အခန်း (၃၅၅-၃၅၆)
Vol. 36 Ch. 355-356
အခန်း ၃၅၅ - ထူးဆန်းသော ဟင်းလင်းပြင်
သူတို့၏ မျက်စိရှေ့ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ရှုပ်ထွေးသွားပြီးနောက် ပြန်လည်ကြည်လင်တောက်ပလာသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ
လင်ယန်ရွှယ်သည် သူမကိုယ်သူမ ဝေဟင်၏ ဧရိယာတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားမိ၏။
ပတ်ဝန်းကျင်မှာ ထူးခြားဆန်းပြားပြီး စိတ်ကူးယဉ်ဆန်ကာ ဝေဝေဝါးဝါး မြင်ကွင်းတစ်ခု ဖြစ်
နေသည်။
လေထဲတွင် အလင်းတန်း အမြောက်အမြားသည် ပုံသဏ္ဍာန်အမျိုးမျိုးကို ဖန်တီးထားသည်။
တံတားတစ်ဖက်တစ်ချက်ရှိ လက်ရန်းတိုင်များကဲ့သို့ ထိုအလင်းတန်းများမှာ ထူးခြားသော အလှတရားတစ်ခုကို ဖော်ဆောင်နေသည်။
ထိုအချိန်တွင် လင်ချွမ် နှင့် သူ၏အဖော်ဖြစ်သူမှာ ထိုအဆောက်အအုံများကြားရှိ လပ်ဟာသော နေရာတွင် ရှိနေကြသည်။
လင်ယန်ရွှယ်သည် လင်ချွမ်ဘက်သို့ လှည့်ကြည့်ရင်း မမေးဘဲ မနေနိုင်ဖြစ်သွားသည်။
"ဒါက ဘယ်နေရာလဲ..."
"ဒါက ပိတ်ဆို့ထားတဲ့ ဟင်းလင်းပြင်ပဲ"
လင်ချွမ်က ပြောရင်းဖြင့် အနီးနားရှိ အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ပုံသဏ္ဍာန်ကို လက်ညှိုးထိုးပြကာ မျက်မှောင်ကြုတ်လျက် ခန့်မှန်းလိုက်သည်။
"ဒါက အောင်မြင်သွားတဲ့ ကြိုးပမ်းမှုတစ်ခုပဲ"
"ဒီလိုမြင်ကွင်းမျိုးကို ငါလည်း ပထမဆုံး မြင်ဖူးတာ"
"ဒါပေမဲ့ အခုအခြေအနေအရဆိုရင် ဒီအရာတွေဟာ ဒီဟင်းလင်းပြင် အတားအဆီးရဲ့ အင်အား အခြေခံအုတ်မြစ်တွေပဲ ဖြစ်ရမယ်"
လင်ချွမ် စကားအဆုံးတွင် နှစ်ယောက်သား တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ထက်တွင် အဆုံးမဲ့သော အစိတ်အပိုင်းများ၏ ထိပ်ဖျား၌ နေမင်းကဲ့သို့ တောက်ပသော အလင်းလုံးကြီးတစ်ခုသည် ရုတ်တရက် ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
၎င်းသည် လောင်မြိုက်နေသကဲ့သို့ သို့မဟုတ် ဆုတ်ဖြဲခံနေရသကဲ့သို့ ဖြစ်နေ၏။
၎င်း၏အောက်ရှိ မြောက်မြားစွာသော အဆောက်အအုံများသည် ထိုအခြေအနေအောက်တွင် လျင်မြန်စွာ အရည်ပျော်ကာ ပျက်စီးနေကြသည်။
၎င်းတို့သည် ဟင်းလင်းပြင်ထဲသို့ အရည်ပျော်
ဝင်သွားပြီး စွမ်းအင်စက်များအဖြစ် ပြောင်းလဲသွားသည်။
စကားပြောရန်ပင်မလိုဘဲ ထိုခဏ၌ သူတို့မြင်တွေ့ခံစားလိုက်ရသည့်အရာကို နှစ်ယောက်သား နားလည်လိုက်ကြ၏။
အထက်တွင် ဖြစ်ပေါ်နေသော ပျက်စီးမှုများသည် အတားအဆီးပြိုကျနေခြင်းကို ကိုယ်စားပြုနေခြင်းပင်။
"ငါတို့ အခု ဘာလုပ်ကြမလဲ"
လင်ယန်ရွှယ်၏ အမေးကို ကြားလိုက်ရသောအခါ လင်ချွမ်၏ မျက်နှာတွင် စဉ်းစားခန်းဝင်သွားသည့် အမူအရာ ပေါ်လာသည်။
