← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း(117)

အဝါနုရောင် အပ်စလေးများက ကြမ်းပြင်ပေါ်သို့ ပြန့်ကြဲကျသွားလေ၏။ ယောင်ပင်းကတော့ မည်သည့်အရာမှ မဖြစ်ခဲ့သည့်အလား တည်ငြိမ်စွာပင် ထိုနေရာတွင် ရပ်နေဆဲပင်။

မတိုင်မီက အသက်လုပွဲနှင့် ရင်ဆိုင်ခဲ့ရသူမှာ သူမဟုတ်ဘဲ အခြားသူများဖြစ်နေသကဲ့သို့။

တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်းနှင့် သတစပြင်ကဲ့သို့ တိတ်ဆိတ်ခြင်းတို့က လွှမ်းမိုးသွားသည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ဤမျှ တည်ငြိမ်နိုင်မှုမျိုးကို ရောက်ရှိနေသူများထဲမှ လူမည်မျှက လုပ်ဆောင်နိုင်ပါမည်နည်း။

သို့သော် ယောင်ပင်းက လုပ်ဆောင်နိုင်ခဲ့သည်။

အထူးသဖြင့် ထိုသန်မာသော လူကြီးမှာ ယောင်ပင်းကို ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေမိသည်။

သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ကလဲ့စားချေမည့် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။

ယောင်ပင်းက သူ၏ကျည်ဆန်ကို ရှောင်တိမ်းနိုင်ခဲ့သည်လား

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့က အလွန်နီးကပ်နေပြီး ကျည်ဆန်မှာလည်း အလွန်မြန်လှသည် မဟုတ်ပါလား။

ယောင်ပင်းက ဤမျှ တည်ငြိမ်စွာဖြင့် မည်သို့ ရှောင်နိုင်ခဲ့သနည်း။

သူက လူသားလား ။ သို့မဟုတ် နတ်ဘုရားဖြစ်နေသည်လား။

“ခုနက မင်း ငါ့ဆီကို ပစ်လိုက်တဲ့ ပစ္စည်းက ဘာလဲ”

ခဏမျှ မှင်တက်သွားပြီးနောက် ထိုသူမှာ နောက်ဆုံး၌ အသံထွက်လာခဲ့သည် ။

“အဲဒါက တစ်ခုခု မှားနေတာ ဖြစ်ရမယ်၊ လူတစ်ယောက်က ကျည်ဆန်ကို တားနိုင်တယ်ဆိုတာ ငါ မယုံဘူး”

သူ၏စကားကြောင့် လူတိုင်းက ကြမ်းပြင်ပေါ်သို့ ချက်ချင်း ငုံ့ကြည့်လိုက်ကြသည်။

သူတို့၏ အာရုံမှာ ယောင်ပင်း ကျည်ဆန်ကို တားဆီးရန် အသုံးပြုခဲ့သည့် အရာထံသို့ ရောက်ရှိသွားကြ၏။

ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော အပိုင်းအစလေးများ ရှိနေဆဲပင်။ ၎င်းတို့မှာ ပန်းဝတ်ဆံလေးများကဲ့သို့ ပျံ့နှံ့နေသည်။

“ဒါက... သွားကြားထိုးတံပဲ”

“သွားကြားထိုးတံ အစစ်ပဲဟ၊ ရှောင်ယောင် ကျည်ဆန်ကို တားဖို့ သုံးလိုက်တာက သွားကြားထိုးတံ တစ်ချောင်းတည်းပဲလား”

တစ်စုံတစ်ယောက်က အော်ပြောလိုက်လျှင် လူတိုင်းလည်း အံ့သြတကြီး ကြည့်လိုက်ကြပြီး အံ့ဩတုန်လှုပ်ကုန်ကြတော့သည်။

ကြမ်းပြင်တွင်ပြန့်ကျဲနေသည်မှာ သွားကြားထိုးတံ အပိုင်းအစများသာဖြစ်နေသည်။

မြင်ကွင်းမှာ တစ်ဖန် ဆူညံသွားပြန်သည်။ လူတိုင်း၏ မျက်နှာတွင် အံ့ဩခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ သေးငယ်သော သွားကြားထိုးတံ တစ်ချောင်းက ကျည်ဆန်ကို တားဆီးနိုင်သည်လား။

ဤသည်မှာ မည်မျှပင် ထိတ်လန့်ဖွယ်ကောင်းသော အတွင်းအားမျိုး ဖြစ်နေသည်လဲ။

လျန်ချင်းဟွေ့၏ မျက်နှာပေါ်ရှိ စိုးရိမ်မှုများက ချက်ချင်းပင် အံ့ဩဝမ်းသာမှုများအဖြစ် ပြောင်းလဲသွားချေပြီ။

ယောင်ပင်းသည်က သူမ ထင်ထားသည်ထက် များစွာ ပိုမိုအစွမ်းထက်သည်။ လျန်ဟုန်ရှန်းကတော့ ခေါင်းကို ဖြည်းဖြည်းချင်း ငြိမ့်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရ၏။

