← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း(111)

“ချန်ပီယံပြိုင်ပွဲ ဟုတ်လား”

ယောင်ပင်း အံ့အားသင့်သွားခဲ့၏

သူသည် တစ်နေကုန် ရှောင်ချင်း၏ ကျင့်ဟွမ်ကလပ်တွင်သာ ရှိနေခဲ့သဖြင့် ဤသတင်းကို မကြားရသေးပေ။

ခိုင်ယဲ့က လှောင်ပြုံးပြုံးလိုက်သည်။

“အခု လျို့ချင်းက သူရဲကောင်းတွေနဲ့ ထိပ်သီးပုဂ္ဂိုလ်တွေအားလုံးကို လက်ရည်စမ်းဖို့ ဖိတ်စာတွေ ထုတ်နေတာ၊ ဆုကြေးငွေကိုတောင် သတ်မှတ်ထားသေးတယ် .. အနိုင်ရတဲ့သူက သန်းတစ်ရာ ရမယ်တဲ့!

ပြီးတော့ လျို့ချင်း က ကောလာဟလတွေလည်း ဖြန့်ထားသေးတယ်၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ခန့်မှန်းနိုင်တဲ့ ရှားပါး ရတနာတစ်ခု ရှိတယ်ဆိုပဲ၊ အဲဒီရတနာရဲ့ နာမည်ကို မှန်အောင် ပြောနိုင်တဲ့သူက အခမဲ့ ပိုင်ဆိုင်ခွင့် ရမယ်လို့လည်း ပြောနေကြတာ”

ယောင်ပင်းက မေးမြန်းလိုက်သည်။

“သူ ဖိတ်ထားတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ”

ခိုင်ယဲ့က နှာခေါင်းရှုံ့လိုက်သည်။

“သေချာတာပေါ့... ပင်းဟိုင်နဲ့ ကျဲ့ကျင်းအရှေ့ဘက်ကထိပ်သီးပုဂ္ဂိုလ်တွေပဲ!”

ယောင်ပင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

“လျို့ချင်းက အဲဒီလောက်အထိ ဩဇာအာဏာ ရှိတာလား”

ပင်းဟိုင် တစ်ခုတည်းမှာပင် ကျင်းနန်၊ ကျင်းပိုင်၊ ကျင်းကျုံးဟူ၍ နယ်မြေသုံးခုကွဲပြားနေသည် မဟုတ်ပါလား။ ဤအုပ်စုသုံးခုမှာ အမြဲတစေ တစ်ဦးနှင့်တစ်ဦး မတည့်ကြဘဲ တိုက်ခိုက်နေကြသည်ပင်။

ယခု ကျဲ့ကျင်းအရှေ့ဘက်မှ ထိပ်သီးပုဂ္ဂိုလ်များကိုပါ ပေါင်းထည့်ရမည်ဆိုလျှင်တော့ ပို၍ပင် ခက်ခဲပေလိမ့်မည်။

ကြီးမားသော ဆွဲဆောင်မှုမျိုး မရှိဘဲနှင့် ဤထိပ်သီးပုဂ္ဂိုလ်များ အားလုံးကို လူစုမိအောင် လုပ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

“လျို့ချင်းက မြေအောက်လောကက ထိပ်သီးပုဂ္ဂိုလ် အများစုကိုပဲ ဖိတ်တာ၊ အကြီးအကဲမိုလို ပုဂ္ဂိုလ်မျိုးတွေကတော့ သူ လက်လှမ်းမမီနိုင်တဲ့သူတွေ ဖြစ်သလို၊ ဖိတ်ဝံ့မှာလည်း မဟုတ်ဘူး

လျို့ချင်း က တခြားနေရာတွေမှာ မတော်ရင်တောင်မှ၊ ဝါဒဖြန့်တဲ့ နေရာမှာတော့ ဆရာတစ်ဆူပဲ၊ သန်းတစ်ရာ ဆုကြေးငွေဆိုတာကတင် လူအုပ်ကြီးကို ဆွဲဆောင်ဖို့ လုံလောက်နေပြီ၊ လူတွေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ခန့်မှန်းနိုင်တဲ့ ရတနာအကြောင်း ဆိုတာကိုတော့ ပြောမနေနဲ့တော့”

မာစတာခိုင်က သရော်သံဖြင့် ပြောဆိုလိုက်လေသည်။

“ဒါပေမဲ့လည်း လျို့ချင်း က မကြာသေးခင်နှစ်တွေအတွင်းမှာ အများကြီး တိုးတက်လာခဲ့သလို ဩဇာအာဏာလည်း အတော်လေး ရှိနေတာဆိုတော့ လူအတော်များများကတော့ သူ့မျက်နှာကို ထောက်ထားကြလိမ့်မယ်”

မာစတာခိုင် ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“လျို့ချင်းက ဒီလောက်အထိ အကြီးအကျယ် လုပ်ပြနေတာဆိုတော့၊ သူ့မှာ ယုတ်ညံ့တဲ့ လှည့်ကွက်တစ်ခုခု ရှိနေမယ်လို့ ငါ သံယရှိတယ်၊ မင်းကိုလည်း သူ ရန်ရှာမှာကို ငါ စိုးရိမ်တယ်!”

