အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း ၃၇၁ - တောနက်ထဲမှ ကတုံးပေါ်ထိပ်ကွက် (ကလဲ့စားချေခြင်း)
တောအုပ်တစ်ခုအတွင်း၌ လူရိပ်တစ်ခုသည် အသည်းအသန် ပြေးလွှားနေ၏။
၎င်း၏အဝတ်အစားများသည် သွေးများဖြင့် စိုရွှဲနေပြီး တစ်ကိုယ်လုံးလည်း ဖရိုဖရဲ ဖြစ်နေပုံပင်။
ပုံမှန်စံနှုန်းအရ ဆိုလျှင် သူသည် အနည်းဆုံး ပထမအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူ၌ ပထမအဆင့် တစ်ဦး၏ အရှိန်အဝါ လုံးဝမရှိတော့ဘဲ ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင်သာ ရှိနေသည်။
သူ့နောက်မှ တစ်စုံတစ်ယောက် လိုက်လံဖမ်းဆီးနေသကဲ့သို့ နောက်သို့ ခဏခဏ လှည့်ကြည့်နေ၏။
မြင့်မြတ်လှသော ပထမအဆင့်တစ်ဦးမှာ ခွေးတစ်ကောင်ကဲ့သို့ ပြေးလွှားနေရခြင်း။
ဤသို့သော အပြုအမူမျိုးမှာ သူတစ်ပါးအမြင်တွင် လက်ခံရန် ခက်ခဲသော ထူးဆန်းသည့် ကိစ္စဖြစ်သော်လည်း သူ့အတွက်မူ ဂုဏ်သိက္ခာထက် အသက်ရှင်သန်ရေးက ပို၍ အရေးကြီးနေသည်။
သူပြေးလွှားနေစဉ် နောက်ဘက်မှ လေတိုးသံသဲ့သဲ့ကို ကြားလိုက်ရသည်။
စိမ်းလန်းစိုပြည်နေသော တောအုပ်ကြီးအထက် ကောင်းကင်ယံတွင် အမည်းရောင် အရိပ်တစ်ခုသည် လျှပ်စီးသဖွယ် ဖြတ်သန်းသွားပြီး ပြင်းထန်သော လေဖိအားကြောင့် သစ်ကိုင်းများမှာ တရှဲရှဲ မြည်ဟီးကုန်သည်။
မိုင်ပေါင်းများစွာ ပျံသန်းပြီးနောက် ထိုအရိပ်သည် လေထဲတွင် ရပ်တန့်သွားသည်။
သူသည် ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး လေထဲ၌ လွတ်လပ်စွာ ရပ်တည်နေ၏။
သူ၏ လင်းယုန်ကဲ့သို့ ထက်မြက်သော မျက်လုံးများက တောအုပ်ကို ဝေ့ဝဲကြည့်လိုက်ရုံဖြင့် ထွက်ပေါ်လာသော ဖိအားများကြောင့် သစ်ပင်များပင် တုန်လှုပ်ကုန်သည်။
တောအုပ်ကြီးမှာ လုံးဝ တိတ်ဆိတ်သွား၏။
စောစောက ပြေးဝင်လာသူမှာ ပျောက်ကွယ်သွားသကဲ့သို့ပင်။
မည်သည့် အာရုံခံစားမှု သို့မဟုတ် ခြေရာလက်ရာမှ ထိုသူ၏ တည်နေရာကို မဖော်ပြနိုင်ချေ။
"ဟမ့်"
ဝတ်ရုံနက်နှင့် လူက နှာခေါင်းရှုံ့ရင်း အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
ရုတ်တရက် သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လှိုင်းများထသကဲ့သို့ ဖြစ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပြန့်နှံ့သွားသည်။
မြက်ပင်နှင့် သစ်ပင်များမှာ တုန်ခါသွားပြီး ပိုးမွှားများမှာလည်း ကြေမွသွားခြင်း သို့မဟုတ် မြေကြီးပေါ်တွင် ဝပ်စင်းနေခြင်းဖြင့် မလှုပ်မရဲ ဖြစ်ကုန်ကြသည်။
ထိုစဉ် ကမ္ဘာမြေကြီး တုန်ခါသွား၏။
