← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း ၁၀၇ - ထူးခြားဆန်းကြယ်မီးတောက်စာရင်းဝင် အဆင့် ၂၀ ရှိ ကိုးပါးငရဲ အဆိပ်မီးတောက်ကို နှိမ်နင်းခြင်း

လျိုချင်းယွင်က တည်ငြိမ်အေးဆေးသော လေသံဖြင့် "မဖြစ်နိုင်ဘူး၊ အကယ်၍ အထဲမှာရှိတဲ့ စီနီယာသာ အသက်ရှင်နေသေးရင် သူ ဘယ်လိုလုပ်ပြီး အပြင်ထွက်လာနိုင်မှာလဲ" ဟု ဆို၏။

ရှီဟန်းက အေးစက်စွာ ရယ်လိုက်ရင်း "ငါတို့ အခု သေရေးရှင်ရေး အခြေအနေကို ရောက်နေပြီ၊ မင်းက သူများအသက်ကို ဂရုစိုက်နေတုန်းလား၊ ငါတို့ နှစ်နိုင်ငံကြားက ကိစ္စတွေကို ခဏဖယ်ထားလိုက်စမ်းပါ၊ အခု အချိန်မှာ အရေးကြီးဆုံးက ဒီအဆိပ်မြူတွေကို နှိမ်နင်းဖို့ ငါတို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရမယ်၊မဟုတ်ရင် အရှေ့ပိုင်းတိုက်တစ်တိုက်လုံး အလောင်းကောင်တွေနဲ့ ပြည့်သွားလိမ့်မယ်" ဟု ဟောက်လိုက်လေသည်။

ထိုစကားကို ကြားသောအခါ ဝါရင့်နတ်ဆိုး တျွင်းလိုက်သည်လည်း ခေါင်းညိတ်လိုက်မိသည်။ အမှန်စင်စစ် ဤအဆိပ်မြူများသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး အနည်းငယ်မှားယွင်းလျှင်ပင် အရာအားလုံး ပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့် အဆိပ်မြူများကို မဖြစ်မနေ နှိမ်နင်းရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက နောက်ဆက်တွဲ အကျိုးဆက်များသည် မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။

လျိုချင်းယွင်၏ စိတ်ထဲတွင်မူ ဝန်လေးနေသည်။ အကယ်၍ သူသာ ဤစီနီယာကို စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်ခဲ့မိပါလျှင် ချက်ချင်းပင် အသတ်ခံရနိုင်ပေသည်။ သိုင်းသူတော်စင် အဆင့်ရှိ ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုမှာ နောက်ပြောင်ရမည့် ကိစ္စမဟုတ်ပေ။

သူ စဉ်းစားနေစဉ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ တုန်ခါမှုများသည် ပိုမိုသိသာထင်ရှားလာသည်။ ထို့ပြင် အဆိပ်မြူများ ထွက်ပေါ်လာသည့် နှုန်းမှာလည်း မြန်ဆန်လာပြီး မကြာမီမှာပင် အဆိပ်မြူများသည် အန္တရာယ်အရှိဆုံး အခြေအနေသို့ ရောက်ရှိတော့မည်မှာ ထင်ရှားနေပေသည်။

"နောက်ကျနေပြီ၊ မြန်မြန်လုပ်ကြစမ်း"

ရှီဟန်းက ချက်ချင်း ဟောက်လိုက်ပြီး လျိုချင်းယွင် ငြင်းဆန်မှုကို လျစ်လျူရှုကာ လက်ဖြင့် အလျင်အမြန် တားဆီးလုပ်ဆောင်နေသည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်မှာ "အရှေ့ပိုင်းတိုက်မှာရှိတဲ့ သိုင်းဘိုးဘေး အဆင့်နဲ့အထက် ပညာရှင်တွေ အားလုံး နယ်စပ်ဒေသကို ချက်ချင်း လာရောက်ကြပါ"

ကျောက်တုံးနိုင်ငံတော်၏ ဧကရာဇ် ရှီဟန်း အော်ဟစ်လိုက်သည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဤနေရာသို့ လျင်မြန်စွာ ပျံသန်းလာကြတော့သည်။

ကျန်းချန်သည်လည်း အဆိပ်မြူများ လူသားကမ္ဘာဆီသို့ ပျံ့နှံ့သွားသည်ကို အာရုံခံမိလိုက်သည်။ သူသည် သူ့ရှေ့‌မှောက်တွင် ရှိနေသောကောင်ကို ချက်ချင်း လက်သီးဖြင့် ထိုးလိုက်ပြီးနောက် ရွှေဧကရာဇ် ကောင်းကင်မီးတောက်ကို ဆင့်ခေါ်လိုက်သည်။

တောက်ပလှသော ရွှေရောင်မီးတောက်များ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ အဆိပ်မြူများအားလုံး ချက်ချင်း လောင်ကျွမ်းပျောက်ကွယ်သွားတော့သည်။ ဝံပုလွေမင်း၏ မျက်နှာမှာလည်း သိသိသာသာ ပြောင်းလဲသွား၏။

"ဒါက... ထူးခြားဆန်းကြယ်မီးတောက်ပဲ"

