← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အိမ်ထောင်ရေးစနစ်

အခန်း (၁၂၁) - မျက်နှာဖုံးစွပ် သူရဲကောင်းမလေး

​ရှန်းချင်းယီသည် အပြင်သို့ အလျင်အမြန် ပြေးထွက်သွားသည်။

​သူမသည် စိမ်းဖန့်ဖန့် ဓားအိမ်စွပ်ထားသော ဓားကို ကိုင်စွဲကာ မုဆိုးမကို ပါးရိုက်လိုက်သည့် အိမ်တော်ထိန်းကောင်းကို ပိုင်းဖြတ်ရန် ပြင်လိုက်သည်။

သူမ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ အသက်ရှူတစ်ချက်စာ အချိန်အတွင်းမှာပင် မီတာတစ်ရာကျော် အကွာအဝေးကို ဖြတ်ကျော်ကာ အိမ်တော်ထိန်းကောင်းနှင့် ဆယ်မီတာအကွာသို့ ရောက်ရှိသွားပြီဖြစ်သည်။

​သို့သော်လည်း သူမ ဓားကိုဝှေ့ယမ်းကာ အိမ်တော်ထိန်းကောင်းကို သတ်ဖြတ်ရန် ကြံရွယ်လိုက်စဉ်မှာပင် ချန်အန်က အချိန်မီ တုံ့ပြန်လိုက်သည်။

သူသည် စိတ်အာရုံကို အသုံးပြုကာ ကျွမ်းကျင်လုနီးပါး ဖြစ်နေသော "ကိုယ်ရောင်ဖျောက် အကျဉ်းချခြင်း" အတတ်ဖြင့် သူမကို တားဆီးလိုက်သည်။ ရှန်းချင်းယီမှာ ချက်ချင်းပင် တစ်နေရာတည်း၌ ကျောက်ရုပ်ပမာ အေးခဲသွားပြီး လှုပ်မရတော့ပေ။

​ဝိညာဉ်သစ်သီးဆိုင်ရှေ့ရှိ အိမ်တော်ထိန်းကောင်းမှာ သူ့နောက်တွင် တစ်စုံတစ်ယောက် ရှိနေသလို ခံစားလိုက်ရသဖြင့် ရင်တထိတ်ထိတ်နှင့် လှည့်ကြည့်ရန် ပြင်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ချန်အန်က လက်ဦးသွားသည်။ သူသည် "ကိုယ်ရောင်ဖျောက် အတတ်" နှင့် "အိပ်မွေ့ချ ဂါထာ" တို့ကို အသုံးပြုလိုက်သဖြင့် အိမ်တော်ထိန်းကောင်းမှာ သတိလစ်ကာ အိပ်ပျော်သွားတော့သည်။

​ထို့နောက် ဆိုင်ရှေ့ရှိ မုဆိုးမ မတုံ့ပြန်နိုင်ခင်မှာပင် ချန်အန်က ရှန်းချင်းယီ၏ နောက်သို့ အမြန်ပြေးသွားကာ သူမကို ကျွမ်းကျင်စွာ ပွေ့ချီလိုက်သည်။ သူသည် ချက်ချင်းပင် အိမ်ထဲသို့ ပြန်ဝင်ကာ ခြံတံခါးကို ပိတ်လိုက်တော့သည်။

ဤဖြစ်စဉ်တစ်ခုလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ပြီးမြောက်သွားခြင်း ဖြစ်သည်။

​အိမ်ထဲရှိ ဧည့်ခန်းမဆောင်အတွင်း၌ ချန်အန်၏ ဇနီးများနှင့် သမီးဖြစ်သူတို့မှာ အခန်းထဲတွင် ရှိနေကြသဖြင့် ချန်အန်နှင့် ရှန်းချင်းယီ နှစ်ယောက်တည်းသာ ရှိနေသည်။ ရှန်းချင်းယီမှာ လှုပ်ရှား၍ မရသေးဘဲ စိတ်ထဲ၌ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

​'ငါက အခြေခံတည်ဆောက်ခြင်းအဆင့် (၄) တောင် ရောက်နေတာကို အဆင့် (၃) သာရှိတဲ့ ချန်အန်က ငါ့ကို အေးခဲအောင် လုပ်နိုင်တယ်လား... ပြီးတော့ ဒီအတတ်ကို ငါကိုယ်တိုင် သူကို သင်ပေးထားတာ မကြာသေးဘူးလေ၊ သူက ဘယ်လိုလုပ် ငါ့ထက်တောင် ကျွမ်းကျင်နေရတာလဲ'

​ရှန်းချင်းယီမှာ သူမ၏ ကိုယ်ပိုင်အရည်အချင်းကိုပင် သံသယဝင်လာမိသည်။ ချန်အန်ကတော့ သူမ ဘာတွေးနေမှန်း မသိဘဲ သူမကို ပြန်လွှတ်ပေးလိုက်သည်။

​ရှန်းချင်းယီ ပြန်လှုပ်ရှားနိုင်လာသောအခါ ချန်အန်ကို ကြည့်သည့် အကြည့်များမှာ ပြောင်းလဲသွားသည်။ ယခင်က သူမမျက်လုံးထဲတွင် ချန်အန်မှာ သာမန်ကျင့်ကြံသူလေး တစ်ဦးသာ ဖြစ်သော်လည်း ယခုမူ ချန်အန်၏ ရုပ်ရည်က သူမကို ဆွဲဆောင်နိုင်ရုံသာမက သူ၏ စွမ်းအားကပါ သူမကို ကျော်တက်ကာ အလွယ်တကူ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

