← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း ၁၀၅ - ရှေးမိစ္ဆာသားရဲနှင့် ငရဲ သွေးဝံပုလွေ

ကျန်းချန်ကိုယ်တိုင်လည်း ထိုအရာက မည်သည့်အရာဖြစ်သည်ကို မသိချေ။ သူသည် ထိုစဉ်က ဤနယ်မြေအတွင်းပိုင်းသို့ နက်ရှိုင်းစွာ မဝင်ရောက်ခဲ့ဖူးသဖြင့် အကျွမ်းတဝင်မရှိသေးသော သားရဲများအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ အကန့်အသတ်ရှိနေသည်။

ကိုယ်တိုင် မြင်တွေ့ရခြင်းမရှိဘဲ ခြေရာများကို ကြည့်ရုံမျှဖြင့် ဤသားရဲ၏ အမည်နာမကို ခန့်မှန်းရန်မှာ အလွန်ပင် ခဲယဉ်းလှပေသည်။

သို့သော် ၎င်းတို့သည် အထူးပင် သတိကြီးစွာ ထားကြရသည်။ အဘယ်ကြောင့်ဆိုသော် ဤသားရဲများသည် ကျားနန် အကယ်ဒမီကျောင်း၏ ချော်ရည်ပြင်ထဲရှိ မီးပုတ်သင်လူသားများကဲ့သို့ပင် အလွန်အမင်း အစွမ်းထက်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အင်အားမှာ သိုင်းဘိုးဘေးနှင့် သိုင်းဝိဇ္ဇာ အဆင့်များတွင် ရှိနေကြပြီး သိုင်းသူတော်စင်တစ်ဝက်အဆင့်ရှိ သားရဲပင် ရှိနေနိုင်ပေသည်။

"ဤနေရာတွင် မည်သည့်အစွမ်းထက်သော သားရဲများ ရှိနေဦးမည်နည်း" ဟု သူ တွေးတောနေမိသည်။

အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာလေလေ၊ လေထုအတွင်းရှိ ဒိုချီစွမ်းအင်များမှာ ကျဲသွားပြီး အဆိပ်မြူများ ထူထဲကာ မြင်နိုင်စွမ်းမှာလည်း ဆယ်မီတာအောက်သို့ လျော့ကျသွားခဲ့သည်။

သို့သော် ကျန်းချန်အတွက်မူ အဝေးကြီးထိ မြင်နိုင်ဆဲဖြစ်သည်။ သူသည် သိုင်းသူတော်စင်အဆင့်ရှိ တန်ခိုးရှင်တစ်ဦး ဖြစ်သောကြောင့် ဤမျှသော အဆိပ်ငွေ့များမှာ သူ၏ အမြင်အာရုံကို မတားဆီးနိုင်ချေ။

"သခင်လေး... ဒီနေရာက အရမ်းခြောက်ခြားဖို့ ကောင်းတာပဲ၊ နေရာအနှံ့မှာ အဆိပ်မြူတွေချည်းပဲ၊ မြင်ကွင်းကလည်း သိပ်မမြင်ရဘူး" ဟု နတ်သမီးဆရာဝန်မလေးက နှုတ်ခမ်းလေးစူကာ ဆိုသည်။

"ဒီ‌နေရာက တကယ့်ကို ဆိုးရွားတဲ့နေရာပဲ၊ ဒါကြောင့်လည်း ရှေးဟောင်း ကိုးပါးငရဲ အဆိပ်နွံအိုင်လို့ ခေါ်ကြတာပေါ့"

ရုတ်တရက် လေပြင်းတစ်ချက် တိုက်လာပြီး ထူထပ်လှသော အဆိပ်မြူထုကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ နတ်သမီးဆရာဝန်မလေးသည် သူမ၏လက်နှစ်ဖက်ကို အမြန်ပင် ကာကွယ်လိုက်ရင်း "သခင်လေး... ကျွန်မကို ကယ်ပါဦး" ဟု အသနားခံနေသည်။

ကျန်းချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူကိုင်ဆောင်ထားသော ယပ်တောင်ကို ရုတ်ချည်း ဖြန့်လိုက်ပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းသော လေပြင်းကို ဖန်တီးထုတ်လွှတ်လိုက်သည်။

ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု။

မရေမတွက်နိုင်သော ဖြူဖျော့ဖျော့ အပိုင်းအစများမှာ လေထဲတွင် လွင့်စင်သွားပြီး ဖြစ်ပေါ်လာသော တုန်ခါမှုကြောင့် နတ်သမီးဆရာဝန်မလေးမှာ မသိလိုက်ဘဲ နောက်သို့ အနည်းငယ် ဆုတ်မိသွားသည်။

ကံကောင်းသည်မှာ ကျန်းချန်က သူမဘေးတွင် ရှိနေသဖြင့် လွင့်စင်မသွားခြင်းပင် ဖြစ်သည်။

ကျန်းချန်က မျက်လုံးကို မှိတ်ကာ "ရောက်နေမှတော့ ထွက်လာခဲ့စမ်း၊ ဒီက သားရဲ‌တွေ ဒီလောက်ထိ ကြီးလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ဟု ဆိုလိုက်သည်။

