ထူးဆန်းသော ကမ္ဘာ တစ်ခု
Vol. 26 Ch. 355
အန်လင်းက ပစ္စည်းစာရင်းပေါ်မှ ပစ္စည်းကို တွေ့သောအခါ စိတ်လှုပ်ရှားမှုဖြင့် တုန်လှုပ်လာလေ၏။
အံ့ချီး နတ်ဘုရား၏ နှလုံးသားနှင့် အံ့ချီး နတ်ဘုရား၏ မသေဆေး...
ထိုသည်မှာ သူက ရှောင်ယန်သင်္ချိုင်းဂူထဲသို့ လာရန် ပထမဆုံး ဆုံးဖြတ်လိုက်စဉ်ကတည်းက သူလိုက်ရှာနေသော ပစ္စည်းများဖြစ်၏။ သူတို့က ဤနေရာတွင် တကယ်ပင် ရှိနေမည်ဟု မည်သူက ထင်ပါမည်နည်း။
အကယ်၍ သူက ထိုအရာများကိုရပါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တိုးမြှင့်နိုင်ပေမည်။
“ဝိုး...အဲ့တာက အံ့ချီးနတ်ဘုရား၏ နှလုံးသားပဲ။”
စုရှောင်လန်က ထိုအချိန်၌ အမှတ်တမဲ့ ပြောလာ၏။
အန်လင်းက စုရှောင်လန်ကို အနည်းငယ် သတိပေးလိုက်၏။ “ရှောင်လန်၊ နင်ရော အံ့ချီးနတ်ဘုရား၏ နှလုံးသားကို လိုချင်လို့လား။”
စုရှောင်လန်က ခပ်ဖွဖွရယ်ကာ သူမ၏ ပါးစပ်ကို ကာလိုက်ပြီး “ဒါပေါ့၊ အံ့ချီးနတ်ဘုရား၏ နှလုံးသားက လူတိုင်းအတွက် ကျင့်ကြံခြင်း နည်းလမ်းမှာရော၊ ကျင့်ကြံခြင်း အခြေခံမှာရော၊ စစ်မှန်တဲ့ စိတ်ဆန္ဒမှာရော အကျိုးအများကြီးရှိစေတာလေ။ အဲ့တာတွေအပြင် တစ်စုံတစ်ယောက်ရဲ့ သတိစွမ်းအားကို ဖေးမပေးဖို့လဲ ကူညီပေးတယ်။ ဘယ်သူ့က အဲ့လိုဟာမျိုးကို မလိုချင်ပဲ ရှိမလဲ။”
“ကောင်းပြီ...” အန်လင်းက စုရှောင်လန်အား သတင်းဆိုးကို မည်သို့ပြောပြရမည်ကို ကြံစည်လိုက်လိုက်၏။
စုရှောင်လန်က ဆက်ပြောလာ၏။ “ဒါပေမဲ့... ငါကြားတာကတော့ အံ့ချီးနတ်ဘုရား၏ နှလုံးသားက တစ်စုံတစ်ယောက်ကို သခင်အဖြစ်လက်ခံလာနိုင်ဖို့ သိမ်းသွင်းရတာ အတော်လေး ခက်တယ်တဲ့...။ အမှတ် ၈၀၀၀က အလကားဖြစ်သွားရင် ငါစိတ်မကောင်းဖြစ်နေရမှာမို့ မစွန့်စားချင်တော့ပါဘူး။”
အန်လင်း၏ နှလုံးသားက ထိုစကားကြားသောအခါမှသာ ပြန်လည်တည်ငြိမ်လာ၏။
စုရှောင်လန်က အန်လင်း၏ စိုးရိမ်နေသော အမူအရာကို သတိထားမိသွားပြီး “ဘာလို့လဲ။ နင်လဲ အံ့ချီးနတ်ဘုရား၏ နှလုံးသားကို စိတ်ဝင်စားလို့လား။”
အန်လင်းက ခေါင်းငြိမ့်ပြကာ “ဟုတ်တယ် ငါစမ်းကြည့်မလားလို့ တွေးနေတာ။”