ဝတ်ရုံနက်နှင့်လူ ရှိရာမှ မီတာ ၇၀၀ ကျော်အကွာရှိ မြေပြင်ပေါ်တွင် ထူးဆန်းသော လှိုင်းတစ်ခု ပေါ်လာပြီးနောက် မြေပြင်မှာ ပေါက်ကွဲထွက်သွားသည်။
ဖုန်မှုန့်များကြားမှ လူရိပ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး အဝေးသို့ ထွက်ပြေးလေသည်။
"ဘယ်ကို သွားနိုင်မယ် ထင်လို့လဲ"
ကောင်းကင်ယံရှိ လူက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။
သူသည် လိုက်လံဖမ်းဆီးရန် စိတ်ကူးမရှိဘဲ လက်ကို အနည်းငယ် လှုပ်ယမ်းလိုက်ရုံဖြင့် ပထမအဆင့်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် အေးခဲသွားသည်။
ထိုသူ၏ အရှိန်မှာ နှေးကွေးသွားပြီး လှုပ်ရှားရန်ပင် ခက်ခဲသွား၏။
သူသည် အသိဉာဏ်တုံးသူ မဟုတ်သဖြင့် ဤသည်မှာ နယ်ပယ်စွမ်းအား ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် လှုပ်ခါလိုက်ရာ အတွင်းပိုင်းမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး နေမင်းတစ်ခုကဲ့သို့ တောက်ပလာသည်။
ထိုအခါ ချုပ်နှောင်ထားသော စွမ်းအားများ အနည်းငယ် လျော့ပါးသွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
အခွင့်အရေးကို အရယူကာ မီတာ ဆယ်ဂဏန်းခန့် အမြန်ခုန်ထွက်လိုက်သည်။
သို့သော် သူ ဆက်လက် ထွက်ပြေးရန် ကြိုးစားစဉ် ဝတ်ရုံနက်နှင့်လူက သူ၏ ညာလက်ကို အောက်သို့ ဖိချလိုက်သည်။
ချက်ချင်းပင် လေထဲ၌ ကြီးမားသော လက်ဝါးရိပ်တစ်ခု ပေါ်လာပြီး သူ့ကို မြေကြီးထဲသို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
မြေပျော့ပျော့ပေါ်တွင် လူတစ်ကိုယ်စာ ပုံစံခွက်ကြီး ဖြစ်သွားပြီး သူမှာ ရုပ်တုတစ်ခု မြေကြီးထဲ နစ်ဝင်နေသကဲ့သို့ ရယ်စရာကောင်းသော အနေအထား ဖြစ်သွားသည်။
"မင်း... မင်းက... ထိပ်တန်းအဆင့် တစ်ယောက်ပဲ"
သူ၏ အသံမှာ တုန်ရီနေသည်။
သူ့ကို ဖမ်းဆီးရန် အဖွဲ့အစည်းက ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကို စေလွှတ်လိမ့်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေ၏။
ရန်သူ၏ စွမ်းအားကို သိသော်လည်း လက်မလျှော့ဘဲ ပြန်လည် ခုခံသည်။
သူသည် အော်ဟစ်လိုက်ပြီး အတွင်းအားများကို မီးတောင်ပေါက်ကွဲသကဲ့သို့ ထုတ်လွှတ်လိုက်ရာ မြေပြင်မှာ ပြိုကျပြီး ကျင်းကြီး ဖြစ်သွားသည်။
လွင့်စင်လာသော မြေသားများနှင့် အတွင်းအားများ ပေါင်းစပ်ကာ ကျောက်တိုင်ကြီးတစ်ခုအသွင်ဖြင့် ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ခုန်တက်လိုက်ပြီး လက်ဖဝါးနှစ်ဖက်လုံးတွင် သတ္တုစက်သွားဂီယာများကို ထုတ်ဖော်လိုက်သည်။
