← Chapters

ကမ္ဘာကြီးကို အဓမ္မသိမ်းပိုက်ခြင်း

Vol. 37 Ch. 383

ကမ္ဘာကြီးကို အဓမ္မသိမ်းပိုက်ခြင်း

Vol. 37 Ch. 383

“ကျန်းယန်” ချင်းယွင်ကျိ လေ့ကျင့်ရေးကွင်းထဲက လူပင်လယ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

“ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေကို ‌သင်ခန်းစာပို့ချတာက အဓိပ္ပာယ်ရှိတယ်ဆိုပေမယ့် မင်းဆရာဦးလေး ၃ ကို ဆေးလုံးရဲ့လျှို့ဝှက်ချက် ပို့ချခိုင်းဖို့ တကယ်ကြီး လိုလို့လား”

ကျန်းယန် လက်မြှောက်လိုက်ကာ ကမ္ဘာ့မြေပုံကို ထောက်ပြလိုက်သည်။

“ဆရာ ကြည့်ကြည့် ကျွန်တော်တို့က ကမ္ဘာကြီးရဲ့အလယ်ဗဟိုနားမှာရှိနေတာ ကောင်းကင်နှလံုးသားကျွန်းနဲ့ ပင်လယ်ကောင်းကင်မျှော်စင်ကလွဲပြီး အခြားဂိုဏ်းကြီးတွေက ကျွန်တော်တို့နဲ့ လီသောင်းချီလောက်ပဲ ဝေးတာ အဲ့လောက်အကွာအဝေးက နတ်ဝိညာဉ်အဆင့်တွေအတွက်ဆို သိပ်မဝေးလှဘူး”

သူမြေပေါ်ရှိနယ်မြေများကို ထောက်ပြကာ ဆက်ပြောလိုက်၏။

“အခုကျွန်တော်တို့က မိုးပြာလကုန်သွယ်သမ္ဂကို ကမ္ဘာတစ်၀န်းလုံးမှာ ဖြန့်ထားပြီးတော့ ၁၀ရာခိုင်နှုန်း လျှော့ဈေးနဲ့ရောင်းပေးနေတာ သူတို့အမြင်မှာ ကျွန်တော်တို့က အရူးတွေဖြစ်မနေဘူးလား”

ချင်းယွင်ကျိ ပြန်မဖြေဘဲ မြေပုံကိုသာ စိုက်ကြည့်နေခဲ့သည်။

ကျန်းယန် ဆက်ပြောလိုက်၏။

“ကျွန်‌ေတာ်တို့တွေ လက်နက်တွေသရုပ်ပြပြီးတဲ့နောက် လက်နက်သန့်စင်သူတွေက ကျွန်တော်တို့လက်နက်တွေကို အတုခိုးဖို့ ကြိုးစားနေကြတယ် ဂိုဏ်းကြီးတွေလည်း အတူတူပဲ

သူတို့က အဲ့ဒီလက်နက်တွေပေါ်မှာပဲ အာရုံစိုက်နေကြရင် သူတို့ရဲ့ ပုံမှန် လက်နက်ထုတ်လုပ်နှုန်းက လျော့သွားလိမ့်မယ်

အဲ့ဒီအချိန် ကျွန်တော်တို့ရဲ့ ဈေးပေါတဲ့လက်နက်တွေ ‌ေဈးကွက်ထဲ ၀င်လာတော့ သူတို့က လျော့သွားတဲ့လက်နက်ထုတ်လုပ်ရေးနေရာမှာ ကျွန်တော်တို့လက်နက်တွေကို အစားထိုးသုံးလာကြလိမ့်မယ် ဈေးနှုန်းကလည်း သက်သာပြီး အားလုံးအဆင်ပြေနေရင် နောက်ပိုင်းမှာ သူတို့က သူတို့လက်နက်ထုတ်လုပ်ရေးကို လုံး၀ ရပ်ပစ်ကြလိမ့်မယ်”

သူပြုံးလိုက်သည်။

“ဂိုဏ်းတွေအားလုံးက ကျွန်တော်တို့လက်နက်တွေအပေါ်မှာ မှီခိုနေပြီဆိုရင်… ကျွန်တော်တို့က ဈေးနှုန်းကို ထိန်းချုပ်လို့ရပြီ”

