← Chapters

အခန်း (၁၃၇၈-၁၃၈၀)

Vol. 92 Ch. 1378-1380

အခန်း (၁၃၇၈-၁၃၈၀)

Vol. 92 Ch. 1378-1380

အခန်း ၁၃၇၈: Optimus Prime ကိုအတောင်ပံတပ်ပေးလိုက်ရင်? ၂

"ကောင်းပြီ.. ကျွန်တော် ဥက္ကဌရှန်နဲ့ပြောလိုက်မယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ချင်းလင်ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲခန်းအဆောက်အဦများစွာရှိသည်။ ချဲ့ထားသောအဆောင်အပါအဝင် အဆောင် ၁၀ ဆောင်ကျော်ရှိသည်။ သုတေသီအင်အားတိုးထားသော်လည်း ဓာတ်ခွဲခန်းအဆောင် ၄ ဆောင်သာအသုံးချထားသောကြောင့် ၆ ဆောင်လွတ်နေသေးသည်။

ဓာတ်ခွဲခန်းဖွံ့ဖြိုးမှုအရ ဒီလွတ်နေတဲ့အဆောင်တွေပြည့်လာဖို့က အချိန်တစ်ခုသာကြာမည်။

ထို့နောက် ချင်လင်က ရှန်လီကိုဖုန်းဆက်ပြီး ပါမောက္ခဝမ်အတွက်စီစဉ်ခိုင်းသည်။

အဲဒီနောက် ချင်းလင်အပန်းဖြေစံအိမ်ပြန်လာ၏။

စံအိမ်ပြန်ရောက်သောအခါ ဝိုင်လုပ်ငန်းမှဆရာကျန်းကဖုန်းဆက်လာသည်။ သူဖုန်းကိုင်လိုက်သောအခါ ဆရာကျန်းအသံကြားရသည်_

"ဥက္ကဌချင်.. လူကြီးတွေအတွက်အရိုးအားဖြည့်ဝိုင် ကတ်တီ ၃၀၀၀၀ ရပါပြီ... ဆက်လုပ်ဖို့လိုသေးလား?''

ချင်လင်ကပြုံးလိုက်ပြီး_

"ဆရာကျန်း.. အဲဒီဝိုင်ကိုထုတ်နိုင်သလောက်သာထုတ်ပါ... ကတ်တီ ၃၀၀၀၀ က ဘာမှမဟုတ်သေးဘူး... အများကြီးလိုသေးတယ်''

ဆရာကျန်းကနားထောင်ရင်း စိုးရိမ်သံနှင့်_

"ဥက္ကဌချင်.. ဒီဆေးဖက်ဝင်ဝိုင်က ထုတ်မရောင်းရသေးဘူး... စျေးကွက်ထဲမရောင်းရမှာစိုးတယ်''

ချင်လင်ကပြုံးပြီး နှစ်သိမ့်လိုက်သည်_

"မပူပါနဲ့ ဆရာကျန်း... လုပ်သာလုပ်ပါ... စျေးကွက်ထဲမရောင်းရရင်လည်း ဝိုင်လုပ်ငန်းနဲ့မဆိုင်ဘူး... ကျွန်တော့်ကြောင့်ပဲ''

ဒါကို သူလုံးဝစိတ်မပူ။ ဘာပဲဖြစ်ဖြစ် လူကြီးအရိုးအားဖြည့်ဆေး၏မှတ်ချက်နှင့်အာနိသင်ကို သူသိသည်။

စျေးကွက်ထဲချပြီး အသည်းအသန်ရောင်းနေရမှာကိုသာစိုးရိမ်သည်။ မရောင်းရမှာ လုံးဝမပူ။

"ကောင်းပါပြီ ဥက္ကဌချင်''

ချင်လင်စကားကြောင့် ဆရာကျန်းကစိတ်ပူနေသော်လည်း ဘာမှမပြောတော့။

ချင်လင်ကဖုန်းချပြီးနောက် ရန်သုံ့ကိုဖုန်းဆက်လိုက်သည်။ ရန်သုံ့ရဲ့မွေးမြူရေးဌာနမှာ ဟိုင်ကွားများမွေးမြူနေဆဲ။

အထူးဟိုင်ကွားများကောင်းကောင်းဖြစ်နေသည်ဟု ရန်သုံ့ကအစီရင်ခံမှသာ သူစိတ်အေးသွားသည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်ပြီး ဂိမ်းဇာတ်ကောင်အား မျိုးပြောင်းမြေအဆင့်မြှင့်ခိုင်းသည်။

ဖြစ်ချင်တော့ နေ့ဝက်ကျိုးသည်အထိ ဒီမျိုးပြောင်းမြေလိုအပ်နေတာ ဘာမှန်းမသိရသေး။

သို့ဖြစ်၍ မတတ်သာဘဲ နွေဦးသတ္တုတွင်းကိုသာဆက်တူးခိုင်းရသည်။

ဂိမ်းဇာတ်ကောင်အဆင့်တက်ပြီးနောက် နွေဦးသတ္တုတွင်းမှာ အလွှာအသစ်ပွင့်သည်။

နွေဦးသတ္တုတွင်းရောက်သောအခါ ချင်လင်က ဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းအောက်ထဲတန်းဝင်ခိုင်းသည်။ ထင်တဲ့အတိုင်း အလွှာ ၆၀ တန်းရောက်သွား၏။

အရင်တစ်ခါ အလွှာ ၆၀ ရောက်ပြီး ဆက်မတူးနိုင်တော့။ ဒီတစ်ကြိမ်တွင် အလွှာ ၆၀ ရောက်ပြီးနောက် အတားအဆီးမရှိဘဲ ၆၁ လွှာထဲဝင်နိုင်သည်။

ဂိမ်းဇာတ်ကောင်အဆင့်တက်ပြီး နွေဦးသတ္တုတွင်းထပ်ပွင့်ခြင်းပင်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား ၆၁ လွှာထဲဝင်ပြီး ဆက်တူးစေသည်။ ဒီတစ်ခါဂိမ်းဇာတ်ကောင်အဆင့်တက်တာ သူကံကောင်းပုံမရ။

