အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း (၁၂၇) - ဆောင်ဟွာယင်း၏ သွေးမျိုးဆက်ကို ပြောင်းလဲခြင်း (၂)
ချန်အန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
ဝမ်ကျိယန်သည် ထိုစကားကို ကြားသောအခါ မပြုံးဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူမက ခဏမျှ စဉ်းစားပြီးမှ ဆိုသည်။
"ဒီဖိုင့်ဖိုင့်လေးကို ကျမ တစ်နှစ်လုံးလုံး ဗိုက်ထဲမှာ လွယ်ထားခဲ့ရတာ"
"ပြီးတော့ ဒီကုန်လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ ငါတို့မိသားစုလည်း အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတယ်"
"ဒါကြောင့် သူမကို အဲဒီအဓိပ္ပာယ်နဲ့ ဆင်တူတဲ့ နာမည်လေး ပေးချင်တယ်"
"သူမကို 'ချန်ယီခဲ့လို့ ခေါ်ကြစို့"
"'ယီ' က နံပါတ်တစ် (၁) နဲ့ အသံထွက်တူတယ်၊ 'ခဲ့' ကတော့ အခက်အခဲတွေကို ကျော်လွှားနိုင်ခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ အသံဆင်တူတယ်လေ"
"ယောက်ျား... ဒီနာမည်ကို ဘယ်လိုသဘောရလဲဟင်"
ဝမ်ကျိယန်သည် ဤနာမည်ကို အလွန်သဘောကျနေပြီး နားဝင်ပီသသည်ဟု ထင်မြင်နေသည်။ သူမကိုယ်တိုင် နာမည်ပေးခွင့် ရထားသော်လည်း နောက်ဆုံးတွင်တော့ ချန်အန်၏ သဘောထားကို မေးမြန်းနေမိခြင်း ဖြစ်သည်။
ချန်အန်တွင် ကန့်ကွက်စရာ မရှိပေ။ သူက ထောက်ခံသည့် အမူအရာဖြင့် "ချန်ယီခဲ့... နာမည်လေးက မဆိုးဘူးပဲ။ အဓိပ္ပာယ်လည်း ရှိသလို နားထောင်လို့လည်း ကောင်းတယ်။ ယန်အာက တကယ့်ကို ပါရမီရှင်ပဲ"
ဟု ချီးကျူးလိုက်သည်။
"အစ်မဝမ်... ဒီနာမည်လေးက တကယ်ကို လှတယ်။ နတ်သမီးလေး နာမည်နဲ့ တူတယ်နော်။ ယီခေါ့လေး ကြီးလာရင် အစ်မဝမ်လိုပဲ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး ဖြစ်မှာ သေချာတယ်"
ဆောင်ဟွာယင်းက ဂူရှင်းယွဲ့ကို လက်တို့ကာ "အစ်မဂူ... အစ်မရော အဲဒီလို မထင်ဘူးလား" ဟု မေးလိုက်သည်။
ဂူရှင်းယွဲ့က ခေါင်းညိတ်ကာ "ဟုတ်တယ်... ချန်ယီခဲ့ ဆိုတဲ့ နာမည်လေးက အရမ်း နားဝင်ချိုတယ်" ဟု ဆိုသည်။
ရှန်းချင်းယီကလည်း "ကျွန်မလည်း မဆိုးဘူးလို့ ထင်ပါတယ်" ဟု ပြောလိုက်သည်။
အားလုံးက သဘောတူကြသည်ကို မြင်သောအခါ ဝမ်ကျိယန်က ပြုံးလျက် ဆုံးဖြတ်လိုက်သည်။ "အားလုံးက ဒီနာမည်ကို သဘောကျကြတယ်ဆိုတော့... ငါ့ရဲ့ ရွှေတုံးမလေးကို ဒီနေ့ကစပြီး 'ချန်ယီခဲ့' လို့ မှည့်ခေါ်လိုက်မယ်"
ဝမ်ကျိယန် စကားပြောအပြီးမှာပင် ချန်အန်၏ မျက်စိရှေ့၌ အချက်အလက်ပြကွက်တစ်ခု ပေါ်လာပြန်သည်။
[အမည်: ချန်ယီခဲ့]
[ကျင့်ကြံမှု: မရှိသေး]
[ထူးခြားချက်: အံ့မခန်း နားလည်သဘောပေါက်မှု၊ အနှိုင်းမဲ့ သံမဏိခန္ဓာကိုယ်]
[ပတ်သက်မှု: ၀ ကြယ် (အဆင့်မသတ်မှတ်ရသေး)]
ဒါက... သူ့ရဲ့ ဒုတိယသမီးလေးရဲ့ အချက်အလက်တွေလား..