ဝတ်ရုံနက်နှင့်လူမှာ ထိုအသည်းအသန် တိုက်ခိုက်မှုကို ဂရုမစိုက်ဘဲ လက်ဝါးဖြင့် ထပ်မံ ဖိချလိုက်ရာ ကျောက်တိုင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွား၏။
ထို့နောက် နယ်ပယ်စွမ်းအားကို တုန်ခါစေပြီး စက်သွားဂီယာနှစ်ခုကို လေထဲတွင် အတင်းအကျပ် ရပ်တန့်စေလိုက်သည်။
ထိုသူ ထိတ်လန့်နေစဉ်မှာပင် ဝတ်ရုံနက်နှင့်လူမှာ ပျောက်ကွယ်သွားပြီး သူ၏ ဘေးနားသို့ ရုတ်တရက် ရောက်ရှိလာသည်။
ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော ညာလက်သီးသည် ထိုသူ၏ နံရိုးများကို တိုက်ရိုက် ထိမှန်သွားသည်။
နှင်းခဲများမှာ ခဏချင်း ပြန့်နှံ့သွားပြီး ထို ပထမအဆင့် ကျင့်ကြံသူမှာ သွေးများ အန်ထုတ်ကာ လွင့်ထွက်သွားသည်။
သူ၏ အရှိန်အဝါမှာ လျင်မြန်စွာ အားနည်းသွားပြီး ခန္ဓာကိုယ် ညာဘက်ခြမ်းမှာ နှင်းခဲများဖြင့် ဖုံးလွှမ်းသွားသည်။
လက်သီးအတွင်းရှိ စွမ်းအားလှိုင်းများကို အာရုံခံမိသောအခါ သူက အံ့အားသင့်စွာ အော်လိုက်သည်။
"မင်းပဲ...ရှုကျွင်း"
"ငါဆိုတော့ ဘာဖြစ်လဲ"
သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံရသော်လည်း သိုင်းဘုရင် သွေးမျိုးဆက်ရှိသူ ရှုကျွင်းမှာ တည်ငြိမ်နေဆဲဖြစ်သည်။
သူက အေးစက်စွာ ပြုံးပြီး လက်ဝါးဖြင့် ထပ်မံ ရိုက်ချကာ ဖိနှိပ်လိုက်သည်။
ထို့နောက် သတ်ဖြတ်လိုသော အရှိန်အဝါကို ထုတ်ဖော်လိုက်၏။
"မင်း ငါ့ကို သတ်ရင် အဖွဲ့အစည်းက မင်းကို အသေသတ်လိမ့်မယ်"
ရှုကျွင်းက လှောင်ပြုံးပြုံးကာ - "တကယ်လား၊ မင်း ငါ့လူတွေကို တိုက်ခိုက်တုန်းက ကလဲ့စားချေခံရမယ်လို့ မတွေးခဲ့ဘူးလား"
"ပြီးတော့ အဖွဲ့အစည်းက သိုင်းဘုရင်အဆင့်ကို တက်လှမ်းတော့မယ့် ငါ့လိုလူကို ဂရုစိုက်မလား၊ မင်းလို အသုံးမကျတဲ့လူကို ဂရုစိုက်မလား"
"စကားတွေ အများကြီး ပြောမနေနဲ့တော့၊ သေပေတော့"
ရှုကျွင်း၏ အသံမှာ အေးစက်ထက်မြက်နေပြီး သူ၏ လက်ချောင်းများဖြင့် လေထဲတွင် ဝှေ့ယမ်းလိုက်ရာ သွေးများ ပန်းထွက်သွားပြီး ထိုသူ၏ ဦးခေါင်းမှာ ပြတ်ထွက်သွားသည်။
မြင့်မြတ်လှသော ပထမအဆင့် ကျင့်ကြံသူ တစ်ဦးမှာ ဤနေရာတွင်ပင် အသံတိတ် သေဆုံးသွားရရှာသည်။
ရှုကျွင်း၏ လက်ဖဝါးမှ အမည်းရောင် မီးတောက်များ ထွက်ပေါ်လာပြီး အလောင်းပေါ်သို့ ပစ်ချလိုက်ရာ ခဏချင်းအတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး ခြေရာလက်ရာများကို ဖျက်ဆီးလိုက်၏။
ထို့နောက် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး...
