← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉)

စနစ် အဆင့်မြှင့်တင်ခြင်း

တန်ယန်နှင့် သူမ၏ဆရာတို့ ပြန်လည် ဆုံတွေ့မည့်ပွဲကို ကာယကံရှင်များသာမက ဂီတလောကရှိ လူအများကလည်း ဤထူးခြားသည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် စိတ်လှုပ်ရှားစွာ မျှော်လင့်နေကြသည်။

တန်ယန် : ကျွန်မရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ "အိပ်မက်ကို အကောင်အထည်ဖော်ခြင်း" ကို ဒီဇင်ဘာ ၁၂ ရက်မှာ H မြို့တော် အနုပညာစင်တာ ဖျော်ဖြေရေး ခန်းမ၌ စတင် တင်ဆက်တော့မှာ ဖြစ်တဲ့အတွက် အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင်။ (ချစ်စရာပုံ) ဤဖျော်ဖြေပွဲမှ ရရှိသမျှ အကျိုးအမြတ် အားလုံးကို ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးငယ်များ၏ ဂီတအိပ်မက်များကို ကူညီ ဖြည့်ဆည်းပေးရန်အတွက် လှူဒါန်းသွားမည် ဖြစ်သည်။ လက်မှတ်ဝယ်ယူရန် : 【လင့်ခ်】"အိပ်မက်ကို အကောင်အထည်ဖော်ခြင်း" ထောက်ပံ့ကြေး လျှောက်ထားရန် : 【လင့်ခ်】

【တန်ယန့်ပရိသတ်များ သတင်းပို့ပါတယ် ပထမဆုံး ဖျော်ဖြေပွဲမို့ မဖြစ်မနေ အားပေးရမယ်】

【ဒီည ၈ နာရီမှာ လက်မှတ်စရောင်းမှာလား၊ အခုမှ ၆ နာရီပဲ ရှိသေးတာ ဘာလို့လဲ】

【အခုတော့ ဝယ်လို့မရသေးဘူး၊ ရောင်းမယ့် အချိန်ကိုပဲ ထိုင်စောင့်နေတယ် (ချစ်စရာပုံ)】

【လက်မှတ် စောင့်ဝယ်နေတုန်း တန်ယန် ပြိုင်ပွဲတုန်းက တီးခဲ့တဲ့ သီချင်းတွေကို ဒီမှာ သွားနားထောင်လို့ရတယ် 】

【မျှဝေပေးတာ ကျေးဇူးပဲ၊ အခုပဲ သွားနားထောင်လိုက်တော့မယ်】

【"လရောင်အောက်က စိမ်းလန်းတဲ့ တောင်ကုန်းအိုင်" ကို နားထောင်ပြီးကတည်းက မေမေက ကျွန်တော့်ရဲ့ အိပ်မပျော်တဲ့ ရောဂါအတွက် စိတ်ပူစရာ မလိုတော့ဘူး】

【အပေါ်ကလူနဲ့ အတူတူပဲ၊ ကျွန်တော်လည်း အိပ်ပျော်ဖို့ ခက်ခဲနေတာ အိပ်ခါနီး အဲ့တာကို နားထောင်တာက အိပ်မပျော်တဲ့ ဒုက္ခကနေ လွတ်မြောက်စေခဲ့တယ်】

【တကယ်ပဲ အဲ့လောက်ထိ စွမ်းတာလား ကျွန်တော်လည်း သွားစမ်းကြည့်ဦးမယ်】

【တကယ် စမ်းကြည့်သင့်တယ်၊ အစွမ်းထက်တာထက်ကို ပိုတယ်】

【ဝိုး ယွမ်ရှီးက နောက်ထပ် ပရိုမိုးရှင်း တစ်ခုကို ထပ်လုပ်လိုက်ပြန်ပြီ သူတို့ကြားမှာ ဘာပတ်သက်မှု ရှိနေတာလဲ】

【အပေါ်ကလူ လျှောက်မပြောနဲ့ ကျွန်တော်တို့ ရှီးချိုက်နဲ့ တန်ယန်က သူငယ်ချင်းတွေ ဖြစ်သလို အလုပ်အတူတူ လုပ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ဟုတ်တယ်၊ မတန်ယန်ရဲ့ ဖျော်ဖြေပွဲ အောင်မြင်ပါစေလို့ ချူယန်က ဆုတောင်းပေးပါတယ်】

【မတန်ယန်ရဲ့ ဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးမြောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်】 ...

ယွမ်ရှီး : မဖြစ်မနေ အားပေးရမယ်။

【အိုကေ၊ အားပေးမယ် +၁】

【အားပေးမယ် အားပေးမယ်】

【အပေါ်ကမမရဲ့ ခန္ဓာကိုယ် အချိုးအစားက တကယ့်ကို အမိုက်စားပဲ】

...

