← Chapters

ဟျောင့်တွေ ငါကအဖျက်အမှောင့်လာလုပ်တာလေ ဘာလို့အလုပ်သမား ဖြစ်သွားတာလဲ

Vol. 37 Ch. 380

ဟျောင့်တွေ ငါကအဖျက်အမှောင့်လာလုပ်တာလေ ဘာလို့အလုပ်သမား ဖြစ်သွားတာလဲ

Vol. 37 Ch. 380

အဇူရာတိမ်ဂိုဏ်း၏ ပါရမီရှင်ရှာသော နည်းဗျူဟာကို သူတော်စင်သခင်သာ ရိပ်မိခြင်းမဟုတ်ဘဲ အခြားဂိုဏ်းကြီးများကလည်း ရိပ်မိသွားခဲ့ကြသည်။

သို့သော် အများစုကတော့ ဂရုမစိုက်ကြပေ။

သူတို့အတွက် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူဆိုတာက ပေါင်းပင်များလို ဖြစ်ပြီး ထိုသူများတွင် ပါရမီလည်းမရှိသလို အရင်းအမြစ်လည်းများများစားစား မရှိသောကြောင့် ထည့်စဉ်းစားဖို့ မတန်ပေ။ နောက်ဆုံးတွင် ကျင့်ကြံခြင်းလောက၌ အရည်အချင်းရှိသူများကသာ ကျန်ရစ်မည် မဟုတ်ပါလော။

၀မ်လင်းဂိုဏ်းတွင် ကျိုးရွှမ်ရှန်း သုန်မှုန်နေခဲ့၏။

သူစိတ်တိုနေသည်က ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကြောင့် မဟုတ်ဘဲ အဇူရာတိမ်ဂိုဏ်းက သူတို့ကိုနာမည်ဖျက်နေ၍ ဖြစ်သည်။

“၀မ်လင်းဂိုဏ်းက ကျင့်ကြံသူတွေကို ကောင်းကောင်းမဆက်ဆံဘူးဆိုတာ ဘာကိုဆိုလိုတာလဲ အရှက်မဲ့လိုက်တဲ့ကောင်တွေ”

တွေးတောပြီးနောက် သူကျန်းတောက်ကို အမိန့်ပေးလိုက်သည်။

“ငါတို့ရဲ့ ပါရမီနည်းတဲ့တပည့်တွေကို ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေလို ဟန်ဆောင်ခိုင်းပြီး အဇူရာတိမ်မြို့ထဲပို့လိုက် အထဲရောက်တာနဲ့ ပြဿနာရှာခိုင်း အားလုံးကိုဖျက်ဆီးခိုင်း သူတို့ဘယ်လို တိုးတက်မလဲ ကြည့်ကြသေးတာပေါ့”

သူ့အတွက်တော့ အဇူရာတိမ်ဂိုဏ်းတည်ဆောက်ချင်သောအရာက သူဖျက်ဆီးချင်သောအရာသာ ဖြစ်၏။

မကြာခင်တွင် ၀မ်လင်းဂိုဏ်းတပည့်များ ဂိုဏ်းမှထွက်ခွာသွားခဲ့ကြသည်။

မြင့်မြတ်ဝိညာဉ်ဂိုဏ်းကလည်း ထို့အတူပင်။ သူတို့ဂိုဏ်းချုပ်က ဒေါင်ဘူအာ အား သူတို့တပည့်များကို ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများအဖြစ် ဟန်ဆောင်ကာ ပို့ဖို့ လျှို့ဝှက်အမိန့်ပေးလိုက်၏။

အခြားဂိုဏ်းကြီးများကလည်း ထိုကဲ့သို့သာ လိုက်လုပ်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်၂၀တုန်းက ဂိုဏ်းကြီးများသည် အဇူရာတိမ်ဂိုဏ်းထဲ စိမ့်၀င်ဖို့ သူလျှိုများလွှတ်ခဲ့သလိုပင် သမိုင်းက တစ်ပတ်ပြန်လည်လာခဲ့ချေပြီ။

…..

