← Chapters

ဆုတွေအများကြီးပဲ…

Vol. 26 Ch. 354

ဆုတွေအများကြီးပဲ…

Vol. 26 Ch. 354

လူတိုင်းက အရင်ဆုံး အနားယူကြရန် ဆုံးဖြတ်လိုက်ပြီး လေဟာနယ် ဝင်ပေါက်ဆီသို့ မသွားမီ အခြေအနေတစ်ခုထိ ပြန်ကောင်းအောင် အနားယူလိုက်ကြ၏။

တစ်ခုသော အမှောင်ထု နေရာလွတ်ထဲတွင် အနက်ရောင် ဆံပင်နှင့် အမျိုးသမီး တစ်ဦးက သူမ၏ မြွေပုံစံ ခန္ဓာကိုယ်အောက်ပိုင်းကို ရစ်ပတ်လိုက်ပြီး ထိုင်ခုံတွင် ထိုင်နေကာ အန်လင်းနှင့် တခြားသူများ၏ ပုံရိပ်ကို အပြုံးတစ်ခုနှင့်ကြည့်နေ၏။

ကတုံးအမျိုးသားက ဘေးတွင် လေးစားမှုအပြည့်နှင့် ရပ်နေလေ၏။

သူ့ကိုယ်အနှံ့တွင် ရှိနေသော ကြောက်မက်ဖွယ် ဒဏ်ရာများသည် သူ့၏ အစွမ်းထက် အသစ်ပြန်ဖြစ်နိုင်သော စွမ်းအင်များမှ စတင်ကုသနေလေပြီ။ သူက အတွင်းဒဏ်ရာများ အများအပြားရှိနေဆဲဖြစ်သော်လည်း ထိုသည်များက သူ့၏ လှုပ်ရှားမှုကို အကျိုးမသက်ရောက်နိုင်ပါပေ။

“အတော်လေး သန်မာတဲ့အဖွဲ့ပဲ။ ကောင်းကင်ဘုံ ခုံရုံးက အစမ်းသပ်ခံတွေက အတော်လေး အထင်ကြီးစရာ ကောင်းတာပဲ။” မြွေနက် ဝိညာဉ်က တိုက်ပွဲတစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရပြီးဖြစ်ကာ နောက်ဆုံး ရမှတ်များမှာ သူမကိုယ်တိုင်ဆုံးဖြတ်ထားခြင်းပင်။ ထို့ကြောင့် သူမ၏ ဖန်သားပြင်ပေါ်မှ အသင်းကို ချီးကျူးရန် မည်သည့်စကားလုံးကိုမှ အပိုမပြောထားပါပေ။

“တကယ်လို့ ငါတို့က စမ်းသပ်မှုအတွင်းမှာ သူတို့ကို ခံနိုင်ရည်ပြည့်အောင် တွန်းအား မပေးဘူးဆိုရင် သူတို့က ဘာနဲ့လုပ်ထားတာလဲဆိုတာ ငါတို့ ရှာလို့မရတော့ဘူး။ အခုဆိုရင်တော့ အဲ့လို ထူးချွန်တဲ့ အဖွဲ့က တကယ့်ကိုပဲ နတ်ဘုရားအင်မော်တယ် ရှောင်ယန်ရဲ့ အမွေတွေနဲ့ ထိုက်တန်တယ်ဆိုတာ ပေါ်လာပြီလေ...” မြွေနက်ဝိညာဉ်က ဆက်ပြောလာ၏။

ကတုံးအမျိုးသားက သဘောတူညီမှုနှင့် ခေါင်းငြိမ့်လာ၏။ “သူ့တို့ရဲ့ စိတ်သဘောထား၊ ကျင့်ကြံခြင်း နည်းလမ်းတွေ၊ ဆုံးဖြတ်ချက်နဲ့ ကျင့်ကြံခြင်း လမ်းကြောင်းတွေ အားလုံးက အတော်လေး အရည်အချင်းရှိကြတယ်။ အထူးသဖြင့် အဲ့ငါးယောက်၊ ကျွန်တော်က သူတို့နဲ့ တိုက်ပွဲထဲမှာ တစ်ခါမှ ထိပ်တိုက်မတွေ့ဖူးရင် သူတို့က အဲ့လောက် စွမ်းအား များလိမ့်မယ်လို့ ယုံမှာ မဟုတ်ဘူး။”