ဤအရာအားလုံးမှာ တစ်နှစ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သဖြင့် မယုံနိုင်စရာပင် ကောင်းလှသည်။

​ချန်အန်က သူမ၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုကာ အပြစ်တင်သည့် လေသံဖြင့်

"ကျင့်ကြံသူရှန်း... ခုနက မင်း အရမ်း စိတ်လိုက်မာန်ပါ လုပ်လိုက်တာပဲ" ဟု ပြောလိုက်သည်။

​ထိုစကားကြောင့် ရှန်းချင်းယီမှာ အိမ်တော်ထိန်းကောင်းက မုဆိုးမကို နှောင့်ယှက်နေသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်လာကာ ဒေါသထွက်သွားသည်။

"အိမ်တော်ထိန်းကောင်းက အသေခံသင့်တဲ့ လူစားမျိုးပဲ" ဟု သူမက သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပြောလိုက်သည်။

​"အိမ်တော်ထိန်းကောင်းက သေသင့်တာ မှန်ပေမယ့် သူ့ကို သတ်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်း စဉ်းစားမိရဲ့လား" ချန်အန်က သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ကျင့်ကြံသးရှန်း... ဒီနေရာက 'သစ်သားနီတောအုပ်' ဖြစ်တယ်၊ မင်းထက် သန်မာတဲ့သူတွေ နေရာတိုင်းမှာ ရှိတယ်။ အကယ်၍ မင်းသာ အိမ်တော်ထိန်းကောင်းကို သတ်လိုက်ရင် အဲဒီနောက်ကွယ်က 'သွေးနီရောင်မီးဂိုဏ်း' ရဲ့ ရန်ကို မင်း ရင်ဆိုင်နိုင်မှာလား"

#(သွေးနီရောင်မီးဂိုဏ်းဟုပြောင်းလဲထား)

​ရှန်းချင်းယီက ဂရုမစိုက်ဟန်ဖြင့် "မရင်ဆိုင်နိုင်ရင်လည်း အလွန်ဆုံး သေရုံပေါ့" ဟု ဆိုသည်။

​ထိုစကားကြောင့် ချန်အန် မျက်မှောင်ကြုတ်သွားသည်။ သူ၏ လေသံမှာ အေးဆေးမနေတော့ဘဲ သူမအမည်ကို ခေါ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

"ရှန်းချင်းယီ... မင်းက အရမ်း အတ္တကြီးတာပဲ။ အိမ်တော်ထိန်းကောင်းကို သတ်လိုက်ရင် မင်းအတွက်တော့ ကျေနပ်စရာ ဖြစ်မှာပေါ့။ ဒါပေမဲ့ မင်း အခု ငါ့အိမ်မှာ နေနေတာကို မင်းစဉ်းစားမိလား။ မင်း အဲဒီလို လုပ်လိုက်ရင် ငါ့မိသားစုကိုပါ ဒုက္ခပေးသလို ဖြစ်လိမ့်မယ်။ ငါ့ရဲ့ ခံစားချက်နဲ့ ငါ့ဇနီးတွေ၊ သမီးလေးရဲ့ အန္တရာယ်ကိုရော မင်း ထည့်စဉ်းစားခဲ့ရဲ့လား"

​ချန်အန်၏ စကားလုံးများမှာ သူမ၏ နှလုံးသားကို ထိမှန်သွားသဖြင့် စိတ်ငြိမ်သွားသောအခါ ရှန်းချင်းယီမှာ ရှက်ရွံ့သွားသည်။

သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ "ဆေးဆရာချန်... ကျွန်မ စဉ်းစားမိတာ အားနည်းသွားပါတယ်။ ကျွန်မ အခုပဲ အိမ်ပေါ်က ဆင်းပေးပါ့မယ်၊ ရှင်တို့ မိသားစုကို ဒုက္ခမရောက်စေရပါဘူး" ဟု တောင်းပန်စကား ဆိုလိုက်သည်။

​ပြောပြောဆိုဆိုနှင့် သူမသည် အထုတ်အပိုးပြင်ရန် အခန်းထဲသို့ ဝင်သွားသည်။ ချန်အန်က နောက်က လိုက်ဝင်သွားပြီး သူမကို ပွေ့ချီကာ ကုတင်ပေါ်သို့ လှဲချလိုက်သည်။ သူမကို အုပ်မိုးကြည့်ရင်း "မင်း ဒီမိသားစုကနေ တကယ်ပဲ ထွက်သွားရက်လို့လား" ဟု မေးလိုက်သည်။

​"မထွက်သွားချင်ပေမယ့် ကျွန်မမှာ ရွေးချယ်စရာ မရှိဘူးလေ" ရှန်းချင်းယီမှာ ချန်အန်၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ မျက်နှာလွှဲထားမိသည်။

​ချန်အန်က ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းငုံ့ကာ သူမကို နမ်းရှိုက်လိုက်သည်။ အတော်ကြာမှ သူက "ဘာလို့ ရွေးချယ်စရာ မရှိရမှာလဲ" ဟု ထပ်မေးသည်။

