← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အပိုင်း ၃၆၇ - သိုင်းဘုရင်ကို ဓားချက် တစ်ချက်တည်းဖြင့် ကွပ်မျက်ခြင်း

သိုင်းဘုရင်တစ်ဦး၏ အရှိန်အဝါသည် ခေတ်တစ်ခေတ်လုံးရှိ သူရဲကောင်းအားလုံးကို ဖိနှိပ်ထားနိုင်သည်။

ဤနေရာတွင် ရှိနေသူအားလုံးမှာ အထူးချွန်ဆုံး သိုင်းပညာရှင်များ၊ သိုင်းဘုရင်အဆင့်ရှိသူများနှင့် အာဏာ၏ ထိပ်ဆုံးသို့ ရောက်ရှိနေသူများ ဖြစ်ကြသော်လည်း သူတို့၏ ကံကြမ္မာမှာ ပြဌာန်းပြီးသား ဖြစ်နေခြင်း။

သိုင်းပညာရှင် ခုနစ်ဦးအနက် ထွက်ပြေးသင့်သူများမှာ ထွက်ပြေးသွားကြပြီဖြစ်သလို၊ ဒဏ်ရာရသင့်သူများမှာလည်း ဒဏ်ရာရရှိထားကြပြီဖြစ်သည်။

မည်သူမျှ သေဆုံးခြင်းမရှိသေးသော်လည်း တိုက်ပွဲမှာ ခေတ္တခဏ အဆုံးသတ်သွားပြီဖြစ်ကြောင်း လူတိုင်း သိနားလည်ထားကြသည်။

လင်ချွမ်၏ အကြည့်ကို မြင်လိုက်ရသောအခါ မင်ယုံမှာ အလွန်အမင်း ထိတ်လန့်သွားပြီး အကျပ်ရိုက်စွာ ပြုံးပြကာ လှည့်ထွက်ပြီး ပျံသန်းပြေးလွှားသွားတော့​၏။

လင်ချွမ်သည် သက်ပြင်းတစ်ချက်ကို အဝအလင် ရှူလိုက်ပြီး သူ့ကို ဂရုမစိုက်တော့ဘဲ ဓားကို ကိုင်ဆောင်ထားသော သိုင်းဘုရင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ခုံးအစုံကြားတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤအချိန်တွင် သူတို့ထဲ၌ အင်အားအကြီးဆုံးဖြစ်သော နတ်ဆိုးငါး သိုင်းဘုရင်မှာ ထွက်ခွာသွားပြီ ဖြစ်​၏။

ကျန်ရှိနေသူများထဲတွင် အနှောင့်အယှက် အပေးနိုင်ဆုံးဖြစ်သည့် ကတုံး သိုင်းဘုရင်မှာလည်း မြေအောက်တွင် ဖိနှိပ်ခြင်း ခံထားရသည်။

ကျန်ရှိနေသော လူအနည်းငယ်မှာ မည်သည့် ခြိမ်းခြောက်မှုမှ မပေးနိုင်တော့ပေ။

ယခုမူ ဤပြဿနာများကို ဖြေရှင်းရမည့် အချိန်ပင်။

သူ၏ လက်ဖဝါးထဲတွင် ဓားတစ်ချက် ဝင်းလက်သွားသည်။

ရေခဲကျောက်ဓားသည် ခဏမျှ ဝေဝါးသွားပြီးနောက် ဓားကိုင်ထားသော သိုင်းဘုရင်​၏ မျက်ခုံးနှစ်ခုကြားတွင် ပြန်လည် ပေါ်ပေါက်လာသည်။

တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ဓားဖျားမှ ဆင်းသက်လာပြီး ဟင်းလင်းပြင်ထဲတွင် အဖြူရောင် လိုင်းတစ်ခု ကျန်ရစ်ခဲ့သည်။

မြေပြင်ပေါ်တွင် ချောက်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

၎င်း၏ အနားသတ်များမှာ လေဆာဖြင့် ဖြတ်တောက်ထားသကဲ့သို့ အလွန်ပင် ချောမွေ့နေ​၏။

ဤတိုက်ခိုက်မှုသည် သိုင်းဘုရင်ကို တိုက်ရိုက် မထိမှန်ခဲ့ပေ။

သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ပျံသန်းနိုင်သော ဓားနှင့် နေရာချင်း လဲလှယ်

လိုက်ခြင်းဖြစ်သည်။

ထိုပျံသန်းနေသော ဓားမှာလည်း ချက်ချင်းပင် လမ်းကြောင်းလွဲသွားပြီး အခြား အပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့​၏။

သူ့အတွင်းစိတ်ထဲမှ ကြောက်ရွံ့မှုကြောင့် ထိုသူသည် တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

မြေပြင်ပေါ်မှ ကျန်ရှိနေသော ဓားရာများနှင့် ဟင်းလင်းပြင်အတွင်းမှ အနည်းငယ် တုန်ခါနေမှုများကို ကြည့်ရင်း သိုင်းဘုရင်သည် ကျောရိုးထဲအထိ စိမ့်တက်သွားကာ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော ကြောက်ရွံ့မှုကို ပြန်လည် ခံစားလိုက်ရ​၏။