အမှန်စင်စစ် သူသည် သိုင်းနတ်ဘုရားအဆင့်၏ အစောပိုင်း အဆင့်တွင်သာ ရှိသေးသည်။
သူသည် ထိုအဆင့်တွင် တည်ငြိမ်ရုံသာ ရှိသေးပြီး နောက်ထပ်အဆင့်သို့ ရောက်ရန် အလှမ်းဝေးသေး၏။
ခုနက ကြိုးပမ်းမှုမှာလည်း ရုတ်တရက် စိတ်ကူးပေါက်ရာ လုပ်ဆောင်လိုက်ခြင်းသာ။
ယခု ဤနေရာသို့ ရောက်လာပြီးနောက် မည်သို့ ရှေ့ဆက်ရမည်ကို သူ မသိသေးပေ။
သို့သော် သူ၏ စိတ်အလိုအရ ထိုအလင်းလုံးဆီသို့ မသွားသင့်ကြောင်း အသေအချာ သိနေသည်။
အပေါ်ယံကြည့်လျှင် အနီးနားရှိ အဆောက်အအုံများ အရည်ပျော်နေခြင်းမှာ ထွက်ပေါက်ဟု ထင်ရသော်လည်း ၎င်းသည် ပျက်စီးခြင်းကိုလည်း ဆိုလိုနိုင်၏။
လင်ချွမ်သည် ခေါင်းခါလိုက်ပြီး အဖြေမပေးသေးပေ။
သူသည် ဟင်းလင်းပြင်ကို လက်ဖဝါးဖြင့် အသာအယာ ထိတွေ့လိုက်ပြီး မျက်စိမှိတ်ကာ အာရုံစူးစိုက်လျက် သူ၏ အာရုံခံစားမှုနှင့် ဝိညာဉ်စွမ်းအားကို နိုးကြားစေလိုက်သည်။
စွမ်းအင်လှိုင်းများသည် ဟင်းလင်းပြင်အတွင်းမှ တိတ်တဆိတ် ထွက်ပေါ်လာပြီး လျင်မြန်စွာ ပြန့်နှံ့သွားသည်။
မသိနိုင်သော သက်ရောက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ထိုအဆောက်အအုံများကို မထိတွေ့ဘဲ ကြားလပ်များအတိုင်းသာ အဝေးသို့ ဖြန့်ကြက်လိုက်သည်။
ရုတ်တရက် လင်ချွမ်၏ မျက်ခွံများ တွန့်သွားပြီး အန္တရာယ်အငွေ့အသက်ကို နှလုံးသားထဲတွင် ပြင်းထန်စွာ ခံစားလိုက်ရ၏။
တွန့်ဆုတ်မနေဘဲ သူသည် ဝိညာဉ်စွမ်းအား အစိတ်အပိုင်းကို ချက်ချင်း ဖြတ်တောက်လိုက်ပြီး လင်ယန်ရွှယ်ကို ဆွဲကာ ဘေးသို့ အမြန်ရှောင်လိုက်သည်။
ခဏချင်းတွင်ပင် အထက်မှ တောက်ပသော အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူတို့ရပ်နေခဲ့သော နေရာကို တည့်တည့်မတ်မတ် ထိုးဖောက်သွားသည်။
အကယ်၍ သူတို့သာ အမြန်မရှောင်နိုင်ခဲ့ပါက အခုအချိန်တွင် နှစ်ယောက်လုံး အထိုးခံလိုက်ရပြီ။
သို့သော် ထိုအလင်းတန်းသည် ပစ်မှတ်ကို ထိမှန်ပြီးနောက် ရပ်မသွားဘဲ ထောင့်တစ်ခုသို့ ကွေ့ကာ သူတို့နှစ်ဦးထံသို့ ထပ်မံ ဦးတည်လာပြန်သည်။
ဒါကို မြင်လိုက်ရသောအခါ လင်ချွမ်၏ ဦးရေပြားမှာ အနည်းငယ် ထုံကျင်သွား၏။
သူသည် ယခုအခါ သိုင်းနတ်ဘုရား တစ်ယောက်၏ ခွန်အားရှိပြီး လျှပ်စီးပတ်ခြင်းကို ခံထားရသဖြင့် ခန္ဓာကိုယ်မှာ အလွန် ခံနိုင်ရည်ရှိသော်လည်း၊ ဤအရာနှင့် ထိမှန်ပါက သူ၏ ခန္ဓာကိုယ်မှာ ခဏလေးပင် တားဆီးနိုင်ခြင်းမရှိဘဲ ချက်ချင်း အပေါက်ဖောက်ခံရမည်ကို သူ အလိုလို သိနေသည်။
သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို အသုံးပြုလျှင်ပင် အချည်းနှီး ဖြစ်ပေလိမ့်မည်။
ထိုအတွေးဝင်လာသည်နှင့် လင်ချွမ်သည် မဆိုင်းမတွတော့ဘဲ လင်ယန်ရွှယ်၏ လက်ကောက်ဝတ်ကို ဆွဲမည့်အစား သူမကို ပွေ့ချီကာ လေထဲတွင် လျင်မြန်စွာ ပျံသန်းရှောင်တိမ်းတော့၏။
