← Chapters

အခန်း (၁၃၇၂-၁၃၇၄)

Vol. 92 Ch. 1372-1374

အခန်း (၁၃၇၂-၁၃၇၄)

Vol. 92 Ch. 1372-1374

အခန်း ၁၃၇၂: ချင်းလင်ဓာတ်ခွဲခန်းက တော်ဝင်ပညာရှင်! ၂

နတ်သမီးပုံပြင်ကမ္ဘာထက်ပိုပြီး နတ်သမီးပုံပြင်ကမ္ဘာဆန်သွားမည်။

ထိုအတွေးနှင့် သူမျှော်လင့်စောင့်စားမိသည်။

ပါမောက္ခဝမ်ပြောသောလက်*နက်ကိုလည်း သူတွေးကြည့်သည်။ မာဘယ် TV စီးရီးထဲမှာ ရေခဲသေ*နတ်လိုပစ္စည်းပါသည်။

ပါမောက္ခဝမ်သာ မှင်စာလက်အိတ်အစွမ်းရရင် ဘယ်လောက်အံ့ဩစရာကောင်းလိုက်မလဲ?

ဒါပေမဲ့ ဒါမျိုးရဖို့မလွယ်။ ဒီလောက်မရိုးရှင်း။

ထို့ကြောင့် ချင်လင်က ပါမောက္ခဝမ်အား_

"ပါမောက္ခဝမ်.. ဒီပစ္စည်းကိုခပ်ကြီးကြီးထုတ်ကြည့်ပါ... ကြီးလေကောင်းလေပဲ... တောင်တစ်တောင်လုံးဖုံးလွှမ်းနိုင်ရင် အကောင်းဆုံးပေါ့''

"ဥက္ကဌချင်''

ပါမောက္ခဝမ်ကရှင်းပြသည်_

"ကျုပ်စမ်းသပ်ပြီးပါပြီ... မကြာခင် အဖြေထွက်နိုင်ပါတယ်... အဲဒီအပိုင်းကကုန်ကျစရိတ်များလို့ပါ''

"ပိုက်ဆံက ကိစ္စမရှိပါဘူး!''

ချင်လင်ကတန်းပြောလိုက်သည်။

သူ့စိတ်ထဲမှာပုံဖော်ထားတဲ့မြင်ကွင်းကို သူကြည့်ချင်သည်။ ပိုက်ဆံကတော့ သူ့ကတ်ထဲမှာဘယ်လိုသုံးရမှန်းမသိသေးတဲ့ ၄၃ ဘီလီယံရှိသေးသည်။

ပါမောက္ခဝမ်ကနားထောင်ရင်း ကြောင်သွားသည်။ သူအဓိပ္ပါယ်မရှိတာတွေပြောမိပြီ။

သူ့သူဌေးက ဘယ်လိုလုပ်ပိုက်ဆံမရှိဘဲနေပါ့မလဲ?

ဒီနှစ် လူချမ်းသာ၊ဩဇာရှိစာရင်းထွက်လာပြီ။ သူ့သူဌေးနာမည်မပါသော်လည်း လက်ရှိချင်းလင်ကုမ္ပဏီများ၊ အထူးသဖြင့် ချင်းလင်ဓာတ်ခွဲခန်းအခြေအနေအရ သူဌေးက ထိပ်ဆုံး ၂၀ မှာပါနိုင်သည်ဟုလူတိုင်းသိထားသည်။ အချမ်းသာဆုံးတောင်ဖြစ်ရင်ဖြစ်မည်။

နောက်ပြီး သူဌေးရဲ့ချမ်းသာကြွယ်ဝမှုက တခြားသူဌေးတွေလိုစျေးကွက်တန်ဖိုးကိုအခြေခံထားပြီးတွက်ချက်ခြင်းမဟုတ်။ ပိုလက်တွေ့ကျသည်။ ကုမ္ပဏီတိုင်း၏ဝင်ငွေစီးဆင်းမှုက ကြောက်စရာကောင်းသည်။

ဒီလိုလူမျိုးကိုပိုက်ဆံအကြောင်းပြောတာ တကယ်မသိတတ်လေခြင်း။

"မပူပါနဲ့ ဥက္ကဌချင်''

ပါမောက္ခဝမ်က ကတိပေးသည်_

"ကျုပ်အမြန်ဆုံးအကောင်အထည်ဖော်ပါမယ်''

"ပင်ပန်းသွားပြီ''

ချင်လင်က ခေါင်းညိမ့်ချီးကျုးလိုက်သည်။

မှင်စာလက်အိတ်ကိုကြည့်ပြီး ပါမောက္ခဝမ်တကယ်အလုပ်လုပ်ကြောင်းသိနိုင်သည်။ သူသာအောင်မြင်ရင် ဆုချရမည်။

တကယ်တော့ ပါမောက္ခဝမ်က ဆုကိုလုံးဝဂရုမစိုက်။ အခွင့်အရေးသာရချင်သည်။

ဥက္ကဌချင်က သူ့ကိုအခွင့်အရေးပေးသည်။

ဒီပစ္စည်းကို ဥက္ကဌချင်ဘယ်ကရခဲ့မှန်းမသိသော်လည်း စမ်းသပ်ပြီးအသုံးချနိုင်သောစာတမ်းရေးနိုင်ရင် ရှေ့လျှောက်ဘယ်သု့အလုပ်ဖြစ်လာမည်မပြောနိုင်။

ကမ္ဘာတလွှားကဓာတ်ခွဲခန်းတွေမှာ ဒီလိုဖြစ်နေကျပင်။

တကယ်တော့ နိုင်ငံအတော်များများက သူများနိုင်ငံမှအချက်အလက်များကိုခိုးပြီး သူတို့ကိုယ်ပိုင်သုတေသနလုပ်ကြသည်။ ပစ္စည်းကိုအရင်ဆုံးထုတ်၊ ဖြန့်ဝေပြီး မူပိုင်ခွင့်တင်လိုက်ရင် သူတို့အပိုင်ဖြစ်ပြီ။

ဒါက ဖြစ်နိုင်ခြေတစ်ခုသာ။ ပြောရခက်သောတခြားဖြစ်နိုင်ခြေများလည်းရှိသည်။

သူအခုစမ်းသပ်နေသောပစ္စည်းက ဒီလိုအခြေအနေထဲကတစ်ခုဖြစ်မည်ဟုထင်သည်။

ပစ္စည်းတွင်ပါသောလုပ်နည်းများကရှုပ်ထွေးပြီး မယုံနိုင်စရာကောင်းသည်။ ဘယ်သူမှမထုတ်ကြသေး။

ပါမောက္ခဝမ်က စာရွက်စာတမ်းများအမြန်ထုတ်ပြီး ချင်လင်ဆီပေးကာ_

"ဥက္ကဌချင်.. ဒီစာတမ်းကိုတစ်ချက်ကြည့်ပါဦး!''