သုံးလွှာဆက်တိုက်တူးသော်လည်း ရွှေ၊ ငွေ၊ ကြေးနီသတ္တုများမှလွဲပြီး ဘာမှမတွေ့သေး။

လေးလွှာမြောက်ကိုဆက်တူးသော်လည်း ဘာမှမရ။

ငါးလွှာမြောက်။ ဘာမှမရ။

ထို့ကြောင့် ဒီနေ့ကံမကောင်း၊ ဆက်မတူးသင့်ဟုတွေးပြီး ချင်လင်ကရပ်လိုက်သည်။

သို့သော် နောက်ဆုံးတစ်ချက်အပေါက်တွင် ဂိမ်းဖန်သားပြင်ပေါ်ရုပ်တုတစ်ရုပ်ပေါ်လာသောကြောင့် ချင်လင်မျက်လုံးကျယ်သွားသည်။

ရုပ်တုကြောင့် သူခဏကြောင်သွား၏။ ဒိုရေမွန်ပင်။

တခြားနေရာမှာ ဒိုရေမွန်ရုပ်တုမြင်ဖူးသောကြောင့် ခဏခဏမြင်နေရသလိုပင်။

သို့သော် ရုပ်တုကပေါ်လာလာချင်း ကွဲထွက်သွားပြီး ရေစက်လိုကြည်လင်သောသလင်းကျောက်တုံးကျန်ခဲ့သည်။

စနစ်အသိပေးသံလည်းထွက်လာ၏။

(ဂုဏ်ယူပါတယ်၊ အထူးမိုးတိမ်ကျောက်အသေးတူးဖော်ရရှိပါတယ်!)

အသိပေးစာကြောင့် ချင်လင်အံ့ဩသွားသည်။

အထူးမိုးတိမ်ကျောက်အသေးက စိုက်ပျိုးရေးခြံပုံပြင်သာမန်ဗားရှင်းမှာ တွေ့ရသောအရာမဟုတ်။ ဒိုရေမွန်ဗားရှင်းမှာသာပါသည်။

ထိုဗားရှင်းတွင် ဝက်ဝံ၊ ကျားဖက်တီးနှင့် ဒိုရေမွန်တို့က သတ္တုမြို့တော်သို့ကူးပြောင်းရောက်ရှိလာကြသည်။ သတ္တုမြို့တော်မှာ မစ်ရှင်အမျိုးမျိုးလုပ်ရပြီး သတ္တုမြို့တော်အဓိကဇာတ်ကောင်ကို ဝက်ဝံကြီးကကူညီပေးရသည်။

ထိုအတောအတွင်း ဝက်ဝံကြီးတို့ကြောင့် ဗရုတ်သုတ်ခဇာတ်ကွက်များစွာဖြစ်သည်။

ထိုဗားရှင်းကလည်း ရူးချင်စရာ၊ အဖွင့်အန်နီမေးရှင်းက အလွန်ရှည်သည်။ ပုံမှန်အဆင့် ၁ နိုဇိုမီနှင့်ဒိုရေမွန်အန်နီမေးရှင်းနီးပါးလောက်ကိုရှည်သည်။ လူပါလဲသွားလိမ့်မည်။

ထိုဗားရှင်းထဲရှိဇာတ်ဝင်ပစ္စည်းများက သာမန်ဗားရှင်းထက်ပိုပြီးဆန်းကြယ်သည်။ တချို့ပစ္စည်းများက နိုဘီတာအန်နီမေးရှင်းစီးရီးနှင့်တူပြီး အိပ်မက်ဆန်သည်။

ဒိုရေမွန်ရုပ်တုကိုတချိန်လုံးမြင်နေရသောကြောင့် ရှေ့လျှောက် အဲဒီဗားရှင်းထဲကပစ္စည်းရနိုင်သည်ဟု သူခန့်မှန်းခဲ့ဖူးသည်။ ဒီတစ်ခါ သူ့ဇာတ်ကောင်အဆင့်တက်ပြီး နွေဦးသတ္တုတွင်းမှာ မိုးတိမ်ကျောက်အသေးလိုပစ္စည်းမျိုးတကယ်ရလာသည်။ ချင်လင်က ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေပြီး သူကရုံးခန်းတံခါးပိတ်ကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ မိုးတိမ်ကျောက်အသေးမှတ်ချက်ကိုတွေ့ရ၏:

(မိုးတိမ်ကျောက်အသေး: အထူး!)

(အထူးကျောက်တုံးဖြစ်သည်။ အထူးတည်ရှိမှုတစ်ခုမှကျန်ခဲ့သောပစ္စည်းဖြစ်ပုံရသည်။ နတ်ဘုရားမထံမှအလဲအလှယ်ရသောပစ္စည်းဖြစ်သည်။ နတ်ဘုရားမစမ်းချောင်းထဲချထားလျှင် မိုးဖွဲဖွဲနှစ်မိနစ်ရွာစေနိုင်သောအာနိသင်ရှိသည်။)

(မိုးတိမ်အာနိသင်: ၁/၁)

မိုးတိမ်ကျောက်အသေးအာနိသင်ကိုမြင်ပြီး ချင်လင်အံ့ဩသွားသည်။

ရှေးက နတ်ဘုရားများမှာ မိုးနှင့်လေကိုပင့်နိုင်သည်ဟုဆိုကြသည်။

ဒီမိုးတိမ်ကျောက်အသေးအာနိသင်က ရှေးကနတ်မင်းတွေဖန်ဆင်းသလိုပေါ့ ဟုတ်လား?

မိုးတိမ်ကျောက်အသေးအာနိသင်ပြနိုင်သောဧရိယာအလွန်ကျဉ်းသော်လည်း နှစ်မိနစ်မိုးရွာနိုင်သည်။

ချင်လင်စမ်းကြည့်ချင်လာသည်။

ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းအာနိသင်က ပစ္စလက်ဆန်သည်။

ချင်လင်ကအာရုံစိုက်မခံချင်သောကြောင့် ချင်းလင်ရှုမျှော်ခင်းနေရာမှာမသုံးချင်။

ထူးထူးခြားခြားအခြေအနေတွေဖြစ်မလာဘူးလို့ဘယ်ပြောနိုင်မလဲ?