"ဒါဟာ ထိပ်တန်းပညာရှင်ရဲ့ အစွမ်းလား၊ တကယ်ကို အားကိုးထိုက်တာပဲ"
"ငါ့ရဲ့ သွေးမျိုးဆက်တွေ အပြည့်အဝ နိုးထလာပြီး သိုင်းဘုရင်အဆင့်ကို ရောက်တဲ့နေ့၊ ငါ့မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်နိုင်မယ့်နေ့ဟာ သိပ်မဝေးတော့ဘူး..."
သူသည် ခပ်တိုးတိုး ရယ်မောရင်း မျက်လုံးကို မှိတ်လိုက်ရာ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
မင်ယုံသည် သူ၏ တားမြစ်ထားသော လျှို့ဝှက်
နည်းပညာကို အသုံးပြု၍ ဝူယွင်ကျွန်းမှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့သည်။
သို့သော် သူ၏ စိတ်ထဲတွင် ပျော်ရွှင်မှု မရှိဘဲ လေးလံထိုင်းမှိုင်းမှုကိုသာ ခံစားနေရ၏။
ယခုတစ်ကြိမ်မှာ လုံးဝ ကျရှုံးမှုကြီး ဖြစ်သည်။
ကျွန်းပေါ်ရှိ သတ္တုကျောက်တွင်းများကို မရရှိခဲ့သည့်အပြင် အရာအားလုံး ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
နတ်ဆိုးငါးဘုရင်သာ ကြားဖြတ် မကူညီခဲ့လျှင် သူ အသက်ရှင်လျက် ပြန်လာနိုင်မည် မဟုတ်
ချေ။
မင်ယုံမှာ တစ်ယောက်တည်း ရေရွတ်ရင်း ခေါင်းခါလိုက်မိသည်။
ပထမအဆင့် တစ်ဦး၏ အရှက်တကွဲ သေဆုံးမှုကို မြင်တွေ့ခဲ့ရခြင်းမှာ သူ့အတွက် ကြီးမားသော တုန်လှုပ်မှု ဖြစ်စေသည်။
သိုင်းဘုရင်တစ်ဦးအနေနှင့် မင်မိသားစု၏ အကြီးအကဲဖြစ်သူ သူသည် ကြောက်ရွံ့မှုကို မခံစားရသည်မှာ ကြာပြီ။
သို့သော် ယခုအခါ ထိုကြောက်ရွံ့မှုများ ပြန်လည် ပေါ်ပေါက်လာခြင်းကြောင့် သူ၏ စိတ်အခြေအနေမှာ ပြောင်းလဲသွားရသည်။
သူသည် မူလနေရာသို့ပင် ပြန်ရန် မဝံ့ရဲဘဲ ကောင်းကင်ယံတွင် စိုးရိမ်တကြီး ပျံသန်းနေစဉ် အောက်ဘက်မှ လူရိပ်တစ်ခုမှာ သူ့ဆီသို့ အပြင်းအထန် ပြေးဝင်လာလေသည်။
အခန်း ၃၇၂ - သနားစဖွယ် မင်ယုံ
ကျွန်း၏အပြင်ဘက်တွင် အင်အားစုအသီးသီးသည် အခက်အခဲနှင့် စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်နေကြရသည်။
ထိုအချိန်တွင် သင်္ဘောခန်းနှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပရမ်းပတာ ဖြစ်နေလေပြီ။
အကယ်၍ ဝူယွင်ကျွန်း၏ အကာအကွယ်အတားအဆီးသာ ပွင့်သွားပါက အင်အားစုများစွာသည် အုံနှင့်ကျင်းနှင့် တိုးဝှေ့ဝင်ရောက်ကြမည်ဖြစ်သည်။
၎င်းတို့ထဲမှ အချို့မှာ မိမိတို့အစွမ်းဖြင့် အကျိုးအမြတ်အချို့ကို ခွဲဝေရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။
