စားချေပေးမယ်...။"

အခြားတစ်ဖက်တွင်မူ…။

လျန်ထျန်းနှင့် ကျန်းချောင်တို့သည် လုံကျန်းဟိုတယ်ရှိ အခန်းတစ်ခန်းတွင် တွေ့ဆုံခဲ့ကြသည်။

ကျန်းချောင်က လျန်ထျန်းအား ပြောလိုက်လေသည်၊

"စိတ်မပူပါနဲ့ မင်းရဲ့လုံခြုံရေးကို ငါ့အသက်နဲ့ရင်းပြီး ကာကွယ်ပေးမယ်လို့ ပြောထားတဲ့အတိုင်း ငါ့စကား ကို သေချာပေါက် တည်စေရပါမယ်...။"

လျန်ထျန်းက ခေါင်းညိတ်လိုက်သော်လည်း ခါးသက်သက် အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။

"အကောင်းဆုံး အစီအစဉ်တွေမှာတောင် အားနည်းချက်တွေ ရှိတတ်တာပဲ အရာအားလုံးကို ပြီးပြည့် စုံအောင် လုပ်ထားနိုင်ပြီလို့ ထင်ခဲ့ပေမဲ့ အဲ့ဒီ အဘိုးကြီးထိုက်ပေါင်မှာ သူ့အသက်ကို ကယ်ဖို့ အကြိတ် အနယ် ဝှက်ဖဲတစ်ခု ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး...။"

"သူသာ အပြင်ရောက်လာရင် တိထူလုံအုပ်စုကို အပြီးတိုင် ဖြိုချဖို့ ခက်ခဲသွားလိမ့်မယ် ပြီးတော့ ငါ လည်း အချိန်မရွေး အန္တရာယ် ရှိနေနိုင်တယ်...။"

"ပြောရမယ်ဆိုရင် အဲ့ဒီအဘိုးကြီးက တကယ်ကို ရက်စက်တာပဲ သူ့သားကိုတောင် သူ့အစား အပြစ်ခံဖို့ အသုံးချတဲ့အထိ လုပ်ရက်တယ်...။"

"ဒါပေမဲ့ ဒါကက တကယ်ကို အသင့်တော်ဆုံး နည်းလမ်းပဲလို့ ပြောရမယ်။ သူက တကယ့်ကို စစ်မှန်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ...။"

လျန်ထျန်း ဤသို့ဖြစ်နေသည်ကို မြင်သောအခါ ကျန်းချောင်က သူ၏ပခုံးကို ပုတ်ကာ လေးနက်စွာဖြင့် ပြောလိုက်လေသည်၊

"မင်း အရမ်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ဒီဖြစ်ရပ်အပြီးမှာ တိထူလုံအုပ်စုက အပြီးအပိုင် မပြိုလဲ သွားဘူးဆိုရင်တောင် အကြီးအကျယ် အားနည်းသွားလိမ့်မယ်...။"

"မူလက ငါ့မှာ ဒေါသတွေနဲ့ ပြည့်နှက်နေပေမဲ့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ထိုက်ပေါင်ရဲ့ ဘေးမှာ သူ့ကို ကာကွယ်ပေးနေတဲ့ လျှို့ဝှက်သိုင်းပညာရှင်တွေ အများကြီး ရှိနေလို့ပဲ...။"

"တစ်ချိန်တုန်းကဆို ငါ့မိန်းမနဲ့ ကလေးတွေအတွက် ယခုဘဝမှာ ဘယ်တော့မှ ကလဲ့စားချေနိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ၊ မင်းနဲ့ မတွေ့ခင်အထိပေါ့...။"

"မင်းက တိထူလုံအုပ်စုကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေပြီး အဲ့ဒီ ခွေးကောင်ထိုက်ပေါင်ကို ဒုက္ခရောက် စေတဲ့အပြင် သူ့ရဲ့ ယုတ်မာတဲ့သားကိုတောင် ထောင်ထဲ ပို့ပေးနိုင်ခဲ့တယ်...။"

