← Chapters

တုန်လှုပ်သွားသောကမ္ဘာကြီး

Vol. 37 Ch. 377

တုန်လှုပ်သွားသောကမ္ဘာကြီး

Vol. 37 Ch. 377

၀မ်လင်းဂိုဏ်းတွင် ကျိုးရွှမ်ရှန်း ကျန်းယန်တို့ သူ့ကုန်းမြေတိုက်ကြီးကိုဖြတ်ပြီး ပြန်သွားသည်ကိုမြင်သောအခါ သူတို့ကိစ္စပြီးသွားပြီဖြစ်မှန်း သိရှိသွားခဲ့သည်။

ထို့နောက် သူတစ်ချက်လှုပ်ကာ ချက်ချင်းဆိုသလို မီရှန်ဂိုဏ်းဆီ ရောက်သွားခဲ့၏။

သူတိုက်ပွဲမြေပြင်ကိုကြည့်ကာ မိစ္ဆာများ၏ခွန်အားကို စစ်ဆေးချင်သလို နောက်ဆုံးတွင် မီရှန်ဂိုဏ်းဘာဖြစ်သွားသလဲဆိုတာကိုလည်း သိချင်နေခဲ့သည်။

နောက်ဆုံးတစ်ခေါက် သူဂူယန်နှင့်တိုက်ခိုက်ခဲ့တုန်းကတော့ တိုက်ပွဲရလဒ်က သရေသာဖြစ်ခဲ့၏။

သူမီရှန်ဂိုဏ်းဆီရောက်သောအခါ အစက မီရှန်ဂိုဏ်းတည်ရှိခဲ့သော လွင့်မျောနေသည့် ကုန်းမြေကြီးတစ်ခုလုံးက ပျောက်ဆုံးသွားတာကို သူမြင်လိုက်ရလေသည်။

မီရှန်ဂိုဏ်းပျက်ဆီးသွားရုံတင်မဟုတ်ဘဲ သူတို့တည်ရှိခဲ့သော ‌လွင့်မျောနေသည့်ကုန်းမြေတိုက်ကြီးပင် ပျက်ဆီးသွားခဲ့ရခြင်း ဖြစ်၏။

ကျိုးရွှမ်ရှန်း ထိုမြင်ကွင်းကြောင့် တိတ်ဆိတ်သွားခဲ့ရ၏။

အဇူရာတိမ်ဂိုဏ်း ရက်စက်လိုက်တဲ့ကောင်တွေ!

သူတို့သည် မီရှန်ဂိုဏ်းကို ဖျက်ဆီးရုံသာမဟုတ်ဘဲ ဂိုဏ်း

၏အုတ်မြစ်ကိုပါ ဘာမှမကျန်အောင် ရှင်းသွားခဲ့ခြင်း ဖြစ်သည်။

မကြာခင်တွင် မြင့်မြတ်ဝိညာဉ်ဂိုဏ်း ဂိုဏ်းချုပ်နှင့်ကွေ့ယွမ်ဘုရားကျောင်း ကျောင်းထိုင်တို့လည်း ရောက်ရှိလာခဲ့ကြ၏။

ကျိုးရွှမ်ရှန်း၏ အရှိန်အဝါကို အာရုံခံမိသည်နှင့် သူတို့ချက်ချင်းရောက်လာခဲ့ကြခြင်း ဖြစ်သည်။

အခြေအနေကိုမြင်သောအခါ သူတို့လည်း တိတ်ဆိတ်သွားခဲ့ကြ၏။

တခဏအကြာတွင် မြင့်မြတ်ဝိညာဉ်ဂိုဏ်းချုပ် ကျိုးရွှမ်ရှန်းကိုကြည့်၍ မေးလိုက်သည်။

“မိစ္ဆာဘယ်နှစ်ကောင်လာခဲ့တာလဲ ပြီးတော့ မီရှန်ဂိုဏ်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ပေါ်လာခဲ့တယ်မလား သူရော ဘယ်မှာလဲ”

ထိုမျှစွမ်းအားကြီးသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်က ဘာမှမလုပ်နိုင်ခဲ့ခြင်းပေလော သို့မဟုတ် ထိုသူသည် အဇူရာတိမ်ဂိုဏ်းထံ အညံ့ခံသွားခဲ့ခြင်းပေလော။

