← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း။ ၂၆၅

"ဓား... နန်းတော်လား"

ချန်ကျီရှင်းသည် ခန့်ညားလှသော အနက်ရောင် ခန်းမဆောင်ကြီး၏ ရှေ့တွင် ရပ်လျက် အပေါ်ဘက်ရှိ ဆိုင်းဘုတ်ထက်မှ ဝေဝါးနေသော ရှေးဟောင်းစာသားများကို ခဏမျှ မော့ကြည့်နေပြီးနောက်တွင်မှ ထိုစာလုံးနှစ်လုံးမှာ ဓားနန်းတော်ဖြစ်ကြောင်း မှတ်မိသွားတော့သည်။

သူသည် တွန့်ဆုတ်မနေဘဲ တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လိုက်၏။ မည်သည့် တားဆီးမှု၊ မည်သည့် ကန့်သတ်ချက်မျှ မရှိဘဲ ချန်ကျီရှင်းသည် အေးအေးဆေးဆေးပင် အတွင်းသို့ လှမ်းဝင်သွားခဲ့သည်။

ဟောင်းနွမ်းပုပ်သိုးနေသော လေထုက သူ၏မျက်နှာကို တိုးဝှေ့လာသဖြင့် ချန်ကျီရှင်းသည် နှာခေါင်းကို အသာအယာ အုပ်လိုက်ပြီး လက်ဖြင့် ယပ်ခတ်ကာ ရှေ့သို့ ကြည့်လိုက်သည်။

ဓားတွေ…နေရာအနှံ့မှာ ဓားတွေချည်းပဲ။

ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးရှိသည့် ဓားမြောက်မြားစွာသည် ဓားဦးများကို အောက်သို့ စိုက်လျက် ခန်းမဆောင်ကြီးတစ်ခုလုံး၌ သိပ်သည်းစွာ ချိတ်ဆွဲထားသည်။

"အို..."

ချန်ကျီရှင်းသည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူ၏ရှေ့တွင်ရှိသော ဓားတစ်လက်ကို အမှတ်မထင် လှမ်းကိုင်လိုက်သည်။

ကောင်းကင်ယံအလင်းတန်းများ ကိန်းဝပ်နေပြီး ထက်မြက်မှု၌ ပြိုင်ဘက်ကင်းပုံရသော ထိုနတ်ဘုရားဓားသည် ချန်ကျီရှင်း၏ လက်ချောင်းများနှင့် ထိမိသည်နှင့် တစ်ပြိုင်နက် တစ်လက်မချင်း စီလွင့်ကာ သဲမှုန်များအဖြစ် ကြေပျက်သွားပြီး သူ၏လက်ချောင်းများကြားမှ လျှောကျသွားတော့သည်။

ထိုနေရာ၌ ဝေဝါးလှသော ဓားဆန္ဒလေးတစ်ခုသာ ကျန်ရစ်ခဲ့ပြီး ပိုးစုန်းကြူးလေးတစ်ကောင်ကဲ့သို့ လေထဲတွင် ဝဲပျံနေသည်။

"ဒါက ဘာလဲ"

ချန်ကျီရှင်းသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏မျက်ဝန်းများအတွင်း၌ စိတ်ပျက်သည့် အရောင်အဝါများ ပေါ်ပေါက်လာသည်။

ဤဓားများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်နှင့် ပင်လယ်ကိုပင် ပိုင်းဖြတ်

နိုင်သည့် နတ်ဘုရားလက်နက်များ ဖြစ်ခဲ့ဖူးသော်လည်း အချိန်ကာလ၏ တိုက်စားမှုအောက်

တွင် ပျက်စီးယိုယွင်းခဲ့ရပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများမှာ ပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။

ဓားများအတွင်း၌ ကိန်းဝပ်နေသော စစ်သည်တော်ဓာတ် ဓားဆန္ဒသာလျှင် အချိန်ကာလ၏ ဒဏ်ကို ခံနိုင်ရည်ရှိပြီး ကျန်ရစ်ခဲ့ခြင်းပင်။ သို့သော်လည်း သန့်စင်သော ဓားဆန္ဒသက်သက်မှာ ချန်ကျီရှင်းအတွက် အသုံးမဝင်ပေ။

"ဒါပေမဲ့... ငါ့အတွက် အသုံးမဝင်ပေမဲ့ တခြားတစ်ယောက်အတွက်တော့ အလွန်ပဲ အကျိုးရှိမှာပဲ"

သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် သစ်သားဓားတံခါးတစ်ခု ချန်ကျီရှင်း၏ လက်ထဲတွင် ပေါ်လာသည်။

"ဟင်း... ဟင်း..."

ချန်ကျီရှင်းသည် ဖုန်များ တက်နေသော အနက်ရောင် သစ်သားဓားတံခါးကို ကြည့်ကာ အားနာဟန်ဖြင့် လက်သီးဆုပ်ကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။

ထို့နောက် ဓားတံခါးကို အသာအယာ ခောက်လိုက်ပြီး တိုးညင်းသော အသံဖြင့် ခေါ်လိုက်သည်။

"စိမ်းပြာရောင်နတ်ဘုရားဓား"

ဓားတံခါးအတွင်းမှ မည်သည့် တုန့်ပြန်မှုမျှ မရှိပေ။

ဒေါက်... ဒေါက်...