"ဒီအရာအားလုံးအတွက် မင်းကို တကယ် ကျေးဇူးတင်ပါတယ်...။"

စကားပြောနေရင်းဖြင့် ကျန်းချောင်၏ မျက်လုံးများမှာ နီရဲလာလေသည်။ လျန်ထျန်းက သူ့ကို မော့ ကြည့်လိုက်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။

"အခု မင်းပြောမှပဲ ငါလုပ်ခဲ့သမျှ အရာအားလုံးက တန်ဖိုးတစ်ခု ရှိခဲ့တယ်လို့ ခံစားရတော့တယ်...။"

သို့သော်လည်း လျန်ထျန်း စကားပြော၍ မဆုံးမီမှာပင်...၊

"ဝုန်း... "

ရုတ်တရက် တံခါးဝဆီမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် အလျင်အမြန် ချဉ်းကပ်လာသော ခြေသံများ ထွက်ပေါ်လာလေသည်။ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာခဲ့ ပြီ ဖြစ်၏။

အခန်း (၁၁၂)

ငါက စီးပွားရေးသမား မဟုတ်ဘူး

တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပီပီ ကျန်းချောင်၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှပေသည်။

တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာသည်ကို သတိပြုမိသည်နှင့် သူသည် လျန်ထျန်း၏ ရှေ့တွင် ချက်ချင်း ပင် ဝင်ရပ်လိုက်လေသည်။

သို့သော် ဝင်ရောက်လာသူများ၏ လှုပ်ရှားမှုမှာလည်း လျင်မြန်လှပေသည်။ စုစုပေါင်း လူခြောက်ဦး ဖြစ်ပြီး ၎င်းတို့သည် လျန်ထျန်းနှင့် ကျန်းချောင်တို့ကို ချက်ချင်းပင် ဝန်းရံလိုက်ကြလေသည်။

လူခြောက်ဦးစလုံး မျက်နှာဖုံး တပ်ဆင်ထားသော်လည်း ကျန်းချောင်က သူတို့ကို ချက်ချင်း မှတ်မိ သွားပြီး အနောက်ဘက်ရှိ လျန်ထျန်းအား တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

"သူတို့က ထိုက်ပေါင်ရဲ့ ဘေးမှာရှိတဲ့ လျှို့ဝှက်သိုင်းပညာရှင်တွေပဲ အရင်က သူတို့နဲ့ တိုက်ခိုက်ခဲ့ဖူးတယ် ။ သုံးယောက်လောက်ဆို ငါ နိုင်နိုင်ပေမဲ့ ခြောက်ယောက်ကိုတော့ ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ် ဘူး ထွက်ပြေးဖို့ အခွင့်အရေး ရှာမှပဲ ရမယ်...။"

လျန်ထျန်းသည် သူ၏ဖုန်းကို အမြန်ထုတ်ကာ ရဲစခန်းသို့ ဆက်သွယ်ရန် ကြိုးပမ်းလိုက်လေသည်။

သို့သော် ဖုန်းခေါ်ဆို၍ မရခဲ့ပေ။ မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက သူ၏အိတ်ကပ်ထဲမှ ကိရိယာ တစ်ခုကို ထုတ်ပြကာ လှောင်ပြောင်လိုက်လေသည်။

"ကြိုးစားမနေပါနဲ့၊ အလကားပါပဲ။ ဒီနေရာက ဖုန်းလိုင်းတွေ အားလုံးကို ဖြတ်တောက်ထားပြီးပြီ။ စင်္ကြံ လမ်းက လုံခြုံရေးကင်မရာတွေဆိုရင်လည်း အလုပ်မလုပ်တော့တာ ကြာပြီ...။"