ခိုင်ယဲ့ အနည်းငယ် ပြုံးလိုက်ပြီး သူ၏လူများကို ခေါင်းငြိမ့်ပြလိုက်သည်။ နောက်လိုက်များကလည်း သဘောပေါက်သွားပြီး ချက်ချင်းပင် မတ်တပ်ရပ်ကာ ထိုသန်မာသော လူကြီးကို အော်ဟစ်ကြလေသည်။

“ဒီနေ့က သိုင်းပညာ ပြိုင်ပွဲလေ ဘယ်သူ့ကိုမှ လက်နက်တွေ ယူလာခွင့်မပြုဘူး၊ တစ်စုံတစ်ယောက် ထိခိုက်သွားရင် ဘယ်သူ တာဝန်ယူမှာလဲ”

“ဘော့စ်လျို့ဆီကနေ ရှင်းပြချက် တောင်းတယ်”

“ဟုတ်တယ်၊ ဘော့စ်လျို့က ငါတို့ကို ရှင်းပြချက် ပေးရမယ် ငါတို့က ဒီကို စိတ်ရင်းအမှန်နဲ့ လာခဲ့ကြတာ၊ ဒါပေမဲ့ ငါတို့ရဲ့ အသက်က အချိန်မရွေး ထွက်သွားနိုင်နေတာပဲ

ဘယ်သူက ဒီမှာ ဆက်နေရဲတော့မှာလဲ ၊ ဒါက ဘော့စ်လျို့က ငါတို့ အသက်ကို ယူဖို့ စီစဉ်ထားတဲ့လူများလား”

…

ခိုင်ယဲ့၏ နောက်လိုက်များထံမှ အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း စိတ်လှုပ်ရှားလာကြသည်။

“မရဘူး၊ သူ့ကို ဒီကနေ ဖယ်ထုတ်ပြီး သူ ဘယ်သူလဲဆိုတာ ရှာရမယ်”

“သူ့ကို အပြစ်ပေးတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ဘယ်သူက စိတ်အေးလက်အေး နေနိုင်မှာလဲ”

…

ခဏအတွင်းမှာပင် မြင်ကွင်းတစ်ခုလုံး ဆူညံသွားပြီး လူတိုင်းက လျို့ချင်းအား ထိုသူကို ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုကြတော့သည်။

နောက်ကွယ်တွင်တော့ လျို့ချင်း၏ မျက်နှာမှာ အိုးဖင်ကဲ့သို့ မည်းမှောင်နေပြီး ငြိမ်သက်နေခဲ့သည်။

အစ်ကိုထောင်က လျို့ချင်း၏ ရှေ့တွင် ခေါင်းငုံ့ကာ ရပ်နေပြီး ထိတ်လန့်တကြား မေးလိုက်သည်။

“ချင်းဇီ... စင်မြင့်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ၊ အားလုံးက ဒါ ကျွန်တော်တို့ လုပ်တာလို့ ပြောနေကြတယ်၊ ဘာလုပ်ကြမလဲ”

“သူ့ကို အပြင်ထုတ်သွားပြီး ပစ်သတ်လိုက်”

လျို့ချင်း၏ အသံမှာ ရေခဲကဲ့သို့ အေးစက်သည်။

“ သူက ကျွန်တော်တို့ လူလေ၊ ကျွန်တော်တို့နဲ့အတူ ရုန်းကန်လာခဲ့တဲ့သူ.. “

အစ်ကိုထောင်က အော်ဟစ်လိုက်ပြီး ထိုသူ့အတွက် အသနားခံရန် ကြိုးစားလိုက်သည်။

“ဒီတစ်ခါတော့ သူ့ကို ချမ်းသာပေးလိုက်ပါလား”

လျို့ချင်းသည် အစ်ကိုထောင်ကို မည်းမှောင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။

“အသုံးမကျတဲ့ အမှိုက်! ဒီလောက် ကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူး၊ သူ့ကို ထားထားလည်း ဘာမှ အသုံးမဝင်ဘူး အဲဒီလူတွေကို လှည့်စားဖို့ လွယ်တယ်လို့ မင်းထင်နေတာလား၊

ငါတို့က ရှင်းပြချက် တစ်ခုခု မပေးမချင်း သူတို့က လက်လျှော့ကြမှာ မဟုတ်ဘူး... တော်ပြီ၊ သွားတော့”

အစ်ကိုထောင် တုန်လှုပ်သွားရသည်။

သူ နောက်ထပ် စကားတစ်ခွန်းမှ မပြောဝံ့တော့ဘဲ အလျင်အမြန်ပင် ထွက်သွားပြီး သူ၏လူများကို အမိန့်တချို့ ပေးလိုက်လေသည်။

ခဏအကြာတွင် သန်မာသော လူတချို့ ပေါ်လာပြီး ထိုသူကို ဖမ်းဆွဲကာ ခေါ်ဆောင်သွားကြတော့သည်။

“ဘာလုပ်တာလဲ ငါ့ကို ဘယ်ခေါ်သွားမလို့လဲ လွှတ်စမ်း”

“အစ်ကိုထောင်က ဒီကောင်လေးကို သတ်ဖို့ ငါ့ကို ခိုင်းတာ၊ ငါနဲ့ ဘာမှမဆိုင်ဘူး”

အခြေအနေ မဟန်သည်ကို သိလိုက်ရသဖြင့် ထိုသူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး သူကိုယ်ကိုယ် ကာကွယ်ရန် အော်ဟစ်လေတော့သည်။

သူ့ကို ဖမ်းထားသော သူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ယောက်က သူ၏ပါးစပ်ကို ပိတ်လိုက်ကာ ကျန်သူများက အလျင်အမြန်ပင် ဆွဲထုတ်သွားကြတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်...