ဝံပုလွေမင်း၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာပြီးနောက် သူက ရူးသွပ်စွာ အော်ဟစ်လိုက်သည်မှာ "ယုတ်မာတဲ့ လူသား၊ မင်းမှာ ထူးခြားဆန်းကြယ်မီးတောက် ရှိနေတာပဲ၊ ပြီးတော့ ငါ့ရဲ့ ကိုးပါးငရဲ အဆိပ်မီးတောက်ကိုတောင် ဖိနှိပ်ထားနိုင်တယ်ပေါ့လေ"

ထိုစကားကို ကြားသောအခါ ကျန်းချန်က ဟားတိုက်ရယ်မောလိုက်သည်။ ဖိနှိပ်ရုံတင် မကပေ။ တစ်ဖက်လူ၏ ကိုးပါးငရဲ အဆိပ်မီးတောက်မှာ ယခုအချိန်တွင် အသုံးပြု၍ပင် ရတော့မည် မဟုတ်ပေ။

ရွှေဧကရာဇ် ကောင်းကင်မီးတောက်သည် ထူးခြားဆန်းကြယ်မီးတောက် စာရင်းတွင် အဆင့် ၄ ရှိပြီး ကိုးပါးငရဲ အဆိပ်မီးတောက်မှာမူ အဆင့် ၂၀တွင်သာ ရှိပေသည်။ ၎င်းတို့ နှစ်ခုကြားရှိ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်သည်။

ကျန်းချန်သည် တစ်ဖက်လူ၏ အော်ဟစ်သံကို ဂရုမစိုက်ဘဲ ရွှေဧကရာဇ် ကောင်းကင်မီးတောက်ကို မြေအောက်ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားအောင် ဖြန့်ကျက်လိုက်သည်။ မည်သည့် အဆိပ်မြူမဆို ထူးခြားဆန်းကြယ်မီးတောက်၏ ရှေ့မှောက်တွင် အလျင်အမြန်ပျက်စီးရုံသာရှိသည်။ တခဏအတွင်းမှာပင် အဆိပ်မြူအားလုံးမှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားတော့သည်။

ယင်းနေရာကို တံဆိပ်ခတ်နှိပ်ရန် ပြင်ဆင်နေကြသော သိုင်းသူတော်စင် ပညာရှင် သုံးဦးသည်လည်း ဤအံ့အားသင့်ဖွယ် စွမ်းအားကြောင့် လျင်မြန်စွာ လွင့်စင်ထွက်သွားကြရလေသည်။ ထိုသူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး "ဒါက တကယ်ပဲ ထူးခြားဆန်းကြယ်မီးတောက်ပဲ၊ ကြည့်ရတာ ထူးခြားဆန်းကြယ်မီးတောက် စာရင်းရဲ့ အဆင့် ၄ ဖြစ်တဲ့ ရွှေဧကရာဇ် ကောင်းကင်မီးတောက်နဲ့ တူတယ်"

ရှေးမျိုးနွယ်စု၏ လက်အောက်ခံ အင်ပါယာမှ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လျိုချင်းယွင်သည် ရွှေဧကရာဇ် ကောင်းကင်မီးတောက်ကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးခဲ့ရာ အတွင်းမှ အစွမ်းထက် ပုဂ္ဂိုလ်များ အသုံးပြုနေသော ထူးခြားဆန်းကြယ်မီးတောက်၏ အမည်ကို ချက်ချင်း မှတ်မိသွားခြင်း ဖြစ်သည်။

"မင်းဆိုလိုချင်တာက... အတွင်းထဲမှာ ရှိနေတဲ့သူက ရှေးမျိုးနွယ်စုက အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်လို့ ပြောချင်တာလား"

ရှီဟန်းက မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ အတွင်းထဲရှိ ပုဂ္ဂိုလ်သည် ရှေးမျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ပါက သူတို့၏ အစီအစဉ်မှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။

လျိုချင်းယွင်က ခေါင်းခါပြ၏။ အတွင်းထဲရှိ ပုဂ္ဂိုလ်မှာ ရှေးမျိုးနွယ်စုမှ ပညာရှင် ဟုတ်၊ မဟုတ်ကို သူကိုယ်တိုင်လည်း မသေချာပေ။ သူတို့ ထွက်လာမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ရှီဟန်းနှင့် ဝါရင့်နတ်ဆိုး တျွင်းလိုက်တို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏ အပြုအမူများအရ ဖော်ပြ၍မရသော လျှို့ဝှက်ချက်အချို့ ရှိနေသည်မှာ ထင်ရှားလှသည်။ မည်သို့ပင်ဆိုစေ အခြေအနေမှာ မသေချာသေးသဖြင့် ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေရန်အတွက် အလျင်စလို မလှုပ်ရှားသင့်ပေ။

အဆိပ်မြူအားလုံး လောင်ကျွမ်းသွားပြီးနောက် ကျန်းချန်က သူ၏အောက်တွင်ရှိသော ဝံပုလွေမင်းကို အေးစက်စွာ ကြည့်ရင်း "သေစမ်း" ဟု ဆိုလိုက်သည်။