ကျိုးရွှမ်ရှန်းအသာအယာမျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

“မိစ္ဆာငါးကောင် ပြီးတော့ အဲ့ဒီကလေးကျန်းယန် သူတို့အပြင်ဘယ်သူ့ကိုမှ ငါမတွေ့ဘူး မီရှန်ဂိုဏ်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကတော့ အဲ့ဒီလူ ငါတို့ကုန်းမြေတိုက်ကြီးဘက်ကို ရောက်မလာခဲ့ဘူး”

ကွေ့ယွမ်ဘုရားကျောင်းကျောင်းထိုင်လည်း ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ကိုယ်‌ေတာ်တို့ဘက်ခြမ်းမှာလည်း သူ့အရိပ်အယောင်လုံး၀ မတွေ့ရဘူး”

“အတူတူပဲ” မြင့်မြတ်ဝိညာဉ်ဂိုဏ်း ဂိုဏ်းချုပ်လည်း လေးကန်စွာ သက်ပြင်းချကာ ပြောလိုက်၏။

“သူသေသွားတာများလား”

မဟုတ်လျှင်တော့ ကိစ္စများက အဓိပ္ပာယ်မဲ့နေပေလိမ့်မည်။

သို့သော် ထိုသူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဖြစ်နေလေရာ ဘယ်စိတ်ဝိညာဉ်စွမ်းအင်လှိုင်းမှ ပေါ်မလာဘဲ ဘယ်လိုသေသွားနိုင်ပါမည်နည်း။

ကျောင်းထိုင် ကျိုးရွှမ်ရှန်းဘက်လှည့်ကာ မေးလိုက်သည်။

“ဒကာကြီးရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်စွမ်းအားနဲ့ဆိုရင် မီရှန်ဂိုဏ်းချုပ်ကို တစ်ချက်တည်းနဲ့ သတ်နိုင်လောက်လား”

ကျိုးရွှမ်ရှန်းအမူအရာအေးစက်သွားခဲ့သည်။

“သေချာတာပေါ့ ကျုပ်သတ်နိုင်တယ်”

ထိုဘုန်းကြီးသည် သူ့ခွန်အားကိုမေးခွန်းလာထုတ်နေခြင်းပေလော။

သူဆက်ပြောလိုက်၏။

“ဒါပေါမယ့် တိုက်ပွဲအရိပ်အယောင်တော့ ပေါ်လာလိမ့်မယ်”

မဟာဝာာအိုနှစ်ခု ထိပ်တိုက်တွေ့ခြင်းကို ဘယ်လိုနည်းနဲ့မှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

မြင့်မြတ်ဝိညာဉ်ဂိုဏ်းချုပ် ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ မိစ္ဆာတွေက ကျုပ်တို့ထင်ထားတာထက် အများကြီး ပိုကြောက်ဖို့ကောင်းနေပြီ”

ကျောင်းထိုင်ကတော့ ဘာမှမပြောတော့ပေ။

ကျိုးရွှမ်ရှန်းလည်း တိတ်ဆိတ်သွားခဲ့၏။

သူဂူယန်နှင့်တိုက်ခိုက်ခဲ့တုန်းက သရေကျခဲ့ခြင်းမှာ ဂူယန်က စွမ်းအားကုန်မထုတ်ခဲ့ခြင်းကြောင့်ပေလော။

သူ့နှလုံးသားလေးလံလာခဲ့သည်။

အကြမ်းဖျင်းဆွေးနွေးပြီးသည့်နောက်တွင် ထိုပညာရှင်သုံးယောက် ကိုယ့်ဂိုဏ်းကိုယ်ပြန်သွားခဲ့ကြ၏။

သူတို့သည် မီရှန်ဂိုဏ်းအခြေအနေကို လာကြည့်ခဲ့ခြင်းဖြစ်ပြီး အခုတော့ သူတို့ဆန္ဒပြည့်သွားခဲ့ချေပြီ။

ထိုစဉ် ကျန်းယန်နှင့်မိစ္ဆာငါးကောင် ၀မ်လင်းဂိုဏ်းကိုဖြတ်ကာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ပြန်ရောက်လာခဲ့ကြသည်။

မိစ္ဆာငါးကောင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ခြေလှမ်းလိုက်သောအချိန်မှသာ ချင်းယွင်ကျိ သက်ပြင်းမောကြီးတစ်ချက် ချလိုက်နိုင်ခဲ့၏။

ထို့နောက် သူကျန်းယန်အဇူရာတိမ်တောင်ထွတ်ဆီ ရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