ရှန်းချင်းယီ၏ မျက်နှာမှာ ပူထူနေပြီး အသက်ရှူသံများ ပြင်းထန်နေသည်။ အသက်ရှူမှားလောက်သည့် အနမ်းကြောင့် သူမမှာ ရင်ခုန်သံများ မငြိမ်မသက် ဖြစ်နေရသည်။

​သူမက ချန်အန်ကို ပြန်ကြည့်ကာ "ဆေးဆရာချန်... ကျွန်မ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မှာ မဟုတ်ဘူး။ မတရားတာ မြင်ရင် မနေနိုင်သလို၊ လူဆိုးတွေကို နှိမ်နင်းချင်တဲ့စိတ်ကိုလည်း တားလို့မရဘူး။ အဲဒီတော့ ဒီအိမ်မှာ ဆက်နေရင် တစ်နေ့မဟုတ် တစ်နေ့ ရှင်တို့ မိသားစုကို ဒုက္ခပေးမိမှာ အမှန်ပဲ"

​"ဒါဆိုရင်လည်း နောက်ဆို အပြင်ထွက်တာ လျှော့ပြီး အိမ်မှာပဲ နေလေ၊ မမြင်ရင် စိတ်မညစ်ရတော့ဘူးပေါ့"

​"ဒါပေမဲ့ ကျွန်မ မလုပ်နိုင်ဘူးလေ"

​"ရပါတယ်... မင်း မလုပ်နိုင်ရင် ငါကူညီပေးမယ်"

​ချန်အန်က ထိုသို့ပြောရင်း ရှန်းချင်းယီ၏ ခါးပတ်ကို ဖြုတ်လိုက်ကာ စကားဖြင့် ပြောမည့်အစား လက်တွေ့ လုပ်ဆောင်ချက်ဖြင့်သာ နားချရန် ဆုံးဖြတ်လိုက်သည်။ ရှန်းချင်းယီကလည်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။

​နှစ်နာရီခန့် ကြာပြီးနောက်...

[ဓားအတတ် +၁၊ သတ္တုဓာတ် ဝိညာဉ်အမြုတေ ကျွမ်းကျင်မှု +၁] x ၉

​ချန်အန်သည် သူ့ရင်ခွင်ထဲရှိ ရှန်းချင်းယီ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို သပ်တင်ပေးရင်း "ရှန်းအာ... အခုကော မင်း ထိန်းနိုင်ပြီလား" ဟု ညင်သာစွာ မေးလိုက်သည်။

​"ကျွန်မ... ကျွန်မလည်း မသိတော့ဘူး"

​ရှန်းချင်းယီ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ သူမသည် မတရားမှုကို ဆက်လက် တိုက်ဖျက်ချင်သော်လည်း ဤမိသားစုနှင့် ချန်အန်ပေးသော နွေးထွေးမှုများကိုလည်း လက်မလွှတ်ချင်ပေ။

ချန်အန်က ခဏတာ တိတ်ဆိတ်သွားပြီးမှ

"ဘယ်အရာမဆို စတင်ရတာ ခက်ခဲတတ်ပါတယ်။ အရင်ဆုံး ကြိုးစားကြည့်ပါဦး၊ မင်း လုပ်နိုင်မှာပါ" ဟု အားပေးလိုက်ရာ သူမကလည်း တိုးညင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။

​နာရီဝက်ခွဲခန့် ကြာပြီးနောက် ဝမ်ကျိယန်၏ အခန်းအတွင်း...

ချန်အန်သည် သူ၏ စိတ်အာရုံကို အသုံးပြုကာ ဝမ်ကျိယန်၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်၏ အခြေအနေကို စစ်ဆေးနေသည်။

​"ယောက်ျား.. ကလေးလေးက ဘယ်လိုနေလဲ"

​"အရာအားလုံး ပုံမှန်ပါပဲ မိန်းမ"

​"ပုံမှန်ပဲ... ပုံမှန်ပဲနဲ့၊ အခုဆို ၁၁ လတောင် ရှိနေပြီလေ၊ ဘာလို့ ကလေးက လူ့လောကထဲ ထွက်မလာသေးတာလဲ"

​ဝမ်ကျိယန်မှာ အလွန်ပင် စိုးရိမ်နေရသည်။ သူမမှာ စိတ်ပူလွန်းသဖြင့် ရက်အတော်ကြာ အိပ်မပျော်နိုင် ဖြစ်နေသည်။ ချန်အန်က နေ့တိုင်း စစ်ဆေးပေးသော်လည်း ကလေးမှာ ကျန်းမာနေကြောင်းနှင့် ဘာကြောင့် မမွေးသေးသည်ကို အဖြေရှာမရဘဲ ဖြစ်နေသည်။

​"ယန်အာ... အရမ်း စိတ်မပူပါနဲ့။ ငါတို့ကလေးက ထူးခြားတဲ့ ပါရမီပါလာလို့ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ အချိန်ပိုယူနေတာ ဖြစ်မှာပေါ့" ချန်အန်က ချော့မော့ပြောသော်လည်း ဝမ်ကျိယန်မှာတော့ စိတ်မသက်သာနိုင်သေးပေ။

​"ယန်အာ... မင်း အိပ်ရေးပျက်နေတာ ကြာပြီ၊ အခု အနားယူလိုက်တော့နော်" ချန်အန်က ပြောသော်လည်း သူမက အိပ်မပျော်ဟု ဆိုသဖြင့် သူက "အိပ်မွေ့ချ ဂါထာ" ကို အသုံးပြုကာ သူမကို အိပ်ပျော်သွားစေလိုက်သည်။

