← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း။ ၂၆၁

ထိုခဏဝယ် အေးစက်စက် အကြည့်များ၊ ပူလောင်စူးရှသော အကြည့်များနှင့် စူးစမ်းလိုစိတ်အပြည့်ရှိသော အကြည့်များသည် ခံ့ညားထည်ဝါလှသည့် ထိုဧရာမ ဝေဟင်ပျံသင်္ဘောကြီးထံသို့ အစုလိုက်အပြုံလိုက် ကျရောက်သွားကြတော့သည်။

လအနည်းငယ် ကုန်ဆုံးသွားခဲ့ပြီဖြစ်သဖြင့် ဇီဝေချန်မိသားစု၏ တတိယသခင်လေး ချန်ကျီရှင်းနှင့် ပတ်သက်သော ဆွေးနွေးငြင်းခုံသံများမှာ အတန်ငယ် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

ထိုအတောအတွင်း ပါရမီရှင်သစ်များစွာမှာလည်း လောကထဲသို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ကြသည်။

ဓားသင်္ချိုင်း၏ ဓားသခင် ဖူချင်းရွှီနှင့် ဝေတုလုံတို့ကဲ့သို့သော သူများသည် တတိယသခင်လေး ချန်ကျီရှင်းထက် အားမနည်းနိုင်ကြောင်း အများက ကောက်ချက်ချနေကြသော်လည်း ငြင်းပယ်၍မရသော အချက်တစ်ခုမှာမူ လူအများစု၏ စိတ်ထဲဝယ် ချန်ကျီရှင်းသည် မျိုးဆက်သစ်ကျင့်ကြံသူများထဲတွင် အတောင့်တင်းဆုံးနှင့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအဖြစ်သာ အမြဲတည်ရှိနေဆဲပင်။

"ချန်ကျီရှင်း လာနေပြီလား..."

မသေမျိုးတောင်တန်း၏ တောင်ထိပ်ထက်ဝယ် လူသားမျိုးနွယ်မှ ပါရမီရှင် နှစ်ရာနီးပါးခန့်မှာ ပြိုင်တူ ခေါင်းမော့ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များကို သင်္ဘောကြီးဆီသို့ စုစည်းလိုက်ကြသည်။

သူတို့၏ ရင်ဘတ်အတွင်းဝယ် တိုက်ခိုက်လိုစိတ်များ ပြင်းပြစွာ လောင်မြိုက်နေကြသည်။ ပါရမီရှင်တိုင်းတွင် သူတို့ကိုယ်သူတို့ အရှုံးမပေးလိုသော စိတ်ဓာတ်ရှိကြခြင်းပင်။

"တကယ်တမ်း ချန်ကျီရှင်းနဲ့ လက်ရည်မစမ်းရသေးသရွေ့ ဒါမှမဟုတ် သူ့ရဲ့ အစွမ်းကို ကိုယ်တိုင် မျက်မြင်မတွေ့ရသေးသရွေ့ ဘယ်သူကများ ကိုယ့်ကိုကိုယ် ချန်ကျီရှင်းထက် အားနည်းပါတယ်လို့ အလွယ်တကူ ဝန်ခံချင်ပါ့မလဲ"

"ငါ့ရဲ့ ခန္ဓာကိုယ်လေး..."

ကျွေး၏ နဖူးပေါ်တွင် အကြောများ ထောင်ထွက်လာပြီး သူ၏ မျက်ဝန်းများအတွင်းရှိ လောဘရိပ်များမှာ အပြင်သို့ပင် လျှံထွက်မတတ် ဖြစ်နေသည်။ လက်ရှိ ထိုသင်္ဘောကြီးအတွင်းဝယ် ရှိနေမည့် သူ၏ ပြန်လည်နိုးထမှုအတွက် အကောင်းဆုံး ခန္ဓာကိုယ်ကြီးအကြောင်းကို တွေးမိရုံနှင့်တင် သူ၏ လက်အစုံမှာ အလိုအလျောက် တုန်ယင်လာခဲ့သည်။

အခြားတစ်ဖက်တွင်မူ တင်ပလ္လင်ခွေ ထိုင်နေသော ချန်ကျောက်ရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သင်္ဘောကြီးထံသို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်းဝယ် ရှုပ်ထွေးလှသော ခံစားချက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"တကယ်လို့သာ အဲဒီတုန်းက ကပ်ဘေးကြီး မကြုံခဲ့ရရင်... အခု ချန်မိသားစုကိုယ်စားပြုပြီး တိုက်ပွဲဝင်နေရမှာက ငါဖြစ်သင့်တာ"

ချန်ကျောက်ရှင်းသည် သူ၏ စိတ်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်နေမိသည်။ နောက်တစ်ခဏတွင် သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို ပြန်လည်မှိတ်လိုက်တော့သည်။ အတိတ်ဆိုသည်မှာ ပြန်လည်ရယူ၍ မရနိုင်တော့ပေ။

သို့သော် သူ ချန်ကျောက်ရှင်းသည် ထိုကပ်ဘေးကြီးမှ လွတ်မြောက်လာခဲ့သူဖြစ်သဖြင့် ယခင်ကထက် ပို၍ပင် အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။

စီကုန်းမိသားစု၏ ရွှေရောင်ရထားလုံးအတွင်းဝယ်...

ကျွီ... ကျွီ...