ချင်လင်က စာတမ်းယူကြည့်လိုက်သည်။

"အထူးရေခဲနိယာမသုတေသန''

ဒီအလုပ်အတွက် ပါမောက္ခဝမ်၏စာတမ်းပင်။ ပါမောက္ခဝမ်ပြောချင်တာ သူသဘောပေါက်သည်။

ဒါလည်းကောင်းသား။ စမ်းသပ်ခဲ့တာ ပါမောက္ခဝမ်ပဲ။ သူနာမည်ခံချင်မှတော့ ပေးခံလိုက်ရုံသာ။

ချင်လင်က_

"ပါမောက္ခဝမ်.. ဒီစာတမ်းတွေအကြောင်း ကျွန်တော်သိပ်မသိဘူး... ကျွန်တော်ယူသွားပြီးတော့ တရုတ်သိပ္ပံအကယ်ဒမီကတော်ဝင်ပညာရှင်တွေကိုကူဖတ်ခိုင်းမယ်... ဒီပစ္စည်းဘယ်ကရလဲတော့ ဘယ်သူ့ကိုမှမပြောပါနဲ့... ရလဒ်တစ်ခုခုထွက်ရင် သုတေသနကိုဦးဆောင်သူက ခင်ဗျားပါပဲ''

ထိုစကားကြောင့် ပါမောက္ခဝမ်မျက်လုံးကျယ်သွားသည်။ သူကချက်ချင်းကတိပေးလိုက်၏_

"ဥက္ကဌချင်.. ဒီအပိုင်းမှာမပြောသင့်တဲ့စကားတွေကို ကျုပ်နားလည်ပါတယ်... ကျေးဇူးတင်ပါတယ် ဥက္ကဌချင်''

သူ့အထင်မှန်နေပြီ။ ဒီပစ္စည်းက ဟွားယွမ်ကဖြစ်မည်။

ထို့ကြောင့် သူမျှော်လင့်ချက်နှင့်စိတ်လှုပ်ရှားမိသည်။

သူ့စာတမ်းမှာပြဿနာမရှိကြောင်း ဟွားယွမ်ကအတည်ပြုလိုက်ရင် ဒီစာတမ်းက သူ့လုပ်ဆောင်ချက်ဖြစ်ပြီ။

ရလဒ်ကမထိုက်တန်သော်လည်း ဂုဏ်ရှိမည်။

ဒီဆွဲဆောင်မှုကို ဘယ်သူခံနိုင်မလဲ?

ထို့ကြောင့် ချင်လင်ကိုကျေးဇူးတင်အကြည့်နှင့်ကြည့်မိသည်။ ရှေ့လျှောက် ဥက္ကဌချင်နှင့်ချင်းလင်ဓာတ်ခွဲခန်းအတွက်အလုပ်ကြိုးစားမည်ဟုတိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဥက္ကဌချင်က ဒီပစ္စည်းကိုစမ်းသပ်ဖို့အခွင့်အရေးပေးခဲ့သည်။ ဒါသူ့ကိုမျက်နှာသာပေးခြင်း၊ အသိအမှတ်ပြုခြင်း၊ အခွင့်အရေးပေးခြင်းပင်။

“???”

ချင်လင်က ကြောင်နေသည်။ ပါမောက္ခဝမ်ပြောတာ သူနားမလည်။

မပြောသင့်တဲ့စကားတွေက ဘာလဲ?

သူဘာလို့မသိရတာလဲ?

ဒါပေမဲ့ ဒါအရေးမကြီးတော့။ နာမည်ခံမယ့်သူရှိရင် ရပြီ။

ချင်လင်က ပါမောက္ခဝမ်စာတမ်းနှင့် ချင်းလင်ဓာတ်ခွဲခန်းမှထွက်လာသည်။ ချင်းလင်အပန်းဖြေစံအိမ်ပြန်ရောက်ရောက်ချင်း ပါမောက္ခဝမ်စာတမ်းကို ဝန်ကြီးလုအီးမေးလ်ထဲပို့လိုက်သည်။

ဝန်ကြီးလုကိုလည်းတခါတည်း ဖုန်းဆက်လိုက်၏။

ဘာပဲဖြစ်ဖြစ် ဂိမ်းထဲကမှင်စာနည်းပညာကိုစမ်းသပ်နိုင်မည့်နည်းဖြစ်သောကြောင့် သူကိုယ်တိုင် ဝန်ကြီးလုကိုပြောသင့်သည်ထင်သည်။ မဟုတ်လို့ ရုတ်တရက်စာတမ်းပို့လိုက်ရင် ဝန်ကြီးလုဇဝေဇဝါဖြစ်သွားမည်။

ဝန်ကြီးလုမှာ သူ့ရုံးခန်းထဲပြန်ရောက်ရုံရှိသေး၊ ချင်လင်ဖုန်းဝင်လာသည်။ သူနည်းနည်းအံ့ဩသွား၏။

သူဌေးချင်က အကြောင်းမရှိရင်ဖုန်းမဆက်တတ်မှန်း သူသိသည်။ ဆက်ရင် တစ်ခုခုထူးပြီ။

သူကချက်ချင်းဖုန်းကိုင်ပြီး_

"သူဌေးချင်..ငါရုံးခန်းထဲပြန်ရောက်ရောက်ချင်း မင်းဖုန်းဝင်လာတာပဲ''

ချင်လင်လည်း လိုရင်းတန်းပြောလိုက်သည်_

"ဝန်ကြီးလု.. ကျွန်တော်အီးမေးလ်နဲ့စာတမ်းပို့ထားတယ်... ကျွန်တော်တို့ဓာတ်ခွဲခန်းကပါမောက္ခတစ်ဦးသုတေသနလုပ်ထားတာ... တော်ဝင်ပညာရှင်တွေကြည့်ပေးစေချင်ပါတယ်... အစ်ကိုလီရော ကျွန်တော်ရော ဒီအပိုင်းမှာသိပ်မကျွမ်းဘူး''