ချန်အန် မှင်တက်သွားမိသည်။ ထို့နောက် သူ၏ အကြည့်များက တတိယစာကြောင်းပေါ်သို့ ရောက်သွားသည်။
အံ့မခန်း နားလည်သဘောပေါက်မှု အနှိုင်းမဲ့ ခန္ဓာကိုယ်..
'ဒါက ငါ့သမီးလေး ကြီးလာရင် တိုက်ခိုက်ရေးစွမ်းရည် အဆမတန်မြင့်မားတဲ့ ထိပ်တန်းစစ်သည်တော်ကြီး ဖြစ်လာမှာကို ဆိုလိုတာလား' ဟု တွေးတောရင်း ချန်အန်မှာ ဝမ်းသာရမလို၊ စိုးရိမ်ရမလို ဖြစ်နေတော့သည်။
"ကဲ... အားလုံး အပြင်ထွက်ကြရအောင်။ အစ်မဝမ်က ယီခေါ့လေးကို မွေးဖို့ တစ်နေ့လုံး ပင်ပန်းထားတာဆိုတော့ အနားယူဖို့ အချိန်ပေးရမယ်လေ"
အချိန်တန်ပြီဟု ယူဆကာ ဆောင်ဟွာယင်းက အားလုံးကို အခန်းပြင်သို့ မောင်းထုတ်တော့သည်။ ချန်အန်က အခန်းထဲတွင် ဆက်နေချင်သော်လည်း ဝမ်ကျိယန်က သူမ တစ်ယောက်တည်း အေးအေးဆေးဆေး နားချင်သည်ဟု ဆိုကာ သူ့ကိုပါ ထွက်ခိုင်းလိုက်သည်။
ဝမ်ကျိယန်၏ အခန်းမှ ထွက်လာပြီးနောက် ချန်အန်သည် တန်းမနေဘဲ ဆေးခန်းထဲသို့ ဝင်သွားသည်။ စိတ်အာရုံကို အသုံးပြုကာ စနစ်မှ ဆုချထားသော သစ်သားသေတ္တာကို ထုတ်ယူလိုက်သည်။
"ဒီသေတ္တာထဲမှာ ဘယ်လို ရတနာမျိုး ရှိမလဲ မသိဘူး"
"ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးမယ့် ဆေးလုံးဆိုရင်တော့ သိပ်ကောင်းမှာပဲ"
ထိုသို့ မျှော်လင့်ချက်များဖြင့် ချန်အန်သည် သေတ္တာကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်သည်။ ထိုအခါ သူ၏ မျက်စိရှေ့တွင် အရောင်အသွေး စုံလင်သော သစ်သီးတစ်လုံး ပေါ်လာသည်။ ၎င်းမှာ ချယ်ရီသီးခန့်သာ ရှိသော်လည်း အခွံပေါ်တွင် ခရမ်းရောင် အငွေ့အသက်လေးများ ဝေ့ဝဲနေသည်။ ကြည့်ရုံနှင့်ပင် သာမန်သစ်သီးမဟုတ်ကြောင်း သိသာလှသည်။
ချန်အန်သည် ထိုအသီးကို သေတ္တာထဲမှ ထုတ်ယူလိုက်သောအခါ အချက်အလက်များ ထပ်မံပေါ်လာသည်။
[သွေးမျိုးဆက်သစ်သီး (Bloodline Fruit): သွေးမျိုးဆက်ဆိုသည်မှာ ရှေးဟောင်းအစွမ်းများကို ဆက်ခံနိုင်သည့် အရာဖြစ်သည်။ သက်ရှိတိုင်း၏ ခန္ဓာကိုယ်ထဲတွင် သွေးမျိုးဆက်များစွာ ရှိသော်လည်း အရွယ်ရောက်လာသောအခါ တစ်မျိုးတည်းကသာ အဓိက လွှမ်းမိုးသွားလေ့ရှိသည်။
ဤသွေးမျိုးဆက်သစ်သီးကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ကိန်းအောင်းနေသော လျှို့ဝှက်သွေးမျိုးဆက်တစ်ခုခုသို့ ကျပန်းပြောင်းလဲသွားစေနိုင်ပါသည်။]
ချန်အန်သည် ထိုရှင်းလင်းချက်ကို သေချာဖတ်လိုက်သည်။ အဆုံးတွင် သူ နားလည်လိုက်သည်မှာ ဤအသီးသည် သွေးမျိုးဆက်ကို ပြောင်းလဲပေးနိုင်ပြီး သက်ရှိတစ်ဦး၏ ပါရမီကို တစ်ကျော့ပြန် နိုးထလာစေနိုင်ခြင်းပင် ဖြစ်သည်။