ဒိုင်း!

အပြင်ဘက်တွင် သေနတ်သံတစ်ချက် ထွက်ပေါ်လာချေပြီ။

ထိုသူ သေဆုံးသွားခဲ့လေပြီ။

ဤသည်မှာ ရောက်ရှိနေသူ အားလုံးအတွက် ရှင်းပြချက်ပင် ဖြစ်ပေသည်။

သေနတ်သံကို ကြားလိုက်ရသောအခါ ကန့်ကွက်နေသော လူအုပ်ကြီးမှာ တဖြည်းဖြည်း ငြိမ်သက်သွားကြ၏။

သို့သော် နောက်ကွယ်တွင်တော့ လျို့ချင်းနှင့် အစ်ကိုထောင်တို့၏ မျက်နှာမှာ မုန်တိုင်းမလာမီ ကြိုတင်နိမိတ်ကဲ့သို့ မည်းမှောင်နေချေတော့သည်။

တစ်နာရီခန့် ကြာပြီးနောက်...

မြေအောက်ဘဏ်၏ အကြီးဆုံးသော ခန်းမဆောင်တွင် ဖြစ်သည်။

လျို့ချင်းသည် ခန်းမ၏ အလယ်ရှိ ကြီးမားသော ထိုင်ခုံတွင် ထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် သန်မာသော လူကြီး ဒါဇင်ပေါင်းများစွာ ရပ်နေကြသည်။

ပင်းဟိုင်နှင့် ကျဲ့ကျင်း အရှေ့ပိုင်းမှ ဂိုဏ်းစတားကြီးများမှာ ခန်းမအတွင်းထိုင်နေကြပြီး တစ်ဦးစီ၏ နောက်တွင် ကိုယ်ရံတော်များ အသီးသီး ရပ်နေကြသည်။

ယောင်ပင်း တစ်ဦးတည်းသာ ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။ စားပွဲထိုးတချို့မှာ ခန်းမအတွင်း သွားလာရင်း အအေးနှင့် အဖျော်ယမကာများ ဧည့်ခံနေကြ၏။

“ကျွန်တော် လျို့ချင်းအနေနဲ့ ဒီနေ့ လူကြီးမင်းတို့အားလုံး ရောက်ရှိလာတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်”

လူအားလုံး စုံလင်သွားသောအခါ လျို့ချင်းက မတ်တပ်ရပ်လိုက်ပြီး ဖန်ခွက်ကို မြှောက်ကာပြောလိုက်သည်။

“ဒီနေ့ ဒီပွဲကို တက်ရောက်ပေးကြတဲ့သူတိုင်းက ကျွန်တော် လျို့ချင်းကို မျက်နှာသာပေးကြတာပါပဲ၊ ကျွန်တော် လျို့ချင်းက အရင်ဆုံး တစ်ခွက် သောက်ပါ့မယ်၊ လူကြီးမင်းတို့ကတော့ စိတ်ကြိုက် သောက်နိုင်ပါတယ်”

ထိုသို့ပြောပြီးနောက် လျို့ချင်းက သူ၏ ဖန်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း ကုန်အောင် သောက်လိုက်လေသည်။

သောက်ပြီးနောက် လျို့ချင်းက ယဉ်ကျေးမှုအရ စကားတချို့ ထပ်မံပြောကြားခဲ့သည်။ ထိုစကားတို့မှာ ရောက်ရှိနေသူ အားလုံးကို လေးစားကြောင်းနှင့် နောက်ပိုင်းတွင် ပိုမို ပူးပေါင်းဆောင်ရွက်လိုကြောင်း အဓိပ္ပာယ်ပင် ဖြစ်ပေသည်။

ကျင်းကျုံးမှ ဂိုဏ်းခေါင်းဆောင်ကတော့ စိတ်မရှည်သောသူ ဖြစ်သဖြင့် လျို့ချင်း၏ စကားများကို ဖြတ်ပြောလိုက်သည်။

“မစ္စတာလျို့... ကျွန်တော်တို့ အများစုက အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ အဲဒီရတနာကို မြင်ချင်လို့ လာကြတာ၊

အပိုစကားတွေကို နောက်မှပြောလည်း ရတယ်၊ ကျွန်တော်တို့က ပွင့်လင်းတဲ့လူတွေဆိုတော့ တည့်တည့်ပဲ ပြောကြစို့”

ထိုဂိုဏ်းခေါင်းဆောင်၏ စကားကို အခြားသူများကလည်း ချက်ချင်း ထောက်ခံကြလေသည်။

“ဟုတ်တယ်၊ မစ္စတာလျို့... ကျွန်တော်တို့က မိတ်ဟောင်းဆွေဟောင်းတွေပဲ၊ အခမ်းအနားတွေ လုပ်မနေပါနဲ့တော့၊ ရတနာကို အရင်ပြပါဦး”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ရတနာကို အရင် ကြည့်ကြစို့”