ယောင်ပင်းက သေသေချာချာ နားထောင်နေပြီးနောက် အလေးအနက် မေးမြန်းလိုက်သည်။

“အစ်ကိုခိုင်... ခင်ဗျားရော ပါဝင်မှာလား”

မာစတာခိုင်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏အမူအရာမှာလည်း အေးစက်သွားခဲ့၏။

“ပါရမှာပေါ့! ပြောင်ဇီရဲ့ အသက်ကို အလကား အဆုံးရှုံးမခံနိုင်ဘူး!”

ပြောင်ဇီသည်က သူနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့သူ ဖြစ်လေ၏

သူသည်က ပြောင်ဇီအား ညီအစ်ကိုအရင်းကဲ့သို့ပင် သတ်မှတ်ထားခဲ့သည်။

ယခုအချိန်တွင် သူ မျက်လုံးမှိတ်လိုက်တိုင်း ပြောင်ဇီ၏ ဝမ်းနည်းဖွယ် သေဆုံးမှုကိုသာ မြင်တွေ့နေရသည်။ အကယ်၍ သူသာ ပြောင်ဇီအတွက် လက်စားမချေနိုင်လျှင် သူ ကောင်းကောင်းမွန်မွန် စားနိုင်၊ အိပ်နိုင်တော့မည် မဟုတ်ပေ။

“ဒါဆိုရင်... ကျွန်တော်လည်း သွားမယ်!”

ယောင်ပင်းက အနည်းငယ် ပြုံးပြလိုက်လေသည်။

မာစတာခိုင် အံ့အားသင့်သွားခဲ့၏။

သခင်လေးယောင်... မင်း လျို့ချင်း အကြောင်းကို မသိသေးလို့ပါ၊ သူက အရမ်း ပါးနပ်ပြီး ကောက်ကျစ်တဲ့ လူယုတ်မာ တစ်ယောက်ပဲ၊

အပေါ်ယံမှာတော့ သူက သူငယ်ချင်းအချင်းချင်း သိုင်းပညာ ဖလှယ်တာလို့ ပြောနေပေမဲ့၊ ဒီလောက်ထိလူအုပ်ကြီးကို စုဝေးခိုင်းထားတယ်ဆိုတော့ နောက်ကွယ်မှာ ဘာတွေ ကြံစည်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး...

ဒါ့အပြင် သူက မင်းကိုတင်ပစ်မှတ်ထားတာ မဟုတ်ဘဲ၊ တစ်ခြား ကြီးမားတဲ့ အစီအစဉ်တွေလည်း ရှိနေနိုင်သေးတယ်၊ ငါတို့ သတိမထားရင် အသုံးချခံတွေ ဖြစ်သွားနိုင်တယ်!”

ဤသည်မှာ သူ အစိုးရိမ်ဆုံးသော အချက်ပင် ဖြစ်၏။

လျို့ချင်း၏ ရည်မှန်းချက်မှာ မကြာသေးမီက အတော်လေး ကြီးထွားလာခဲ့သည် မဟုတ်ပါလား။

ယောင်ပင်း ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ခိုင်ယဲ့အား မသက်ဆိုင်ပုံရသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။

“အစ်ကိုခိုင်... ခင်ဗျားက ပင်းဟိုင် တစ်ခုလုံးရဲ့ တစ်ဦးတည်းသော အာဏာရှင်ဖြစ်လာဖို့ကိုရော စဉ်းစားဖူးလား၊ ဒီနယ်မြေ သုံးပုံတစ်ပုံလောက်ကိုတင် ထိန်းချုပ်နေတာမျိုး မဟုတ်ဘဲနဲ့ပေါ့”

“သခင်လေးယောင်... ခင်ဗျား ဆိုလိုတာက...”

မာစတာခိုင်မှာ ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး သူ၏မျက်လုံးများမှာလည်း အရောင်တောက်ပလာခဲ့သည်။

“...လျို့ချင်းရဲ့ အင်အားတွေနဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့လား”

ယောင်ပင်းက ခေါင်းညိတ်လိုက်၏။

“အမှန်ပဲ!”

မာစတာခိုင် ဆွံ့အသွားခဲ့ရပေသည်။

သူ မစဉ်းစားဖူးသည်တော့ မဟုတ်ပေ။ သို့သော်လည်း လျို့ချင်း၏ အင်အားမှာ ကြီးမားလွန်းလှသဖြင့် သူကိုယ်တိုင်ပင်လျှင် ကြောက်ရွံ့မှုကို ခံစားနေရသည်။

ထို့အပြင် မကြာသေးမီ နှစ်များအတွင်း လျို့ချင်းတစ်ယောက် ကျဲ့ကျင်းအရှေ့ဘက်က မြေအောက်ဘော့စ်များနှင့် အမြဲတစေ ပူးပေါင်းနေပြီး၊ သူ၏ဩဇာအာဏာကိုလည်း ဆက်တိုက် တိုးချဲ့နေခဲ့သည် မဟုတ်ပါလား။

လျို့ချင်းအား သိမ်းပိုက်ရန် ကြိုးပမ်းခြင်းမှာ ငါးကြီးကို စားရန် ကြိုးစားနေသော ပုစွန်ဆိတ်လေးတစ်ကောင်နှင့် တူနေပေလိမ့်မည်။

ခြေလှမ်း တစ်ချက် မှားယွင်းသွားသည်နှင့် လုံးဝပျက်စီးသွားနိုင်ပေသည်။

“ခင်ဗျားက သူ့ကို မသိမ်းပိုက်ရင်တောင်မှ တစ်နေ့နေ့မှာ သူက ခင်ဗျားကို လာပြီး အမှားရှာမှာပဲ!”