ဆံပင်ခရမ်းရောင်နှင့် စီကုန်းရွှမ်ကျီးသည် သူ၏ ထိုင်ခုံလက်တန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏ မျက်ဝန်းများအတွင်း၌ သတ်ဖြတ်လိုစိတ်များ အဆက်မပြတ် ဖျတ်ခနဲ ပေါ်ထွက်နေသည်။

"ဇီဝေချန်မိသားစု"

"ချန်ကျီရှင်း"

ရန်သူနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သဖြင့် စီကုန်းရွှမ်ကျီး၏ စိတ်ထဲတွင် မုန်းတီးမှုများ လွှမ်းခြုံနေပြီး သူကိုယ်သူ မနည်းထိန်းချုပ်ကာ ထိုသင်္ဘောကြီးကို တိုက်ခိုက်ချင်စိတ်များကို ဖိနှိပ်ထားရသည်။

"မျိုးနွယ်စုခေါင်းဆောင်... ချန်တောက်ယန်ရဲ့ အစွမ်းက ခန့်မှန်းရခက်လွန်းလှပါတယ်။ သူ ရှိနေသရွေ့တော့ အဲဒီကောင်စုတ်လေးကို သတ်ဖို့ ခက်ခဲပါလိမ့်မယ်"

အစေခံအိုကြီးတစ်ဦးက ရိုသေစွာ ပြောလိုက်သည်။

"ငါ သိပါတယ်"

စီကုန်းရွှမ်ကျီးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်နှာကို ပြန်လည်တည်ငြိမ်အောင် ပြင်လိုက်သည်။

...

...

မရေမတွက်နိုင်သော အကြည့်များအောက်တွင် ပတ်တီးများ ပတ်ထားပြီး မျက်လုံးတစ်ဖက်သာ ပေါ်နေသော လူရိပ်တစ်ခုသည် သင်္ဘောကြီးပေါ်မှ ဆင်းသက်ကာ တောင်ထိပ်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

"ဟင် ဒါ ဘယ်သူလဲ"

"ဒီလူက... ချန်ကျီရှင်း မဟုတ်ဘူး ထင်တယ်နော်"

ခဏချင်းမှာပင် တောင်ထိပ်ပေါ်ရှိ ပါရမီရှင်များရော၊ တောင်ခြေရင်းရှိ ကျင့်ကြံသူ လူအုပ်ကြီးပါ မျက်မှောင်ကြုတ်သွားကြပြီး သံသယများ ပြည့်နှက်သွားကြတော့သည်။

ချန်ကျီရှင်းက ဘယ်ကို ရောက်သွားရတာလဲ...

"ဟေ့... ချန်ကျီရှင်းက ဘယ်မှာလဲ သူ ဘာလို့ မလာတာလဲ"

ချန်ချိုအာသည် မသေမျိုးတောင်တန်း၏ တောင်ထိပ်ထက်၌ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ထာဝရအသက်ရှည်ခြင်းနတ်ဘုရားအဆင့်စာရင်း၏ သတ္တမနေရာမှ လီချန်းဖုန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

မူလက ပြိုင်ပွဲကြီး စတင်သည်အထိ တိတ်ဆိတ်သော နေရာတစ်ခုတွင် စောင့်ဆိုင်းရန် ပြင်ဆင်နေသော ချန်ချိုအာသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

နောက်တစ်ခဏတွင်...

"မင်းက ဘယ်သူမို့လို့လဲ ငါတို့ရဲ့ တတိယသခင်လေးက သူလာမှာလား။ မလာဘူးလားဆိုတာကို မင်းကို အစီရင်ခံနေရမှာလား"

ချန်ချိုအာသည် သူ၏ အက်ရှရှအသံဖြင့် လီချန်းဖုန်းကို ကြည့်ကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ရဲတင်းလှချည်လား"

ထိုစကားကို ကြားလိုက်ရုံနှင့် လီချန်းဖုန်း၏ မျက်ဝန်းအစုံ၌ အေးစက်သော အကြည့်များ ဖြတ်ပြေးသွားပြီးနောက် သူက လှောင်ပြောင်လိုက်သည်။

"မင်းတို့ရဲ့ တတိယသခင်လေးက ငါတို့အားလုံး ဝိုင်းတိုက်ကြမယ့်သတင်းကို ကြားပြီး ကြောက်လို့ မလာရဲတော့တာ မဟုတ်လား။ အဲဒါကြောင့်ပဲ မင်းလို အသေခံနွားတစ်ကောင်ကို ငါတို့လက်ထဲ လွှတ်လိုက်တာပေါ့လေ"

"မင်းတို့က တတိယသခင်လေးကို ရင်ဆိုင်မလို့လား"

ချန်ချိုအာ၏ ပေါ်နေသော မျက်လုံးတစ်ဖက်အတွင်းဝယ် လှောင်ပြောင်လိုစိတ်များ ချက်ချင်းပင် လျှံတက်လာတော့သည်။

"တကယ့်ကို ရယ်စရာကောင်းတဲ့ ဟာသပဲ"

"မင်းတို့လို အဆင့်မျိုးနဲ့များ သခင်လေးကို ရန်စဖို့ ထိုက်တန်လို့လား။ ငါ ထင်တာတော့ မင်းတို့တွေ မသေမျိုးတောင်တန်းထဲ ရောက်တာနဲ့ သခင်လေးဆီမှာ အသက်ချမ်းသာပေးဖို့ ဒူးထောက်တောင်းပန်ရလိမ့်မယ်"