ချင်းယွင်ကျိ အမူအရာပြောင်းလဲသွားခဲ့သည်။

ကျန်းယန် လေ့ကျင့်ရေးကွင်းကိုလက်ညှိုးထိုးပြကာ ထပ်ပြောလိုက်၏။

“အခု ကျွန်တော်တို့က ဆရာဦးလေး ၃ကို လျှို့ဝှက်ဆေးလုံးတစ်လုံး သန့်စင်ပြခိုင်းလိုက်မယ် အဲ့ဒီအခါ သူတို့က အဲ့ဒီဆေးလုံးသန့်စင်ဖို့ လိုက်ကြိုးစားကြမှာပဲ ဒါပေမယ့် နှစ်၃၀၀၀သက်တမ်းရှိတဲ့ဆေးပင်မရှိဘဲ သူတို့အောင်မြင်နိုင်မှာ မဟုတ်ဘူး အဲ့တာကို မသိဘဲ သူတို့ရဲ့အသိပညာမလုံလောက်သေးလို့လို့ ထင်ပြီး သူတို့ကဆက်ကြိုးစားနေကြဦးမှာ သေချာတယ်”

“အဲ့ဒီအချိန် မိုးပြာလကုန်သွယ်သမဂ္ဂရဲ့ ဈေးချိုတဲ့ဆေးလုံးတွေ ဈေးကွက်ထဲ‌၀င်လာရင် ခုနကလိုပဲ ဆေးလုံးဈေးကွက်ကိုလည်း မိုးပြာလကုန်သွယ်သမဂ္ဂက ထိန်းချုပ်နိုင်သွားလိမ့်မယ်…”

သူရပ်လိုက်သည်။

“ကျွန်တော်တို့ ဈေးကွက်ကိုထိန်းချုပ်နိုင်တဲ့အချိန်ရောက်သွားရင် ကျွန်တော်တို့က ဆေးလုံးတစ်လုံး ၂၀၀ ကနေ ၂၀၀၀ ပြောင်းလိုက်ရင်ရော ဘယ်သူက မ၀ယ်ဘူးလို့ ငြင်းနိုင်ဦးမှာလဲ”

“ပိုအရေးကြီးတာကတော့ ဆေးပင်တွေ သတ္တုတွေ ကုန်ကြမ်းတွေအားလုံးကို ကျွန်တော်တို့ဆီပဲ စီး၀င်လာအောင်လုပ်ရမယ် ကျွန်တော်တို့က အဲ့တာတွေကိုသန့်စင်မယ် ပြီးရင်ပြန်ရောင်းမယ် ဒါဆိုနောက်ဆုံးမှာ အကျိုးအမြတ်အားလုံးက အဇူရာတိမ်ဂိုဏ်းဆီပဲ ရောက်လာလိမ့်မယ်”

သူ့လေသံက ထက်ရှသွားခဲ့သည်။

“ကျွန်တော်တို့ကရောင်းရငွေတွေနဲ့ ချမ်းသာသွားရင် ကုန်ကြမ်းတွေရဲ့ ဈေးနှုန်းကို ဟိုးအောက်ထိကျသွားအောင် ဆွဲချပစ်ရမယ် ဒါဆို ဆေးလုံးတွေ လက်နက်တွေအားလုံးရဲ့တန်ကြေးက ဖောင်းပွမှုဖြစ်သွားပြီး အရင်းအမြစ်အားလုံးက တန်ဖိုးမရှိဖြစ်သွားလိမ့်မယ်

နောက်ဆုံးကျရင်တော့ ဂိုဏ်းအားလုံးက ဆင်းရဲသွားကြလိမ့်မယ်”

သူပြုံးလိုက်သည်။

“၀မ်လင်းဂိုဏ်းမှာသာ စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံနည်းနည်းလောက်ပဲ ကျန်တော့ရင် သူတို့ဘာလုပ်မှာလဲ”

“သူတို့က ကျိန်းသေပေါက် ပြန်တိုက်ခိုက်ကြလိမ့်မယ်” ချင်းယွင်ကျိ ဖြေလိုက်၏။

“အတိအကျပဲ” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါပေမယ့် ကျွန်တော်တို့မှာ မိစ္ဆာ ၁၀ကောင် အစွမ်းထက်လက်နက်တွေ သောင်းချီတဲ့ အဆင့်မြင့်စစ်သည်တွေနဲ့ သိန်းချီတဲ့ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေရှိနေရင်ရော…”

“ဘယ်သူက ကျွန်တော်တို့ကို တိုက်ခိုက်ရဲတော့မှာလဲ”