"မင်းက ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား၊ မင်းမှာ အဲဒီလောက် အရည်အချင်း မရှိသေးဘူး" ဟု ငရဲသွေး ဝံပုလွေမင်းက စူးစူးရှရှ ကြိမ်းဝါးလိုက်သည်။ အကယ်၍ သူသည် ထူးခြားဆန်းကြယ်မီးတောက်ကို အသုံးမပြုနိုင်ရင်တောင်မှ သူ၏သန်မာ‌သည့်ခန္ဓာကိုယ်ဖြင့် တစ်ဖက်လူကို အရှင်လတ်လတ် ဆုတ်ဖြဲပစ်မည်ဖြစ်သည်။

ကျန်းချန်က သက်ပြင်းချရင်း အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။ သူ၏ လက်ချောင်းများက ဆက်လက် လှုပ်ရှားနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တိုက်ခိုက်ရေးစွမ်းအင်များသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ အပြင်ဘက်သို့ ပြန့်ကားထွက်ပေါ်လာသည်။

ကျန်းချန်၏ ပုံရိပ်မှာ အဆက်မပြတ် ပေါ်ပေါက်လာသဖြင့် သူ၏ ပတ်ပတ်လည်တွင် ပုံတူ ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာသည်။ ထိုအရိပ်များ ပျောက်ကွယ်သွားပြီးနောက် ကျန်းချန်သည် စက်ဝိုင်းတစ်ခုအသွင် ဝန်းရံလျက် ရုတ်တရက်ပေါ်လာတော့သည်။

"ဒါက... ပုံရိပ်ယောင် ခွဲထုတ်တဲ့ အတတ်လား"

ဝံပုလွေမင်းသည် သူ့ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

မှန်ပေသည်။ ဤသည်မှာ ကျန်းချန်၏ ရွှမ်းအဆင့် အလယ်အလတ် တိုက်ခိုက်ရေးကျင့်စဉ် ဖြစ်သော "ပုံရိပ်ယောင် သုံးထောင်" ပင် ဖြစ်သည်။ ပုံရိပ်ယောင် တစ်ခုစီ၏ အစွမ်းမှာ မူရင်း၏ သုံးပုံတစ်ပုံ ဖြစ်သည်။ သုံးပုံတစ်ပုံသာ ရှိသော်လည်း ၎င်းသည် သူတော်စင်တစ်ဝက် အထွတ်အထိပ်အဆင့်ထက် မနိမ့်သော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

ကျန်းချန်သည် သူ၏ ထူးခြားလှသော ဓားရှည်ကို ငရဲသွေး ဝံပုလွေမင်း၏ ဦးခေါင်းသို့ ဒေါသတကြီး ချိန်ရွယ်လိုက်သည်။ ဓားမှာ ရုတ်တရက် တုန်ခါသွားပြီးနောက် လက်မခန့်ရှိသော နက်ရှိုင်းသည့် အလင်းတန်းပေါင်းများစွာ ချက်ချင်း ထွက်ပေါ်လာသည်။

"မကောင်းတော့ဘူး"

ငရဲသွေး ဝံပုလွေမင်းသည် တစ်ခုခု မှားယွင်းနေပြီကို သိလိုက်ပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်ရှိ နေရာများမှာ လုံးဝ တံဆိပ်ခတ်ခြင်း ခံထားရသည်ကို တွေ့လိုက်ရသည်။ လက်မခန့်ရှိသော အလင်းတန်းများက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသဖြင့် သူသည် မဖြစ်မနေ ပြန်လည် တိုက်ခိုက်ရတော့သည်။

ဘုန်း။

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အရှေ့ပိုင်းတိုက် တစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ချောက်ကမ္ဘာ၏ ဘေးတစ်ဖက်တစ်ချက်ရှိ ကျောက်နံရံများသည်လည်း အရှိန်အဟုန်ဖြင့် ပြိုကျလာပြီး ထိုအပျက်အစီးများက ခရမ်းပုပ်ရောင် နွယ်ပင်များကို အပိုင်းပိုင်း အစစ ဖြစ်သွားစေသည်။

ဤသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ရယ်မောလိုက်ကြတော့သည်။ ထိုအဆိပ်နွယ်ပင်မှာ နောက်ဆုံးတွင် ပျက်စီးသွားခဲ့ပြီ ဖြစ်သဖြင့် ၎င်း၏ အဆိပ်ကို ကြောက်စရာ မလိုတော့ပေ။

ဤအချိန်တွင် ဝံပုလွေမင်းသည် ကောင်းကင်ဘုံအဆင့် သိုင်းပညာ ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးချင်းချင်းနီနေသော အပေါက်များက ဤတိုက်ခိုက်မှုမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။

ကျန်းချန်သည် မြေပြင်ပေါ်သို့ ချောမွေ့စွာ ဆင်းသက်လိုက်သည်။ ဝံပုလွေမင်းမှာ သေဆုံးသွားပြီ ဖြစ်သည်။ ကျန်းချန် နောက်ထပ် မလှုပ်ရှားမီမှာပင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ ထူးခြားသော လိပ်ပြာတစ်ကောင် ပျံထွက်လာသည်။