စကားအဆုံးတွင် ချန်ချိုအာသည် ခေါင်းခါယမ်းလျက် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။ သူ၏အမြင်တွင် ဤကဲ့သို့သော စကားနိုင်လုပွဲများမှာ ကလေးကလားဆန်ပြီး အဓိပ္ပာယ်မရှိလှပေ။

"နေဦး"

ထိုစဉ်ဝယ် ရဲ့လျန်ချန်းက ရှေ့သို့လှမ်းလာပြီး အပြုံးနုနုဖြင့် ပြောလိုက်သည်။

"ငါ မင်းကို သိတယ် ယွမ်ပုဖူ မဟုတ်လား မုန့်ဟဲတုန်းကို သေအောင်လုပ်ခဲ့တဲ့သူလေ"

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငါ မုန့်ဟဲတုန်းနဲ့ တာအိုတွေ ဆွေးနွေးဖူးတယ်။ ငါတို့တွေလည်း ဆုံဖူးကြတယ်လေ မှတ်မိသေးရဲ့လား"

ချန်ချိုအာက မျက်မှောင်ကြုတ်လျက် ရဲ့လျန်ချန်းကို ကြည့်ကာ "အဲဒီတော့ ဘာဖြစ်လဲ..." ဟု မေးလိုက်သည်။

ရဲ့လျန်ချန်း၏ အမူအရာမှာ နူးညံ့နေသော်လည်း သူ၏စကားလုံးများမှာမူ ထက်မြက်သော ဓားတစ်စင်းကဲ့သို့ တစ်လုံးချင်း ထွက်ပေါ်လာသည်။

"အဲဒီတော့... မင်းလို ကိုယ့်သူငယ်ချင်းကို ရာထူးစည်းစိမ်အတွက် ရောင်းစားပြီး ရန်သူကို အဖေခေါ်နေတဲ့ သစ္စာမရှိ တရားမဲ့တဲ့သူမျိုးကများ ဘယ်လိုသတ္တိနဲ့ လူကြားထဲထွက်ပြီး ဒီလိုစကားတွေ လျှောက်ပြောနေရတာလဲလို့"

ချန်ချိုအာ၏ ခြေလှမ်းများမှာ ဖြည်းညှင်းစွာ ရပ်တန့်သွားပြီး ရဲ့လျန်ချန်းကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲဝယ် ပြင်းထန်စွာ ရိုက်ခတ်နေကြ၏။

"ဟားဟားဟား... ငါလည်း ဘယ်သူများလဲလို့ ကိုယ့်သူငယ်ချင်းကို ရောင်းစားတဲ့ သစ္စာဖောက်ကြီးကိုး"

လီချန်းဖုန်း၏ မျက်ဝန်းများမှာ တောက်ပသွားပြီး အကျယ်ကြီး ရယ်မောလိုက်တော့သည်။

"မုန့်ဟဲတုန်းက မင်းကို ညီအစ်ကိုတစ်ယောက်လို ဆက်ဆံခဲ့တာ ဒါပေမဲ့ မင်းကတော့ ရာထူးဂုဏ်ရှိန်အတွက် သူ့ကို သတ်ခိုင်းခဲ့ပြီး သူ့ခေါင်းကို ယူပြီး ဇီဝေချန်မိသားစုဆီမှာ မျက်နှာလုပ်ခဲ့တာ မဟုတ်ဘူးလား ငါ ပြောတာ မှားလို့လား"

"အခု အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲမှာလည်း ငါတို့အားလုံး ဝိုင်းတိုက်ကြမှာကို သိလို့ ချန်ကျီရှင်းက မလာရဲတော့ဘဲ မင်းကို အသေခံဖို့ လွှတ်လိုက်တာပေါ့။ ရယ်စရာပဲ တကယ့်ကို ရယ်စရာကောင်းလှတယ်"

မသေမျိုးတောင်တန်းနှင့် အလှမ်းဝေးသော နေရာတစ်ခုတွင် ရေတံခွန်ပမာ နက်မှောင်သော ဆံကေသာများနှင့် ဆီးနှင်းပမာ ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူရိပ်တစ်ခုသည် တစ်လှမ်းချင်း လှမ်းလျှောက်လာနေသည်။

သူ၏ ခြေလှမ်းတိုင်းမှာ နှေးကွေးနေသယောင် ထင်ရသော်လည်း တစ်လှမ်းလှမ်းတိုင်း ပေပေါင်း ထောင်ချီသော အကွာအဝေးကို ကျုံ့လိုက်သကဲ့သို့ပင်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ဝေးကွာလှသော မသေမျိုးတောင်တန်းကြီးမှာ မျက်စိရှေ့သို့ ရောက်ရှိလာတော့သည်။

"တော်သေးတာပေါ့ အချိန်မီ ရောက်လာလို့"

ချန်ကျီရှင်းသည် မသေမျိုးတောင်တန်းကြီးကို ငေးကြည့်လျက် အသက်ကို အသာအယာ ရှူထုတ်လိုက်သည်။

