← Chapters

တန်ချန်ကျိ တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိခြင်း 

Vol. 37 Ch. 381

တန်ချန်ကျိ တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိခြင်း 

Vol. 37 Ch. 381

“ဆရာဦးလေး အခုတံခါးပိတ်ကျင့်ကြံခြင်း ၀င်လို့ရပြီနော်” ကျန်းယန် ဟော်လင်းကျိကို ပြောလိုက်သည်။

“ကျွန်တော် လက်နက်သန့်စင်တဲ့လုပ်အားနှုန်းကိစ္စကို ဖြေရှင်ပြီးပြီ ဆရာဦးလေး ပြန်ထွက်လာရင် အဆင့်မြင့်ရတနာတွေ သန့်စင်တဲ့နေရာမှာပဲ အာရုံစိုက်ထားလို့ ရပြီ”

ဟော်လင်းကျိ အံ့အားသင့်သွားခဲ့၏။

သူ့ကိုအနားယူခွင့် ပေးလိုက်ခြင်းပေလော။

“ငါတကယ်သွားလို့ရပြီလား” သူမေးလိုက်သည်။

ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။

“စိတ်မပူပါနဲ့ ဆရာဦးလေးကိုမနှောင့်ယှက်တော့ဘူး”

ယခုအခြေအနေတွင် အဇူရာတိမ်ဂိုဏ်းက သာမန်လက်နက်များသာ လိုအပ်‌ေတာ့ခြင်း ဖြစ်သည်။ အဆင့်မြင့်လက်နက်များမလိုတော့ပေ။ ထိုသာမန်လက်‌နက်လောက်ကို အခုမှ နတ်ဝိညာဉ်အဆင့်ရောက်ထားသော ချင်းရှုက ကိုင်တွယ်နိုင်၏။

ဟော်လင်းကျိ တွန့်ဆုတ်‌မနေတော့ဘဲ ချက်ချင်းဆိုသလို လုပ်လက်စအားလုံးကို ပစ်ကာ တံခါးပိတ်ကျင့်ကြံဖို့ ပြေးသွားလေတော့သည်။ သူအဆင့်ချိုးဖြတ်ချင်နေတာ ကြာပြီ ဖြစ်၏။

ထို့နောက် ကျန်းယန် ချင်းရှုဘက်လှည့်လိုက်သည်။

“ငါတို့တွေ ချဉ်းကပ်ပုံအသစ်တစ်ခုလိုတယ် မဟုတ်ရင် ထုတ်လုပ်ရေးကို ဒီတိုင်းဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး”

“ဘယ်လိုမျိုးလဲ” ချင်းရှု မေးလိုက်သည်။

ကျန်းယန် ဓားတစ်လက်ကို ကိုင်လိုက်ကာ

“ဒါကိုကြည့် ဓားသွား ဓားရိုးနဲ့ ကဗ္ဗည်းတွေ မတူညီတဲ့ အစိတ်အပိုင်းတွေပဲ ဆိုတော့ ငါတို့က မတူညီတဲ့ လူတွေကို မတူညီတဲ့အစိတ်အပိုင်းတွေ ကိုင်တွယ်ခိုင်းလိုက်မယ် တစ်ယောက်က ဓားရိုးကိုလုပ်နေချိန် တစ်ယောက်က အသွားကိုလုပ်မယ် တစ်ယောက်က ကဗ္ဗည်းကိုလုပ်မယ် ပြီးမှ အားလုံးကိုပေါင်းလိုက်မယ်”

ချင်းရှု မျက်လုံးများတောက်ပသွားခဲ့၏။ သူတွေးတောပြီးနောက် ပြောလိုက်သည်။

“ဒါက အဆင့်နိမ့်လက်နက်တွေအတွက်ပဲ အလုပ်ဖြစ်မှာ အဆင့်မြင့်လက်နက်တွေကို ပေါင်းစပ်ဖို့ကလွယ်မှာမဟုတ်ဘူး”