ထိုစကားကြောင့် ဝန်ကြီးလုနည်းနည်းအံ့ဩသွားသည်။ ချင်လင်နှင့်ခဏစကားပြောပြီးနောက် ဖုန်းချကာ ကွန်ပျူတာတွင်အီးမေးလ်အမြန်ဖွင့်ကြည့်သည်။

သူဌေးချင်က အကြောင်းအရင်းမရှိ စာတမ်းပို့မည်မဟုတ်။ ပို့ရင်လည်း သာမန်မဖြစ်နိုင်။

ဝန်ကြီးလုက ပါမောက္ခဝမ်စာတမ်းကိုအမြန်ဖတ်လိုက်သည်။ ရေခဲနိယာမသုတေသနပင်။

သူကတာဝန်ခံဖြစ်သော်လည်း ဒီအကြောင်းနားမလည်၍ ချက်ချင်းတော်ဝင်ပညာရှင်တချို့ခေါ်ပြီးကြည့်ခိုင်းသည်။

တော်ဝင်ပညာရှင်များက စာတမ်းကိုချက်ချင်းဖတ်ကြည့်ကြသည်။

စာတမ်းဖတ်ပြီးနောက် တော်ဝင်ပညာရှင်များအံ့ဩသွားပုံရသည်။

"ဒီစာတမ်းက အရမ်းနက်နဲတာပဲ... ရေခဲစွမ်းအင်မှာတိုးတက်မှုအသစ်ရထားတယ်ထင်တယ်!''

"ဟုတ်တယ်... နည်းပညာပိုင်းမပါတဲ့စာတမ်းသက်သက်ဆိုပေမဲ့ ထုတ်ကုန်ကသာမန်မဖြစ်နိုင်ဘူး''

"အင်း.. ဒီအဆင့်ကို ငါတို့တောင်သုတေသနလုပ်နိုင်ပါ့မလား''

ဝန်ကြီးလုကအံ့ဩသံနှင့်မေးသည်_

"တော်ဝင်ပညာရှင်တို့... ဒီစာတမ်းက အရမ်းကောင်းတာလား?''

တော်ဝင်ပညာရှင်တစ်ဦးက ခေါင်းညိမ့်ပြီး_

"အရမ်းကောင်းတာပေါ့... အရမ်းနက်နဲတယ်... ဒီလိုစာတမ်းမျိုး ငါတို့တောင်မလုပ်နိုင်လောက်ဘူး''

နောက်တစ်ဦးကဝင်ပြောသည်_

"အဓိကက ဒါလည်းလမ်းကြောင်းအသစ်တစ်ခုပဲ... သုတေသီတစ်ဦးက သုတေသနလမ်းကြောင်းအသစ်နဲ့ရလဒ်ပါထွက်နိုင်ရင် အံ့ဩစရာအကောင်းဆုံးပေါ့''

တတိယတစ်ဦးကလည်း_

"ဒါသုတေသီတစ်ယောက်တည်းရဲ့ရလဒ်မ​ဖြစ်နိုင်ဘူး... ဘယ်သူ့သုတေသနလဲ?''

တော်ဝင်ပညာရှင်များ အလွန်အံ့ဩနေကြသည်။ ချင်းလင်ဓာတ်ခွဲခန်းမှပါမောက္ခတစ်ဦး၏မှင်စာလက်အိတ်စမ်းသပ်ချက်ရလဒ်မှန်း သူတို့မသိ။ သူ့ကိုယ်ပိုင်သုတေသန လုံးဝမဟုတ်ချေ။

ထိုစကားကြောင့် ဝန်ကြီးလုအံ့ဩသွားသည်။

ဒါ ချင်းလင်ဓာတ်ခွဲခန်းမှာ တော်ဝင်ပညာရှင်လိုလုပ်နိုင်စွမ်းရှိတဲ့သူနောက်တစ်ယောက်ရှိနေတဲ့သဘောလား?

သူလုံးဝအံ့အားသင့်ရသည်။

ချင်းလင်ဓာတ်ခွဲခန်းက အံ့ဩစရာတွေပေးပြီးရင်းပေးနေသည်။

တော်ဝင်ပညာရှင်များက အံ့ဩရုံသာ။ ချင်းလင်ဓာတ်ခွဲခန်းမှာ တော်ဝင်ပညာရှင်ရှောင်ချင်နှင့်လီခိုင်ရှိမှန်း လူတိုင်းသိသည်။

ဒီနှစ်ယောက်လုပ်နိုင်စွမ်းက သံသယဖြစ်စရာမရှိ!

ချင်းလင်ဓာတ်ခွဲခန်းက ဒီလိုအံ့ဩစရာသုတေသီမျိုးမွေးထုတ်နိုင်မည်ဟု သူတို့မထင်မိခြင်းသာ။

"ကြည့်ရတာ ချင်းလင်ဓာတ်ခွဲခန်းက သုတေသနပတ်ဝန်းကျင်အရမ်းကောင်းတဲ့ပုံပဲ''

ဝန်ကြီးလုက စိတ်လှုပ်ရှားသံနှင့်ပြောလိုက်သည်။

ချင်းလင်ဓာတ်ခွဲခန်းက လျှို့ဝှက်ချက်မပေါက်ကြားသော်လည်း အရေးမကြီးသောကိစ္စတချို့ကို အပြင်ကသိကြသည်။

ဥပမာ ချင်းလင်ဓာတ်ခွဲခန်းမှသုတေသီများက ချင်းလင်ဓာတ်ခွဲခန်းတွင်အလုပ်လုပ်ရသည့်အကြောင်းကို သူတို့အတန်းဖော်များ၊ အရင်ကြီးကြပ်သူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ပြောကြသည်။

သူတို့အလုပ်လုပ်ဖူးသမျှတွင် ချင်းလင်ဓာတ်ခွဲခန်းကအကောင်းဆုံးဟုဆိုကြသည်။

တော်ဝင်ပညာရှင်လီခိုင်က တခြားသုတေသီများကိုအခွင့်အရေးပေးလိုစိတ်ရှိသည်။ သူ့သုတေသနရလဒ်ကိုတောင်မျှဝေလိုစိတ်ရှိပြီး ပါဝင်သူအားလုံးကို သုတေသနစာရင်းမှာထည့်ပေးသည်။