တခဏအကြာတွင် ကျန်းယန် မိစ္ဆာများကို တားမြစ်နယ်မြေဆီ ပြန်လိုက်ပို့ပြီးနောက် များစွာသော သိုလှောင်လက်စွပ်များကို သယ်ကာ အဇူရာတိမ်တောင်ထွတ်ဆီရောက်ရှိလာခဲ့၏။

“ဆရာ မီရှန်ဂိုဏ်းကို ဖျက်ဆီးပြီးသွားပြီ မီရှန်ဂိုဏ်းက ပိုင်ဆိုင်မှုတွေအားလုံးကတော့ ဒီမှာပါ” ကျန်းယန် သူ့လက်ထဲက သိုလှောင်လက်စွပ်များကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်စစ်ဆေးပြီးသွားပြီ အဲ့ဒီထဲမှာ စိတ်ဝိညာဉ်လက်နက် ၆ခု ရတနာအဆင့်လက်နက် ၃၀နဲ့ မှော်အဆင့် လက်နက် ၂၀၀ကျော်ရှိပါတယ်”

“ပြီးတော့ ဆေးလုံး၃၀၀၀ကျော်လည်းရှိတယ် အများစုကတော့ အဆင့်နိမ့်ဆေးလုံးတွေပါ

စိတ်ဝိညာဉ်ကျောက်တုံးကတော့ အားလုံးပေါင်း၅ဘီလီယံရှိတယ် စိတ်ဝိညာဉ်ကျောက်တုံး ၁ဘီလီယံနဲ့ညီတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ သတ္တုတွေနဲ့ အခြားအရင်းအမြစ်တွေလည်းရှိတယ်”

ချင်းယွင်ကျိ ခေါင်းငြိမ့်ပြလိုက်ကာ လေးလေးနက်နက်မေးလိုက်၏။

“အခြားဂိုဏ်းကြီးတွေ ဒီကိစ္စမှာ ပါမပါရော မင်းသိခဲ့လား”

“အဲ့တာကတော့ သိပ်မရှင်းဘူး” ကျန်းယန် ခေါင်းခါပြလိုက်သည်။

“ဒါပေမယ့် ကျွန်တော်တို့ဆက်စုံစမ်းစရာမလိုတော့ပါဘူး

မီရှန်ဂိုဏ်းကိုဖျက်ဆီးပြီး ကျွန်တော်တို့ရပ်တည်ချက်ကို ပြပြီးသွားပြီ သူတို့နောက်မှာ အကောင်းကြီးတစ်ကောင်ကောင်ရှိမရှိကို လက်ရှိအခြေအနေအရ ဆက်စုံစမ်းဖို့ မသင့်တော်သေးဘူး”

မီရှန်ဂိုဏ်းသည် သူတို့ဂိုဏ်းသား၂၀၀၀ကျော်ကိုသတ်သွားသောကြောင့် ကလဲ့စားပြန်ချေခြင်းက မျှတပေသည်။ သို့သော် ဤပြဿနာကို အကျယ်ချဲ့မိလျှင်တော့ အခြားဂိုဏ်းများကို သတိပေးလိုက်သလို ဖြစ်သွားစေနိုင်၏။

ချင်းယွင်ကျိ ဆက်မမေးတော့ပေ။ သူကျန်းယန်၏ ဆုံးဖြတ်ချက်ကို ယုံကြည်ပေသည်။

သူသက်ပြင်းချလိုက်၏။

“အဲ့ဒီတပည့်၂၀၀၀…သူတို့အားလုံးက ငါတို့တပည့်တွေ”

ကျန်းယန် အေးအေးဆေးဆေးခေါင်းငြိမ့်ပြလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းရဲ့ တိုးတက်မှုအတွက် စတေးရမယ့်အရာတွေကတော့ ရှိလာမှာပါပဲ ကျွန်တော်အဲ့ဒီအရာကို တားဆီးဖို့ကြိုးစားခဲ့ပေမယ့် မရှောင်လွှဲနိုင်ခဲ့ဘူး”

ဘယ်သူကမှ တာအိုပေါင်းစည်းခြင်းအလယ်အဆင့်တစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့်များ၏ စခန်းကိုခိုး၀င်ကာ တိုက်ခိုက်လိမ့်မည်ဟု ထင်ထားလိမ့်မည် မဟုတ်ပေ။