မြွေနက်ဝိညာဉ် ခပ်ဖွဖွရယ်လိုက်၏။ “ရှေးဟောင်းဓား တာအိုခန္ဓာနဲ့ ပြိုင်ဘက်ကင်းဓားအင်မော်တယ်ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ အမျိုးသမီးတစ်ယောက်၊ အနန္တ စိတ်ဝိညာဉ် ထိုက်ချိ တာအိုကို အောင်နိုင်သူတစ်ဦး၊ နဂါးနဲ့ ဖီးနစ်ငှက် နှစ်မျိုးစလုံးရဲ့ သွေးမျိုးဆက်နှစ်ခုပိုင်ထားတဲ့ အမျိုးသမီးတစ်ဦး၊ လရောင်နန်းတော်ရဲ့ စစ်မှန်တဲ့ ယင်ခန္ဓာကို အောင်နိုင်သူတစ်ဦး၊ ပြီးတော့ အမျိုးသား... ဖြတ်လမ်းနည်းတွေ သုံးတဲ့ အမျိုးသားတစ်ဦး။ သူတို့ရဲ့ စုပေါင်းအားအင်က မင်းကို အနိုင်ယူနိုင်တာ အံ့ဩစရာတော့မရှိပါဘူး။”

ကတုံးအမျိုးသားက မြေနက်ဝိညာဉ်မှာ ထိုလူငါးယောက်အပေါ်  ဤမျှ နက်ရှိုင်းသော သဘောထားရှိနေသည်ကို မမျှော်လင့်ထားသည်မှာ ရှင်းလင်းလှ၏။ သို့သော် ဖြတ်လမ်းနည်းတွေသုံးတဲ့ အမျိုးသား ဆိုသည်မှာ သူမဘာကို ဆိုလိုသနည်း။

သူက သူနှင့် အန်လင်း၏ ခန္ဓာကိုယ်မှ အနက်ရောင် မြူခိုးများ ထိုးထွက်နေကာ သူ့၏ ဖျက်ဆီးစေနိုင်သောဓားသိုင်း အဆုံးမဲ့ညကို ထုတ်လွှတ်လိုက်သည့် တိုက်ပွဲကို ပြန်တွေးမိကာ အန်လင်းက အမှန်တကယ်ပင် ဖြတ်လမ်းနည်းများ အသုံးပြုသည်ဟု ခံစားလိုက်ရ၏...။

အနာဂတ်တွင် သူ့ကိုသွား မရှုပ်မိစေရန် စိတ်ထဲတွင် မှတ်ထားလိုက်ပေသည်...။

“ရှောင်ယန်က အတိတ်မှာတုန်းက ငါတို့ကို ကူညီဖူးတယ်။ အဲ့တော့ ဒီနောက်ဆုံး အဆင့်ကို သူ့အတွက် အပြီး သတ်လိုက်ကြရအောင်။” မြွေနက်ဝိညာဉ်၏ လက်ချောင်းလေးများက ဖန်သားပြင်ကို ဖြတ်သန်းသွားပြီး ရတနာ အများအပြားနှင့် ကျင့်ကြံခြင်း နည်းလမ်းများက တစ်ခုသော ကွက်လပ်တွင် စတင်ပေါ်လာလေတော့သည်။

ကတုံးအမျိုးသားက ရတနာများကို ကြည့်ကာ မနာလိုမှုနှင့် တံတွေးမျို ချလိုက်တော့သည်။

...

တစ်နာရီ အကြာတွင် ...

အဖွဲ့ဝင်အားလုံးက ကောင်မွန်စွာ အနားယူပြီးကြပြီး သူတို့ထဲမှ အပြင်းအထန် ထိခိုက်မှုရှိသူများကိုတော့ လှဲနေရင်းနှင့်ပင် သယ်သွားတော့၏။

ရွှမ်ယွမ်ချန်က ရတနာ မှော်ကော်ဇောတစ်ခုကို ယူထုတ်လာ၏။ ထိုသည်မှာ နွေးထွေးလှကာ လှဲနေရန်အတွက် ချောမွေ့နေပြီး လူအများကြီးကို သယ်နိုင်ပေ၏။