ယောင်ပင်း၏ လေသံမှာ တည်ငြိမ်နေသော်လည်း သူ၏အရှိန်အဝါမှာမူ ကောင်းကင်ဘုံသို့ တက်လှမ်းနေသော ဘုရင်တစ်ပါးကဲ့သို့ ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့၏။

“ပင်းဟိုင်ရဲ့ မြေအောက်လောက ဘော့စ်ကို ပြောင်းလဲရမယ့်အချိန်ရောက်ပြီ!”

မာစတာခိုင်မှာ ထပ်မံ၍ မှင်တက်သွားခဲ့ရပြန်သည်။

သူ၏အကြည့်မှာ ယောင်ပင်းအပေါ်တွင် စွဲထင်နေခဲ့၏။

ယောင်ပင်းမှာ အထက်တန်းကျောင်းသားလေး တစ်ဦးသာ ဖြစ်သော်လည်း၊ထိုခဏတွင် ခိုင်ယဲ့၏ မျက်လုံးထဲ၌ ယောင်ပင်း၏ ပုံရိပ်မှာ အလွန်အမင်း မြင့်မားထည်ဝါသွားခဲ့လေသည်။

မာစတာခိုင်၏ နှလုံးသားအတွင်း၌ တစ်စုံတစ်ခုမှာ ချက်ချင်းပင် အမြစ်တွယ်၊ အညှောင့်ထွက်ကာ၊ အထက်သို့ တိုးထွက်လာပြီး မြင့်မားလှသော သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ကြီးထွားလာခဲ့ချေပြီ။

“ကောင်းပါပြီ!”

မာစတာခိုင်က နောက်ဆုံးတွင် ကျယ်လောင် ပြတ်သားသော အသံဖြင့် ပြောဆိုလိုက်သည်။

“သခင်လေးယောင်... မင်း လျို့ချင်းရဲ့ အင်ပါယာကို ဖြိုဖျက်ဖို့အတွက် ခင်ဗျားနဲ့အတူ လိုက်ပါခဲ့ပါ့မယ်”

မိုမိသားစုပိုင် သီးသန့်နေအိမ်။

စာကြည့်တိုက်ခန်း။

အနက်ရောင် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက မိုလီချွမ်၏ စားပွဲရှေ့တွင် ရပ်လျက်၊ သူ စုဆောင်းရရှိထားသော အချက်အလက်များကို အသေးစိတ် တင်ပြနေလေသည်။

မိုလီချွမ်က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်၏။

“သူတို့ အကုန်လုံး ပါဝင်မယ်ဆိုတာ သေချာလား”

အနက်ရောင်ဝတ် အမျိုးသားက ခေါင်းညိတ်ပြလိုက်လေသည်။

“လုံးဝကို သေချာပါတယ်”

မိုလီချွမ်သည် ဖြည်းဖြည်းချင်း ကိုယ်ကို မတ်လိုက်ပြီး ရက်စက်သော အပြုံးတစ်ခုဖြင့် ပြောလာသည်။

“လျို့ချင်းက ဒီလောက်အထိ ဆူဆူညံညံ လုပ်ပြလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ မြေအောက်အင်အားစုတွေ အကုန်လုံးကိုတောင် ဆွဲဆောင်နိုင်ခဲ့တာပဲ”

“မစ္စတာမို... လျို့ချင်းက အဲဒီကောင်လေးကို ဖယ်ရှားချင်နေတဲ့ စိတ်ဆန္ဒက ကျွန်တော်တို့ထက် မလျော့ဘူးပဲ”

မာစတာလျို့က ချက်ချင်းပင် ဖားယား ပြောဆိုလိုက်သည်။

“မြှားတစ်စင်းတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ၊ မစ္စတာမိုကတော့ တကယ့်ကို ပါးနပ်လှပါတယ်!”

“မှားတယ်!”

“ဒါက မြှားတစ်စင်းတည်းနဲ့ ငှက်သုံးကောင် ပစ်တာပဲ!”

ကန်းခွိုက်လဲ့က အေးစက်စွာပြောလိုက်လေသည်။

“အဲဒီကောင်လေးကို ဖယ်ရှားပြီး ဒီထိပ်သီးပုဂ္ဂိုလ်တွေ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေတာကို ထိုင်ကြည့်နေရုံတင်မကဘဲ၊ ကျုပ်တို့က အဲဒီကနေ အကျိုးအမြတ်တွေလည်း ရနိုင်သေးတယ်!

ဒါပေါ့... လျို့ချင်းက အဲဒီကောင်လေးကို ဖယ်ရှားချင်နေတာ သေချာတယ်၊ ဒါပေမဲ့ လျို့ချင်းက အဲ့ဒီကောင်လေးကို ဖယ်ရှားဖို့ တစ်ခုတည်းကိုပဲ ရည်ရွယ်ထားတာလို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား”

မာစတာလျို့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရပေသည်။

မိုလီချွမ်က ကန်းခွိုက်လဲ့အား ကျေနပ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပျီး သူ၏မျက်လုံးများမှာ ပို၍ပင် အရောင်တောက်ပလာခဲ့တော့သည်။