ခရမ်းရောင် အခိုးအငွေ့များ ပျောက်ကွယ်သွားချိန်တွင် ထူးဆန်းသော သားရဲတစ်ကောင် တိတ်တဆိတ် ပေါ်ထွက်လာသည်။ ကျန်းချန် ခန့်မှန်းထားသည့်အတိုင်းပင် ထိုသားရဲမှာ အရပ်အလွန်မြင့်ပြီး သုံးမီတာခန့်ရှည်ကာ တစ်ကိုယ်လုံးကို ခရမ်းပုပ်ရောင် အမွေးအမှင်များဖြင့် ဖုံးလွှမ်းထားသဖြင့် ဝံပုလွေလူသားနှင့် ဆင်တူလှသည်။

ထက်မြက်လှသော ၎င်း၏ ခြေသည်းများမှာ ကျောက်တုံးများပေါ်တွင် အစင်းရာများကို အလွယ်တကူ ထင်ကျန်စေသည်။

အထူးသဖြင့် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားမှာ မြင်သူတိုင်းကို ထိတ်လန့်စေပြီး ကြီးမားလှသော ပါးစပ်မှလည်း တံတွေးများ တစက်စက် ကျနေသည်။

ကျန်းချန်က လက်တစ်ဖက်ကို နောက်ပစ်ကာ ပြုံးလိုက်ပြီး "ငါ သိပြီ" ဟု ဆိုသည်။ စာအုပ်ပေါင်းများစွာကို ဖတ်ရှုဖူးသော ကျန်းချန်သည် ဤသားရဲ၏ လက္ခဏာကို မှတ်မိသွားသည်။ ၎င်းမှာ ရှေးခေတ်ကာလကတည်းက တည်ရှိခဲ့သော ငရဲ သွေးဝံပုလွေ ပင် ဖြစ်သည်။

ငရဲ သွေးဝံပုလွေသည် ရှေးဟောင်းမှော်သားရဲတစ်မျိုး ဖြစ်သည်။ မီးပုတ်သင်လူသားများကဲ့သို့ပင် ၎င်းတို့သည် ပတ်ဝန်းကျင်အခြေအနေကို အသုံးချကာ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စွမ်းအားကို အဆင့်မြင့်လာအောင် ဆင့်ကဲပြောင်းလဲနိုင်ကြသည်။

သို့သော် ရှေးဟောင်းမှတ်တမ်းများအရ ဤငရဲ သွေးဝံပုလွေများသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက ပျောက်ကွယ်သွားပြီဟု ဆိုထားရာ ဤနေရာတွင် ပေါ်ထွက်လာခြင်းမှာ အမှန်တကယ်ပင် ထင်မှတ်မထားသော ကိစ္စဖြစ်သည်။

ထို့ပြင် ၎င်းတို့သည် အလွန်ပင် အစွမ်းထက်ပြီး အုပ်စုလိုက် နေထိုင်တတ်သည့် သားရဲများ ဖြစ်သဖြင့် တစ်ကောင်ရှိလျှင် နောက်ထပ် အများအပြား ရှိနေနိုင်ပေသည်။

ငရဲ သွေးဝံပုလွေက စူးရှသော အသံဖြင့် "ဉာဏ်များတဲ့ လူသား... မင်းက ငါ့နယ်မြေထဲကို ကျူးကျော်ရဲတယ်ပေါ့၊ တကယ့်ကို သတ္တိကောင်းတာပဲ" ဟု ဟိန်းဟောက်လိုက်သည်။

ကျန်းချန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး "မင်းတို့ လူစကားပြောနိုင်တဲ့အထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး" ဟု ဆိုသည်။

"ဟမ်... မင်းတို့လို လူသားတွေက ငါ့ကို ဘယ်လိုများ စူးစမ်းရဲကြတာလဲ" ဟု ငရဲ သွေးဝံပုလွေက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဆိုသည်။

ရှေးဟောင်းမှတ်တမ်းများတွင်မူ ဤဝံပုလွေများသည် သီးခြားခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိကြပြီး သိုင်းသူတော်စင်အဆင့်သို့ ရောက်မှသာ စကားပြောနိုင်သည်ဟု ဆိုသည်။ ယခု ရင်ဆိုင်နေရသော ပြိုင်ဘက်မှာ ကြယ်သုံးပွင့် သိုင်းဝိဇ္ဇာအဆင့်သာ ရှိသော်လည်း ဤသို့ စကားပြောနိုင်ခြင်းမှာ အံ့ဩစရာ ကောင်းလှသည်။