အခြားသူများနှင့် မတူသည်မှာ ယခင်က ရင်ဆိုင်ခဲ့သူများသည်လည်း သိုင်းဧကရာဇ်များ ဖြစ်ကြပြီး ကျင့်စဉ်အဆင့် အတူတူပင် ဖြစ်သော်လည်း သူတို့သည် မတူညီသော နယ်ပယ်များတွင် ကျွမ်းကျင်ကြသူများ ဖြစ်သည်။

လူအများ၏ စုပေါင်းအားထုတ်မှုကြောင့်သာ လင်ချွမ်သည် နည်းလမ်းမျိုးစုံကို အသုံးပြုကာ သူတို့ကို ဖိနှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဤသူမှာမူ ဓားသမားတစ်ဦးပင်။

ကံမကောင်းစွာဖြင့် လင်ချွမ်သည် အံ့ဖွယ်ဓားသိုင်းပညာကို တတ်မြောက်ထားပြီးဖြစ်သည်။

ထို့ကြောင့် ဤတိုက်ပွဲတွင် သူသည် လင်ချွမ်​၏ ဖိနှိပ်မှုကို သဘာဝအတိုင်း ခံလိုက်ရပြီး အလွန်ပင် အားနည်းသော အနေအထားသို့ ရောက်သွားလေ​၏။

လက်နက် ကွာခြားမှုအပြင် လင်းချွမ်းအတွက်မှာလည်း အခြားသူများနှင့် အချိန်ဆွဲ တိုက်ခိုက်ရသည်ထက် ဤသူကို ဖြေရှင်းရသည်မှာ ပို၍ လွယ်ကူနေသည်။

ဓားသမားတစ်ဦး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု ဝင်ရောက်လာပါက သူ၏ ဓားမှာလည်း တုံးသွားပေလိမ့်မည်။

သူ၏ အခြေအနေမှာ ပို၍သာ ဆိုးရွားလာတော့မည် ဖြစ်သည်။

"ရှဲ"

ထိုအချိန်တွင် တစ်ဖက်လူသည် တစ်ခုခုကို အာရုံခံမိပုံရပြီး လင်ချွမ်နှင့် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်​၏။

ရှည်လျားသော ဓားစွမ်းအင် နှစ်ခုမှာ လေထုထဲသို့ တစ်ခုပြီးတစ်ခု ထိုးထွက်လာပြီး အချင်းချင်း ရောယှက်သွားသည်။

ဓားနဂါး ထိုးထွက်သွားသည့် အခိုက်အတန့်တွင် လင်ချွမ်က သူ၏ လက်ကောက်ဝတ်ကို ခါလိုက်သည်။

ချက်ချင်းဆိုသလိုပင် မသေမျိုးလမ်းစဉ်၏ ထိုးထွင်းသိမြင်မှုများ ပါဝင်သော လျှို့ဝှက်စွမ်းအင်တစ်ခုမှာ လေထဲတွင် တိတ်တဆိတ် ပေါက်ကွဲသွားသည်။

"ခရက်"

ဟင်းလင်းပြင်မှာ ပြိုကွဲသွားပြီး ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ၎င်းနောက်ကွယ်မှ နက်ရှိုင်းသော ချောက်ကမ်းပါးကြီး ပေါ်လာသည်။

ကြီးမားသော စုပ်ယူမှု အားတစ်ခု ထွက်ပေါ်လာပြီး မြေကြီးနှင့် သစ်ပင်များကို လေထဲသို့ တိုက်ရိုက် လွင့်စင်သွားစေ​၏။

ဝေလငါးကြီး တစ်ကောင်က သားကောင်ကို ဝါးမြိုလိုက်သကဲ့သို့ အရာအားလုံးမှာ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားလေ​၏။

ဤတိုက်ခိုက်မှုသည်လည်း ထိုသူကို မထိမှန်သေးပေ။

သိုင်းဘုရင်​၏ ဝတ်ရုံကိုသာ အနည်းငယ် ပွတ်တိုက်ပြီး ဆွဲဖြဲသွားနိုင်ခဲ့သည်။

"ဒီလူက သိပ်မသန်မာပေမဲ့ ကံကောင်းပြီး အာရုံခံစားမှု အတော်လေး ကောင်းပုံရတယ်"

ဟု လင်ချွမ်က တိုးတိုးလေး ရယ်မောရင်း ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်​၏။

သို့သော် ဤလှုပ်ရှားမှုမှာ ထိုသူ၏ ထိတ်လန့်မှုကို ပိုမို ပြင်းထန်စေခဲ့သည်။

လင်ချွမ်သည် မိမိကို ကစားနေပြီး မိမိ၏ အစွမ်းအစ အစစ်အမှန်ကို မထုတ်ဖော်သေးဟု သူက အထင်မှားသွားခြင်း။

ထိုအချိန်တွင် နတ်ဆိုးငါး သိုင်းဘုရင်ထွက်ခွာသွားသည်ကို မြင်လိုက်ရသော မျက်နှာတွင် အမာရွတ်နှင့် လူမှာ အလွန်အမင်း ဒုက္ခရောက်နေသော်လည်း နောက်ဆုံးတွင် ပြတ်သားသော အမူအရာကို ပြသလာသည်။