"မင်းက သူဌေးပေါင်ကို ပြဿနာရှာရဲတဲ့ ပထမဆုံးကောင်ပဲ။ ဒီနေ့ မင်းအသက်ကို ဒီနေရာမှာပဲ ထားခဲ့ ရမယ်...။"

စကားဆုံးသည်နှင့် လူခြောက်ဦးစလုံးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြပေတော့သည်။

ကျန်းချောင်က အော်ဟစ် သတိပေးလိုက်လေသည်၊

"သတိထား...။"

ထို့နောက် သူသည် လျန်ထျန်းကို ဆွဲကိုင်ကာ အတင်း ဖောက်ထွက်ရန် ပြင်ဆင်လျက် ရှေ့သို့ ပြေးထွက် သွားလေသည်။

ကျန်းချောင်၏ စွမ်းရည်ဖြင့်ဆိုလျှင် သူတို့ထဲမှ တစ်ဦးကို အလွယ်တကူ ကိုင်တွယ်နိုင်သော်လည်း ဤလူ ခြောက်ဦးမှာ ကောင်းစွာ လေ့ကျင့်သင်ကြားထားပြီး အချိတ်အဆက် မိမိဖြင့် လှုပ်ရှားနိုင်ကြောင်း ထင်ရှားလှပေသည်။

ကျန်းချောင်က တစ်နေရာတည်းမှ ဖောက်ထွက်လိုသည်ကို မြင်သောအခါ သူနှင့် အနီးဆုံးရှိ လူသုံးဦးမှာ ချက်ချင်းပင် ပူးပေါင်းသွားကြပြီး ကျန်သုံးဦးက အနောက်ဘက်မှနေ၍ တိုက်ခိုက်လာကြလေသည်။

ကျန်းချောင် ယခင်က ပြောခဲ့ဖူးသည့်အတိုင်း ဤကဲ့သို့သော ထိပ်တန်းပြိုင်ဘက်များကို သူက သုံးယောက်တစ်ယောက်သာ အများဆုံး ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

ယခုအခါ သူ၏လမ်းကို လူသုံးဦးက ပိတ်ဆို့ထားလေသည်။ သာမန်အားဖြင့်ဆိုလျှင် သူတစ်ယောက် တည်း ဖောက်ထွက်ရန် သိပ်ခက်ခဲမည် မဟုတ်ပေ။ သို့သော် ဤနေရာတွင် လျန်ထျန်း ရှိနေသေးသည် ကို မေ့ထား၍ မရပေ။ ကျန်းချောင်၏ အဓိက တာဝန်မှာ ဖောက်ထွက်ရန် မဟုတ်ဘဲ လျန်ထျန်းကို ကာကွယ်ရန် ဖြစ်ပေသည်။

ထို့ကြောင့် သူသည် အံကိုကြိတ်ကာ မိမိကိုယ်ကို အထိနာခံသည့် ဗျူဟာကို အသုံးပြုလျက် ထိုသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို အတင်းအဓမ္မ ဖြိုခွင်းလိုက်ပြီး လျန်ထျန်းကို ထွက်ပြေးနိုင်ရန် လမ်းဖွင့်ပေး လိုက်လေသည်။

လျန်ထျန်းမှာလည်း မျှော်လင့်ထားသည့်အတိုင်း အစားအသောက် ပို့ဆောင်ရာမှ ရရှိလာသော လှေကား တက်၊ ပြေးလွှားခြင်း အမြန်နှုန်းကို အသုံးပြု၍ ဝိုင်းရံထားမှုမှ ဖောက်ထွက်သွားနိုင်ခဲ့လေသည်။

သို့သော် လျန်ထျန်း ထွက်ပြေးလွတ်မြောက်သွားပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျန်းချောင် မှာ ထိုးကြိတ်ခံရမှု အများအပြားကြောင့် နောက်ချန်ရစ်ခဲ့ရပြီး ဆက်လက် မဖောက်ထွက် နိုင်တော့သည် ကို မြင်တွေ့လိုက်ရလေသည်။