သူကချင်းလင်အပန်း​ဖြေစံအိမ်မှထွက်ပြီး နတ်သမီးပုံပြင်တောင်အနီးရှိတောင်တစ်လုံးပေါ်သွားလိုက်သည်။ ဘယ်သူမှမရှိသောနေရာရောက်မှ မိုးတိမ်ကျောက်ကိုသုံးမည်အပြုတွင် သူ့အနီးရှိခြုံပုတ်မှစကားသံများကြားရသည်။

"ဘေဘီ.. ချိုချဉ်စားချင်လား?''

"အင်း.. ခွံ့ကျွေး.. ပါးစပ်နဲ့!''

"ကိုယ့်ချိုချဉ်ကိုစားရင် ကိုယ့်အပိုင်နော်!''

"အခုလည်း ရှင့်အပိုင်ပဲမလားလို့?''

"ဘေဘီ.. မင်းကိုစားပြီးရင် စူပါပါဝါတွေရှိသလိုပဲ!''

"ဘယ်လို?''

"မင်းကိုတကယ်သဘောကျတယ်!''

ထိုစကားသံများကြောင့် ချင်လင်ကြောင်သွားသည်။

ဒါက ဘာကြီးလဲ?

ဒီလိုနေရာမျိုးမှာ လာချိန်းတွေ့တဲ့အတွဲကရှိသေး။ တကယ်ပဲ!

ပြီးတော့ ဒီလိုအီစီကလီစကားတွေက ဘယ်လောက်ဒိတ်အောက်နေပြီလဲ?

ဒါပေမဲ့ ဒီလူပြောတဲ့အီစီကလီတွေက ထိပုံရသည်။ ဖြစ်နိုင်သည်။ တစ်ယောက်ယောက်ကစိတ်ဝင်စားနေရင် လေလည်ရင်တောင် ရေမွှေးနံ့ထင်တတ်ကြသည်။ စိတ်မဝင်စားရင်တော့ ဒီအီစီကလီစကားတွေက လုံးဝအညံ့စားတွေ။

မတတ်နိုင်။ ချင်လင်နေရာပြောင်းလိုက်ရသည်။ သူကပိုမြင့်သောနေရာသွားပြီး မိုးတိမ်ကျောက်ကိုသုံးသည်။

တခဏချင်း သူ့လက်ထဲရှိမိုးတိမ်ကျောက်က အရောင်တောက်သွားပြီးနောက် လှုပ်ရှားမှုမရှိတော့။

ချင်လင်ကအာနိသင်မရှိဟုထင်လိုက်သော်လည်း ခဏအကြာ ကောင်းကင်ပေါ်မှမိုးဖွဲလေးများကျလာသည်။

ထူးဆန်းပေစွ။

ဘာပဲဖြစ်ဖြစ် ကောင်းကင်ကကြည်လင်ပြီး တိမ်ကင်းစင်နေတာ။

မိုးဖွဲက ရုတ်ချည်းဆိုသလိုကျလာသည်။

နောက်ပြီး ပတ်ဝန်းကျင်မှာ ကောင်းကင်က အတော်ဝေးဝေးအထိကြည်လင်နေသည်။ သူ့နားလေးသာကွက်ပြီးမိုးဖွဲကျနေ၏။

ထိုအခြေအနေကြောင့် မိုးထဲကလူများ အရမ်းထူးဆန်းနေသည်။

ဟိုအတွဲလည်း အတူတူပင်။

ရုတ်တရက်မိုးရွာသော​ကြောင့် သူတို့နှစ်ယောက်အံ့ဩနေသည်။ သူတို့နားမှာ မိုးအရိပ်အယောင်မတွေ့ရ။ သူတို့အပေါ်သာကွက်ရွာနေပြီး မိုးဖွဲလေးများဖြစ်သည်။

ခါတိုင်း မိုးရွာရင် လူတိုင်းကပြေးကြမည်။ ဒါပေမဲ့ ဒီမိုးဖွဲက ကြည်နူးစရာကောင်းသည်။

ဒီမြင်ကွင်းကို နှစ်ယောက်သားက မိုးနတ်မင်းကောင်းချီးပေးသည်ဟုတွေးကြသည်။

မဟုတ်ရင် သူတို့ချိန်းတွေ့နေတုန်း ဘာလို့မိုးဖွဲကျမလဲ? ကြည်နူးစရာကောင်းအောင်လို့မလား?

ယောက်ျားလေးက မနေနိုင်ဘဲ_

"မိန်းမ.. မိုးရွာနေတယ်... မိုးနတ်မင်းဖန်ဆင်းတာလားပဲ''

ကောင်မလေးကခေါင်းညိမ့်ပြီး_

"အင်း.. ဒီမိုးဖွဲက ကြည်နူးစရာကောင်းလိုက်တာ... ပြီးတော့ ဒီနားလေးပဲရွာတယ်!''

"အချစ်.. ကြည်နူးစရာအနမ်းလေးတစ်ချက်လုပ်ပါဦး!''

"ဘယ်နားနမ်းစေချင်လဲ ယောက်ျား?''

"ဘယ်နားထင်လဲ? အချစ်.. မင်းစိုနေပြီ''

အခန်း ၁၃၇၉: ကမ္ဘာ့စမ်းရေ ၁၁!

မိုးဖွဲအောက်မှချင်လင်က ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ စိတ်ကူးယဉ်ဆန်ဆန်ပြောရရင် မိုးဖွဲက နေရာတစ်ခုကိုရုတ်တရက်အုပ်လိုက်သောလှောင်ချိုင့်နှင့်တူသည်။

နှစ်မိနစ်ကမြန်မြန်ဆန်ဆန်ကုန်သွားပြီး မိုးတိမ်ကျောက်မိုးဖွဲအာနိသင်လည်းပြီးသွားသည်။

ချင်လင်က သူ့လက်ထဲမှရေစက်ပုံသလင်းကျောက်ကိုချက်ချင်းကြည့်လိုက်သည်။

မိုးတိမ်ကျောက်က ပျောက်မသွား။

အရင်တစ်ခါ မှတ်ချက်မှာ (မိုးတိမ်ကျောက်အာနိသင်: ၁/၁) ဆိုတာက?