သူတို့သာကြိုးစားရင် ဒုတိယအဆင့်စာရင်းထဲမပါမှာစိုးရိမ်စရာမလို။

ထို့ကြောင့် ဓာတ်ခွဲခန်းတစ်ခုလုံးကသုတေသီများတက်ကြွနေခြင်းပင်။ သုတေသနအတွက်စိတ်အားထက်သန်ခြင်းက အင်အားတစ်ခုဖြစ်လာသည်ဟုဆိုနိုင်သည်။

ဒါကြောင့်လည်း တော်ဝင်ပညာရှင်လီခိုင်က သုတေသနမှာသတင်းမွှေးခြင်းပင်။ ကိုယ်ကျိုးမငဲ့တတ်သောကြောင့် လူတိုင်းကအကောင်းမြင်ကြသည်။

ဒီလိုပတ်ဝန်းကျင်မျိုးက သုတေသနအတွက်တကယ်ကောင်းကြောင်း အခုသက်သေပြလိုက်ပြီ။

ချင်းလင်ဓာတ်ခွဲခန်းမှာ သူဌေးချင်နဲ့တော်ဝင်ပညာရှင်လီခိုင်အပြင် နောက်ထပ်အံ့ဩစရာသုတေသီတစ်ယောက်ထွက်လာပြန်ပြီပေါ့!

အခန်း ၁၃၇၃: မြေပြောင်းလဲခြင်း!

နောက်တစ်နေ့_

ချင်လင်အိပ်ရာထပြီး မနက်စာစားသည်။ အပန်းဖြေစံအိမ်ရုံးခန်းထဲရောက်သောအခါ ဝန်ကြီးလုဖုန်းဆက်လာသည်။

မနေ့ကပါမောက္ခဝမ်စာတမ်းအကြောင်းဖြစ်မည်ဟုတွေးမိပြီး ချက်ချင်းဖုန်းကိုင်လိုက်သည်။

ဝန်ကြီးလုအသံကိုတန်းကြားရသည်_

"သူဌေးချင်.. ဂုဏ်ယူပါတယ်.. မင်းရဲ့ဓာတ်ခွဲခန်းမှာ နောက်ထပ်အံ့ဩစရာသုတေသီတစ်ယောက်ရှိနေပြီ... ပါမောက္ခဝမ်ရဲ့စာတမ်းကြောင့် တော်ဝင်ပညာရှင်တွေတောင်အံ့ဩရတယ်''

"ငါတို့ ပါမောက္ခဝမ်စာတမ်းကိုမျှော်လင့်ထားတယ်... ပါမောက္ခဝမ်ရဲ့စာတမ်းကို သိပ္ပံဝဘ်ဆိုက်မှာတင်ခိုင်းလိုက်ပါ... ငါတို့တရားဝင်လက်ခံမယ်''

ချင်လင် လုံးဝမအံ့ဩမိ။ ဘာပဲဖြစ်ဖြစ် မှင်စာလက်အိတ်က ထူးခြားသည်။ အနည်းဆုံးတော့ ဒီလိုထုတ်ကုန်မျိုးမရှိသေး။

ဖုန်းချပြီးနောက် ချင်လင်က ပါမောက္ခဝမ်ကိုချက်ချင်းဖုန်းဆက်လိုက်သည်။

ဖုန်းဝင်ဝင်ချင်း ပါမောက္ခဝမ်၏အံ့ဩသံထွက်လာသည်_

"ဥက္ကဌချင်!''

ဘာကြောင့်ဖုန်းဆက်မှန်းသိသောကြောင့် သူ့အသံမှာမျှော်လင့်ချက်အပြည့်နှင့်။

"ပါမောက္ခဝမ်''

ချင်လင်က ပါမောက္ခဝမ်အား_

"ခင်ဗျားရဲ့စာတမ်းကို သိပ္ပံဝဘ်ဆိုက်မှာတင်လို့ရပြီ... တရုတ်သိပ္ပံအကယ်ဒမီက ခင်ဗျားရဲ့စာတမ်းကိုထည့်လိမ့်မယ်''

ချင်လင်စကားကြောင့် ပါမောက္ခဝမ်ကချက်ချင်းစိတ်လှုပ်ရှားသံနှင့်_

"ကျေးဇူးတင်ပါတယ် ဥက္ကဌချင်... ရှေ့လျှောက် ကျုပ်အကောင်းဆုံးလုပ်ပါမယ်''

ချင်းလင်ဓာတ်ခွဲခန်းတွင် ပါမောက္ခဝမ်မှာဖုန်းချပြီးနောက် လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့်။ ဥက္ကဌချင်ကဒီလိုပြောမှတော့ တရုတ်သိပ္ပံအကယ်ဒမီက သူ့စာတမ်းကိုထောက်ခံပေးမည့်သဘော။

ဒါသူ့အဖို့အလွန်အရေးပါသည်။

ချင်လင်က ပါမောက္ခဝမ်နှင့်ဖုန်းပြောပြီးနောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုနေ့စဉ်တာဝန်များလုပ်စေသည်။

နေ့စဉ်တာဝန်များလုပ်ပြီး ဘာမှမရ။ ငါးအားလုံးက ပုံမှန်ငါး၊ သစ်ပင်အားလုံးကလည်း ပုံမှန်သစ်ပင်၊ တောင်တန်းထွက်ကုန်ကလည်း ချူကီနှင်းဆီများချည်း။

ဂိမ်းသိုလှောင်ခန်းမှာ ဒါတွေပြည့်နေပြီ။

နေ့စဉ်တာဝန်များအပြီးသတ်ပြီးနောက် ချင်လင်ဖုန်းမြည်လာသည်။ ဝန်ကြီးလုပင်။

သူက ဇဝေဇဝါနှင့်ဖုန်းကိုင်လိုက်သည်။

ဝန်ကြီးလုကစောစောကပဲဆက်ပြီးတာ၊ ဘာလို့ထပ်ဆက်တာလဲ?