“အတိအကျပဲ” ကျန်းယန် ပြုံးလိုက်၏။

“အဆင့်နိမ့်လက်နက်တွေ ပေါင်းစပ်တဲ့နေရာမှာပဲ အာရုံစိုက်ထားလိုက် အကယ်၍ ရတနာအဆင့်လက်နက်တွေကိုပါ ဒီနည်းလမ်းသုံးပြီးပေါင်းစပ်နိုင်ရင် ငါတို့ထုတ်လုပ်ရေးက ထောင်တက်သွားမှာ”

အဇူရာတိမ်ဂိုဏ်းတွင် လက်နက်သောင်းနှင့်ချီပြီး လိုအပ်နေဆဲပင်။ တပည့်တစ်ယောက်ကို လက်နက်တစ်ခုသာတပ်ဆင်ပေးနိုင်မည်ဆိုလျှင် ဂိုဏ်း၏အင်အားက များစွာ တိုးတက်သွားပေလိမ့်မည်။

လျော်ကြေးများစွာ ရရှိထားခြင်းကြောင့် ဂိုဏ်းသည် အရင်းအမြစ်အတွက်တော့ စိတ်ပူစရာမလိုပေ။ သူတို့၏ တစ်ခုတည်းသောပြဿနာက ထုတ်လုပ်ရေးပိုင်းသာ ဖြစ်၏။

ထိုပြဿနာအတွက် ကျန်းယန်၏အဖြေက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကို အသုံးပြုခြင်း ဖြစ်သည်။

သူတို့ဂိုဏ်းအတွက် လုံလောက်သောလက်နက်များရသွားပြီဆိုလျှင်တောင် သတ္တုများ၀ယ်ကာ လက်နက်များထုတ်ပြီး ရောင်းခြင်းဖြင့် ဂိုဏ်းအတွက် ၀င်ငွေရှာနိုင်ဦးမည် ဖြစ်သည်။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများအတွက်လည်း လုံလောက်သော စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိဦးမည်ဖြစ်သောကြောင့် ထိုကိစ္စက အားလုံးအတွက် အကျိုးရှိသောကိစ္စသာ ဖြစ်၏။

“ငါအခုချက်ချင်း စလိုက်တော့မယ်” ချင်းရှု စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ထိုအခိုက်တွင် ကုန်းမြေတိုက်ကြီးအပြင်သို့ ယွင်စုန့်ရောက်ရှိလာခဲ့ပြီး တွေ့ခွင့်တောင်းခဲ့၏။

“သူ့ကို၀င်ခွင့်ပြုလိုက်ပါ” ကျန်းယန် သဘောတူလိုက်သည်။

ယွင်စုန့်သည် အကြိမ်ပေါင်းများစွာလာကာ ချင်းရှုနှင့်စန်းစုန့်တို့ကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့သော်လည်း ရလဒ်ကတော့ အမြဲ အတူတူပင်။

ဤတစ်ခေါက်ကတော့ တူမည် မဟုတ်ပေ။

အဇူရာတိမ်မြို့ထဲ ၀င်ကာ နေထိုင်ခွင့်ရရှိပြီးနောက် မကြာခင်တွင် ယွင်စုန့် အဇူရာတိမ်ဂိုဏ်းဆီ ရောက်ရှိလာခဲ့၏။

ကျန်းယန် ကိုယ်တိုင်သူ့ကိုဧည့်ခံတွေ့ဆုံခဲ့ပြီး သူတို့ထိုင်ပြီးနောက် မေးလိုက်သည်။

“စီနီယာ ဒီတစ်ခေါက်ရော ဘာကိစ္စနဲ့ရောက်လာတာလဲ”

ယွင်စုန့် ပြတ်ပြတ်သားသား ပြောလိုက်၏။

“ငါအကြိမ်ပေါင်းများစွာပြောပြီးပြီ…စန်းစုန့်က ရှို့ယိဘုရားကျောင်းကို ပြန်လာသင့်တယ်လေကွာ…”

