တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသော ထိပ်တန်းပညာရှင်များ
Vol. 37 Ch. 386
တာအိုသခင် သူ့ဓားပိုင်နက်ကိုထုတ်လွှတ်လိုက်သောကြောင့် ချင်းယွင်ကျိ မျက်မှောင်အနည်းငယ်ကြုံ့သွားခဲ့သည်။
ထို့နောက် သူ့လက်နှစ်ဖက်ကိုမြှောက်လိုက်ရာ မရေတွက်နိုင်သော ရေတိုင်လုံးများ ပင်လယ်ထဲမှ ထိုးတက်လာခဲ့ကြ၏။
ရုတ်ချည်းဆိုသလိုပင် ရေတိုင်များသည် တာအိုဓားများအဖြစ်ပြောင်းလဲသွားခဲ့ကြသည်။
သူ့ထိန်းချုပ်မှုအောက်တွင် ထိုဓားများသည် ဓား၀င်္ကပါတစ်ခုအဖြစ် ဖွဲ့တည်လာခဲ့ပြီးနောက် ထိုဓား၀င်္ကပါကမှ အဆုံးမဲ့သော ဓားရောင်များထွက်ပေါ်လာခဲ့ပြီး တာအိုသခင်၏ ဓားပိုင်နက်ကို ခုခံနေခဲ့၏။
ပိုင်နက်ထဲတွင် တာအိုသခင်၏တိုက်ခိုက်နိုင်သောနယ်မြေက မီတာဒါဇင်အနည်းငယ်မှ မီတာရာနှင့်ချီပြီး ကျယ်ပြန့်လာခဲ့သည်။
သူ့သန့်စင်သော ဓားတာအိုစွမ်းအားသည် လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ပိုင်းဖြတ်ပစ်နေခဲ့၏။
“မင်းတာအိုဘယ်မှာလဲ မင်းပိုင်နက်ရော” တာအိုသခင် အေးအေးဆေးဆေးမေးလိုက်သည်။
“ငါကျင့်ကြံခဲ့တဲ့အချိန်က မင်းသက်တမ်းထက်တောင်များသေးတယ် မင်းက ငါ့ကိုတာအိုမသုံးဘဲ အနိုင်ယူနိုင်မယ် ထင်နေတာလား”
ချင်းယွင်ကျိ မတုန့်ပြန်ခဲ့ပေ။
သူရှေ့သို့ဆက်လှမ်းလာခဲ့ပြီး သူလှမ်းလာသည်နှင့် ပင်လယ်ပြင်မှ လှိုင်းလုံးကြီးများတက်လာပြီး တစ်ဖက်လူဆီ ပြေး၀င်သွားနေခဲ့၏။
သို့သော် တာအိုသခင်ပြောသလိုပင်။ တာအိုကိုအသုံးမပြုလျှင် သူသူတော်စင်သခင်ကို ဘယ်လိုမှ အနိုင်ရမည် မဟုတ်ပေ။
ပိုအရေးကြီးသောအချက်မှာ တာအိုသခင်သည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယိအဆင့်ဖြစိနေခြင်းဖြစ်ပြီး သူ့ကျင့်ကြံခြင်းကပင် ချင်းယွင်ကျိထက် မြင့်နေခဲ့သည်။
ချင်းယွင်ကျိကတော့ ထိုကိစ္စကို စိတ်၀င်စားပုံမပေါ်ပေ။
သူလက်တစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် သဘာ၀နိယာမများအားလုံးက သူ့ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ရ၏။
ထိုအရာက မူလအရောရွှေအမြုတေ၏ ကြောက်စရာကောင်းသောစွမ်းအား ဖြစ်ပေသည်။
ဓားတာအို ၀င်္ကပါတာအို ကဗ္ဗည်းတာအို သူသည် ထိုတာအိုများအားလုံးကို စိတ်ရှိသလို ပြောင်းလဲအသုံးပြုနိုင်၏။
သို့သော် ထိုတာအိုများအားလုံးသည် တစ်ခုမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်မရောက်သေးသောကြောင့် တာအိုသခင်၏ ဓားဆန္ဒကို ယှဉ်နိုင်မည် မဟုတ်ပေ။
“အပေါစားလှည့်ကွက်တွေ” တာအိုသခင် အေးစက်စက်ပြောလိုက်သည်။