ဤသည်မှာ ကိုးပါးငရဲ အဆိပ်မီးတောက်၏ ပုံသဏ္ဌာန်ဖြစ်လာသည့် လိပ်ပြာပင် ဖြစ်သည်။ ထိုမီးလျှံများမှာ အဆိပ်များဖြင့် ပြည့်နှက်နေပြီး အရောင်မှာ ခရမ်းနုရောင် ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ ထူးခြားသော အဆိပ်များကို စုပ်ယူခြင်းဖြင့် ဖြစ်တည်လာခြင်း ဖြစ်သည်။ ၎င်းသည် အလွန်တရာ အစွမ်းထက်လှပြီး မီးပွားအနည်းငယ် ထိရုံမျှဖြင့် လူတစ်ယောက်ကို သေချင်စော်နံအောင် ပြုလုပ်နိုင်သည်။

"ဒါက ကိုးပါးငရဲ အဆိပ်မီးတောက်လား" ကျန်းချန်က ထိုအဆိပ်ပြင်းသော မီးလျှံကို ဖမ်းဆုပ်လိုက်သည်။ အမှန်စင်စစ် ၎င်းကို မဖမ်းဆုပ်မီ သူ၏ လက်ဖဝါးတွင် ရွှေဧကရာဇ် ကောင်းကင်မီးတောက်ကို ကပ်ထားလိုက်သည်။ သို့မဟုတ်ပါက သိုင်းသူတော်စင် တစ်ဦးအတွက်ပင် ဤကိုးပါးငရဲ အဆိပ်မီးတောက်က ခြိမ်းခြောက်မှု မဖြစ်စေနိုင်ဟု မည်သူမျှ အာမမခံနိုင်ပေ။

နတ်သမီးဆရာဝန်မလေးက မစောင့်နိုင်တော့ဘဲ ပြေးလာပြီး သူမ၏ ချစ်စဖွယ် မျက်လုံးကြီးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း "သခင်လေး၊ ဒါက ထူးခြားဆန်းကြယ်မီးတောက် စာရင်းရဲ့ အဆင့် ၂၀ ဖြစ်တဲ့ ကိုးပါးငရဲ အဆိပ်မီးတောက်လား" ဟု မေးလိုက်သည်။

"ဖြစ်နိုင်တယ်"

ရှေးဟောင်း အဆိပ်နွံအိုင်အတွင်း နှစ်ပေါင်းသန်းနှင့်ချီ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော အဆိပ်မြူများ၏ ထိတွေ့မှုကို ခံခဲ့ရပြီးနောက် ဤမီးလျှံသည် မဆုံးနိုင်သော အဆိပ်မြူများကို စားသုံးလိုက်သည်။ ဝိညာဉ်တစ်ခု ဖြစ်လာရန် နှစ်တစ်ရာ ကြာခဲ့ပြီး ပုံသဏ္ဌာန် တစ်ခုအဖြစ် ပြောင်းလဲရန် နှစ်ပေါင်း တစ်ထောင် ကြာမြင့်ခဲ့သည်။ ၎င်းသည် အထွတ်အထိပ် အခြေအနေသို့ ရောက်သောအခါ အရောင်မှာ အစိမ်းရောင် ဖြစ်သွားပြီး အဆိပ်နွံအိုင်၏ မြူထုများအတွင်း ဝိညာဉ်မီးလျှံတစ်ခုကဲ့သို့ ရွေ့လျားတတ်သည်။

မီးလျှံကိုယ်တိုင်က အဆိပ်မြူများကို စားသုံး၍ ရှင်သန်ခြင်း ဖြစ်သောကြောင့် အလွန်အမင်း အဆိပ်ပြင်း‌သော အရာများပါဝင်နေသောကြောင့် မီးပွားကို ခဏတာ ထိတွေ့ရုံဖြင့်ပင် ပြင်းထန်သော အဆိပ်သင့်မှုကို ခံရပေလိမ့်မည်။

ငရဲသွေးဝံပုလွေ၏ ခန္ဓာကိုယ်အတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် ကိုးပါးငရဲ အဆိပ်မီးတောက်၏ စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ၎င်းသည် ယခုအခါ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခြင်းမှာ ၎င်း၏ ကြောက်မက်ဖွယ် ကောင်းမှုကို သက်သေပြနေသည်။

အကယ်၍ နတ်သမီးဆရာဝန်မလေးသာ အနအန္တရာယ်ရှိသည့် အဆိပ်မိခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း မရှိပါက ကျန်းချန်သည် ဤကဲ့သို့ အဆိပ်ပြင်းလှသော ထူးခြားဆန်းကြယ်မီးတောက်ကို သူမအား မည်သည့်အခါမျှ အပ်နှံမည် မဟုတ်ပေ။

ကျန်းချန်သည် အထူးလိုတရ လက်စွပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ထူးခြားဆန်းကြယ်မီးတောက်ကို အတွင်းထဲသို့ ပေါ့ပေါ့ပါးပါး ထည့်သွင်းလိုက်သည်။ ဤသည်ကို မြင်သောအခါ နတ်သမီးဆရာဝန်မလေးမှာ ကြက်သေသေသွားရသည်။ ထူးခြားဆန်းကြယ်မီးတောက်များကို လိုတရ လက်စွပ်အတွင်း ထည့်၍မရဟု ပြောခဲ့ကြသည် မဟုတ်ပါလော။