“ဟင်း... နင်က ချမ်းသာတော့လဲ လုပ်ချင်တာလုပ်လို့ရတာပေါ့ဟယ်။ ငါတို့လို သူတောင်းစားလေးတွေကတော့ ဘာနဲ့လဲရမလဲဆိုတာ အခုထိ ဆုံးဖြတ်လို့မရသေးပါဘူး။”
အန်လင်း ဤနေရာကို လာရခြင်း၏ အဓိက အကြောင်းအရင်းမှာ အံ့ချီးနတ်ဘုရား၏ နှလုံးသားပင် ဖြစ်ပြီး ထို့ကြောင့် ထိုသည်မှာ သဘာဝအလျောက်ပင် သူ့၏ ပထမဦးစားပေးဖြစ်လာ၏။ သူကချက်ချင်းပင် သူ့၏ အမှတ်၈၀၀၀ကို အံ့ချီးနတ်ဘုရား၏ နှလုံးသားကို ထိတွေ့ရန် အခွင့်အရေးအတွက် အသုံးပြုလိုက်၏။
ကျောက်စိမ်း အစီအရင်တစ်ခုက ကောင်းကင်မှ ပေါ်လာပြီး အန်လင်း၏ လက်ထဲသို့ကျလာ၏။
တစ်ချိန်တည်းမှာပင် မြေကြီးက ရုတ်တရက်ကြီး စတင်တုန်ခါလာပြီး နတ်ဘုရား အင်မော်တယ် ရှောင်ယန်၏ ရုပ်ထုဘေးတွင် လမ်းကျဉ်းလေးတစ်ခု ပေါ်လာလေ၏။ လမ်းကျဉ်းလေး၏ ဝင်ပေါက်တွင် ကန့်သတ်ထားသော အလင်းရောင် အပြားလေးတစ်ခုရှိ၏။
လူတိုင်းက အလန့်တကြား အုတ်အော်သောင်းနင်း ဖြစ်လာ၏။
“အတန်းဖော် အန်လင်း၊ မင်းက အံ့ချီးနတ်ဘုရား၏ နှလုံးသားကို ရဖို့စမ်းကြည့်မလို့လား။” ရွှမ်ယွမ်ချန်က အံ့အားသင့်စွာ ပြောလာ၏။
“အစ်ကိုကြီး အန်က မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သိပ်ကိုရဲရင့်ပြီး သတ္တိရှိတာပဲ။” ယောင်မင်ရှီက အန်လင်းကို အလွန်အားကျသည့် အကြည့်များဖြင့် ကြည့်လာကာ ပါးစပ်အဟောင်းသားဖြစ်နေလေ၏။
“လမ်းကျဉ်းလေးက တခြားသူဝင်တာကို တားဖို့ ကာထားတာ ဖြစ်မယ်။ အဲ့ထဲမှာ အန္တရာယ်ရှိနိုင်လား။” စုရှောင်လန်က စိုးရိမ်စိတ်ဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
အန်လင်းသည်လည်း ထိုသည်ကို သတိပြုမိလိုက်ပြီး ထို့အပြင် နောက်ထပ် စိတ်ဖိစီးစရာစိုးရိမ်မှုလဲ ရှိသေး၏။ သူက လက်ရှိအချိန်တွင် ခြေရောလက်ပါ သုံးမရသူကဲ့သို့ဖြစ်နေသည်ဖြစ်ပြီး မည်သူက သူ့အား ထိုလမ်းကျဉ်းလေးထဲသို့ ခေါ်ဆောင်ပေးသွားမည်နည်း။
သူက ရွှမ်ယွမ်ချန်ဘက်ကိုလှည့်လိုက်ကာ “အင်... အစ်ကိုကြီးချန်...”
ရွှမ်ယွမ်ချန်က ချက်ချင်းပင် သဘောပေါက်သော အပြုံးလေးတစ်ခုနှင့် ခေါင်းငြိမ့်ပြပြီး “ငါသိပြီ။”
ကော်ဇောပျံ၏ တစ်စိတ်တစ်ပိုင်းက တခြားကောဇော အစိတ်အပိုင်းမှ ခွဲထွက်သွားပြီး အန်လင်းကို လမ်းကျဉ်းလေးဆီသို့ သယ်ဆောင်သွားပေး၏။
ဝှစ်...