ချန်ကျီရှင်းက ထပ်မံခေါက်လိုက်ပြီး "စိမ်းပြာရောင်နတ်ဘုရားဓား... အပြင်ထွက်ပြီး လေညင်းလေး ဘာလေး ခံဦးမလား"ဟု ပြောလိုက်သည်။

ဓားတံခါးက ငြိမ်သက်နေဆဲပင်။

"ကြည့်ရတာ စိမ်းပြာရောင်နတ်ဘုရားဓားက အိပ်ပျော်နေတုန်းပဲ ထင်တယ်။ ဒါဆိုလည်း မနှောင့်ယှက်တော့ပါဘူး"

ချန်ကျီရှင်းက အသံကို မြှင့်ကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။

သူ၏စကားဆုံးသည်နှင့်...

"သုံးနှစ် ဒီသုံးနှစ်လုံးလုံး ငါ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ မင်းသိလား"

ဒေါသထွက်နေသော အမျိုးသမီးအသံတစ်ခုက အနက်ရောင် သစ်သားဓားတံခါးအတွင်းမှ ရုတ်ခြည်း ပေါက်ကွဲ၍ ထွက်ပေါ်လာတော့သည်။

"ကြည့်ရတာ စိမ်းပြာရောင်နတ်ဘုရားဓားက တော်တော်လေး နိုးနိုးကြားကြား ရှိနေတာပဲ"

ချန်ကျီရှင်းက ခပ်အေးအေးပင် ရယ်မောလိုက်မိသည်။ သူ နောက်ဆုံးအကြိမ် စိမ်းပြာရောင်နတ်ဘုရားဓားကို အသုံးပြုခဲ့သည်မှာ ကောင်းကင်မြစ်တောင်တန်း၌ အမျိုးသမီး ဓားနတ်ဘုရားမ၏ အမွေအနှစ်ကို ရယူစဉ်က ဖြစ်သည်။

နောက်ပိုင်းတွင် သူကိုယ်တိုင်၏ ဓားတာအိုကို ထူထောင်ပြီးနောက် စိမ်းပြာရောင်နတ်ဘုရားဓားကို အသုံးနည်းသွားခဲ့သည်။ ယခုဆိုလျှင် သိုလှောင်လက်စွပ်အတွင်း၌ ဖုန်တက်နေသည်မှာ သုံးနှစ်တောင် ရှိသွားသည်။

"မင်းလို လူယုတ်မာ ဒီလိုဖြစ်မယ်မှန်း သိရင် အဲဒီတုန်းက မင်းလက်ထဲမှာ အဖျက်ဆီးခံလိုက်တာကမှ တော်ဦးမယ် ဝူး... ဝူး..."

စိမ်းပြာရောင်နတ်ဘုရားဓားဝိညာဉ်၏ အသံမှာ ဒေါသထွက်နေရုံသာမက အလွန်အမင်း နာကျည်းဝမ်းနည်းနေသည့်အပြင် ရှိုက်ကြီးတငင် ငိုကြွေးသံပင် ပါဝင်နေသည်။

"ဒါက တကယ်ကို မတရားဘူး။ သူကျတော့ အပြင်လောကမှာ ပျော်ပါးနေပြီး...ငါ့ကိုကျတော့ မှောင်မည်းနေတဲ့ သေတ္တာထဲမှာ သုံးနှစ်တိတိ ပိတ်လှောင်ထားခဲ့တာ။

သုံးနှစ်တောင်...

ဒီသုံးနှစ်လုံးလုံး ငါ ဘယ်လိုစိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရသလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါက တကယ်ပဲ လူသားတစ်ယောက် လုပ်ရမယ့် အလုပ်မျိုးလား..."

"ဟားဟားဟား... ဟုတ်ပါပြီ ငါ တကယ်ပဲ တောင်းပန်ပါတယ်"

ချန်ကျီရှင်းသည် သဘောကျစွာဖြင့် ချက်ချင်းပင် တောင်းပန်လိုက်သည်။

"ဝူး... ဝူး... အဲဒီတုန်းက ငါ့ကို ဘာတွေ ကတိပေးခဲ့လဲ ငါ့နာမည်ကို တစ်လောကလုံး ကျော်ကြားစေရမယ်။ လောကမှာရှိတဲ့ နာမည်ကြီးဓားတွေကို မြည်းစမ်းခွင့်ပေးမယ်လို့ ပြောခဲ့တာလေ"

"ဒါပေမဲ့ သုံးနှစ်အတွင်းမှာ ဝါးမြိုဖို့ ဓားတစ်လက်တောင် မတွေ့ခဲ့ရဘဲ ငါ့မှာ ဖုန်တွေပဲ တက်နေရတယ်"

"လူလိမ်ကြီး အလကား ကတိတွေပဲ ပေးတတ်တဲ့ လူလိမ်"

စိမ်းပြာရောင်နတ်ဘုရားသည် အလွန်အမင်း ဝမ်းနည်းနေခဲ့ရသည်။ ချန်ကျီရှင်းကို သူမ မနိုင်မှန်း မသိခဲ့လျှင် ဤသစ္စာမဲ့သော ယောက်ျားကို ဓားနှင့် ထိုးနှက်မိမှာ အသေအချာပင်။