အခန်း ၁၀၈- အရှေ့ဘက်တိုက်ကြီး၏ ကြာပန်းစိမ်းနတ်သမီး

"သခင်လေး... ဒီထူးခြားဆန်းကြယ်မီးတောက်ကိုလိုတရလက်စွပ်ထဲ ထည့်ထားလို့ရတာလား၊ အတွင်းက ပစ္စည်းတွေ ပြာအဖြစ် လောင်ကျွမ်းသွားမှာကို မစိုးရိမ်ဘူးလား" ဟု ရှောင်ရီရှန်က သိလိုစိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

ကျန်းချန်က ခပ်တိုးတိုး ရယ်လိုက်သည်။ ဤသည်မှာ စစ်စတမ်မှ ချီးမြှင့်ထားသော လိုတရလက်စွပ်ဖြစ်ပြီး မတူညီသော မီးတောက်အမျိုးမျိုးကို သိမ်းဆည်းရန် သီးသန့်နေရာပါရှိသည်။ မည်မျှပင် ကွဲပြားခြားနားသော မီးတောက်များ ထည့်ထားစေကာမူ ပြဿနာ တစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ပေ။

"စိတ်မပူပါနဲ့၊ ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်"

ကျန်းချန်သည် လိုတရလက်စွပ်ကို သိမ်းဆည်းလိုက်ပြီးနောက် တဖြည်းဖြည်း ဆုတ်ခွာသွားကြသော ငရဲသွေးဝံပုလွေအုပ်စုကို လှည့်ကြည့်လိုက်သည်။ ဝံပုလွေမင်း သေဆုံးသွားပြီးနောက် ထိုအကောင်များသည် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။

ဝံပုလွေမင်း၏ ခန္ဓာကိုယ်မှာ ထူးခြားဆန်းကြယ်မီးတောက်နှင့် ဝေးကွာသွားသောအခါ တဖြည်းဖြည်း အရည်ပျော်ကျလာတော့သည်။ ကျန်းချန်က အခွင့်အရေးကို အရယူကာ ၎င်း၏ ဦးခေါင်းအတွင်းမှ ခရမ်းပုပ်ရောင် မှော်သားရဲအမြုတေတစ်ခုကို တူးထုတ်လိုက်သည်။ ၎င်းမှာ အဆင့်ကိုးရှိသည့် မှော်သားရဲ၏ အမြုတေဖြစ်ရာ တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် အဖိုးတန်လှပေသည်။

အထူးသဖြင့် ၎င်းအတွင်း၌ ကိန်းအောင်းနေသော စင်ကြယ်သည့် စွမ်းအင်များသည် မှော်ဆေးဆရာများအတွက် အဆင့်မြင့်ဆေးလုံးများ ဖော်စပ်ရာတွင် ပြိုင်ဘက်ကင်းသော ရွေးချယ်မှုပင် ဖြစ်သည်။

ရှောင်ရီရှန်က သူမ၏ နုနယ်သော နှုတ်ခမ်းအစုံကို စေ့လျက် "သခင်လေး... ဒါက အဆင့်ကိုး မှော်သားရဲရဲ့ အမြုတေပဲ၊ အတွင်းက စင်ကြယ်တဲ့ စွမ်းအားတွေကို ကျွန်မ အာရုံခံလို့ရနေတယ်" ဟု ဆိုသည်။

"ဒါပေါ့" ဟု ကျန်းချန်က ပြန်လည်ဖြေကြားသည်။ "မှော်သားရဲတွေရဲ့ အဓိကစွမ်းအားက သူတို့ရဲ့ အမြုတေကနေ လာတာပဲ၊ အမြုတေက အဆင့်မြင့်လေ သူတို့ရဲ့စွမ်းအားက ပိုကြီးမားလေပဲ၊ ဒါက အဆင့်မြင့်ဆေးလုံးတွေကို ဖော်စပ်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပဲလေ"

ကျန်းချန်က ပခုံးတွန့်လိုက်သည်။ အဆင့်ကိုးဆေးလုံးတစ်လုံး ဖော်စပ်ရန်အတွက် အဆင့်ကိုးမှော်သားရဲအမြုတေမှာ မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်သည်။ ၎င်းမပါရှိလျှင် အောင်မြင်စွာ သန့်စင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် အဆင့်ကိုးဆေးလုံးများသည် အလွန်တန်ဖိုးကြီးမားလှခြင်း အကြောင်းအရင်းဖြစ်သည်။ တစ်လုံးစီသည် ဒိုချီလောကအတွင်းရှိ မရေမတွက်နိုင်သော သိုင်းသူတော်စင်အဆင့် ကျွမ်းကျင်သူများကို အသက်ပေး၍ တိုက်ခိုက်စေနိုင်သည်အထိ ဆွဲဆောင်နိုင်စွမ်းရှိလှသည်။