“ရတနာကို အရင် ကြည့်ချင်ပြီ၊ မစောင့်နိုင်တော့ဘူး အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဟောနိုင်တဲ့ ရတနာက ဘယ်လိုမျိုးလဲ”

လျို့ချင်းမှာ အနည်းငယ် အခက်တွေ့သွားပုံရ၏။ သို့သော် ရတနာကို လူတိုင်းအား ပြသရန်က သူကိုယ်တိုင်၏ စိတ်ကူးဖြစ်သဖြင့် လူတိုင်း ငြိမ်သွားသည်အထိ စောင့်ပြီးမှ လက်ကို ညင်သာစွာ တီးလိုက်လေသည်။

မကြာမီမှာပင် ချုံဆန်းကို ဝတ်ဆင်ထားသော အရပ်ရှည်ပြီး လှပသော အမျိုးသမီးတစ်ဦးသည် လင်ဗန်းတစ်ခုကို ကိုင်ဆောင်ကာ ခန်းမအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။

ယခင်က ဆူညံနေသော ခန်းမဆောင်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

လူတိုင်းက ထိုလှပသော အမျိုးသမီး၏ လက်ထဲမှ လင်ဗန်းထဲသို့ ခေါင်းပြူ၍ ကြည့်နေကြပြီး အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ဟောနိုင်သည့် ထိုရတနာမှာ မည်သည့်အရာဖြစ်ကြောင်းကို သိချင်နေကြချေပြီ။

ယောင်ပင်းပင်လျှင် အသက်အောင့်ထားမိပြီး လင်ဗန်းထဲသို့ အသေအချာ စိုက်ကြည့်နေမိသည်။

သို့သော်လည်း လင်ဗန်းထဲမှ အရာဝတ္ထုကို အနီရောင် ကတ္တီပါစဖြင့် ဖုံးအုပ်ထားသဖြင့် ၎င်း၏ ပုံသဏ္ဌာန်အစစ်အမှန်ကို မမြင်ရပေ။

ထိုအမျိုးသမီးသည် လင်ဗန်းကို ကိုင်ဆောင်ကာ လျို့ချင်းထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ လျို့ချင်းက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လူတိုင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ကျေနပ်စွာ ပြုံးလိုက်မိသည်။

ထို့နောက် သူက လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီး ရတနာကို ဖုံးအုပ်ထားသော ကတ္တီပါစကို ဖယ်ရှားလိုက်လေတော့သည်။

ချက်ချင်းပင် လူတိုင်း၏ မျက်လုံးများက လင်ဗန်းပေါ်ရှိ ရတနာထံသို့ စုပြုံရောက်ရှိသွားကြတော့သည်။

*

လျို့ချင်းသည် ကတ္တီပါစကို ဖြည်းဖြည်းချင်း မလိုက်သောအခါ ရောက်ရှိနေသည့် ဂိုဏ်းစတားကြီးများမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြချေသည်။

သူတို့သည်က ထိုလင်ဗန်းထဲမှ ရတနာကို တစ်စွန်းတစ်စမျှပင် လွတ်မသွားစေရန် ခေါင်းပြူ၍ အသေအချာ စိုက်ကြည့်နေကြ၏။

နောက်ဆုံးတွင် ကတ္တီပါစကို လုံးဝ ဖယ်ရှားလိုက်ပြီးနောက် ရတနာ၏ အသွင်သဏ္ဌာန်မှာ ပေါ်ထွက်လာတော့သည်။ လင်ဗန်းထဲရှိ အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ လူတိုင်းက တစ်ဦးကိုတစ်ဦး ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားကြ၏။

လင်ဗန်းထဲတွင် ရှိနေသည်မှာ ကြေးညိုရောင်သန်းနေသည့် ရှေးဟောင်းကြေးမှန်တစ်ချပ်သာ ဖြစ်နေသောကြောင့်ပင်။

*

အခန်း(118)

မှန်မှာ အဌဂံပုံသဏ္ဌာန် ရှိပြီး အလယ်တွင် မှန်သားရှိကာ ဘေးပတ်ပတ်လည် ရှစ်ဖက်စလုံးတွင် ရှုပ်ထွေးလှပသော ပန်းလက်ရာများနှင့် ပုံစံများကို အနုစိတ် ထွင်းထုထားချေသည်။ ကြည့်ရသည်မှာ အလွန်ပင် ရှေးကျပြီး လက်ရာမြောက်သည်။

ဤသည်မှာ မည်သို့သော ရတနာမျိုးနည်း။

ခဏအကြာတွင် တစ်စုံတစ်ယောက်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘော့စ်လျို့... ဒီရတနာက ပကွားမှန် များလား”

“မဟုတ်ပါဘူး၊ ပကွားမှန်ဆိုတာက ခုံးမှန်နဲ့ ချိုင့်မှန်ဆိုပြီး နှစ်မျိုးပဲ ရှိတာလေ၊ ဒီကြေးမှန်က အလယ်မှာ ပြားချပ်နေတာပဲ”