မသေမျိုးတောင်တန်းသည် အရှေ့ဘက်လျှို့ဝှက်နယ်မြေ၏ တောင်နှင့်မြောက်ကို ပိုင်းခြားထားသော နယ်နိမိတ်ဖြစ်ရုံသာမက ရှေးဟောင်းဒဏ္ဍာရီများအရ စစ်မှန်သော မသေမျိုးများစွာ မြှုပ်နှံရာနေရာလည်း ဖြစ်သည်။

ဤတောင်တန်းအတွင်းဝယ် လျှို့ဝှက်နယ်မြေတစ်ခု ရှိသည်။ ထိုနေရာတွင် အဆင့်တစ်ခုခု ရရှိသူသည် ကောင်းကင်ဘုံ၏ ဆုလာဘ်များကို ရရှိနိုင်မည် ဖြစ်သည်။

ဤဆုလာဘ်များမှာပင် အင်အားစုများစွာကို ဤပြိုင်ပွဲသို့ ဆွဲဆောင်နေသည့် အဓိကအချက်ပင်။

ယခုအခါ မသေမျိုးတောင်တန်းတစ်ခုလုံးတွင် လူပင်လယ်ကြီးဖြစ်နေပြီး ကောင်းကင်ယံ၌လည်း အမျိုးမျိုးသော ဝေဟင်ပျံ ရတနာများဖြင့် ပြည့်နှက်နေသည်။ ချန်ကျီရှင်းသည် တောင်ထိပ်ဆီသို့ တစ်လှမ်းချင်း လှမ်းတက်သွားသည်။

ရုတ်တရက် သူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။

"...ဟားဟားဟား မင်းတို့ရဲ့ တတိယသခင်လေးက တကယ်ပဲ မင်းပြောသလောက် အစွမ်းထက်တယ်ဆိုရင် သူက ဘာကို ကြောက်နေတာလဲ ဘာလို့ ဒီပြိုင်ပွဲကို မလာရဲရတာလဲ"

အဝေး၌ ရှိနေသေးသော်လည်း စူးရှလှသော လှောင်ပြောင်သံများကို သူ ကြားလိုက်ရပြီ ဖြစ်သည်။

သူ သေချာကြည့်လိုက်သောအခါ ချန်ချိုအာသည် တစ်ကိုယ်တည်း ရပ်လျက် လီချန်းဖုန်းတို့အဖွဲ့၏ ဝိုင်းဝန်းပုတ်ခတ်မှုကို ခံနေရသည်ကို တွေ့လိုက်ရသည်။

စကားအနည်းငယ်အတွင်းမှာပင် ချန်ကျီရှင်းသည် အခြေအနေအားလုံးကို နားလည်သွားခဲ့သည်။

"ဒီလောကကြီးမှာ ဘာဖြစ်လို့ ရှင်ခြင်းနဲ့ သေခြင်းရဲ့ အတိုင်းအဆကို မသိတဲ့သူတွေ ဒီလောက်တောင် များနေရတာလဲ"

ချန်ကျီရှင်းသည် သူဘာသာ ရေရွတ်လိုက်ရင်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အဝေးဆုံးသော နေရာကို ဖြတ်ကျော်သွားတော့သည်။

...

...

မသေမျိုးတောင်တန်း၏ တောင်ထိပ်ထက်ဝယ်...

"မိုက်မဲလိုက်တာ"

ချန်ချိုအာသည် အေးစက်စွာ ရယ်မောလိုက်ပြီး ထိုလူအုပ်ကို လျစ်လျူရှုကာ ကျော်သွားရန် ပြင်လိုက်သည်။ သူသည် စကားပြောရာတွင် ကျွမ်းကျင်သူမဟုတ်သလို စကားဖြင့် အနိုင်ယူလိုသူလည်း မဟုတ်ပေ။

ဤကဲ့သို့သော သူများ၏ ပုတ်ခတ်စကားများကို သူ ထပ်မံ၍ တုံ့ပြန်လိုခြင်း မရှိတော့ဘဲ ပြိုင်ပွဲကြီး စတင်သည့်အခါ သူတို့၏ အရိုးများမှာ သူတို့၏ ပါးစပ်များကဲ့သို့ပင် မာကျောပါစေဟုသာ ဆုတောင်းနေမိတော့သည်။

ရှူး... ရှူး...

သူ၏ ဝတ်ရုံလက်စအတွင်း၌ ဖုံးကွယ်ထားသော ညာလက်ဖဝါးပေါ်ဝယ် နာကျင်မှုများကို ဖြစ်ပေါ်စေသည့် ကြက်သွေးရောင် မြွေနဂါးအစွမ်းများမှာ တိတ်ဆိတ်စွာပင် စတင်လှုပ်ရှားနေပြီ ဖြစ်သည်။

အခန်း။ ၂၆၂

ဖြောင်း..

ရုတ်တရက်ပင် မသေမျိုးတောင်တန်း၏ တောင်ထိပ်ထက်ဝယ် အလွန်ကျယ်လောင်လှသော ပါးရိုက်သံကြီးတစ်ခု ဟိန်းထွက်သွားတော့သည်။

စောစောကမှ စကားတတွတ်တွတ် ပြောနေခဲ့သော လီချန်းဖုန်းမှာ ပြင်းထန်သော ရိုက်ချက်တစ်ခုကို ခံလိုက်ရသကဲ့သို့ပင် နောက်သို့ လွင့်စင်သွားပြီး စိမ်းပုပ်ရောင် ကျောက်တုံးကြီးတစ်တုံးကို တိုက်မိကာ ထိုကျောက်တုံးကြီးမှာပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရသည်။

နောက်တစ်ခဏတွင်...