ထိုလူခြောက်ဦး၏ ပစ်မှတ်မှာ လျန်ထျန်း ဖြစ်ပေသည်။ လျန်ထျန်း ထွက်ပြေးသွားသည်ကို တွေ့လိုက်ရ သောအခါ သုံးဦးက ချက်ချင်းပင် နောက်မှ လိုက်ရန် ကြိုးပမ်းကြလေသည်။ သို့သော် သူတို့ တစ်လှမ်းမျှ မလှမ်းရသေးမီမှာပင် ကျန်းချောင်က ဒဏ်ရာရနေသော ကျားတစ်ကောင်အလား ရှေ့သို့ ပြေးထွက်လာ ပြီး သူတို့၏လမ်းကို ပိတ်ဆို့လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကျန်းချောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်၊

"ပြေး…၊ မြန်မြန်ပြေး….။ မင်း ထွက်ပြေးလွတ်မြောက်သွားမှပဲ ငါ စိတ်ပူစရာ မလိုတော့မှာ….။ မင်း ဆက်နေရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံပဲ ရှိလိမ့်မယ်...။"

ဤစကားများကို ကြားသောအခါ လျန်ထျန်းမှာ သိသိသာသာ တုန်လှုပ်သွားရလေတော့သည်။

နောက်တစ်စက္ကန့်တွင် သူသည် အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်လျက် နောက်သို့ လှည့်မကြည့် တော့ဘဲ အစွမ်းကုန် ပြေးထွက်သွားလေတော့သည်။

အခန်းထဲမှထွက်၍ စင်္ကြံလမ်းသို့ ရောက်သောအခါ ဓာတ်လှေကားများမှာ လျှပ်စစ်မီး ပြတ်တောက်နေ ကြောင်း တွေ့လိုက်ရသဖြင့် ဘေးရှိ အရေးပေါ်ထွက်ပေါက်မှတစ်ဆင့် လှေကားအတိုင်း ပြေးဆင်းခဲ့လေ သည်။ ထိုသို့ဖြင့် လျန်ထျန်းသည် အဋ္ဌမထပ်မှ လှေကားများကို ပြေးဆင်းကာ ပထမထပ်ရှိ ဧည့်ခန်းမ ဆောင်ဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားခဲ့လေသည်။

ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်ဝင်ချင်းပင် ဧည့်ကြိုကောင်တာဆီသို့ အော်ဟစ်လိုက်လေသည် ၊

"ရဲကို တိုင် ရဲကို အခုချက်ချင်း တိုင်လိုက်...။"

"လုံခြုံရေးတွေနဲ့ ယောကျ်ားလေး ဝန်ထမ်းတွေ အားလုံး လက်နက်အဖြစ် သုံးလို့ရမယ့်ဟာ အကုန်ယူပြီး ငါ့နောက်ကို လိုက်ခဲ့ကြ...။"

အထွေထွေမန်နေဂျာရှောင်က ဟိုတယ်တစ်ရုံလုံးရှိ ဝန်ထမ်းများအားလုံး အနေဖြင့် လျန်ထျန်း တောင်းဆိုသမျှကို ဖြည့်ဆည်းပေးရန် ညွှန်ကြားထားခဲ့သဖြင့် ဤလုပ်ငန်းစဉ်မှာ အတော်လေး အဆင်ပြေ ချောမွေ့သွားခဲ့လေသည်။

စုစုပေါင်း ငါးမိနစ်မျှ အချိန်ကုန်လွန်သွားခဲ့သည်။ လျန်ထျန်းသည် ကြမ်းတိုက်ဝတ်များ၊ တံမြက်စည်း များ၊ မီးဖိုချောင်သုံး ဓားများနှင့် သံဒယ်အိုးများကို ကိုင်ဆောင်ထားသော လူအုပ်ကြီးနှင့်အတူ ထိုအခန်းဆီသို့ ရောက်ရှိလာခဲ့လေသည်။ အခန်းထဲတွင်မူ လေဆင်နှာမောင်း တစ်ခု တိုက်ခတ်သွားသည့် အလား အရာအားလုံး ဖရိုဖရဲ ဖြစ်နေခဲ့ပေသည်။