သုံးရက် ကြာပြီးနောက်။

လျို့ချင်း၏ သူရဲကောင်းပြိုင်ပွဲကို မြို့အနောက်ဘက်ရှိ အကြီးဆုံးသော မြေအောက်ဘဏ်တွင် ကျင်းပခဲ့လေသည်။

ခိုင်ယဲ့က သူ၏လူအုပ်စုကို ဦးဆောင်လျက် ပြိုင်ပွဲကို အရင်ဆုံး သွားရောက် စောင့်ကြည့်ခဲ့၏။

ကျန်းရိရှန်မှာ ပြိုင်ပွဲအစတွင် ပေါ်လာမည်မဟုတ်ဘဲ အမည်မသိ လူငယ်လေးတချို့ကသာ အစပိုင်းတွင် သွေးနွေးစေရန် တိုက်ခိုက်ကြလိမ့်မည်ဟု ၎င်းတို့ ခန့်မှန်းထားသောကြောင့် ဖြစ်ပေသည်။

သို့သော်လည်း မတူညီသော အုပ်စုအသီးသီးမှ လူများမှာတော့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေကြလိမ့်မည်။

ခိုင်ယဲ့သည် ထိုအုပ်စုများ အားလုံးနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သဖြင့်၊ အခြေအနေများကို အရင် သွားရောက် အကဲခတ်နိုင်ပြီး ယောင်ပင်းထံသို့ ပြန်လည် သတင်းပို့နိုင်လိမ့်မည်။

ပထမဆုံးရက် ပြီးဆုံးသွားခဲ့၏။

ခိုင်ယဲ့က သူ စုဆောင်းရရှိသမျှ အရာအားလုံးကို ယောင်ပင်းအား ပြန်လည် ပြောပြလိုက်သည်။

ဤသူရဲကောင်းပြိုင်ပွဲ၏ ဩဇာလွှမ်းမိုးမှုမှာ သူတို့ ထင်မှတ်ထားသည်ထက် များစွာ ကြီးမားနေခဲ့သည်။

ပင်းဟိုင်ရှိ မြေအောက်အင်အားစု အမျိုးမျိုးအပြင်၊ ကျင်းနန် နှင့် ကျင်းပိုင်တို့မှပင် လူလွှတ်၍ အခြေအနေ လာရောက် အကဲခတ်စေခဲ့ကြ၏။

ကျင်းကျုံးမှ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးလည်း ရောက်ရှိနေကြသလို ကျဲ့ကျင်းမှလည်း လူအများအပြား ရောက်ရှိနေကြသည်။

အထူးသဖြင့်ငါးမန်းဂိုဏ်းနှင့် ကျားခေါင်းဂိုဏ်းတို့ ဖြစ်ကြပြီး၊ တချို့သော အထက်ပိုင်း အင်အားစုများပင် ပါဝင်နေကြသည်။

ထို့အပြင် ခိုင်ယဲ့၏ စုံစမ်းမှုအရဆိုလျှင် ဤအင်အားစုများ အားလုံးမှာ ပြိုင်ပွဲအတွက် ရောက်လာကြခြင်း မဟုတ်ဘဲ လျို့ချင်း၏ လက်ထဲတွင် ရှိသော ရတနာအတွက် ရောက်လာကြခြင်း ဖြစ်ပေသည်။

“ဒါတွေ အကုန်လုံးက ဘာအတွက်လဲ?”

ယောင်ပင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

“အစ်ကိုခိုင်... အဲဒီရတနာက ဘယ်လိုပုံစံ ရှိမလဲဆိုတာရော ကြားခဲ့မိလား”

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်းမှလွဲ၍ လူတစ်ယောက်၏ အသက်အန္တရာယ်ကို ခန့်မှန်းနိုင်သည့် အခြားရတနာမျိုးကို ယောင်ပင်း စဉ်းစား၍ မရနိုင် ဖြစ်နေပေသည်။

အစ်ကိုခိုင်က ခေါင်းခါပြလိုက်သည်။

“ငါလည်း သေချာ မသိဘူး၊ လျို့ချင်း ရဲ့ လူတွေက ပါးစပ်အရမ်းလုံကြတယ်၊ ဘာမှ စုံစမ်းလို့ မရဘူး

အဲဒါက အရမ်းရှားပါးတဲ့အရာလို့ပဲ ကြားရတယ်၊ ဒါပေမဲ့ ဒီလောက်အထိ ထိပ်သီးပုဂ္ဂိုလ်တွေ အများကြီး ရောက်လာကြတာဆိုတော့ လျို့ချင်း ကလည်း ပေါက်ကရတစ်ခုခုကိုတော့ လွှင့်ထုတ်ဝံ့မှာ မဟုတ်ဘူး

အဲဒီရတနာက တကယ်ပဲ တစ်ခုခု ထူးခြားနေလိမ့်မယ် ထင်တယ်!”