တစ်ခုတည်းသော အားနည်းချက်မှာ ပြောင်းလဲမည့် သွေးမျိုးဆက်မှာ မိမိစိတ်ကြိုက် ရွေးချယ်၍မရဘဲ ကံတရားအပေါ်၌သာ မူတည်နေခြင်း ဖြစ်သည်။
ချန်အန် တွေးတောနေမိသည်။ လက်ရှိတွင် သူ၏ ကျင့်ကြံမှု ပါရမီမှာ အလွန်မြင့်မားနေပြီဖြစ်ပြီး တစ်နေ့ထက်တစ်နေ့လည်း လျင်မြန်စွာ တိုးတက်နေသည်။ ထို့ကြောင့် ဤအသီးကို သူစားရန် လိုအပ်ပါဦးမလား။ ခဏအကြာတွင် သူ၏ ဇနီးသည် ဆောင်ဟွာယင်းကို သတိရလိုက်သည်။
သူ့ဇနီးမှာ သာမန်လူသားတစ်ဦးသာ ဖြစ်နေဆဲ ဖြစ်သည်။ ဤသွေးမျိုးဆက်သစ်သီးမှာ သူမနှင့် ပို၍ သင့်တော်ပေလိမ့်မည်။
'ဟုတ်ပြီ... ဆုံးဖြတ်လိုက်ပြီ။ သူမကိုပဲ ကျွေးလိုက်မယ်' ဟု ချန်အန် စိတ်ပိုင်းဖြတ်လိုက်သည်။
ညစာစားချိန်။
ကလေးနှင့်အတူ အခန်းထဲတွင် အနားယူနေသော ဝမ်ကျိယန်မှလွဲ၍ ကျန်လူ ငါးဦးလုံး ဧည့်ခန်းတွင် ညစာစားနေကြသည်။ အားလုံး စုံနေစဉ်မှာပင် ချန်အန်က လက်ရှိ ကိုင်ထားသော တူကို ချလိုက်သည်။ စိတ်အာရုံဖြင့် သွေးမျိုးဆက်သီးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။
ထို့နောက် သူ၏ ဇနီးသုံးဦးကို ကြည့်ကာ ပြောလိုက်သည်။
"ဒီသေတ္တာထဲက အသီးက သက်ရှိတွေရဲ့ သွေးမျိုးဆက်ကို ပြောင်းလဲပေးနိုင်တဲ့ အသီးပဲ"
"ဒါကို ဟွာယင်းလေးကို ကျွေးဖို့ ငါ စဉ်းစားထားတယ်"
"ယန်အာကိုလည်း ပြောပြီးပြီ၊ သူမကတော့ ဘာမှ ကန့်ကွက်စရာ မရှိဘူး"
"မင်းတို့ သုံးယောက်ကော ဘယ်လိုထင်ကြလဲ"
ချန်အန်သည် အိမ်ထောင်ဦးစီး ဖြစ်သဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ဘယ်သူမှ မတားဆီးနိုင်သော်လည်း လေးစားမှုရှိသော ခင်ပွန်းတစ်ဦးအနေဖြင့် သူတို့၏ သဘောထားကို မေးမြန်းခြင်း ဖြစ်သည်။ ယခုအခါ ရှန်းချင်းယီသည်လည်း သူ၏ မယားငယ်တစ်ဦးကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။
ဇနီးသုံးဦးစလုံး စားပွဲပေါ်မှ သစ်သီးကို ဝိုင်းကြည့်လိုက်ကြသည်။ ရှန်းချင်းယီက အရင်ဆုံး စကားစသည်။ "ဆေးဆရာချန်... ကျွန်မရဲ့ သဘောထားကို မေးနေစရာ မလိုပါဘူး။ ဒီအသီးက ရှင့်ပစ္စည်းပဲ၊ ရှင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်"
ဂူရှင်းယွဲ့ကလည်း "ယောက်ျား... ကျမလည်း အတူတူပါပဲ" ဟု ထပ်လောင်းပြောသည်။
ဆောင်ဟွာယင်းမှာတော့ အလွန်အမင်း ဝမ်းသာသွားသလို အားလည်းနာနေမိသည်။ "ယောက်ျား... ဒီအသီးက ကြည့်ရတာ အရမ်းတန်ဖိုးရှိမယ့်ပုံပဲ။ ကျမက သာမန်လူတစ်ယောက်ပဲလေ၊ ကျမကို ကျွေးလိုက်ရင် နှမြောစရာ ဖြစ်မနေဘူးလား..."