​ထို့နောက် ချန်အန်သည် သူဖော်စပ်ထားသော ဆေးလုံးများကို သွားရောက်ရောင်းချရန် အိမ်ပြင်သို့ ထွက်လာခဲ့သည်။

လမ်းတွင် မြို့ခံအချို့ ပြောဆိုနေကြသည်ကို သူကြားလိုက်ရသည်။ 'ဆေးဖက်ဝင် အပင်လမ်းကြား' တွင် မျက်နှာဖုံးစွပ် သူရဲကောင်းတစ်ဦး ပေါ်ပေါက်နေပြီး 'သွေးနီရောင်မီးဂိုဏ်း' ၏ အနိုင်ကျင့်ခြင်း ခံနေရသူများကို ကူညီပေးနေကြောင်း၊ လူဆိုးများကို ပညာပေးကာ မောင်းထုတ်နေကြောင်း သတင်းများ ပျံ့နှံ့နေသည်။

​ချန်အန်သည် ထိုသူရဲကောင်း၏ လုပ်ရပ်မှာ ရှန်းချင်းယီနှင့် အလွန်တူနေသဖြင့် သံသယဝင်သွားသည်။ သို့သော် ရှန်းချင်းယီမှာ လွန်ခဲ့သော ရက်ဝက်လုံးလုံး အိမ်မှာပဲ ရှိနေသဖြင့် သူမ မဖြစ်နိုင်ဟု ပြန်တွေးမိသည်။

​မကြာမီ ချန်အန်သည် 'ချင်း ကုန်သွယ်ရေးကုမ္ပဏီ' သို့ ရောက်ရှိသွားသည်။ ဆိုင်ဝန်ထမ်း အမျိုးသမီးက သူ့ကို နွေးထွေးစွာ ကြိုဆိုသည်။ ထိုအမျိုးသမီးမှာ ယခင်က လက်ဖွာခဲ့သော ချန်အန်ကို ပြန်တွေ့ရသဖြင့် အလွန်ဝမ်းသာနေသည်။

​"ကျွန်တော် ဆေးလုံးတွေ လာရောင်းတာပါ" ဟု ချန်အန်က ပြောလိုက်သောအခါ သူမက အံ့ဩသွားသည်။ ချန်အန်သည် 'ဒုတိယအဆင့် ဆေးဆရာ' တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ ပို၍ပင် လေးစားသွားသည်။

​ထိုအမျိုးသမီးမှာ ဝန်ထမ်းတစ်ဦး မဟုတ်ဘဲ သစ်သားနီတောအုပ်ရှိ အထင်ကရမိသားစုမှ သမီးဖြစ်သူ 'ဆိုင်ရှင်ချင်း' ဖြစ်ကြောင်း ချန်အန် သိလိုက်ရသည်။ သူမသည် ချန်အန်၏ ဆေးလုံး ၅၀ ကို စစ်ဆေးပြီးနောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးဖြင့် ဝယ်ယူလိုက်သည်။

​ချန်အန်သည် အရောင်းအဝယ် ပြုလုပ်ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ လမ်းတွင် မြို့ခံများက မျက်နှာဖုံးစွပ် သူရဲကောင်းမလေးအကြောင်း ထပ်မံ ပြောဆိုနေကြပြန်သည်။

​"အမျိုးသမီး ကျင့်ကြံသူလား"

"ဓားသိုင်းကလည်း အရမ်းတော်တာလား"

​ချန်အန်၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ တိုးလာသည်။ ထိုမျက်နှာဖုံးစွပ် သူရဲကောင်းမလေးမှာ ရှန်းချင်းယီ ဖြစ်နေမည်ကို သူ ပို၍ သေချာလာသယောင် ရှိတော့သည်။

.....................................................

အခန်း (၁၂၂) - ရှန်းချင်းယီ၏ ပြောင်းလဲမှု

​"ဖေဖေ..."

​ချန်အန်သည် ဓားပျံစီးနင်းကာ အိမ်အပေါ်သို့ ပျံသန်းလာစဉ် မြေပြင်ပေါ်သို့ မဆင်းသက်မီမှာပင် အောက်ဘက်ခြံဝင်းအတွင်းမှ သမီးဖြစ်သူ၏ အော်ဟစ်နှုတ်ဆက်သံကို ကြားလိုက်ရသည်။ အထူးတလည် ပြောနေစရာပင် မလိုတော့ဘဲ သမီးလေးမှာ ဓားပျံ ထပ်စီးချင်နေသည်မှာ သေချာလှသည်။

​ဓားပျံသည် မြေပြင်နှင့် မီတာအနည်းငယ်အကွာသို့ ရောက်ရှိလာသောအခါ ချန်အန်က စိတ်အာရုံကို အသုံးပြုကာ အောက်မှ သမီးလေးကို လှမ်းပွေ့လိုက်ပြီး သူ့ရှေ့တွင် ထိုင်စေလိုက်သည်။

"ဖေဖေ့ ပေါင်ကို တင်းတင်းဖက်ထားဦးနော်၊ ဖေဖေ အရှိန်မြှင့်တော့မယ်" ဟု သူက ပြောလိုက်သည်။

​"တင်းတင်းဖက်ထားတယ်"