ကြည့်ရတာ နတ်ဘုရားမစမ်းချောင်းထဲချလိုက်ရင် နေရာတစ်ခုမှာ ၂ မိနစ်ကွက်ပြီးမိုးဖွဲကျနိုင်သောအာနိသင်ရှိပုံရသည်။

တနည်းပြောရရင် ဒီမိုးတိမ်ကျောက်အာနိသင်ကို အကြိမ်ကြိမ်အသုံးချနိုင်သည်။

ထိုအကြောင်းတွေးရင်း ချင်လင်က မိုးတိမ်ကျောက်နှင့်တောင်အောက်ပြန်ဆင်းသည်။ မကြာမီ ဟိုစုံတွဲနားရောက်လာ၏။

သို့ရာတွင် ခြုံပုတ်ထဲမှထူးထူးဆန်းဆန်းအသံများထွက်လာသောကြောင့် သူကြောင်သွားသည်။

ချင်လင်: ''ကျွတ် ကျွတ်''

ဒီနှစ်ယောက် မြွေမကြောက်ကင်းမကြောက်?

သူများစကားခိုးနားထောင်တာမကောင်းသောကြောင့် အမြန်ထွက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။

ရုံးခန်းထဲပြန်ရောက်သောအခါ ချင်လင်ကမိုးတိမ်ကျောက်နှင့် ဂိမ်းထဲအမြန်ဆုံးဝင်ပြီး မိုးတိမ်ကျောက်မှတ်ချက်ကိုပြန်ကြည့်လိုက်သည်:

(မိုးတိမ်ကျောက်အသေး: အထူး!)

(အထူးကျောက်တုံးဖြစ်သည်။ အထူးတည်ရှိမှုတစ်ခုမှကျန်ခဲ့သောပစ္စည်းဖြစ်ပုံရသည်။ နတ်ဘုရားမထံမှအလဲအလှယ်ရသောပစ္စည်းဖြစ်သည်။ နတ်ဘုရားမစမ်းချောင်းထဲချထားလျှင် မိုးဖွဲဖွဲနှစ်မိနစ်ရွာစေနိုင်သောအာနိသင်ရှိသည်။)

(မိုးတိမ်အာနိသင်: ၀/၁)

(အာနိသင်ပြန်ရအောင် နတ်ဘုရားစမ်းချောင်းထဲစိမ်ပါ!)

ထင်တဲ့အတိုင်း။

ချင်လင်လည်း ဂိမ်းထဲမှထွက်လိုက်ပြီး သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမစမ်းချောင်းတွင် မိုးတိမ်ကျောက်ကိုချစေသည်။

အားလုံးပြီးလျှင် ချင်လင်က ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းမှာဆက်တူးစေသည်။

ရက်ပိုင်းအတွင်း နွေဦးသတ္တုတွင်းမှာအသစ်ပွင့်သောအလွှာအားလုံးတူးပြီးသွားသည်။ ၈၅ လွှာရောက်သွား၏။

အထူးမြေကြီးနှင့်ကမ္ဘာ့စမ်းရေမှလွဲပြီး တခြားဘာမှမရ။

မိုးတိမ်ကျောက်ရပြီး သူ့ကံအားလုံးကုန်သွားသလိုပင်။

မနက်စောစော_

ချင်းလင်အပန်းဖြေစံအိမ်မှာ ငြိမ်းချမ်းနေသည်။ မွေးနီက ရှဉ့်တသိုက်ကိုဝါးတောထဲဦးဆောင်ခေါ်သွား၏။

အခုချင်းလင်စံအိမ်မှာ ရှဉ့်အများကြီးရှိသည်။ တချို့က သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာနေပြီး တချို့က ရှဉ့်ခြံထဲမှာနေကြသည်။

ရှဉ့်ခြံမှာ အရင်က အသားကင်စားသောနေရာပင်။

စံအိမ်ချဲ့ထွင်ပြီးနောက် စားသောက်ဆိုင်အသစ်များ၊ အသားကင်စားသောနေရာများတိုးလာသောကြောင့် ပုံစံပြောင်းလိုက်သည်။

မူလရှဉ့်များမှာ မွေးနီနှင့်အပေါင်းအဖော်ဖြစ်သောကြောင့်လော၊ ပိုရဲတင်းလာသောကြောင့်လော မသိ၊ မွေးနီနောက်လိုက်ပြီး ရှုမျှော်ခင်းတစ်နေရာလုံးပတ်သွားသည့်အပြင် အပန်းဖြေစံအိမ်ကိုပါ မကြာခဏရောက်ရောက်လာသည်။

လမ်းတဖက်တွင် ခြင်္သေ့လေးကလည်းခေါင်းငုံ့ပြီး အမြီးတယမ်းယမ်းနှင့် ခွေးသွားစိတ်မြက်စားနေသည်။ အပန်းဖြေစံအိမ်သို့ခေါ်လာပြီးနောက် ခြင်္သေ့လေးကလမ်းမှတ်မိပုံရပြီး မြင်းပြိုင်ကွင်းနှင့်အပန်းဖြေစံအိမ်ကိုကူးချည်သန်းချည်သွားလာသည်။

မြင်းတွေရဲ့လမ်းကြောင်းအသိက သိပ္ပံနည်းကျအထောက်အထားမရှိ။

နောက်ပြီး မြင်းပြိုင်ကွင်းခြံစည်းရိုးက တခြားမြင်းများကိုဟန့်တားနိုင်သော်လည်း ခြင်္သေ့လေးကိုမတားနိုင်။ ရှုမျှော်ခင်းနေရာပတ်သွားပြီး ဘယ်သူ့ကိုမှထိခိုက်အောင်လုပ်ခြင်းမရှိ။ ဝန်ထမ်းကလည်း ဘယ်သူ့မြင်းမှန်းသိသောကြောင့် မတားရဲချေ။