အခြားတစ်ယောက်က ချက်ချင်း ပြန်ပြောလိုက်သည်

“ဒါတင်မကဘူး၊ ဘေးရှစ်ဖက်မှာ ထွင်းထားတာက ယင်နဲ့ယန် သင်္ကေတတွေ မဟုတ်ဘဲ တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံတွေ ဖြစ်နေတယ်၊

ပြီးတော့ ပကွားမှန်ရဲ့ ရည်ရွယ်ချက်က မကောင်းဆိုးဝါးတွေကို နှင်ထုတ်ဖို့နဲ့ အိမ်ကို စောင့်ရှောက်ဖို့ပဲလေ၊

အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဟောဖို့ မဟုတ်ဘူး? အဲဒါကြောင့် ဒါက ပကွားမှန် မဟုတ်တာတော့ သေချာတယ်”

“ပကွားမှန် မဟုတ်ရင် ဒါက ဘာရတနာလဲ”

“ပြောရမှာတော့ အားနာပါတယ်၊ ဒီရတနာက ပကွားမှန် မဟုတ်ဘူးဆိုတာပဲ ကျွန်တော် သိတယ်.. ဘာလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး”

…

ခေတ္တမျှ ခန်းမအတွင်း၌ လူတိုင်းမှာ ဤရတနာမှာ မည်သည့်အရာ ဖြစ်နိုင်ကြောင်း ဝိုင်းဝန်းဆွေးနွေး ငြင်းခုံနေကြတော့သည်။ လျို့ချင်းကတော့ ထိုကြေးမှန်အကြောင်းကို ချက်ချင်း မပြောဘဲ လူတိုင်းကို စိတ်ဝင်တစား ခန့်မှန်းခိုင်းရင်း အချိန်ဆွဲနေခဲ့၏။

ကျင်းကျုံးမှ ဂိုဏ်းခေါင်းဆောင်ကတော့ စိတ်တိုတတ်သူဖြစ်ကာ လူတိုင်းက ခန့်မှန်းနေကြသော်လည်း လျို့ချင်းက အဖြေမထုတ်သေးသဖြင့် စိတ်မရှည် ဖြစ်လာတော့သည်။

သူက ဝုန်းလနဲ ထရပ်လိုက်လေ၏။

“ဟေ့... မစ္စတာလျို့၊ ခင်ဗျားက ကျုပ်တို့ကို စစ်ဆေးပေးဖို့ ဖိတ်ထားတာဆိုမှတော့ နာမည်လေးတော့ ပြောပြသင့်တာပေါ့၊

ကျုပ်တို့က အလုပ်ရှုပ်နေတဲ့ကြားက အချိန်လုပြီး လာခဲ့ကြတာ၊ ဒီမှာ ထိုင်ပြီး ပဟေဠိဖော်နေဖို့ အချိန်မရှိဘူး မြန်မြန် အမည်ကို ပြောလိုက်စမ်းပါ”

“ဟုတ်တယ်”

ကျင်းကျုံး ဂိုဏ်းခေါင်းဆောင်က ထပ်ပြောလိုက်သည်။

“ဒီရတနာကို မစ္စတာလျို့ ဂုဏ်ယူနေတာ ကျွန်တော်တို့ သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အသိဉာဏ် နည်းပါးလို့ ဘာလဲဆိုတာ မသိကြဘူး

မစ္စတာလျို့အနေနဲ့ ကျွန်တော်တို့ကို အခက်မတွေ့စေဘဲ ဗဟုသုတအဖြစ် ပြောပြပေးပါဦး”

ကျင်းကျုံး ဂိုဏ်းခေါင်းဆောင်၏ စကားမှာ ကြမ်းတမ်းသော်လည်း အကျိုးအကြောင်း ခိုင်လုံသည်။

အခြားသော ဂိုဏ်းခေါင်းဆောင်များမှာလည်း အချိန်အတော်ကြာ ခန့်မှန်းနေရသဖြင့် စိတ်မရှည် ဖြစ်လာကြချေပြီ။

သူတို့အားလုံးက လျို့ချင်းအား လှည့်ပတ်မလုပ်တော့ဘဲ ရတနာ၏ အမည်ကို ထုတ်ဖော်ရန် တိုက်တွန်းကြလေသည်။

ဂိုဏ်းခေါင်းဆောင်များ စိတ်မရှည် ဖြစ်နေသည်ကို မြင်သောအခါ လျို့ချင်းသည်လည်း ဆက်၍ အချိန်ဆွဲ၍ မရတော့မှန်း သိလိုက်သည်။

သူက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး လည်ချောင်းကို တစ်ချက်နှစ်ချက် ရှင်းကာ ရတနာ၏ အမည်ကို ခန့်ညားစွာ ကြေညာရန် ပြင်လိုက်၏။

မထင်မှတ်ဘဲ သူ နာမည်ကို ပြောတော့မည့် အချိန်မှာပင် ထောင့်တစ်နေရာမှ ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒါက ကျင်းကျူမင်းကြီးရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကျမ်းမှာ ပါတဲ့ အကုသိုလ်ဖော်မှန်ပဲ ..ဒါက လူတစ်ယောက်ရဲ့ ကုသိုလ်နဲ့ အကုသိုလ်၊ ကောင်းမှုနဲ့ မကောင်းမှု၊ နောက်ဆုံး ဘဝဟောင်းနဲ့ ဘဝသစ်ကိုပါ ထင်ဟပ်စေနိုင်တယ်”