သူမသည် ထိုအသီးကို စားချင်သော်လည်း မိမိကိုယ်ကိုယ် သာမန်လူတစ်ဦးဖြစ်နေသဖြင့် အားငယ်စိတ် ဝင်နေခြင်း ဖြစ်သည်။
ချန်အန်က သေတ္တာလေးကို ဆောင်ဟွာယင်းရှေ့သို့ အသာတိုးပေးလိုက်ကာ ညင်သာစွာ ဆိုသည်။
"မင်းက သာမန်လူ ဖြစ်နေလို့ကို ငါက မင်းကို ကျွေးချင်တာပေါ့။ မင်းကလွဲလို့ ဒီအိမ်ထဲက လူတိုင်းမှာ ဝိညာဉ်အမြုတေ ရှိကြတယ်၊ ကျင့်ကြံလို့ ရကြတယ်။ သူတို့ကို ကျွေးရင်မှ ပိုပြီး နှမြောစရာ ကောင်းဦးမယ်"
ထိုစကားကြောင့် ဆောင်ဟွာယင်းမှာ အားနာစိတ်များ ပျောက်ကွယ်သွားရသည်။ သူမသည် သေတ္တာကို ယူကာ အထဲရှိ အရောင်စုံ သွေးမျိုးဆက်သီးကို ကြည့်ရင်း မျှော်လင့်တကြီး မေးလိုက်သည်။
"ယောက်ျား... ဒါကိုစားရင် ကျမ ကျင့်ကြံလို့ ရသွားမှာလားဟင်"
"ဒါတော့ မသေချာဘူး" ချန်အန်က ခေါင်းခါလိုက်သည်။
"အော်... ဟုတ်ကဲ့" ဆောင်ဟွာယင်း အနည်းငယ် စိတ်ပျက်သွားသည်။
ချန်အန်က သူမကို နှစ်သိမ့်လိုက်သည်။
"ဒါပေမဲ့ သွေးမျိုးဆက်သာ ကောင်းကောင်း ပြောင်းလဲသွားမယ်ဆိုရင် မင်းရဲ့ သက်တမ်းက နှစ်ပေါင်းများစွာ ပိုရှည်လာလိမ့်မယ်။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကလည်း သာမန်လူတွေထက် အများကြီး ပိုပြီး အစွမ်းထက်လာမှာပါ။ နောက်ဆိုရင် မင်းက သာမန်လူတစ်ယောက် မဟုတ်တော့ဘူးပေါ့"
ထိုစကားကြောင့် ဆောင်ဟွာယင်းမှာ စိတ်လှုပ်ရှားသွားရသည်။ သူမသည် သေတ္တာထဲမှ အသီးကို ထုတ်ယူကာ ဘေးရှိ ချန်အန်ကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ဒါဆို.... ကျမ စားလိုက်တော့မယ်နော်"
"စားလိုက်ပါ... ငါ ဒီမှာ စောင့်ကြည့်ပေးနေမယ်၊ ဘာမှ မဖြစ်စေရဘူး" ချန်အန်က စိတ်ချလက်ချ ရှိစေရန် ပြောလိုက်သည်။
ဆောင်ဟွာယင်းမှာ စိတ်အေးသွားကာ ရင်ခုန်သံမြန်နေသော ရင်ဘတ်ကို လက်ဖြင့်ဖိလျက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် လှပသော မျက်ဝန်းအစုံကို မှိတ်ကာ သူမ၏ ချယ်ရီသီးရောင် နှုတ်ခမ်းလေးကို ဟ၍ သွေးမျိုးဆက်သီးကို စားသုံးလိုက်တော့သည်။
.......................................................