ချန်ယုကျန်းက ပြတ်ပြတ်သားသား ပြန်ဖြေသည်။

​ချန်အန်က ပြုံးလျက် သမီးလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် စိတ်အာရုံကို မြှင့်တင်ကာ တောင်ဘက် လမ်းကြားတစ်ခုလုံး၏ ကောင်းကင်ယံထက်တွင် တစ်ပတ်ပတ်၍ လိုက်ပို့ပေးလိုက်သည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက် သားအဖနှစ်ယောက် အိမ်သို့ ပြန်လည် ဆင်းသက်လာခဲ့ကြသည်။

​"ယောက်ျား... ကျမ ဝိညာဉ်မုန့်တွေ လုပ်ထားတယ်၊ ယုကျန်းလေးကို ခေါ်ပြီး မြန်မြန်လာစားကြဦး"

​ဂူရှင်းယွဲ့က အိမ်ရှေ့တွင် ရပ်ကာ ခြံထဲရှိ သားအဖနှစ်ယောက်ကို ညင်သာစွာ လှမ်းခေါ်လိုက်သည်။ ချန်အန်က သမီးလေးကို ပွေ့ချီကာ "သွားကြစို့... မေမေဂူ လုပ်ထားတဲ့ ဝိညာဉ်မုန့်တွေ သွားစားရအောင်" ဟု ပြောလိုက်ရာ ချန်ယုကျန်း၏ မျက်နှာလေးမှာ အပြုံးများဖြင့် ပြည့်နှက်သွားတော့သည်။

​ဧည့်ခန်းမဆောင်အတွင်း၌ မိသားစုဝင်များ စုံစုံလင်လင် ထိုင်ကာ မုန့်စားနေကြသည်။ ထိုအထဲတွင် ရှန်းချင်းယီလည်း ပါဝင်နေသည်။

သူမသည် လက်ထပ်ရန် သို့မဟုတ် မယားငယ်အဖြစ် နေရန် ငြင်းဆန်ထားသော်လည်း အိမ်ရှိလူကုန်က သူမကို လူစိမ်းလို သဘောမထားဘဲ မိသားစုဝင်တစ်ဦးအဖြစ် လက်ခံထားကြပြီး ဖြစ်သည်။ မယားငယ်ဆိုသည့် အခေါ်အဝေါ်မှာ အခွံသက်သက်သာ ဖြစ်ပြီး အမှန်တကယ်တွင်မူ ရှန်းချင်းယီနှင့် ချန်အန်၏ ဆက်ဆံရေးမှာ လင်မယားနှင့် မခြားနားတော့ပေ။

​"ယောက်ျား... ဒီလက်ပတ်ကြိုးလေးက ယောက်ျားအတွက်"

​ဘေးတွင် ထိုင်နေသော ဆောင်ဟွာယင်းက သူမ၏ အင်္ကျီလက်ထဲမှ ကြမ်းတမ်းတမ်း လက်ပတ်ကြိုးတစ်ချောင်းကို ထုတ်ကာ ချန်အန်အား ချိုသာစွာ ပေးလိုက်သည်။ ချန်အန်က ကြိုးကို လှမ်းယူကြည့်လိုက်သောအခါ အဖုအထစ်များဖြင့် ကြမ်းတမ်းနေသော မျက်နှာပြင်ကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။

​လက်ရာက ညံ့လွန်းလှသဖြင့် ဤကြိုးမှာ ဘယ်က ရောက်လာသနည်းဟု သူ တွေးတောမိသည်။ သူ့ဇနီး လုပ်ပေးတာများလား မဖြစ်နိုင်ပေ။ သူ့ဇနီးမှာ ထက်မြက်ပြီး လက်ရာလက်သား ကောင်းမွန်သူဖြစ်ရာ ဤမျှ ညံ့ဖျင်းသည့် လက်ရာမျိုး မရှိနိုင်။

​ချန်အန်က နားမလည်နိုင်ဘဲ "ဟွာယင်း... ဒီကြိုးက ဘယ်ကလဲ" ဟု မေးလိုက်သည်။

​"ခန့်မှန်းကြည့်လေ..." ဆောင်ဟွာယင်းက နောက်ပြောင်သလို ပြောသည်။

​ချန်အန် ခန့်မှန်းရန် ပြင်လိုက်စဉ်မှာပင် သမီးဖြစ်သူက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ ချက်ချင်း သဘောပေါက်သွားကာ ပြုံးလျက် "ဒီလောက် အနုပညာမြောက်တဲ့ လက်ပတ်ကြိုးမျိုးကတော့ ငါ့ရဲ့ ထက်မြက်တဲ့ သမီးလေး ယုကျန်း လက်ရာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား" ဟု ပြောလိုက်သည်။

​"မှန်သွားပြီ ယောက်ျားက တကယ် တော်တာပဲ"

ဆောင်ဟွာယင်းက အထင်ကြီး လေးစားဟန်ဖြင့် ပြောလိုက်သည်။ ဤအမူအရာမှာ ၃၀ ရာခိုင်နှုန်းက အမှန်တကယ် ဖြစ်သော်လည်း ၇၀ ရာခိုင်နှုန်းကတော့ ခင်ပွန်းဖြစ်သူကို စိတ်ချမ်းသာအောင် မြှောက်ပင့်ပြောဆိုခြင်းသာ ဖြစ်သည်။