ခြေရာလက်ရာမကျန် လျှပ်စီးကဲ့သို့ မြန်ဆန်လှသော မဟာကောင်းကင်ဘုံ မသေမျိုး ကျင့်စဉ်ကို အစွမ်းကုန် အသုံးပြုလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး အရှိန်အဟုန်ကို မြှင့်တင်ပေးလိုက်၏။
လင်ယန်ရွှယ်သည် လင်ချွမ်ကို ဤမျှအထိ သတိကြီးစွာ ထားစေသည့်အရာမျိုးကို တစ်ခါမျှ မမြင်ဖူးချေ။
ထိုခဏ၌ သူမသည်လည်း ပြဿနာ၏ စိုးရိမ်ဖွယ်ရာကို သဘောပေါက်သွားသည်။
သူမသည် လင်ချွမ်၏ လည်ပင်းကို ဖက်ထားပြီး သူမ၏ အတွင်းအားများကို လင်ချွမ်အား ကူညီရန် ကြိုးစားလိုက်သည်။
သို့သော် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
ဤဟင်းလင်းပြင်ထဲတွင် ပြင်ပစွမ်းအားများကို အသုံးချ၍ မရသကဲ့သို့ ဖြစ်နေ၏။
မျက်မှောင်ကြုတ်လျက် လင်ယန်ရွှယ်သည် လင်ချွမ်၏ ခြေထောက်အောက်မှ လေလှိုင်းများကို ခံစားမိပြီး ပြဿနာ၏ အနှစ်သာရကို နားလည်သွားသည်။
၎င်းမှာ ဤနေရာရှိ စွမ်းအားများကို အသုံးချ၍ မရခြင်း မဟုတ်ဘဲ သူတို့၏ စွမ်းအားမှာ အလွန်အားနည်းလွန်းနေခြင်းကြောင့်သာ။
လင်ယန်ရွှယ်သည် သက်ပြင်းချလိုက်ပြီး အတွင်းအား ကျင့်စဉ်ကို တိတ်တဆိတ် ပြောင်းလဲလိုက်သည်။
ချက်ချင်းဆိုသလိုပင် ထူးဆန်းသော စွမ်းအားများသည် သူတို့နှစ်ဦးကို ဝန်းရံသွားပြီး လင်ချွမ်ကို အားဖြည့်ပေးလိုက်သည်။
ဤတိုးမြှင့်မှုမှာ အလွန်သေးငယ်သော်လည်း အကျပ်အတည်းအချိန်တွင် အကျိုးသက်ရောက်မှု ရှိပေသည်။
လင်ချွမ်ပင်လျှင် အနည်းငယ် စိတ်သက်သာရာ ရသွား၏။
လင်ချွမ်သည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ မူလစွမ်းအားကို ထုတ်ဖော်လိုက်ပြီး အရှိန်ကို အဆမတန် မြှင့်လိုက်သည်။
သူသည် လျှပ်စီးကဲ့သို့ လှည့်ထွက်ကာ အလင်းတန်းကို ခါချလိုက်ပြီး အဝေးသို့ တည့်တည့် ပြေးထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ မီတာ တစ်ထောင်ခန့် အကွာအဝေးကို ဖြတ်ကျော်လာခဲ့၏။
သူသည် သူ၏ အတွင်းအားကို လေဓားမြောက်မြားစွာအဖြစ် ပြောင်းလဲကာ အနီးနားရှိ အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်လိုက်သည်။
ယခုအချိန်တွင် မသိနိုင်သော အန္တရာယ်များကို စိုးရိမ်နေမည့်အစား ရှေ့မှောက်ရှိ စိန်ခေါ်မှုများကို ကျော်လွှားရန်သာ အာရုံစိုက်ရမည်။
အကယ်၍ သူတို့သည် ရေကို နောက်ကျုအောင် လုပ်နိုင်လျှင် သူတို့၏ အခြေအနေမှာ ပိုမို ဘေးကင်းလာနိုင်သည်။
လေဓားများသည် အလင်းတန်းဖြင့် ဖွဲ့စည်းထားသော တိုင်များကို ထိမှန်သွားသည်။
ခဏချင်းတွင်ပင် ထိုအဆောက်အအုံများသည် တို့ဖူးကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပြတ်တောက်ကာ ပြိုကျသွားတော့၏။
"..."