အခန်း (၁၂၈) - ရှေးဟောင်း သွေးမျိုးဆက်
ချန်အန်၏ စောင့်ကြည့်မှုအောက်တွင် ဆောင်ဟွာယင်းသည် သွေးမျိုးဆက်သစ်သီးကို စားသုံးလိုက်သည်။ သူမ၏ အမူအရာကို ကြည့်ရုံနှင့်ပင် ထိုအသီးမှာ အရသာမဆိုးကြောင်း ချန်အန် သိလိုက်သည်။ သို့သော် ယခုအချိန်တွင် သူ စိတ်ဝင်စားသည်မှာ အရသာမဟုတ်ဘဲ အသီး၏ အာနိသင်ပင် ဖြစ်သည်။
"ယောက်ျား... ကျမ အနည်းငယ် ပူလာသလိုပဲ"
ဆောင်ဟွာယင်း၏ နဖူးပြင်တွင် ချွေးစေးများ ထွက်လာပြီး ဖြူဝင်းသော မျက်နှာလေးမှာ တဖြည်းဖြည်း နီမြန်းလာသည်။ သူမ၏ ပုံစံမှာ ပြင်းထန်သော လေ့ကျင့်ခန်းတစ်ခုခု လုပ်ဆောင်ထားသည့်အတိုင်းပင်။
ချန်အန်သည် စိတ်အာရုံကို ဖြန့်ကျက်ကာ သူမ၏ ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို အချိန်ပြည့် စောင့်ကြည့်နေပြီး "ဟွာယင်းလေး... စိတ်မပူနဲ့နော်။ ယောက်ျားဘေးမှာ အမြဲရှိနေပေးမယ်၊ ဘာမှမဖြစ်စေရဘူး" ဟု ချော့မော့လိုက်သည်။
"ယောက်ျား... ပိုပိုပြီး ပူလာပြီ"
ခဏအတွင်းမှာပင် ဆောင်ဟွာယင်း၏ တစ်ကိုယ်လုံးမှာ ချွေးများဖြင့် ရွှဲစိုသွားတော့သည်။ သူမ ဝတ်ဆင်ထားသော ဝတ်စုံရှည်မှာ ကိုယ်လုံးတွင် ကပ်ပါသွားပြီး သူမ၏ ဆွဲဆောင်မှုရှိသော အချိုးအစားကို ပေါ်လွင်နေစေသည်။
ချန်အန်သည် ဆောင်ဟွာယင်း၏ လှပသော ကိုယ်လုံးလေးကို ကြည့်ရင်း သူ့ဇနီးမှာ လွန်ခဲ့သော သုံးနှစ်ကထက် ပိုမိုရင့်ကျက်ကာ ပြည့်ဖြိုးလာသည်ကို သတိထားမိလိုက်သည်။
"ယောက်ျား... ကျမ မခံစားနိုင်တော့ဘူး၊ အရမ်းပူလွန်းလို့ အဝတ်တွေ ချွတ်မှ ရတော့မယ်..." ဆောင်ဟွာယင်းမှာ တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားနေရသည်။
ချန်အန်က "ဒါတွေက ပုံမှန်ဖြစ်စဉ်တွေပါပဲ ဟွာယင်းလေးရဲ့၊ ခဏလောက် ထပ်သည်းခံလိုက်ဦးနော်။ ယောက်ျားရဲ့ စိတ်အာရုံနဲ့ ကြည့်နေတာ ဘာပြဿနာမှ မရှိပါဘူး" ဟု နှစ်သိမ့်ပေးနေရသည်။
နာရီဝက်ခန့် ကြာသောအခါမှသာ ဆောင်ဟွာယင်း၏ ကိုယ်အပူချိန် ကျသွားသော်လည်း သူမသည် မျက်လုံးများ မှိတ်သွားကာ ချက်ချင်းပင် သတိလစ်သွားတော့သည်။
ဘေးနားတွင် ရှိနေသော ချန်အန်က သူမကို အမြန်လှမ်းဖက်လိုက်သည်။
"ယောက်ျား... ဟွာယင်းလေး ဘာဖြစ်သွားတာလဲ" ဂူရှင်းယွဲ့က စိုးရိမ်တကြီး မေးသည်။