​တစ်ဖက်တွင်မူ ချန်ယုကျန်းမှာတော့ ရိုးသားဖြူစင်သည့် အပြုံးဖြင့် ရှိနေသည်။ ဖခင်၏ ချီးမွမ်းစကားကို ကြားရသောအခါ သူမ၏ မျက်နှာလေးမှာ ပွင့်အာနေသော ပန်းတစ်ပွင့်ပမာ လင်းလက်သွားပြီး စားပွဲအောက်ရှိ ခြေထောက်လေးများကို စိတ်လှုပ်ရှားစွာ ယမ်းခါနေတော့သည်။

​"ဖေဖေ... ဒါ သမီးလုပ်ထားတဲ့ လက်ပတ်ကြိုး၊ ဖေဖေ ကြိုက်ရဲ့လား"

​"ကြိုက်တာပေါ့... ဖေဖေက လက်ပတ်ကြိုးကိုလည်း ကြိုက်တယ်၊ သမီးလေး ယုကျန်းကို ပိုတောင် ကြိုက်သေးတယ်။ လာ... ဖေဖေ ဆုချမယ်" ချန်အန်က ပြောပြောဆိုဆိုနှင့် သမီးလေး၏ ပါးပြင်ကို နမ်းလိုက်ရာ သမီးလေးမှာ အလွန်ပင် ပျော်ရွှင်သွားတော့သည်။

​မုန့်စားပြီးနောက် မိသားစုဝင်များမှာ ကိုယ့်အလုပ်ကိုယ် လုပ်ရန် လူခွဲလိုက်ကြသည်။ ဆောင်ဟွာယင်းက သမီးလေးကို ပညာသင်ပေးရန် အခန်းထဲသို့ ခေါ်သွားသည်။ သူမသည် သမီးဖြစ်သူကို အတတ်ပညာနှင့် အလှအပ ပြည့်စုံသော နတ်သမီးလေး တစ်ပါးဖြစ်အောင် ပြုစုပျိုးထောင်လိုသည်။

​ဂူရှင်းယွဲ့က စားပွဲများကို သိမ်းဆည်းပြီးနောက် မီးဖိုချောင်တွင် ဟင်းချက်နည်းအသစ်များကို လေ့လာနေသည်။ ဝမ်ကျိယန်ကတော့ နားနေရန် အခန်းထဲသို့ ပြန်သွားသည်။

သူမ၏ ဝမ်းဗိုက်ထဲမှ ဝန်ထုပ်ဝန်ပိုးမှာ တစ်နေ့ထက်တစ်နေ့ လေးလံလာကာ အိပ်ငိုက်လာသော်လည်း အိပ်မပျော်နိုင်ဘဲ လူမှာ ပင်ပန်းနွမ်းနယ်နေရသည်။ ရှန်းချင်းယီကတော့ ကျင့်ကြံရန် သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားသည်။

​ချန်အန်သည် ဆေးလုံးဖော်စပ်ရန်နှင့် ဝိညာဉ်ကျောက်တုံးများ ရရှိရန် ဆေးခန်းထဲသို့ ဝင်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း ညသို့ ရောက်ရှိလာခဲ့သည်။

ချန်အန်သည် ဆေးခန်းထဲမှ ထွက်လာကာ ဝမ်ကျိယန်၏ အခြေအနေကို သွားကြည့်သည်။

​"ယန်အာ... အခုထိ အိပ်မပျော်သေးဘူးလား"

​ဝမ်ကျိယန်မှာ ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်ကာ အိပ်မပျော်နိုင် ဖြစ်နေသည်ကို မြင်သောအခါ ချန်အန်က ကုတင်ဘေးတွင် ထိုင်လျက် စိုးရိမ်တကြီး မေးလိုက်သည်။ ဝမ်ကျိယန်က ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ပင်ပန်းနွမ်းနယ်သော အမူအရာဖြင့်

"ယောက်ျား... အခုဆို အိပ်ရတာ အရမ်းခက်နေပြီ၊ စိတ်ထဲမှာလည်း တဂယောင်ဂယောင်နဲ့ စိုးရိမ်နေမိတယ်" ဟု ဆိုသည်။

​"ရပါတယ်... ယောက်ျားအတူအိပ်ပေးမယ်လေ"

​"ယောက်ျား. ကျမကို အိပ်မွေ့ချ ဂါထာပဲ တိုက်ရိုက် သုံးပေးပါလား၊ ကျမ တကယ် ပင်ပန်းနေပြီ၊ ဒါပေမဲ့ အိပ်လို့ကို မရဘူး ဖြစ်နေတယ်"

​"အဲဒါလည်း ကောင်းတာပဲ" ချန်အန်က ဝမ်ကျိယန်ကို အိပ်မွေ့ချ ဂါထာ သုံးလိုက်ရာ သူမသည် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။ သူသည် သူမ၏ အိပ်စက်သည့် ပုံစံကို ပြုပြင်ပေးကာ စောင်ပါးလေး တစ်ထည် ခြုံပေးလိုက်သည်။