ဒါကို မြင်လိုက်ရသောအခါ လင်ချွမ်သည် နှုတ်ခမ်းများ တွန့်သွားပြီး ဆက်လုပ်ရမလား မလုပ်ရဘူးလား ဝေခွဲမရ ဖြစ်သွားသည်။
သူ တွန့်ဆုတ်နေစဉ်မှာပင် အဝေးတစ်နေရာမှ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာ၏။
၎င်းတုန်ခါမှုမှာ အလွန်သေးငယ်သော်လည်း လင်ချွမ်ကို ချက်ချင်း နိုးကြားသွားစေသည်။
သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးသွားတော့သည်။
လမ်းတစ်လျှောက်တွင် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ ရှေ့ရှိ အတားအဆီးများကို ဖျက်ဆီးပစ်လိုက်သည်။
ကွေ့ပတ်သွားနေစရာ မလိုတော့သဖြင့် အရှိန်မှာ ပိုမိုမြန်ဆန်လာခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်ချွမ်သည် ထူးဆန်းသော တုန်ခါမှု ဖြစ်ပေါ်ရာ နေရာသို့ ရောက်ရှိသွားသည်။
သူသည် သူ၏ လက်ဖဝါးကို ထိုနေရာတွင် တင်လိုက်ပြီး ဘယ်ဘက်သို့ အားဖြင့် လိမ်ချိုးလိုက်သည်။
ချက်ချင်းဆိုသလိုပင် လင်ချွမ်၏ မျက်နှာမှာ နီမြန်းသွားပြီး နဖူးတွင် အကြောများ ထောင်ထွက်လာသည်။
လက်မောင်းကြွက်သားများမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ခါနေ၏။
ထိုခဏ၌ နက်မှောင်သော အက်ကွဲကြောင်းကြီးတစ်ခု ဟင်းလင်းပြင်တွင် ပေါ်လာသည်။
သို့သော် ထိုအက်ကွဲကြောင်း၏ နောက်ကွယ်တွင် ရှိနေသည်မှာ နက်ရှိုင်းသော ဟင်းလင်းပြင် မဟုတ်ဘဲ ပြင်ပကမ္ဘာသာ။
လင်ချွမ်သည် လင်ယန်ရွှယ်ကို ဆွဲကာ အတွင်းသို့ ခုန်ဝင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မျက်စိရှေ့ရှိ ကမ္ဘာကြီးမှာ မှောင်မိုက်သွားပြီး မူးနောက်သွားတော့သည်။
အမြင်များ ပြန်လည် ကြည်လင်လာသောအခါတွင်မူ သူတို့နှစ်ဦးမှာ အတားအဆီး၏ နောက်ကွယ် (ပြင်ပလောက) သို့ ရောက်ရှိနေပြီ။
အခန်း ၃၅၆- သတ္တုတွင်း
လှည့်ကြည့်လိုက်သောအခါ ပင်လယ်ပြင်သည် တည်ငြိမ်မနေတော့သည်ကို လင်ချွမ် မြင်လိုက်ရသည်။
ကြီးမားသော လှိုင်းလုံးကြီးများမှာ အကြိမ်ကြိမ် အရှိန်အဟုန်ဖြင့် တက်လာပြီး ခရီးသည်တင် သင်္ဘောများပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်နေ၏။
ကောင်းကင်ယံထက်တွင် လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ လိပ်တက်လာသည်။
နတ်ဘုရားများ အမျက်ထွက်၍ ဘေးအန္တရာယ်တစ်ခုကို စေလွှတ်တော့မည့်အလား မည်းမှောင်ထူထပ်သော တိမ်တိုက်များသည် ထိုဧရိယာတွင် စုရုံးနေကြပြီ။
မီတာတစ်ရာခန့်အကွာတွင် ကြိုးစားအားထုတ်နေကြသော ပညာရှင်အများအပြား၏ ပုံရိပ်များကို မြင်တွေ့ရသည်။
ထိုအချိန်တွင် သူတို့အားလုံးမှာ တောင့်တင်းသွားကြပြီး အကာအကွယ်အတားအဆီးထဲသို့ ဝင်ရောက်သွားသော လင်ချွမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
ထိုလူစုမှာ အကာအကွယ်ကို ရိုက်ချရန် ကြိုးစားသော်လည်း ၎င်းမှာ ရှိမြဲအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
သူတို့သာ တစ်ဖက်တွင် အထီးကျန်စွာ ကျန်ရစ်ခဲ့ပုံရ၏။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် အံ့အားသင့်ကာ အသက်ရှူသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးထံမှ ထိတ်လန့်တုန်လှုပ်မှုနှင့် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဟာ... ဘယ်လိုဖြစ်တာလဲ၊ အဲဒီကောင်က အထဲကို ဘယ်လိုဝင်သွားတာလဲ"
"ဘယ်သူဖြစ်မလဲ သိကြလား၊ သူက ဘယ်မိသားစုက ပညာရှင်လဲ"
"အကြီးအကဲ...အကြီးအကဲခင်ဗျာ...ကျွန်တော့်ကို ကူညီပါဦးဗျာ"
"နောင်မှာ ကျွန်တော် ကျေးဇူးဆပ်ပါ့မယ်"
"..."