ထို့နောက် သူ့ပိုင်နက်က ပိုမိုကျယ်ပြန့်လာခဲ့ပြီး ပိုင်နက်ထဲတွင် ဖျက်ဆီးခြင်းဆန္ဒကိုသယ်ဆောင်ထားသော ဓားများဖြင့် ပြည့်နှက်လာခဲ့၏။
ထိုဓားများက ချင်းယွင်ကျိဆီပြေး၀င်သွားခဲ့လေသည်။
“ဒါဆို အပေါစားလှည့်ကွက်လေးတွေပဲ ဆက်သုံးခွင့်ပြုပါ”
ချင်းယွင်ကျိပြောလိုက်ပြီးနောက် ပင်လယ်ရေက တစ်ဖန်မြင့်တက်လာခဲ့ပြီး လေထဲတွင် ရေခဲအဖြစ်ပြောင်းလဲသွားခဲ့၏။
ထို့နောက် ရေခဲများက လူအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားခဲ့ကြသည်။
ဤသို့ဖြင့် ထောင်နှင့်ချီသောရေခဲစစ်သားများက သူတို့ပစ်မှတ်ဆီဦးတည်ပြီး ပြေး၀င်သွားခဲ့ကြ၏။
ကျန်းယန် မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။
ထိုအကွက်က သူလန်ချင်းဖုန်းကိုတိုက်ခိုက်ရာ၌သုံးခဲ့သော ကောင်းကင်ပျံအမတ အကွက်ဆိုတာ သေချာသော်လည်း သူ့ဆရာအသုံးပြုနေပုံက လုံး၀ မတူညီသော အဆင့်တွင် ရှိနေခဲ့၏။
ကျန်းယန်က ရေခဲစစ်သည် အနည်းငယ်သာဖန်တီးနိုင်သော်လည်း သူ့ဆရာကတော့ စစ်တပ်တစ်ခုလုံးစာ ဖန်တီးနိုင်ပေသည်။
ရေခဲစစ်သားများက ဓားဆန္ဒများ၏ဖျက်ဆီးခြင်းကို အဆက်မပြတ်ခံနေရသော်လည်း သူတို့ကိုဖျက်ဆီးရခြင်းကြောင့် ဓားဆန္ဒများလည်း ကုန်ခမ်းလာခဲ့၏။
ပင်လယ်ေရသည် အကန့်အသတ်မရှိသောကြောင့် ချင်းယွင်ကျိတွင် စိတ်ဝိညာဉ်စွမ်းအင်ရှိနေသေးသ၍ ထိုရေခဲရုပ်များကို ပြန်အသက်သွင်းနိုင်ပေသည်။ ထို့ကြောင့် တိုက်ပွဲက ချင်းယွင်ကျိဘက်အလေးသာလာခဲ့၏။
“တော်လောက်ပြီ”
တာအိုသခင်၏အမူအရာ အေးစက်သွားခဲ့လေသည်။
သူချက်ချင်းဓားပျံများကို ပြန်သိမ်းလိုက်ပြီး သူ့ဓားပိုင်နက်များကို ရုတ်လိုက်၏။
ထို့နောက် လူတိုင်း ကောင်းကင်နှင့်မြေပြင်ကြားတွင် ကြောက်မက်ဖွယ်ဧရာမဓားကြီးတစ်စင်း ပေါ်ထွက်လာသည်ကို ခံစားမိလိုက်ကြသည်။
ထိုအရာက သူ့ဓားတာအိုအစစ်ဖြစ်ပြီး ကမ္ဘာကြီးကိုယ်တိုင်က အသိအမှတ်ပြုထားသော တာအိုလည်း ဖြစ်၏။
ထိုဓားကြီးပေါ်လာသည်နှင့် ချင်းယွင်ကျိ လေးနက်သွားခဲ့ပြီး ဂူဒူအာတို့လည်း မျက်နှာထား တင်းသွားခဲ့ကြသည်။
“ဒါဆို ငါတို့၀င်တော့မယ်” ဂူဒူအာ ပြောလိုက်၏။
သူချင်းယွင်ကျိ၏ အကန့်အသတ်ကိုနားလည်ပြီး အခုက တာအိုသခင်သည် ရှိသမျှအားလုံးထုတ်သုံးတော့မည့် ပုံပင်။
သူလှုပ်ရှားရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်သည်။
ချင်းယွင်ကျိ ခေါင်းကိုခါယမ်းလိုက်၏။ သူ့မာနက သူ့ကိုနောက်ဆုတ်ခွင့် မပေးခဲ့ပေ။
အကယ်၍ သူ့စွမ်းအားအကုန်သုံးလို့မရဘူးဆိုလျှင်တောင် လျှို့ဝှက်ချက်မပေါ်ရုံတော့ သုံးလို့ရနေသေးသည်။