ကျန်းချန်က တည်ငြိမ်စွာပင် "မင်းအတွက် ဘာက အကျိုးရှိမလဲဆိုတာ သိရင် အဝေးကို ထွက်သွားစမ်း၊ ငါ့အဆိုး မဆိုနဲ့" ဟု သတိပေးလိုက်သည်။

ကျန်းချန်၏ သတိပေးချက်ကို ကြားသော်လည်း ငရဲ သွေးဝံပုလွေမှာ နောက်မဆုတ်ဘဲ ရယ်မောလိုက်ပြီး "ဘာလို့ဒီလောက်စကားများရတာလဲ၊ ဒါက ရှေးဟောင်း ကိုးပါးငရဲ အဆိပ်နွံအိုင်ပဲ၊ မင်းက ဒီနေရာမှာ မာန်တက်ဖို့ အဆင့်မရှိသေးဘူး"

ထိုသို့ ပြောပြီးနောက် သွေးဝံပုလွေမှာ ထပ်မံ စကားမဆိုတော့ဘဲ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ဖြင့် ကျန်းချန်ရှိရာသို့ ဆာလောင်နေသော ကျားတစ်ကောင်က သားကောင်ကို ဖမ်းသကဲ့သို့ ခုန်အုပ်လိုက်သည်။ အတော်ပင် ဝေးကွာသော အကွာအဝေးတွင်ပင် ကျန်းချန်မှာ ဝံပုလွေထံမှ ထွက်ပေါ်လာသော ရွံရှာဖွယ် အနံ့ဆိုးကို ရရှိနေသည်။

ကျန်းချန်၏ ညာဘက်လက်ကို အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခုက ဝံပုလွေကို ရုတ်ချည်း လွှမ်းခြုံသွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ဝံပုလွေမှာ မကြောက်လန့်သွားဘဲ စူးရှသော အူသံကိုသာ လွှတ်လိုက်သည်။

"အူးးးး"

ကျန်းချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်ရှိ နက်ပြာရောင် မျက်လုံးအစုံများကို ကြည့်ကာ ဤကောင်မှာ ၎င်း၏ အဖော်များကို ဆင့်ခေါ်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

ငရဲ သွေးဝံပုလွေက လှောင်ပြုံးပြုံးကာ "ကောင်လေး... မင်း ငါတို့ ကိုးပါးငရဲ သွေးဝံပုလွေ မျိုးနွယ်စုရဲ့ ဝိုင်းရံမှုကို ခံနေရပြီ၊ ဒီနေ့တော့ မင်းမှာ ဘယ်လောက်ပဲ ထူးခြားတဲ့ စွမ်းအားရှိရှိ၊ ဒီနေရာမှာပဲ အသက်ပျောက်ရလိမ့်မယ်"

"ဒါဆိုရင် မင်းကို အရင်သတ်ရမှာပေါ့"

ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ ကြယ်သုံးပွင့် သိုင်းဝိဇ္ဇာအဆင့်ရှိ သားရဲမှာ မြေပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ပြန့်ကြဲသွားသည်။

မရေမတွက်နိုင်သော ခရမ်းပုပ်ရောင် ပုံရိပ်များသည် အဆိပ်မြူများထဲမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်း ကျန်းချန်တို့နှစ်ဦးကို ဝိုင်းရံပိတ်ဆို့လိုက်သည်။

နတ်သမီးဆရာဝန်မလေးက မျက်မှောင်ကြုတ်ကာ "သခင်လေး... ဒါက နည်းနည်းတော့ ခက်ခဲသွားပြီမဟုတ်လား" ဟု မေးလိုက်သည်။

ကျန်းချန်၏ မျက်နှာမှာမူ အမူအရာ ပြောင်းလဲခြင်း မရှိပေ။ ဤသားရဲ အများစုမှာ သိုင်းဧကရာဇ်နှင့် သိုင်းဘိုးဘေး အဆင့်များသာ ဖြစ်ကြပြီး သိုင်းဝိဇ္ဇာအဆင့်မှာ အနည်းငယ်မျှသာ ရှိသည်။

ထိုသူတို့၏ မာန်ဖီသံများကို ကြားရသောအခါ ကျန်းချန်သည် သူ၏ ယပ်တောင်ကို အသာအယာ ပိတ်လိုက်သည်။ သူ၏ ပေါ့ပါးသော ယပ်တောင်မှာ ရုတ်ချည်းပင် ထက်မြက်လှသော ဓားသွားကဲ့သို့ ဖြစ်သွားပြီး သူ့အောက်ရှိ ကျောက်တုံးကြီးမှာ နှစ်ခြမ်းကွဲသွားသည်။

ကျန်းချန်သည် သူ၏ ဘယ်ဘက်လက်ကို နတ်သမီးဆရာဝန်မလေး၏ ပခုံးပေါ်တွင် တင်လိုက်ပြီး ထူးခြားသော ဒိုချီစွမ်းအင် အနည်းငယ်ကို ထည့်သွင်းပေးလိုက်သည်။ ဤစွမ်းအင်မှာ အားနည်းပုံရသော်လည်း နတ်သမီးဆရာဝန်မလေးကို ကာကွယ်ပေးမည့် အထူးဒိုင်းကာတစ်ခုအဖြစ် လျင်မြန်စွာ ပုံဖော်သွားသည်။