ချန်အန်က ဆောင်ဟွာယင်းကို ပွေ့ချီကာ အခန်းထဲသို့ တန်းဝင်သွားရင်း "ဘာမှမဖြစ်ပါဘူး၊ ခန္ဓာကိုယ်ထဲက လှုံ့ဆော်မှုတွေကြောင့် သတိလစ်ပြီး အိပ်ပျော်သွားတာပါ။ သူမရဲ့ ခန္ဓာကိုယ်က အကောင်းကြီးပါပဲ" ဟု ပြန်ဖြေလိုက်သည်။
အခန်းထဲသို့ ရောက်သောအခါ ချန်အန်သည် သူမ၏ စိုစွတ်နေသော အဝတ်များကို လဲလှယ်ပေးကာ ကုတင်ပေါ်တွင် အသာအယာ လှဲသိပ်လိုက်သည်။ ထိုအချိန်တွင် ဝမ်ကျိယန်က ကလေးကို ပွေ့ချီကာ အခန်းထဲသို့ ဝင်လာသည်။
"ယောက်ျား... ဟွာယင်းလေး အခြေအနေ ဘယ်လိုလဲ"
"အခုတော့ အဆင်ပြေသွားပါပြီ၊ သတိလစ်နေတာပဲ ရှိတာ" ချန်အန်က အေးဆေးစွာပင် ပြန်ဖြေရင်း စောင်ခြုံပေးလိုက်သည်။
ဝမ်ကျိယန်က စိတ်အေးသွားကာ ကုတင်ဘေးတွင် ထိုင်လိုက်ပြီး "သူမရဲ့ သွေးမျိုးဆက် ပြောင်းလဲမှုက အောင်မြင်ရဲ့လား" ဟု မေးသည်။
"ဒါတော့ ငါလည်း သေချာမသိသေးဘူး၊ သူမ နိုးလာမှ သိရမယ် ထင်တယ်"
ထိုသို့ ပြောပြီးသည်နှင့် ချန်အန်၏ ရှေ့မှောက်တွင် အချက်အလက်များ ထပ်မံပေါ်လာသည်။
[သင်သည် သင်၏ဇနီး ဆောင်ဟွာယင်းကို သွေးမျိုးဆက်သစ်သီး ကျွေးခဲ့သဖြင့် သူမအား ရှေးဟောင်းဘိုးဘေးများမှ ဆင်းသက်လာသော 'ပန်းနတ်ဘုရားမ'သွေးမျိုးဆက် အနည်းငယ် နိုးထလာစေခဲ့သည်။ သူမသည် ကျင့်ကြံခြင်းမပြုဘဲ လေထုထဲရှိ 'သစ်သားဓာတ်' ဝိညာဉ်စွမ်းအင်များကို သူမ၏ အကျိုးအတွက် စုပ်ယူနိုင်မည်ဖြစ်သည်။
သူမ၏ သက်တမ်းမှာလည်း အဆမတန် ရှည်ကြာသွားပြီဖြစ်ပြီး သင့်အား ဆုလာဘ်အဖြစ် ကျင့်ကြံမှုသက်တမ်း အနှစ် ၂၀ ပေးအပ်လိုက်သည်။]
[အမည်: ချန်အန်]
[ကျင့်ကြံမှု: အခြေခံတည်ဆောက်ခြင်း အဆင့် (၄)]
'ဒီတိုင်းလေးနဲ့ အဆင့်တက်သွားပြန်ပြီလား'
ချန်အန်မှာ မှင်တက်သွားပြီးမှ အလွန်အမင်း ဝမ်းသာသွားရသည်။ သစ်သားနီတောအုပ်သို့ ပြောင်းလာသည်မှာ တစ်နှစ်ပင် မပြည့်သေးဘဲ သူ၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်း အဆင့် (၁) မှ အဆင့် (၄) သို့ ရောက်ရှိကာ အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဤသို့ မြန်ဆန်သော တိုးတက်မှုမျိုးမှာ ကြားဖူးနားဝပင် ရှိမည်မဟုတ်ပေ။
စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ချန်အန်၏ အာရုံများမှာ ဆောင်ဟွာယင်းထံ ရောက်ရှိသွားသည်။
'ပန်းနတ်ဘုရားမ သွေးမျိုးဆက် ဟုတ်လား ငါ့ဇနီးရဲ့ ဘိုးဘေးတွေက ဒီလောက်တောင် အစွမ်းထက်တာလား'
