ပါရမီရှင်တပည့်များအား လူသိရှင်ကြားခေါ်ယူခြင်း
Vol. 37 Ch. 379
အဇူရာတိမ်သတင်းစာ အတွဲသစ် ထွက်လာခဲ့၏။
ဂိုဏ်းများက သတင်းစာအ၀ယ်တော်များစွာ မြို့ထဲသို့ ပို့ထားပြီးဖြစ်သောကြောင့် သတင်းစာထွက်ပြီးသည်နှင့် များစွာသော သတင်းစာများက နေရာအနှံ့ပျံ့သွားခဲ့လေသည်။
မီရှန်ဂိုဏ်းဖျက်ဆီးခံလိုက်ရပြီးနောက် လူတိုင်းက ထိုအကြောင်းအသေးစိတ်သတင်းစာထဲတွင်ပါလာဖို့ မျှော်လင့်နေခဲ့ကြ၏။
သို့သော် အံ့ဩသင့်စရာကောင်းစွာပင် ထိုအကြောင်းကို ပထမစာမျက်နှာတွင် ထည့်မထားခဲ့ပေ။ ထိုအစား သူတို့သည် ပထမစာမျက်နှာတွင် လူ့အခွင့်အရေးနှင့် ဘ၀၏တန်ဖိုး ဟူသောအကြောင်းအရာများကိုသာ ဆွေးနွေးထားခဲ့ကြသည်။
သူတို့ဆိုလိုချင်သော အဓိကအချက်မှာ အသက်များအားလုံးက တန်းတူတန်ဖိုးရှိခြင်းဖြစ်ပြီး ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏အသက်က အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်၏အသက်ထက် ပိုတန်ဖိုးကြီးသည်ဆိုတာမျိုးမှာ မမှန်သော အတွေးအခေါ်ဖြစ်ကြောင်း ရေးသားထားခဲ့ခြင်း ဖြစ်၏။
ဂိုဏ်းပေါင်းများစွာ ထိုစာကို လှောင်ပြောင်ကုန်ကြသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်၏အသက်က အဘယ်သို့ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏အသက်နှင့် ယှဉ်နိုင်ပါမည်နည်း။
ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်သည် ပိုအသက်ရှည်သလို သူ့အတွက် သုံးစွဲရသော အရင်းအမြစ်ပမာဏကလည်း အခြေခံတည်ေဆာက်ခြင်းအဆင့်နှင့် ဘာမှမဆိုင်လှပေ။
သို့သော် တစ်ဖက်တွင်လည်း ထိုစာကြောင့် လူပေါင်းများစွာက ဇဝေဇဝါဖြစ်ကုန်ကြသည်။
သူတို့စာထဲတွင်မေးထားသည်မှာ
“တစ်ဖက်တွင် ရှောင်မင်သည် အစစ်အမှန်အမတတစ်ပါးဖြစ်လာနိုင်ပြီး ရှောင်ကျန်းကတော့ ဝိညာဉ်အခြေတည်အဆင့်အထိသာ ရောက်ရှိနိုင်သူဖြစ်သည်။ ထိုသို့ဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ရှောင်မင်နှင့်ဝိညာဉ်အခြေတည်အဆင့် ရှောင်ကျန်းတို့ယှဉ်လာလျှင် ဘယ်သူက ပိုပြီးကာကွယ်ပေးခံရဖို့ ထိုက်တန်ပါသနည်း။”
ထိုမေးခွန်းက လူပေါင်းများစွာကို ဇဝေဇဝါဖြစ်သွားစေခဲ့၏။ အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်၏ အသက်က ပိုတန်ဖိုးရှိနေခြင်းပေလော။