သူ့အမူအရာထက်ရှသွားပြီးနောက် လွှမ်းမိုးလွန်းသော ဖိအားတစ်ခု ကမ္ဘာမြေပေါ်တွင် ပေါ်ထွက်လာခဲ့၏။
ဤအရာက သူ့မိစ္ဆာဖိနှိပ်တာအိုသာဖြစ်ပေသည်။
ထိုအရာပေါ်ပေါက်လာသည်နှင့် ကောင်းကင်အောက်က အရာအားလုံး ပိုမို လေးလံသွားခဲ့ကြ၏။
ကောင်းကင်ပေါ်က ဓားကြီးကျဆင်းလာသော အရှီန်ပင်လျှင် နှေးကွေးသွားခဲ့ရသည်။
ဂူယန့် လက်ဖဝါးထဲတွင်ရပ်နေသော ကျန်းယန်လည်း နောက်ကို နစ်၀င်လာသလို ခံစားလိုက်ရ၏။
သူသေချာကြည့်လိုက်ရာ ဂူယန်ပင် ထိုဖိအားကို မျက်မှောင်ကြုံ့၍ တောင့်ခံနေမှန်း တွေ့လိုက်ရလေသည်။
“ငါတို့ဆုတ်မယ်” ဂူဒူအာ အမိန့်ပေးလိုက်၏။
မိစ္ဆာ နှစ်ကောင် အဓိကတိုက်ပွဲမြေပြင်မှ ၁၀မိုင်အကွာသို့ ဆုတ်လိုက်ကြရသည်။
သူတို့၏ မိစ္ဆာသဘာ၀ကြောင့် ချင်းယွင်ကျိ၏ တာအိုသည် တာအိုသခင်ပေါ်ထက် သူတို့ပေါ်တွင် ပိုပြီးသက်ရောက်မှု ရှိ၏။
“ကောင်းတယ် ဒီလိုမှပေါ့” သူတော်စင်သခင် အေးစက်စက်ပြောလိုက်သည်။
ထိုအငယ်လေးများသည် နည်းနည်းလောက်ဖိအားပေးလိုက်မှ လေးစားမှုဆိုတာဘာလဲ နားလည်နိုင်သူများ ဖြစ်ကြပေသည်။
ပင်လယ်ထက်တွင် ဓားတာအိုနှင့်မိစ္ဆာဖိနှိပ်တာအိုတို့ မျက်နှာချင်းဆိုင် တိုက်မိသွားခဲ့ပြီး နှစ်ဖက်လုံးရှိ မရေတွက်သော နိယာမများ ပျက်ဆီးသွားခဲ့ရ၏။
နိယာမများပျက်ဆီးသွားသောကြောင့် အားလှိုင်းကြီးများကလည်း အပြင်သို့ ကန်ထွက်ကုန်ကြသည်။
အလယ်ဗဟိုတွင် ပင်လယ်က လျင်မြန်စွာ ကျွံ၀င်နေပြီး ကြောက်မက်ဖွယ် ဆူနာမီလှိုင်းလုံးကြီးများက အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကားသွားခဲ့ကြ၏။
လန်ကျားအထွတ်အမြတ်မြေတွင် သူတော်စင်သခင် မျက်မှောင်အနည်းငယ်ကြုံ့ကာ မြောက်ဘက်သို့ ကြည့်လိုက်လေသည်။
“မြောက်ပိုင်းမှာ ဘယ်သူတွေ တိုက်ခိုက်နေပါလိမ့်”
သေချာဂရုစိုက်အာရုံခံကြည့်သောအခါ ဓားတာအိုနှင့်မိစ္ဆာဖိနှိပ်တာအိုကို သူအာရုံခံမိသွားခဲ့၏။
“ချင်းယွင်ကျိနှင့်တာအိုသခင်….တိုက်ခိုက်နေကြတာလား”တခဏတွေးတောပြီးတောက် သူ့နတ်အာရုံကို ကုန်းမြေတိုက်တစ်ခွင် ဖြန့်လိုက်လေသည်။
“ကာကွယ်ရေးအတွက် ပြင်ဆင်ထားကြ လိုအပ်ရင် ဂိုဏ်းကာ၀င်္ကပါကိုပါဖွင့် ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်”
ထို့နောက် သူမြောက်ပိုင်းဆီ တဟုန်ထိုးထွက်ခွာသွားခဲ့၏။
နှင်းတောင်တန်းရှိ နှင်းတောင်အကြီးအကဲလည်း စိတ်ဝိညာဉ်စွမ်းအင် အတက်အကျကို အာရုံခံမိပြီး ချက်ချင်း မြောက်ပိုင်းဆီထွက်ခွာသွားခဲ့သည်။
၀မ်လင်းဂိုဏ်းရှိ ကျိုးရွှမ်ရှန်း ကျိုးကျွင်းချန်ကို ဆင့်ခေါ်ခဲ့၏။
“ချင်းယွင်ကျိနဲ့တာအိုသခင်တိုက်ခိုက်နေကြပြီ ဂိုဏ်းကို စောင့်ရှောက်ထား ငါတစ်ချက်သွားကြည့်ဦးမယ်”