ကျင်းရှန်း : @တန်ယန်ရဲ့ "အိပ်မက်ကို အကောင်အထည်ဖော်ခြင်း" တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီး အောင်မြင်စွာ ပြီးမြောက်ပါစေကြောင်း ဆုတောင်းပေးပါတယ်ရှင် (ပန်းလေးတွေကြဲနေတဲ့ပုံ) တိုးတိုးလေး ပြောပြမယ်နော်... ကျွန်မဆီမှာ ဖိတ်စာရှိတယ် အဲ့ဒီမှာသွားပြီး ဂီတရဲ့ အရသာကို အပြည့်အဝ ခံစားရတော့မယ် ပျော်တယ်။

【ရှန်းပေါင်ကို ဖက်ထားချင်တယ်၊ ရှန်းပေါင်ကို အရမ်းအားကျတာပဲ၊ ငိုနေတဲ့ပုံ】

【ကျွန်မ မနာလိုလွန်းလို့ မျက်ရည်တွေတောင် ကျနေပြီဆိုတာ ပြောပြရင် ယုံကြမလား】

【ရှန်းပေါင်နဲ့ မတန်ယန်တို့က တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲနော်】

【"ယွန်းချင်းရဲ့ ဒဏ္ဍာရီ" ဇာတ်လမ်းတွဲ ကြည့်ရှုနှုန်း အမြင့်ဆုံးရတာ ဂုဏ်ယူပါတယ် မတန်ယန်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးလည်း အောင်မြင်ပါစေရှင်】

【တို့တွေရဲ့ ယွန်းချင်းက တကယ့်ကို ကံကောင်းတာပဲ ငါလည်း ဖျော်ဖြေပွဲကို သွားချင်တယ် ဒါပေမဲ့ အခုထိ လက်မှတ်ဝယ်ဖို့ တန်းစီစောင့်နေတုန်းပဲ】

【လက်မှတ်ဝယ်လို့ မရမှာကို ရုတ်တရက် စိုးရိမ်စိတ်ဝင်လာပြီ】

【အပေါ်က ကတ်မန့်ကို +၁ ပါ၊ ကျွန်မလည်း အဲ့ဒီလိုပဲ ခံစားနေရတယ်】

【တကယ်ပြောတာပါ၊ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲအတွက် လက်မှတ် ၄,၀၀၀ ပဲ ရှိတာဆိုတော့ ရဖို့မလွယ်ဘူးလို့ ထင်တယ်】

【ဘာလို့ လက်မှတ်အရေအတွက်က ဒီလောက် နည်းနေရတာလဲ သူက ရှိုပင်အထူးဆုရှင်ပဲဟာ၊ ဒီလောက် အရေအတွက်က ဘယ်လိုမှ မလုံလောက်ဘူး】

【ဖျော်ဖြေပွဲ ခန်းမရဲ့ အခြေအနေကြောင့် ဖြစ်လိမ့်မယ် H မြို့တော်က အနုပညာခန်းမက ပရိသတ် ၄,၀၀၀ ပဲ ဆံ့တာထင်တယ်】

【ဘာလို့ H မြို့တော်ကို ရွေးရတာလဲ ဘေကျင်းမှာဆိုရင် ပိုမကောင်းဘူးလား】

【အရမ်းကြီး ဝင်မပါကြပါနဲ့၊ သူတို့မှာ သူတို့အကြောင်းပြချက်နဲ့ သူတို့ ရှိမှာပေါ့】

...

တန်ယန်ကတော့ အွန်လိုင်းပေါ်က အမျိုးမျိုးသော ဝေဖန်သံတွေကို ဂရုမစိုက်အားပါချေ။ သူမသည် လက်ရှိတွင် ဂီတခန်းမထဲ၌ အောင်းနေကာ သူမ၏ တေးမှတ်စုများကို ပြန်လည်စစ်ဆေး မွမ်းမံနေလေသည်။

တံခါးအပြင်ဘက်တွင်မူ လုမုန့်လန်က သူမ၏ ခင်ပွန်းဖြစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်ရင်း -

"အိုယွီ... ယန်ယန်က တစ်နေကုန် ဂီတခန်းထဲမှာ အောင်းနေတာ အပြင်မှာ ထားပေးတဲ့ ထမင်းကိုလည်း တစ်လုပ်မှ မစားသေးဘူး ဖျော်ဖြေပွဲကလည်း နီးနေပြီ၊ ကလေး ကျန်းမာရေး ထိခိုက်ကုန်ပါဦးမယ်"

ယွီချန်းနျန်ကတော့ တည်ငြိမ်စွာဖြင့်ပင် -

"သူ့အတွက် စိတ်မပူပါနဲ့ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးလည်း ကောင်းပါတယ်၊ ဗိုက်ဆာလာရင် ထွက်လာမှာပေါ့ နောက်မှ သူ့အတွက် ကြက်စွပ်ပြုတ်လေး လုပ်ပေးလိုက်၊ အားရှိသွားအောင်လို့"

ဟု ဆိုလိုက်လေသည်။

ယွီချန်းနျန်သည်လည်း စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေမိသော်လည်း ဇနီးဖြစ်သူ၏ ပူပန်နေသော မျက်နှာကို မြင်သောအခါ မိမိကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းပြီး နှစ်သိမ့်ပေးလိုက်ရုံသာ တတ်နိုင်ပေသည်။ သူ၏အမြင်တွင် တန်ယန်သည် အရေးကြီးသော အရာကို ခွဲခြားနားလည်တတ်သူ ဖြစ်ကြောင်း သိထား၏။ ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ စိတ်ကူးသစ်တစ်ခု ရုတ်တရက် ဝင်လာသဖြင့် တစ်ထိုင်တည်း အပြီးသတ် ဖန်တီးလိုသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ငါသွားပြီး စွပ်ပြုတ် ချက်ထားလိုက်ပါ့မယ်"

တန်ယန်မှာမူ အသစ်ရေးစပ်ထားသော တေးသွားကို တစ်ခါပြီးတစ်ခါ တီးခတ်ရင်း အကြိမ်ကြိမ် ပြန်လည် ပြုပြင်နေသဖြင့် သူမ၏နဖူးတွင် အရေးအကြောင်းများ ထင်နေပေသည်။ ထိုတေးသွားမှာ အတော်ပင် ကောင်းမွန်နေပြီ ဖြစ်သော်လည်း ယခုထက်ပို၍ ကောင်းအောင် လုပ်နိုင်သေးသည်ဟု သူမ ခံစားနေရ၏။

