← Chapters

ပွက်လောရိုက်သွားသော ကမ္ဘာကြီး

Vol. 37 Ch. 378

ပွက်လောရိုက်သွားသော ကမ္ဘာကြီး

Vol. 37 Ch. 378

သူ့ဆရာဆီ အမတသန့်စင်အမွှေးတိုင်အိုးပေးပြီးနောက် ကျန်းယန် အဇူရာတိမ်သတင်းစာတိုက်က လျူမင့်ဆီ ရောက်သွားကာ ပြောလိုက်သည်။

“နောက်ထွက်မယ့် သတင်းစာကို ထုတ်ဝေလိုက်တော့ သတင်းစာထဲမှာ မီရှန်ဂိုဏ်းကို အဇူရာတိမ်ဂိုဏ်းက ဖျက်ဆီးလိုက်တဲ့အကြောင်းသေချာထည့်ပြီး ငါတို့ဂိုဏ်းရဲ့ ရပ်တည်ချက်ကို ပြရမယ်”

လျူမင် ကျန်းယန်ကို ထိုင်ဖို့ဖိတ်ခေါ်လိုက်ပြီး ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး နောက်ဆံုးအတွဲကို ထုတ်ဝေပြီးသွားပါပြီ” သူပြောပြီးနောက် ကျန်းယန်အား နောက်ဆုံးအတွဲကို ‌ပေးလိုက်သည်။

“ဘယ်လောက်ပဲဝေးနေပါစေ အဇူရာတိမ်ဂိုဏ်းကိုအပြစ်ပြုမိသူတိုင်း အပြစ်ပေးခံရမည်” ဟူသော ခေါင်းစဉ်ကိုကြည့်ပြီး ကျန်းယန် အသိအမှတ်ပြုဟန်ဖြင့်ခေါင်းငြိမ့်ပြလိုက်၏။ လျူမင်သည် သူ့ပါရမီကို ပြသနေခဲ့ချေပြီ။

“ဒါဆို နောက်ထွက်မယ့် သတင်းစာမှာ မီရှန်ဂိုဏ်းဖျက်ဆီးခံရပုံ‌ေတွကို ထည့်ရမယ်” ကျန်းယန်ပြောပြီးနောက် ဓာတ်ပုံများကို လျူမင့်အား ပေးလိုက်သည်။

“ဖြစ်စဉ်ကို သေချာရှင်းပြရမယ် ဖတ်သူတွေ အမြင်ဝေဝါးအောင်လုပ်လို့မရဘူး ငါတို့က ကလဲ့စားချေဖို့အတွက် တိုက်ခိုက်ခဲ့ရတာ ဆိုတာကို အားလုံးသိအောင်ပြရမယ် မင်းနားလည်တယ်မလား”

“ကျွန်တော် နားလည်ပါတယ်” လျူမင်ပြန်ပြောလိုက်၏။

“ပြီးတော့ အင်တာဗျူးတစ်ခုလည်းထည့်ရမယ်”

“အစ်ကိုကြီး ဒီတစ်ခေါက်ဘယ်သူ့ကို အင်တာဗျူးခဲ့တာလဲ” လျူမင် အလောတကြီး မေးလိုက်သည်။

ကျန်းယန် ပြုံးလိုက်၏။

“ဒီတစ်ခေါက်ကမင်းအလှည့်ပဲ အဇူရာတိမ်မြို့ထဲက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ကိုရှာပြီးတော့ ဗျူးရမယ် ပြီးရင် သူတို့အရင်က ကျင့်ကြံခြင်းက ဘယ်လောက်ခက်ခဲခဲ့လဲ ဆိုတာနဲ့ အဇူရာတိမ်မြို့ထဲရောက်ပြီးတဲ့နောက် ဒီနေရာရဲ့ ‌ငြိမ်းချမ်းတဲ့ပတ်၀န်းကျင် မိုးပြာလကုန်သွယ်သမဂ္ဂရဲ့ ဈေးချိုတဲ့ဆေးလုံးတွေနဲ့ လက်နက်တွေကြောင့် သူတို့ကျင့်ကြံခြင်းဘယ်လောက်လွယ်ကူပြီး အလွယ်တကူအဆင့်ချိုးဖြတ်သွားနိုင်သလဲ ဆိုတဲ့အကြောင်း အဓိကထား ဗျူးရမယ်”

“ကျွန်တော်နားလည်ပါပြီ” လျူမင် စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီ မကြာခင်ဗျူးဖို့ ပြင်ထားလိုက်တော့” ကျန်းယန်ပြောပြီးနောက် ထွက်သွားခဲ့လေသည်။