ချန်ကျီရှင်းသည် စန္ဒကူးသေတ္တာကို ဖွင့်လိုက်ရာ အစပိုင်းတွင် အရှိန်အဟုန်အပြည့်ရှိနေသော စိမ်းပြာရောင်နတ်ဘုရားဓားသည် မျက်နှာလွှဲလိုက်ပြီး ကျောခိုင်းထားသည်ကို တွေ့လိုက်ရသဖြင့် သူ ရယ်မောလိုက်မိသည်။

"ကဲပါ... စိတ်မကောက်ပါနဲ့တော့ အခု မင်းကို အဝအပြဲ စားသောက်ဖို့ ခေါ်လာတာပဲ မဟုတ်ဘူး လား"

ချန်ကျီရှင်းသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ဓားလက်ကိုင်ရိုးကို အသာအယာ ကလိထိုးလျက် အသာအယာ ရယ်မောလိုက်သည်။

"ငါ့ကို မထိနဲ့"

စိမ်းပြာရောင်နတ်ဘုရားသည် သူမ၏ သိက္ခာကို အတင်းဆုပ်ကိုင်ထားရင်း ဒေါသတကြီး ပြန်ပြောလိုက်သည်။

"ငါ မစားဘူး ငါ ငတ်သေရင် သေပါစေဦးတော့... ငါ စိမ်းပြာရောင်နတ်ဘုရားက မင်းကျွေးတဲ့ အစာတစ်လုပ်ကိုမှ နောက်ထပ် ထပ်မစားဘူး"

"တကယ်လား"

ချန်ကျီရှင်းက မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ရင်း နောင်တရသလို လေသံဖြင့် "နှမြောစရာပဲ... ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းကုဋေကုဋာက စစ်မှန်တဲ့ မသေမျိုးတစ်ပါး ကိုယ်တိုင် သွန်းလုပ်ခဲ့တဲ့ နတ်ဘုရားလက်နက်တွေကို..."

ချန်ကျီရှင်း စကားပင် မဆုံးသေးမီ...

ချွမ်…

ဓားတံခါးအတွင်း လဲလျောင်းနေသော စိမ်းပြာရောင်နတ်ဘုရားဓားက ချက်ချင်းပင် မတ်တတ်ရပ်သွားတော့သည်။

"ဘာ စစ်မှန်တဲ့ မသေမျိုး သွန်းလုပ်ထားတဲ့ လက်နက်လား"

"ဘယ်မှာလဲ ဘယ်မှာလဲ"

လောလောလောလော အသံနှင့်အတူ စိမ်းပြာရောင်နတ်ဘုရားဓားသည် ဘယ်ညာသို့ အလျင်အမြန် ဝေ့ဝဲကြည့်ရှုတော့သည်။ ထို့နောက်တွင် ချန်ကျီရှင်းသည် တစ်စုံတစ်ဦး တံတွေးမျိုချလိုက်သည့် အသံကို ကြားလိုက်ရ၏။

"စားစရာတွေ... စားစရာတွေ အများကြီးပဲ"

ဤအခိုက်အတန့်တွင် စိမ်းပြာရောင်နတ်ဘုရားဓားတစ်လက်လုံးမှာ အလင်းများ တဖျတ်ဖျတ် တောက်ပနေတော့သည်။

ချန်ကျီရှင်းက မရယ်ဘဲ မနေနိုင်တော့ဘဲ လက်ကိုဝှေ့ယမ်းကာ "သွားတော့... အားလုံးက မင်းအတွက်ပဲ"

"ကောင်းပြီလေ"

စိမ်းပြာရောင်နတ်ဘုရားဓားသည် ဓားတံခါးအတွင်းမှ မြှားတစ်စင်းအလား ထိုးထွက်သွားသော်လည်း ချက်ချင်းပင် ချန်ကျီရှင်း၏ရှေ့သို့ ဝဲပျံကာ ပြန်ရောက်လာသည်။

"ငါက မာနမရှိတာ မဟုတ်ဘူးနော်။ ဒါပေမဲ့ မင်းက ဒါတွေကို အသုံးမပြုဘူးဆိုတော့ ငါကပဲ သဘောကောင်းပြီး ဒါတွေကို ရှင်းထုတ်ပေးလိုက်မယ်"

"အာ... ဟုတ်ပါပြီ ဟုတ်ပါပြီ"

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး စိမ်းပြာရောင်နတ်ဘုရားအတွက် အိန္ဒြေမပျက်စေရန် အလိုက်သင့် ပြောပေးလိုက်သည်။

"ဒါဆို... ငါ စား... စားတော့မယ်နော်"

"အားမနာပါနဲ့... ငါ့ကို ကူညီပြီး ရှင်းထုတ်ပေးပါဦး"

"စိတ်ချလိုက်တော့"

ချက်ချင်းပင် စိမ်းပြာရောင်နတ်ဘုရားဓားသည် သံချေးတက်နေပြီး ကြောက်မက်ဖွယ်ပုံစံရှိသော အနက်ရောင် ရှေးဟောင်းဓားတစ်လက်ကို ထိုးဖောက်လိုက်သည်။ ထိုအနက်ရောင်ဓားမှာ စိမ်းပြာရောင်နတ်ဘုရားနှင့် ထိတွေ့လိုက်သည်နှင့် မြေမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။

မမြင်နိုင်သော စစ်သည်တော်ဓာတ် ဓားဆန္ဒများသည် စိမ်းပြာရောင်နတ်ဘုရားဓားအတွင်းသို့ တရဟော စီးဝင်သွားပြီး စိမ်းပြာရောင်နတ်ဘုရားဓား၏ အဆင့်အတန်းမှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ မြင့်တက်လာတော့သည်။