လျို့ချင်း၏ ပါးစပ်မှ ထွက်တော့မည့် စကားလုံးများမှာ ထိုအသံကြောင့် ရုတ်တရက် ပြတ်တောက်သွားရချေပြီ။ လျို့ချင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

သူ၏ မျက်နှာက အလုခံလိုက်ရရုံတင်မကဘဲ ဤအကုသိုလ်ဖော်မှန်က အလွန်ပင် ရှားပါးလွန်းသော်လည်း တစ်စုံတစ်ယောက်က မှတ်မိနေခြင်းအပေါ် ထိတ်လန့်သွားရခြင်းလည်း ပါဝင်ပေသည်။

ပို၍ အံ့ဩစရာ ကောင်းသည်မှာ ထိုကြေးမှန်က အကုသိုလ်ဖော်မှန် ဖြစ်ကြောင်း သိနေသူမှာ ယောင်ပင်း ဖြစ်နေခြင်းပင်။ လျို့ချင်းမှာ အနည်းငယ် တုန်လှုပ်သွားရ၏။

ရောက်ရှိနေသော ဂိုဏ်းစတားကြီးများမှာ ဗဟုသုတ ကြွယ်ဝပြီး အတွေ့အကြုံ ရှိသူများ ဖြစ်ကြသည်။

တချို့မှာ အသက်ပင် ကြီးရင့်နေကြပြီ ဖြစ်သော်လည်း သူတို့ပင် ဤရတနာမှာ မည်သည့်အရာ ဖြစ်ကြောင်း မမှတ်မိကြချေ။

သို့သော် သာမန် အထက်တန်းကျောင်းသားလေး တစ်ယောက် ဖြစ်သော ယောင်ပင်းကတော့ အကုသိုလ်ဖော်မှန်ကို မှတ်မိနေခဲ့သည်။

သူ တိတ်တဆိတ် အံ့ဩနေစဉ်မှာပင် တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ဘော့စ်လျို့... ဒီကြေးမှန်က တကယ်ပဲ ကျင်းကျူမင်းကြီးရဲ့ အကုသိုလ်ဖော်မှန်လား”

ယောင်ပင်း၏ အရိပ်အောက်သို့ ရောက်သွားသဖြင့် လျို့ချင်းမှာ အလွန်ပင် မကျေမနပ် ဖြစ်သွားသော်လည်း အတင်းပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

“မှန်ပါတယ်၊ သခင်လေးယောင်က အမြင်စူးရှတာပဲ ဒီရတနာက တကယ်ပဲ ယမမင်းချူကျန်းရဲ့ အကုသိုလ်ဖော်မှန်ပါပဲ”

လျို့ချင်း၏ စကားကြောင့် ခန်းမတစ်ခုလုံး ဆူညံသွားလေသည်။

“ဒီရတနာက တကယ်ပဲ ယမမင်းရဲ့ အကုသိုလ်ဖော်မှန် ဖြစ်နေတာလား၊ ဒါက တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ တစ်ယောက်ယောက်ကသာ ဒါကို ရလိုက်ရင် ကိုယ့်ရဲ့ ကံကြမ္မာကို ကြိုမြင်နိုင်မှာ မဟုတ်ဘူးလား”

“ဒီရတနာက တကယ်ကို တန်ဖိုးရှိတာပဲ..ဒါပေမဲ့ ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာကတော့...”

“ဘယ်သူ ရမလဲဆိုတာက ဘော့စ်လျို့အပေါ်မှာလည်း မူတည်တယ်၊ ကံတရားအပေါ်မှာလည်း မူတည်တာပေါ့ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ .. ဒီရတနာကို လိုချင်ရင် ရိုးရိုးသားသားပဲ လုပ်ကြပါ

တစ်ယောက်ယောက်ကသာ မရိုးမသား နည်းလမ်းတွေ သုံးဖို့ ကြိုးစားရင်တော့ ကျွန်တော် မယဉ်ကျေးနိုင်တာကို အပြစ်မတင်ပါနဲ့”

…

လျို့ချင်းသည် လူတိုင်း စိတ်ဝင်စားလာအောင် ကောင်းကောင်း ဆွဲဆောင်ထားနိုင်ခဲ့ပေသည်။ ယခုအခါ လျို့ချင်း၏ လက်ထဲတွင် အမှန်တကယ်ပင် ရှားပါးရတနာ ရှိနေကြောင်း သိလိုက်ရသဖြင့် လူတိုင်းမှာ ၎င်းကို ပိုင်ဆိုင်လိုစိတ် ပိုမို ပြင်းထန်လာကြ၏။

ထို့ကြောင့် သူတို့အကြားတွင် မသိမသာ တင်းမာမှုများ စတင် ပေါ်ပေါက်လာချေပြီ။

လျို့ချင်းက ရောက်ရှိနေသူများ၏ တုံ့ပြန်မှုကို အကဲခတ်ပြီး အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒီအကုသိုလ်ဖော်မှန်ကို သန်းပေါင်းများစွာ အကုန်အကျခံပြီး ရယူခဲ့တာပါ၊