ခြင်္သေ့လေးဘေးတွင် ရှောင်ရန်ရှိသည်။ သူကလည်း ခွေးသွားစိတ်မြက်စားပြီး ခြင်္သေ့လေးထက်တောင်ပိုပျော်နေသည်။

သူ့ကိုယ်လုံးက ခွေးထက်ကြီးနေပြီ။

ဝမ်ချိုင်နှင့်ရှောင်ရွှယ်က ဘယ်ရောက်နေမှန်းမသိ။ ဒီနှစ်ကောင်က ရှုမျှော်ခင်းပတ်ပတ်လည်လျှောက်သွားနေတတ်သည်။

ချင်လင်ကအတွင်းဘက်မှထွက်လာပြီး ဧည့်ခန်းထဲအရောက်တွင် သားဖောက်စက်ရှေ့မှရှောင်ဝူနှင့်ရှောင်ပေါင်က တောင်ပံတဖျတ်ဖျတ်ထခတ်သည်။

ဒီတစ်ခါ ဒီနှစ်ကောင်စိုးရိမ်နေပုံရပြီး သူ့ကိုမြင်သောအခါလှမ်းအော်သည်။

"သခင်.. ကလေး!''

"ကလေး!''

"သခင်!''

သူတို့နှစ်ကောင်အော်သံကြောင့် ချင်လင်လည်းအနားကပ်ကြည့်သည်။ ကြက်တူရွေးဥခွံက ကွဲလာပြီ။

ထို့ကြောင့် ရန်သုံ့ကိုချက်ချင်းဖုန်းဆက်လိုက်၏။

"ရန်သုံ့.. သားဖောက်စက်ထဲကကြက်တူရွေးပေါက်လာပြီ''

သူကဖုန်းဝင်ဝင်ချင်း ပြောလိုက်သည်။

ရန်သုံ့အသံချက်ချင်းထွက်လာ၏_

"ဥက္ကဌချင်.. ကျွန်တော်ဒီနေ့လာရမှာ... ဖုန်းဆက်မယ်မထင်မိဘူး... အခုချက်ချင်းလာခဲ့မယ်''

မကြာမီ ရန်သုံ့က မွေးမြူရေးဌာနမှလူတစ်ယောက်နှင့်အတူရောက်လာသည်။ သူကသားဖောက်စက်ကိုဖွင့်ကြည့်လိုက်သည်။

နှစ်ယောက်သား ခဏအလုပ်ရှုပ်သွားသည်။

ခဏအကြာ ဥနှစ်လုံးနှစ်ခြမ်းကွဲပြီး အတွင်းသားပေါ်လာ၏။ ဥထဲတွင် ပြစ်ချွဲချွဲကြက်တူရွေးကွေးကွေးလေးရှိသည်။

ရန်သုံ့ခေါ်လာသောလူက အာဟာရအရည်တချို့ကို ကြက်တူရွေးလေးပါးစပ်ထဲထည့်သည်။

ရှောင်ဝူနှင့်ရှောင်ပေါင်က ဘေးမှာရပ်ပြီး အထဲကအခြေအနေကိုစိုးရိမ်နေသလို ခေါင်းပြူကြည့်ကြသည်။

သားဖောက်စက်ကိုပြန်ပိတ်လိုက်သည်။

ကြက်တူရွေးဥကိစ္စပြီးချိန်တွင် ရှန်လီဖုန်းဆက်လာသည်။

ရှန်လီက ချင်းလင်ဓာတ်ခွဲခန်းတာဝန်ခံဖြစ်ပြီး အရေးမကြီးရင် သူ့ကိုအနှောင့်အယှက်မပေးတတ်။ သူဖုန်းဆက်ရင် အရေးကြီးကိစ္စဖြစ်ရမည်။

ဖုန်းကိုင်လိုက်သောအခါ ရှန်လီကအစီရင်ခံသည်_

"ဥက္ကဌချင်.. ပြည်တွင်းမှာ မိုးမခဘဲစားမှော်ပထမအသုတ်ဖြန့်ချိတော့မယ်... လာကြည့်ဦးမလား?''

ထိုအမေးကို ချင်လင်ကမငြင်း_

"အင်း.. အခုလာခဲ့မယ်''

မိုးမခဘဲစားမှော်ကို မောရိသျှလေလံတွင်ပြပြီးဖြစ်သော်လည်း မဖြန့်ချိရသေး။ ဒီအတောအတွင်း အသည်းအသန်ပျိုးထောင်ခဲ့ရသည်။

အခန်း ၁၃၈၀: ကမ္ဘာ့စမ်းရေ ၁၁! ၂

အနည်းဆုံးတော့ မဖြန့်ချိခင် အလုံအလောက်ရှိရမည်။ ဖြန့်ချိသောအပင်များကိုလည်း မျိုးသတ်ထားရမည်။

ချင်လင် ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ ရှန်လီကအသင့်စောင့်နေသည်။ သူ့ကို Live လွှင့်ထားသောမာတီမီဒီယာခန်းထဲခေါ်လာ၏။ Live တွင် ရေသန့်စင်မည့်ရေကန်တစ်ကန်ကိုတွေ့ရသည်။

မကြာမီ ရေကန်အ​ခြေအနေကို ချင်လင်သိလိုက်ရသည်။ မင်မြို့တော်မှနာမည်ကြီးရေကန်ဖြစ်ပြီး အလွန်အရသာရှိသောငါးများမွေးမြူထားသည်။

အစိုးရမွေးမြူရေးပရောဂျက်တစ်ခုဖြစ်ပြီး အစိုးရဥယျာဉ်ကြီးနှင့်ကပ်လျက်တွင်ရှိသည်။

သို့ရာတွင် ကားမတော်တဆမှုများကြောင့် ရေကန်ထဲကားတချို့ကျပြီး ဆီယိုစိမ့်ထားသည်။ လက်ရှိရေအရည်အသွေးအလွန်ညံ့နေသောကြောင့် ကန်ထဲရှိငါးအတော်များများသေကုန်သည်။