ဤသည်မှာ အဆင့်ကိုး ဆေးလုံးများ၏ ဆွဲဆောင်မှုပင် ဖြစ်သည်။

ကျန်းချန်သည် ရှောင်ရီရှန်၏ နူးညံ့သိမ်မွေ့သော လက်ကလေးကို ဆုပ်ကိုင်ကာ ချက်ချင်း မြေပြင်သို့ ပြန်လည်ဆင်းသက်လိုက်သည်။

ထိုအချိန်တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူ အမြောက်အမြားသည် မြေပြင်ပေါ်၌ စုဝေးရောက်ရှိနေကြပြီး ရှေ့ဆုံးတွင် ရပ်နေသော ကြယ်တစ်ပွင့် သိုင်းသူတော်စင် သုံးဦးမှာ အရှေ့ဘက်တိုက်ကြီး၏ အရှင်သခင်များပင် ဖြစ်ကြသည်။

ကျန်းချန်ကို မြင်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် မဆိုင်းမတွပင် ရှေ့သို့တိုးလာကာ လက်အုပ်ချီ ဂါရဝပြုလျက် "စီနီယာကို ဂါရဝပြုပါတယ်" ဟု နှုတ်ဆက်ကြသည်။

သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိပြီးနောက် ကြယ်တစ်ပွင့်စီ၏ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ ထို့ကြောင့် ကြယ်နှစ်ပွင့်ရှိသော စွမ်းအားကွာခြားချက်ကို မပြောလိုတော့ပါ။

ကျန်းချန်ကလည်း လက်အုပ်ပြန်ချီ၍ နှုတ်ဆက်လိုက်ပြီး "ခင်ဗျားတို့က အရှေ့ဘက်တိုက်ကြီးရဲ့ ဧကရာဇ် လျူချင်းယွင်၊ ရှီဟန်း နဲ့ ဟွမ်းဟန်ဇန် တို့ မဟုတ်လား" ဟု မေးမြန်းလိုက်သည်။

လျူချင်းယွင်နှင့် ကျန်နှစ်ဦးက ခေါင်းညိတ်ပြကြပြီးနောက် "ကျွန်တော်တို့ မမှားဘူးဆိုရင် စီနီယာ အသုံးပြုခဲ့တာက ထူးခြားမီးတောက်စာရင်းမှာ အဆင့်လေးရှိတဲ့ ရွှေဧကရာဇ် ကောင်းကင်မီးတောက် မဟုတ်လားခင်ဗျာ" ဟု စူးစမ်းမေးမြန်းလာကြသည်။

သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူများဖြစ်လာရန် ၎င်းတို့၏ အမြင်နှင့် ဗဟုသုတမှာ ကျယ်ပြောလှပေသည်။

ကျန်းချန်က ငြင်းဆိုခြင်းမပြုဘဲ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချန်တွင် ထူးခြားဆန်းကြယ်မီးတောက် ရှိသည်ကို ဝန်ခံသည်ကို မြင်လျှင် ချင်းယွင်အင်ပါယာ၏ ဧကရာဇ် လျူချင်းယွင်သည် ကျန်းချန်အား ရှေးမျိုးနွယ်စုတစ်စုမှ ဆင်းသက်လာသော ပါရမီရှင်တစ်ဦးဟု ယူဆကာ ချက်ချင်းပင် ချီးကျူးစကားများ ပြောဆိုတော့သည်။ "စီနီယာ အရှေ့ဘက်တိုက်ကြီးကို ကြွရောက်လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ၊ ကျွန်တော်တို့ဘက်က ကြိုဆိုမှု လစ်ဟင်းခဲ့ရင်လည်း ခွင့်လွှတ်ပေးပါ"

"ချင်းယွင်ညီလေး... မင်းတို့က ဒီနေရာကို စည်းပိတ်ဖို့ ကြိုးစားနေတာ မဟုတ်လား"

"အင်း...."

ထိုစကားကို ကြားသောအခါ ကွင်းအတွင်းရှိ ကျွမ်းကျင်သူများအားလုံး ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြပြီး အခြားသူများသည် ဤကိစ္စကြောင့် ကျန်းချန်က ၎င်းတို့အား အပြစ်ပေးကာ သတ်ပစ်မည်ကို စိုးရိမ်နေကြသည်။

ရှီဟန်းက အားနာစွာဖြင့် "စီနီယာ... အခြေအနေက ဘယ်လောက်တောင် အန္တရာယ်ကြီးမားလဲဆိုတာ စီနီယာလည်း သိမှာပါ၊ အဆိပ်မြူတွေသာ ပြန့်သွားရင် ဒီနယ်မြေတစ်ခုလုံး ပျက်စီးသွားမှာစိုးလို့ အခုလို လုပ်ဆောင်ခဲ့ရတာပါ၊ ခွင့်လွှတ်ပေးပါ" ဟု တောင်းပန်လိုက်သည်။

"စီနီယာ... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ" ဟု ကွင်းထဲရှိ ကျွမ်းကျင်သူများအားလုံး တညီတညွတ်တည်း ရိုသေစွာ ဦးညွှတ်ကြသည်။