ရန်သူဂိုဏ်းများပင်လျှင် ထိုမျှ နိမ့်နိမ့်ကျကျ ပြုမူမည် မဟုတ်ပေ။

သို့သော် မီရှန်ဂိုဏ်းက ပြုလုပ်ခဲ့ပြီး ထို့နောက် သူတို့ဖျက်ဆီးခံလိုက်ကြရသည်။

“ဆရာကိစ္စတစ်ခုထပ်ရှိသေးတယ်” ကျန်းယန်ပြောလိုက်ကာ အမတသန့်စင်အမွှေးတိုင်အိုးကို ထုတ်လိုက်၏။

“မီရှန်ဂိုဏ်းက တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်တစ်ယောက်က တိုက်ပွဲထဲမှာ အဆင့်ချိုးဖြတ်သွားခဲ့တယ်

အဲ့တာနဲ့ သူ့ကိုသတ်ပြီး သန့်စင်ထားတယ် ဒါပေမယ့် အမွှေတိုင်အိုးထဲမှာ မသန့်စင်ရသေးတဲ့ သူ့တာအိုတစ်ပိုင်းကျန်နေသေးတယ် အဲ့တာကို သန့်စင်ဖို့ ဆရာ့အကူအညီလိုတယ်”

ချင်းယွင်ကျိ တုန်လှုပ်သွားခဲ့သည်။

“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို….သတ်ခဲ့တာလား”

ထိုအဆင့်ပညာရှင်များသည် အလွန်ရှားပါးသောပညာရှင်များဖြစ်ပြီး သူပင်လျှင် ထိုအဆင့်သို့ရောက်တာ မကြာသေးပေ။

အခုတော့ ထိုအဆင့်ပညာရှင်တစ်ယောက်က တိတ်တဆိတ်သတ်ဖြတ်ခံခဲ့ရပြီး သန့်စင်ပင် ခံလိုက်ရခြင်းပေလော။

“ဘာတွေဖြစ်ခဲ့တာလဲ” သူမေးလိုက်၏။

ကျန်းယန် ရှင်းပြလိုက်သည်။

“ကျွန်တော်တို့ မီရှန်ဂိုဏ်းကို သိမ်းပိုက်တဲ့အချိန်မှာ သူတို့ဂိုဏ်းချုပ်က အတင်းအကြပ်အဆင့်ချိုးဖြတ်ခဲ့တယ် နောက်တော့ ဂူဒူအာက သူ့ကိုသတ်လိုက်တာပဲ

ပြီးတော့ သူ့ကိုဒီတိုင်းထားလိုက်ရမှာ နှမြောစရာကြီးဆိုပြီး ကျွန်တော်တို့ သူ့ကိုသန့်စင်လိုက်တယ် အမွှေးတိုင်အိုးကလည်း သူ့တာအိုကို ကြိုက်ပုံရတယ် အပြည့်အ၀သန့်စင်ပေးတယ် ဒီတိုင်းသာဆက်သွားရင် သူက အမတလက်နက်တစ်ခုတောင် ဖြစ်လာနိုင်တယ်”

ချင်းယွင်ကျိ တိတ်ဆိတ်သွားခဲ့၏။

သူဘာပြောရမလဲ မသိတော့ပေ။

ကျန်းယန်၏ အရင်ကနည်းလမ်းများက ကြမ်းတမ်းလွန်းတာ မှန်သော်လည်း ယခုတစ်ခေါက်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကို သန့်စင်ပစ်ခဲ့ခြင်း ဖြစ်သည်။ သူသည်လည်း ထိုအဆင့်ပင်ဖြစ်သောကြောင့် ချင်းယွင်ကျိတစ်ယောက် အတော်လေး တုန်လှုပ်သွားခဲ့ရ၏။

သို့သော် သူစိတ်လည်းလှုပ်ရှားနေခဲ့သည်။

အကယ်၍ အမွှေးတိုင်အိုးသာ အမတရတနာဖြစ်လာခဲ့လျှင် အဇူရာတိမ်ဂိုဏ်းအုတ်မြစ်က အများကြီး ပိုပြီးအားကောင်းလာပေလိမ့်မည် မဟုတ်ပါလား။

“အဲ့တာကို ငါ့ကိုပေး” ချင်းယွင်ကျိ ခေါင်းယမ်းကာ ပြောလိုက်၏။

“ငါကူသန့်စင်ပေးမယ်”

All Chapters