သူသည် ရုပ်သေးရုပ်ထံမှ လက်သီးတစ်ချက်ကို အထိခံလိုက်ရာ ဓားကွင်းမှာ တုန်ခါသွားပြီး ပုံရိပ်ယောင်များစွာကို ဖန်တီးလိုက်သည်။

"ချွင်" ကနဲ အသံနှင့်အတူ ကွင်းကိုးကွင်းပါသော ဓား၏ ရှေ့ခြမ်းမှာ လျင်မြန်စွာ ကြီးထွားလာပြီး ဧရာမ သံမဏိ သားရဲကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

၎င်း၏ ပုံသဏ္ဌာန်မှာ ဆာလောင်နေသော ဝံပုလွေတစ်ကောင်နှင့် တူပြီး ခန္ဓာကိုယ်မှာ ဓား၏ သတ္တုဖြင့် ပြုလုပ်ထားကာ ရုပ်သေးရုပ်ပေါ်သို့ ရုတ်တရက် ခုန်အုပ်လိုက်သည်။

ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ၎င်း၏ ပုံသဏ္ဌာန်မှာ ပျံ့လွင့်သွားပြီး ပေါ်ထွက်လာသော ခြေလေးချောင်းမှာ တစ်ဖက်လူကို ဖမ်းချုပ်လိုက်​၏။

အမာရွတ်နှင့်လူသည် မဆိုင်းမတွဘဲ လှည့်ထွက်ကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးတော့သည်။

နှင်းဆီရောင် သံကိုးကွင်းဓားမှာ သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် ပတ်လည်တွင် ဝန်းရံထားသည်။

"ပြေးမလို့လား"

လင်ချွမ်သည် ခပ်ဖွဖွရယ်လိုက်ပြီး ညာဘက်လက်ဖြင့် လေထဲတွင် တစ်ခုခုကို ဖမ်းဆုပ်

လိုက်ဟန် ပြုလုပ်လိုက်သည်။

လေထဲတွင် ရှင်းပြ၍မရသော စွမ်းအားတစ်ခု ပေါ်ပေါက်လာပြီး အမာရွတ်နှင့်လူ၏ ထွက်ပြေးမှုကို တားဆီးလိုက်သလို၊ နယ်ပယ်မှာလည်း ဓားကိုင်ထားသော သိုင်းဘုရင်ကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။

"ဂျွတ်...ဂျွတ်"

အရိုးများ လိမ်ကျိုးသွားသည့် အသံမှာ လေထဲတွင် ပျံ့လွင့်သွားသည်။

ရုယဲ့မှာ လက်နက်ချပြီးသား ဖြစ်သော်လည်း ထိုအသံကြောင့် ကျောချမ်းသွားရ​၏။

သူမသည် တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

သိုင်းဘုရင် အများအပြား၏ သူငယ်ချင်းဟောင်း တစ်ဦးအနေဖြင့် လက်ရှိ အခြေအနေမှာ မည်မျှအထိ ပြင်းထန်သည်ကို သူမ သိရှိသည်။

သူသည် သိုင်းဘုရင်ငါးဦးကို တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့ပြီး အခြား နှစ်ဦးကိုလည်း ခြောက်လှန့် မောင်းထုတ်နိုင်ခဲ့​၏။

ဤကဲ့သို့သော မှတ်တမ်းမှာ တုန်လှုပ်ဖွယ်ရာဟုသာ ဖော်ပြနိုင်သည်။

ရုတ်တရက် သူမသည် သူမ၏ ယခင်က ဆုံးဖြတ်ချက်အတွက် ပို၍ပင် ကျေးဇူးတင်မိသွား​၏။

ရုတ်တရက် ရုယဲ့၏ အကြည့်မှာ အမာရွတ်နှင့်လူထံမှ ဓားသိုင်းဘုရင်ထံသို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် သူမ၏ မျက်လုံးထဲ၌ ဓားအလင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

၎င်းသည် အလွန်နီးကပ်သော အကွာအဝေးမှ မယုံနိုင်လောက်သော အရှိန်ဖြင့် ထွက်ပေါ်လာပြီး သိုင်းဘုရင်ကို တိုက်ရိုက် ထိမှန်သွားလေ​၏။

"ဗွက်"

အချိန်မှာ ခဏမျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လတ်ဆတ်သော သွေးများမှာ ရုတ်တရက် ပန်းထွက်လာပြီး ဒဏ်ရာရရှိထားသော ရင်ဘတ်မှ အပြင်ဘက်သို့ စက်ဝိုင်းပုံစံ စဉ်ထွက်သွားသည်။

ချက်ချင်းဆိုသလိုပင် လေထုမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဓားအရှိန်အဝါ တစ်ခုမှာ နောက်ကျပြီးမှ ပေါက်ကွဲထွက်လာ​၏။

ဟင်းလင်းပြင်မှာ ထိုအချိန်တွင် ပြဲထွက်သွားပြီး တစ်ပေခန့် ကျယ်ကာ ဆယ်မီတာကျော် ရှည်လျားသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