ရှောင်ရီရှန်၏ မျက်လုံးများမှာ တောက်ပသွားသည်။ သူမ၏ သခင်လေးမှာ အမှန်တကယ်ပင် အရှိန်အဝါ ကြီးမားလှပေသည်။ ဤနေရာရှိ အားနည်းဆုံးသူများပင် သိုင်းဘိုးဘေးအဆင့်ရှိကြသော်လည်း သူမ၏ သခင်လေးရှေ့တွင်မူ ကြောင်ကလေးများကဲ့သို့ ရိုကျိုးနေကြရသည်။

အမှန်တကယ်ပင် ဂုဏ်သရေရှိ လူကြီးမင်းတစ်ဦးပါပေ။

လေးစားစရာပင် ဖြစ်သည်။

ကျန်းချန်က ပခုံးတွန့်လိုက်ပြီး "ကောင်းပြီ... မင်းတို့က အရှေ့ဘက်တိုက်သားတွေရဲ့ အကျိုးအတွက် လုပ်ဆောင်တာဆိုတော့ ငါ ထပ်ပြီး အပြစ်မယူတော့ဘူး" ဟု ညင်သာသော အသံဖြင့် ဆိုလိုက်သည်။

ထိုစကားကြောင့် အားလုံး သက်ပြင်းချနိုင်ကြတော့သည်။ သူတို့အားလုံး အားကြီးသူ၏ရှေ့တွင် သူတို့၏ချွေးပြန်နေမှုကို ပြသနေရသည့်အလား ခံစားမိသည်။

"စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလားခင်ဗျာ"

"ငါ့နာမည်က ကျန်းချန်... အကယ်ဒမီကျောင်းရဲ့ ကွန်ဖြူးရှပ်ပညာရှိပေါ့"

"စီနီယာက အကယ်ဒမီကျောင်းရဲ့ ကွန်ဖြူးရှပ်ပညာရှိလား" ဟု လျူချင်းယွင်က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။ "ကွန်ဖြူးရှပ်ပညာရှိက ဒီလောက် ငယ်ရွယ်မယ်လို့ မထင်ထားမိဘူး၊ ကျွန်တော် ရိုင်းပျမိသွားပါတယ်"

အရှေ့ဘက်တိုက်ကြီးတွင် ကွန်ဖြူးရှပ်ပညာရှိ၏ အမည်ကို မည်သူက မသိဘဲ ရှိအံ့နည်း။ သူသည် အရှေ့ဘက်တိုက်ကြီးတွင် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အင်ပါယာအချို့တွင် ဖြစ်ပွားခဲ့သော ကပ်ရောဂါများကို ကုသပေးခဲ့ဖူးသူဖြစ်သည်။

၎င်းတို့သည် ကျေးဇူးတင်စကား ပြောကြားရန် ရှာဖွေခဲ့ကြသော်လည်း သူသည် ခြေရာလက်ရာ မချန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီး "ကွန်ဖြူးရှပ်ပညာရှိ" ဟူသော နာမည်သာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ရှောင်ရီရှန်က "သခင်လေးရဲ့ နာမည်က အရှေ့ဘက်တိုက်ကြီး တစ်ခုလုံးမှာ ကျော်ကြားနေတာပဲ၊ အံ့သြစရာကောင်းလိုက်တာ" ဟု တိုးတိုးလေး ဆိုလိုက်သည်။

ကျန်းချန်က တည်ငြိမ်စွာဖြင့် "အားနာစရာမလိုပါဘူး၊ ငါက လောကကြီးကို လှည့်လည်သွားလာနေတဲ့ ခရီးသည်တစ်ဦးသက်သက်ပါပဲ၊ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ဆယ်တာက ခုနစ်ထပ်စေတီဘုရား တည်တာထက် မြတ်တယ်လို့ ယုံကြည်တဲ့ ဆေးဆရာတစ်ယောက် မဟုတ်ပါဘူး" ဟု ဆိုသည်။

ထိုစဉ်က ကပ်ရောဂါကြောင့် ဒေသခံများသည် သူတို့၏ဇနီးသည်များနှင့် အသုဘအထည်များကို ရောင်းစားနေကြရပြီး အချို့ကလည်း အစာအတွက် ရိုင်းစိုင်းသောခွေးများနှင့် တိုက်ခိုက်ရသည်ကို မြင်တွေ့ရသဖြင့် ကျန်းချန်က မနေနိုင်ဘဲ ကူညီပေးခဲ့ခြင်းသာ ဖြစ်သည်။

"အကယ်ဒမီကျောင်းရဲ့ ကွန်ဖြူးရှပ်ပညာရှိက အရှေ့ဘက်တိုက်ကြီးကို လာရဲတာပဲလား"

ထိုအချိန်တွင် ရုတ်တရက် အဝေးမှ ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သိုင်းသူတော်စင်အောက် အဆင့်ရှိသူများမှာ နားကို ပိတ်ထားရပြီး အင်ပါယာ သုံးခု၏ ဧကရာဇ်များပင်လျှင် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားကြရသည်။ သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်လာသည်။

သူမသည် အမှန်တကယ်ပင် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်သည် ချက်ချင်းပင် ရှောင်ရီရှန်၏ ဘေးတွင် တိုက်ခိုက်ရေးစွမ်းအားများဖြင့် အကာအကွယ်ပေးလိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်သည်။ သူသွားသည့်‌နေရာတိုင်း အဘယ်ကြောင့် အသိဟောင်းများနှင့်ပင် ဆုံတွေ့နေရပါသနည်း။