သူ ခဏမျှ ရပ်တန့်လိုက်ပြီးမှ နောက်တစ်ကြိမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“သခင်လေးယောင်... ကျွန်တော် ထူးဆန်းတဲ့ အချက်တစ်ခုကိုလည်း ကြားခဲ့သေးတယ်၊ အဲဒါကို ငါ စဉ်းစားလို့ မရနိုင်တာနဲ့ပဲ မင်းနဲ့ တိုင်ပင်ဖို့ ပြန်လာခဲ့တာ”

အစ်ကိုခိုင်သည်ကာ တိုက်ပွဲပေါင်း မြောက်မြားစွာကို ဖြတ်သန်းလာခဲ့သူ ဖြစ်ပြီး၊ အမြဲတမ်း တည်ငြိမ်အေးဆေးကာ လည်ပင်းကို ဓားနှင့် ထောက်ထားလျှင်ပင် မျက်တောင်တစ်ချက် မခတ်သူ ဖြစ်ပေသည်။ သို့သော်ယခုတွင် သူ၏ မျက်ခုံးများမှာ တွန့်ချိုးနေချေပြီ။

ယောင်ပင်း၏ နှလုံးခုန်သံမှာ မြန်သွားခဲ့ပြီး စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ဘယ်လို ထူးဆန်းတဲ့ အရာမျိုးလဲ”

*

အခန်း(112)

ယောင်ပင်းက ခိုင်ယဲ့အား မည်သည့်အရာက ဤမျှအထိ ဇဝေဇဝါ ဖြစ်စေသနည်းဆိုသည်ကို အလွန်ပင် သိလိုနေမိချေသည်။ ခိုင်ယဲ့က ပြောလိုက်သည်။

“သခင်လေးယောင်... မြေအောက်ဘဏ်မှာ တစ်နေကုန် ငါ အကြားရဆုံးစကားက ဘာလဲဆိုတာ သိလား”

ယောင်ပင်းက ခေါင်းခါပြလိုက်၏။

သူသည် မြေအောက်ဘဏ်သို့ မရောက်ဖူးသေးသဖြင့် သေချာပေါက် မသိရှိနိုင်ပေ။

“ကျန်းရိရှန်က ပင်းဟိုင် နဲ့ ကျဲ့ကျင်းအရှေ့ဘက်မှာ အရမ်းနာမည်ကြီးတယ်၊ သူက တစ်နိုင်ငံလုံးမှာ ပြိုင်ဘက်ကင်းတဲ့ သိုင်းဆရာတစ်ဦးဆိုတာ လူတိုင်းသိကြတယ်၊ အဲဒါကြောင့်လည်း လျို့ချင်းက သူ့ကို ဖိတ်ခေါ်ခဲ့တာပေါ့”

ခိုင်ယဲ့သည် ဆေးလိပ်တစ်လိပ်ကို ထပ်မံထုတ်ယူကာ မီးညှိလိုက်ပြီးနောက်၊ ပြင်းပြင်းရှိုက်လျက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျိုးကြောင်းဆင်ခြင်ကြည့်ရင် လျို့ချင်းက ကျန်းရိရှန်ကိုပဲ အားပေးထောက်ခံရမှာလေ ဒါပေမဲ့ တစ်နေကုန် မြေအောက်ဘဏ်မှာ ပျံ့နေတဲ့ ကောလာဟလကတော့... မာစတာယောင် တစ်ယောက်တည်းပဲ ကျန်းရိရှန် ကို အနိုင်ယူနိုင်လိမ့်မယ် တဲ့”

ယောင်ပင်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရပေသည်။

ဤသူရဲကောင်းပြိုင်ပွဲကို စီစဉ်သူမှာ လျို့ချင်း ဖြစ်၏။

ကျန်းရိရှန်က ယောင်ပင်းအား ရှင်းပစ်ရန် သူ ဖိတ်ခေါ်ထားသော သိုင်းဆရာ ဖြစ်ပေသည်။

ဤပြိုင်ပွဲ၏ အစီအစဉ်နှင့် ဝါဒဖြန့်မှု အားလုံးမှာ လျို့ချင်း၏ လက်အောက်တွင်သာ ရှိနေချေသည်။

သို့ဖြစ်ပါလျက်နှင့် မြေအောက်ဘဏ်တွင် ယောင်ပင်းက ကျန်းရိရှန်ကို နိုင်လိမ့်မည်ဟူသော ကောလာဟလ ပျံ့နှံ့နေခြင်းမှာ ရန်သူ၏ ဇွဲသတ္တိကို မြှင့်တင်ပေးပြီး သူဘက်သား၏ သိက္ခာကို ချနေခြင်း မဟုတ်ပါလား။

ပင်းဟိုင် နှင့် ကျဲ့ကျင်းအရှေ့ဘက် မှာ တခြား “မာစတာယောင်” အငယ်စားလေးများ ရှိနေသေးလို့လား။

ခိုင်ယဲ့သည် ဆေးလိပ်ကို နောက်ထပ် အကြိမ်အနည်းငယ် ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ယောင်ပင်းအား မော့ကြည့်ကာ သုံးသပ်ပြလိုက်သည်။

“ငါ့အထင်တော့ ဒါက လျို့ချင်းရဲ့ နောက်ထပ်ယုတ်ညံ့တဲ့ လှည့်ကွက်တစ်ခုပဲ ၊ သူက မင်းကို ဒီသူရဲကောင်းပြိုင်ပွဲမှာ မပါဝင်ရဲဘဲမနေနိုင်အောင် အတင်းအကျပ်တွန်းပို့နေတာ

ဒါကြောင့်လည်း လျို့ချင်းက လူတွေကို လွှတ်ပြီး ဒီသတင်းကို နေရာအနှံ့ ပျံ့အောင် လုပ်နေတာပေါ့”

အဘယ်ကြောင့်ဆိုသော် လျို့ချင်း တစ်ဦးတည်းသာလျှင် တစ်ရက်အတွင်းမှာပင် မြေအောက်ငွေလဲလုပ်ငန်း တစ်ခုလုံး သိသွားအောင် လုပ်နိုင်စွမ်း ရှိသောကြောင့်ပင်။