【ယိတျန်တျန်: အရှင်ရေ... ဒါက ပြည့်စုံနေပါပြီ၊ ဘာလို့ အခုထိ အားမရသေးတာလဲ】

【တန်ယန်: ငါက အချိုးအကွေ့ တစ်ခုကို ရောက်နေသလိုပဲ ငါ့ရဲ့ လက်ရှိ အခြေအနေကို ကျော်ဖြတ်နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ】

【ယိတျန်တျန်: ဒါပေမဲ့ အရှင့်ရဲ့ အရည်အချင်းက ဒီကမ္ဘာဂြိုဟ်ပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်နေပြီလေ】

【တန်ယန်: တစ်ခုလောက် မေးပါရစေ၊ ဒီကမ္ဘာ အပြင်ဘက်မှာ သက်ရှိတွေရှိတဲ့ ဂြိုဟ်တွေ ဘယ်လောက်တောင် ရှိမလဲ】

【ယိတျန်တျန်: အင်း... အများကြီးပဲ၊ ကုဋေကုဋာချီ ရှိနိုင်ပါတယ် ဘာဖြစ်လို့လဲ】

【တန်ယန်: အဲ့ဒါကြောင့်ပေါ့ အခု ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ အရည်အချင်းက တခြားသူတွေ အတွက်တော့ ပျမ်းမျှအဆင့်လောက်ပဲ ဖြစ်နေနိုင်တာပေါ့】

ယိတျန်တျန်မှာ ဆွံ့အသွားရ၏။ ဤမျှ ရည်မှန်းချက် ကြီးမားသော အရှင်နှင့် ဆုံရသဖြင့် မိမိကိုယ်ကိုယ်လည်း ပြန်လည် သုံးသပ်ရတော့မည် ဖြစ်ချေသည်။

တန်ယန်သည် မိုးလင်းခါနီး အချိန်အထိ လက်မနားဘဲ အလုပ်လုပ်နေခဲ့သည်။ သူမသည် တေးမှတ်စု စာရွက်ကို ကောက်ယူကာ နောက်ဆုံး အစက်အပြောက်ကို ဖြည့်စွက်လိုက်ပြီးမှ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်နိုင်တော့၏။

လက်ထဲမှ သီချင်းနုတ်များ ပြည့်နှက်နေသော စာရွက်ကိုကြည့်ရင်း သူမ အတိုင်းအထက်အလွန် ကျေနပ်မိသွားသည်။ တစ်နေကုန် တင်းမာနေခဲ့သမျှစိတ်က ပြေလျော့သွားပြီး နောက်တွင်မူ ပြင်းထန်သော ဆာလောင်မှုက လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်လာတော့၏။ ထို့ကြောင့် သူမသည် ထိုင်ရာမှထကာ ဂီတခန်းထဲမှ ထွက်လာခဲ့သည်။

ထမင်းစားပွဲပေါ်တွင် ဟင်းပွဲများကို ပန်းကန်များဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရ၏။ စားပွဲဘေးတွင် ဆရာ့ဇနီး ရေးထားခဲ့သော စာတိုလေးတစ်စောင် ရှိနေသည်။

‘ယန်ယန်... အိုးထဲမှာ ကြက်စွပ်ပြုတ် နွေးထားတယ် အိပ်ခါနီး သောက်ဖို့ မမေ့နဲ့ဦးနော် တကယ်လို့ ဟင်းတွေအေးနေရင် မိုက်ခရိုဝေ့ဖ်ထဲမှာ ပြန်နွေးစားလိုက်ပါ’

သူမသည် ဟင်းပွဲများကို မီးဖိုချောင်ထဲသို့ သယ်သွားပြီး ထမင်းနွေးနေစဉ်အတွင်း ကြက်စွပ်ပြုတ်အိုးကို ထုတ်ကာ မီးပိတ်လိုက်သည်။

စွပ်ပြုတ်ပန်းကန်၏ အဖုံးကို ဖွင့်လိုက်သည်နှင့် သင်းပျံ့သောရနံ့က ထွက်လာရာ ဗိုက်ဆာနေသော သူမကို ပို၍ပင် ဗိုက်ဆာသွားစေတော့၏။ ကြက်စွပ်ပြုတ် သောက်ပြီးသောအခါ ဟင်းများလည်း နွေးသွားပြီ ဖြစ်ပေသည်။ အားလုံး စားသောက်ပြီးစီး၍ ပန်းကန်ခွက်ယောက်များကို ဆေးကြောသိမ်းဆည်းပြီးမှသာ သူမသည် အနားယူရန် အထဲသို့ ဝင်ခဲ့တော့သည်။

နောက်တစ်နေ့တွင် နေမင်းကြီး ကောင်းကင်အလယ်သို့ ရောက်သည့်တိုင်အောင် တန်ယန် နိုးမလာခဲ့ပေ။

【ယိတျန်တျန်: မင်္ဂလာနံနက်ခင်းပါ အရှင်ရေ】

【တန်ယန်: မင်္ဂလာပါ ယိတျန်တျန် ဒီနေ့ နင်ကြည့်ရတာ စိတ်ကြည်လင်နေသလိုပဲနော်】

【ယိတျန်တျန်: ဟုတ်ပါ့! မနေ့က အရှင်ရေးစပ်လိုက်တဲ့ တေးသွားက ကျွန်တော့်ရဲ့ ဂီတဒေတာတိုက်ထဲကို ရောက်သွားပြီး ကျွန်တော့်ကို အဆင့်တက်သွားစေတယ်လေ မူလကတော့ ငွေသုံးရမယ့် မစ်ရှင်တွေပြီးမှ အဆင့်တက်ရမှာ၊ အခုတော့ အချိန်မတိုင်ခင် အဆင့်တက်သွားတာပေါ့ အရှင်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ】