အဇူရာတိမ်ဂိုဏ်းက ဘာပြောဖို့ ကြိုးစားနေပါသနည်း။
ထို့နောက် သူတို့ ဒုတိယသတင်းခေါင်းစည်းကို မြင်လိုက်ကြရသည်။
ထိုသတင်းတွင်တော့ မီရှန်ဂိုဏ်းဖျက်ဆီးခံရပုံကို အကြမ်းဖျင်းဖော်ပြထားခဲ့ပြီး ဘာမှအရေးမကြီးသော သာမန် ဖော်ပြချက်တစ်ခုလိုပင်။
“ကောင်းလိုက်တဲ့အကွက်” သူတော်စင်သခင် သတင်းစာကိုကိုင်ကာ အလိုလိုရေရွတ်လိုက်မိသည်။
“ဒီကိစ္စကနေ ငါတို့သင်ယူကြရမယ် မီရှန်ဂိုဏ်းကိုဖျက်ဆီးတာက အာဏာရှင်ဆန်တဲ့လုပ်ရပ်ဆိုပေမယ့် သူတို့က အဲ့ဒီအမြင်ကိုဖယ်ပြီး ဒါက ဂိုဏ်းရဲ့အဆင့်နိမ့်တပည့်တွေကို ကာကွယ်ရုံပဲလို့ လူတွေထင်အောင် လှည့်စားလိုက်တာ”
“ဒါကမှ တကယ့်စာအရေးအသားပညာပဲကွ မင်းတို့ကောင်တွေလို တွေ့ကရာကို ကဗျာဆန်ဆန်လိုက်ရေးဖွဲ့နေတာမဟုတ်ဘူး မင်းတို့ထဲက ဘယ်သူများ ဒါမျိုးရေးနိုင်လို့လဲ”
အကြီးအကဲများ အကူအညီမဲ့စွာ ကြည့်လိုက်ကြ၏။
သူတို့သည် စာသင်သားပညာရှိများဖြစ်သော်လည်း အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်းက ထိုအပိုင်းတွင် သူတို့ထက် ပိုတော်ပုံ ပေါက်နေရပါသနည်း။
အခုတော့ သူတို့နားလည်သွားခဲ့ချေပြီ။ ပထမခေါင်းစည်းအောက်တွင် အဇူရာတိမ်ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့်များ၏ အသက်ကို အလွန်တန်ဖိုးကြီးသယောင် ရေးပြသွားခဲ့သည်။ ထို့နောက်မှ သူတို့၏ အခြေခံတည်ဆောက်ခြင်းအဆင့် ၂၀၀၀ ကိုသတ်သွားသော မီရှန်ဂိုဏ်းကို ဖျက်ဆီးခဲ့ကြောင်း ရေးသားလိုက်ရာ သူတို့လုပ်ရပ်က မျှတသလိုလို ဖြစ်သွားခဲ့၏။
ဤနည်းလမ်းဖြင့် အဇူရာတိမ်ဂိုဏ်းက သူတို့အပေါ် လူအများက အာဏာရှင်ဟု မထင်မြင်စေရန် ကာကွယ်ထားလိုက်ခြင်း ဖြစ်သည်။
သတင်းစာတစ်စောင်ထဲတွင်ပင် များစွာသော နည်းပရ်ိယာယ် ဗျူဟာများ ပါ၀င်နေခဲ့၏။
လန်ကျားအကြီးအကဲများ သက်ပြင်းသာ ချလိုက်မိကြသည်။ အဇူရာတိမ်ဂိုဏ်းသည် သတင်းစာမှတစ်ဆင့် လူပေါင်းများစွာ၏ အတွေးအမြင်ကို ချယ်လှယ်နေခဲ့ချေပြီ။
ဒုတိယစာမျက်နှာကို လှန်လိုက်သောအခါ သူတော်စင်သခင် လေးနက်သွားခဲ့၏။
ထိုစာမျက်နှာတွင် အင်တာဗျူးတစ်ခုပါ၀င်နေခဲ့သည်။