ဖုန်းဝင်ဝင်ချင်း ဝန်ကြီးလု၏အလောတကြီးအသံထွက်လာသည်_

"သူဌေးချင်.. ဒီလောက်မြန်မြန် ထပ်ပြီးနှောင့်ယှက်ရတာ အားနာတယ်ကွာ... အခု မင်းရဲ့အကူအညီလိုနေတယ်''

ဝန်ကြီးလုစိတ်လောနေသံကြောင့် ချင်လင်ကချက်ချင်းပင်_

"ဝန်ကြီးလု ဘာဖြစ်လို့လဲ? ပြောသာပြောပါ... ကျွန်တော်တတ်နိုင်ရင် လုပ်ပေးပါမယ်''

ဝန်ကြီးလုကတန်းပြောသည်_

"သူဌေးချင်.. ငါတို့စမ်းသပ်ရင်း မတော်တဆဖြစ်ခဲ့တယ်... စမ်းသပ်မှုကိုကူညီတဲ့စ*စ်သားရဲ့လက်မောင်းက ပြတ်ခါနီးနီးပဲ... အဲဒါ မင်းအရင်ကဖော်ဖူးတဲ့အထူးယွီဖေးဆေးလိုတယ်... မင်းမှာအထူးယွီဖေးဆေးရှိသေးလား?''

"ရှိတယ် ဝန်ကြီးလု... ကျွန်တော် မာဟုန်ကိုပို့ခိုင်းလိုက်မယ်!''

ချင်လင်ကတန်းပြောသည်။

ဝန်ကြီးလုက အဆင့် ၃ ယွီဖေးဆေးကိုပြောနေခြင်းပင်။ အဆင့် ၃ ယွီဖေးဆေးမှသာ ခြေကျိုးလက်ကျိုးပြန်ကောင်းနိုင်မည်။

ဝန်ကြီးလုကသေချာမပြောပြသော်လည်း စမ်းသပ်မှုမှာ စ*စ်သားအကူအညီလိုရင် လက်*နက်ထုတ်လုပ်ရေးဖြစ်ရမည်။

ဒီတော့ သူတတ်နိုင်သမျှကူညီရမည်။

သူကချက်ချင်းအတွင်းဘက်သွားပြီး သူ့အလုပ်ခန်းထဲဝင်ကာ အဆင့် ၃ ယွီဖေးဆေးထုတ်သည်။ ထို့နောက် မာဟုန်ကိုဧည့်ခန်းထဲခေါ်လိုက်၏။

မာဟုန်က ချက်ချင်းပြေးလာပြီး_

"ဥက္ကဌချင်.. ဝန်ကြီးလုကပြောထားပါတယ်... ကျွန်တော့်ကိုပေးလိုက်ပါ!''

ချင်လင်ကခေါင်းညိမ့်ပြီး ယွီဖေးဆေးကိုမာဟုန်ဆီပေးလိုက်သည်။ မာဟုန်ကဆေးယူပြီး အပန်းဖြေစံအိမ်မှထွက်သွား၏။

သူကထူးခြားသူဖြစ်၍ မြို့တော်ပြန်ရောက်အောင်အမြန်ဆုံးပို့ဆောင်ပေးမည့်အထူးလမ်းကြောင်းရှိသည်။

တစ်ခါတလေ ဒီအထူးလမ်းကြောင်းက အရာရှိများထက်တောင်ပိုမြန်သည်။

ပေကျင်း_

တရုတ်ပြည်သူ့ဆေးရုံလက်အောက်ရှိ သုတေသနဆေးရုံတစ်ခုတွင် ဝန်ကြီးလုလည်း တရုတ်ပြည်သူ့ဆေးရုံအရေးပေါ်ဌာနမှလူတစ်စုနှင့်ရှိနေသည်။

စ*စ်သားမှာ ရွေ့လျားကုတင်တစ်ခုပေါ်တွင် သွေးအလိမ်းလိမ်းနှင့်လဲလျောင်းနေသည်။ သူ့လက်မောင်းတစ်ဖက်ကိုပတ်တီးနှင့်စည်းထားပြီး သွေးများစီးကျနေ၏။

သူ့မျက်နှာထားအရ သူခံစားနေရသောဝေဒနာပြင်းထန်ကြောင်းသိနိုင်သည်။

အရေးပေါ်ဌာနမှဒါရိုက်တာလည်း သတင်းရပြီးစောင့်နေသည်။ ဟွားဆေးရုံလက်အောက်ရှိဆေးရုံတစ်ခုပင်။ ဟွားဆေးရုံမှာတစ်ခုခုဖြစ်ပြီး အကူအညီတောင်းရင် ချက်ချင်းကုသပေးရသည်။

အရေးပေါ်ဌာနတာဝန်ခံက စ*စ်သား၏ပြတ်လုနီးနီးလက်မောင်းကိုမြင်သောအခါ ဘေးမှသူနာပြုကိုတန်းအော်သည်_

"မြန်မြန်လုပ်.. ယွီဖေးဆေးပြင်ထား''

ချင်းလင်ဓာတ်ခွဲခန်းက ယွီဖေးဆေးထုတ်၍ အမေရိကန် HKR ဆေးကိုအနိုင်ရပြီးနောက် ယွီဖေးဆေးပထမအသုတ်စထုတ်သည်။ ပြည်တွင်းရှိဆေးရုံကြီးများအားလုံး ယွီဖေးဆေးကိုသဘောကျသည်။

ဆေးရုံအားလုံးမှာ ပြင်ပထိခိုက်ဒဏ်ရာကုသရန်၊ ဒီလိုထိခိုက်မှုမျိုးကိုပြန်ကောင်းစေရန် ယွီဖေးဆေးက အများကြီးအထောက်အကူဖြစ်သည်ဟုဆိုရမည်။ ဆရာဝန်များလည်း အလုပ်ရှုပ်သက်သာသည်။

မကြာမီ စ*စ်သားကိုအရေးပေါ်ခန်းထဲသွင်းလိုက်သည်။ အရေးပေါ်ဆရာဝန်က စ*စ်သားလက်မောင်းမှပတ်တီးကိုအရင်ဖြည်သည်။ ပြတ်လုနီးနီးစ*စ်သားလက်မောင်းကိုမြင်သောအခါ သူမျက်နှာပျက်သွား၏။

ဒီခိုဒဏ်ရာမျိုးကို ယွီဖေးဆေးတောင်မကုနိုင်။

အရေးပေါ်ဌာနတာဝန်ခံက အချိန်မဆွဲရဲ၊ ဝန်ကြီးလုကိုတန်းပြောသည်_

"ဝန်ကြီးလု.. ဒီစ*စ်သားလက်မောင်းက ဆိုးဆိုးဝါးဝါးထိခိုက်ထားတာ... ဒီလိုဒဏ်ရာမျိုးက ယွီဖေးဆေးတောင်မတိုးမှာစိုးရတယ်!''