“သူ အဲဒီအတွက်တော့ စိတ်ပူနေစရာ မလိုပါဘူး၊ ကျွန်တော် ဒီပြိုင်ပွဲကို သေချာပေါက် သွားမှာပါ”

ယောင်ပင်းက ညင်သာစွာ ခေါင်းခါလိုက်လေ၏။

“လျို့ချင်းရဲ့ ရည်ရွယ်ချက်က ကျွန်တော့်ကို ဒီပြိုင်ပွဲထကို ရောက်လာအောင် လုပ်ဖို့တင်မကဘဲ တခြား အကြံအစည်လည်း ရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

“ဘယ်လို ရည်ရွယ်ချက်မျိုးလဲ”

“ကျွန်တော့်အတွက် ရန်သူတွေကို နေရာအနှံ့မှာ ဖန်တီးပေးဖို့လေ”

ယောင်ပင်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“စကားပုံ ရှိတယ်မဟုတ်ဘူးလား၊ ‘လူတွေရဲ့အမြင့်မှာ လူတွေရှိတယ်’ ဆိုတာမျိုးပေါ့ ၊ ကျန်းရိရှန် အပြင် သူ့ထက် ပိုပြီး အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေ အများကြီး ရှိနေမှာပဲ

တကယ်လို့ ကျွန်တော်က ကျန်းရိရှန် ကိုတောင် နိုင်တယ်လို့ လူတိုင်း သိသွားကြရင်၊ သူတို့တွေက ကျွန်တော့်ကို လာပြီး စိန်ခေါ်ကြတော့မှာ၊ စိန်ခေါ်တဲ့လူ များလာလေလေ ကျွန်တော့်ရဲ့ အသက်အန္တရာယ်က ပိုပြီး စိုးရိမ်ရလေလေပဲ မဟုတ်ဘူးလား”

ဤသည်မှာ လျို့ချင်း၏ တကယ့်ရည်ရွယ်ချက် ဖြစ်ရပေမည်။

ယောင်ပင်းအား မဖယ်ရှားနိုင်လျှင်ပင်၊ သူ့အား အေးအေးဆေးဆေး နေခွင့်ပေးမည် မဟုတ်သည်မှာ သေချာသည်။

ခိုင်ယဲ့က သူ၏လက်ထဲမှ ဆေးလိပ်တိုကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ လွှင့်ပစ်လိုက်ပြီး ခြေဖြင့် အထပ်ထပ် နင်းခြေလိုက်လေသည် ။

“လျို့ချင်းကတော့ တကယ့်ကို ယုတ်မာတာပဲ ၊ အင်းကို ဖယ်ရှားဖို့အတွက်ဘာမဆို လုပ်မယ့်ပုံရှိတယ်”

ယောင်ပင်းက အနည်းငယ် ပြုံးလိုက်မိ၏။

“သူက ဒီလောက်အထိ ဆုံးဖြတ်ထားမှတော့၊ ကျွန်တော်တို့တွေ သူ့ကို စိတ်ပျက်အောင် လုပ်လို့ မဖြစ်ဘူးလေ”

ခိုင်ယဲ့ သဘောပေါက်သွားပြီး အလိုက်သင့် ပြုံးလိုက်လေသည်။

ရယ်မောပြီးနောက် ခိုင်ယဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

“သခင်လေးယောင်... မင်း ကိုယ့်ကိုယ်ကိုယ် သတိထားမိလား၊ အခုတလော မင်းက ပိုရင့်ကျက်ပြီး တည်ငြိမ်လာသလိုပဲနော်”

ယောင်ပင်းနှင့် ပထမဆုံး ဆုံတွေ့ချိန်ကတည်းက သူသည်က အခြားကလေးများထက် များစွာ ပို၍ တည်ငြိမ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ယောင်ပင်းမှာ တစ်စထက်တစ်စ ပို၍ ရင့်ကျက်ကာ တည်ငြိမ်လာခဲ့ချေပြီ။

တစ်ခါတစ်ရံတွင် သူ့ထံမှ အသက်တစ်ရာကျော် အဘိုးအိုတစ်ဦး၏ အသိဉာဏ်၊ နှိမ့်ချမှုနှင့် တည်ငြိမ်အေးဆေးမှုမျိုးကိုပင် ခိုင်ယဲ့အား ခံစားရစေသည်။

အထူးသဖြင့် မကြာသေးမီက ဖြစ်ရပ်များအပေါ် ယောင်ပင်း၏ တုံ့ပြန်မှုများမှာ သူ၏ မျှော်လင့်ချက်များထက် များစွာ ကျော်လွန်နေခဲ့သည် မဟုတ်ပါလား။

ဤသည်မှာ ယောင်ပင်း၏ အသက်အရွယ်နှင့် ကိုက်ညီသော အရာမျိုး လုံးဝ မဟုတ်ပေ။

သူ ယောင်ပင်းအား သိကျွမ်းလာခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း၊ ယောင်ပင်းအနေဖြင့် ကြီးထွားလာနိုင်သည်ဟုဆိုလျှင်ပင် ဤမျှအထိ မြန်ဆန်ရန်မှာ မဖြစ်နိုင်ပေ။