"ဘယ်သူလဲ"

လီချန်းဖုန်းသည် သူ၏ပါးကို အုပ်လျက် ပြန်ထလာပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ဒေါသတကြီး ကြည့်ရှုရှာဖွေလိုက်သည်။

သူ၏ မျက်နှာမှာ ကြည့်မကောင်းလောက်အောင် ပျက်ယွင်းနေပြီး ဘယ်ဘက်ပါးပေါ်တွင်မူ နီရဲနေသော လက်ငါးချောင်းရာကြီးတစ်ခုမှာ အထင်းသား ပေါ်ပေါက်နေသည်။

လီချန်းဖုန်းနှင့်အတူရှိနေသော ရဲ့လျန်ချန်းနှင့် အခြားသူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားကြသည်။

လီချန်းဖုန်း၏ စစ်မှန်သောကိုယ်ထည်အဆင့်အထွတ်အထိပ် ခန္ဓာကိုယ်သည် သာမန်လက်နက်များနှင့်ပင် ဒဏ်ရာရရန် ခဲယဉ်းလှရာ အဝေးမှနေ၍ ပါးရိုက်ရုံမျှဖြင့် ဤမျှအထိ ဖြစ်သွားရခြင်းမှာ အံ့ဩစရာပင်။

"မင်း ငါ့ကို ရှာနေတာ မဟုတ်လား"

"အခုတော့ ငါ ရောက်လာပြီလေ"

အေးစက်တည်ငြိမ်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင်မူ ဆီးနှင်းပမာ ဖြူဖွေးသန့်စင်သော ဝတ်ရုံကို ဆင်မြန်းထားပြီး ပြိုင်ဘက်ကင်းလောက်အောင် ခန့်ညားလှပသော မျက်နှာ၊ နက်ရှိုင်းတောက်ပသော မျက်ဝန်းအစုံရှိသည့် လူငယ်တစ်ဦးသည် ဟင်းလင်းပြင်ထက်မှနေ၍ လက်နှစ်ဖက်ကို နောက်ပစ်ကာ တစ်လှမ်းချင်း ဆင်းသက်လာခဲ့သည်။

"ချန်ကျီရှင်း"

ခဏချင်းမှာပင် တိတ်ဆိတ်နေသော မသေမျိုးတောင်တန်း၏ တောင်ထိပ်ထက်ဝယ် ဆူညံပွက်လောရိုက်သွားတော့သည်။

ဖူချင်းရွှီ၊ ကျွေး၊ ချန်ကျောက်ရှင်းနှင့် အခြားသော ပါရမီရှင်အားလုံးမှာ မျက်လုံးများကို ပြိုင်တူဖွင့်လိုက်ကြပြီး သူတို့၏ လျှပ်စီးပမာ စူးရှလှသော အကြည့်များကို ချန်ကျီရှင်းထံသို့ စုစည်းလိုက်ကြသည်။

ထာဝရအသက်ရှည်ခြင်းနတ်ဘုရားအဆင့်စာရင်း၏ ထိပ်ဆုံးမှ ဇီဝေချန်မိသားစု၏ တတိယသခင်လေး ချန်ကျီရှင်း……

လူတစ်ယောက်၏ အမည်ဆိုသည်မှာ သစ်ပင်၏ အရိပ်ကဲ့သို့ပင်။

ချန်ကျီရှင်းသည် ကျင့်ကြံခြင်းလောကမှ လအနည်းငယ်ကြာ ပျောက်ကွယ်နေခဲ့သော်လည်း၊ ပါရမီရှင်သစ်များစွာ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာခဲ့သော်လည်း ချန်ကျီရှင်း၏ အမည်မှာ လူတိုင်း၏ရှေ့ဝယ် မြင့်မားလှသော တောင်ကြီးတစ်လုံးပမာ တည်ရှိနေဆဲပင်။

"သခင်လေး"

ချန်ချိုအာသည် လျင်မြန်စွာ ရှေ့သို့လှမ်းလာပြီး ချန်ကျီရှင်း၏ နောက်၌ ရပ်လိုက်သည်။

"နတ်ဘုရားသားတော်"

ခန်ရုံနှင့် ဖန်းနိုင်တို့ကလည်း ပြုံးရွှင်စွာဖြင့် ချန်ကျီရှင်းထံသို့ လျှောက်လှမ်းလာကြသည်။ ချန်ကျီရှင်းက သူတို့နှစ်ဦးကို အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် စကားတစ်ခွန်းကို ပြောလိုက်သည်။

"ချိုအာ... အမြဲတမ်း ဆူညံပွက်လောရိုက်နေတဲ့သူကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာ မင်းသိလား"

"ဘာလဲဟင်"

ချန်ချိုအာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အဲဒါကတော့ သူတို့ ငြိမ်သွားတဲ့အထိ ရိုက်ပစ်လိုက်ဖို့ပဲ"

စကားဆုံးသည်နှင့်တစ်ပြိုင်နက်...