ရွှေအမြုတေအဆင့်တစ်ယောက်ဖြစ်သော ချန်လင်သည် ၀မ်လင်းဂိုဏ်းကလွှတ်လိုက်သော သူလျှိုများထဲမှ တစ်ယောက် ဖြစ်၏။

သူသည် ရွှေအမြုတေအဆင့်ကိုရောက်ဖို့ နှစ် ၇၀အချိန်ယူခဲ့ရပြီး အဆင့်မချိုးဖြတ်နိုင်သည်မှာ နှစ်ပေါင်း ၁၂၀ ရှိနေခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူ့အသက်က ၂၀၀ကျော်နေပြီဖြစ်သောကြောင့် သူ့သက်တမ်းက သိပ်မကျန်တော့ဘူးဟု ပြော၍ရပြီး သူ့ရုပ်သွင်ကလည်း အိုမင်းလာခဲ့၏။

သူ့ပါရမီက အကန့်အသတ်ရှိသောကြောင့် သူ့အတွက် အဆင့်ချိုးဖြတ်ဖို့က မဖြစ်နိုင်သလောက်ပင်။

သို့သော် သူဘယ်တော့မှ အရှုံးမပေးခဲ့ပေ။

ဤတစ်ခေါက်တွင်တော့ သူ့အတွက်အခွင့်အရေးတစ်ခု ရှိလာခဲ့လေသည်။ အကယ်၍ သူသာ အဇူရာတိမ်မြို့ထဲတွင် ပြဿနာရှာနိုင်ခဲ့လျှင် ဂိုဏ်းက သူ့ကိုအရင်းအမြစ်များပေးကာ မြေတောင်မြှောက်ပေးမည်ဟု ပြောထားခဲ့ခြင်းကြောင့် ဖြစ်၏။

နေထိုင်ခွင့်စစ်ဆေးရာနေရာသို့ရောက်သောအခါ ၀န်ထမ်းတစ်ယောက်က သူ့ကို မေးလိုက်သည်။

“အဇူရာတိမ်မြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား”

“ဟုတ်ပါတယ်” ချန်လင် ခေါင်းငြိမ့်ပြလိုက်၏။

“ကျွန်တော်က ၀မ်လင်းကုန်းမြေတိုက်ကြီးကလာတဲ့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူ ချန်လင် ပါ ကျင့်ကြံခြင်းအဆင့်ကတော့ ရွှေအမြုတေအဆင့်ပါ”

၀န်ထမ်းသူ့ကို တစ်ချက်ကြည့်လိုက်သည်။

“ရွှေအမြုတေအဆင့်တစ်ယောက်ရောက်လာမယ်လို့ ထင်မထားခဲ့မိဘူး မင်း၀င်လို့ရပါပြီ”

ချန်လင် မြို့ထဲသို့ ဇဝေဇဝါဖြစ်နေသောအမူအရာဖြင့် ၀င်လာခဲ့၏။

အဲ့လောက်လွယ်တယ်လား ဘာတင်းတင်းကြပ်ကြပ်စစ်ဆေးတာမျိုးမှ မရှိဘူးလား!

သူ့အတွက်တော့ ထိုအရာက ကောင်းပေသည်။ ပြဿနာရှာဖို့ ပိုလွယ်သွားတာပေါ့ဟု သူတွေးလိုက်မိ၏။

သူမြို့ထဲ၀င်သွားသည်နှင့် သူ့အနားသို့ ပြုံးနေသော အဖိုးကြီးတစ်ယောက် ချဉ်းကပ်လာခဲ့လေသည်။

“ပထမဆုံးအကြိမ်ရောက်ဖူးတာလား မိတ်ဆွေ လမ်းပြလိုသေးလား”

ဒါပေါ့ ဧည့်လမ်းညွှန်များက ငွေအတော်ကုန်မှန်း ချန်လင် သိ၏။

သူအလျင်အမြန်ပင် ခေါင်းခါလိုက်ကာ

“ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး”