ချင်လင်ဓာတ်ခွဲခန်းမှာ ရေသန့်စင်နိုင်သောမိုးမခဘဲစားမှော်တစ်မျိုးရှိကြောင်း မင်မြို့သားများသိထားသည်။ ဘာပဲဖြစ်ဖြစ် အရင်တစ်ခါနာမည်ကြီးစဉ်က သူတို့သွားတောင်းခဲ့ဖူးသည်။

ချင်းလင်ဓာတ်ခွဲခန်းကလည်း မိုးမခဘဲစားမှော်ကိုစတင်ဖြန့်ချိတော့မည်ဖြစ်၍ မင်မြို့တော်ကအကူအညီလာတောင်းသောအခါ ချက်ချင်းသဘောတူလိုက်သည်။

မင်မြို့တော်_

ရေကန်မည်းမည်းဘေးတွင် လူအတော်များများစုဝေးနေကြသည်။ အများစုက အရာရှိများဖြစ်သည်။ ရေသန့်စင်ရန် ချင်းလင်ဓာတ်ခွဲခန်းကလူများကို မင်မြို့တော်အရာရှိများကအဖော်လိုက်ပေးရ၏။

ရေအရည်အသွေးတာဝန်ခံမှာ 'ရန်တ'ဖြစ်သည်။

အရင်တစ်ခါ ဆီယိုစိမ့်တုန်းက သူကိုယ်တိုင်ဦးဆောင်ပြီး ရေအရည်အသွေးလာတိုင်းခဲ့သည်။ အခြေအနေအလွန်ဆိုးသောကြောင့် ချင်းလင်ဓာတ်ခွဲခန်းကိုအကူအညီတောင်းရန် အထက်လူများကိုတောင်းဆိုခဲ့ခြင်းပင်။

သတင်းထောက်များလည်း ရောက်နေကြသည်။

မိုးမခဘဲစားမှော်က အလွန်နာမည်ကြီးခဲ့သည်။ အခုအပြင်မှာပထမဆုံးအကြိမ်အသုံးချတော့မည်ဖြစ်၍ အာရုံမစိုက်ဘဲမနေနိုင်။

"ပါမောက္ခချန်.. ဒီနေရာမှာ ဘယ်အချိန်စမလဲ?''

ရန်တက ချင်းလင်ဓာတ်ခွဲခန်းမှပါမောက္ခကိုတရိုတသေမေးလိုက်သည်။

ချင်းလင်ဓာတ်ခွဲခန်းမှတော်ဝင်ပညာရှင်လီခိုင်နှင့်မြို့ထဲမှသူဌေးကြီးလီတော်စပ်ပုံကို သူသိသည်။

မကြာမီ သူဌေးကြီးလီက စီရင်စုမှမြို့တော်ထဲတောင်ဝင်ရတော့မည်ဟု ကောလာဟလများထွက်နေသည်။

"အခုစလို့ရပါပြီ''

ပါမောက္ခချန်ကပြုံးပြုံးနှင့်ပြောသည်။

တကယ်တော့ အစောကတည်းကစလုပ်နိုင်သော်လည်း ဥက္ကဌရှန်က ဥက္ကဌချင်ကြည့်ချင်သည်ဆိုသောကြောင့် သူတို့စောင့်နေရသည်။

အခုနားကြပ်မှတဆင့် စတင်နိုင်ပြီဟုညွှန်ကြားလိုက်သည်။

ဘဲစားမှော်အသုံးပြုခြင်းမှာ နည်းပညာသိပ်မပါ။ ဘဲစားမှော်အားလုံး ရေကန်မည်းထဲထည့်ပြီး စောင့်နေရုံပင်။

မကြာမီ သေတ္တာကြီးနှင့်ဘဲစားမှော်များသယ်လာသည်။ သေတ္တာဖွင့်ပြီး အထဲရှိဘဲစားမှော်အုံလိုက်ကို ရေကန်မည်းထဲထည့်သည်။

ရေကန်ထဲတွင်အသင့်စောင့်နေသောလှေတချို့လည်းရှိသည်။ ဘဲစားမှော်များထည့်ပြီးနောက် လှေပေါ်ရှိလူများက ဘဲစားမှော်ကိုလှော်တက်နှင့်လိုက်ဖြန့်သည်။

မြန်မြန်ဆန်ဆန်ပင်၊ ရေကန်မည်းတစ်ကန်လုံး မိုးမခဘဲစားမှော်များဖုံးလွှမ်းသွားသည်။ သတင်းထောက်များကလည်း ဓာတ်ပုံအသည်းအသန်ရိုက်ကြသည်။

မိုးမခဘဲစားမှော်အာနိသင်က ကြောက်ခမန်းလိလိပင်။

နောက်တစ်နေ့ ရေကန်ထဲမှမိုးမခဘဲစားမှော်အားလုံး အမည်းရောင်ပြောင်းချိန်တွင် ရေကန်ထဲမှဆယ်ယူလိုက်သည်။ ရန်တကဦးဆောင်ပြီး ရေအရည်အသွေးကိုချက်ချင်းစစ်ဆေးသည်။

မကြာမီ ရန်တတို့ကအံ့ဩသံနှင့်_

"ရေအရည်အသွေးက တစ်ညတည်းနဲ့ပြန်ကောင်းသွားတယ်... ချင်းလင်ဓာတ်ခွဲခန်းရဲ့မိုးမခဘဲစားမှော်က အံ့ဩစရာပဲ''

"ပြန်ကောင်းတာမဟုတ်ဘူး... အရင်ထက်တောင်ပိုကောင်းသေးတယ်!''