ဝုန်း

ချန်ကျီရှင်းသည် လက်ပြန်တစ်ချက် ရိုက်လိုက်ပြန်ရာ ပါးကိုအုပ်၍ မတ်တပ်ရပ်နေသော လီချန်းဖုန်းမှာ နောက်ထပ် ပါးရိုက်ချက်တစ်ချက်ဖြင့် လွင့်ထွက်သွားပြန်သည်။

"ချန်ကျီရှင်း"

အဝေးမှနေ၍ လီချန်းဖုန်း၏ ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ လီချန်းဖုန်းသည် မြေပြင်ကို ဆောင့်နင်းကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ချန်ကျီရှင်းထံသို့ ဒေါသတကြီး ပြေးဝင်လာတော့သည်။

"ငါ ပြောလိုက်တယ်လေ... ငြိမ်ငြိမ်နေပါလို့"

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အေးစက်သွားပြီး ဘေးတိုက်သို့ အသာအယာ လက်ဝှေ့ယမ်းလိုက်သည်။

ဖြောင်း….

အလွန်ကျယ်လောင်လှသော ပါးရိုက်သံကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး လီချန်းဖုန်း၏ မျက်နှာထက်သို့ ပြင်းထန်စွာ ကျရောက်သွားပြန်သည်။

"မင်းက"

ဖြောင်း….

"မင်း"

ဖြောင်း…..

"ငါ"

ဖြောင်း…..

ခဏအကြာတွင်မူ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီကာ နက်ရှိုင်းလှသော ကျင်းကြီးတစ်ခုအတွင်းမှ ခက်ခဲစွာ တိုးထွက်လာသော လီချန်းဖုန်းမှာမူ နောက်ထပ် စကားတစ်လုံးမျှ မဟရဲတော့ပေ။

သူသည် လီချန်းဖုန်းအား နာကျည်းတုန့်တုံ့ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ဖက်ရှိ ရဲ့လျန်ချန်းနှင့် အခြားသူများထံသို့ အကြည့်လွှဲကာ ဘာလို့ဝင်မကူညီတာလဲဟု အပြစ်တင်သည့်အမူအရာဖြင့် စိုက်ကြည့်နေသည်။

"မင်းရဲ့ အဲဒီလိုအကြည့်မျိုးကိုလည်း ငါ မကြိုက်ဘူး"

ချန်ကျီရှင်းက အေးစက်တည်ငြိမ်စွာပင် ပြောလိုက်သည်။

ထိုခဏ၌ပင် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားလှသည့် အနက်ရောင် လက်ဝါးကြီးတစ်ခုသည် လေထုထဲဝယ် ရုတ်ခြည်းပေါ်ပေါက်လာပြီး လီချန်းဖုန်းထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ထိုသို့ဖြစ်နေစဉ်အတွင်း ဝေဟင်ထက်မှ လွင့်ထွက်လာသော အဖြူရောင်အလင်းတန်းတစ်ခုသည် လွင့်ခါနေသော အလံတော်တစ်ခုကဲ့သို့ပင် လီချန်းဖုန်းကို အလျင်အမြန် ပတ်ပတ်လည် ဝိုင်းရံဖုံးလွှမ်းလိုက်ပြီးနောက် တစ်ဟုန်ထိုးပင် ဆွဲထုတ်သွားခဲ့သည်။

ဘုန်း….

မြေကမ္ဘာတစ်ခုလုံး တုန်ဟိန်းသွားစေသည့် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ အနက်ရောင်လက်ဝါးကြီးသည် လီချန်းဖုန်းအား လွဲချော်သွားခဲ့သော်လည်း မြေပြင်ထက်ဝယ် ပေပေါင်းများစွာ နက်ရှိုင်းလှသည့် လက်ငါးချောင်းရာ ကျင်းကြီးတစ်ခုကိုတော့ ချန်ရစ်ခဲ့သည်။

"ဟွန့်... ငါ့ကို ဒီလိုပဲ ဆက်ပြီး အရှက်ခွဲခံနေရအောင် မင်းတို့က ဒီအတိုင်းပဲ ကြည့်နေတော့မယ် ထင်နေတာ"

သေဘေးမှ သီသီလေး လွတ်မြောက်လာသော လီချန်းဖုန်းသည် သူအား ကယ်တင်ခဲ့သည့် ရဲ့လျန်ချန်းကို ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်သည်။

"ညီအစ်ကိုလီ... ပင်ပန်းသွားပြီ"

ရဲ့လျန်ချန်းက အားနာဟန်ဖြင့် ပြုံးပြလိုက်ပြီးနောက် "ဒါပေမဲ့ အခုတော့ အနည်းဆုံးတော့ တို့တွေ ဒီတတိယသခင်လေးရဲ့ အစွမ်းကို အထိုက်အလျောက် နားလည်သွားပြီပေါ့"ဟု ပြောလိုက်သည်။

သူသည် စကားကို ခဏရပ်လိုက်ပြီးနောက် မျက်ဝန်းများအတွင်း၌ အရောင်အမျိုးမျိုး ပြောင်းလဲလျက် အံ့သြချီးကျူးသည့် အမူအရာဖြင့် ဆက်ပြောလိုက်သည်။

"တကယ်လို့သာ တစ်ဦးချင်း တိုက်ခိုက်ကြမယ်ဆိုရင် ငါတို့တွေထဲက ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"