သွေးများမှာ ဟင်းလင်းပြင်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်၏ အောက်ပိုင်းမှာလည်း ဆွဲဖြဲခံလိုက်ရသည်။

ခဏအတွင်းမှာပင် ဤဓားကိုင်ထားသော သိုင်းဧကရာဇ်မှာလည်း အလွန်အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။

သေချာ ကြည့်ရှုမည်ဆိုလျှင် ဤမျှအထိ အရှုံးကြီး ရှုံးနိမ့်သွားခြင်းမှာ ပုံမှန်ပင်။

အခြား ပညာရှင်များ၏ ကူညီမှုမရှိဘဲ၊ ဤမျှ နီးကပ်သော အကွာအဝေးတွင် သိုင်းဘုရင်တစ်ဦး၏ ပြင်းထန်သော စွမ်းအား ပေါက်ကွဲမှုနှင့် ပေါင်းစပ်လိုက်ပါက မည်မျှပင် အစွမ်းထက်သော သိုင်းဘုရင် ဖြစ်စေကာမူ သတိမထားမိလျှင် နေရာမှာတင် အသက်ပျောက်သွားနိုင်သည်။

သွေးသံရဲရဲ မြင်ကွင်းကို ကြည့်ရင်း အမာရွတ်

နှင့်လူရော ရုယဲ့ပါ လက်မခံနိုင်အောင် ဖြစ်နေကြ​၏။

လင်ယန်ရွှယ်တစ်ယောက်သာ ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားသောကြောင့် တည်ငြိမ်

နေသည်။

သူတို့အနေဖြင့် ရှုံးနိမ့်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ရှိနိုင်သည်ဟု တွေးထားသော်လည်း အဆိုးဆုံး အခြေအနေမှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး ထွက်ပြေးရခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။

သို့သော် ယခုမူ ထိုသူမှာ မသေသေးသော်လည်း သေရန် မဝေးတော့ပေ။

အားနည်းသွားသော သိုင်းဘုရင်သည် သိုင်းနတ်ဘုရား​၏ လိုက်လံတိုက်ခိုက်မှုမှ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။

လူတိုင်း အတွေးကိုယ်စီဖြင့် ငြိမ်သက်နေစဉ် သိုင်းနတ်ဘုရားမှာ ထပ်မံ လှုပ်ရှားလာသည်။

ဤမျှ ပြင်းထန်သော ဒဏ်ရာကို ရုတ်တရက် ရရှိလိုက်သောအခါ ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့အပြင် သူ၏ စိတ်ထဲတွင် ရူးသွပ်မှုများသာ ကျန်ရှိတော့သည်။

သူ၏ နောက်ဆုံး အသိစိတ် ကျန်ရှိနေချိန်တွင် ထိုအစွမ်းထက်သော သူသည် သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို ရုတ်တရက် လှည့်လိုက်​၏။

အတွင်းစွမ်းအားကို အသုံးပြု၍ သွေးထွက်ခြင်းကို ထိန်းချုပ်ရင်း သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားမှ ဓားငယ်လေး တစ်လက်ကို အတင်းအဓမ္မ ထုတ်လိုက်သည်။

ဤအရာမှာ လက်ချောင်းတစ်ချောင်းစာခန့်သာ ရှည်လျားပြီး လူများ လည်ပင်းတွင် ဆွဲလေ့ရှိသော ဆွဲသီးလေးနှင့် မခြားနားပေ။

သို့သော် ယခုအချိန်တွင် ၎င်း၏ မျက်နှာပြင်မှ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်နေ​၏။

ဟင်းလင်းပြင်မှာ ပြဲထွက်သွားပြီး ဘာမျှမရှိသော အရာအားလုံးကို ထိုးဖောက်သွားသည်။

သူ၏ ဘိုးဘေးများထံမှ ဆင်းသက်လာပြီး ပျံသန်းနိုင်သော ဓားသိုင်းဧကရာဇ်မှ နှစ်ပေါင်း တစ်ရာနီးပါး သန့်စင်ခဲ့သော ဤမှော်လက်နက်သည် နောက်ဆုံးတွင် ၎င်း၏ သက်တမ်းတစ်လျှောက် အင်အားအကြီးဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ပြီ။

လင်ချွမ်ကို ထိုးဖောက်ရန် ဦးတည်နေသော ဓားငယ်လေးကို ကြည့်ရင်း သိုင်းဘုရင်​၏ မျက်နှာမှာ ကြမ်းတမ်း ခက်ထန်သွားသည်။

သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"အတူတူ သေကြရအောင်"

လေဖိအားကြောင့် လင်ချွမ်​၏ ဆံပင်များမှာ နားရွက်ဘေးမှ လွင့်ပျံသွားသည်။

ဤအချိန်တွင် သူ၏ မျက်လုံးများထဲ၌ နောက်ဆုံးတွင် အလေးအနက်ထားသော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

လင်ချွမ်သည် ဤဓားချက်မှ အစစ်အမှန် ခြိမ်းခြောက်မှု တစ်ခုကို ခံစားလိုက်ရ​၏။

၎င်းမှာ အကယ်၍ သင် မခုခံနိုင်ပါက သေဆုံးသွားနိုင်သည့် ခြိမ်းခြောက်မှုမျိုးပင် ဖြစ်သည်။