သူ့မျက်စိထဲတွင် ဆောင်ဟွာယင်းမှာ အမြဲတမ်း အားနွဲ့သော သာမန်လူသားလေး တစ်ဦးသာ ဖြစ်သည်။
သူမ၏ ဘိုးဘေးများတွင် ဤမျှကြီးမားသော နောက်ခံရှိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သူမ၏ မျိုးဆက်တွင် သွေးမျိုးဆက်မှာ အကြိမ်ကြိမ် အရောင်ဖျော့သွားခဲ့သဖြင့် သာမန်လူ ဖြစ်နေခြင်း ဖြစ်ရမည်။
ချန်အန်သည် စိတ်အာရုံကို ထပ်မံဖြန့်ကျက်ကာ ဆောင်ဟွာယင်း၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ စောစောက စစ်ဆေးစဉ်က သွေးမျိုးဆက်မှာ လုံးဝ မပြောင်းလဲသေးသဖြင့် ဘာမှ မထူးခြားခဲ့သော်လည်း ယခုမူ အသိပေးချက် တက်လာပြီဖြစ်သဖြင့် တစ်ခုခု ထူးခြားမည်မှာ သေချာသည်။
"ဟမ်"
သူမ၏ နှလုံးသားနေရာကို စစ်ဆေးကြည့်သောအခါ ချန်အန်သည် အဝိုင်းပုံစံ အမြုတေလေးတစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ သစ်ကြားသီးခန့်ရှိပြီး အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ ဘာလဲဆိုသည်ကို သူ ချက်ချင်း သိလိုက်သည်။
၎င်းမှာ 'မိစ္ဆာအမြုတေ'ပင် ဖြစ်သည်။
"ဒါဆို... ဟွာယင်းလေးက သွေးမျိုးဆက်သစ်သီးကြောင့် မိစ္ဆာအဖြစ် ပြောင်းလဲသွားတာပေါ့"
ချန်အန်၏ မျက်နှာတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
ဝမ်ကျိယန်က ထိုစကားကို ကြားသောအခါ သူမ၏ လှပသော မျက်ဝန်းများ ဝိုင်းစက်သွားကာ "ဘာ.. ဟွာယင်းလေးက မိစ္ဆာ ဖြစ်သွားတာလား" ဟု အံ့ဩတကြီး မေးရှာသည်။
လူသားတစ်ဦးမှ မိစ္ဆာအဖြစ် ပြောင်းလဲသွားသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ယောက်ျား... ဒါဆို သူမက ဘယ်လို မိစ္ဆာအမျိုးအစား ဖြစ်သွားတာလဲ"
"ပန်းမိစ္ဆာပေါ့" ချန်အန်က အေးဆေးစွာ ပြန်ဖြေသည်။
ဝမ်ကျိယန်သည် ဆောင်ဟွာယင်း၏ အမည်တွင်လည်း 'ပန်း'ဟု ပါဝင်နေသဖြင့် ဤအပြောင်းအလဲမှာ သူမနှင့် အတော်လေး လိုက်ဖက်သည်ဟု တွေးမိလိုက်သည်။
မကြာမီ ဂူရှင်းယွဲ့နှင့် ရှန်းချင်းယီတို့လည်း အခန်းထဲသို့ ရောက်လာကြသည်။ ချန်အန်က သူတို့အားလုံးကို သွေးမျိုးဆက်သစ်သီး၏ အာနိသင်နှင့် ဆောင်ဟွာယင်း၏ ဘိုးဘေးမှာ 'ပန်းနတ်ဘုရားမ' ဖြစ်ကြောင်း အသေးစိတ် ရှင်းပြလိုက်သည်။
အားလုံးမှာ အံ့ဩမှင်တက်သွားကြရသည်။ ပန်းနတ်ဘုရားမဆိုသည်မှာ ဒဏ္ဍာရီလာ အစွမ်းထက်လှသော မိစ္ဆာကြီးတစ်ဦး မဟုတ်ပါလား။
"ယောက်ျား... ကျမ ဘာဖြစ်သွားတာလဲ..."