【တန်ယန်: အဲ့ဒီတော့... အဆင့်တက်သွားပြီးနောက်မှာ ဘာတွေ ထူးခြားပြောင်းလဲသွားလဲ】

【ယိတျန်တျန်: အလယ်အလတ်အဆင့် စနစ်ဆိုင် ပွင့်သွားပါပြီ အခုဆိုရင် ပြန်အမ်းငွေကနေ ရလာတဲ့ ပိုက်ဆံတွေကို စနစ်သုံးပစ္စည်းတွေ ဝယ်ယူတဲ့ နေရာမှာ အသုံးပြုလို့ ရပါပြီခင်ဗျာ】

ဤသတင်းကို ကြားလိုက်ရသည်နှင့် တန်ယန် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

"ဘယ်လို ပစ္စည်းအသစ်တွေ ရှိမလဲ ထားလိုက်ပါတော့... ငါ့ဘာသာပဲ လိုက်ကြည့်လိုက်ပါ့မယ်"

တန်ယန်သည် စနစ်ဆိုင်ကို ဖွင့်ကြည့်လိုက်ရာ အမှန်ပင် ဝယ်ယူနိုင်သည့် ရွေးချယ်စရာ အသစ်တစ်ခု တိုးလာသည်ကို တွေ့ရ၏။ ယခင်က အားကျနှစ်သက်မှု အမှတ်ဖြင့်သာ ဝယ်ယူ၍ ရသော်လည်း ယခုအခါ အပြင်လောကငွေသား ကြိုက်နှစ်သက်ရာဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ချေသည်။

အွန်လိုင်းဆိုင်ထဲတွင် အိမ်ခြံမြေမှစ၍ အမျိုးသမီးသုံး လစဉ်သုံးပစ္စည်းအထိ အစုံအလင် ရှိနေသည်။ ဥပမာအားဖြင့် သူမကြည့်နေသော "စိတ်လွတ်ကိုယ်လွတ် လစဉ်သုံးပစ္စည်း" ၏ ဖော်ပြချက်တွင် ဤသို့ ရေးသားထား၏။

"လစဉ်လတိုင်း ကြုံတွေ့ရတဲ့ အဲ့ဒီရက်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတုန်းလား 'Feel-free' လစဉ်သုံးပစ္စည်းက သင့်ကို အဲ့ဒီရက်တွေရဲ့ မသက်မသာ ဖြစ်မှုတွေကနေ ကယ်တင်ပေးပါလိမ့်မယ် တစ်နေ့တာလုံး သက်သောင့်သက်သာရှိဖို့ တစ်ခုတည်းဆို လုံလောက်ပါပြီ"

စျေးနှုန်းမှာမူ အားကျနှစ်သက်မှု အမှတ်ဆိုလျှင် ၁၀၀၊ ငွေသားဆိုလျှင်လည်း ယွမ် ၁၀၀ ဟု ရေးထားပေသည်။

【တန်ယန်: တကယ်ပဲလား... ဒီစျေးနှုန်းကတော့ အတော်လေးကို လွန်လွန်းတယ် တစ်ခုတည်းကို ယွမ် ၁၀၀ တဲ့လား နင်ငါ့ကို ဓားပြတိုက်နေတာလား】

【ယိတျန်တျန်: အရှင်ကလည်း ဘာလို့ အဲ့လိုတွေးရတာလဲ စနစ်ကထုတ်တဲ့ လစဉ်သုံး ပစ္စည်းဆိုတာ သာမန်ပစ္စည်းမျိုး မဟုတ်ဘူးလေ】

【တန်ယန်: ဘယ်လောက်ပဲ ထူးခြားနေပါစေ လစဉ်သုံးပစ္စည်းက လစဉ်သုံးပစ္စည်းပဲ မဟုတ်ဘူးလား ဒါက တစ်နေ့လုံး လဲစရာ မလိုဘူးဆိုတဲ့ အဓိပ္ပာယ်ပဲလေ အဲ့ဒီလို လဲရတဲ့ဒုက္ခ သက်သာတာကလွဲရင် ဘာတွေများ ထူးခြားနေလို့လဲ】

【ယိတျန်တျန်: အရှင်ရေ... အညွှန်းမှာ ရေးထားသားပဲ၊ "တစ်နေ့တာလုံး စိတ်အေးလက်အေး ရှိစေရမယ်" တဲ့ ဒါက အသုံးပြုသူ အနေနဲ့ ဗိုက်ရစ်တာ၊ ကိုက်ခဲတာနဲ့ တခြား ဘာဝေဒနာမှ ခံစားရမှာ မဟုတ်သလို ပုံမှန်အသုံးပြုပေးရင် အမျိုးသမီး ရောဂါတွေကိုတောင် ကာကွယ်ပေးနိုင်ပါတယ် တကယ့်ကို ရာသီမလာသလိုမျိုး လန်းလန်းဆန်းဆန်း ဖြစ်နေစေမှာပါ】

အခန်း (၁၅၀)

ဖန်သားဂြိုဟ်

【တန်ယန်: အေးပါ... နင်ပြောတာလည်း ဟုတ်ပါတယ် ဘေးထွက်ဆိုးကျိုးတွေ ဘာတွေတော့ မရှိပါဘူးနော်】