ခြိမ်းခြောက်သံများ၊ ကျိန်ဆဲသံများနှင့် တောင်းပန်တိုးလျှိုးသံများမှာ လေထုထဲတွင် ပျံ့နှံ့သွားသည်။
လင်ချွမ်သည် မိမိ၏ အခြေအနေကို သိရှိသွားပြီး နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွား၏။
ထိုအခိုက် သူသည် လေထဲတွင် လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်နှစ်ခုမှာ ဝေဝါးသွားသည်။
ထို့နောက် အချိန်မဖြုန်းတော့ဘဲ လေထဲတွင် ခြေလှမ်းကို ပြင်းထန်စွာ နင်းလိုက်ပြီး ကျွန်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
သိုင်းနတ်ဘုရားတစ်ဦးအတွက် တစ်ကီလိုမီတာ အကွာအဝေးဆိုသည်မှာ ခဏတာမျှသာ။
မျက်တောင်အနည်းငယ် ခတ်လိုက်ချိန်အတွင်းမှာပင် လင်ချွမ်သည် ဝူယွင်ကျွန်း၏ အစွန်းသို့ ရောက်ရှိသွားပြီ။
လင်ယန်ရွှယ်ကို အောက်သို့ ချပေးပြီးနောက် နှစ်ဦးသား အထဲသို့ တရားဝင် ခြေချလိုက်ကြသည်။
သူတို့၏ခြေထောက်များ မြေပြင်ပေါ်သို့ ထိလိုက်သည်နှင့် စွမ်းအင်များ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး လန်းဆန်းမှုကို ရရှိကြသည်။
ကျွန်းတစ်ခုလုံးမှာ အလွန်ကြွယ်ဝသော ဝိညာဉ်
စွမ်းအင်များဖြင့် ပြည့်နှက်နေရာ အသက်အနည်းငယ် ရှူလိုက်ရုံဖြင့် နှစ်ဦးသား နေထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိလာ၏။
စက္ကန့်အနည်းငယ်ခန့် ငေးမောမိပြီးနောက် လင်ချွမ်သည် မိမိကိုယ်ကိုယ် သတိပြန်ဝင်အောင် လုပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
လင်ချွမ်သည် ဝူယွင်ကျွန်းအကြောင်းကို အနည်းငယ်သာ သိထားခြင်း။
နယ်မြေကူးပြောင်း အစီအရင် စီရင်ထုံးများအတွက် စွမ်းအင်အဖြစ် အသုံးပြုနိုင်သည့် အထူးပုံဆောင်ခဲများ ရှိသည်ဆိုသည်မှအပ အခြားဘာမျှ မသိချေ။
ဤသတ္တုကြော၏ တိကျသော တည်နေရာ၊ မည်သို့ရယူရမည်နှင့် မည်သို့တူးဖော်ရမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လင်ချွမ်ကိုယ်တိုင်လည်း ဤအချက်အတွက် ကူကယ်ရာမဲ့သလို ခံစားရသည်။
မူလက သူသည် တရားဝင်လမ်းကြောင်းမှတစ်ဆင့် ကိုယ်ခံပညာပြိုင်ပွဲတွင် ပါဝင်ရန် စီစဉ်ထားခြင်း။
ဤနည်းဖြင့်သာ အရင်းအမြစ် ခွဲဝေမှုအပေါ် ထိန်းချုပ်ခွင့် ရရှိမည်။
သို့သော် အခြေအနေများမှာ လျင်မြန်စွာ ပြောင်းလဲသွားသဖြင့် သူကိုယ်တိုင်ပင် တုံ့ပြန်ရန် ခက်ခဲခဲ့သည်။
သူတို့အနေဖြင့် အခွင့်အလမ်းများကြားတွင် ရေစီးကြောင်းအတိုင်း လိုက်ပါရင်း ကျွန်းစုထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကိုသာ အရယူခဲ့ကြသည်။