"အမှန်ပဲ... ငါရထားတဲ့အချက်အလက်အရ ရေအရည်အသွေးကတိုးတက်သွားတယ်''

ရန်တတို့၏တရားဝင်စမ်းသပ်ချက်ရလဒ်ကြောင့် သတင်းထောက်များကအင်တာဗျူးပြီး ဓာတ်ပုံရိုက်ကြပြန်သည်။

သတင်းထောက်များ၏စိတ်အားထက်သန်မှုလည်း အမြင့်ဆုံးရောက်နေ၏။

ထို့ကြောင့် မကြာမီ အင်တာနက်တစ်ခုလုံး မိုးမခဘဲစားမှော်သတင်းများပြည့်သွားတော့သည်:

"ပြည်တွင်းမှာပထမဆုံးအသုံးချတဲ့မိုးမခဘဲစားမှော်ရဲ့အံ့ဩစရာအာနိသင်!''

"ဆီယိုစိမ့်မှုကို မိုးမခဘဲစားမှော်နဲ့ ညတွင်းချင်းဖြေရှင်း!''

"ညတွင်းချင်း အံ့ဩစရာဖြစ်သွားတယ်... ချင်းလင်ဓာတ်ခွဲခန်းရဲ့မိုးမခဘဲစားမှော်ရှိရင် ရေအရည်အသွေးက ပြဿနာဟုတ်သေးရဲ့လား?''

ရေကန်မည်းကိုမြန်မြန်ဆန်ဆန်ကိုင်တွယ်နိုင်သောရလဒ်က လိုင်းပေါ်ပြန့်သွားသည်။

ဒီတစ်ခါ မိုးမခဘဲစားမှော်က ရေကန်မည်းကိုကြည်လင်စေရုံသာမက ရေအရည်အသွေးပါပိုကောင်းအောင်လုပ်နိုင်ခဲ့သည်။

အမှတ် ၁၀၀ မှန်းထားသော်လည်း ၁၂၀ ရခဲ့၏။

တခဏချင်း ချင်းလင်ဓာတ်ခွဲခန်းသို့ ဖုန်းများတဂွမ်ဂွမ်ဆက်ကြသည်။ ကမ္ဘာတလွှားရှိအရာရှိများ၊ ကုမ္ပဏီများက မိုးမခဘဲစားမှော်အကြောင်းစုံစမ်းချင်ကြသည်။

ချင်လင်က ထိုကိစ္စကိုလည်းအာရုံမစိုက်ပြန်။

မနက်စောစောစီးစီး သူ့ရုံးခန်းထဲဝင်ထိုင်ပြီး ဂိမ်းဇာတ်ကောင်ကိုသတ္တုတူးစေသည်။

နွေဦးသတ္တုတွင်းတူးပြီးသော်လည်း ရေကန်သတ္တုတွင်းကမပြီးသေး။ ၄၈ လွှာအထိသာရှိသေးသည်။

ဂိမ်းဇာတ်ကောင်အဆင့်တက်ပြီးနောက် ရေကန်သတ္တုတွင်းမှာလည်း အလွှာသစ်ပွင့်သည်။

တစ်ခါတလေ ကံကောင်းပြီး ထင်မထားတာတွေရုတ်တရက်ရတတ်သည်။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ၄၉ လွှာထဲဝင်စေသည်။ ပထမတစ်ချက်တူးတူးချင်း အသိပေးစာတက်လာ၏:

(ဂုဏ်ယူပါတယ်၊ ကမ္ဘာ့စမ်းရေ ၁၁ ရလိုက်ပါပြီ!)

ဂိမ်းထဲတွင် ကာတွန်းပုံလည်းတက်လာသည်။ ဂိမ်းဇာတ်ကောင်တူးလိုက်သောမြေတွင် စမ်းရေပန်းထွက်ပြီး ရေပုံးထဲပြည့်သွားသည်။

တကယ်ကြည်နူးအံ့ဩစရာ။

ကမ္ဘာ့စမ်းရေအမျိုးအစားများစွာရှိပြီး အာနိသင်ချင်းမတူ။ ဒီနံပါတ် ၁၁ မှာ အရင်နှင့်မတူသောအာနိသင်မျိုးရှိလိမ့်မည်။

ချင်လင် သိချင်သွားသည်။ သူကချက်ချင်း ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေပြီး ရုံးခန်းတံခါးပိတ်ကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

(ကမ္ဘာ့စမ်းရေ ၁၁: အထူး)

(မြေအောက်ရေအထူးအမျိုးအစားဖြစ်သည်။ စွမ်းအားတစ်ခုသက်ရောက်မှုကြောင့် အထူးအာနိသင်ရှိပုံရသည်။ တချို့အပင်မျိုးစေ့ကို မျိုးစိတ်ပြောင်းနိုင်သည်။

မျိုးစိတ်ပြုပြင်ပြောင်းလဲခြင်း +၃ အမည်မသိ)

(ကန့်သတ်ချက်: အဆင့် ၁ သီးနှံမျိုးစေ့ကိုသာ ပြုပြင်ပြောင်းလဲနိုင်သည်။ ပြုပြင်ပြောင်းလဲနိုင်သောမျိုးစေ့အရေအတွက် ၅/၅!)

ကမ္ဘာ့စမ်းရေအာနိသင်ကြောင့် ချင်လင်အံ့ဩသွားသည်။ မျိုးရိုးဗီဇဟူသောခေါင်းစဉ်မှာ လူသားသုတေသနတွင် အမြဲတမ်းအဓိကဆွေးနွေးစရာတစ်ခုဖြစ်သည်။

မျိုးရိုးဗီဇက အပင်ဆိုရင်တောင်မှပေါ့။

လူ့အဖွဲ့အစည်းတိုးတက်လာသည်နှင့်အမျှ အပင်မျိုးစိတ်လေ့လာရေးလည်း ပိုအားကောင်းလာသည်။ သို့သော် အပင်မျိုးစိတ်များကိုကျွမ်းကျင်ပိုင်နိုင်စွာထိန်းချုပ်နိုင်ရန်မှာ အလှမ်းဝေးနေသေးသည်။ ထိုအဆင့်၏အဖျားအနားတောင် မရောက်သေး။

ဒါပေမဲ့ ဒီကမ္ဘာ့စမ်းရေက အပင်မျိုးစိတ်ကိုတိုက်ရိုက်ပြောင်းလဲနိုင်ရင်၊ မျိုးပြောင်းအပင်တစ်ပင်ကိုဖန်တီးနိုင်တယ်ဆိုရင် ဘယ်လောက်အံ့ဩစရာကောင်းလိုက်လဲ?