"မိုက်မဲလှတဲ့ သားရဲတွေ၊ မင်းတို့က သေချင်နေမှတော့ ငါက ပို့ပေးရတာပေါ့"

စူးရှသော အော်ဟစ်သံနှင့်အတူ။

ဓားစွမ်းအင်သည် ပြင်းထန်သော ရေစီးကြောင်းကဲ့သို့ ထွက်ပေါ်လာပြီး ၎င်း၏ကြီးမားသော စွမ်းအားက ရှေးဟောင်း ကိုးပါးငရဲ အဆိပ်နွံအိုင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ကျန်းချန်၏ မျက်လုံးများမှာ အေးစက်သွားသည်။

ယပ်တောင်မှာ မြေပြင်သို့ ကျသွားသည်။

အေးမြသော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

ကြည့်ရသည်မှာ ရိုးရှင်းလှသော်လည်း ၎င်းအတွင်း၌ မယှဉ်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသည်။ ရှေ့သို့ ပြေးလာသော ကိုးပါးငရဲ သွေးဝံပုလွေများအားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။ နောက်တွင်ကျန်ခဲ့သော သားရဲများမှာလည်း တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ကျန်းချန် ပစ်လွှတ်လိုက်သော လေဓားသွားများ၏ အပိုင်းပိုင်း ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။

၎င်းတို့၏ မျိုးနွယ်စုဝင်များ သေဆုံးသွားသည်ကို မြင်သောအခါ ကျန်ရှိနေသော ငရဲ သွေးဝံပုလွေများ၏ မျက်လုံးများမှာ သွေးရောင် သန်းသွားသည်။ ထို့နောက် ၎င်းတို့အားလုံးမှာ ပါးစပ်များကို ဖွင့်ကာ စူးရှလှသော အသံလှိုင်းများကို ထုတ်လွှတ်လိုက်သည်။

"သခင်လေး... သူတို့က ငိုနေကြတာလား" ဟု နတ်သမီးဆရာဝန်မလေးက မေးသည်။ ကျန်းချန်၏ ကာကွယ်မှုကြောင့် သူမမှာ စူးရှလှသော အသံများကို မကြားရပေ။

ကျန်းချန်ကလည်း ဝံပုလွေအုပ်စုကို ကြည့်ကာ "သူတို့က စစ်ကူခေါ်နေတာ ဖြစ်လိမ့်မယ်၊ ဒါက နည်းနည်းတော့ ရှုပ်ထွေးသွားပြီ"

"ရှုပ်ထွေးတယ်လား၊ သိုင်းသူတော်စင်အဆင့်ရှိတဲ့ သွေးဝံပုလွေများ ရှိနေလို့လား" ဟု နတ်သမီးဆရာဝန်မလေးက စိုးရိမ်တကြီး မေးမြန်းသည်။ "တကယ်လို့ အဲဒီလိုဆိုရင် သခင်လေး တကယ်ပဲ အနိုင်ယူနိုင်ပါ့မလား"

ထင်သည့်အတိုင်းပင် သူတို့ စကားပြောပြီးသည်နှင့် ငရဲ သွေးဝံပုလွေအုပ်စုကြီးတစ်ခု ထပ်မံ ရောက်ရှိလာသည်။ ၎င်းတို့ကို ကြယ်သုံးပွင့် သိုင်းသူတော်စင်အဆင့်ရှိသော ခေါင်းဆောင်က ဦးဆောင်လာသည်။

သို့သော် ဤငရဲ သွေးဝံပုလွေမှာ အခြားကောင်များနှင့် မတူပေ။ ၎င်းမှာ သွေးကဲ့သို့ နီရဲနေပြီး ခြောက်မီတာခန့် ရှည်ကာ သွားများနှင့် ခြေသည်းများမှာလည်း ပိုထက်လှသည်။

ကြည့်ရသည်မှာ ဤအကောင်သည် ငရဲ သွေးဝံပုလွေမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်ပေလိမ့်မည်။

"အသင် လူသား... မင်းက ဘာကြောင့် ငါ့လူတွေကို ဒီလောက်တောင် ရက်ရက်စက်စက် သတ်ရတာလဲ" ဟု သွေးဝံပုလွေခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သွေးနီရောင် မျက်လုံးအစုံဖြင့် ကျန်းချန်ကို စိုက်ကြည့်နေတော့သည်။