ယောင်ပင်းကိုယ်တိုင်လည်း အံ့သြသွားခဲ့ရ၏။

သူ ဤအချက်ကို တစ်ခါမျှ မစဉ်းစားခဲ့မိပေ။

“ဖြစ်နိုင်တာက... ကျွန်တော့်ရဲ့ အခြေအနေတွေက တိုက်တိုက်ဆိုင်ဆိုင်တွေ များနေလို့လား”

ယောင်ပင်းက ခါးသီးစွာ ပြုံးလိုက်သည်။

“ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ ရင့်ကျက်မှု အရှိန်အဟုန်က ပိုပြီး မြန်နေတာလား မသိဘူး”

ခိုင်ယဲ့က အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။

ယောင်ပင်း ပြောသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း သူ၏ရင်ထဲတွင် စိုးရိမ်စိတ်တစ်ခုမှာ ကိန်းအောင်းနေဆဲ ဖြစ်ပြီး၊ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု အမြဲ ခံစားနေရဆဲပင်...

နှစ်ရက်တာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။

ယောင်ပင်းက မြေအောက်ဘဏ်သို့ မသွားသေးပေ။

ခိုင်ယဲ့ကတော့ ထုံးစံအတိုင်း နေ့တိုင်း သွားခဲ့ပြီး ယောင်ပင်းထံသို့ သတင်းများ ပြန်လည် ပေးပို့ခဲ့လေသည်။

ပထမဆုံးရက်တွင် အမည်မသိ လူငယ်တချို့သာ စင်ပေါ်သို့ တက်ခဲ့ကြပြီး ၊

ဒုတိယရက်တွင်တော့ အုပ်စုအသီးသီးမှ လှုပ်ရှားလာကြကာ၊ အတွေ့အကြုံရှိသူများ စတင်၍ စင်ပေါ်သို့ တက်လာခဲ့ကြချေသည်။

တတိယရက်တွင်တော့ ကျန်းရိရှန် ကိုယ်တိုင် လှုပ်ရှားလာခဲ့၏။

တတိယရက်ရှိ စိန်ခေါ်ပွဲတွင် လူ (၁၈) ဦး ပါဝင်ခဲ့ကြလေသည်။

ထို (၁၈) ဦးအနက် ငါးဦးမှာ အဆင့်မြင့် ကိုယ်ခံပညာရှင်များ ဖြစ်ကြပြီး၊ နှစ်ဦးကတော့ ခန္ဓာကိုယ်ကျင့်ကြံခြင်းပထမအဆင့်သို့ပင် ရောက်ရှိနေသူများ ဖြစ်ကြ၏။

သို့သော်လည်း ၎င်းတို့အားလုံး၏ ကံကြမ္မာမှာ အတူတူပင် ဖြစ်ခဲ့ရသည် ။

ကျန်းရိရှန်၏ လက်သီးတစ်ချက်တည်းနှင့်ပင် ရှုံးနိမ့်ခဲ့ရလေသည်။

တစ်ဦးကတော့ စင်ပေါ်တွင်ပင် လက်သီးတစ်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး ကြောက်မက်ဖွယ်ကောင်းသော ရှုံးနိမ့်မှုပင် ဖြစ်၏။

ခိုင်ယဲ့က ဤအကြောင်းကို ယောင်ပင်းအား ပြန်လည်ပြောပြနေစဉ် သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ထင်ဟပ်နေခဲ့သည်။

“ကျန်းရိရှန် ရဲ့ အတွင်းအားက ခန့်မှန်းရ ခက်လွန်းတယ်၊ အထူးသဖြင့် သူ့ရဲ့ ပြင်းထန်လှတဲ့ အတွင်းအားပဲ ၊လက်သီးတစ်ချက်တည်းနဲ့တင် တောင်တွေကို တုန်ခါစေပြီး ပင်လယ်တွေကို ကြေမွစေနိုင်တယ်၊

သာမန် ကျွမ်းကျင်သူတွေကတော့ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ၊ဒီနေ့ ပါဝင်တဲ့သူတွေဆိုရင် သူ့ရဲ့ တိုက်ကွက် တစ်ကွက်ကိုတောင် မခံနိုင်ကြဘူး”

သူကိုယ်တိုင်လည်း ကျန်းရိရှန် နှင့် တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်၍ ယခု ပြန်စဉ်းစားမိလျှင်ပင် ကြောက်စိတ်များရှိနေဆဲပင် ဖြစ်၏။

ယောင်ပင်းက အဝေးသို့ ငေးကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“မနက်ဖြန်ကျရင်တော့ ကျွန်တော် သွားပါ့မယ်”

ယောင်ပင်း၏ တည်ငြိမ်အေးဆေးလွန်းသော အမူအရာကို မြင်သောအခါ ခိုင်ယဲ့၏ စိတ်ထဲတွင် မနေ့က ခံစားခဲ့ရသော ထူးဆန်းသည့် ခံစားချက်မှာ ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။

နောက်တစ်နေ့ :

မြို့အနောက်ဘက်ရှိ မြေအောက်ဘဏ်။

ခိုင်ယဲ့နှင့် သူ၏လူများက အရင်သွားကြပြီး၊ ယောင်ပင်းကတော့ နောက်မှ လိုက်လာခဲ့၏။

မြေအောက်ဘဏ်သို့ ရောက်ရှိသောအခါ သူသည်က ခိုင်ယဲ့အား သွားမရှာဘဲ၊ မထင်မရှားသော ထောင့်တစ်ခုကို ရှာ၍ တိုက်ပွဲကို တိတ်ဆိတ်စွာ ထိုင်ကြည့်နေခဲ့လေသည်။