ယွင်စုန့်ဆက်ပြောလိုက်သည်။

“စန်းစုန့်က မိစ္ဆာတွေကို ဖိနှိပ်ဖို့လာခဲ့တာ အခုက မိစ္ဆာတွေကလည်း ပေါ်လာနေပြီဆိုတော့ သူ့တာ၀န်ကပြီးသွားပြီ ဘာလို့ အဇူရာတိမ်ဂိုဏ်းက ငါတို့လူကို ခေါ်ထားသေးတာလဲ”

ကျန်းယန် အေးအေးဆေးဆေးပြန်ပြောလိုက်၏။

“စီနီယာ ဒါကိုပဲဆက်ပြောနေမယ်ဆိုရင် နောက်တစ်ခါ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲကို ၀င်ခွင့်မပြုတော့ဘူးနော် ဒါမှမဟုတ် စီနီယာကိုယ်တိုင် ကျွန်တော်နဲ့ မိစ္ဆာတွေကို လိုက်ကြည့်မလား မိစ္ဆာတွေကို ၀င်္ကပါထဲမှာ စည်းပိတ်ထားတုန်းဗျ ဘယ်လိုလုပ် တာ၀န်ပြီးပြီလို့ ပြောလို့ရမှာလဲ”

“...ကောင်းပြီ မိစ္ဆာတွေကိုဖိနှိပ်တာက မပြီးသေးတာကိုတော့ ငါလက်ခံတယ်” ယွင်စုန့် လေသံပြောင်းသွားခဲ့သည်။

“ဒါဆို ချင်းရှုရဲ့ သု‌ေတသနအကြောင်းကရော”

ကျန်းယန် မတ်တပ်ထရပ်လိုက်၏။

“စီနီယာ နောက်တစ်ခါအဇူရာတိမ်ကုန်းမြေတိုက်ကြီးကို လာစရာမလိုတော့ဘူး”

ယွင်စုန့်အမူအရာ မည်းမှောင်သွားခဲ့လေသည်။

“ကောင်းပြီလေ ငါ့ကိုမကြိုဆိုမှတော့ ငါလည်းမလာတော့ပါဘူး ဒါပေမယ့် မသွားခင် ငါသတင်းစကားတစ်ခုပါးခဲ့မယ် ငါတို့ဆရာက မင်းတို့ဂိုဏ်းချုပ်ကို တွေ့ဖို့ ဖိတ်ကြားထားတယ်”

“ဘယ်မှာလဲ” ကျန်းယန် မေးလိုက်၏။

“ဘယ်ဂိုဏ်းရဲ့ မြေပေါ်မှာမှမဟုတ်ဘူး ဒီနေရာရဲ့ အရှေ့မြောက်ဘက် လီ ၅၀၀၀ ဝေးတဲ့နေရာက ကုန်းမြေတစ်ခုမှာ”

ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။ ထိုအကွာအဝေးက ဝေးလွန်းလှ၏။ တွေ့ဆုံပွဲတစ်ခုက ထိုမျှဝေးနေစရာ မလိုပေ။ သို့သော် ဤတွေ့ဆုံပွဲက မဟာမိတ်တွေ့ဆုံပွဲဟုလည်း ပြော၍ရနေသေးသည်။

ဤခရီးက သွားဖို့ထိုက်တန်သော ခရီးတစ်ခုပေလော။

သူစဉ်းစားနေရင်း မွှေးပျံ့သော ရနံ့တစ်ခု အဂ္ဂိရတ်တောင်ထွတ်မှ ပျံ့လွင့်လာခဲ့၏။ အဇူရာတိမ်ဂိုဏ်းရှိ အပင်များလည်း ရုတ်ချည်းဆိုသလို အာဟာရဓာတ်ကြွယ်၀လာခဲ့ကြသည်။

(Translation note - ဒီနေရာကစပြီး Alchemy peak ကို အဂ္ဂိရတ်တောင်ထွတ်လို့ ပြောင်းလဲ အသုံးပြုသွားပါမယ်)