အခန်း ၁၀၆ - ကိုးပါးငရဲ အဆိပ်မီးတောက်

ငရဲ သွေးဝံပုလွေမျိုးနွယ်၏ ခေါင်းဆောင်သည် ဇွတ်တရွတ် တိုက်ခိုက်ခြင်းမပြုဘဲ ရှေ့တွင် ရှိနေသည့် လူသားအား သတိကြီးစွာဖြင့် စူးစိုက်ကြည့်နေလေသည်။ "လူသား ... မင်းကလည်း ကြယ်သုံးပွင့် သိုင်းသူတော်စင် အဆင့်မှာ ရှိနေတာပဲ မဟုတ်လား၊ ငါတို့ နှစ်ယောက်လုံးက သိုင်းသူတော်စင် အဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေပဲ၊ အချင်းချင်း သေကြေရလောက်တဲ့အထ်ိ တိုက်ခိုက်နေဖို့ မလိုဘူးလို့ ငါထင်တယ်" ဟု ဝံပုလွေမင်းက ခပ်အေးအေး ပြောလိုက်၏။

"မင်း အခုချက်ချင်း ထွက်သွားမယ်ဆိုရင် ဒီကိစ္စကို ငါထပ်ပြီး အရေးယူမှာ မဟုတ်ဘူး၊ အဲဒီလိုမှမဟုတ်ရင် ငါ့ရဲ့ အစွမ်းကုန်ကို အသုံးချပြီး မင်းကို ဝါးစားပစ်ရလိမ့်မယ်"

အမှန်စင်စစ် ငရဲ သွေးဝံပုလွေများသည် လူသားနှင့် ၎င်းတို့၏ မျိုးနွယ်စုအကြား စစ်ပွဲဖြစ်ပွားစေခြင်းမရှိပေ။ ၎င်းတို့သည် မိမိမျိုးနွယ်စုအတွင်း အားအကောင်းဆုံး ဖြစ်သော်လည်း လူသားများကို ရန်စမိပါက လူသားများဘက်မှ ကြယ်ငါးပွင့် သိုင်းသူတော်စင် တစ်ဦးကို စေလွှတ်ရုံမျှဖြင့် ငရဲ သွေးဝံပုလွေ မျိုးနွယ်စု တစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံရနိုင်သည်ကို သိရှိထားကြသည်။ ထို့ကြောင့် မလွှဲမရှောင်သာ၍ စစ်ပွဲကို ရှောင်ရှားရန်သာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ကျန်းချန်က ခေါင်းညိတ်ကာ ခပ်ဖွဖွ ပြုံးလိုက်ရင်း "ဝံပုလွေမင်း ပြောတာလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ကိုးပါးငရဲ အဆိပ်မီးတောက်ကို ရှာဖို့ပဲ၊ တကယ်လို့ ဝံပုလွေမင်းက ကူညီပေးမယ်ဆိုရင် ဒီတစ်ခါ ငရဲ သွေးဝံပုလွေ မျိုးနွယ်စုဝင်တွေကို ဘာအန္တရာယ်မှ မပြုဘဲ ပြန်သွားပေးပါ့မယ်" ဟု တည်ငြိမ်ပြတ်သားသော လေသံဖြင့် ဆိုလေသည်။

ထိုစကားကို ကြားသောအခါ ဝံပုလွေမင်းက မျက်မှောင်ကြုတ်ကာ သရော်လိုက်သည်။ "လူသား ... ကိုးပါးငရဲ အဆိပ်မီးတောက်ဆိုတာ ငါတို့ ငရဲသွေး ဝံပုလွေ မျိုးနွယ်စုရဲ့ အဖိုးတန်ဆုံး ရတနာပဲ၊ အဲ့ဒါကို ငါက မင်းကို ဒီအတိုင်း အလကား ပေးလိုက်ရမှာလား"

တစ်ဖက်လူ၏ မာန်မာနကြီးမှုကို မြင်တွေ့ရသောအခါ ကျန်းချန်သည် သူ၏ ယပ်တောင်အစား ရှည်လျားသော ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ စကားပြော၍မရလျှင်တော့ အားလုံးကို သတ်ပစ်ရုံသာ ကျန်ရှိတော့သည်။

ငရဲ သွေးဝံပုလွေမင်းက တည်ငြိမ်စွာပင် ဆက်ပြောလေသည်။ "လူသား ... မင်းက ကိုးပါးငရဲ အဆိပ်မီးတောက်ကို လိုချင်တယ်ဆိုရင် အဆင့်ကိုး ထူးခြားဆေးလုံး တစ်လုံး ပေးနိုင်မလား၊ ငါ့ရဲ့ ခွန်အားတွေ တိုးတက်ဖို့အတွက် အဲဒီဆေးလုံးကို အခုလတ်တလော လိုအပ်နေတာ"

"အဆင့်ကိုး ထူးခြားဆေးလုံး ဟုတ်လား"