【ယိတျန်တျန်: အရှင်ကလည်း... စနစ်ရဲ့ ကျွမ်းကျင်မှုကို သံသယဝင်နေတာလား စနစ်ကထုတ်တဲ့ ဘယ်အရာမဆို တရားဝင်ပြီး စံချိန်စံညွှန်းတွေနဲ့ ပြည့်မီပါတယ်နော် အဆင့်မမီတဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး】

【တန်ယန်: အိုကေ... အိုကေ... ငါမှားသွားပါတယ် နင့်ကို သံသယ မဝင်သင့်ဘူး】

တန်ယန် ကိုယ်တိုင်ကတော့ ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တာမျိုး မရှိသော်လည်း တခြားသူတွေ အသည်းအသန် ခံစားနေရသည်ကို မြင်ဖူးရာ တကယ်ပင် ကြောက်စရာ ကောင်းလှသည်။ တကယ်လို့ လစဉ်သုံး ပစ္စည်းလေး တစ်ခုခုသုံးရုံနဲ့ အဲ့ဒီဝေဒနာတွေ ပျောက်ကင်းသွားမယ် ဆိုရင်တော့ ယွမ် ၁၀၀ ပေးရတာဟာ တန်တယ်လို့ ဆိုရပါလိမ့်မည်။

အိပ်ရာမဝင်ခင် Weibo ကို ဖွင့်ကြည့်လိုက်ရာ သူမ၏ ဖျော်ဖြေပွဲ ပရိုမိုးရှင်း ပို့စ်အောက်တွင် ငိုချင်းချပြီး တိုင်တောနေကြသူ များစွာကို တွေ့လိုက်ရ၏။

【မနက် ၈ နာရီ အတိမှာ လက်မှတ်ဝယ်တဲ့လင့်ခ်ကို နှိပ်လိုက်တာ "ကုန်သွားပြီ" တဲ့ နင်တို့တွေ ဘာတွေလုပ်နေကြတာလဲ】

【ပြုံးရုံပဲ ပြုံးနိုင်တော့တယ် ကျွန်တော်လည်း လက်မှတ်မရဘူး၊ တစ်စက္ကန့် အတွင်းမှာတင် အကုန် ကုန်သွားသလိုပဲ】

【ကျွန်မတို့ မမတန်က တကယ်ကို နာမည်ကြီးတာပဲ ထိပ်တန်း ဆယ်လီတွေတောင် ဒီလောက်အထိ အားပေးမှု မရဘူး ထင်တယ်နော်】

【အမှန်အတိုင်း ပြောရရင် ဒါက ယွမ်ရှီးရဲ့ ဖျော်ဖြေပွဲ လက်မှတ်တွေထက်တောင် ဝယ်ရခက်နေသေးတယ်】

【ယွမ်ရှီးကို အားနာလို့ မတန်ယန်ကို ဝိုင်းဝန်း အားပေးကြမယ်လို့ ပြောခဲ့ကြပေမဲ့... တကယ်တမ်းကျတော့ သူမက အားပေးဖို့တောင် မလိုဘူး၊ လက်မှတ်ကမှ မလောက်တာ】

【ပရိတ်သတ် ငိုနေကြပြီ ပထမဆုံး ဖျော်ဖြေပွဲကိုတောင် လက်မှတ်မရလိုက်ဘူး ငိုနေတဲ့ပုံ】

【အတွင်းလူ တစ်ယောက်က ကတ်မန့်ပေးထားတယ် "လက်မှတ်မရဘူး +၁" တဲ့】

【တစ်စက္ကန့်အတွင်း ပြောင်သလင်း ခါသွားတယ်ဆိုတာ ဒါကိုပြောတာပဲ】

【ကျေးဇူးပြုပြီး လက်မှတ်အရေအတွက် ထပ်တိုးပေးပါဦး၊ မတ်တပ်ရပ်ကြည့်ရမယ် ဆိုရင်တောင် ကျေနပ်ပါတယ်】

【အပေါ်က လူကတော့ တကယ့်ကို အစွမ်းကုန်ပဲ၊ မတ်တပ်ရပ်ကြည့်မယ်တဲ့ ဟားဟား...】

တန်ယန်သည် မျက်မှောင်လေး အနည်းငယ် ကြုတ်လိုက်မိ၏။ မူလက သူမသည် စန္ဒယားတီးခတ်ခြင်း ဆိုသည်မှာ လူနည်းစုသာ စိတ်ဝင်စားသည့် အနုပညာတစ်ခုဟု ထင်မှတ်ထားခဲ့ပြီး လောကသား အချို့သာ လက်မှတ်ဝယ်၍ လာကြည့်ကြမည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။ ဤမျှလောက် လူအများအပြား လက်မှတ်မရဘဲ ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ရုတ်တရက် ဆိုသလို သူမရွေးချယ်ခဲ့သည့် H မြို့တော်က အနုပညာ ခန်းမသည် အနည်းငယ် သေးငယ်လွန်းနေပြီဟု ခံစားလိုက်ရ၏။

တန်ယန် : ဒီလောက်အထိ လူစိတ်ဝင်စားမှု ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး ဖျော်ဖြေပွဲကို လာချင်ကြတဲ့သူတွေ အားလုံးရဲ့ဆန္ဒကို မဖြည့်ဆည်း ပေးနိုင်တဲ့အတွက် တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ် ဖျော်ဖြေပွဲရဲ့ ဗီဒီယိုတွေကို နောက်ပိုင်းမှာ အိုင်မြူဇစ် ပလက်ဖောင်းပေါ်ကို တင်ပေးသွားမှာပါ စိတ်ဝင်စားရင် အိုင်မြူဇစ်က ကျွန်မရဲ့အကောင့်ကို ဖော်လို လုပ်ထားပေးကြပါဦးနော်။