သို့သော် လက်ရှိအခြေအနေမှာ သိသိသာသာပင် ထင်မှတ်မထားသော အလှည့်အပြားဖြစ်သွားခဲ့ပြီး စီစဉ်ထားသော အစီအစဉ်များအားလုံး ပျက်ပြားသွားခဲ့ရသည်။
သိုင်းဘုရင်များစွာ၏ ပြင်းထန်သော တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးမှုများကြောင့် ကျွန်းတစ်ခုလုံး၏ ကောင်းကင်ယံတွင် ထူးဆန်းသော ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပေါ်
နေလေ၏။
ရလဒ်အနေဖြင့် ပင်လယ်ပြင်သည်လည်း သဘာဝအတိုင်းပင် လှိုင်းလေထန်နေတော့သည်။
အင်အားနည်းသော အဖွဲ့အစည်းအချို့မှာ အခြားအစွမ်းထက်သူများကို ရင်ဆိုင်ရန်နေနေသာသာ မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက်ပင် ရုန်းကန်နေရပြီ။
ထိုအချိန်တွင် သူတို့သည် အခွင့်အရေးကို စောင့်ဆိုင်းရင်း မနည်းတောင့်ခံနေကြရသည်။
ရုတ်တရက် ကောင်းကင်ယံတွင် လူရိပ်အချို့ ဖြတ်သန်းသွားသည်။
၎င်းတို့အထဲမှ တစ်ဦးမှာ ငါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ ရေထဲသို့ ငုပ်လျှိုးသွားပြီး အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသော မိသားစုငယ်အချို့မှ အဖွဲ့ဝင်များသည် တစ်စုံတစ်ယောက် ထွက်လာသည်ကို မြင်လျှင်မြင်ချင်းပင် နောက်ယောင်ခံလိုက်ရန် ကျွမ်းကျင်သူများကို ချက်ချင်း စေလွှတ်
လိုက်ကြသည်။
သူတို့သည် တစ်ဦးကိုတစ်ဦး လိုက်လံတိုက်ခိုက်ကြရာ သူတို့၏ အတွင်းအားများမှာ ပင်လယ်ရေမျက်နှာပြင်ကို ရိုက်ခတ်မိပြီး ရေပန်းများစွာ ထွက်ပေါ်လာစေသည်။
ထို့နောက် ထိုနေရာရှိ ဟင်းလင်းပြင်မှာ ခဏတာ ဝေဝါးသွားပြီးနောက် အရာအားလုံး ပြန်လည်ငြိမ်သက်သွားခဲ့သည်။
လှေငယ်တစ်စီးဖြင့် သွားလာနေသော အပြာရောင်ဝတ်စုံဝတ် လူတစ်စုသည် ဤအခြင်းအရာကို မြင်သောအခါ စိတ်ဝင်တစား ဖြစ်သွားကြသည်။
သူတို့က ကြားဖြတ်တိုက်ခိုက်ပြီး အကျိုးအမြတ်ယူရန် ပြင်ဆင်နေစဉ်မှာပင် ထိုမိသားစု၏ နောက်လိုက်များက တားဆီးလိုက်ကြသည်။
မုတ်ဆိတ်ညိုနှင့် ဘုန်းကြီးက သူတို့ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း အေးစက်သော အသံဖြင့် ပြောလိုက်၏။
"မင်းတို့ အသက်ရှင်ရတာ ဝနေပြီလား"
"အဲဒါ အရှေ့ဘက်ခရီးသွားနိုင်ငံတော်က လူတွေကွ"