ယနေ့တွင် ပါဝင်သူ (၁၂) ဦး ရှိပေသည်။

ပထမဦးစွာ ၎င်းတို့မှာ နှစ်ဦးချင်းစီ တိုက်ခိုက်ကြပြီး (၆) ဦးကို ဖယ်ရှားလိုက်၏။ ထို့နောက် ကျန်ရှိသော (၆) ဦးမှာ နောက်တစ်ကြိမ် နှစ်ဦးချင်းစီ ထပ်မံ တိုက်ခိုက်ကြကာ နောက်ထပ် (၃) ဦး ထပ်မံ ဖယ်ရှားခြင်း ခံလိုက်ရလေသည်။

ထို့နောက် ကျန်ရှိသော ထို (၃) ဦးမှာ ကျန်းရိရှန်အား တစ်ဦးချင်းစီ စိန်ခေါ် တိုက်ခိုက်ရမည် ဖြစ်သည်။

ပြိုင်ပွဲ၏ စည်းမျဉ်းအရ အရင်တိုက်ပွဲတွင် အနိုင်ရရှိသူက နောက်တစ်ဦး၏ စိန်ခေါ်မှုကို လက်ခံရမည် ဖြစ်ပေသည်။

မည်သူမျှ ထပ်မံ စိန်ခေါ်ခြင်း မပြုတော့သည့် အချိန်အထိ ဤစက်ဝန်းက ဆက်လက် လည်ပတ်နေမည် ဖြစ်၏။

မည်သူမျှ ထပ်မံ စိန်ခေါ်ခြင်း မရှိတော့သည့်အခါမှသာ ပြိုင်ပွဲကို အဆုံးသတ်ပြီး အနိုင်ရရှိသူကို ကြေညာလိမ့်မည်။ ဤသည်မှာ အနိုင်ရရှိသူ၏ အောင်ပွဲကို အငြင်းပွားဖွယ် မရှိစေရန်အတွက် ဖြစ်ပေသည်။

မကြာမီတွင် အကြိုပြိုင်ပွဲများ ပြီးဆုံးသွားခဲ့ပြီး လူ (၃) ဦးသာ ကျန်ရှိတော့၏။

ထိုသုံးဦးမှာ ကျန်းရိရှန်အား တစ်ဦးချင်းစီ စိန်ခေါ်ကြတော့သည်။

ပထမနှစ်ဦးမှာ အရည်အချင်း နည်းပါးသဖြင့် လျင်မြန်စွာပင် ရှုံးနိမ့်သွားခဲ့ရချေသည်။

ကျန်းရိရှန်သည်က လက်သီးတစ်ချက်တည်းနှင့်ပင် စိန်ခေါ်မှုကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ တစ်ခုလုံးမှာ မိနစ်အနည်းငယ်မျှပင် မကြာခဲ့ပေ။

လေထုမှာလည်း လေးလံကာ ဖိအားများနေ၏။

ရောက်ရှိနေသူ အများစုမှာ ပင်းဟိုင်မှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြလေ၏။ ထို့ကြောင့် ယခုအချိန်တွင် ပင်းဟိုင်၏ ကျွမ်းကျင်သူ အားလုံးမှာ ကျဲ့ကျင်းမှ ကျန်းရိရှန်၏ လက်တွင် ရှုံးနိမ့်နေကြသဖြင့် လူတိုင်းက အရှက်ရနေကြလေပြီ။

ထို့နောက် တတိယမြောက် ပုဂ္ဂိုလ် ပေါ်လာခဲ့ချေပြီ။

ထိုတတိယမြောက်ပုဂ္ဂိုလ် ပေါ်လာသည့် ခဏမှာပင် ကွင်းတစ်ခုလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားခဲ့လေသည်။

“ဒါ... သူတောင်းစားဂိုဏ်းချုပ်ရဲ့ မြေးမလေး လျန်ချင်းဟွေ့ မဟုတ်ဘူးလား”

“အကြိုပြိုင်ပွဲတွေတုန်းက သူတောင်းစားဂိုဏ်းချုပ်ရဲ့ တပည့်ရင်းလင်းဟောင် ပါဝင်ခဲ့တာ မဟုတ်ဘူးလား အခုကျတော့ ဘာလို့ သူ ဖြစ်နေရတာလဲ”

“မင်းက ဘာသိလို့လဲ သူတောင်းစားဂိုဏ်းချုပ်ရဲ့ မြေးမလေးက လူမသိအောင် ကျင့်ကြံနေတဲ့ သိုင်းပညာရှင် တစ်ယောက်၊ သူ့တပည့်ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်

ဒါကြောင့် ဒီစိန်ခေါ်ပွဲမှာ လင်းဟောင်အစား သူမ ပါဝင်တာက ဒီပြိုင်ပွဲနဲ့ တကယ်ကို ထိုက်တန်ပါတယ်”

“ဒါပေမဲ့ ကျန်းရိရှန်က အတွင်းအားမှာ ဆရာသခင်အဆင့်လေ၊ သူမလို မိန်းကလေး တစ်ယောက်က တကယ်ပဲ ရင်ဆိုင်နိုင်ပါ့မလား”

…

All Chapters