အမွှေးတိုင်တစ်ဝက်စာမျှသော အချိန်အတွင်းမှာပင် စိမ်းပြာရောင်နတ်ဘုရားဓားသည် နတ်ဘုရားလှည့်လည်ခြင်းအဆင့်မှနေ၍ စစ်မှန်သောကိုယ်ထည်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။

"ဂလု အရသာရှိလိုက်တာ"

ဓားဆန္ဒများကို ဝါးမြိုပြီးနောက် စိမ်းပြာရောင်နတ်ဘုရားသည် အခြားသော ရှေးဟောင်းဓားတစ်လက်ထံသို့ အရှိန်ဖြင့် ပြေးဝင်သွားပြန်သည်။

ဝုန်း ဝုန်း ဝုန်း

အချိန်ကြာလာသည်နှင့်အမျှ စိမ်းပြာရောင်နတ်ဘုရားဓား၏ အဆင့်မှာ တစ်ဟုန်ထိုး မြင့်တက်လာရာ လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်းမှာပင် စစ်မှန်သောကိုယ်ထည် တတိယအဆင့်သို့ ရောက်ရှိသွားတော့သည်။

ဓားနန်းတော်အတွင်းရှိ ဓားများ၏ ဆယ်ပုံတစ်ပုံခန့်ကိုသာ စားသုံးရသေးသော်လည်း ဤမျှ အစွမ်းထက်လာခြင်းပင်။

"ထွက်ခဲ့စမ်း"

"အပြင်ကို ထွက်ခဲ့"

"အတွင်းထဲမှာ ဘယ်သူလဲ လိမ္မာပါးနပ်စွာနဲ့ အပြင်ထွက်ပြီး မသေမျိုးသိုင်းအမိန့်တော်ကို အပ်စမ်း။ မဟုတ်ရင် ငါတို့ အတင်းဝင်တိုက်တာကို မခံချင်ပါနဲ့"

ထိုစဉ် ခန်းမဆောင်ကြီး၏ အပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

"လူတွေ ရောက်လာပြီလား"

ချန်ကျီရှင်း မျက်မှောင်ကြုတ်လိုက်သည်။

တစ်စုံတစ်ဦး ရောက်လာမည်ကို သူ သိထားသော်လည်း ဤမျှ မြန်လိမ့်မည်ဟု မထင်ထားမိပေ။

"ငါ သူတို့ကို ရှင်းလိုက်ရမလား"

ဓားဆန္ဒများကို ဝါးမြိုရင်း ဇိမ်ခံနေသော စိမ်းပြာရောင်နတ်ဘုရားဓားဝိညာဉ်လေးမှာ ခဏရပ်ကာ ချန်ကျီရှင်းကို ကြည့်လိုက်သည်။

"မလိုဘူး... မင်းက မင်းကိုယ်မင်း မြှင့်တင်ဖို့ပဲ အာရုံစိုက်ထားပါ။ ကျန်တာကို ငါ ကိုင်တွယ်လိုက်မယ်"

ချန်ကျီရှင်းက သူမကို ပြုံးပြလိုက်ပြီးနောက် ခန်းမဆောင် အပြင်ဘက်သို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းသွားတော့သည်။

မှောင်ရိပ်ကျနေသော လမ်းတစ်လျှောက်တွင် ချန်ကျီရှင်း၏ မျက်နှာထက်မှ အပြုံးများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူ၏ မျက်ဝန်းများအတွင်း၌မူ အေးစက်လှသော သတ်ဖြတ်လိုစိတ်များ အစားထိုးဝင်ရောက်လာသည်။

ကြည့်ရတာ ဒီလူအုပ်စုကို ထိတ်လန့်တုန်လှုပ်သွားအောင် ဒါမှမဟုတ် ကြောက်ရွံ့သွားအောင် ငါ မလုပ်ပြသရွေ့တော့ အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူးထင်တယ်

ကျွီ...

ဓားနန်းတော်၏ တံခါးကြီးမှာ အပြင်ဘက်သို့ ဖြည်းဖြည်းချင်း ပွင့်လာသည်။

"ဟော... ဟော... ထွက်လာပြီ"

"မသေမျိုးသိုင်းအမိန့်တော်ကို ပထမဆုံးရတဲ့ ကံဆိုးသူက ဘယ်သူလဲဆိုတာ ငါ ကြည့်လိုက်ရအောင်"

"ဒီနေ့ အဲဒီလူကို သင်ခန်းစာပေးရမယ်... မင်းမှာ အစွမ်းရှိမှ အမိန့်တော်ကို ရှာတွေ့တာက ကံကောင်းတာပဲ။ မင်းမှာ အစွမ်းမရှိရင်တော့ အဲဒီအမိန့်တော်က ကံကောင်းခြင်းမဟုတ်ဘဲ သေမိန့်ပဲ"

ထိုအခိုက်အတန့်တွင် လူငယ်ပါရမီရှင် အများအပြားမှာ စိတ်လှုပ်ရှားစွာဖြင့် ခန်းမဆောင်တံခါးဝသို့ စုပြုံကြည့်လိုက်ကြသည်။