ကံကောင်းသည်မှာ ပါးနပ်သော လင်ယန်ရွှယ်သည် သူ၏ဘေးတွင် ရှိနေခြင်းပင်။
လင်ချွမ်၏ အကြည့်ကို လင်ယန်ရွှယ် သတိပြုမိသည်နှင့် သူမ ချက်ချင်းပင် နားလည်သွားသည်။
ခဏတာ စဉ်းစားပြီးနောက် သူမသည် ကောင်းကင်ယံသို့ ညွှန်ပြလိုက်ပြီး နှစ်ဦးသား လေထဲသို့ ပျံတက်ကာ ရပ်ကြည့်လိုက်ကြ၏။
အပေါ်စီးမှ ကြည့်လိုက်သောအခါ ကျွန်းသည် ပြင်ပကမ္ဘာနှင့် မခြားနားလှပေ။
သစ်ပင်များမှာ စိမ်းလန်းစိုပြည်နေပြီး ငှက်များနှင့် တိရစ္ဆာန်အချို့ ရှင်သန်နေကြသည်။
သို့သော် မကြာမီမှာပင် ထူးခြားချက်ကို သူတို့ တွေ့ရှိခဲ့ကြသည်။
ကျွန်းအစွန်းရှိ အချို့သော နေရာများတွင် လူတို့ လုပ်ဆောင်ထားသော လက္ခဏာများ ထင်ရှားစွာ တွေ့ရ၏။
ကျွန်း၏ အလယ်တည့်တည့်တွင် ကြီးမားသော နန်းတော်ကဲ့သို့ အဆောက်အအုံတစ်ခု တည်ရှိသည်။
ထိုနေရာမှာ အကြိမ်တိုင်းတွင် ကိုယ်ခံပညာပြိုင်ပွဲ ကျင်းပရာနေရာ ဖြစ်မည်မှာ သေချာသလောက်ပင်။
ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင်မူ ထိုနေရာသည် ပစ်မှတ်မဟုတ်ပေ။
သူ၏အကြည့်မှာ ထိုနေရာတွင် ခဏတာ တန့်သွားပြီးနောက် လျင်မြန်စွာပင် ပြန်လွှဲလိုက်သည်။
သူ၏ ဝိညာဉ်အင်အားကို တိတ်တဆိတ် ဖြန့်ကြက်လိုက်ပြီးနောက် လင်ချွမ်သည် ထူးခြားသော သတ္တုတွင်းတွင်းတစ်ခုကို လျင်မြန်စွာ တွေ့ရှိခဲ့လေ၏။
နှစ်ဦးသား လျင်မြန်စွာ ရောက်ရှိသွားကြသည်။
အဝေးမှကြည့်လျှင် သာမန် သတ္တုတွင်းတစ်ခုထက် မပိုပေ။
သတ္တုများ ရှိနိုင်သည်ဆိုသည့် အချက်မှလွဲ၍ ထူးခြားချက်မရှိပါ။
သို့သော် ထိုနေရာသို့ ချဉ်းကပ်သွားသောအခါ နှစ်ဦးသားမှာ ထူးခြားမှုကို ချက်ချင်း သတိပြုမိကြသည်။
ဤနေရာတွင်၊ တွင်းဝ၏ မြေပြင်အနားသတ်တွင် ပုံဆောင်ခဲများနှင့် တူသော သတ္တုရိုင်းအချို့မှာ လေဟာနယ်ထဲမှ ပေါက်ထွက်လာသကဲ့သို့ ရှိနေသည်။
၎င်းတို့မှာ ပုံဆောင်ခဲတိုင်များကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး မြေပြင်ပေါ်တွင် စုပုံနေကြ၏။
၎င်းတို့ကို လူများက မမြင်ဘဲ ကျန်ခဲ့သည်ဟု ဆိုရမည့်အစား ပေါက်ထွက်လာသည်ဟု ယူဆရခြင်းမှာ မြေပြင်နှင့် သတ္တုတွင်းထဲရှိ သဘာဝ အမှတ်အသားများကြောင့် ဖြစ်သည်။
ဤလက္ခဏာများကို ကြည့်ခြင်းအားဖြင့် ဤသတ္တုတွင်းကို လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ဖော်ထုတ်ခဲ့ခြင်း။