ထိုအခါမှသာ စိတ်လောနေသူများသည် အခြေအနေမှန်ကို သဘောပေါက်သွားကြသည်။
သူတို့အားလုံးသည် မဆင်မခြင် ပြုမူတော့မည့် အပြုအမူများကို ရပ်တန့်လိုက်သဖြင့် သေဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။
ထို့နောက် အခြားသော အစွမ်းထက် အရှိန်အဝါများသည်လည်း ကောင်းကင်ယံမှ ဟိန်းဟောက်ကာ ထွက်ခွာသွားကြသည်။
၎င်းကို မြင်လိုက်ရသူအချို့၏ မျက်နှာပေးများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။
၎င်းတို့အနက် မျက်နှာအပျက်ဆုံးသူမှာ ဝိညာဉ်ငါးပါးဂိုဏ်း မှ မုတ်ဆိတ်ရှည်အဖိုးကြီးပင်။
ဝူယွင်ကျွန်းပေါ်ရှိ လျှို့ဝှက်ချက်များနှင့် ရတနာများထက် သူသည် ဓာတ်ကြီးငါးပါး မူလသို့ပြနခြင်းကျင့်စဉ်ကို ပို၍ တန်ဖိုးထားလေ၏။
ယခုအခါ သိုင်းဘုရင်များစွာ ထွက်ခွာသွားကြပြီဖြစ်ရာ သူတို့၏ အရှိန်အဝါများမှာ အတက်အကျ ဖြစ်နေသည်။
ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားသော်လည်း ထိုလူငယ်မှာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ဖြစ်နိုင်တာကတော့... ဤသို့တွေးမိသည်နှင့် စွန်းဝမ် ဟုခေါ်သော အဖိုးကြီးမှာ ပို၍ စိုးရိမ်လာသည်။
သူသည် ယခင်က ထိုလူငယ်ကို ကာကွယ်ပေးရန် မိမိ၏အစွမ်းကို အသုံးပြုမည်ဟု စီစဉ်ထားခဲ့သည်။
ဤနည်းဖြင့် ကျင့်စဉ်ကို ရရှိရန်အတွက် အပြန်အလှန်အားဖြင့် သံယောဇဉ် တည်ဆောက်ရန် ဖြစ်၏။
သို့သော် သူစကားမဆုံးမီမှာပင် ဝူယွင်ကျွန်း၏ အကာအကွယ်အတားအဆီးမှာ ချို့ယွင်းသွားခဲ့သည်။
ထို့နောက် ထိုလူငယ်သည် လျှို့ဝှက်နည်းစနစ်
တစ်ခုကို သုံး၍ ကျွန်းထဲသို့ တိုက်ရိုက်ဝင်
ရောက်သွားခဲ့သည်။
အကယ်၍ သူသာ တစ်ခုခုဖြစ်သွားပါက ကျင့်စဉ်မှာ တစ်ဖန် ပြတ်တောက်သွားမည် မဟုတ်ပါလား။
စွန်းဝမ်သည် တွေးလေလေ နောင်တရလေလေ ဖြစ်နေသည်။
"ဘာလို့ အဲဒီတုန်းက မတားခဲ့မိတာလဲ"
ထိုအခိုက် တစ်ခုခုကို အာရုံခံမိသကဲ့သို့ သူသည် ကောင်းကင်မှ ဖြည်းညှင်းစွာ ပျံသန်းလာသော မင်မိသားစု၏ အကြီးအကဲကို မော့ကြည့်လိုက်
သည်။
ချက်ချင်းပင် အတွေးတစ်ခု ဝင်လာပြီး သူသည် ဓားကိုစီးကာ ကောင်းကင်သို့ တည့်တည့် ပျံတက်သွားသည်။
"ဆရာကြီး...ကျွန်းပေါ်မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့လား"
"သူတို့ပုံစံက ဒီလိုပါ"