​သူမ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို ကြည့်ရင်း ချန်အန် စိုးရိမ်စိတ်များ ဝင်လာသည်။ 'ဒီမိန်းမဗိုက်ထဲက ကလေးက ဘာဖြစ်နေတာလဲ၊ ၁၁ လ ရှိနေပြီကို ဘာလို့ မမွေးသေးတာလဲ၊ ငါ့ကလေးက နတ်ဘုရား နီကျားများလား' ဟုပင် တွေးမိသည်။ သို့သော် အလွန်အကျွံ တွေးတောခြင်းက ပို၍ စိတ်ပူရုံသာ ရှိသဖြင့် သဘာဝအတိုင်းသာ လွှတ်ထားရန် ဆုံးဖြတ်လိုက်သည်။

​ထို့နောက် သူသည် ရှန်းချင်းယီ၏ အခန်းသို့ သွားကာ ယနေ့ကြားခဲ့သော မျက်နှာဖုံးစွပ် သူရဲကောင်းမလေးအကြောင်း ပြောပြရန် ပြင်လိုက်သည်။ သို့သော် တံခါးကို တွန်းဖွင့်လိုက်သောအခါ အခန်းထဲတွင် ဘယ်သူမှ မရှိသည်ကို တွေ့လိုက်ရသည်။ ချန်အန် မျက်မှောင်ကြုတ်သွားသည်။ ထိုသူရဲကောင်းမလေးမှာ ရှန်းချင်းယီ ဖြစ်နေမည်ကို သူ ပို၍ သေချာသွားသည်။

​ချန်အန်သည် အိမ်တစ်အိမ်လုံးတွင် သူမကို လိုက်ရှာသည်။ ရှန်းချင်းယီတွင် စိတ်အာရုံကို ဖုံးကွယ်ထားနိုင်သော ကိရိယာ ရှိသဖြင့် ရှာရခက်လှသည်။ ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်းနှင့် အခြားအခန်းများကို ရှာသော်လည်း မတွေ့ပေ။ ထိုအချိန်မှာပင် ခြံဝင်းအတွင်းသို့ ဓားပျံဆင်းသက်သံ တိုးတိုးလေး ကြားလိုက်ရသည်။

​ချန်အန်သည် သူ၏ အရှိန်အဝါကို ဖျောက်ကာ ရှန်းချင်းယီ၏ အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်စောင့်နေလိုက်သည်။

မကြာမီ ပြတင်းပေါက်မှ လှုပ်ရှားသံ ကြားလိုက်ရသည်။ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ပုဝါဖြူဖြင့် အုပ်ထားသော ရှန်းချင်းယီမှာ သူခိုးတစ်ယောက်လို ပြတင်းပေါက်မှ ခိုးဝင်လာခြင်း ဖြစ်သည်။

​"ရှန်းအာ... မင်းက သူရဲကောင်း ပီသတဲ့ နတ်သမီးတစ်ပါးပဲ၊ ဘာလို့ ကိုယ့်အခန်းကို သူခိုးလို ခိုးဝင်နေရတာလဲ" ချန်အန်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

​ရှန်းချင်းယီမှာ လန့်ဖျန့်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ကုတင်ပေါ်တွင် ထိုင်နေသော ချန်အန်ကို မြင်သောအခါ သူမ ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။

​"လာ... ဒီမှာ ထိုင်"

​"ကောင်းပါပြီ" ရှန်းချင်းယီက အသာအယာ လမ်းလျှောက်လာကာ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ သူမသည် ချန်အန်နှင့် အနည်းငယ် အကွာတွင် ခပ်ခွာခွာ ထိုင်နေသည်။

​ချန်အန်က စိတ်လှုပ်ရှားစွာ မမေးဘဲ တည်ငြိမ်စွာပင် "ရှန်းအာ... ခုနက ဘယ်သွားနေတာလဲ" ဟု မေးလိုက်သည်။ ရှန်းချင်းယီက ခဏတာ တိတ်ဆိတ်နေပြီးမှ "ကျွန်မ အပြင်ထွက်ပြီး လူဆိုးတွေကို သွားနှိမ်နင်းနေတာပါ" ဟု ပြန်ဖြေသည်။

​"အဲဒါကို တကယ်ပဲ မနေနိုင်ဘူးလား" ချန်အန်က လူတစ်ယောက်သည် အဘယ်ကြောင့် လူဆိုးနှိမ်နင်းရန် ဤမျှ စွဲလမ်းနေရသည်ကို နားမလည်နိုင် ဖြစ်နေသည်။

​ရှန်းချင်းယီက ခေါင်းငုံ့ကာ "ဆေးဆရာချန်... ကျွန်မ အပြင်ထွက်ပြီး လူဆိုးတွေကို နှိမ်နင်းပေမယ့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ထိန်းပါတယ်။ လူတွေကို ဒဏ်ရာပဲ ပေးတယ်၊ အသက်ကိုတော့ မသတ်ပါဘူး" ဟု ကလေးတစ်ယောက် အမှားလုပ်ထားသလို တိုးညင်းစွာ ရှင်းပြသည်။

​"ရှန်းအာ... မင်း နှိမ်နင်းနေတဲ့သူတွေက 'သွေးရောင်မီးနီဂိုဏ်း' က လူတွေလေ။ ဒဏ်ရာပေးတာနဲ့ သတ်တာက သိပ်ပြီး မထူးခြားလှဘူး။ သူတို့က ဒီရပ်ကွက်ကို အသစ်အုပ်ချုပ်နေတာဆိုတော့ အာဏာပြချင်နေကြမှာပဲ။ မင်းရဲ့ လုပ်ရပ်က သူတို့ကို တော်လှန်နေတာနဲ့ အတူတူပဲ။ မင်းက သူတို့ကို မသတ်ဘဲ ဒဏ်ရာပဲ ပေးလို့ သူတို့က မင်းကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား"