သူထွက်သွားပြီးနောက် လျူမင်ရုံး၀န်ထမ်းများကို စုဝေးလိုက်၏။

ထိုစဉ် ကမ္ဘာကြီးကတော့ တုန်လှုပ်နေခဲ့ချေပြီ။

“ဘယ်‌ေလာက်ပဲ‌ေ၀း‌ေ၀း အဇူရာတိမ်ဂိုဏ်းကို အပြစ်ပြုမိသူတိုင်း အပြစ်ပေးခံရမယ်”

ထိုစာကြောင်းက အဇူရာတိမ်ဂိုဏ်း၏ လွှမ်းမိုးမှုနှင့်ပြတ်သားမှုကို ပြသနေခဲ့သည်။ သူတို့သည် တာအိုပေါင်းစည်းခြင်းအလယ်အဆင့်တစ်ယောက်ကို လူမြင်ကွင်းတွင် သတ်ဖြတ်ပြခဲ့ပြီး မိုင်သောင်းချီဝေးသောအရပ်က မီရှန်ဂိုဏ်းကို ဖျက်ဆီးပြခဲ့သည်။ ထိုဖြစ်ရပ်က ဂိုဏ်းပေါင်းများစွာကို မသက်မသာခံစားသွားရစေခဲ့၏။

အဇူရာတိမ်ဂိုဏ်းသည် တားဆီးမရသူများ ဖြစ်လာပါပြီလော။

သူတို့၏ များစွာသော မိစ္ဆာများ တပည့်များ နှင့် လက်နက်များက အတော်လေး ကြောက်စရာကောင်းလွန်းလှသည်။ ထို့ကြောင့် အဇူရာတိမ်ဂိုဏ်းသာ အာဏာရှင်လမ်းစဉ်ကို ရွေးချယ်ခဲ့မည်ဆိုလျှင် ဂိုဏ်းကြီးများမှလွဲပြီး သူတို့ကို အညံ့မခံဘဲ နေနိုင်မည့်ဂိုဏ်း ရှိမည် မဟုတ်ပေ။

သို့သော် ဘယ်သူက အညံ့ခံချင်ပါမည်နည်း။

ထိုကိစ္စကြောင့် ဂိုဏ်းပေါင်းများစွာက အဇူရာတိမ်ဂိုဏ်းကို မကျေမနပ်ဖြစ်လာခဲ့ပြီး အချို့ဆိုလျှင် အငြှိုးအတေးပင် ထားလာခဲ့ကြသည်။ အချို့က လွန်ခဲ့သော နှစ်တစ်ထောင်တုန်းက အဇူရာတိမ်ဂိုဏ်းဘာလို့ပျက်ဆီးမသွားခဲ့လဲဟု တွေးနေခဲ့ပြီး အချို့ကတော့ ဂိုဏ်းကြီးများက အဇူရာတိမ်ဂိုဏ်းကို အမြန်ရှင်းလင်းပစ်ဖို့ ကြိတ်ဆုတောင်းနေခဲ့ကြ၏။

ထိပ်တန်းဂိုဏ်းများကြားထဲတွင်လည်း ၀မ်လင်းဂိုဏ်း ကွေ့ယွမ်ဘုရားကျောင်းနှင့်မြင့်မြတ်ဝိညာဉ်ဂိူဏ်းများမှလွဲပြီး အခြားဂိုဏ်းကြီးများ၏လေထုက တင်းမာနေခဲ့သည်။ လန်ကျားအထွတ်အမြတ်ပင် ထိုထဲတွင် ပါနေသေးသည်။

အဇူရာတိမ်ဂိုဏ်း၏ သဘောထားက အတော်လေး ကြမ်းတမ်းလွန်းလှ၏။

လန်ကျားအထွတ်အမြတ်မြေတွင် အကြီးအကဲများ ထိုကိစ္စအကြောင်း ဆွေးနွေးနေခဲ့ကြသည်။

“အဇူရာတိမ်ဂိုဏ်းက ငါတို့ကိုပါ စစ်ပွဲထဲ ဆွဲသွင်းတော့မှာလား” ကျားရှန် မျက်မှောင်ကြုံ့နေခဲ့၏။

“ဒီကိစ္စက ငါတို့အတွက်ဘာအကျိုးမှရှိလာမှာမဟုတ်ဘူး”