ကော်ဇောပျံက ကန့်သတ်ထားသော အလင်းရောင် အပြားလေးပေါ်တွင် ပန်ကိတ်တစ်လုံးကဲ့သို့ ဝင်ဆောင့်မိ၏။
အန်လင်း၏ ခန္ဓာကိုယ်မှာ မူလအရှိန်ဖြင့် ရှေ့ဆက်ရွေ့သွားပြီး လမ်းကျဉ်းလေးထဲတွင် မြေပေါ်သို့ ပြုတ်ကျသွား၏။
“အား... သေစမ်း။” သူကမလှုပ်ရှားနိုင်ရုံသာမက ဒဏ်ရာအပြင်းအထန်လည်းရထားသည်ဖြစ်ရာ မြေပြင်ပေါ်သို့ ပြုတ်ကျသည်ပင်လျှင် သူ့ကိုယ်တစ်ခုလုံးကို မချိမဆံ့နာကျင်မှုကို ဖြတ်သန်းသွားစေ၏။
“အတန်းဖော် အန်လင်း၊ မင်း အဆင်ပြေရဲ့လား။ ကြည့်ရတာ ကော်ဇောပျံက ကန့်သတ်ထားတဲ့ အတားအဆီးကို မဖြတ်သန်းနိုင်တဲ့ပုံပဲ။”
ရွှမ်ဟွမ်ချန်၏ ထိပ်ထိပ်ပြာပြာအသံက အပြင်မှ ထွက်ပေါ်လာ၏။
“ကျွန်တော် အဆင်ပြေတယ်။ စိတ်မပူပါနဲ့။” အန်လင်းက ပြန်ဖြေလိုက်၏။
သို့သော်လည်း သူက အခုလေးတွင် နောက်ထပ် အခက်အခဲတစ်ခုကို တွေ့လိုက်ရ၏။ အန်လင်းက သူ့အောက်မှ လေတိုက်နေသည့် လှေကားထစ်များကို ငုံ့ကြည့်လိုက်ကာ သူ့နှလုံးသားမှာ စိတ်ပျက်ခြင်းများဖြင့်ပြည့်သွားလေ၏။
ငလူး။ သူတို့က အံ့ချီးနတ်ဘုရား၏ နှလုံးသားကို ပိုပြီး လွယ်ကူတဲ့နေရာတစ်ခုမှာထားဖို့ ရှာမတွေ့ကြဘူးလား။
အဲ့တော့ အခုပြဿနာက သူက သောက်ကျိုးနည်း အဲ့အောက်ကို ဘယ်လိုဆင်းရမှာလဲ။
သူသည် မန္တန်နည်းလမ်း တစ်ခုမှလည်း အသုံးမပြုနိုင်သည့်အပြင် မတ်တပ်ပင် မရပ်နိုင်ပါပေ။ သို့ဖြစ်ပါ၍ သူက ပြင်ပအားအင်တစ်ခုခုကို မီခိုရမည်ဖြစ်သည်။
သူက အောက်မှ လှေကားများကို ကြည့်လိုက်ကာ ရုတ်တရက် ကမ္ဘာမြေဆွဲအားကို သတိ သွား၏။
သူက... အောက်ထိအောင် လိမ့်ဆင်းသွားရမလား။
အန်လင်းက သူ့၏ အတွေးကို ပြန်ရယ်လိုက်မိ၏။ သူ့၏ လက်ရှိ အခြေအနေနှင့် တကယ်ကြီး လိမ့်ဆင်းသွားပါက သူအောက်ခြေသို့ ရောက်သည့်အချိန်တွင် သေဆုံးနေပြီး ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ထိုသည်က အသုံးမဝင်ပါချေ။ ပြင်ပ အားအင်၊ ပြင်ပအားအင်...