အတွင်းပိုင်းတွင် မီတာဆယ်ဂဏန်းအထိ နက်အောင် တူးထားသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သတ္တုတွင်း၏ မျက်နှာပြင်နှင့် လိုဏ်ခေါင်းများအတွင်း ပုံဆောင်ခဲများ အမြောက်အမြား ရှိနေသေးခြင်းမှာ မဖြစ်နိုင်သောအရာပင်။
လင်ချွမ်ကို မဆိုထားနှင့်၊ ကလေးတစ်ယောက်ပင် ဤပြဿနာကို သတိပြုမိနိုင်သည်။
သူသည် မေးစေ့ကို ပွတ်သပ်ရင်း အကြောင်းရင်းကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည်။
သူ၏ ထင်မြင်ချက် မှန်ကန်ပါက ဤပုံဆောင်ခဲများ ပြန်လည် ထွက်ပေါ်လာခြင်းမှာ ထူးခြားသော မြေမျက်နှာသွင်ပြင်ကြောင့် ဖြစ်ရမည်။
ဝိညာဉ်စွမ်းအင်များ အလွန်အမင်း စုစည်းလာသောအခါ ၎င်းတို့သည် ခဲသွားတတ်သည်။
ဓာတ်ငွေ့ကို ဖိသိပ်လိုက်သောအခါ အရည်ဖြစ်သွားသကဲ့သို့ပင်၊ ဤဝိညာဉ်စွမ်းအင်များသည် အထူးစုစည်းမှုဖြစ်စဉ်ကို ဖြတ်သန်းပြီးနောက် အခဲပုံဆောင်ခဲများအဖြစ် ပြောင်းလဲသွားခြင်း။
ထို့အပြင် မြေပြင်၏ ထူးခြားသော သတ္တုကြောများကြောင့် ဤနေရာတွင် ပေါက်ဖွားနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤကျွန်းတွင် ၁၈၀ နှစ် (သို့မဟုတ်) ၂၀၀နှစ် တစ်ကြိမ်ဟူသော ကန့်သတ်ချက် ရှိနေခြင်းမှာ ဤပုံဆောင်ခဲများ စုစည်းရန်နှင့် ပွားများရန် အချိန်ပေးခြင်းကြောင့် ဖြစ်နိုင်သည်။
ဤအချိန်ကာလ ကုန်ဆုံးသွားမှသာ ပုံဆောင်ခဲ ပမာဏမှာ ဤနယ်မြေကို ဖန်တီးသူ၏ လိုအပ်ချက်ကို ပြည့်မီနိုင်မည်။
ထိုအတွေးဝင်လာသည်နှင့် နှစ်ဦးသား ချက်ချင်းပင် ပုံဆောင်ခဲများကို စတင်သိမ်းကျုံးယူကြတော့သည်။
သူတို့သည် သတ္တုရိုင်းများကို လျင်မြန်စွာ ဖယ်ရှားလိုက်ကြသည်။
ထို့အပြင် သတ္တုတွင်း အောက်ခြေမှ ထူးခြားသော အဝါရောင် ပုတီးစေ့တစ်ခုကိုလည်း ရယူနိုင်ခဲ့သည်။
ဤအရာမှာ ဘာအတွက်လဲဆိုသည်ကို မသိရသေးမီမှာပင် အဝေးမှ လေဟာနယ်မှာ ပြင်းထန်စွာ တုန်ခါလာသည်။
အားကောင်းသော အရှိန်အဝါတစ်ခုမှာ ဤနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
ထိုအရှိန်အဝါ၏ ပြင်းထန်မှုကို ကြည့်ခြင်းအားဖြင့် ပြိုင်ဘက်မှာ သိုင်းဘုရင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
လင်ချွမ်နှင့် အခြားတစ်ဦး၏ ခန့်မှန်းချက်ကို ထင်ဟပ်စေသည့်အလား ကျွန်း၏အစွန်းတွင် နောက်ထပ် အရှိန်အဝါများစွာ ပေါ်လာပြီး လမ်းကြောင်းအသီးသီးသို့ ပြေးထွက်သွားကြသည်။
သူတို့၏ ဦးတည်ရာမှာ အလွန်ပင် ရည်ရွယ်ချက် ရှိလှ၏။
လင်ယန်ရွှယ်ကို ထားပါဦး၊ လင်ချွမ်ပင် သူတို့၏ အတွေးကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။
သူတို့သည် သူတို့သိထားသည့် သတ္တုတွင်းတည်နေရာများသို့ ဦးတည်နေကြခြင်း။