“တပည့် ၂၀၀၀လောက် ဆုံးရှုံးလိုက်ရတာနဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်လိုက်တယ်ဆိုတာက အလွန်အကျွံသတ်ဖြတ်နေတာပဲ မဟုတ်လား”

“သူတို့က ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းကိုရှင်းပစ်ဖို့ ကုန်းမြေတိုက်ကြီးတစ်ခုကိုတောင် ကျော်ခဲ့သေးတယ် လွန်လွန်းတယ်”

သူတော်စင်သခင် နားထောင်နေခဲ့ပြီး သူလည်း မသက်မသာခံစားနေခဲ့ရ၏။ သူတို့သည် မဟာမိတ်များဖြစ်သော်လည်း အဇူရာတိမ်ဂိုဏ်းနှင့်ပေါင်းပြီး တစ်ကမ္ဘာလုံးကို ဆန့်ကျင်ဖို့တော့ ဆန္ဒမရှိပေ။

“တုရှန် အဇူရာတိမ်ဂိုဏ်းကိုသွားပြီး သူတို့ရည်ရွယ်ချက်ကို သွားစုံစမ်းလာခဲ့” သူအမိန့်ပေးလိုက်သည်။

ထို့နောက် တုရှန် ထွက်ခွာသွားခဲ့လေသည်။

ရှို့ယိဘုရားကျောင်းတွင်လည်း လေထုက တင်းမာနေခဲ့၏။

ချင်းစုန့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“စန်းစုန့်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ရောက်သွားတာများလား အဲ့တာကပဲ သူတို့ယုံကြည်မှုဒီလောက်ရှိနေရတဲ့ အကြောင်းအရင်းဖြစ်နိုင်တယ်”

စန်းစုန့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်သွားပြီး တာအိုပေါင်းစည်းခြင်းအဆင့် လင်းယွင်ကျိလည်း ရှိနေပြီဆိုလျှင် သူတို့ခွန်အားက မသေးတော့တာတော့ အမှန်ပင်။

ကျောင်းတိုင် တွေးဆကာ ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းကို တစ်ယောက်ယောက်လွှတ်လိုက်

…ပြီးရင် ဆက်ညှိနှိုင်းခဲ့ သူတို့ငါတို့ဆီက အကျိုးအမြတ်အများကြီးရသွားတာ ငါတို့လည်း တစ်ခုခုပြန်ရသင့်တယ်”

ယွင်စုန့် သက်ပြင်းချလိုက်သည်။

“ကျွန်တော်သူတို့နဲ့ ဆက်သွယ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးပြီ သူတို့က လျစ်လျူရှုထားတယ်”

ကျောင်းထိုင်စိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။ သူတို့သည် လက်နက်များစွာ ထုလုပ်နိုင်သော ချင်းရှုကို ခေါ်သွားခဲ့သလို ကျင့်ကြံခြင်းမြင့်သော စန်းစုန့်ကိုလည်း ခေါ်သွားခဲ့တာတောင် ဘာမှ ပြန်မပေးချင်ပေဘူးလော။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူပြတ်ပြတ်သားသား ပြောလိုက်၏။

“ချင်းယွင်ကျိနဲ့ဆက်သွယ်လိုက် ငါကိုယ်တိုင်သူနဲ့တွေ့မယ်”

တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲများ တုန်လှုပ်သွားခဲ့ကြသည်။ သူတို့သည် လန်ကျားအထွတ်အမြတ်မြေလို သစ္စာဖောက်တော့မည်လော။

ယွင်စုန့် ဂရုတစိုက်မေးလိုက်၏။

“ကျောင်းထိုင် တကယ်ကြီးသူနဲ့တွေ့ချင်တာလား”

“အင်း” ကျောင်းထိုင်ခေါင်းငြိမ့်ပြလိုက်သည်။

“ငါတို့ဆုံးရှူံးမှုအတွက် ဘာမှပြန်ရမထားဘူး အဇူရာတိမ်ဂိုဏ်းက ကျိန်းသေပေါက် ငါတို့ကိုလျော်ကြေးပေးရမယ် မဟာမိတ်ဖွဲ့မဖွဲ့ကတော့ ဒီတွေ့ဆုံပွဲပြီးမှ ဆုံးဖြတ်ရမှာပဲ”

အကယ်၍ သူတို့သာ လုံလောက်သောအကျိုးအမြတ်ရမည်ဆိုလျှင် မဟာမိတ်ဖွဲ့ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ဥပမာ စန်းစုန့်နှင့်ချင်းရှုတို့ ပြန်လာတာမျိုး ဖြစ်သည်။

All Chapters