အားလုံး အံ့ဩနေကြစဉ်မှာပင် ကုတင်ပေါ်ရှိ ဆောင်ဟွာယင်းက မျက်လုံးလေးများ ပွင့်လာကာ နိုးလာသည်။
သူမ၏ မျက်ဝန်းများတွင် ဇဝေဇဝါ ဖြစ်နေသည့်ပုံ ပေါက်နေသည်။
ချန်အန်က သူမကို အသာအယာ ထူပေးကာ "ဟွာယင်းလေး... ငါ့မှာ မင်းအတွက် သတင်းကောင်းရှိတယ်" ဟု ပြုံးလျက် ဆိုသည်။ သူက အဖြစ်အပျက်အားလုံးကို သူမအား ပြန်လည်ရှင်းပြလိုက်သည်။
ဆောင်ဟွာယင်းသည် မိမိကိုယ်ကိုယ် မိစ္ဆာဖြစ်သွားသည်ဟု သိလိုက်ရသော်လည်း ကြောက်လန့်မသွားဘဲ ဝမ်းသာပီတိ ဖြစ်နေရှာသည်။
သူမအတွက် လူဖြစ်ခြင်း၊ မိစ္ဆာဖြစ်ခြင်းမှာ အရေးမကြီးဘဲ ခင်ပွန်းဖြစ်သူ၏ အနားတွင် အမြဲတမ်း ရှိနေနိုင်ဖို့သာ အရေးကြီးခြင်း ဖြစ်သည်။
"ဟွာယင်းလေး... အခု ဘယ်လိုခံစားရလဲ၊ တစ်ခုခု နေလို့မကောင်းတာ ရှိလား"
ဆောင်ဟွာယင်းက ခေါင်းခါလျက်
"မရှိပါဘူး... ကျမ အခု အရင်ကထက် ပိုပြီး နေလို့ကောင်းသလို ခံစားရတယ်။ လေထုထဲက ဝိညာဉ်စွမ်းအင်တွေကိုလည်း ခံစားလို့ရနေပြီ၊ ခန္ဓာကိုယ်ကလည်း အများကြီး ပိုပြီး အစွမ်းထက်လာသလိုပဲ" ဟု ဝမ်းသာအားရ ပြောရှာသည်။
ချန်အန်လည်း စိတ်အေးသွားရသည်။ စနစ်က ပေးသော အရာများမှာ တကယ်ပင် ယုံကြည်ထိုက်ပေသည်။ ထိုအချိန်တွင် ဆောင်ဟွာယင်းက ပါးပြင်လေးများ နီမြန်းလျက် ဘေးရှိ ညီမသုံးဦးကို ကြည့်ကာ ဆိုလိုက်သည်။
"ညီမလေးတို့... ယုကျန်းလေးကို ခဏလောက် အပြင်ခေါ်သွားပေးလို့ ရမလားဟင်။ ကျမ မောင့်ကို ကျွန်မရဲ့ ခန္ဓာကိုယ် အပြောင်းအလဲတွေအကြောင်း သေချာလေး ပြန်ပြီး ဆွေးနွေးချင်လို့ပါ..."
ဂူရှင်းယွဲ့၊ ဝမ်ကျိယန်နှင့် ရှန်းချင်းယီတို့မှာ ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားကြပြီး ယုကျန်းလေးကို ခေါ်ကာ အခန်းပြင်သို့ အမြန်ထွက်သွားကြတော့သည်။
"ယောက်ျား..."
အခန်းထဲတွင် နှစ်ယောက်တည်း ကျန်ခဲ့သောအခါ အရင်က သာမန်လူသား ခန္ဓာကိုယ်ကြောင့် အားနည်းခဲ့သော ဆောင်ဟွာယင်းမှာ ချန်အန်ကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်ပြီး သူမ၏ ချစ်မြတ်နိုးလှသော မျက်ဝန်းများဖြင့် ကြည့်ကာ ခပ်တိုးတိုး ဆိုလိုက်တော့သည်။
..........................................................