စကားပြောရင်း စွန်းဝမ်သည် သူ၏ ကျင့်စဉ်အော်ရာကို ထုတ်ဖော်လိုက်သလို လက်ကိုလည်း လှုပ်ရှားလိုက်သည်။
မြေစေးခဲတစ်ခုသည် လေထဲတွင် လျင်မြန်စွာ ပုံဖော်သွားပြီး လင်ချွမ် နှင့် သူ၏ အဖော်ပုံစံ ပေါ်ထွက်လာသည်။
၎င်းကို မြင်သောအခါ မင်ယုံ၏ ရင်ခုန်သံမှာ တစ်ချက်မျှ တုန်သွားသည်။
တစ်ဖက်လူက အမျိုးသားနှင့် အမျိုးသမီးအကြောင်း ပြောကတည်းက သူသည် မကောင်းသော အငွေ့အသက်နှင့် သံသယအချို့ကို ခံစားနေရ၏။
ယခု သူတို့၏ ရုပ်ပုံများကို မြင်လိုက်ရသောအခါ သူသည် ရုတ်တရက် ခေါင်းကိုက်သလို ခံစားလိုက်ရပြီး ရင်ထဲတွင် အမည်မဖော်နိုင်သော စိုးရိမ်မှုများ ဖြစ်ပေါ်လာသည်။
ချက်ချင်းပင် မင်ယုံသည် မသိနားမလည်ဟန်ဆောင်ကာ ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
ထိုစဉ် အခြားသော ဓားအလင်းတန်းတစ်ခု ရောက်ရှိလာသည်။
ထိုသူမှာ ရပ်နားရန် ရည်ရွယ်ချက်မရှိသော်လည်း ထိုနှစ်ဦးအနားသို့ ချဉ်းကပ်မိသောအခါ သူတို့၏ ရှိနေမှုကို အာရုံခံမိပုံရသည်။
သူသည် ခဏမျှ ရပ်တန့်သွားပြီးနောက် အကြည့်ကို လွှဲလိုက်သည်။
ဤသူမှာ အခြားသူမဟုတ်ဘဲ ဓားနတ်ဘုရားပင်။
သူသည် လမ်းကြုံဖြတ်သန်းသွားခြင်းသာ ဖြစ်သော်လည်း လင်ချွမ်၏ အရှိန်အဝါကို ခံစားမိသဖြင့် မေးခွန်းတူကို မေးရန် ရပ်လိုက်ခြင်းဖြစ်သည်။
"ဆရာကြီး... သိပါသလား..."
သူစကားမဆုံးမီမှာပင် သူ၏အကြည့်မှာ စွန်းဝမ်၏ လက်ထဲမှ မြေစေးရုပ်တုပေါ်သို့ ကျရောက်သွားသည်။
ချက်ချင်းပင် လူတိုင်း၏ မျက်နှာပေးများ ပြောင်းလဲသွားကြသည်။
ဒီနှစ်ယောက်က အဲဒီလူနဲ့ တစ်ဖွဲ့တည်းလား။
မင်ယုံ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး သူ၏ လက်ဖဝါးမှ ကြမ်းတမ်းသော အတွင်းအားများ ပေါက်ကွဲထွက်လာသည်။
ဓားနတ်ဘုရားနှင့် စွန်းဝမ်တို့ထံသို့ လက်ဖဝါးရိုက်ချက် နှစ်ချက်ကို ဝေခွဲမရဘဲ ပစ်
လွှတ်လိုက်၏။
လက်ဖဝါးရိုက်ချက်မှာ ပြင်းထန်လှပြီး သတ်ဖြတ်လိုသော ဆန္ဒမှာလည်း စိမ့်တက်နေသည်။
ထိုသူနှစ်ဦးကို နောက်သို့ ဆုတ်သွားစေသည့် တစ်ခဏချင်းမှာပင် သူသည် လှည့်၍ ထွက်ပြေးလေတော့သည်။
လူနှစ်ယောက် ဆက်တိုက် လမ်းမေးလာခြင်းမှာ လူတစ်ယောက်တည်းကို မေးနေခြင်းဖြစ်ရာ မည်မျှ တိုက်ဆိုင်လိုက်ပါသနည်း။
ထိုအချိန်တွင် မင်ယုံ၏ ရင်ထဲ၌ မည်မျှ ထိတ်လန့်နေမည်ကို မြင်ယောင်ကြည့်နိုင်