နတ်သမီးဆရာဝန်မလေးမှာ တစ်ဖက်လူ၏ မျှော်လင့်ချက်မဲ့သော တောင်းဆိုမှုကြောင့် အံ့အားသင့်သွားရသည်။ တစ်လောကလုံးရှိ ဒိုချီတိုက်ကြီးပေါ်တွင် အဆင့်ကိုး နက်နဲဆေးလုံးကို ဖော်စပ်နိုင်သည့် မှော်ဆေးဆရာမှာ လက်ချိုးရေတွက်၍ ရလောက်အောင် ရှားပါးလှပြီး ဤသည်ကို ဤသားရဲက တောင်းဆိုနေခြင်းမှာ အိပ်မက် မက်နေခြင်းသာ ဖြစ်ရပေမည်။

ထိုနည်းတူစွာ ကျန်းချန်သည်လည်း ထိုဆေးလုံးကို မည်သည့်အခါမျှ ပေးအပ်ရန် အစီအစဉ် မရှိပေ။ အဆင့်ကိုး ထူးခြားဆေးလုံး၏ တန်ဖိုးမှာ အဆင့် ၂၀ ရှိသည့် ကိုးပါးငရဲ အဆိပ်မီးတောက်သာမက အဆင့် ၁၁ ရှိသည့် အအေးဓာတ်လွှမ်း အရိုးစားမီးတောက်နှင့်ပင် ယှဉ်နိုင်လောက်သည် မဟုတ်ပါလား။

ကျန်းချန်၏ အကြည့်များ အေးစက်သွားကာ "ဝံပုလွေမင်း ... ဒီအပေးအယူကို ကျွန်တော် လက်မခံနိုင်တာ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ခင်ဗျားလည်း အဆင့်ကိုး ထူးခြားဆေးလုံးရဲ့ တန်ဖိုးကို မသိတာ မဟုတ်ပါဘူး၊ ဒီလောက်ထိ မတန်တဆ တောင်းဆိုနေတာဟာ လူသားတွေနဲ့ ခင်ဗျားတို့ မျိုးနွယ်စုကြား ရန်ငြိုးဖွဲ့ချင်လို့လား၊ ကျွန်တော့်ဘက်က အဆင့်ရှစ်ဆေးလုံး တစ်လုံးနဲ့ အလဲအလှယ် လုပ်ဖို့ ကမ်းလှမ်းပါတယ်" ဟု ပြောလိုက်သည်။

"ငါပြောပြီးပြီပဲ ... အဆင့်ကိုး ထူးခြားဆေးလုံး မရရင် ဘာမှ ထပ်မပြောနဲ့တော့"

ကျန်းချန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း ငရဲ သွေးဝံပုလွေမင်းက အေးစက်စွာ မျက်နှာလွှဲလိုက်သည်။ ၎င်း၏ သွေးနီရောင် အမွေးအမျှင်များမှာလည်း ထောင်လာသည်။ အပေးအယူ မလုပ်နိုင်ပါလျှင် ရှေးဟောင်း အဆိပ်နွံအိုင်ထဲမှ ထွက်သွားနိုင်သည်ဟု ဆိုလိုပုံပင်ဖြစ်နေလေသည်။

"ဒီကောင် ... အဆင့်ရှစ်ဆေးလုံး တစ်လုံးတောင် ကိုးပါးငရဲ အဆိပ်မီးတောက်ထက် အများကြီး တန်ဖိုးရှိနေတာကို အခုထိ မကျေနပ်နိုင်သေးဘူး" ဟု နတ်သမီးဆရာဝန်မလေးက ဒေါသတကြီး ပြောလိုက်သည်။ ကိုးပါးငရဲ အဆိပ်မီးတောက်မှာ ရှေးဟောင်း အဆိပ်နွံအိုင်အတွင်း ဖြစ်တည်လာသည့် ရတနာတစ်ခု ဖြစ်သော်လည်း ယခုအခါတွင် ငရဲ သွေးဝံပုလွေ မျိုးနွယ်စုက သိမ်းပိုက်ထားပြီး အဆင့်ကိုး ဆေးလုံးနှင့် လဲလှယ်ရန် ကြိုးစားနေသည်။ ဤလောကကြီးမှာ ကောင်းသည့်အရာများ အများကြီးရှိနေပါသလား။

"မင်းလို မိန်းကလေးက ငါ့ကို ဒီလို ပြောရဲတယ်ပေါ့"

ဝံပုလွေမင်းမှာ အလွန်အမင်း ဒေါသထွက်သွားလေသည်။ လူသားတစ်ဦးက သူ့အား ဤကဲ့သို့ ပြောဆိုသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် သူမအား ဝါးစားမပစ်ရပါလျှင် စိတ်ကျေနပ်မည်မဟုတ်ပါ။

နတ်သမီးဆရာဝန်မလေးက နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်လိုက်ရင်း သူမ၏ မျက်ဝန်းထဲတွင် ကြီးမားလှသော ငရဲသွေးဝံပုလွေကြီး၏ ပုံရိပ်မှာ ထင်ဟပ်လာသည်။ သူမက ချက်ချင်းပင် "ရှင်က ဂုဏ်သိက္ခာရှိတဲ့ သိုင်းသူတော်စင် တစ်ယောက် ဖြစ်ပြီးတော့ ကျွန်မလို ကလေးတစ်ယောက်ကို တိုက်ခိုက်တယ်ပေါ့၊ တစ်လောကလုံးရဲ့ ကဲ့ရဲ့မှာကို မကြောက်ဘူးလား" ဟု အော်ပြောလိုက်သည်။