ဝန်ကြီးလုကသိပြီးဖြစ်၍ ချက်ချင်းညွှန်ကြားသည်_

"ဒါရိုက်တာလင်း.. အခုရှိတဲ့ယွီဖေးဆေးနဲ့ သူ့ဒဏ်ရာကိုခဏထိန်းထားပါဦး... မကြာခင် အထူးယွီဖေးဆေးရောက်လာလိမ့်မယ်... အဲဒီကျရင် ရောက်လာတဲ့ယွီဖေးဆေးနဲ့ဆက်ကုမယ်''

"အထူးယွီဖေးဆေး?''

ဒါရိုက်တာလင်းက နားထောင်ရင်းကြောင်သွားသည်။

ယွီဖေးဆေးဘယ်လောက်စွမ်းလဲသူသိသည်။ လက်ရှိယွီဖေးဆေးတောင် မယုံနိုင်စရာကောင်းနေပြီ။

အခန်း ၁၃၇၄: မြေပြောင်းလဲခြင်း! ၂

အခုဝန်ကြီးလုပြောတဲ့အထူးယွီဖေးဆေးက ဒီလိုခြေကျိုးလက်ကျိုးတွေကိုတောင်ကုနိုင်တာလား?

အဆင့် ၃ ယွီဖေးဆေးအကြောင်းကို ချင်လင်နှင့်ဝန်ကြီးလုသာသိသည်။ အပြင်လူတွေလုံးဝမသိသောကြောင့် အရေးပေါ်ဌာနတာဝန်ခံမှာသတင်းကြားပြီးဘယ်လောက်အံ့ဩနေမလဲ မြင်ယောင်ကြည့်နိုင်သည်။

"မြန်မြန်လုပ်!''

ဝန်ကြီးလုကတိုက်တွန်းလိုက်သည်။

တာဝန်ခံကခေါင်းညိမ့်သည်။ သူကအချိန်မဆွဲရဲ၊ သူ့မှာရှိသောယွီဖေးဆေးနှင့် စ*စ်သားကိုချက်ချင်းကုသသည်။

ဒီယွီဖေးဆေးက စ*စ်သား၏ပြတ်လုနီးနီးလက်ကိုပြန်မကောင်းနိုင်သော်လည်း အနည်းဆုံးတော့ စ*စ်သားအသက်ကိုထိန်းပေးနိုင်သောကြောင့် အလွန်အရေးကြီးသည်။

အချိန်ကုန်လွန်သွား၏။

နောက်ဆုံးတွင် မာဟုန်က ဆေးရုံသို့အလောတကြီးရောက်လာသည်။ သူက အဆင့် ၃ ယွီဖေးဆေးဘူးကိုယူလာပြီး ဝန်ကြီးလုကိုပေးလိုက်သည်။ ဝန်ကြီးလုက အရေးပေါ်ဌာနတာဝန်ခံကိုချက်ချင်းဖုန်းဆက်ပြီး ဆေးဘူးပေးလိုက်၏။

အရေးပေါ်ဌာနတာဝန်ခံက ဘာဆေးမှန်းသိသောကြောင့် တန်းဖွင့်ကြည့်သည်။

အထဲမှာ ယွီဖေးဆေးပါသည်။ အမြင်အရ အရင်ယွီဖေးဆေးနှင့်မခြား။

သို့ရာတွင် ဝန်ကြီးလုတို့ကနောက်မည်မဟုတ်မှန်းသိသောကြောင့် အဆင့် ၃ ယွီဖေးဆေးကို စ*စ်သားလက်မောင်းတွင် ချက်ချင်းလိမ်းပေးလိုက်သည်။

တကယ်တော့ ဒီအထူးယွီဖေးဆေးကိုစောင့်နေရတာ စ*စ်သားကိုညှင်းဆဲနေသလိုပင်။ ဘာပဲဖြစ်ဖြစ် နောက်ဆက်တွဲကုသမှုအပေါ်သက်ရောက်မှုမရှိစေဘဲ လက်မောင်းကိုအနာကျက်အောင်ထိန်းထားရသည်။

ဒီတစ်ခါ အဆင့် ၃ ယွီဖေးဆေးကို စ*စ်သားလက်မောင်းတွင်လိမ်းပြီး ပတ်တီးစည်းပေးလိုက်သည်။

ခွဲစိတ်ခန်းထဲမှစ*စ်သားကို လုနာဆောင်ပို့လိုက်သည်။

ဝန်ကြီးလုက သက်ပြင်းရှည်ကြီးချလိုက်သည်။ သူဌေးချင်ရဲ့အထူးယွီဖေးဆေးအာနိသင်ကို သူသိသည်။ စ*စ်သားလက်အတွက်စိတ်အေးရပြီ။

ဒါရိုက်တာလင်းက ဒီလိုမဟုတ်။ ခွဲစိတ်ပြီးယွီဖေးဆေးအာနိသင်ကို သူသိချင်သည်။ သို့ရာတွင် ယွီဖေးဆေးအစွမ်းပြရန် အချိန်လိုမှန်းလည်းသူသိသည်။ လောလောဆယ် အာနိသင်ပြဦးမည်မဟုတ်။

နောက်တစ်နေ့တွင် သူလူနာဆောင်ထဲအပြေးလာပြီး စ*စ်သားလက်ကိုစစ်ဆေးကြည့်သည်။

စစ်ဆေးကြည့်ပြီးနောက် သူလုံးဝအံ့ဩသွား၏။ စ*စ်သားရဲ့လက်ချောင်းတွေကပုံမှန်အတိုင်းလှုပ်နိုင်နေပြီ။ မယုံနိုင်စရာ။

ဒါ အထူးယွီဖေးဆေးရဲ့အာနိသင်လား?