ဒါက ရှားပါးရတနာဖြစ်ပေမဲ့လည်း သူ့ရဲ့ ကံပါတဲ့ ပိုင်ရှင်ကိုတော့ လိုအပ်တာပေါ့၊ ခဏနေရင် လူကြီးမင်းတို့ တစ်ဦးချင်းစီ ဒီမှန်နဲ့ ကံစမ်းကြည့်လို့ ရပါတယ်၊

တကယ်လို့ ခင်ဗျားတို့က ဒီမှန်နဲ့ ကံပါခဲ့မယ်ဆိုရင် ကျွန်တော် လျို့ချင်းက အလကား ပေးပါ့မယ်”

လျို့ချင်း၏ စကားကြောင့် ခန်းမအတွင်း တစ်ဖန်ဆူညံသွားပြန်သည်။ အကုသိုလ်ဖော်မှန်နှင့် ကံပါသူ မည်သူမဆို အခမဲ့ ယူဆောင်သွားနိုင်သည်ဟု လျို့ချင်းက ဆိုလိုခြင်း မဟုတ်ပါလား။

ဤသည်မှာ မယုံနိုင်စရာ ကံကောင်းမှုပင် ဖြစ်ပေသည်။ ဤသို့သော ရတနာမျိုးကို အလကား ရမည်ဆိုလျှင် မည်သူက မလိုချင်ဘဲ နေပါမည်နည်း။

ထို့ကြောင့် လျို့ချင်း၏ စကားဆုံးသည်နှင့် ကျင်းကျုံးဂိုဏ်းခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“ဘော့စ်လျို့... ဒီမှန်နဲ့ ကံပါလား၊ မပါဘူးလားဆိုတာ ကျွန်တော်တို့ ဘယ်လို သိနိုင်မလဲ”

“အဲဒါက ရိုးရှင်းပါတယ်”

လျို့ချင်းက အနည်းငယ် ပြုံးပြပြီး ဆက်ပြောသည်။

“ဒီအကုသိုလ်ဖော်မှန်က ယမမင်းရဲ့ ပစ္စည်းဖြစ်တဲ့အတွက် စွမ်းအားရှိပါတယ်၊ တကယ်လို့ ခင်ဗျားက သူ့ရဲ့ ပိုင်ရှင်အစစ် ဖြစ်မယ်ဆိုရင် ဒီမှန်ကို ကိုင်ထားတဲ့အခါ လက်ထဲမှာ ထုံကျင်မှုကို ခံစားရပါလိမ့်မယ်၊

ပြီးတော့ မှန်ထဲမှာလည်း အရိပ်တစ်ခု ပေါ်လာပါလိမ့်မယ်၊ အဲဒီ အချက်နှစ်ချက်စလုံးနဲ့ ပြည့်စုံမယ်ဆိုရင်တော့ ခင်ဗျားဟာ ဒီမှန်ရဲ့ ပိုင်ရှင်ပါပဲ၊

အဲဒီအချိန်ကျရင် ကျွန်တော် လျို့ချင်းကိုယ်တိုင် ခင်ဗျားကို လက်နှစ်ဖက်နဲ့ ဆက်သပါ့မယ်၊ ကတိအတိုင်း တစ်ပြားတစ်ချပ်မှလည်း မယူပါဘူး”

လျို့ချင်း ပြောလိုက်သည့် အချက်နှစ်ချက်မှာ အတော်ပင် တရားမျှတပုံရပေသည်။ အဘယ်ကြောင့်ဆိုသော် လက်ထဲတွင် ထုံကျင်သည်ဆိုသည်မှာ ဟန်ဆောင်၍ ရသော်လည်း ကြေးမှန်ထဲတွင် အရိပ်ပေါ်လာခြင်းကိုတော့ လိမ်ညာ၍ မရနိုင်သောကြောင့်ပင်။

ထို့ကြောင့် လျို့ချင်း၏ စကားဆုံးသည်နှင့် ဂိုဏ်းခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။

“ကောင်းပြီ၊ ကောင်းပြီ အရင်ဆုံး အဲဒီမှန်ကို ငါ့ဆီ ယူလာခဲ့၊ ငါ ကံပါလားဆိုတာ အရင် စမ်းကြည့်ရအောင်”

သူသည် မွေးရာပါ စိတ်စောတတ်သူ ဖြစ်သဖြင့် အမြဲတမ်း ဤသို့ပင် ပြုလုပ်လေ့ရှိသည်။ ဘေးမှ လူများက မကျေနပ်ကြသော်လည်း သူ၏ စိတ်ဓာတ်ကို သိထားကြသဖြင့် ဝင်မပြောဘဲ အင်္ကျီရှည်ဝတ် အမျိုးသမီးအား မှန်ကို ဂိုဏ်းခေါင်းဆောင်ထံ ယူသွားခိုင်းလိုက်ကြ၏။

အမျိုးသမီးသည် သူ၏ထံသို့ ရောက်သည်နှင့် ဂိုဏ်းခေါင်းဆောင်က မှန်ကို လောလောလောလောဖြင့် ကောက်ကိုင်လိုက်သည်။ သူ ကိုင်လိုက်သည့် ခဏမှာပင် သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး မျက်လုံးများ လန်တက်သွားလေသည်။