【ညနက်တဲ့အထိ မအိပ်သေးတဲ့ နတ်ဘုရားမလေးကို မိလိုက်ပြီ】

【တို့ရဲ့ ချစ်စရာ နတ်သမီးလေးကို ဖက်ထားမယ် လက်မှတ်မရခဲ့ပေမဲ့ လပ်ဖ်မြူဇစ် အကောင့်ကိုတော့ ဖော်လို လုပ်ထားမယ်နော်】

【တော်တော် နောက်ကျနေပြီ မမတန်ရေ၊ အနားယူတော့လေ ဂွတ်နိုက်ပုံ】

【ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ အသည်းလေး ဖျော်ဖြေပွဲကြီး အောင်မြင်ပါစေ】

......

မကြာမီမှာပင် ဒီဇင်ဘာလ ၁၂ ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။

ဖျော်ဖြေပွဲကို မွန်းလွဲ ၃ နာရီတွင် စတင်မည်ဖြစ်ပြီး ပထမပိုင်းကို ၄၅ မိနစ် တင်ဆက်ကာ ၁၅ မိနစ် အနားယူမည် ဖြစ်သည်။ ထို့နောက် ဒုတိယပိုင်းကို မိနစ် ၆၀ ကြာ တင်ဆက်သွားမည် ဖြစ်ချေသည်။

တန်ယန်သည် ကြယ်တာရာများ စီခြယ်ထားသည့် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ကာ စင်မြင့်ထက်သို့ ကျော့ရှင်းစွာ တက်လှမ်းလာခဲ့သည်။ အဆင့်ဆင့်သော စကတ် အနားသတ်များတွင် စိန်ပွင့်ကလေးပေါင်း များစွာကို စီခြယ်ထားရာ သူမလှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ ကောင်းကင်ယံမှ ဂလက်ဆီ တစ်ခုလုံး မြေပြင်ပေါ်သို့ ကြွေကျလာသကဲ့သို့ တလက်လက် တောက်ပနေသည်။

ဖျော်ဖြေပွဲကို တရားဝင် စတင်လိုက်ပြီဖြစ်ရာ ပရိသတ်အားလုံး၏ အကြည့်မှာ စင်ပေါ်ရှိ အလွန်ပင် ငယ်ရွယ်နုပျိုသော မိန်းကလေးထံသို့သာ စုပြုံကာ ရောက်ရှိနေတော့၏။ သူတို့အားလုံးသည် နတ်သက်ကြွေသကဲ့သို့ သာယာလှသော စန္ဒယား သံစဉ်များတွင် နစ်မျောကာ ဂီတ၏ မှော်ဆန်မှုကို ကိုယ်တိုင်ကိုယ်ကျ ခံစားနေကြသည်။

ပွဲသို့ လာရောက်သူများမှာ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စန္ဒယား ဝါသနာရှင်များနှင့် တန်ယန့်ကို အလွန်အမင်း နှစ်သက်လွန်းသဖြင့် လက်မှတ်ကို အသည်းအသန် လုဝယ်ထားသူများသာ ဖြစ်ကြ၏။

ပထမပိုင်းအပြီး အနားယူချိန်တွင် လူအများအပြားမှာ မိမိတို့၏ ဖုန်းများကို ထုတ်ယူကာ ရိုက်ထားသော ဓာတ်ပုံများကို Weibo ပေါ်သို့ တင်လိုက်ကြသည်။ ယင်းမှာ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခွင့် ရကြောင်းကို ကြွားလိုက်ခြင်းပင် ဖြစ်ချေသည်။ ထိုအတောအတွင်းမှာပင် "အိပ်မက်ကို အကောင်အထည်ဖော်ခြင်း" တစ်ကိုယ်တော် ဖျော်ဖြေပွဲသည် လက်မှတ်ဝယ်ယူရန် ခက်ခဲမှုကြောင့် လူအများ စိတ်ဝင်စားနေသည့်အလျောက် ရေပန်းစားနေသည့် ခေါင်းစဉ်များ စာရင်း၏ နောက်ဆုံးသို့ အလွယ်တကူ ပြန်လည် တက်လှမ်းလာခဲ့သည်။

ယွီရှောင်ချင်းသည် တန်ယန်၏ ပရိသတ်ဖြစ်သလို ချူယန်၏ ပရိသတ်လည်း ဖြစ်၏။ သူမသည် ယွမ်ရှီး၏ အယ်လ်ဘမ်အသစ် ထွက်ရှိလာချိန်တွင် တန်ယန်ကို စတင်သိရှိခဲ့ခြင်း ဖြစ်သည်။ သူမ၏ သက်တူရွယ်တူများထဲတွင် ဤမျှလောက် ထူးချွန်ပြီး ဘက်စုံတော်သည့် ပညာချွန်ကျောင်းသား အစစ်အမှန် ရှိနိုင်သည်ကို ထိုအချိန်မှစ၍ ပထမဆုံးအကြိမ် သိရှိခဲ့ရခြင်း ဖြစ်သည်။