သူရုတ်တရက် အတိတ်တုန်းက အဇူရာတိမ်ဂိုဏ်းသည် ဆင်းရဲလွန်းသောကြောင့် ပြန်တိုက်ခိုက်ဖို့နေနေသာသာ ဖိအားများအောက်ရောက်ခဲ့ရသော အခြေအနေကို ပြန်သတိရမိသွားခဲ့သည်။

“ငါတို့မှာ မင်းရှိနေတာ ကံကောင်းတာပဲ” သူသက်ပြင်းချလိုက်၏။

ကျန်းယန် ရိုးရှင်းစွာပင် သင်ခန်းစာနားထောင်ရင်းလူအုပ်ကြီးကိုကြည့်ကာ ပြုံးနေခဲ့လေသည်။

အကျိုးအမြတ်ဆိုသည်မှာ ဘယ်တုန်းကမှ အလွယ်တကူရရှိနိုင်သောအရာ မဟုတ်ခဲ့ပေ။

“ဆရာ အမတသန့်စင်အမွှေးတိုင်အိုးထဲက တာအိုကိုသန့်စင်ပြီးသွားပြီလား” ကျန်းယန် မေးလိုက်၏။

ချင်းယွင်ကျိ ခေါင်းခါပြလိုက်သည်။

“မပြီးသေးဘူး ငါစစ်ဆေးတော့ပြီးပြီ အဲ့ဒီတာအိုက အမွှေးတိုင်အိုးနဲ့ လုံး၀ လိုက်ဖက်နေတယ် ပုံမှန်ဆို သူကသန့်စင်တဲ့နေရာမှာပဲ အာရုံစိုက်ထားတာဆိုပေမယ့် ဒီတစ်ခါတော့ သူသန့်စင်တဲ့အရာကို ဆင့်ကဲပြောင်းလဲဖို့ပါ ကြိုးစားနေတယ် ဒီနှုန်းနဲ့ဆိုရင် သူက ကျိန်းသေပေါက် အမတရတနာဖြစ်လာလိမ့်မယ်”

သူသည်စဉ်ဆက်မပြတ်စုပ်ယူကာ ထိုတာအိုနှင့်ပေါင်းစပ်ခြင်းဖြင့် ဖွံ့ဖြိုးလာနေခဲ့ခြင်း ဖြစ်သည်။

ကျန်းယန် ၀မ်းသာသွားခဲ့၏။

“တာအိုအဆင့်စွမ်းအားဆိုတဲ့ အတိုင်းပါပဲလား”

သူသည် ဤရတနာ အမတအဆင့်ရောက်ရှိစေရန်အတွက် မြေအောက်ကမ္ဘာမိစ္ဆာနတ်ဘုရား ကျင့်စဉ်ကိုပင် လက်လျှော့ထားခဲ့ခြင်း ဖြစ်သည်။ ရလဒ်ကတော့ မဆိုးလှပေ။

ချင်းယွင်ကျိလည်း ကျေနပ်နေခဲ့၏။ မကြာခင်တွင် အဇူရာတိမ်ဂိုဏ်း၌ အမတရတနာ ၈ခုရှိလာတော့မည်ဖြစ်ပြီး ဂိုဏ်း၏ အုတ်မြစ်ကလည်း အများကြီး ပိုအားကောင်းလာပေတော့မည်။

သို့သော် သူလေးလေးနက်နက်ပြောလိုက်‌ေသးသည်။

“အမွှေးတိုင်အိုးပေါ်မှာပဲ မှီခိုမနေနဲ့ အဲ့တာကမင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်အတွက်တော့ သင့်တော်မှာမဟုတ်ဘူး မင်းရဲ့ကိုယ်ပိုင်ရတနာကို သွန်းလုပ်ဖို့ လိုသေးတယ်”

“ကျွန်တော်နားလည်ပါတယ်ဆရာ” ကျန်းယန်ပြန်ပြောလိုက်၏။

“ကျွန်တော်အဲ့ဒီအကြောင်း နတ်ဝိညာဉ်အဆင့်ရောက်ရင် စဉ်းစားမှာပါ”

သူမလောပေ။

ထိုစဉ် လေ့ကျင့်ရေးကွင်းထဲ၌ တန်ချန်ကျိ အခြေခံတည်ဆောက်ခြင်းအဆင့်မှ နတ်ဝိညာဉ်အဆင့်အထိ အဆင့်ဆင့်ပြောင်းလဲမှုများအကြောင်း

သင်ခန်းစာပို့ချပေးနေခဲ့သည်။

နောက်ဆုံးတွင် တာအိုဆိုတာဘာလဲနားလည်သွားသောကြောင့် များစွာသော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ မျက်ရည်များပင် စီးကျလာခဲ့ကြ၏။