မျက်ရည်များက ချက်ချင်ပင် ထန်ရှီမန်၏ မျက်လုံးထဲမှ ထွက်ကျလာ၏။

ငလူး။ မင်း ဒါကို ဘာလို့ စောစောက မထုတ်လာတာလဲ။ အန်လင်းရဲ့ အေးစက်ပြီး မာတောင့်နေတဲ့ အုတ်ခဲပေါ်မှာ လှဲရတာ ဘယ်လောက်တောင် သက်တောင့်သက်သာမရှိသလဲ ဆိုတာ မင်းသိရဲ့လား။

ထို့ကြောင့် မသန်စွမ်းသူ သုံးယောက်ဖြစ်သော အန်လင်း၊ လျှိုချင်ဟွမ်နှင့် ထန်ရှီမန်တို့မှာ ကျေနပ်သော အမူအရာများဖြင့် ကော်ဇောပျံပေါ်တွင် လှဲနေကြတော့၏။ စုချန်းရန်နှင့် ရွှမ်ယွမ်ချန်ပင် ကော်ဇောပေါ်တွင် လှဲနေရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း အတော်လေး ထိခိုက်ထားပြီး သူတို့က လမ်းလျှောက်နိုင်ကြသော်လည်း မလျှောက်ချင်ကြပါပေ။

စုရှောင်လန်၊ ဟူကွမ်နှင့် ယောင်မင်ရှီတို့မှာ အပေါ်ယံဒဏ်ရာသာရှိသောကြောင့် သူတို့အတွက် ကော်ဇောပျံပေါ်တွင် လှဲရန်နေရာမရှိပါပေ။

အန်လင်းသည် အကြောက်တရားက သူ့နှလုံးသားထဲတွင် ရစ်ဝဲနေသောကြောင့် သက်ပြင်းချလိုက်၏။ ထိုသည်မှာ အမှန်တကယ်ကို အလွန်အမင်း ကြောက်မက်ဖွယ်ရာ စမ်းသပ်မှုပင်။ ပြင်းပြင်းထန်ထန် ဒဏ်ရာသူ ငါးဦးရှိပြီး အပေါ်ယံဒဏ်ရာရသူ သုံးဦးရှိ၏။ အကယ်၍ သူက အသက်ကို စွန့်စားပြီး အစွမ်းကုန် မတိုက်ခဲ့ပါက သူတို့က အသက်ခံရပြီး ဖြစ်လောက်မည်...။

​ကော်ဇောပျံက သူတို့ငါးဦးကို လေဟာနယ်ဂိတ်ဝဆီသို့ တဖြည်းဖြည်း သယ်ဆောင်သွားလေ၏။

အန်လင်းသည် လူတိုင်း၏ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သည့် တကယ်ကောင်းမွန်သော ရတနာတစ်ချို့ကို ဆုတောင်းနေလေသည်။

သူတို့က အဖြူရောင် လှိုင်ခေါင်းတစ်ခုကို ဖြတ်လာပြီး စက်ဝိုင်းပုံအဖြူရောင် စားပွဲတစ်ခု၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရလေသည်။

စားပွဲ၏ အလယ်တွင် ပေသုံးဆယ်ရှည်လျားသော အမျိုးသားတစ်ဦး၏ ရုပ်ထုက ရပ်နေလေ၏။

အမျိုးသားက တည်ကြည်သော မျက်နှာသွင်ပြင် ရှိပြီး ကြီးမားသော ဓားကြီးတစ်ချောင်း ကိုင်ဆောင်ထားကာ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ခိုင်မာစွာနှင့် ရှေ့ကို ကြည့်နေလေ၏။

အန်လင်းက ရုပ်ထုကို ချက်ချင်းပင် သတိပြုမိလိုက်၏။ ထိုသည်မှာ နတ်ဘုရား အင်မော်တယ် ရှောင်ယန်ကိုယ်တိုင်၏ ရုပ်ထုပင်။

သူက သူ့ပတ်ဝန်ကျင်ကို လည်ဆန့်ကြည့်ရှုကာ ရတနာရှာဖွေလိုက်သော်လည်း ဘာမှ ရှာမတွေ့သောအခါ စိတ်ပျက်လက်ပျက်နှင့် ပြန်လှဲချလိုက်ပေသည်။