အခန်း ၃၆၈ - စစ်မှန်သော ဓားဆန္ဒ

ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါတစ်ခုသည် သူ၏ မျက်ခုံးအစပ်ဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်လာခဲ့​၏။

ခန္ဓာကိုယ်တစ်ခြမ်းသာ ကျန်ရှိတော့ပြီး သေအံ့ဆဲဆဲဖြစ်နေသော သိုင်းဘုရင်သည် သူ၏ နောက်ဆုံးသတ်ဖြတ်လိုစိတ်နှင့် အမုန်းတရားများကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

သူသည် မျက်လုံးများကို အတင်းပြူးကြည့်လျက် စစ်တလင်းကို အသေအချာ အာရုံစိုက်ထား​၏။

ထိုအရှိန်အဝါ နှစ်ခုစလုံးသည် ဓားစွမ်းအင်အတွင်းသို့ လုံးဝစုပ်ယူခံလိုက်ရပြီး မူလစွမ်းအင်ခြေရာများအားလုံး ပျောက်ကွယ်သွားသည်အထိ လျင်မြန်စွာ ပေါင်းစပ်သွားသည်။

တစ်နာရီလျှင် ကီလိုမီတာ ရာနှင့်ချီ၍ တိုက်ခတ်သော မုန်တိုင်းတစ်ခု ရုတ်တရက် ကျရောက်လာပြီး ပြင်းထန်သော လေဖိအားကြောင့် လင်ချွမ်၏ အဝတ်အစားများမှာ အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားရ​၏။

တိုက်ခတ်လာသော လေပြင်းတိုင်းသည် ထိုခိုက်အတန့်တွင် ချွန်ထက်သော ဆူးများကဲ့သို့ မျက်နှာကို နာကျင်စွာ ထိုးဆွနေသကဲ့သို့ ခံစားရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်ချွမ်​၏ အတွေးများ မြန်ဆန်စွာ လည်ပတ်နေ​၏။

သူ၏ အတိတ်က တိုက်ခိုက်ရေး အတွေ့အကြုံများ၊ ရရှိခဲ့ဖူးသော မှော်ရတနာများနှင့် သိုင်းပညာရပ်များအားလုံးသည် ရုပ်ရှင်ကားချပ်များကဲ့သို့ စိတ်ထဲတွင် တရစပ် ဖြတ်ပြေးနေသည်။

တစ်ခုပြီးတစ်ခု အလျင်အမြန် ပေါ်လာသော်လည်း မကြာခင်မှာပင် ငြင်းပယ်ခံရကာ ဘေးဖယ်ခြင်း ခံလိုက်ရသည်။

သူ၏ ဦးနှောက်က အသည်းအသန် အလုပ်

လုပ်နေချိန်တွင် လင်ချွမ်​၏ လက်များကလည်း လျင်မြန်စွာ လှုပ်ရှားနေပြီ။

အကောင်းဆုံး နည်းလမ်းကို မရှာဖွေနိုင်သေးသော်လည်း သူသည် ချက်ချင်းပင် ကြိုးစားမှုအချို့ကို ပြုလုပ်ခဲ့​၏။

နယ်ပယ်သက်ရောက်လာသည်နှင့်အမျှ သူတို့ရှေ့ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် အေးခဲသွားသည်။

သူ၏ လက်ဝါး လေထုထဲသို့ ထိတွေ့မိသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်မှာ စုတ်ပြဲသွားပြီး တစ်ပေခန့်ကျယ်သော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏ ညာဘက်လက်ရှိ အေးစက်သော ဓားဦးဖျားသည် တုန်လှုပ်ဖွယ်ရာ ခုတ်ချက်တစ်ခုအတွက် ပြင်ဆင်နေပြီ။

သူ၏ စိတ်အာရုံအတွင်း၌ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသည်။

၎င်းတို့သည် ပုံပျက်နေသော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ တိုးဝင်သွားသည်။

သူ၏ ဘယ်ဘက်လက်ရှိ ရွှေရောင်ပုံဆောင်ခဲ လက်စွပ်မှာလည်း ထိုအချိန်တွင် လင်းလက်လာသည်။

စူးရှသော အဖြူရောင်အလင်းတန်းများသည် လက်မအနည်းငယ်သာ ရှည်လျားသော အဖြူရောင် အကာအကွယ် ဒိုင်းတစ်ခုအဖြစ် ဖြစ်ပေါ်လာ​၏။

ထို့အပြင် ကျင့်စဉ်များကြောင့် ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများနှင့် လေပြွန်သံသုံး အတတ်ပညာများကြောင့် ဖြစ်ပေါ်လာသော အသံလွန်လှိုင်းများလည်း ရှိနေသေးသည်။

၎င်းတို့သည် မြင်ကွင်းထဲတွင် မမြင်ရဘဲ တစ်သားတည်းကျစွာ လေထုထဲတွင် ပျံ့နှံ့နေသည်။

ထိုစွမ်းအင်များသည် အကာအကွယ်ဒိုင်းအတွင်း၌ တည်ရှိနေသကဲ့သို့ အပြင်ဘက်သို့လည်း ပျံ့နှံ့သွားသည်။