ထိုစကားအဆုံးတွင် လီချန်းဖုန်း၊ ရှန်းဆန်းနှင့် အခြားသူများမှာ တိတ်ဆိတ်သွားကြရသည်။ လီချန်းဖုန်း၏ အစွမ်းကို သူတို့အားလုံး မျက်မြင်တွေ့ခဲ့ကြခြင်းပင်။

သူသည် ထိပ်တန်းပါရမီရှင် အဆင့်ဝင် မဟုတ်သော်လည်း ရှန်းဆန်းတို့နှင့် အဆင့်အတန်းချင်း တူညီသူဖြစ်သည်။ သို့သော် လွန်ခဲ့သော ခဏက မြင်ကွင်းအရ လီချန်းဖုန်းသည် ချန်ကျီရှင်း၏ လက်ထဲဝယ် အရုပ်တစ်ခုကဲ့သို့ ကစားခြင်းကို ခံလိုက်ရပြီး မည်သည့် ခုခံမှုမျှပင် မပြုလုပ်နိုင်ခဲ့ပေ။

ခေတ္တခဏအတွင်းဝယ် မသေမျိုးတောင်တန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ပါရမီရှင်အားလုံးမှာ ချန်ကျီရှင်းကို ကြည့်ရင်း သူတို့၏ မျက်ဝန်းများအတွင်း၌ ရှုပ်ထွေးလှသော ခံစားချက်များ၊ ကိုယ်စီသော အတွေးအမြင်များ ပြည့်နှက်နေကြသည်။

လီချန်းဖုန်းကလည်း နောက်ထပ် ဆူညံပွက်လောရိုက်ခြင်း မရှိတော့သဖြင့် ချန်ကျီရှင်းမှာလည်း သူ့အား ဆက်လက်၍ ဂရုမစိုက်တော့ဘဲ အေးအေးဆေးဆေးပင် တင်ပလ္လင်ခွေ ထိုင်နေလိုက်တော့သည်။

ချန်ကျီရှင်းအတွက်မူ ဤပါရမီရှင်ဆိုသူများနှင့် ယှဉ်ပြိုင်ရခြင်းမှာ သူ၏ စိတ်နှလုံးထဲဝယ် လှိုင်းတံပိုးလေးတစ်ခုမျှပင် ဖြစ်ပေါ်အောင် မတတ်နိုင်ပေ။

သူ၏ အမြင်အာရုံမှာ စစ်မှန်သောကိုယ်ထည်အဆင့်ပါရမီရှင်များ၏ ဘောင်အတွင်း၌ မရှိတော့သည်မှာ ကြာပြီဖြစ်သည်။

သူသည် ဤပြိုင်ပွဲကြီးသို့ အသေအလဲ ဝင်ရောက်ယှဉ်ပြိုင်လိုရသည့် တကယ့်အကြောင်းရင်းမှာ ဤပါရမီရှင်ဆိုသူများကြောင့် မဟုတ်သလို မသေမျိုးတာအိုအဖွဲ့သို့ ဝင်ရောက်ခွင့်ရရန်

အတွက်လည်း မဟုတ်ပေ။

မသေမျိုးနတ်ဘုရားနန်းတော်သည် ကျားချင်းယွဲ့ သို့မဟုတ် မိုချင်းယွဲ့မှတစ်ဆင့် သူ့ထံသို့ ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီးသား ဖြစ်သည်။

သူသာ မသေမျိုးတာအိုအဖွဲ့သို့ ဝင်ရောက်ကာ ထာဝရရှင်သန်ခြင်း လျှို့ဝှက်ချက်များကို သိမြင်လိုပါက လွန်ခဲ့သော လပိုင်းကတည်းကပင် အေးအေးဆေးဆေး ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

သူ့ကို တွန်းအားပေးနေသည့် တကယ့်အကြောင်းရင်းမှာ နှစ်ချက်ရှိကာ ပထမအချက်မှာ မသေမျိုးတောင်တန်းအတွင်းဝယ် ဒဏ္ဍာရီလာ မသေမျိုးများ မြှုပ်နှံရာနေရာ ရှိနေပြီး ထိုနေရာ၌ ရှေးဟောင်း မသေမျိုးအတတ်ပညာများ ကိန်းဝပ်နေခြင်းကြောင့်ပင်။

သူ အမှတ်မမှားဘူးဆိုလျှင် ထိုရှေးဟောင်း မသေမျိုးအတတ်ပညာများထဲမှ မဟာတာအို ဖိုက္ကုမ္ပဟု အမည်ရသော ကျမ်းစာသည် မရေမတွက်နိုင်သော တာအိုများကို ဖိုတစ်ခုတည်းအတွင်းသို့ ပေါင်းစပ်ပေးနိုင်သည်။

တာအိုများစွာကို တတ်မြောက်ထားပြီး နတ်ဘုရားအတတ်ပညာများ မြောက်မြားစွာ ပိုင်ဆိုင်ထားသော ချန်ကျီရှင်းအတွက်မူ ဤကျမ်းစာမှာ အလွန်ပင် အရေးကြီးသည်။ တာအိုများမှာ မည်မျှပင် များပြားစေကာမူ နောက်ဆုံးတွင် တစ်ခုတည်းသို့သာ ပေါင်းဆုံသွားရမည် ဖြစ်သည်။