ထိုအခိုက်အတန့်၌ပင် ကောင်းကင်တွင် တခြားသောအလင်းပြားတစ်ခုက ပေါ်ထွက်လာပြီး အားလုံး၏ စုစုပေါင်းရမှတ်ကို ပြသလာ၏။

အန်လင်း : ၃၃၁၀၀ မှတ်။ ရွှမ်ယွမ်ချန် : ၁၅၄၀၀ မှတ်။ လျှိုချင်ဟွမ် : ၁၄၈၀၀ မှတ်။ စုချန်းရန် : ၁၂၄၅၀ မှတ်။ စုရှောင်လန် : ၁၂၄၃၀ မှတ်။ ယေင်မင်ရှီ : ၂၇၂၀ မှတ်။ ဟူကွမ် : ၂၁၅၀ မှတ်။ ထျန်းလင်းလင်း : ၂၂၀ မှတ်။ မြွေဖြူဝိညာဉ် : ၁၃၀ မှတ်။ ထန်ရှီမန် : ၀ မှတ်။

အန်လင်းက သူပထမရသည်ကို မြင်သောအခါ အလွန်အမင်း ကျေနပ်သွား၏။

လူတိုင်းက သူတို့၏ အမှတ်များက မည်သို့ဆိုဆို သူတို့ မျှော်မှန်းထားသလိုဖြစ်လာသည်ဖြစ်ရာ ပြင်းထန်သော တုန့်ပြန်မှုမရှိပါချေ။ ထန်မန်ရှီ တစ်ဦးတည်းသာလျှင် သူ့၏ ဒိုးနတ်ကိုကြည့်ကာ အတော်လေး မကျေမနပ် ခံစားနေရ၏။

ခဏအကြာတွင် တခြားသော အလင်းပြားတစ်ခုက ကောင်းကင်တွင် ပေါ်လာပြန်၏။

လူတိုင်းက မော့ကြည့်ကာ တစ်ပြိုင်နက်တည်း အသက်ပြင်းပြင်း ရှူလိုက်တော့လေသည်။

ရတနာအမျိုးအစား အများအပြားရှိနေကာ သက်ဆိုင်ရာ အမှတ်များနှင့် ပစ္စည်းဘေးရှိ ရတနာကို လဲလှယ်ရန်လိုအပ်ပါ၏။ ညာဘက်အောက်တွင် မှတ်ချက်တစ်ခုလဲ ရေးထားသေး၏။ ပစ္စည်းများအားလုံးမှာ တစ်ကြိမ်သာ လဲလှယ်ခွင့်ရှိပြီး ပထမဆုံး ပစ္စည်းလဲလှယ်သူမှာ မိတ္တူတစ်ခုသာရပေမည်။

လူတိုင်းက ပစ္စည်းများကို ကြည့်ရင်း အသက်ရှူမြန်လာလေတော့သည်။

ရတနာအများအပြားရှိလေ၏။ အင်မော်တယ် ပစ္စည်း နှစ်ခုပင်ပါသေး၏။

ကောင်းကင်ဘုံ ရေခဲပိုးထည်မှာ အခြေခံအဆင့် အင်မော်တယ် ပစ္စည်းဖြစ်၏။ အဝတ်အထည်မှာ နှစ်တစ်ထောင်တွင် ချည်မျှင် တစ်မျှင်သာ ထုတ်ပေးသော ကောင်းကင်ဘုံ ရေခဲပိုးကောင်လေးများ၏ အံ့ချီးပိုးချည်ဖြင့် ချုပ်လုပ်ထား၏။ ထိုအဝတ်အစားမှာ ဝတ်ဆင်သူ၏ အရေပြားပေါ်သို့ ပေါင်းစည်းသွားပြီး ခြိမ်းခြောက်သည့် အန္တရာယ်နှင့်ကြုံလာပါက အလွန်အမင်း အစွမ်းထက် ကာကွယ်နိုင်ပေ၏။ ဤပစ္စည်းကို အမှတ် ၁၄၀၀၀နှင့် လဲလှယ်နိုင်၏။