(သူ့တွင်ရှိသော်လည်း မရှိချင်ယောင်ဆောင်နေခြင်း ဖြစ်သည်)

အဖိုးကြီးခဏရပ်လိုက်ကာပြုံးလိုက်ပြီး

“မိတ်ဆွေက အဝေးကြီးကလာခဲ့တာမဟုတ်လား”

“၀မ်လင်းကုန်းမြေတိုက်ကြီးက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူပါ” ချန်လင် ပြန်ပြောလိုက်သည်။

“ပြီးတော့ ရွှေအမြုတေအဆင့်”

“အာ” အဖိုးကြီး အလိုလိုရေရွတ်လိုက်မိ၏။

“ရွှေအမြုတေအဆင့် စီနီယာတစ်ယောက်ကိုး”

ချန်လင် ငေးကြောင်သွားခဲ့သည်။

စီနီယာတစ်ယောက်တဲ့လား!

အဖိုးကြီး ရယ်မောလိုက်၏။

“ငါကလည်း ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပါ ကျင့်ကြံခြင်းကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတယ် အခုကတော့ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ ပြည့်အောင် စုပြီး တစ်ခါပြည့်တိုင်း မိုးပြာလကုန်သွယ်သမဂ္ဂကနေ ဆေးလုံး၀ယ်ပြီး အဆင့်ချိုးဖြတ်နေတာပေါ့ကွာ”

“ဒါက မင်းရဲ့ပထမဆုံးအကြိမ်မလား ငါမင်းကို လမ်းညွှန်ပေးမယ် ငွေပေးစရာမလိုပါဘူး”

တခဏရပ်ပြီးနောက် ချန်လင် ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီလေ”

သူ့စိတ်ထဲတွင်တော့ လေးလံသွားခဲ့၏။ ထိုအဖိုးကြီးက သူ့ခက်ခက်ခဲခဲ အဆင့်ချိုးဖြတ်ခဲ့ရသော ငယ်ဘ၀ကို ပြန်သတိရသွားစေခဲ့သည်။

“အဇူရာတိမ်မြို့ကို လာတာက မှန်ကန်တဲ့ရွေးချယ်မှုပဲကွ” လမ်းညွှန် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“အရင်ကဆို ငါတို့က ဆေးပင်တွေ တွင်းထွက်တွေရဖို့ တိုက်ခိုက်ခဲ့ရတယ် အခုတော့ ငါတို့ကစိတ်ဝိညာဉ်ကျောက်တုံးတွေရဖို့ အဇူရာတိမ်မြို့ ဒါမှမဟုတ် အဇူရာတိမ်ဂိုဏ်းကနေ တာ၀န်တွေ အလုပ်တွေ ယူရုံပဲ ငါကတော့ ဧည့်လမ်းညွှန်တစ်ယောက် ဖြစ်လာတယ်ပေါ့ကွာ”

“ဘယ်လိုအလုပ်မျိုးလဲ” ချန်လင် မေးလိုက်၏။

“အိမ်တွေဆောက်ရတာ လမ်းတွေဖောက်ရတာက ‌၀င်ငွေကောင်းတယ် ဒါပေမယ့် လူငယ်တွေအတွက်ပါပဲ အသက်ကြီးတဲ့လူတွေအတွက်ကတော့ ဧည့်လမ်းညွှန်လုပ်တာ သန့်ရှင်းရေးလုပ်တာ ပြတိုက်မှာ အလုပ်လုပ်တာမျိုးပေါ့ မင်းကတော့ ရွှေအမြုတေအဆင့်ဆိုတော့ အလုပ်ပိုလုပ်နိုင်မှာ ကဗ္ဗည်းဆွဲတာတွေ ဆေးပင်သန့်စင်တာတွေ သတ္တုသန့်စင်တာတွေ လုပ်လို့ရတယ် အလုပ်တစ်ခုချင်းစီတိုင်းက စိတ်ဝိညာဉ်ကျောက်တုံး ရာနဲ့ချီပြီး ရနိုင်တယ်ကွ”