“တာအိုစွမ်းအားလား” ယွင်စုန့်အမူအရာပြောင်းလဲသွားခဲ့၏။

ကျန်းယန်တောင့်တင်းသွားပြီးနောက် ပြုံးလိုက်လေသည်။

“ကြည့်ရတာ ကျွန်တော့်ဆရာဦးလေး ၃ အဆင့်ချိုးဖြတ်နိုင်သွားပြီထင်တယ် ကျေးဇူးပြုပြီး စီနီယာ့ဆရာကိုပြောလိုက်ပါ ကျွန်တော်တို့မှာ ပွဲတော်ကြီးတစ်ခုရှိလို့ တွေ့ဆုံဖို့ကိစ္စကို နောက်မှပဲ ဆွေးနွေးပါတော့မယ်”

ဤတစ်ခေါက်တွင် ယွင်စုန့် မငြင်းတော့ပေ။ သို့သော် သူကုန်းမြေတိုက်ကြီးပေါ်မှ ထွက်မသွားသေးဘဲ အဇူရာတိမ်မြို့ထဲတွင် နေထိုင်ကာ အဖြေကို စောင့်နေခဲ့သည်။

အဇူရာတိမ်ဂိုဏ်းကို ကြည့်နေရင်း သူ့နှလုံးသားကလေးလံနေခဲ့၏။

လင်းယွင်ကျိ အဆင့်ချိုးဖြတ်ပြီးနောက် အခုတန်ချန်ကျိက အဆင့်ချိုးဖြတ်သွားခဲ့ပြန်ချေပြီ။

ဤခေတ်၏ ကံကြမ္မာက တကယ်ကြီး အဇူရာတိမ်ဂိုဏ်းဘက်တွင် ရှ်ိနေပုံပင်။ သူတို့အတွက် အဆင့်ချိုးဖြတ်ရတာက အတော်လေး လွယ်ကူနေသည်ဟု သူ ခံစားနေခဲ့ရသည်။

ဘာလို့လဲဆိုတာ‌ေတာ့ သူမသိပေ။

နှစ်ထောင်ချီသက်တမ်းရှိသော ဆေးပင်များနှင့် ရှားပါးကာတန်ဖိုးကြီးသော စာအုပ်များ အဇူရာတိမ်ဂိုဏ်းတွင် ရှိနေချိန်၌ သူတို့အတွက် အဆင့်ချိုးဖြတ်ဖို့က ခက်နေတော့မည် မဟုတ်ပေ။

အဂ္ဂိရတ်တောင်ထွတ်ဆီသို့ ချင်းယွင်ကျိနှင့်လင်းယွင်ကျိတို့ ‌ရောက်ရှိနေခဲ့ကြ၏။

ယွင်စုန့်ထွက်သွားပြီးနောက် ကျန်းယန်လည်း သူတို့ဆီရောက်လာကာ တန်ချန်ကျိထွက်လာမည့် အချိန်ကို စောင့်နေခဲ့သည်။

မွှေးပျံ့လွန်းသော ဆေးရနံ့က အဇူရာတိမ်မြို့ဆီသို့ပါ ပျံ့လွင့်သွားခဲ့၏။

ထိုအခါ မြို့ထဲရှိ လူများ ထိုမွှေးရနံ့ကြောင့် အံ့အားသင့်ကုန်ကြသည်။

နောက်ထပ်အဆင့်ချိုးဖြတ်မှုတစ်ခု။

ဤအရာက ဘာကိုဆိုလိုနေပါသနည်း။

နောက်ထပ် ပွဲတော်ကြီးတစ်ခု ထပ်လာပေတော့မည်။

ထို့ကြောင့် အဆင်းရဲဆုံးခြေသလုံးအိမ်တိုင်ကျင့်ကြံသူများပင် သူတို့တွင်ရှိသမျှအားလုံးကို လက်ဆောင်အဖြစ်ပေးဖို့ ဆုံးဖြတ်ထားခဲ့ကြ၏။ ဤတစ်ကြိမ်တော့ အခွင့်အရေးကို ဘယ်သူမှ လက်လွှတ်ခံကြတော့မည် မဟုတ်ပေ။

All Chapters