အင်မော်တယ် ချိတ်စည်း လက်အိတ်များက အခြေခံအဆင့် အင်မော်တယ် ပစ္စည်းဖြစ်ပြီး သန့်စင် သုခဘုံ၏ သန့်စင် ကောင်းကင် သလင်းကျောက်နှင့် တည်ဆောက်ထား၏။ ထိုလက်အိတ်များက ဝတ်ဆင်သူ၏ စွမ်းအားကို တိုးပွားစေပြီး ပေါက်ကွဲမှုတစ်ခုအတွင်း ထုတ်လွှတ်ပေးသော စွမ်းအင်ကိုလည်း သိုလှောင်ထားပေး၏။ ထိုသည်မှာ အထူး အင်မော်တယ် ချိတ်စည်း မန္တန်နည်းပညာကို အသံုးပြုထားတာဖြစ်နိုင်၏။ ဤပစ္စည်းကို အမှတ်ပေါင်း ၁၅၀၀၀နှင့် လဲလှယ်နိုင်၏။

အန်လင်းက ထိုပစ္စည်းနှစ်ခု၏ ဖျားယောင်းခြင်းခံလိုက်ရသည်ကို ဝန်ခံရပေမည်။

သူက မိစ္ဆာရှင်းဓား၏ ပုံစံနှင့် အစွမ်းထက် အင်မော်တယ် ပစ္စည်းတစ်ခုနှင့် အသုံးမကျသော အင်မော်တယ်ပစ္စည်း နယ်မြေထိုးဖောက် လက်သည်းကို ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း နောက်ထပ် အင်မော်တယ် ပစ္စည်းများကို မည်သူကများ မလိုချင်ပါမည်နည်း။ ထိုသည်မှာ များလေလေ ပိုကောင်းလေလေဖြစ်သော ကိစ္စတစ်ခုဖြစ်သည်မှာ အသိသာကြီးပင်။ သူ့၏ အမှတ်များက အင်မော်တယ်ပစ္စည်းနှစ်ခုစလုံးကို သိမ်းယူရန် လုံလောက်ပေ၏။

ထိုသည်ကို စိတ်ထဲထားကာ သူ့အကြည့်များက ရွှမ်ယွမ်ချန်နှင့် လျှိုချင်ဟွမ်ဆီသို့ ရွှေ့သွား၏။

ရွှမ်ယွမ်ချန်၌ ၁၅၄၀၀ မှတ်ရှိပြီး လျှိုချင်ဟွမ်၌ ၁၄၈၇၀ မှတ် ရှိလေ၏။ သူတို့က အင်မော်တယ် ပစ္စည်းများကို လဲလှယ်ရန် အမှတ်အလုံအလောက်ရှိသော တခြားသူများဖြစ်ကြ၏...။

သို့သော်လည်း လျှိုချင်ဟွမ်၏ အာရုံစိုက်မှုက အင်မော်တယ် ပစ္စည်းနှစ်ခုတွင် မရှိပါပေ။ သူမ၏ မျက်လုံးများက နတ်ဘုရား အင်မော်တယ် ရှောင်ယန်၏ ကိုယ်စားပြု နက်နဲသော သိုင်းကြမ်း မြူခိုးအင်မော်တယ်သိုင်းပေါ်တွင် ကျရောက်နေကြ၏။

မြူခိုးအင်မော်တယ်သိုင်းမှာ ကျင့်ကြံသူတစ်ဦးအား ခန္ဓာကိုယ်ကို မြူခိုးနှင့် တိမ်တိုက်များ အဖြစ်ပြောင်းကာ တစ်ကြိမ်လျှင် ကီလိုမီတာ ထောင်ချီ ခရီးသွားစေနိုင်၏။ ထိုသည်က တိုက်ပွဲထဲတွင်လဲ တိုက်ခိုက်မှုရော ခုခံမှုရော ပေါင်းစပ်ထားသည့် နည်းလမ်းအဖြစ် အသုံးဝင်လေ၏။ ထိုပစ္စည်းက အမှတ်ပေါင်း ၁၃၀၀၀နှင့် လဲလှယ်နိုင်၏။

မကြာမီပင် တခြားသော အသင်းဝင်များသည်လည်း သူတို့အလိုရှိရာ ပစ္စည်းများဆီသို့ မျက်စိကျသွားလေတော့သည်။