​ချန်အန် သိသလို ရှန်းချင်းယီလည်း သိသည်။

အဖြေမှာ "မဖြစ်နိုင်" ဟုသာ ဖြစ်သည်။ ထို့ကြောင့် သူမ တိတ်ဆိတ်သွားသည်။

​ချန်အန်က စိတ်ပျက်လက်ပျက်ဖြင့် "ရှန်းအာ... မင်းမှာ လုံလောက်တဲ့ အင်အားမရှိဘဲနဲ့ ဒီလိုတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါတို့ လမ်းခွဲကြရုံပဲ ရှိတော့မယ်" ဟု ဆိုသည်။

သူသည် ဤမိသားစုကို ဘေးဒုက္ခ မရောက်စေလိုပေ။

​အခန်းထဲတွင် ရှန်းချင်းယီ တစ်ယောက်တည်း ကျန်ရစ်ခဲ့ကာ စိတ်မသက်မသာ ဖြစ်နေရသည်။ သူမ ပြောင်းလဲသွားပြီ ဖြစ်သည်။

ချန်အန်၏ အမြင်ကို သူမ ဂရုစိုက်လာမိသည်။ ဤအရာမှာ အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လာသော သံယောဇဉ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။

​ရက်ဝက်ခန့် ကြာပြီးနောက် ဆက်ကြေးပေးရမည့် အချိန် ရောက်လာပြန်သည်။ အိမ်တော်ထိန်းကောင်း ရောက်လာသောအခါ ချန်အန်က ဝိညာဉ်ကျောက်တုံးများ ထုတ်ပေးသည်။ ရှန်းချင်းယီကလည်း နောက်မှ လိုက်လာသည်။ ယခုတစ်ကြိမ်တွင် ချန်အန်က အပိုလက်ဆောင် မပေးတော့ဘဲ သတ်မှတ်ထားသည့် ကျောက်တုံးများကိုသာ ပေးလိုက်သည်။ အိမ်တော်ထိန်းကောင်းကလည်း ဘာမှမပြောဘဲ ကျောက်တုံးများကို ယူကာ လှည့်ထွက်သွားသည်။

​ချန်အန်နှင့် ရှန်းချင်းယီတို့သည် အိမ်ထဲသို့ ချက်ချင်း မဝင်သေးဘဲ အိမ်တော်ထိန်းကောင်းက အခြားအိမ်များမှ ဆက်ကြေးကောက်နေသည်ကို ကြည့်နေကြသည်။

အိမ်တော်ထိန်းကောင်းမှာ အကျင့်မပျောက်ဘဲ လမ်းထိပ်ရှိ ဝိညာဉ်သစ်သီးရောင်းသည့် မုဆိုးမကို ထပ်မံ နှောင့်ယှက်နေပြန်သည်။

​ချန်အန်သည် မုဆိုးမကို ကြည့်နေသော်လည်း အကြည့်တစ်ဝက်က ရှန်းချင်းယီဆီမှာ ဖြစ်သည်။ သူမ ဘာမှ မတုံ့ပြန်ဘဲ တည်ငြိမ်စွာ ကြည့်နေသည်ကို တွေ့ရသောအခါ ချန်အန် စိတ်သက်သာရာရကာ သူမ၏ ခါးလေးကို ဖက်လျက် "ရှန်းအာ... အိမ်ထဲ ပြန်ရအောင်" ဟု ညင်သာစွာ ပြောလိုက်သည်။

​"ကောင်းပါပြီ"

​အိမ်ထဲသို့ ပြန်ဝင်လာသည့် လမ်းတစ်လျှောက်တွင် ရှန်းချင်းယီ၏ လက်တစ်ဖက်မှာ ဓားရိုးပေါ်တွင် ရှိနေဆဲပင်။ သူမသည် တိုက်ခိုက်လိုစိတ်ကို အစွမ်းကုန် ထိန်းချုပ်နေရသည်မှာ ထင်ရှားလှသည်။

​ချန်အန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။ "ရှန်းအာ.. အဲဒီမုဆိုးမအတွက် အရမ်း စိတ်မပူပါနဲ့။ မင်း ဝင်မပါရင် သူမက အနှောင့်အယှက် ခံရရုံပဲ ရှိမယ်၊ ဒါပေမဲ့ မင်း ဝင်ပါလိုက်ရင် သူမ အသက်အန္တရာယ်ပါ စိုးရိမ်ရလိမ့်မယ်"

​ရှန်းချင်းယီက နှုတ်ခမ်းကို တင်းတင်းစေ့ကာ "ဆေးဆရာချန်... ရှင်ပြောတာ မှန်ပါတယ်" ဟု ဝန်ခံလိုက်သည်။

​ထိုစကားကြောင့် ချန်အန်၏ မျက်နှာတွင် စိတ်အေးသွားသည့် အပြုံးတစ်ခု ပေါ်လာသည်။ ရှန်းချင်းယီ၏ မတရားမှုကို မနေနိုင်မထိုင်နိုင် နှိမ်နင်းလိုသည့် စွဲလမ်းစိတ်မှာ နောက်ဆုံးတွင်တော့ တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

......................................................

All Chapters