"ကဲ့ရဲ့ခံရတာထက် အစာငတ်ပြီး သေရမှာကို ငါပိုကြောက်တယ်"

"ဘေးဖယ်နေစမ်း"

ကျန်းချန်သည် တစ်ဖက်လူက နတ်သမီးဆရာဝန်မလေးအား ရန်မူတော့မည်ကို မြင်သောအခါ မဆိုင်းမတွပင် ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်ကာ ခြေထောက်ဖြင့် ဝှေ့ယမ်း ကန်လိုက်လေသည်။

ငရဲသွေးဝံပုလွေမင်းမှာ မရှောင်တိမ်းနိုင်ဘဲ ကန်ချက်ကို အပြည့်အဝ ခံလိုက်ရသည်။ ၎င်းသည် အမြောက်ကျည်ဆန်ကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး ဖုန့်မှုန့်များပင် ထသွားလေသည်။

ကျန်ရှိနေသော ဝံပုလွေများမှာလည်း ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားကြသည်။ ၎င်းတို့၏ သွေးနီရောင် မျက်ဝန်းများမှာလည်း ယခုအခါ အစိမ်းပုပ်ရောင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဤသည်မှာ ငရဲသွေးဝံပုလွေများ၏ ထူးခြားသောအချက်ဖြစ်သည်။ အလွန်‌ဒေါသထွက်နေသောအခါတွင် သူတို့၏မျက်လုံးမှာ သွေးနီရောင်အဖြစ်သို့ပြောင်းလဲပြီး ကြောက်ရွံ့သောအခါတွင် မူလအရောင်ဖြစ်သည့် အစိမ်းပုပ်ရောင်အဖြစ်သို့ ပြောင်းသွားသည်။

ဝံပုလွေမင်း၏ အူသံနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်မှ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စွမ်းအင်ကြီးမားသော အစိမ်းပုပ်ရောင် မီးတောက်များ ထွက်ပေါ်လာလေသည်။

ကျန်းချန်က ဝံပုလွေမင်း၏ ကိုယ်ပေါ်တွင် လောင်မြိုက်နေသည့် ထူးဆန်းသော အစိမ်းပုပ်ရောင် မီးတောက်များကို ကြည့်ကာ "ဒီလိုကိုး ... မင်းတို့ ငရဲသွေးဝံပုလွေ မျိုးနွယ်စု ဒီနေရာမှာ အခြေချနိုင်တာ မဆန်းတော့ပါဘူး၊ ကိုးပါးငရဲ အဆိပ်မီးတောက်ကို မင်းတို့ ဝါးမျိုထားတာကိုး" ဟု ဆိုလိုက်သည်။

"ဟား ဟား ... ကောက်ကျစ်တဲ့ လူသား ... မင်း အခု သိသွားပြီဆိုတော့ ငါ မင်းကို ဝါးစားပစ်ရတော့မှာပေါ့" ဟု ဝံပုလွေမင်းက ခေါင်းကို ခါယမ်းကာ ထရပ်လိုက်သည်။ ၎င်း၏ မျက်လုံးတွင် လောဘရိပ်များဖြင့် ပြည့်နှက်နေသည်။

"မင်း ပြောခဲ့တဲ့ အဆင့် ၈ ဆေးလုံးထက် မင်းကိုယ်တိုင်ကိုပဲ ပိုလိုချင်တယ်"

"ဒါဆိုရင် ... ရှင့်ရဲ့ပုံစံကို ကြည့်ရတာ သားရဲမတစ်ကောင်များလား" ဟု နတ်သမီးဆရာဝန်မလေးက မျက်ဝန်း တလက်လက်ဖြင့် မေးလိုက်သည်။

ကျန်းချန် - "......"

ငရဲသွေး ဝံပုလွေမင်း - "......"

"ရိုင်းလှချည်လား" ငရဲသွေးဝံပုလွေမင်းက နားကွဲလုမတတ် ဟိန်းဟောက်လိုက်သည်။ "ဒီကောင်မလေးကို ငါ ဒီနေ့ လုံးဝ ဝါးမျိုပစ်မယ်"

ကျန်းချန်က နတ်သမီးဆရာဝန်မလေး၏ ခေါင်းကို ခပ်ဖွဖွ ပုတ်ကာ "လိမ္မာပါတယ် ... နောက်မှာပဲ စောင့်နေနော်၊ ငါ အဲဒီကောင်ကို ရှင်းပြီးတာနဲ့ အဆိပ်မီးတောက်ကို ထုတ်ယူဖို့ ကူညီပေးမယ်" ဟု အေးဆေးစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် သခင်လေး" ဟု နတ်သမီးဆရာဝန်မလေးက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဝံပုလွေ မိစ္ဆာများ၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ရန် သူမ ရရှိထားသည့် ခုနစ်ရောင်ခြယ်အဆိပ်ပန်းကို ထုတ်ယူလိုက်သည်။