“အား... အား... ထုံတယ်၊ ထုံတယ်၊ ငါ့ကို သတ်နေတာပဲ”

ဂိုဏ်းခေါင်းဆောင်များ အားလုံး ထိတ်လန့်သွားကြ၏။ ဂိုဏ်းခေါင်းဆောင်က ပထမဆုံး စမ်းကြည့်သူ ဖြစ်ပါလျက်နှင့် ချက်ချင်းပင် အလုပ်ဖြစ်သွားသည်လား ။

သူက ဒီမှန်နဲ့ ကံပါနေတာလား။

သို့သော် မကြာမီမှာပင် ကြေးမှန်၏ အလယ်တွင် မည်သည့်အရာမျှ မရှိဘဲ လုံးဝ သန့်ရှင်းနေသည်ကို လူတိုင်း သတိပြုမိလိုက်ကြသည်။

ဂိုဏ်းခေါင်းဆောင်သည် ဟန်ဆောင်နေခြင်းသာ ဖြစ်ချေသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်က ချက်ချင်း ရယ်မောလိုက်ပြီး ပြောလာသည်။

“ဘော့စ်... ခင်ဗျားရဲ့ သရုပ်ဆောင်ချက်က တကယ် ကောင်းတာပဲ၊ နှမြောစရာ ကောင်းတာကတော့ မှန်က လုံးဝ သန့်ရှင်းနေပြီး ဘာမှ မရှိတာပဲ”

“အမှန်ပဲ၊ သရုပ်ဆောင်ရင်လည်း အဆုံးထိ သရုပ်ဆောင်ရမှာပေါ့ ဆေးမိသလို ထုံတာကို ဟန်ဆောင်လို့ ရပေမဲ့ မှန်ထဲမှာ အရိပ်ပေါ်တာကိုတော့ လိမ်လို့ မရဘူးလေ”

“ဘော့စ်... သရုပ်ဆောင်တာ ရပ်ပြီး နောက်တစ်ယောက်ကို မှန်ပေးလိုက်တာ ပိုကောင်းပါလိမ့်မယ်”

…

ဂိုဏ်းစတားကြီးများမှာ တစ်ဦးကိုတစ်ဦး စနောက်ရင်း ရယ်မောနေကြလေသည်။ သူ၏ ဟန်ဆောင်မှု ပေါ်သွားသည်ကို သိလိုက်ရသောအခါ ဂိုဏ်းခေါင်းဆောင်က အရှက်မရှိစွာဖြင့် မှန်ကို လင်ဗန်းထဲသို့ ဒေါသတကြီး ပြန်တင်လိုက်သည်။

ထို့နောက် သူက ပတ်ဝန်းကျင်ရှိ လူများကို စိုက်ကြည့်လိုက်သည်။

“ဘာလဲ၊ ငါက အပျော်သဘောတောင် လုပ်လို့မရဘူးလား၊ မင်းတို့ အားလုံးက ပိုးဟပ်တွေလို ငါ့ကို ဝိုင်းကြည့်နေကြတာပဲ၊ ငါက ဒီမှန်အစုတ်ကို ခိုးသွားမှာ ကြောက်နေကြတာလား

ကဲ... ကဲ... ခင်ဗျားတို့ပဲ စမ်းကြည့်ကြတော့၊ စမ်းကြည့်ရုံနဲ့ ဒါက ခင်ဗျားတို့ဟာ ဖြစ်သွားမှာကျနေတာပဲ”

ဂိုဏ်းစတားကြီးများကတော့ မဲ့ပြုံးသာ ပြုံးလိုက်ကြ၏။ ဤသည်မှာ ဂိုဏ်းခေါင်းဆောင်၏ ကြမ်းတမ်းပြီး အစွန်းရောက်သည့် စိတ်နေစိတ်ထားပင် မဟုတ်ပါလား။

သူက အရင် ဟန်ဆောင်ခဲ့သော်လည်း ပေါ်သွားသည့်အခါတွင်တော့ အခြားသူများကသာ မှားနေသည့်အလား ပြုမူနေလေသည်။

လျို့ချင်းပင်လျှင် ထိုဂိုဏ်းခေါင်းဆောင်ကို မပြောနိုင်သဖြင့် မမြင်သလိုသာ ဟန်ဆောင်နေခဲ့ရသည်။

နောက်ပိုင်းတွင် အခြားသော ဂိုဏ်းခေါင်းဆောင်များလည်း အသီးသီး စမ်းသပ်ခဲ့ကြသည်။ မည်သူ ကိုင်ထားသည်ဖြစ်စေ မှန်မှာ မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ပေ။

လူတချို့မှာ အခြေအနေကို အခွင့်ကောင်းယူရန် ကြိုတင် ကြံစည်ထားသော်လည်း ဂိုဏ်းခေါင်းဆောင်၏ အရှက်ရမှုကို မြင်ပြီးနောက် ဤသည်မှာ မလွယ်ကူကြောင်း သိလိုက်ရသဖြင့် ထိုစိတ်ကို လက်လျှော့လိုက်ကြရသည်။

ထို့နောက် မှန်ကို တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းရင်း ယောင်ပင်းထံသို့ ရောက်ရှိသွားတော့သည်။

*

All Chapters