စိတ်လှုပ်ရှားနေပြီး စိတ်ဝင်တစားရှိနေသော သို့မဟုတ် ခပ်အေးအေးပင် ကြည့်နေသော မျက်လုံးပေါင်းများစွာ၏ အောက်တွင် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားပြီး လှပကျော့ရှင်းလှသော မျက်နှာနှင့် ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် လူရိပ်တစ်ခုက မှောင်ရိပ်ကျနေသော ခန်းမဆောင်အတွင်းမှ ခြေလှမ်းမှန်မှန်ဖြင့် ထွက်ပေါ်လာတော့သည်။

အခန်း။ ၂၆၆

ချန်ကျီရှင်းသည် ခန်းမဆောင်ကြီးအတွင်းမှ အပြည့်အဝ ခြေလှမ်းထွက်လာသည်နှင့်အမျှ ရွှေရောင်နေခြည်များက သူ၏ကိုယ်ပေါ်သို့ ဖြာကျလာတော့သည်။

ခန်းမအပြင်ဘက်ရှိ တစ်ခွင်တစ်ပြင်လုံးမှာမူ ရုတ်ခြည်းပင် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။

ပါရမီရှင်များ၏ မျက်နှာထက်မှ အပြုံးများသည် အေးခဲသွားကြပြီး မျက်ဝန်းတိုင်းမှာ မယုံကြည်နိုင်မှုများဖြင့် ဝိုင်းစက်နေကြသည်။ တောင်ပေါ်လေပြေက ချန်ကျီရှင်း၏ ဝတ်ရုံစကို အသာအယာ လှုပ်ခတ်စေနေ၏။

"ငါ့ဆီက မသေမျိုးသိုင်းအမိန့်တော်ကို လုချင်တဲ့သူ ရှိတယ်လို့ ကြားလိုက်မိသလားလို့"

ချန်ကျီရှင်း၏ အမူအရာမှာ တည်ငြိမ်လျက်ပင် ပါရမီရှင်အုပ်စုကို ဝေ့ဝဲကြည့်လိုက်သည်။

"ကောလာဟလတွေပါ အဲဒါတွေက ကောလာဟလတွေသက်သက်ပါပဲ"

"ဘယ်သူက အဲဒီလိုပြောတာလဲ ငါတော့ လုံးဝမဟုတ်ဘူးနော်"

"ဘယ်သူက တတိယသခင်လေးရဲ့ ပစ္စည်းကို လုရဲမှာလဲ။ အဲဒီလိုလူမျိုးက ငါ ကျန့်ဟူရဲ့ ရန်သူပဲ"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုပါရမီရှင်များသည် ဘုံရန်သူတစ်ဦးတည်း ရှိသွားသည့်အလား တစ်ညီတစ်ညွတ်တည်း အော်ဟစ်ကာ တုံ့ပြန်လိုက်ကြသည်။

"အို... ဟုတ်လို့လား"

ချန်ကျီရှင်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"အမှန်ပေါ့"

"တတိယသခင်လေးရဲ့ ပိုင်ဆိုင်မှုကို လုယူဖို့ သတ္တိရှိတဲ့သူဟာ ငါနဲ့ ဘယ်တော့မှ ပြေလည်မှာမဟုတ်တဲ့ ရန်သူပဲ"

ဂိုဏ်းအသီးသီးမှ ပါရမီရှင်များ၏ မျက်နှာထက်တွင် ဖားချင်ယောင်ဆောင်သော အပြုံးများ ပြည့်နှက်သွားတော့သည်။

လူတစ်ယောက်၏ ကျော်ကြားမှုသည် ၎င်း၏အရိပ်နှင့်တူသည်။ ချန်ကျီရှင်း၏ အစွမ်းမှာ အားလုံးအတွက် ထင်ရှားပြီးသားပင်။

ဤကမ္ဘာငယ်လေးထဲသို့ ရောက်ရောက်ချင်းမှာပင် ထိုကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်ရန် မည်သူမျှ မိုက်မဲမည်မဟုတ်ပေ။

သို့သော်လည်း မာနကြီးပြီး စိတ်ဓာတ်ထက်သန်သူ အချို့ကမူ အလျှော့မပေးလိုဘဲ ချန်ကျီရှင်းကို တိတ်တဆိတ် စိုက်ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများအတွင်း၌ အကြံအစည်များ တဖျတ်ဖျတ် ပေါ်ပေါက်နေသည်။

"တတိယသခင်လေး... ဒါက အထင်လွဲမှုတစ်ခုပါပဲ။ တခြားဘာမှ မရှိတော့ရင် ကျွန်တော်တို့ အရင်သွားလိုက်ပါဦးမယ်"

သူတို့သည် မျက်နှာထက်၌ အပြုံးများကို အတင်းတပ်ဆင်ထားရင်း ချန်ကျီရှင်းကို အကဲခတ်ကာ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။

ချန်ကျီရှင်းမှာမူ သူ၏မျက်နှာထက်၌ မည်သည့်ခံစားချက်မျှ မဖော်ပြဘဲ တိတ်ဆိတ်စွာ ရပ်နေဆဲပင်။

ချန်ကျီရှင်းနှင့် အလှမ်းဝေးကွာသွားပြီး သူ၏ပုံရိပ်မှာ အစက်အပြောက်လေးတစ်ခုအလား ဖြစ်သွားသည့်တိုင်အောင် ထိုပါရမီရှင်အုပ်စုမှာ သက်ပြင်းချနိုင်ခဲ့ကြသည်။