ခဏချင်းအတွင်းမှာပင် လင်ချွမ်သည် သူ၏ နည်းလမ်းအမျိုးမျိုးကို အစွမ်းကုန် ထုတ်ဖော်

လိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဤမျှများပြားသော တိုက်ကွက်များကို တစ်ပြိုင်နက် ထုတ်ဖော်

လိုက်ပါက သိုင်းဘုရင်တစ်ဦးပင်လျှင် ပြင်းထန်သော ဒဏ်ရာမှ လွတ်မြောက်ရန် ခဲယဉ်းပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ အလင်းတန်းများ ဖုံးလွှမ်းနေသော အမည်မသိ ဓားငယ်လေးကို ရင်ဆိုင်ရင်း လင်ချွမ်​၏ မျက်နှာသည် ပို၍ လေးနက်လာသည်။

၎င်းသည် သာမန် အလယ်အလတ်အဆင့်

သိုင်းဘုရင်တစ်ဦး ထုတ်ဖော်နိုင်သော တိုက်

ကွက်မျိုး လုံးဝမဟုတ်ပေ။

ဝဲကယက်ထနေသော အရှိန်အဝါနှင့် ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်များသည် ပြိုင်ဘက်၏ နှစ်ပေါင်းတစ်ရာကြာ ပြင်ဆင်မှုနှင့် စုဆောင်းမှုများကြောင့် ဖြစ်နိုင်သော်လည်း၊ အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးနိုင်သော ထိုဓားနှင့် ဓားဆန္ဒတို့မှာမူ ထိုသို့မဟုတ်ပေ။

ပြိုင်ဘက်၏ ဓားဆန္ဒနှင့် နှိုင်းယှဉ်ပါက သူ၏ တုန်လှုပ်ဖွယ် ခုတ်ချက်အတွင်းရှိ ဓားဆန္ဒမှာ...

ငါးကလေးနှင့် ငါးကြီးကို နှိုင်းယှဉ်နေရသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ​၏။

ဤသည်မှာ ခွန်အား သို့မဟုတ် ကျင့်စဉ်အဆင့် နိမ့်ကျနေခြင်းကြောင့် မဟုတ်ဘဲ၊ အနှစ်သာရပိုင်းဆိုင်ရာ ကွာဟချက်ပင် ဖြစ်သည်။

အချို့သော အချက်များတွင်မူ ၎င်းသည် လင်ချွမ်​၏ မသေမျိုးလမ်းစဉ်အပေါ် နားလည်မှုနှင့် တူညီနေသည်။

အကယ်၍ လင်ချွမ် သိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းစဉ်က နားလည်ခဲ့သော စွမ်းအားသည် မသေမျိုးလမ်းစဉ်၏ အစိတ်အပိုင်းတစ်ခုဆိုလျှင်၊ ယခု ရှေ့မှ အရာအားလုံးကို ဖျက်ဆီးနိုင်သော ဓားစွမ်းအင်သည် ဓားလမ်းစဉ်ကို ထိုးထွင်းသိမြင်ခြင်းပင် ဖြစ်သည်။

၎င်းသည် ဓားသိုင်းပညာ၏ စစ်မှန်သော အနှစ်သာရပင် ဖြစ်တော့သည်။

ဤအရာသည် ရုပ်ဝတ္ထုအစစ်အမှန်ကဲ့သို့ရော၊ စိတ်ကူးယဉ် အထင်အယောင်ကဲ့သို့ပါ နှစ်မျိုးစလုံး ဖြစ်နေပြီး ကျွမ်းကျင်စွာ တည်ဆောက်ထားသော ပုံစံအတွင်း တည်ရှိနေသည်။

၎င်းသည် ဝိညာဉ်ကဲ့သို့ပင် ရုပ်ဝတ္ထုဖြင့် ဖျက်ဆီးရန် ခက်ခဲသော်လည်း၊ ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာကိုမူ ပြင်းထန်သော ထိခိုက်မှုများ ပေးစွမ်းနိုင်​၏

ရင်ဆိုင်ရ အလွန်ခက်ခဲသောအရာပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်သည် အနီးသို့ ရောက်ရှိလာသော်လည်း လင်ချွမ်သည် ဖြေရှင်းနည်းကို မစဉ်းစားနိုင်သေးပေ။

ဖြန့်ကျက်ထားသော နယ်ပယ်သည် ဓားဆန္ဒနှင့် ထိတွေ့လိုက်သည်နှင့် ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်ကာ စုတ်ပြဲသွားသည်။

ထုတ်ဖော်လိုက်သော တုန်လှုပ်ဖွယ် ခုတ်ချက်မှာလည်း ကြေကွဲဖွယ်ရာ ဖျက်ဆီးခံလိုက်ရ​၏။

ဓားဆန္ဒနှင့် ခဏတာ အားပြိုင်ပြီးနောက် အကာအကွယ်များ ပွင့်ထွက်သွားသည်။

ခွန်အားကွာခြားမှုကို မည်သူမျှ အံ့သြခွင့်မရမီမှာပင် ဓားဆန္ဒသည် ဟင်းလင်းပြင် အက်ကွဲကြောင်းဆီသို့ ရောက်ရှိသွားသည်။