ဝေဟင်တွင် ပြိုင်ဘက်ကင်းသော အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ရပ်နေသည်။

သူမသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး မယှဉ်နိုင်အောင် လှပသည်။ ငွေရောင်ဆံနွယ်ရှည်များမှာ ရေတံခွန်ကဲ့သို့ နောက်ကျောတွင် ဖြာကျနေသည်။ သူမ၏လှုပ်ရှားမှုတိုင်းသည် ကြော့ရှင်းသည်။ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး နတ်သမီးတစ်ပါး မြေပြင်သို့ ဆင်းသက်လာသည့်အလား လှပလွန်းလှသည်။

ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်လာပြီး လေဆင်နှာမောင်းများ ဖြစ်ပေါ်လာရာ သစ်ပင်များနှင့် အပျက်အစီးများကို သယ်ဆောင်သွားသည်။ ဤအမျိုးသမီးသည် ၎င်းတို့အားလုံးကို သတ်ပစ်မည်ကို ကြောက်ရွံ့သဖြင့် မရေမတွက်နိုင်သော ကျွမ်းကျင်သူများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကျန်းချန်က လက်တစ်ဖက်ကို နောက်ပစ်လျက် ခေါင်းကို မော့ကြည့်ကာ "နှုတ်ခွန်းဆက်သပါတယ် မိန်းကလေး... ကျွန်တော်က လောကကြီးကို လှည့်လည်သွားလာနေတဲ့ ခရီးသည်တစ်ဦးသက်သက်ပါ" ဟူ၍ ပြုံးလျက် ဆိုလိုက်သည်။

ထိုအမျိုးသမီးက ဒေါသတကြီးဖြင့် "ကျန်းချန်... နင် အဲဒီတုန်းက ဘာမှမပြောဘဲ ထွက်သွားတာ၊ ငါ နင်ပြန်လာမှာကို ဘယ်နှစ်နှစ်တောင် စောင့်ခဲ့ရလဲဆိုတာ နင်သိလား" ဟု ပြန်လည်အော်ဟစ်လိုက်သည်။

ကျန်းချန်က ပခုံးတွန့်ကာ တည်ငြိမ်စွာ ပြုံးလိုက်ပြီး "သက်ရှိအားလုံးက ဆင်းရဲဒုက္ခကနေ ကင်းဝေဖို့၊ ပျော်ရွှင်ဖို့၊ ကောင်းမွန်တဲ့တိုင်းပြည်မှာ ပြန်မွေးဖွားလာဖို့ ဆန္ဒရှိကြသူချည်းပါပဲ၊ ငါကတော့ ဓားတစ်လက်၊ ဝတ်ရုံဖြူတစ်ထည်နဲ့ စပျစ်ရည်တစ်အိုးရှိရင်ပဲ လောကကြီးကို လှည့်လည်သွားလာရတာကို ပျော်ရွှင်လှပါပြီ၊ မိန်းကလေးကိုလည်း အရင်က ငါ ပြောခဲ့ပြီးသားပါ... ငါက ခရီးသည်တစ်ဦးသက်သက်ပါပဲဆိုတာ"

"ပါးစပ်ပိတ်ထားစမ်း" ဟု ရောက်ရှိလာသူက အော်လိုက်သည်။

လျူချင်းယွင်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး "အစ်မ... အစ်မက ဘာလို့ ရုတ်တရက်ကြီး ထွက်လာတာလဲ၊ ကြယ်ငါးပွင့် သိုင်းသူတော်စင် အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား" ဟု အမြန်မေးမြန်းလိုက်သည်။

ရောက်လာသူအမျိုးသမီးမှာ အရှေ့ဘက်တိုက်ကြီး၏ ထိပ်တန်းဂိုဏ်းဖြစ်သော ချင်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကြာပန်းစိမ်းနတ်သမီးပင် ဖြစ်သည်။

သူမက မောင်ဖြစ်သူကို ကြည့်ကာ "နင်က ခုထိ ကြယ်တစ်ပွင့် သိုင်းသူတော်စင် အဆင့်မှာပဲ ရှိသေးတာလား... တကယ့်ကို အသုံးမကျတာပဲ" ဟု အေးစက်စွာ ဆိုလိုက်သည်။

"အင်း..."

လျူချင်းယွင်သည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။ သူ့အစ်မမှာ လွန်စွာ အစွမ်းထက်လှသဖြင့် သူ ဘာမှ ပြန်မပြောဝံ့ပေ။

"ကျန်းချန်... နင် ဘာလို့ အဲဒီတုန်းက နှုတ်မဆက်ဘဲ ထွက်သွားရတာလဲ၊ ငါ့ကို အဲဒီလောက်တောင် မုန်းတာလား" ဟု ကြာပန်းစိမ်းနတ်သမီး၏မျက်လုံးမှ မျက်ရည်နည်းနည်းထွက်လာပြီးလျှင် ရင့်ရင့်သီးသီးမေးမြန်းလိုက်လေသည်။

All Chapters