သူမသည် တန်ယန်၏ "ပညာတော်သူ" ဆိုသည့် ပုံရိပ်မှာ ကြော်ငြာရုံသက်သက် မဟုတ်ကြောင်း အတည်ပြုရန်အတွက် S မြို့တော် စမ်းသပ်အထက်တန်းကျောင်းမှ သူမ၏ ဝမ်းကွဲမောင်နှမထံတွင် တိတ်တဆိတ် စုံစမ်းခဲ့သေးသည်။ ထိုသို့ သေချာသွားမှသာ စိတ်ချလက်ချ ပရိသတ်ဖြစ်ခဲ့ခြင်း ဖြစ်၏။ တန်ယန်သည် သူမစိတ်ကူးထဲတွင် ရှိသော စံပြအမျိုးသမီး ပုံစံအတိုင်းပင် ဖြစ်ပေသည်။ မိန်းကလေးတိုင်းသည် တန်ယန်ကဲ့သို့ ဖြစ်လိုကြမည်ဟု သူမတွေးမိသည်။

"အိပ်မက်ကို အကောင်အထည်ဖော်ခြင်း" ဖျော်ဖြေပွဲအတွက် လက်မှတ်မရသဖြင့် မူလက စိတ်မကောင်း ဖြစ်နေသော်လည်း အွန်လိုင်းတွင် မျှဝေထားသည့် ဓာတ်ပုံများကို မြင်လိုက်ရသောအခါ သူမ၏ရင်ထဲမှာ ပို၍ပင် ခံစားလိုက်ရတော့သည်။ အမှန်တကယ်ကို လှပလွန်းသော တန်ယန်အား လူကိုယ်တိုင် တွေ့မြင်ခွင့် ရမည်ဆိုလျှင် မည်မျှ ကောင်းလိုက်မည်နည်း။

ဖျော်ဖြေပွဲ ပြီးဆုံးသွားသည့် နောက်တွင် အင်တာနက် အသုံးပြုသူများက ပွဲအပြီး ခံစားချက်များကို ထပ်မံတင်ကြပြန်ရာ ယွီရှောင်ချင်းမှာ ပို၍ပင် စိုးရိမ်တကြီးဖြစ်ကာ စိတ်မသက်မသာ ဖြစ်ရပြန်သည်။ လူတိုင်းကို ဆွဲဆောင် ညှို့ယူနိုင်ခဲ့သည့် တန်ယန်၏ အသစ်စက်စက် တေးသွားဖြစ်သော "ဖန်သားဂြိုဟ်" ကို သူမ အမြန်ဆုံး နားထောင်ချင်လှပေပြီ ဖြစ်သည်။

ဤဖျော်ဖြေပွဲသို့ ဖိတ်ကြားခံရသူများထဲတွင် ယွီယင်းအပ်မှ သတင်းထောက် တစ်ဦးလည်း ပါဝင်လေသည်။ ဖျော်ဖြေပွဲ ပြီးသည်နှင့် တန်ယန်၏ တင်ဆက်မှု အသားပေး ဗီဒီယိုများကို တည်းဖြတ်ကာ တင်လိုက်ကြ၏။ မထင်မှတ်ထားဘဲ ထိုဗီဒီယို အတိုလေးများသည် တစ်နာရီ မပြည့်မီမှာပင် ကြည့်ရှုသူ တစ်သန်းကျော်သွားပြီး သုံးနာရီ မပြည့်မီမှာပင် ၁၀ သန်းကျော်အထိ ရရှိသွားခဲ့သည်။ ယင်းက တန်ယန် မည်မျှအထိ လူကြိုက်များကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။

ထိုနေ့ ညနေမှာပင် တန်ယန်သည် ဖျော်ဖြေပွဲမှ သီချင်းများ စုစည်းမှုကို သူမ၏ လပ်ဖ်မြူးဇစ် အကောင့်တွင် တင်လိုက်ရာ ထိုသီချင်းများမှာ ပလက်ဖောင်း၏ သီချင်းသစ်ဇယားနှင့် အကြံပြုချက် ဇယားများ အပါအဝင် ဇယားအသီးသီးတွင် အလျင်အမြန် ပေါ်ထွက်လာခဲ့သည်။

တန်ယန် : ကျွန်မရဲ့ ဖျော်ဖြေပွဲ အစီအစဉ်တွေကို အိုင်မြူးဇစ် အကောင့်မှာ တင်ထားပေးပါပြီ၊ အားလုံးပဲ လာရောက် နားဆင်ကြပါဦး၊ လင့်ခ်။

【လာပြီ နောက်ဆုံးတော့ ရောက်လာပြီဟေ့】

【ဝါး... အကြာကြီး စောင့်ခဲ့ရတာ၊ အခုမှပဲ ရောက်တော့တယ် နင့်ကို ချစ်ကြောင်းပြဖို့အတွက် လက်အသည်းလေး ပေးလိုက်တယ်နော်】

【ယွီယင်းက ဗီဒီယိုတိုတွေကို ရှစ်ရာခေါက်လောက် ကြည့်ပြီးပြီ အဲ့ဒီ ဂလက်ဆီ ဂါဝန်ကတော့ တကယ့်ကို အမိုက်စားပဲ စန္ဒယား သံစဉ်တွေကလည်း အံ့သြဖို့ကောင်းတယ်】

【ကြယ်တာရာ ဂါဝန်ဆိုတာ ဘာလဲဟင်】

【အပေါ်က မေးခွန်းအတိုင်းပဲ +၁】

【ကြယ်တာရာဂါဝန်က Runway ပေါ်မှာ ပေါ်လာပြီး ကတည်းက လူမြင်ကွင်းမှာ ထပ်မတွေ့ရတော့ဘူး၊ အခုတော့ တန်ယန်က သူမရဲ့ အဝတ်ဘီရိုထဲ ထည့်ထားလိုက်ပြီပေါ့... တခြားအရာတွေကို ဖယ်ထားဦး၊ စျေးနှုန်းကို ကြည့်တာနဲ့တင် ဘယ်လောက် တန်ဖိုးကြီးလဲ သိနိုင်တယ် မခန့်မှန်းဝံ့ပေမဲ့ ဒီဂါဝန်ဟာ အခုဆိုရင် ယွမ် ၇ သန်းလောက် တန်ကြေးရှိနေပြီ】