နေအုံး။ ငါ့မှာ စက်ရုပ်တွေ ရှိတာပဲ။
အန်လင်းက ရုတ်တရက် သဘောပေါက်သွားလေတော့၏။
သူက စက်ရုပ်များကို အတွေးဖြင့်သာ ထိန်းချုပ်၍ ရနိုင်၏။ သို့ဖြစ်ပါ၍ သူ့ကိုယ်သူ တခြား မည်သည့်အရာမှ လုပ်ရန် မလိုအပ်ပါ။
ထို့ကြောင့် စက်ရုပ်များကို သိုလှောင် လက်စွပ်မှ လွှတ်ပေးလိုက်ပြီး သူတို့က သူ့တို့၏ သခင်အား ညင်သာစွာ ချီမကာ လှေကားထစ်များမှ ဖြည်းဖြည်းချင်း ဆင်းလာလေသည်။
အန်လင်းက သူ့ဘေးတွင် ရပ်နေသော စက်ရုပ်နှစ်ကောင်၏ မချီခြင်းကို ခံရပြီး သူတို့က သူ့အား ဝေါယဉ်ထဲမှ သူဌေးကြီးတစ်ယောက်လို လှေကားထစ်များအောက်သို့ ဖြည်းညင်းစွာ သယ်လာကြ၏။
သူလှေကား အောက်ခြေသို့ ရောက်ပြီး သိပ်မကြာမီမှာပင် လှိုင်ဂူကဲ့သို့ ကျောက်ခန်းမကြီး တစ်ခုနှင့် မိတ်ဆက်ခံလိုက်ရ၏။ အဖြူရောင် ကျောက်စိမ်း ခေါင်းတလားကြီးတစ်ခုက ခန်းမအလယ်တွင် ရှိနေပြီး ဆန်းကြယ်လှသည့် သင်္ကေတများ ထွင်းထုထားသော ကျောက်တိုင် တစ်ချို့က ဝန်းရံထား၏။
သူ့ကို အထူသဖြင့် ကြက်သီးထစေသည်မှာ သန့်စင်သည့် အဖြူရောင် အလင်းဘောလုံးကြီး တစ်ခုက ခေါင်းတလားပေါ်တွင် တွဲလောင်းကျနေပြီး ခေါင်းတလား၏ ဘေးတွင် အဖြူရောင် လှိုင်းငယ်လေးများက ဖြစ်ပေါ်နေ၏။
အံ့ချီးနတ်ဘုရား၏ နှလုံးသားနှင့် အံ့ချီးနတ်ဘုရား၏ မသေဆေး...။
အန်လင်းက သူ့ရှေ့မှ မြင်ကွင်းကို အံ့ဩတကြီးကြည့်ရင်း အသက်ရှုမြန်လာလေတော့သည်။
ထိုအခိုက်အတန့်မှာပင် အဖြူရောင် အလင်းဘောလုံးကြီးက အန်လင်းဆီသို့ သူ့ကိုယ်ပိုင် ဆန္ဒဖြင့် ပျံသန်းလာပြီး တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုကို စတင် ထုတ်လွှတ်လာပေတော့သည်။
အန်လင်းက ထိုအဖြူရောင်အလင်းတန်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပိတ်လှောင်လိုက်သည်ကို ခံစားရပြီး သူ့၏ သိစိတ်က မရင်းနှီးသော နေရာတစ်ခုတွင် ပေါ်လာလေ၏။
ထိုသည်မှာ အဆုံးမရှိ မြင်ကွင်းနှင့် ကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခုဖြစ်၏။
ကောင်းကင်မှာ မီးခိုးရောင်ဖြစ်ပြီး မြေကြီးက နက်စွေးနေ၏။ ရှုခင်းတစ်ခုလုံးက ကုန်းပြောင်ပြောင်နှင့် လူသူကင်းမဲ့နေလေသည်။
သက်ရှိ အရိပ်အယောင် လုံးဝမရှိပဲ ကောင်းကင်နှင့် မြေကြီးမှ လွဲ၍ ကျယ်ပြန့်လှသော ဗလာကြီးသာ ရှိလေ၏။
အန်လင်းက မြေကြီးပြောင်ပြောင်ကို ဖြတ်လျှောက်လာ၏။
သူက ဤကမ္ဘာကြီးထဲမှ မည်သို့ လွတ်မြောက်ရမည်ကို မသိပါချေ။ သူက ကွဲပြားခြားနားသော ရှုခင်းတစ်ခုပေါ်လာမည်ကို မျှော်လင့်ကာ ရှေ့ဆက်လျှောက်သင့်သည်ဟူသော အတွေးတစ်ခုတည်းသာ ရှိလေ၏။
အဆုံးမရှိသော ကာလတစ်ခု ကျော်လွန်သွားသည့်ပုံပင်။
တစ်နှစ်၊ နှစ်နှစ်... နှစ်တစ်ရာ...