သူတို့ တန်ချန်ကျိကို ကျေးဇူးတင်သောအမူအရာများဖြင့် ကြည့်ရှုနေခဲ့ကြပြီး အဇူရာတိမ်ဂိုဏ်းကိုလည်း များစွာ ရိုသေလေးစားလာခဲ့ကြသည်။

သူတို့ထဲတွင် ချန်လင် တစ်ယောက်လည်းပါ၏။ သူ့စိတ်ထဲ အသံတိတ်အော်ဟစ်နေခဲ့မိသည်။

နှစ်ပေါင်း ၂၀၀ကျော်ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် သူ့အတွက်အဆင့်ချိုးဖြတ်ဖို့ မျှော်လင့်ချက်လေးတစ်ခု ရှိလာခဲ့ချေပြီ။

ဤသင်ခန်းစာပြီးသွားလျှင် သူတံခါးပိတ်ကျင့်ကြံဖို့သာ လိုတော့၏။

သူ့လာရင်း ရည်ရွယ်ချက်ကိုတော့ လုံး၀မေ့လျော့နေပြီဖြစ်ပြီး ပိုဆိုးသည်မှာ သူ၀မ်လင်းဂိုဏ်းသို့ပင် မပြန်ချင်တော့ပေ။

ထိုနေရာတွင် သူကဘာမှမဟုတ်ခဲ့ပေ။

ဒီနေရာကတော့ သူ့ကို ကျင့်ကြံသူတစ်ယောက်လို ဆက်ဆံပေသည်။

အဘယ်ကြောင့် သူပြန်ရပါမည်နည်း။

၀မ်လင်းဂိုဏ်းတွင် သင်ခန်းစာပို့ချပေးသော တာအိုပေါင်းစည်းခြင်းအဆင့်မရှိသလို စိတ်ဝိညာဉ်ကျောက်တုံးရရှိနိုင်သော အလုပ်လည်း မရှိပေ။

အခြားသူများလည်း သူ့လိုသာ ခံစားနေခဲ့ရ၏။

နှစ်ရက်ကြာပြီးနောက်တွင်တော့ နောက်ဆုံးတွင် တန်ချန်ကျိ ဆေးလုံးအကြောင်း စတင်ရှင်းပြခဲ့လေသည်။

အလည်ရောက်လာသော ဂိုဏ်းများလည်း ထိုအခါမှ စိတ်ကျေနပ်သွားခဲ့ကြ၏။ သူတို့က ဤအရာအတွက် ရောက်လာကြခြင်း မဟုတ်ပါလော။

ဤစား‌ေသာက်ပွဲတွင် ပို့ချမည့် သင်ခန်းစာက နတ်၀ိညာဥ်အဆင့်တစ်‌ေယာက်ကို တာအိုပေါင်းစည်းခြင်းအဆင့်ဆီ တွန်းပို့ပေးနုိင်သည့် တာအို‌ေပါင်းစည်းခြင်း‌ေဆးလံုးအ‌ေကြာင်း ဟုပင် ကောလာဟလထွက်နေခဲ့သည်။

အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကသာ ထိုဆေးလုံးကို အောင်မြင်စွာ သန့်စင်သွားနိုင်ခဲ့လျှင် ထိုဂိုဏ်းက များစွ‌ာသော နတ်ဝိညာဉ်အဆင့်များက တာအိုပေါင်းစည်းခြင်းအဆင့်များ ဖြစ်ကုန်ကြပေလိမ့်မည်။

ထို့ကြောင့် လူတိုင်းက သင်ခန်းစာကိုအာရုံစိုက်၍ နားထောင်နေခဲ့ကြ၏။

သုံးရက်ကြာပြီးနောက် သင်ခန်းစာက ပြီးဆုံးသွားခဲ့လေသည်။ ဂိုဏ်းတစ်ဂိုဏ်းချင်းစီတိုင်းက အဇူရာတိမ်ဂိုဏ်းကို နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ကြောင်းပြောသွားပြီးနောက် ထွက်သွားခဲ့ကြ၏။

ကျန်းယန်ထိုသူများကိုကြည့်ကာ ချင်းယွင်ကျိကို ပြုံးပြလိုက်သည်။

“ဆရာ ကြည့်လေ…သူတို့က ကျွန်တော်တို့ကို ကျေးဇူးတောင်တင်နေပြီ”

All Chapters