အတွေးများမှာ မျက်တောင်တစ်ခတ်အတွင်း ဖြတ်သန်းသွားသည်။
ဤအရာများကို စဉ်းစားနေစဉ်မှာပင် လင်ချွမ်နှင့် သူ၏အဖော်မှာ အရှိန်မလျှော့ဘဲ အဝေးသို့ ဆက်လက် ခရီးနှင်ကြသည်။
ထိုစဉ် သတ္တုတွင်းထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
လှည့်ကြည့်လိုက်သောအခါ လင်ချွမ်မှာ အကြောင်းပြချက်မရှိဘဲ အပြစ်ရှိသလို ခံစားလိုက်ရ၏။
သူနှင့် လင်ယန်ရွှယ်တို့သည် အကြည့်ချင်းဆုံသွားကာ တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။
ထိုအချိန်မှာပင် ထူးဆန်းသော လှိုင်းတစ်ခုသည် လေထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် ထိုနှစ်ဦးကို မှီသွားသည်။
လင်ချွမ်သည် လက်ကို ခါလိုက်ရာ လေဟာနယ်မှာ လိမ်ဖည်သွားပြီး ထိုလှိုင်းကို ပျောက်ကွယ်သွားစေ၏။
သို့သော် ဤအတက်အကျ ပျောက်ကွယ်သွားခြင်းသည် ထိုနေရာသို့ ရောက်ရှိလာသူ၏ အာရုံကို ဖမ်းစားသွားသည်။
ခဏချင်းမှာပင် ပြင်းထန်သော အရှိန်အဝါတစ်ခုသည် လင်ချွမ်နှင့် သူ၏အဖော်နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါလာသည်။
ဤအချိန်တွင် အခြားနေရာအသီးသီးရှိ အစွမ်းထက် ကျင့်ကြံသူများ၏ အရှိန်အဝါများသည်လည်း သက်ဆိုင်ရာ ပြဿနာကို သတိပြုမိသွားပုံရသည်။
အတားအဆီးမှာ လုံးဝ မကျိုးသေးသဖြင့် ဤနေရာသို့ ဝင်ရောက်နိုင်သူများမှာ အခြေခံအားဖြင့် သိုင်းဘုရင်အဆင့်များသာ ဖြစ်သည်။
အထူးစွမ်းအားရှိသော ရတနာများနှင့် နည်းစနစ်များကို အသုံးပြုနိုင်သည့် ထိပ်တန်းပညာရှင် အနည်းငယ်လည်း ဝင်ရောက်နိုင်ကြသည်။
သို့သော် အခြေခံအားဖြင့် သူတို့အားလုံးမှာ အိမ်နီးချင်းနိုင်ငံများမှ မိသားစု အကြီးအကဲများသာ ဖြစ်ကြခြင်း။
သူတို့သည် နှစ်ပေါင်းများစွာ ပွင့်လင်းစွာရော၊ တိတ်တဆိတ်ပါ တိုက်ခိုက်လာခဲ့ကြသူများဖြစ်ရာ တစ်ဦးအကြောင်းတစ်ဦး ကောင်းကောင်း သိကြသည်။
မင်မိသားစုမှ အဘိုးကြီး ဤမျှ ဒေါသထွက်နေသည်ဆိုခြင်းမှာ တစ်စုံတစ်ယောက်က သဘောတူညီချက်ကို ကြိုတင်ဖြတ်တောက်လိုက်ခြင်းကြောင့် ဖြစ်ရမည်။
နိဂုံးချုပ်ရလျှင် အစောပိုင်းက ဝင်သွားသည့် လူနှစ်ယောက်ပင် ဖြစ်ရမည်။
သူတို့သည် သိုင်းနတ်ဘုရားအစောပိုင်းအဆင့် အစွမ်းဖြင့် ဝင်ရောက်နိုင်သည်ဆိုကတည်းက သူတို့တွင် ရတနာများ ရှိရမည်။
ဤမျှကြာအောင် ရှိနေခဲ့သည်ဆိုလျှင် ရရှိထားသည်များမှာလည်း မနည်းလှပေ။
ချက်ချင်းပင် အစွမ်းထက်သော အင်အားစုများစွာမှာ စတင် လှုပ်ရှားလာကြတော့သည်။