"ကျန့်ဟူ... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ မသေမျိုးသိုင်းအမိန့်တော်ကို ခဲရာခဲဆစ် တွေ့ထားတာ။ ဒီအတိုင်းပဲ လက်လျှော့လိုက်တော့မှာလား"

ဝတ်ရုံခရမ်းရောင်နှင့် ပါရမီရှင်တစ်ဦးက အသံကိုနှိမ့်ကာ မေးလိုက်သည်။

ကျန့်ဟူဟု ခေါ်သော လူငယ်၏ မျက်နှာထက်မှ ဖားချင်ယောင်ဆောင်သော အပြုံးများမှာ ပျောက်ကွယ်သွားပြီး မရေမရာသော ခက်ထန်မှုများ အစားထိုးဝင်ရောက်လာသည်။

"သာမန်လူတစ်ယောက်က အင်အားကြီးသူကို ယှဉ်ဖို့ အားနည်းသူက အားသန်သူကို အနိုင်ယူဖို့ဆိုရင် တခြားအင်အားကို ဘယ်လိုငှားရမလဲဆိုတာ သင်ယူထားရမယ်"

ကျန့်ဟူ၏ မျက်ဝန်းများအတွင်း၌ လိမ္မာပါးနပ်သော အရောင်များ ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ရဲလျန်ချန်းတို့အုပ်စုကို သွားရှာပြီး ချန်ကျီရှင်းရဲ့အကြောင်း သတင်းပေးလိုက် ဒါမှ သူတို့ ချန်ကျီရှင်းကို ကိုင်တွယ်လိမ့်မယ်"

"ကျားနှစ်ကောင် သတ်ပုတ်ကြရင် လစ်ဟာချက်ဆိုတာ ရှိလာစမြဲပဲ အဲဒီရှုပ်ထွေးနေတဲ့ အချိန်ကျမှ ငါတို့ အမိန့်တော်ကို လုယူလို့ရနိုင်တယ်"

"အဆိုးဆုံးအနေနဲ့တောင်မှ ရဲလျန်ချန်းတို့အုပ်စုရဲ့ မျက်နှာသာပေးမှုကို ငါတို့ ရနိုင်သေးတယ်။ ဒီပြိုင်ပွဲပြီးသွားရင် စီကုန်းမိသားစုက ငါတို့ကို ဆုလာဘ်တွေ ပေးမှာ အသေအချာပဲ"

"ခြုံပြောရရင်... ငါတို့အတွက် အမြတ်နည်းနည်းပဲ ရနိုင်ရင်ရမယ်။ ဒါပေမဲ့ ရှုံးတော့မရှုံးဘူး"

ဤစကားကို ကြားသောအခါ ခရမ်းရောင်ဝတ်ရုံနှင့် ပါရမီရှင်မှာ ချက်ချင်းပင် သဘောပေါက်သွားပြီး "အစ်ကိုကျန့်ဟူ... တကယ်ကို ထက်မြက်လွန်းပါတယ်"ဟု ချီးကျူးလိုက်သည်။

ပိန်ပိန်ပါးပါး လူငယ်လေးက အသာအယာ ပြုံးလိုက်ရင်း သူ၏နားထင်ကို လက်ညှိုးဖြင့် တို့ကာ "ဒီလောကမှာ ဦးနှောက်ကို အသုံးချနိုင်ဖို့ လိုတယ်ကွ"ဟု ပြောလိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ်နှင့် အခြားသော ပါရမီရှင်များ အကြံစည်နေကြစဉ်မှာပင်...

"ငါက မင်းတို့ကို ထွက်သွားခွင့် ပေးလိုက်လို့လား"

နက်ရှိုင်းသောအသံတစ်ခုသည် သူတို့၏ နားစည်အတွင်းသို့ ရုတ်ခြည်း ဟိန်းထွက်လာတော့သည်။

"မကောင်းတော့ဘူး"

တစ်ခဏချင်းမှာပင် ပါရမီရှင်များ၏ မျက်နှာများ ပျက်သွားပြီး အဝေးရှိ ချန်ကျီရှင်းကို လှမ်းကြည့်လိုက်ကြသည်။

"ပြေးကြ"

မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ပါရမီရှင်များအားလုံးသည် ကိုယ်ယောင်ဖျောက်အလင်းတန်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အသီးသီးသို့ အသည်းအသန် ထွက်ပြေးကြတော့သည်။

ခန်းမဆောင်ကြီး၏ ရှေ့တွင်မူ အရပ်မျက်နှာအနှံ့ ထွက်ပြေးနေကြသော ပါရမီရှင်များကို ချန်ကျီရှင်းက ကြည့်နေသည်။

သူ၏ ကျောဘက်မှ ဆံပင်အနက်ရောင်များမှာ မုန်တိုင်းမိသကဲ့သို့ လွင့်ပျံလာပြီး သူ၏ပတ်ဝန်းကျင်ရှိ ကျောက်ခဲများ၊ မြေမှုန့်များ၊ သစ်ရွက်များနှင့် မြက်ပင်များမှာ ဆွဲငင်အားတစ်ခုကြောင့် အထက်သို့ မြှောက်တက်လာကာ ချန်ကျီရှင်းကို ဝန်းရံလျက် ဖြည်းဖြည်းချင်း မြင့်တက်လာကြသည်။