သူလည်းတိုက်ပွဲနယ်မြေဆီ ထွက်ခွာလာခဲ့လေသည်။
မကြာခင်တွင် များစွာသော ပညာရှင်များတိုက်ပွဲနားရောက်လာကြပြီး တိုက်ပွဲအလယ်ကို သတိထား၍ စောင့်ကြည့်နေခဲ့ကြ၏။
သူတော်စင်သခင် ချက်ချင်းကျန်းယန်ကိုသတိပြုမိသွားခဲ့ပြီး ဂူယန်အနားတွင်ပေါ်လာခဲ့လေသည်။
“ဘာတွေဖြစ်နေတာလဲ” သူမေးလိုက်၏။
ကျန်းယန် သာမန်အတိုင်းနှုတ်ဆက်လိုက်ကာ
“စီနီယာ စီနီယာလည်းရောက်နေတာပဲ တာအိုသခင်က အကျိုးအကြောင်းမသင့်ဘူး အဲ့တာကြောင့် သူတို့တိုက်ခိုက်နေကြတာ ကျွန်တော်တို့အားလုံးအတူပူးပေါင်းပြီး သူ့ကို အမှောက်သိပ်လိုက်သင့်တယ်ထင်တယ်နော်”
သူတော်စင်သခင် ဆွံ့အသွားခဲ့သည်။
သူတို့ပညာရှင်လေးယောက်ပေါင်းလိုက်လျှင် တာအိုသခင်ကို အနိုင်ယူဖို့က ခက်တော့မည် မဟုတ်ပေ။
သို့သော် ခက်နေသည်က ချင်းယွင်ကျိ၏မိစ္ဆာဖိနှိပ်တာအိုဖြစ်ပြီး ထိုတာအိုနှင့်ဆိုလျှင် မိစ္ဆာများနှင့်အတူပူးပေါင်းတိုက်ခိုက်ဖို့ မဖြစ်နိုင်ပေ။ သူတို့နိယာမများက ဆန့်ကျင်ဘက်ဖြစ်သောကြောင့် နီးကပ်သွားသည်နှင့် အချင်းချင်း တွန်းကန်ကြပေလိမ့်မည်။
ပိုဆိုးသည်မှာ ကျိုးရွှမ်ရှန်းနှင့်နှင်းတောင်အကြီးအကဲတို့ကလည်း ဤနေရာသို့ ရောက်ရှိနေခဲ့ကြသည်။
တကယ်လို့ သူတို့သာ ၀င်ပါခဲ့လျှင် အခြေအနေများက ထိန်းမရသိမ်းမရ ဖြစ်သွားပေလိမ့်မည်။
ဂူဒူအာဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒီတိုင်းဆက်သွားနေရင် မျှော်လင့်မထားတာတစ်ခုခု ဖြစ်လာလိမ့်မယ်”
အကယ်၍ ကျိုးရွှမ်ရှန်းနှင့်နှင်းတောင်အကြီးအကဲတို့ တိုက်ပွဲထဲ၀င်လာပြီး ချင်းယွင်ကျိ၏ပိုင်နက်ကို ထုတ်လွှတ်ဖို့ဖိအားပေးလာခဲ့မည်ဆိုလျှင် သူတို့လျှို့ဝှက်ချက်များပေါ်သွားပြီး အားလုံး ဒုက္ခရောက်ကုန်ကြပေလိမ့်မည်။
ကျန်းယန်ပြတ်ပြတ်သားသားပြောလိုက်လေသည်။
“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော့်ဆရာကို ပြန်ခေါ်လာခဲ့ပေးပါ သူဆက်တိုက်ခိုက်လို့ မဖြစ်တော့ဘူး” သူကြိုးကြိုးစားစားတည်ဆောက်ထားခဲ့သော အရာများကို ကျန်းယန် အလွယ်တကူ အပျက်ဆီးမခံနိုင်ပေ။
ဂူဒူအာ ချင်းယွင်ကျိကို အသံကူးပြောင်း၍ ပြောလိုက်၏။
“တာအိုမိတ်ဆွေ ငါလက်လွှဲယူပါရစေ”
ထို့နောက် သူမိစ္ဆာအလံကို မြှောက်လိုက်ရာ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်မိစ္ဆာဖိအားတစ်ခု ထွက်ပေါ်လာခဲ့၏။
မိစ္ဆာအလံက လှံတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီးနောက်တွင်တော့ လေဟာနယ်ကိုပင် စုတ်ဖြဲပစ်ပြီး တာအိုသခင်ဆီ ပြေး၀င်သွားခဲ့လေတော့သည်။