အရင်က ဖော်ပြခဲ့သည့် “ချင်းယွင်ကျိနှင့်အင်တာဗျူး” “သူတော်စင်သခင်နှင့်အင်တာဗျူး” ဟူသော အကြောင်းအရာများကြောင့် သူတော်စင်သခင် မသက်မသာခံစားလိုက်ရ၏။ ဤတစ်ကြိမ်ရော ဘယ်သူ ပစ်မှတ်ထားခံလိုက်ရပါသနည်း။
အံ့အားသင့်စရာကောင်းစွာပင် ဤတစ်ခေါက် အင်တာဗျူးခံရသူက သာမန်ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ကျန်းရှောင်ချွမ် ဖြစ်ပြီး သူ့ကျင့်ကြံခြင်းအဆင့်ကလည်း ဝိညာဉ်အခြေတည်အဆင့်သာ ရှ်ိသေးသည်။
မေးမြန်းသူ : ခင်ဗျားက အဇူရာတိမ်မြို့ကလား
ကျန်းရှောင်ချွမ် : မဟုတ်ပါဘူး ကျွန်တော်က၀မ်လင်းကုန်းမြေတိုက်ကြီးက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပါ ကျွန်တော်ဒီကိုရောက်တာ ၆လလောက်ပဲ ရှိသေးတယ်
မေးမြန်းသူ : ဘာလို့ အဲ့ဒီမှာမနေဘဲ ဒီကိုရောက်လာတာလဲ
ကျန်း : အဲ့ဒီမှာနေရတဲ့ဘ၀က ကျွန်တော်တို့လိုလူတွေအတွက် ခက်ခဲကြမ်းတမ်းလွန်းပါတယ် ကျွန်တော်ကြားတာတော့ အဇူရာတိမ်မြို့က ကျွန်တော်တို့လိုလူတွေကိုကောင်းကောင်းဆက်ဆံတယ်လို့ ကြားတာနဲ့ မိတ်ဆွေနှစ်ယောက်နဲ့အတူ ရောက်လာခဲ့တာပါ
မေးမြန်းသူ : ဒီကိုရောက်ပြီးတဲ့နောက် ဘာတွေပြောင်းလဲသွားလဲ
ကျန်း : အရာအားလုံးပါပဲ အရင်က ကျွန်တော်တို့ကအားနည်းပြီး အလွယ်တကူ အနိုင်ကျင့်ခံရတယ် ဒီမှာကတော့ ကောင်းကင်ဘုံလိုပဲ ခံစားရတယ်
ပထမအချက်အနေနဲ့ အဇူရာတိမ်ဂိုဏ်းက ဒီနေရာမှာ တိုက်ခိုက်တာကိုတားမြစ်ထားတော့ ကျွန်တော်တို့ လုံခြုံရေးအတွက် အာမခံချက်ရှိတယ်
ဒုတိယအချက်အနေနဲ့ ဒီနေရာမှာ ငွေရှာစရာနည်းလမ်းတွေ အများကြီးရှိတယ် ဥပမာ တာ၀န်တွေ အလုပ်တွေပေါ့ လွန်ခဲ့တဲ့ ၃ရက်တုန်းကဆို ကျွန်တော်အလုပ်တစ်ခုကနေ စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀လောက်ရခဲ့တယ်
နောက်ဆုံးအချက်အနေနဲ့ကတော့ အဇူရာတိမ်ဂိုဏ်းက ကျွန်တော်တို့ကို တကယ်ကြီး သင်ကြားပေးတာ ကျွန်တော်ဒီကိုစရောက်တော့ ရွေအမြုတေအဆင့်ပဲရှိသေးတာ ဒါပေမယ့် သူတို့သင်ပေးတာကို သုံးခေါက်သွားနားထောင်လိုက်ပြီးတာနဲ့ ဝိညာဉ်အခြေတည်အဆင့်ကို ရောက်သွားတာပဲ
သူတို့က ကျွန်တော်တို့ကို အံ့အားသင့်စရာကောင်းလောက်အောင်ကို ကောင်းကောင်းဆက်ဆံတာပါ
မေးမြန်းသူ : ဒီနေရာကနေ မျှော်လင့်ထားတာတစ်ခုခု ဒါမှမဟုတ် အကြံပေးချင်တာတစ်ခုခုရှိလား