၎င်းတွင် အသိဉာဏ်မရှိသကဲ့သို့ စစ်သိုင်းဧကရာဇ်ကလည်း ထိန်းချုပ်မထားပေ။

ထို့ကြောင့် ၎င်းသည် ဟင်းလင်းပြင်အတွင်းသို့ ရိုးရှင်းစွာ တိုးဝင်သွားသည်။

သို့သော် ထိုအချိန်တွင် လင်ချွမ်​၏ မျက်နှာ၌ အံ့သြသော အရိပ်အယောင် မရှိပေ။

သူသည် မျက်မှောင်ကြုတ်လျက် အမြန် နောက်ဆုတ်လိုက်သည်။

အမှန်တကယ်ပင် နှစ်စက္ကန့်မပြည့်မီမှာပင် ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားသော ဓားငယ်လေးသည် ပြန်လည် ပေါ်ထွက်လာသည်။

၎င်းသည် သူ့အလိုလို ဟင်းလင်းပြင်ကို ထိုးဖောက်ကာ မူလနေရာသို့ ပြန်ရောက်လာခြင်း။

ထို့နောက် ဝိညာဉ်မုန်တိုင်းသည် ဓားဆန္ဒနှင့် တိုက်မိသွားသည်။

သို့သော် ဤမျှပြင်းထန်သော ထိခိုက်မှုသည် ဓားကို အနည်းငယ်သာ တုန်ခါသွားစေပြီး ၎င်းသည် မူလအတိုင်း ပြန်ဖြစ်သွားသည်။

ခုနက ဖြစ်ပေါ်ခဲ့သော မီတာတစ်ရာအကွာအဝေးကို ချက်ချင်းပင် ဖြတ်ကျော်လိုက်​၏။

ထိုသို့ဖြင့် ဓားငယ်လေးသည် လင်ချွမ်​၏ ရှေ့မှောက်သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာပြန်သည်။

"ဒေါင်..."

ရှေးဟောင်း ခေါင်းလောင်းသံကဲ့သို့ မြည်ဟီးသံနှင့်အတူ တဟုန်ထိုး ပြေးဝင်လာသော ဓားသည် အကာအကွယ်ဒိုင်းရှေ့တွင် ရပ်တန့်သွားသည်။

၎င်းတို့ ထိတွေ့မှုကြောင့် ပဲ့တင်သံများ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ရွှေရောင်ပုံဆောင်ခဲ လက်စွပ်၏ အကာအကွယ်မျက်နှာပြင်ပေါ်တွင် အက်ကြောင်းငယ်လေးများ စတင်ပေါ်ပေါက်လာ​၏။

ထိုအချိန်တွင် လင်ချွမ် ထုတ်ဖော်ထားသော အသံလှိုင်း တိုက်ကွက်များနှင့် ဝိညာဉ်ရိုက်ခတ်မှုများ အားလုံး ပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် တစ်ခုလုံးသည် ရေလှိုင်းများကဲ့သို့ လှုပ်ခါသွားသည်။

"ဖြောက်..."

စနစ် ဝင်ရာမှ ရရှိခဲ့သော ရတနာဖြစ်သောကြောင့် ဒိုင်းသည် ဆယ်စက္ကန့်ခန့် ခံနိုင်ရည်ရှိပြီးမှ လုံးဝ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။

ထို့နောက် ဓားသည် လင်ချွမ်​၏ ဝမ်းဗိုက်ကို "ဗျစ်" ခနဲ အသံနှင့်အတူ ထိုးဖောက်ဝင်

ရောက်သွားသည်။

အသားကို ဖောက်ဝင်သွားပြီး အလွန်သေးငယ်သော ပြတ်ရှရာတစ်ခု ချန်ရစ်ခဲ့လေ​၏။

ထိုသေးငယ်သော မျှင်ကြောင်းလေးသည် အသားနှင့် သွေးများတစ်လျှောက် နှလုံးသားဆီသို့ အထက်သို့ ဆက်လက် ရွေ့လျားသွားသည်။

ကံကောင်းထောက်မစွာဖြင့် လင်ချွမ်သည် အဆင့်တက်စဉ်က ကောင်းကင်ဘုံ ဘေးဒုက္ခကို ရင်ဆိုင်ရာတွင် သူ၏ ခန္ဓာကိုယ်ကို သန်မာစေရန် ကောင်းကင်လျှပ်စီးကို ခန္ဓာကိုယ်ဖြင့် ခံယူခဲ့သည်။

ထိုအချိန်တွင် သူ၏ ယခင်ကြိုးစားမှုများအားလုံးသည် အကြီးမားဆုံးသော စွမ်းအားကို ထုတ်ဖော်လိုက်သည်။

လင်ချွမ်​၏ အတင်းအကြပ် ထိန်းချုပ်မှုအောက်တွင် သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ ဆက်တိုက် တင်းမာလာပြီး ပြိုင်ဘက်၏ တိုးဝင်မှုကို ဟန့်တားရန် အစွမ်းကုန် ကြိုးစားသည်။