ချန်လင် တုန်လှုပ်သွားခဲ့သည်။

“အလုပ်တစ်ခုကို ရာနဲ့ချီရမှာလား”

၀မ်လင်းဂိုဏ်းတွင်ဆိုလျှင် သူတစ်လမှ စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်သာ ရရှိခြင်း ဖြစ်၏။

လမ်းညွှန်ခေါင်းငြိမ့်ပြလိုက်သည်။

“မင်းသတင်းစာထဲက ကျိုးရှောင်ချွမ်ကို မြင်တယ်မလား သူဆို ကဗ္ဗည်းအလုပ်တစ်ခုအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ရတယ် အဲ့ဒီအလုပ်နဲ့ စိတ်ဝိညာဉ်ကျောက်တုံးသောင်းချီရှာပြီးပြီ ပြီးတော့ လုံလောက်တဲ့အလုပ်တွေလုပ်ပြီးသွားရင် အဇူရာတိမ်ဂိုဏ်းရဲ့ သင်ခန်းစာပို့ချတဲ့အတန်းတွေကို သွားတက်လို့ရတယ်”

ချန်လင်ဧ။်မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

ထိုအလုပ်များကို သူလည်းလုပ်နိုင်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပါလော။

“ကျွန်တော်ဘယ်မှာ အလုပ်သွားရှာရမှာလဲ” သူအသည်းအသန် မေးလိုက်သည်။

“ငါမင်းကိုခေါ်သွားပေးမယ်”

မကြာခင်တွင် ချန်လင် သူ့အဖျက်အမှောင့်လုပ်ငန်းစဉ်အကြောင်း မေးသွားလေတော့သည်။ နောက်မှလုပ်လို့ရသည်ဟု ဆုံးဖြတ်လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

သူ့ကျွမ်းကျင်မှုကြောင့် သူသည် အလျင်အမြန်ပင် သေနတ်ပြောင်းများ ပြုလုပ်သောနေရာ၌ အလုပ်ရသွားခဲ့လေသည်။

အဇူရာတိမ်ဂိုဏ်းက သေနတ်ပြောင်းတစ်ခုအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ပေးပြီး ကျရှုံးသွားလျှင်တော့ ၅၀ ပြန်နှုတ်ခံရ၏။

သူတွက်ချက်ကြည့်လိုက်ရာ တစ်နေ့ကို ၃ခုမှ ၅ခုအထိ လုပ်နိုင်လျှင် သူတစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ နီးပါး ရရှိနိုင်ပေသည်။

ထိုပမာဏကြောင့် သူကြောင်အသွားခဲ့၏။

တစ်ထောင်!

သူချက်ချင်းဆိုသလို ဧည့်လမ်းညွှန်ကို စိတ်ဝိညာဉ်ကျောက်တုံး ၃တုံးထုတ်ကာ ပေးလိုက်လေသည်။ ထိုပမာဏက သူစုထားတာ အားလုံးနီးပါးပင်။

“ကျေးဇူးတင်ပါတယ် ခင်ဗျား မကြာခင်ရွှေအမြုတေအဆင့်ကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ” ဧည့်လမ်းညွှန် ၀မ်းမြောက်၀မ်းသာ လက်ခံလိုက်၏။

ထို့နောက် သူတို့နှစ်ယောက်လမ်းခွဲလိုက်ကြပြီး ဧည့်လမ်းညွှန်လည်း မြို့အ၀င်၀သို့သွားကာ သူ့အလုပ်သူ ဆက်လုပ်နေခဲ့လိုက်သည်။

ချန်လင်ကတော့….မတူညီသော လမ်းကြောင်းတစ်ခုဆီ လျှောက်လှမ်းသွားခဲ့ချေပြီ။

All Chapters