ကျန်း : မြို့ကသေးလွန်းနေတယ် ကျွန်တော့်မိတ်ဆွေတွေကို ဒီကိုလာဖို့ ဖိတ်ခေါ်ထားပေမယ့် ဒီမှာက နေရာသိပ်မရှိလောက်တော့ဘူး အဲ့တာေကြာင့် မြို့ကိုပိုချဲ့ပေးပြီး ကျွန်တော်တို့လို ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေအတွက် အိမ်တစ်လုံး ဖြစ်လာပေးဖို့တော့ မျှော်လင့်မိပါတယ်
……
“အရှက်မဲ့လိုက်တာ” သူတော်စင်သခင် သက်ပြင်းချလိုက်ကာ စာရွက်ကို ရိုက်လိုက်မိသည်။
“ကြည့်ရတာ ငါတို့လည်း ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေကို သင်ပေးရတော့မယ်ထင်တယ်”
တုရှန် မေးလိုက်၏။
“အဲ့လိုလုပ်ဖို့ မဖြစ်မနေ လိုလို့လား”
“မင်းမမြင်ဘူးလား” သူတော်စင်သခင် ဒေါသတကြီး ပြောလိုက်သည်။
“ကျန်းယန်က ပေါ်တင်ကြီး လူခေါ်နေပြီကွ
သူက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေ ဂိုဏ်းနဲ့အဆင်မပြေတဲ့တပည့်တွေ ပြီးတော့ ဂိုဏ်းငယ်သေးတွေ မိသားစုလေးတွေကိုပါ ပစ်မှတ်ထားနေတာ အဲ့ဒီလိုလူတွေ ဘယ်လောက်ရှိမလဲ စဉ်းစားကြည့် နှစ် ၂၀မပြည့်ခင်မှာတင် အဇူရာတိမ်မြို့က အရင်ကအဇူရာတိမ်မြို့ပြန်ဖြစ်လာပြီး သန်းနဲ့ချီတဲ့လူတွေရဲ့ အိမ်ဖြစ်လာလိမ့်မယ်
အထက်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေ အောက်မှာက စစ်တပ်တစ်ခု ပတ်ပတ်လည်မှာက မရေတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ဝိုင်းနေတာ ဒါက ကြောက်စရာကောင်းလွန်းတယ်”
ကျားရှန် မျက်မှောင်ကြုံ့သွားခဲ့သည်။
“ဒီလိုဆို သူတို့ ဖရိုဖရဲဖြစ်မသွားနိုင်ဘူးလား”
သူတော်စင်သခင် တွန့်ဆုတ်သွားခဲ့၏။ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများသည် ထိန်းချုပ်ရခက်ပြီး စည်းကမ်းလည်း မလိုက်နာတတ်ကြပေ။ သူတို့ဘာကြောင့်အဇူရာတိမ်ဂိုဏ်းကို ကြောက်နေစရာလိုပါမည်နည်း။
အဇူရာတိမ်မြို့ကို တစ်ခါမှ ကိုယ်တိုင်မမြင်ဖူးသောကြောင့် သူထိုမြို့၏စနစ်ကို နားမလည်နိုင်ခဲ့ပေ။
“ပြဿနာမရှိလောက်ပါဘူး” သူဆုံးဖြတ်လိုက်၏။
“ဒါပေမယ့် ငါတို့လည်း စသင်ကြားမယ် ငါကိုယ်တိုင်သင်ခန်းစာပို့ချမယ်လို့ လန်ကျားကုန်းမြေတိုက်ကြီးတစ်ခုလုံး သိအောင် ကြေငြာလိုက် လန်ကျားသတင်းစာမှာလည်း ထည့် ငါတို့တွေ ပါရမီရှင်ရှာဖွေတဲ့နေရာမှာ ယှဉ်ပြိုင်ရတော့မယ် ငါတို့ပါရမီရှင်တွေပဲ ဆုံးရှုံးနေလို့ မရတော့ဘူး”