ထိုလုပ်ငန်းစဉ်အတွင်း သူသည် အံ့သြဖွယ်ရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့​၏။

သူ၏ ကိုယ်ပိုင်ဗီဇအရ ထိန်းချုပ်မှုအောက်တွင် သွေးကြောများနှင့် အသားမျှင်များသည် ဆက်တိုက် ဖိသိပ်ခံရပြီး ရွှေစင်ကဲ့သို့ ခိုင်မာလာသည်။

တစ်ချိန်က ချွန်ထက်ပြီး အရာရာကို ဖောက်ထွင်းနိုင်သော ဓားဆန္ဒသည် ရုတ်တရက် ရှေ့ဆက်၍ မရတော့ပေ။

ဒါဆိုရင်...

လင်ချွမ်​၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်ခနဲ ပေါ်လာပြီး ပို၍ ထိရောက်ပြီး အစွမ်းထက်သော နည်းလမ်းတစ်ခုကို ရရှိသွားပုံရသည်။

သို့သော် သေခြင်းတရား၏ ခြိမ်းခြောက်မှုက မလျော့ပါးသေးဘဲ သူသည် ခဏမျှသာ ဝေခွဲမရဖြစ်ပြီးနောက် သတိပြန်ဝင်လာသည်။

ကြွက်သားများ ဖိသိပ်ကာ ခိုင်မာသွားခြင်းကြောင့် ပြင်းထန်သော ခုခံမှု ဖြစ်ပေါ်လာသည်။

အခွင့်အရေးကို အရယူကာ လင်ချွမ်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မဟာကောင်းကင်ဘုံ မသေမျိုးကျင့်စဉ်ကို အလျင်အမြန် လှုံ့ဆော်လိုက်​၏။

ပြင်းထန်သော အားတစ်ခုသည် သူ၏ ညာဘက်လက်မောင်းအတွင်းမှ ပြန်လည်ရောက်ရှိလာသော မူလစွမ်းအားနှင့်အတူ တဟုန်ထိုး ထွက်ပေါ်လာသည်။

၎င်းတို့သည် ဝဲကယက်တစ်ခုအဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားပြီး နောက်ဆုံးအဆင့် အကာအကွယ်တစ်ခုကို ဖြစ်ပေါ်စေသည်။

ထိုအချိန်တွင် အသားမျှင်များ၏ ဟန့်တားမှုနှင့် ဝဲကယက်၏ ဆွဲငင်မှုကြားတွင် ဓားငယ်လေးသည် နောက်ဆုံး၌ ရပ်တန့်သွားပြီး ၎င်း၏ ကိုယ်ထည်တစ်ဝက်မှာ ဝဲကယက်၏ အစွန်းတွင် တစ်နေကာ ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။

လင်ချွမ်​၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော့သွားပြီး သူ၏ အားကောင်းသော အရှိန်အဝါမှာလည်း ချက်ချင်း အားနည်းသွားလေ​၏။

ဓားငယ်လေးကို ပိတ်မိအောင် ပြုလုပ်နိုင်ခဲ့သော်လည်း ၎င်းရပ်တန့်သွားသော ခဏတာအတွင်း ထွက်ပေါ်လာသော ဓားစွမ်းအင် ပေါက်ကွဲမှုများကြောင့် သူသည် ဒဏ်ရာအတော်အတန် ရရှိသွားသည်။

သိုင်းနတ်ဘုရားအဆင့်သည်လည်း အရာရာကို အနိုင်ယူနိုင်စွမ်း မရှိသေးပါတကား။

"ဟူး... ဟူး..."

အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လင်ချွမ်သည် ပြုံးနိုင်သေးသည်။

သူသည် မြေပြင်ပေါ်တွင် ဒဏ်ရာပြင်းထန်စွာဖြင့် သေအံ့ဆဲဆဲ လဲလျောင်းနေသော ဓားကိုင်ထားသည့် သိုင်းဘုရင်ကို ကြောက်မက်ဖွယ်ကောင်းစွာ စိုက်ကြည့်လိုက်သည်။

"စိတ်မကောင်းပါဘူး... ငါ မသေဘူးဗျ"

"ဒါပေမဲ့ ခင်ဗျားကတော့ သေမှာ အသေအချာပဲ"

လင်ချွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်စဉ် သူ၏ ညာဘက်လက်မှ ဓားအရှိန်အဝါတစ်ခု ရုတ်တရက် ကျရောက်လာ​၏။

သိုင်းဘုရင်​၏ နားလည်မှုစွမ်းအားသည် ထိုလူကို ထိမှန်သွားသည်။

သူ၏ ခန္ဓာကိုယ်မှာ ထိုခိုက်အတန့်တွင် လုံးဝ ပျက်စီးသွားပြီး သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။

ထိုအချိန်တွင် မနီးမဝေးမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ကို ရိုက်ခတ်ကာ ထိုသိုင်းဘုရင် ဝိညာဉ်ကို လုံးဝ ချေမှုန်းဖျက်ဆီးပစ်လိုက်လေတော့သည်။

All Chapters