ခုနစ်ရောင်ခြယ်အဆိပ်ပန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် သားရဲများမှာ ရှေ့သို့ မတိုးဝံ့တော့ဘဲ သတိကြီးစွာဖြင့်သာ ကြည့်နေကြတော့သည်။ ၎င်းတို့သည် ၎င်းတို့၏ ခေါင်းဆောင်အပေါ်တွင်သာ မျှော်လင့်ချက် ထားနိုင်ကြတော့သည်။

ကျန်းချန်သည်လည်း ငရဲသွေးဝံပုလွေမင်းနှင့် တိုက်ပွဲဆင်နွှဲ‌နေသည်။ သိုင်းသူတော်စင် အဆင့်ရှိသူများ၏ တိုက်ခိုက်မှု စွမ်းအားမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။ ၎င်းတို့ချင်း တိုက်ခိုက်မိသည့် တခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ အဆိပ်မြူများမှာ မီတာထောင်ချီ‌ဝေးရာအထိ လွင့်စင်သွားရလေသည်။ငရဲသွေးဝံပုလွေမျိုးနွယ်မှ အစွမ်းရှိသူများပင်လျှင် ထိုနေရာတွင် ရပ်တန့်ကာ တံတွေးမျိုချရင်း ဘယ်သူနိုင်ချေရှိသည်ကို လုံးဝမမြင်ရချေ။

လူသားနှင့် သားရဲကြား တိုက်ပွဲသည် အလွန်ပြင်းထန်လှသဖြင့် အိပ်မောကျနေသည့် အစွမ်းထက် ပုဂ္ဂိုလ်များပင် နိုးထလာကြပြီး အောက်ခြေရှိ နက်ရှိုင်းလှသော ချောက်ကြီးကို စူးစိုက်ကြည့်နေကြသည်။

ဖြစ်ပေါ်လာသော စွမ်းအင်ကို အာရုံခံပြီးနောက် ချင်းယွင်အင်ပါယာ၏ လျိုချင်းယွင်က စိတ်လှုပ်ရှားစွာဖြင့် " တျွင်းလိုက် ခင်ဗျားတို့ ဘယ်လိုထင်လဲ"ဟု မေးလိုက်သည်။

မိုးပြာရောင် တိမ်တိုက်အင်ပါယာမှ ဧကရာဇ် လျိုချင်းယွမ်က ထိုစွမ်းအင်ကို ခံစားမိသောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး "ဝါရင့်နတ်ဆိုး တျွင်းလိုက်၊ ရှီဟန်း... ခင်ဗျားတို့ ဘယ်လို ထင်သလဲ" ဟု မေးမြန်းလိုက်သည်။

နေဝင်ဆည်းဆာအင်ပါယာမှ ဧကရာဇ် တျွင်းလိုက်က သူ၏ မုတ်ဆိတ်ဖြူကို သပ်ရင်း "ဒီစွမ်းအားက ကြယ်သုံးပွင့် သိုင်းသူတော်စင် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးထုတ်လွှတ်တဲ့ စွမ်းအားပဲ" ဟု ထူးဆန်းစွာ ပြောလိုက်သည်။

"ကြယ်သုံးပွင့် သိုင်းသူတော်စင် ဟုတ်လား၊ အရှေ့ပိုင်း တိုက်ကြီးကို ဒီလောက် အစွမ်းထက်တဲ့သူ ဘယ်တုန်းက ရောက်လာတာလဲ"

ကျောက်တုံးနိုင်ငံတော်မှ ဧကရာဇ် ရှီဟန်းက ပခုံးတွန့်လိုက်သည်။ သူသည် ရုပ်ရည်ချောမောပြီး အလွန်ကြီးမားသည့် ခန္ဓာကိုယ် ရှိသူဖြစ်သော်လည်း ဘေးမှသာ ကြည့်နေနိုင်ပြီး ဘာမှ မလုပ်ရဲပေ။ ဤနေရာရှိ အဆိပ်မြူများမှာလည်း စတင်လျှံထွက်လာနေပြီ ဖြစ်ရာ ဆက်ပြီး အခြေအနေ ဆိုးရွားလာပါက အင်ပါယာ နှစ်ခုလုံး ထိခိုက်နိုင်လေသည်။

"ဒီနေရာကို ပိတ်ထားလိုက်ကြ" ရှီဟန်းက အဆိပ်မြူများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိသဖြင့် မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။ "တကယ်လို့ ဒီအဆိပ်မြူတွေသာ အပြင်ကို ထွက်လာရင် အရှေ့ပိုင်း တိုက်ကြီးတစ်ခုလုံးဟာ ငရဲမြေ ဖြစ်သွားလိမ့်မယ်”

All Chapters