မျက်နှာဖုံးစွပ် လူခြောက်ဦးမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်နေခဲ့ပြီး ကျန်းချောင် တစ်ဦး တည်းသာ ဒဏ်ရာများဖြင့် သွေးသံရဲရဲဖြစ်ကာ ကြမ်းပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရ လေသည်။

ဤသည်ကို မြင်သောအခါ လျန်ထျန်းသည် ကိုင်ထားသော ကြမ်းတိုက်တံကို ပစ်ချလိုက်ပြီး ကျန်းချောင်၏ အခြေအနေကို စစ်ဆေးရန် အလျင်အမြန် ပြေးသွားခဲ့လေသည်။

သူ၏ အသက်ရှူသံမှာ အလွန်တိုးညင်းကာ မသိသာတော့ဘဲ နှလုံးခုန်နှုန်းမှာလည်း ပုံမှန် မဟုတ်တော့ ပေ။ ထို့ထက် ကြည့်ရပိုဆိုးသည်မှာ သူ၏ ခြေလက်များမှာ ထိတ်လန့်ဖွယ်ရာ ပုံစံဖြင့် လိမ်ကောက် နေပြီး အတွင်းရှိ အရိုးများနှင့် အရွတ်များမှာ ကျိုးပဲ့ ပြတ်တောက်နေသည်မှာ သေချာလှပေသည်။

ခန့်ညားထည်ဝါသော ယောကျ်ားသား တစ်ဦးဖြစ်သည့် လျန်ထျန်းမှာ မျက်ရည်များကို ဆက်လက် မထိန်းထားနိုင်တော့ဘဲ မျက်ဝန်းအိမ်တွင် ပြည့်လျှံလာတော့သည်။

နောက်တစ်စက္ကန့်တွင် သူက အသံကုန် အော်ဟစ်လိုက်လေသည်။

"လူနာတင်ကား ခေါ်ပေးကြပါ လူနာတင်ကား အခုချက်ချင်း ခေါ်ပေးကြပါ...။"

တစ်နာရီခန့် အကြာတွင်။

ဆေးရုံ ခွဲစိတ်ခန်းရှေ့ရှိ စင်္ကြံလမ်း ထိုင်ခုံပေါ်တွင် လျန်ထျန်း ထိုင်နေခဲ့ပြီး သူ၏ လက်များမှာ ထိန်းမရ အောင် တုန်ယင်နေဆဲ ဖြစ်လေသည်။

ထိုအချိန်တွင် မစ္စတာရှောင်မှာလည်း ကိုယ်ရံတော် အများအပြားကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့လေ သည်။ ထိုင်ခုံပေါ်ရှိ လျန်ထျန်းကို မြင်သောအခါ သူသည် အထိတ်တလန့်ဖြင့် အလျင်အမြန် ပြေးလာခဲ့ လိုက်လေသည်။

"ရှယ်ယာရှင်လျန် ကျွန်တော် တောင်းပန်ပါတယ်...။"

သူ စကားပြော၍ မဆုံးမီမှာပင် လျန်ထျန်းသည် ရုတ်တရက် မတ်တတ်ရပ်ကာ သူ၏ အင်္ကျီကော်လာကို ဆွဲကိုင်၍ ပြင်းထန်စွာ မေးခွန်းထုတ်လိုက်လေသည်၊

"ခင်ဗျားတို့ ဟိုတယ်က ဘာဖြစ်နေတာလဲ…၊ လုံခြုံရေး အစီအမံတွေက တကယ်ပဲ အသုံးမကျတာလား။ ပြီးတော့ ခင်ဗျား ဟိုတယ်က အလုံခြုံဆုံး နေရာပါဆိုပြီး အာမခံထားသေးတယ် မဟုတ်လား...။"