အကန့်အသတ်ရှိရင်တောင်၊ အဆင့် ၁ အပင်မျိုးစိတ်ကိုပဲပြုပြင်ပြောင်းလဲနိုင်ရင်တောင် လက်ရှိနည်းပညာအရ ထိန်းချုပ်ရန်ခက်သေးသည်။

အထူးသဖြင့် ပြုပြင်ပြောင်းလဲလိုက်သောမျိုးစေ့မှာ +၃ အာနိသင်ရှိမည်ဖြစ်သောကြောင့် အရည်အသွေး ၃ သီးနှံဖြစ်သွားမည့်သဘောပင်။ အံ့ဩစရာ။

သူရထားသမျှသီးနှံထဲတွင် အရည်အသွေး ၃ ကရှားသည်။

ချင်လင်ကချက်ချင်းဂိမ်းထဲမှထွက်ပြီး သတ္တုမြို့တော်မျိုးစေ့ဆိုင်တွင် မျိုးစေ့များဝယ်သည်။ ကန့်သတ်ချက်ရှိသောကြောင့် အဆင့် ၂ နှင့်အထူးမျိုးစေ့များအပေါ် ကမ္ဘာ့စမ်းရေသုံးမရသောကြောင့် အဆင့် ၁ မျိုးစေ့များသာဝယ်သည်။

မျိုးစေ့ ၅ မျိုးဝယ်ပြီးနောက် မျိုးစေ့ကိုပြုပြင်ပြောင်းလဲရန် ဂိမ်းဇာတ်ကောင်အား ကမ္ဘာ့စမ်းရေထုတ်စေသည်။

(ဂုဏ်ယူပါတယ်၊ ကမ္ဘာ့စမ်းရေ ၁၁ သုံးပြီး သာမန်ဖရုံမျိုးစေ့ကိုပြုပြင်ပြောင်းလဲလိုက်ပါပြီ!)

(ဂုဏ်ယူပါတယ်၊ ... )

(ဂုဏ်ယူပါတယ်၊ ... )

မျိုးစေ့ ၅ မျိုးဆက်တိုက်ပြုပြင်ပြောင်းလဲပြီးနောက် ချင်လင်ကအတွေးနှင့်ဂိမ်းထဲဝင်ပြီး မျိုးစေ့ ၅ မျိုးကိုကြည့်လိုက်သည်။

(မျိုးပြောင်းဖရုံစေ့: အဆင့် ၁)

(အထူးမျိုးပြောင်းထားသောမျိုးစေ့ဖြစ်မည်။

မျိုးပြောင်းအာနိသင် +၃ အမည်မသိ!)

ချင်လင်က မျိုးစေ့ ၅ မျိုးဆက်တိုက်ကြည့်လိုက်သည်။ အားလုံးမှာ ထပ်တိုးမျိုးပြောင်းအရည်အသွေးရှိပြီး မျိုးပြောင်းအာနိသင် +၃ အမည်မသိချည်းသာ။

စိုက်ပြီးမှသိရလိမ့်မည်။

ဘာပဲဖြစ်ဖြစ် +၃ အာနိသင်ရှိသောကြောင့် သူမျှော်လင့်စောင့်စားမိသည်။ သူကဂိမ်းထဲချက်ချင်းစိုက်ရန်ပြင်လိုက်သည်။

ချင်လင်က အိတ်ငါးအိတ်ထဲမှမျိုးစေ့တချို့ထုတ်ပြီး ဂိမ်းအပြင်ယူလာသည်။

ဂိမ်းစနစ်ကြောင့် မျိုးစေ့များစိုက်သည်နှင့် အိတ်ပြည့်သွားမည်။ အဓိကက ဂိမ်းထဲမှာအပင်ကြီးလာရင် လူပုလေးများကရိတ်သိမ်းသွားသောကြောင့် မျိုးစေ့မကျန်ခဲ့။

ထို့ကြောင့် သူကလက်တွေ့ဘဝထဲမှာပျိုးထောင်ရန် မျိုးစေ့တချို့ချန်စိုက်သည်။

ချင်လင်က မျိုးစေ့များကို ဂိမ်းအပြင်ထုတ်ယူလာသည်။ ရုံးခန်းထဲပြန်ရောက်သောအခါ ပြုပြင်ပြောင်းလဲထားသောမျိုးစေ့များကို ခြံထဲတွင်စိုက်ရန်စီစဉ်သည်။

သူ့ဂိမ်းဇာတ်ကောင်ကို ရေကန်သတ္တုတွင်းမှာ ဆက်မတူးခိုင်းသေး။

အရင်တစ်ခါ နွေဦးသတ္တုတွင်းမှာ သင်ခန်းစာအကြီးကြီးရခဲ့ပြီ။ တစ်ခုခုတူးဖော်ရရှိပြီးရင် ဆက်တူးလည်း ဗလာဖြစ်ဖို့များသည်။

ချင်လင်က ရေကန်သတ္တုတွင်းကိုနောက်မှဆက်တူးရန်ဆုံးဖြတ်လိုက်သည်!

နောက်တစ်နေ့ ချင်လင်အိပ်ရာထပြီး မနက်စာစားပြီးချိန်တွင် ပြုပြင်ပြောင်းလဲထားသောမျိုးစေ့ ၅ မျိုးရင့်မှည့်ပြီဖြစ်ကြောင်းအသိပေးစာတက်လာသည်!

သူကချက်ချင်း ဂိမ်းဖန်သားပြင်ကိုကြည့်လိုက်ရာ ရင့်မှည့်နေသောမျိုးစေ့များကိုမြင်ပြီး အံ့အားသင့်သွားသည်။

All Chapters