【အပေါ်ကလူက အတော်လေး ဗဟုသုတ ကြွယ်တာပဲ၊ ကျွန်တော် ပြောနိုင်တာကတော့... ဟာ တကယ်ကို အံ့မခန်းပါပဲလား】

【လနတ်သမီးဂါဝန်၊ ရွှေရောင်ရေသူမ မင်းသမီးဂါဝန်ကနေ အခု ကြယ်တာရာ ဂလက်ဆီဂါဝန်အထိ၊ မတန်ယန်ရဲ့ ဂါဝန်တွေက အားလုံးစျေးကြီးပြီး လှပလွန်းတယ် အားကျလိုက်တာ】

【တန်ယန်ရဲ့ မိသားစုနောက်ခံကို ဘာလို့ ဘယ်သူမှ စုံစမ်းမကြည့်ကြတာလဲ】

【အပေါ်ကလူ ဘာဖြစ်နေတာလဲ သူများနောက်ကြောင်းကိုပဲ အမြဲလိုက်နှိုက်နေတာပဲ၊ သူမက ဖျော်ဖြေရေး လောကထဲမှာတောင် ရှိတာမဟုတ်ဘူး၊ ဘာလို့ ဒီလိုညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးနေတာလဲ】

【တကယ်ပါပဲ... ထူးချွန်တဲ့ စန္ဒယားပညာရှင် တစ်ယောက်အပေါ် အနည်းဆုံးတော့ လေးစားမှု ရှိကြစမ်းပါ သူက ငယ်သေးတယ် ဆိုပေမဲ့ သူ့ရဲ့ အောင်မြင်မှုတွေကတော့ ထိပ်တန်းအဆင့်မှာ ရှိနေတာပါ】

【စိတ်မမှန်တဲ့ သူတွေကို ဂရုမစိုက်ပါနဲ့၊ ဒီအတိုင်း လျစ်လျူရှုထားလိုက်ပါ စန္ဒယားသံစဉ်က နားထောင်လို့ မကောင်းလို့လား၊ ဒါမှမဟုတ် မိန်းကလေးကပဲ မလှလို့လား】

【"ဖန်သားဂြိုဟ်" ကတော့ တကယ့်ကို အံ့မခန်းပါပဲ ဂီတအကြောင်း နားမလည်တဲ့ ကျွန်တော့်လိုလူ အတွက်တောင် အရမ်းကို အထင်ကြီးစရာ ကောင်းလွန်းတယ်】

【ကျွန်မ ဖော်လိုလုပ်ထားတဲ့ မြူးဇစ်ဘလော့ဂါတွေ ဆိုရင်လည်း ရှည်ရှည်ဝေးဝေးတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ချီးကျူးခန်းတွေ ဖွင့်နေကြတာလေ】

【တခြားသူတွေက ဘယ်လိုများ ချီးကျူးထားလဲဆိုတာ ကျွန်မကိုလည်း ပြပါဦး၊ ကျွန်မလည်း သူတို့ဆီကနေ အတုယူပြီး ချီးကျူးချင်လို့ပါ】

【ကျွန်တော်လည်း ကြည့်ချင်ပါတယ် +၁】

【လင့်ခ်ရော့... သွားကြည့်ကြတော့၊ ကျေးဇူးတင်စရာ မလိုဘူးနော်】

......

【သွားကြည့်ပြီး ပြန်လာပြီ၊ ပြောရမှာကတော့... ပညာရှင်တွေဆိုတာ တကယ်ကို အံ့မခန်းပါပဲလား】

【တော်သေးတာပေါ့... တန်တန်မှာ တကယ်ပဲ အရည်အချင်း ရှိနေလို့၊ မဟုတ်ရင်တော့ ဒါဟာ မြှောက်ပင့်ပြီး ပြောနေသလို ဖြစ်နေမှာ】

ဖျော်ဖြေပွဲ ပြီးဆုံးသွားပြီး နောက်တွင် ဖျော်ဖြေရေး ခန်းမနှင့် မလှမ်းမကမ်းရှိ ရှန်ဂရီလာ ဟိုတယ်၏ ခန်းမဆောင်၌ အောင်ပွဲခံ ဂုဏ်ပြုညစာစားပွဲငယ် တစ်ခုကို ကျင်းပခဲ့သည်။

တန်ယန် ရောက်ရှိသွားချိန်တွင် ဆရာဖြစ်သူ ယွီချန်းနျန်မှာ လူအုပ်စုတစ်ခု၏ ဝန်းရံခြင်းကို ခံထားရပြီး ရယ်ရယ်မောမော စကားပြောနေသည်ကို တွေ့လိုက်ရ၏။ သူမသည် ဝန်ထမ်းတစ်ဦးထံမှ ဖျော်ရည်တစ်ခွက်ကို ယူကာ ထိုနေရာသို့ လျှောက်သွားခဲ့သည်။ လူတိုင်းကို ဦးစွာ နှုတ်ဆက်လိုက်ပြီး နောက်တွင်မှ ယွီချန်းနျန်၏ ဘေးနားသို့ကပ်ကာ သတိပေးလိုက်၏။

"ဆရာ... ဆရာကတော်က မှာထားတယ်နော်၊ ဆရာ့ကို အရက်လုံးဝ မသောက်ရဘူးတဲ့"

All Chapters