ဤနေရာ၌ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းက ခြားနားမှုမရှိပဲ အထီးကျန်လှသည်ဟု ခံစားရ၏။
ထိုအခို့်အတန့်မှာပင် သူ့စိတ်ထဲ၌ အသံတစ်သံက ရုတ်တရက် ပေါ်လာလေ၏။ “မင်းက အသက်ရှင်ခြင်းကို အလိုရှိတာလား အပေါင်းအသင်းကို အလိုရှိတာလား။”
အသက်ရှင်ခြင်းလား။ အပေါင်းအသင်းလား။
သူက တုံ့ဆိုင်းခြင်းလုံးဝမရှိပဲ ဆုံးဖြတ်ချက်ချလိုက်၏။
ထို့ကြောင့် ကျက်သရေရှိလှသော ကောင်ကလေးတစ်ယောက်က သူ့ရှေ့တွင် ပေါ်လာပြီးအစွမ်းကုန် အရိုအသေပေးနေလေသည်...
အန်လင်းက နေရာ၌ပင် ကြောင်ရပ်နေ၏။ သူက ထို့နောက် တုန်ရီနေသော လက်များဖြင့် ကောင်ကလေးကို ချီလိုက်ပြီး အကြောင်းတစ်ချို့ကြောင့် သူက စိတ်ရောဂါကု ဆေးတောင့်လေး ရှာတွေ့လိုက်သကဲ့သို့ ထင်ရလေ၏။
ကောင်ကလေးက နို့မသောက်ပါ။ သူက အလင်းဖြင့် အစာချက်လုပ်ကာ အသက်ရှင်နိုင်၏။
အချိန်အတော်ကြာအောင် ကုန်ဆုံးသွားလေပြီ။
ကောင်ကလေးက တဖြည်းဖြည်း ကြီးထွားလာကာ အန်လင်းဆီမှ စကားပြောရန် စာဖတ်တတ်ရန်နှင့် တခြားအရာများစွာကို သင်ယူ၏။
“အစ်ကိုကြီး အန်၊ အစ်ကိုက အရမ်းသန်မာတာပဲ။ ကျွန်တော်လဲ ဘယ်အချိန်ကျမှ အစ်ကို့လို သန်မာလာမှာလဲဟင်။”
“မင်းက ငါ့လို သန်မာချင်တာလား။ ဟီးဟီး... အဲ့တာက မဖြစ်နိုင်ဘူး။ ငါက မကျော်လွှားနိုင်ဘူးကွ။ မင်းက ဒုတိယနေရာဆိုရင်တော့ ဖြစ်နိုင်မယ်။”
“ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့ ငါက မင်းကို ဖန်တီးထားလို့ပေါ့။”
...
နောက်ထပ်သော အဆုံးမရှိသည့် ကာလတစ်ခု ကျော်လွန်သွားပြန်၏။
ကောင်လေးက ကြီးပြင်းလာကာ တဖြည်းဖြည့်နှင့် ပို၍ သန်မာလာ၏။
အန်လင်းက သူနှင့်အတူ ကုန်းမြေပြောင်ပြောင်ပေါ်တွင် လမ်းလျှောက်နေကာ အနက်ရောင်ဓားတစ်ချောင်းက ရုတ်တရက် သတိပေးခြင်းမရှိပဲ သူ့နှလုံးသားကို ထိုးဖောက်သွားပြီး ကောင်လေး၏ အောင်နိုင်သူအပြုံးနှင့် မိတ်ဆက်ခြင်းခံလိုက်ရ၏။
“ဟီးဟီးဟီး... အစ်ကိုကြီးအန်၊ ကျွန်တော်က ဒီအကြောင်းကို အလေးအနက်တွေးနေတာ အတော်ကြာပြီ။ ကျွန်တော်က အစ်ကို့ဆီက စွမ်းအင်တွေကို စုပ်ယူပြီး အရာအားလုံးကို ယူလိုက်မယ်ဆိုရင် အစ်ကို့လောက် မသန်မာလာနိုင်ဘူးလား။”
“မဟုတ်သေးဘူး။ ကျွန်တော်က အစ်ကို့ထက်တောင် သန်မာလာနိုင်တယ်...”
ကောင်လေးက အန်လင်းကို စူးစူးစိုက်စိုက်ကြည့်ကာ သူ့ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေလေ၏။
အန်လင်း၏ စိတ်ထဲတွင် နောက်ထပ်သော ရွေးချယ်စရာ နှစ်ခု ပေါ်လာလေ၏။
က : သူ့ကိုသတ်မည်။
ခ : သူ့ကို ခွင့်လွတ်မည်။
***