သူကမနေနိုင်ဘဲ စ*စ်သားလက်မောင်းပေါ်မှပတ်တီးကိုဖြည်ကြည့်လိုက်သည်။ ပတ်တီးအောက်မှအခြေအနေကိုမြင်ရသောအခါ သူ့မျက်နှာမတည်နိုင်တော့။

သူကိုယ်တိုင်ခွဲစိတ်ထားသောကြောင့် ဒီအခြေအနေကို သူကောင်းကောင်းသိသည်။

သို့ရာတွင် ဒဏ်ရာပြန်ကောင်းသည့်အရှိန်ကြောင့် သူလုံးဝအံ့အားသင့်ရသည်။

ခဏအကြာ ဒါရိုက်တာလင်းကဖုန်းထုတ်ပြီး ဆေးပညာရှင်များအဖွဲ့ထဲဝင်လိုက်သည်။ အဖွဲ့ထဲတွင် ပေကျင်းနှင့်ပြည်တွင်းမှအတော်ဆုံးဆေးပညာရှင်များအပြည့်ပင်။

သူကစာတန်းပို့လိုက်သည်:

"အပြင်းအထန်ထိခိုက်ထားတဲ့လက်ကိုပြန်ကောင်းနိုင်တဲ့ဆေးရှိတယ်ဆိုရင် မင်းတို့ကောင်တွေယုံလား?''

ထိုစာကြောင့် အဖွဲ့ထဲပြောစရာများသွားသည်။

သူတို့အားလုံး ဆေးပညာရှင်များဖြစ်၍ ဒီအကြောင်းဆွေးနွေးစရာများသည်။

"လောလောဆယ် အဲလိုဆေးမျိုးရှိမယ်မထင်ဘူး... အကောင်းဆုံးက ချင်းလင်ဓာတ်ခွဲခန်းရဲ့ယွီဖေးဆေးပဲ''

"ယွီဖေးဆေးက တကယ်အသုံးတည့်တယ်... စောစောကပဲ ခွဲစိတ်ရင်းသုံးလိုက်တာ... ဒါပေမဲ့ ခြေလက်တွေပြန်ကောင်းဖို့တော့ အဝေးကြီးလိုပါသေးတယ်''

"အမှန်ပဲ.. ယွီဖေးဆေးကိုသေချာလေ့လာရင်တော့ ပြင်းပြင်းထန်ထန်ထိခိုက်ထားတဲ့ခြေလက်တွေပြန်ကောင်းဖို့ဖြစ်နိုင်တယ်!''

အဖွဲ့ထဲတွင် ဆွေးနွေးမှုအရှိန်တက်လာသော်လည်း ရုတ်တရက် ဒါရိုက်တာလင်းမှာ အားလုံးက အရက်မူးနေပြီး သူတစ်ယောက်ပဲသတိရှိသလိုခံစားနေရသည်။

စောစောကပဲ ကျိုးနေတဲ့လက်ပြန်ကောင်းနိုင်တဲ့ဆေးကို သူ့မျက်စိနဲ့မြင်ခဲ့တာလေ။ အဲဒါ ယွီဖေးဆေး...

ဒါပေမဲ့ အဖွဲ့ထဲကလူတွေသိတဲ့ယွီဖေးဆေးမဟုတ်။ အဲထက်ပိုဆန်းကြယ်တဲ့ယွီဖေးဆေး။

ဒါပေမဲ့ အပြင်လူတွေက ဒီယွီဖေးဆေးအကြောင်းမသိ။ ဒါဟွားယွမ်ကဖြစ်သည်။ အခြေအနေကိုသူမသိရသောကြောင့် မပြောပြနိုင်။

'အချိန်မှာ မနက်' ဆိုသောစကား အရမ်းမှန်သည်။

ထို့ကြောင့် ချင်ဖုန်းလေးကိုအခန်းခွဲ၍ သူ့အမေလင်းဖန်ကြည့်သည့်နောက်ပိုင်း မနက်ပိုင်း ကျောက်မိုချင်းနှင့်လေ့ကျင့်ခန်းလုပ်သည်။

'အချိန်မှာ မနက်' ဟုတ်တယ်မလား?

မနက်ပိုင်းပြီးလျှင် ချင်လင်နှင့်ကျောက်မိုချင်းက ရေမိုးချိုးသန့်စင်ကြသည်။ သူတို့အပြင်ထွက်လာချိန်တွင် ချင်ဖုန်းလေးက ရှောင်ရန်ကျောပေါ်ခွစီးပြီး ကစားနေပြီ။ လင်းဖန်လည်း မနက်စာပြင်ဆင်ပြီးဖြစ်သည်။

ချင်လင်က မနက်စာစားပြီး အတွင်းဘက်မှထွက်လာ၏။ သူရုံးခန်းထဲရောက်သောအခါ နေ့စဉ်တာဝန်များစလုပ်သည်။

သို့ရာတွင် ဒီနေ့ နေ့စဉ်တာဝန်များအပြီးသတ်ပြီးနောက် ရုတ်တရက် စနစ်အသိပေးစာပေါ်လာသည်။

(ဂိမ်းဇာတ်ကောင်အဆင့်တက်ပါပြီ!)

နေ့စဉ်တာဝန်များအပြီး ပေါ်လာသောစာကြောင့် ချင်လင်မျက်လုံးကျယ်သွားသည်။

ဒီလောက်ကြာသည်အထိ ဂိမ်းဇာတ်ကောင်မှာ ဘာတိုးတက်မှုမှမရှိခဲ့သောကြောင့် ရုတ်တရက်အဆင့်တက်မည်ဟုမထင်မိပေ။

ဒီတော့ အသစ်တွေပေါ်ပြီပေါ့။

ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား အဆင့်တက်ပြီးနောက်လုပ်ဆောင်ချက်များကိုလိုက်ကြည့်စေသည်။

ဒီတစ်ခါဂိမ်းဇာတ်ကောင်အဆင့်တက်ပြီးနောက် အဆင့် ၄ မြှင့်တင်နိုင်သောမြေကွက်နှစ်ကွက်ရသည်။ သို့သော် အဆင့် ၄ မြေက သူ့အတွက်သိပ်အသုံးမဝင်။

လယ်ကွက်တိုးလာသော်လည်း ထို့အတူပင်။ ဂိမ်းတကယ်ဆော့သူက သူမဟုတ်သောကြောင့် တိုးလာသောလယ်ကွက်က သူ့အတွက်သိပ်မဟုတ်။

အာကာသမြေကွက်တစ်ကွက်ဖွံ့ဖြိုးအောင်လုပ်နိုင်သော်လည်း အာကာသထဲတွင်မျိုးစေ့အသစ်မရှိသောကြောင့် ဘာမှမထူး။

ချင်လင်အံ့ဩရသည်က ပြောင်းလဲနိုင်သောအထူးမြေကွက်အသစ်ပင်။

(မျိုးပြောင်းမြေ!)