ယခုအခါ တာအို ကိုးခုကို တတ်မြောက်ထားသည့် သူသည် ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်မည်ဆိုပါက သူ၏အစွမ်းမှာ သမိုင်းတစ်လျှောက် မကြုံစဖူးသော အမြင့်ဆုံးနယ်ပယ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထိုအပြင် ပိုမိုအရေးကြီးသော ဒုတိယအချက်မှာမူ ကံကြမ္မာရှင် ဇာတ်ကောင်တစ်ဦးနှင့် သက်ဆိုင်နေခြင်းပင်။

ထိုကံကြမ္မာရှင်သည် တာအိုအတွက် မွေးဖွားလာသူဖြစ်ပြီး ကံကြမ္မာနှင့် ဆုံစည်းရန် ရောက်ရှိလာသူ ဖြစ်သည်။ သူ၏ ဘဝတစ်လျှောက်လုံးတွင် အထွတ်အထိပ် အလှပဆုံးသော အလင်းတန်းများကို ပိုင်ဆိုင်ခဲ့ပြီး အဆုံးမဲ့သော ဒဏ္ဍာရီများကို ရေးထိုးနိုင်ခဲ့သူ ဖြစ်သည်။ တစ်ချိန်က သူသည် တစ်လောကလုံး တိတ်ဆိတ်သွားသည်အထိ မည်သူမျှ သူ၏အထက်သို့ မတက်လှမ်းရဲတော့သည်အထိ တိုက်ခိုက်ပြခဲ့သူ ဖြစ်သည်။

သူ၏ ယခင်ဘဝက မဟာကျင့်ကြံခြင်းဂိမ်းအတွင်း၌ ဤကံကြမ္မာရှင်သည် ချန်ကျီရှင်း အလေးစားရဆုံးသော ပုဂ္ဂိုလ်တစ်ဦးပင်။

ထို့ပြင် ကံကြမ္မာရှင် ကိုးဦးအနက် အစွမ်းထက်ဆုံးနှင့် ပြိုင်ဘက်ကင်းဆုံးသူဟုလည်း ချန်ကျီရှင်းက ယုံကြည်ထားခဲ့သည်။

"ရှုံးနိမ့်သွားတဲ့ ရန်သူတွေက ငါ့ကို ပြိုင်ဘက်လို့ ဘယ်တော့မှ မသတ်မှတ်နိုင်ပါဘူး။ မင်းတို့ ငါ့ကို မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ လိုက်နိုင်ဖို့ ငါ အချိန်ပေးထားမယ်"

"သူတို့ကို ဆန့်ကျင်ရတာက တစ်ကိုယ်တည်း ဖြစ်သွားမယ်ဆိုရင်လည်း ဖြစ်ပါစေ။ ငါကိုယ်တိုင် ဒီမဟာအရှုပ်တော်ပုံကြီးထဲကို ခုန်ဝင်ဖို့ အသင့်ပဲ။ ငါက အကြီးကျယ်ဆုံး တွက်ချက်သူပဲ"

ဤကဲ့သို့သော ခံ့ညားထည်ဝါလှသည့် သူ၏ စကားလုံးများမှာ ချန်ကျီရှင်းအတွက် မရေတွက်နိုင်အောင် ရှိခဲ့သည်။ ယခင်ဘဝက ဂိမ်းအတွင်း၌မူ ဤကံကြမ္မာရှင်သည် ကံကြမ္မာရှင် ကိုးဦးထဲတွင် စစ်မှန်သော ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်ဟု ချန်ကျီရှင်းက သတ်မှတ်ထားခဲ့သည်။

"ယခင်ဘဝက ဂိမ်းရဲ့ ဇာတ်လမ်းအရဆိုရင် အဲဒီကံကြမ္မာရှင်က ငယ်စဉ်တုန်းက ကောင်စုတ်လေးတစ်ယောက်အနေနဲ့ ရှေးဦးရှေးဟောင်း မျိုးနွယ်စုတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ် အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်"

"အခု အဲဒီအချိန် ဖြစ်နေမလားပဲ"

ချန်ကျီရှင်း၏ မျက်ဝန်းများအတွင်း၌ မရေမရာသော အတွေးများဖြင့် အရောင်များ တဖျတ်ဖျတ် တောက်ပနေသည်။ ထိုကံကြမ္မာရှင်သည် ငယ်စဉ်တုန်းက အလွန်ပင် နောက်ပြောင်တတ်သူဖြစ်ကြောင်း သူ အမှတ်ရမိသည်။

"ဒီတစ်ခေါက် အဲဒီကံကြမ္မာရှင်နဲ့ ဆုံနိုင်ရင်တော့ တကယ်ကောင်းမှာပဲ"

ချန်ကျီရှင်း ထိုသို့ တွေးနေစဉ်မှာပင် ကောင်းကင်ယံအဆုံးမှနေ၍ နတ်ဘုရားအလင်းတန်း သုံးခု ပေါ်ထွက်လာပြီး လှပခမ်းနားလှသော မသေမျိုးအလင်းတန်းများကို ဖြာထွက်စေလျက် ရောက်ရှိလာကြသည်။

နောက်တစ်ခဏတွင်...

"ကြည့်စမ်း... မသေမျိုးတာအိုအဖွဲ့ သုံးခုက လူတွေ ရောက်လာကြပြီ"

အဝေးမှ အံ့အားသင့်စွာ အော်ဟစ်သံတစ်ခု ပေါ်ထွက်လာတော့သည်။

All Chapters