မစ္စတာရှောင်၏ နဖူးမှ ချွေးများ စီးကျလာပြီး အသက်ကိုပင် ပြင်းပြင်း မရှူရဲတော့ပေ။

"ရှယ်ယာရှင်လျန် ကျွန်တော် စုံစမ်းပြီးပါပြီ။ သူတို့က ထိုက်ပေါင်ရဲ့ လူယုံတွေပါ နိုင်ငံတကာ ကြေးစား စစ်သားဟောင်း အချို့ ဖြစ်ပါတယ်...။"

အမှန်တကယ်တော့ ဤဖြစ်ရပ်အတွက် မစ္စတာရှောင်ကို အလုံးစုံ အပြစ်တင်၍ မရကြောင်း လျန်ထျန်း သိရှိထားသော်လည်း သူ၏ ဒေါသများကို မျိုသိပ်ထားရခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင် ခွဲစိတ်ခန်း တံခါးပွင့်လာပြီး ဆရာဝန်တစ်ဦး ထွက်လာခဲ့လေသည်။

လျန်ထျန်းက မစ္စတာရှောင်၏ ကော်လာကို ချက်ချင်း လွှတ်လိုက်ပြီးနောက် အလျင်အမြန် ရှေ့သို့ တိုးကာ မေးလိုက်လေသည်၊

"ဆရာ….၊ ကျွန်တော့်အစ်ကို အခြေအနေ ဘယ်လိုရှိလဲ...။"

ပြဿနာ တစ်စုံတစ်ရာ မဖြစ်စေရန်အတွက် လျန်ထျန်းက သူ့ကိုယ်သူ ကျန်းချောင်၏ ညီအဖြစ် ပြော ထားသဖြင့် ဆရာဝန်က သူ့ကို တိုက်ရိုက်ပင် ပြောပြလိုက်လေသည်။

"သူက အသက်အန္တရာယ်ကနေတော့ လွတ်ကင်းသွားပါပြီ။ ဒါပေမဲ့...၊ သူရဲ့ ခြေလက်နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် ကျိုးပဲ့သွားပြီး အရွတ်တွေလည်း ပြတ်တောက်သွားတယ် သူ ပြန်ကောင်းလာ ရင်တောင် ကိုယ်လက်အင်္ဂါအချို့ ချို့ယွင်းသွားနိုင်ပါတယ်...။"

ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားခဲ့ရလေသည်၊

"သူ့အတွက် အကောင်းဆုံး ဆေးကုသမှုနဲ့ အကောင်းဆုံး ဆေးဝါးတွေကို ဘယ်လောက်ပဲ ကုန်ကျပါစေ ကျွန်တော် ပေးနိုင်ပါတယ်….။ သူ့ကိုတော့ ဒုက္ခိတအဖြစ် မရောက်စေနိုင်ဘူး...။"

အနည်းငယ် စိတ်လှုပ်ရှားနေသော လျန်ထျန်း၏ အခြေအနေကို ရင်ဆိုင်ရချိန်တွင် ဆရာဝန်မှာ ခေါင်းခါ ရုံသာ တတ်နိုင်လေတော့သည်။

"မဖြစ်နိုင်ပါဘူး…။ ဆေးကုသမှုနဲ့ ဆေးဝါးတွေ ဘယ်လောက်ပဲ ကောင်းကောင်း သူ့ကို အနာဂတ်မှာ ပုံမှန်လူတစ်ယောက်လို နေထိုင်နိုင်အောင်တော့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး…။ ခင်ဗျားအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်ပါတယ်...။"