(ပြောင်းလဲနိုင်သောအခြေအနေမရှိသေး!)

မျိုးပြောင်းမြေ။ အရင်က မပေါ်ဖူး။ အာကာသမြေလို ပြောင်းလဲနိုင်မည့်အခြေအနေမရှိသေး။

အရင်ကအာကာသမြေမှာ အာနီဆီမှအထူးဥက္ကာခဲရမှသာ ပြုပြင်နိုင်ခဲ့သည်။

ဒီမျိုး​ပြောင်းမြေက ဘာလိုမလဲ?

ဂိမ်းထဲမှာ ဒီလိုမြေမျိုးမရှိဘူးမလား?

အနည်းဆုံးတော့ ဖိုရမ်ထဲမှာ ဒီမြေအကြောင်းပြောသည့်ကစားသူမတွေ့ဖူး။

နောက်ပြီး ပြောင်းလဲနိုင်မည့်အ​ခြေအနေမရှိသေးပါတဲ့။

အာကာသမြေလို ပြုပြင်ပြောင်းလဲပေးနိုင်မည့်အထူးပစ္စည်းတစ်ခုလိုနေသည်။

ဘာပစ္စည်းလဲတော့ သူမသိ။

မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မကိုတွေးမိသောကြောင့် ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်အား ထိုမြေအဆင့်တက်မတက်သွားကြည့်စေသည်။

ဂိမ်းစည်းမျဉ်းအရ မြေဖွံ့ဖြိုးလေလေ အဆင့်မြင့်လေလေ၊ ပစ္စည်းကောင်းပိုရလေလေပင်။

သို့သော် ဂိမ်းဇာတ်ကောင်ကိုစမ်းကြည့်စေရာ အာကာသမြေက အရင်အတိုင်းရှိနေသည်ကိုတွေ့ရသည်။ ပြုပြင်ပြောင်းလဲနိုင်မည့်အခြေအနေမရှိ၍ မပြုပြင်နိုင်။

နောက်ဆုံး ချင်လင်လက်လျှော့လိုက်ရသည်။ အဆင့်တက်ပြီးနောက် အဆောက်အဦးအသစ်ပွင့်ခြင်းရှိမရှိ ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံထဲလိုက်ကြည့်စေသည်။

ဒီတစ်ခါ အဆောက်အဦးတစ်ခုသာပွင့်သည်။ သို့ရာတွင် အဆောက်အဦးနာမည်ကိုကြည့်ပြီး သူကြောင်သွားသည်။

(ကြယ်ရောင်ပိုးစုန်းကြူးအသိုက်၊ ဆောက်မည်လား?)

ပိုးစုန်းကြူး?

ပိုးစုန်းကြူးတောင်မွေးလို့ရတာလား?

ပြီးတော့ နာမည်အရ သာမန်ပိုးစုန်းကြူးမဖြစ်နိုင်။

ပိုးစုန်းကြူးကို ချင်လင်မစိမ်း။ ညဘက်အလွန်လှသောပိုးကောင်တစ်မျိုးဖြစ်ပြီး ရှေးကမွေးမြူကြသည်။

ရှေးကဗျာစာဆိုရှိသည်:

ညဉ့်လေညင်းဟာ အိုးအလွတ်တစ်ခုလို ဟာလာဟင်းလင်း၊ မြစ်ပြင်ထက်မှာ ဘယ်သူဆီမီးမျှောလိုက်ပါလိမ့်?

ရာထောင်ကုဋေမက နောက်ဆုံးအလင်းများနဲ့၊

ငြိမ့်ညောင်းတဲ့ပုလွေသံစဉ်လေးတစ်ခုပျံ့လွင့်နေ။

လွင်ပြင်ဟာ လေနဲ့အတူလွင့်ပါးပြီး သဲမှုန်ဖြစ်သွားချိန်၊

ဘယ်သူများကြေမွပျက်စီးပြီး

ကောင်းကင်တစ်ခွင်ကို ကြယ်တာရာတွေနဲ့ပြည့်နှက်စေခဲ့လဲ?

ငါ့စိတ်ဝိညာဉ်ရဲ့အရောင်အဝါကိုမှုတ်ထုတ်လိုက်တဲ့အခါ

အလင်းနဲ့အစိမ်း!

ချင်လင်က ရှေးဟောင်းနှောင်းဖြစ်များတွေးမိသည်။ သူငယ်ငယ်က ရွာမှာပိုးစုန်းကြူးတွေ့နေကျ။ ချင်ရန်နှင့်အတူ ပိုးစုန်းကြူးဖမ်းပြီး ပုလင်းထဲထည့်ကာ မီးအိမ်အဖြစ်သုံးရတာ သဘောအကျဆုံးပင်။

နောက်တစ်နေ့ ပိုးစုန်းကြူးများသေကုန်သောကြောင့် သူနှင့်ချင်ရန်တသသဝမ်းနည်းခဲ့ရသည်။

ဘယ်အချိန်ကစမှန်းမသိသော်လည်း ပိုးစုန်းကြူးများကိုထပ်မတွေ့ရတော့။

ကမ္ဘာပေါ်မှရုတ်တရက်ပျောက်ကွယ်သွားသောသက်ရှိများလိုပင်။

ချင်လင်ကပြန်တမ်းတပြီး ကြယ်ရောင်ပိုးစုန်းကြူးအိမ်ကိုမဆိုင်းမတွရွေးလိုက်သည်။

ဘာပဲဖြစ်လာဖြစ်လာပေါ့။

ပိုးစုန်းကြူးပြန်မြင်ရရင် တန်သည်။

ဒါသူတို့ငယ်ဘဝအမှတ်တရ!

(ကြယ်ရောင်ပိုးစုန်းကြူးအသိုက်ဆောက်လိုက်ပါပြီ)

(ဂုဏ်ယူပါတယ်၊ ကြယ်ရောင်ပိုးစုန်းကြူးအသိုက်ဆောက်ပြီးပါပြီ!)

All Chapters