သူသည် သူ၏ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး လက်ငါးချောင်းကို ဖြန့်ကာ ခံစားချက်ကင်းမဲ့သော အသံဖြင့် လေးလုံးတည်းသော စကားကို ဆိုလိုက်သည်

"စကြဝဠာ ဆွဲငင်ခြင်းအစွမ်း"

ဝုန်း

ဧရာမ ဆွဲငင်အားကြီးတစ်ခုသည် ချန်ကျီရှင်း၏ လက်ဝါးအတွင်းမှ တစ်ခဏချင်းမှာပင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထွက်ပြေးနေကြသော ပါရမီရှင်များ၏ ပုံရိပ်များက ရုတ်ခြည်းပင် တန့်သွားကြသည်။ သူတို့သည် ထွက်ပြေးနေသည့် ပုံစံအတိုင်း ရှိနေကြသော်လည်း သူတို့၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာမူ နောက်သို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး ချန်ကျီရှင်းရှိရာသို့ အဟုန်ဖြင့် ပြန်လည် စုရုံးလာကြလေတော့သတည်း။

"ဒါ... ဒါက ဘာလဲ..."

"ငါတို့ ဘာလုပ်ကြမလဲ"

တစ်ခဏချင်းမှာပင် ပါရမီရှင်များသည် တစ်ဦးကိုတစ်ဦး ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိကြပြီး ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသည်။ နောက်တစ်ခဏ၌မူ သူတို့အားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ချန်ကျီရှင်း၏ရှေ့မှောက်သို့ ပြန်လည်ရောက်ရှိသွားကြတော့သည်။

"သခင်... တတိယသခင်လေး ကျွန်တော်တို့ကို... ပြောစရာရှိလို့လားခင်ဗျာ"

ပိန်ပိန်ပါးပါး လူငယ်လေး ကျန့်ဟူသည် သူ၏ရင်ထဲမှ ကြောက်စိတ်ကို အတင်းဖိသိပ်ထားရင်း ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ စကားဖြင့် လှည့်ပတ်ပြောရန် ကြိုးစားလိုက်သည်။

သူ စကားပင်မဆုံးသေးမီမှာပင်...

"ရှူး..."

ချန်ကျီရှင်းက သူ၏နှုတ်ခမ်းထက်၌ လက်ညှိုးတစ်ချောင်း တင်လိုက်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ပါရမီရှင်များမှာ ချန်ကျီရှင်းကို ဇဝေဇဝါနှင့် ကြောင်စီစီ ကြည့်နေကြစဉ်...

"မင်းတို့ ကြားလိုက်လား"

ချန်ကျီရှင်း၏ ကျောဘက်မှ ဆံပင်အနက်ရောင်များမှာ လေထဲ၌ ရူးသွပ်စွာ ဆက်လက်လွင့်ပျံနေပြီး သူ၏ ဘယ်ဘက်မျက်လုံးမှာမူ ခိုးရောင်ဟင်းလင်းပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက ထိုပါရမီရှင်များကို စိုက်ကြည့်လျက် အဓိပ္ပာယ်ပါပါ ပြုံးရင်း တိုးညင်းစွာ ပြောလိုက်သည်။

"အဲဒါ... သေခြင်းတရားရဲ့ အသံပဲ"

ဝုန်း

အစွန်းကုန် ပြင်းထန်လှသော သေခြင်းတရား အငွေ့အသက်များသည် ချန်ကျီရှင်း၏ ဘယ်ဘက်မျက်လုံးအတွင်းမှ ပေါက်ကွဲထွက်ပေါ်လာပြီး ငရဲကိုးထပ်၏ ရေလှိုင်းများအလား ပါရမီရှင်အားလုံးကို ဝါးမြိုသွားတော့သည်။ ထိုအငွေ့အသက်များ ထိတွေ့မိသည့် နေရာတိုင်းမှာ ပုပ်သိုးဆွေးမြည့်ကာ ညှိုးနွမ်းကုန်ကြ၏။

မြေပြင်ပေါ်မှ ဖူးပွင့်စ ပန်းလေးများ၊ စမ်းချောင်းအတွင်းမှ ငါးလေးများ၊ လေထဲ၌ ယိမ်းနွဲ့နေသော သစ်ပင်ကြီးများ အားလုံးမှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ညှိုးနွမ်းပျက်စီးကုန်သည်။

သက်ရှိစွမ်းအင် အားလုံးမှာ အလုယူခံလိုက်ရပြီး အရာအားလုံးမှာ ပျက်စီးခြင်း နယ်မြေအဖြစ် ပြောင်းလဲသွားတော့သည်။

သေခြင်းတရားနှင့် ထိတွေ့လိုက်ရသောအခါ ပါရမီရှင်များ၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ဆွေးမြည့်လာသည်။ သူ၏ဆံပင်များမှာ မြက်ခြောက်များအလား ချက်ချင်းပင် ဖြူဖွေးသွားကြပြီး အရေပြားများမှာ တွန့်လိပ်ကာ အရိုးများ၌ ကပ်သွားကြတော့သည်။

ဆယ်စက္ကန့်ခန့်အတွင်းမှာပင် သူတို့သည် တက်ကြွလန်းဆန်းသော ပါရမီရှင်များအဆင့်မှ ဇရာထောင်းနေသော အဖိုးအိုကြီးများအဖြစ် ပြောင်းလဲသွားကြသည်။