ထိုသို့ပြောပြီးနောက် ဆရာဝန်က လျန်ထျန်းကို ဖောင်တစ်ခုတွင် လက်မှတ်ရေးထိုးစေပြီးနောက် ခွဲစိတ်မှုကို ဆက်လက်ပြုလုပ်ရန် ပြန်ဝင်သွားခဲ့လေသည်။

စာရွက်စာတမ်းကို လက်မှတ်ရေးထိုးပြီးနောက် လျန်ထျန်းမှာ ကြမ်းပြင်ပေါ်သို့ ခွေကျမတတ် ဖြစ်သွား သော်လည်း မစ္စတာရှောင်နှင့် အခြားသူများက သူ့ကို အချိန်မီ ထူမပေးကာ ထိုင်ခုံသို့ ပြန်လည် ခေါ် ဆောင်သွားခဲ့လေသည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မစ္စတာရှောင်က တုံ့ဆိုင်းစွာဖြင့် စကားစလိုက်လေသည်။

"ရှယ်ယာရှင်လျန် ထိုက်ပေါင်က ကျွန်တော့်ကို ဆက်သွယ်လာတယ်...။"

"ကျွန်တော်တို့ သူ့ကို ရှာနိုင်ရင်…၊ သူလည်း ကျွန်တော်တို့ကို ရှာတွေ့နိုင်မှာပါပဲ…။ သူက ခင်ဗျားနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်...။"

လျန်ထျန်း၏ မျက်လုံးများတွင် ဒေါသမီးများ ချက်ချင်း တောက်လောင်သွားလေသည်၊

"သူနဲ့ ပြောစရာ ဘာစကား ရှိလို့လဲ...။"

မစ္စတာရှောင်က အလျင်အမြန် နှစ်သိမ့်စကား  ပြောလိုက်လေသည်။

"ရှယ်ယာရှင်လျန် ကျေးဇူးပြုပြီး ဒေါသ မထွက်ပါနဲ့…။ အမှန်တကယ်တော့ ဒီကိစ္စက နောက်ကြောင်း ပြန်လှည့်လို့ မရနိုင်တဲ့ အခြေအနေထိ မရောက်သေးပါဘူး...။"

"ဘယ်လိုပဲဖြစ်ဖြစ်…၊ ကျွန်တော်တို့ အားလုံးက စီးပွားရေးသမားတွေချည်းပါပဲ စီးပွားရေး လုပ်တယ် ဆိုတာက အကျိုးနဲ့အပြစ်ကို ချိန်ဆပြီး ဆုံးရှုံးမှုအနည်းဆုံးနဲ့ အကျိုးအမြတ် အများဆုံး ရအောင် လုပ် တာ မဟုတ်ဘူးလား...။"

"ကျွန်တော့်အထင် ဆွေးနွေးလို့ ရနိုင်မယ်ဆိုရင် အခြေအနေတွေကို ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရှိနိုင်ပါသေးတယ်…။ တိထူလုံအုပ်စုက အားနည်းသွားရင်တောင်မှ ဒေသခံ အင်အားကြီးအဖွဲ့အစည်း တစ်ခု ဖြစ်နေဆဲပါပဲ...။"

သို့သော် မစ္စတာရှောင်၏ သဘောကောင်းစွာ ဖြောင်းဖျသည့် စကားများ မဆုံးမီမှာပင် လျန်ထျန်းက ကြမ်းတမ်းစွာ ဖြတ်ပြောလိုက်လေသည်။

"ငါက စီးပွားရေးသမား မဟုတ်ဘူး….။ ဘယ်တုန်းကမှလည်း မဖြစ်ခဲ့ဖူးဘူး...။"

"အခု နောက်ကြောင်းပြန်လှည့်စရာ မရှိတော့ဘူး…။ သူ ဘယ်သူပဲဖြစ်ဖြစ် ငါ သူ့ကို အပြီးတိုင် ဖြိုချပစ် မယ်…။ စေ့စပ်ဆွေးနွေးစရာ အကြောင်းမရှိဘူး...။"

All Chapters