စိတ်ဝိညာဉ် ကိရိယာများမှ အမှတ်ပေါင်း ၅၀၀မှ ၆၀၀ အထိလိုအပ်၏။ စိတ်ဝိညာဉ် ဆေးတောင့်များနှင့် အင်မော်တယ်ဆေးတောင့်များလဲ ရှိကြ၏။ စိတ်ဝိညာဉ် ဆေးတောင့်များက တစ်တောင့်လျှင် အမှတ်ပေါင်း ၂၀၀၀ မှ ၇၀၀ အထိရှိပြီး အင်မော်တယ် ဆေးတောင့်များကတော့ တစ်ခုစီအတွက် အမှတ်ပေါင်း ၁၀၀၀၀ အထက်လိုအပ်ကာ ငါးခုသာရနိုင်လေသည်။

မည်သည်က ဖော်ပြရန် တန်သလဲဆိုသည်မှာတော့ သူတို့က သူတို့၏ အမှတ်များအား စိတ်ဝိညာဉ် ကျောက်တုံးများကို အချိုး ၁:၂၀၀နှင့် လဲလှယ်နိုင်၏။

သို့ဖြစ်ပါ၍ အန်လင်းက သူ့၏ အမှတ်များကို စိတ်ဝိညာဉ် ကျောက်တံုး ခြောက်သန်းကျော်အထိ လဲလှယ်နိုင်ပေ၏။ အတော့်ကို များတဲ့ ပမာဏပဲ။

ထျန်းလင်းလင်းကဲ့သို့ လူသားတစ်ဦးအတွက်တော့ သူမရရှိနိုင်သော စိတ်ဝိညာဉ် ကျောက်တုံး အရေအတွက်ကိုကြည့်ပြီး ပြောစရာပင် ဆွံ့အနေလေတော့သည်။

သူမက အလျင်အမြန် တွက်ချက်မှုတစ်ခုကို လုပ်လိုက်ရာ သူမ၏ အမှတ်ပေါင်း ၂၂၀လုံးလုံးကို လဲလှယ်လိုက်ပါက စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တံုး ၄၄၀၀၀ရရှိမည်ဖြစ်သည်ကို သိလိုက်ရ၏...။

ဘုရားသခင်။ ရူးလောက်စရာ ပမာဏပဲ...။

ထျန်းလင်းလင်းက ပါးစပ်တွင် သွားရည်များကျကာ နေရာ၌ပင် မြဲမြဲရပ်နေပေတော့သည်။

ရရှိနိုင်သော စိတ်ဝိညာဉ် ကျောက်တုံး စုစုပေါင်း ခုနှစ်သန်းရှိလေရာ သူမ၏ အမှတ်များကို လဲလှယ်ရန် အခွင့်အရေးမရမီမှာပင် စိတ်ဝိညာဉ်ကျောက်တံုးများ ကုန်သွားမည်ကိုလည်း မစိုးရိမ်ရပါပေ။

လူတိုင်းက ရရှိနိုင်သောရတနာများအားလုံးကို ဆွံ့အသော အပြုံးများဖြင့် ကြည့်နေကြ၏။

အန်လင်းက ဆုံးဖြတ်ချက်ချရန် မလောပဲ ပစ္စည်းစာရင်းကို သေချာဆက်လက်ကြည့်ရှုနေလေ၏။

မကြာမီပင် သူက သူ့အသက်ရှုနှုန်းများကို အပြင်းအထန်တိုးလာစေကာ မျက်လုံးများ ပြူးကျယ်သွားစေသော ပစ္စည်းတစ်ခုကို တွေ့လိုက်ရ၏။

အံ့ချီးနတ်ဘုရား၏ နှလုံးသား : သင်က ရှောင်ယန် သင်္ချိုင်းဂူထဲတွင် အံ့ချီး နတ်ဘုရား၏ နှလုံးသားနှင့် ထိတွေ့ခွင့်ရမည့် အခွင့်အရေးတစ်ခုကို အမှတ် ၈၀၀၀နှင့် လဲလှယ်နိုင်သည်။ အကယ်၍ ထိုသည်က သင့်အား သခင်အ​ဖြစ်လက်ခံပါက သင်သည် အံ့ချီးနတ်ဘုရား၏ မသေဆေးကို အပိုဆုအနေဖြင့် လက်ခံရရှိမည် ဖြစ်ပါသည်။

***

All Chapters