"တောက် ငါ့ရဲ့ အသက်စွမ်းအားတွေ အစုပ်ယူခံနေရပြီ"

"မကောင်းတော့ဘူး နတ်ဘုရားစွမ်းရည် ပြန်လည်နုပျိုခြင်း"

"ဒါက ဘယ်လိုအတတ်မျိုးလဲ"

အချို့သော ပါရမီရှင်များမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ကြသော်လည်း သူတို့၏အသံမှာ အိုမင်းပြီး ခြောက်ကပ်နေကာ လေသံမျှသာ ထွက်ပေါ်တော့သည်။

အချို့ကမူ သူတို့၏ နတ်ဘုရားစွမ်းရည်များဖြင့် ထိုထူးဆန်းသော သေခြင်းတရားကို ခုခံရန် ကြိုးစားကြသည်။

သို့သော်လည်း ဘာမှ မထူးခြားခဲ့ပေ။

ရှဲ... ရှဲ... ရှဲ...

ထိုအစွန်းရောက် သေခြင်းတရား အငွေ့အသက်များသည် အတားအဆီးအားလုံးကို လျစ်လျူရှုကာ သူတို့၏ အနှစ်သာရနှင့် အသက်စွမ်းအားများကို ဆက်လက် တိုက်စားနေတော့သည်။

သူတို့၏ အသားအရေများမှာ အရည်ပျော်ကျလာပြီး ဝိညာဉ်များပါ ညှိုးနွမ်းသွားကာ ခဏချင်းမှာပင် မြေပြင်ပေါ်သို့ လဲကျလျက် အရောင်အဝါကင်းမဲ့သော အရိုးစုများအဖြစ် ပြောင်းလဲသွားကြတော့သည်။

ဘုန်း

အရိုးစုများအတွင်းမှ ဖျက်ဆီးအားပြင်းသော သေခြင်းတရား အငွေ့အသက်များသည် သွေးအိုင်ထဲမှ ဓားတစ်လက်အလား ပြန်လည်ထွက်ပေါ်လာပြီး စိမ်းလန်းစိုပြေသော အစိမ်းရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ချန်ကျီရှင်း၏ ညာဘက်မျက်လုံးအတွင်းသို့ တိုးဝင်သွားကြသည်။

အဲဒါက... အသက်စွမ်းအားတွေပဲ။

ထိုစွမ်းအင်များ ဝင်ရောက်လာသည်နှင့်အမျှ ချန်ကျီရှင်း၏ ပါးပြင်နှစ်ဖက်ပေါ်၌ သွေးရောင်များ လွှမ်းသွားပြီး သူ၏ပုံစံမှာ ပိုမိုညှို့ယူဖမ်းစားနိုင်ကာ မိစ္ဆာဆန်သွားတော့သည်။ သူ၏ အသက်စွမ်းအားမှာလည်း ပိုမိုတောင့်တင်း ခိုင်မာလာခဲ့သည်။

သေခြင်းနှင့် ရှင်ခြင်းဆိုသည်မှာ အဘယ်နည်း သူတစ်ပါးကို သေခြင်းတရား ပေးသနားပြီး ထိုအရာကို သူ၏ အသက်ရှည်ခြင်းနှင့် စွမ်းအင်အဖြစ် ပြောင်းလဲကာ ချန်ကျီရှင်း တစ်ဦးတည်းအတွက်သာ ဖြစ်သော အရိုးစုပလ္လင်ကို တည်ဆောက်ခြင်းပင်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ပိတ်ကာ ပြန်ဖွင့်လိုက်သည့်အခါ မျက်လုံးအတွင်းမှ ခိုးရောင်နှင့် ပြာလွင်သော အရောင်များမှာ ပျောက်ကွယ်သွားပြီး နက်ရှိုင်းကြည်လင်သော အခြေအနေသို့ ပြန်ရောက်သွားသည်။

ဝှူး

သူ၏ ညာလက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ အလောင်းဒါဇင်ပေါင်းများစွာမှာ အလိုအလျောက် လွင့်ပျံလာပြီး အနက်ရောင် ခန်းမဆောင်ကြီး၏ ရှေ့တွင် ကြောက်မက်ဖွယ်ရာ အရိုးစုပုံကြီးတစ်ခု ဖြစ်သွားတော့သည်။

ချန်ကျီရှင်းသည် မည်သည့်ခံစားချက်မျှ မပြဘဲ လှည့်ထွက်လိုက်ပြီး ခန်းမဆောင်ကြီးအတွင်းသို့ တစ်လှမ်းချင်း ပြန်လည်ဝင်ရောက်သွားခဲ့သည်။

...

...

တစ်ချိန်တည်းမှာပင် မသေမျိုးတောင်တန်း၏ အပြင်ဘက်၌မူ အရပ်မျက်နှာအသီးသီးမှ ရောက်ရှိနေသော ကျင့်ကြံသူများသည် အလင်းမှန်ချပ်ကြီးပေါ်မှ ကမ္ဘာငယ်လေးအတွင်း ဖြစ်ပျက်သမျှကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။

တစ်စက္ကန့်...

နှစ်စက္ကန့်...

သုံးစက္ကန့်...

ဝုန်း

မသေမျိုးတောင်တန်း၏ အပြင်ဘက် တစ်ခွင်လုံးမှာမူ ရုတ်ခြည်းပင် ဆူညံသွားပြီး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။

All Chapters