ပါသည်။
ထိုခိုက် သူ၏စိတ်ထဲတွင် ပူးပေါင်းကြံစည်မှုဟု ထင်မြင်ယူဆမိကာ ထိုနှစ်ဦးမှာ လင်ချွမ်၏ လူများဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်သွားခဲ့သည်။
"ငါ့ရဲ့ အလစ်အငိုက်ကို ရယူဖို့ မေးခွန်းမေးဟန် ဆောင်နေကြတာပဲ"
ရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိုနှစ်ဦးမှာ အလစ်အငိုက် မိသွားကြသည်။
သို့သော် ထိုအချက်ကြောင့်ပင် မင်ယုံ၏ ပြဿနာများမှာ ပေါ်လွင်သွားခဲ့သည်။
အသေးစိတ် အခြေအနေများကို ဂရုမစိုက်တော့ဘဲ သူတို့နှစ်ဦးမှာလည်း ချက်ချင်း ပြန်လည်
တိုက်ခိုက်ကြတော့သည်။
ဓားအလင်းတန်းမှာ စူးရှပြင်းထန်ပြီး လက်ဖဝါးလေတိုက်ခိုက်မှုမှာလည်း ပြင်းထန်လှ၏။
ဝူယွင်ကျွန်း၏ ကောင်းကင်ယံတွင် အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာပြီး ကျွန်းပတ်ပတ်လည်၌ လှိုင်းလုံးကြီးများကို တစ်ဖန် ထကြွစေပြန်သည်။
လင်ချွမ်သည် ဤနေရာမှ တိုက်ပွဲအခြေအနေကို သဘာဝအတိုင်းပင် မသိရှိပေ။
ထိုအချိန်တွင် သူသည် အစီအရင်၏ စုပ်ယူခြင်းကို ခံနေရဆဲ ဖြစ်သည်။
လေထဲတွင် အလင်းတန်းများ လျှပ်ပြက်နေပြီး အံ့ဖွယ်အစီအမံတစ်ခုအဖြစ် ယှက်နွယ်နေကြသည်။
၎င်းမှာ ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားနိုင်
လောက်အောင် အလွန်ပင် ကြီးမားလှ၏။
လင်ချွမ်သည် ၎င်း၏ အထက်တွင် ရပ်နေရင်း အောက်ဘက်ရှိ အရာအားလုံးကို ငုံ့ကြည့်ကာ သူ၏ စိတ်ထဲတွင် မှတ်တမ်းတင်ရန်နှင့် ပုံဖော်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
သဲကန္တာရအောက်ရှိ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးသည် လင်ချွမ်အား အစီအရင်များစွာနှင့် အခြေခံဗဟုသုတများ ပါဝင်သော ရှေးဟောင်းစာအုပ်တစ်အုပ် ပေးခဲ့သည်။
ထိုမှတစ်ဆင့် လင်ချွမ်သည် အစီအမံများနှင့် ပတ်သက်သော ဗဟုသုတများစွာကို ရရှိခဲ့သည်။
ဤစုဆောင်းထားသော ဗဟုသုတများဖြင့် သူသည် အစီအမံများကို အလွတ်မှတ်ရုံသာမက နားလည်အောင်လည်း ကြိုးစားခဲ့သည်။
ဤသည်မှာ ၎င်းတို့ကို ပေါင်းစပ်ပြီး မိမိကိုယ်ပိုင်အဖြစ် အသွင်ပြောင်းနိုင်ရန်ဖြစ်သည်။
ဤဖြစ်စဉ်မှာ မခက်ခဲသော်လည်း နှေးကွေးပြီး အချိန်အနည်းငယ် ယူရခြင်း။
လင်ချွမ်အနေဖြင့် ဤအကြိမ် မှတ်တမ်းတင်ခြင်းကို အပြီးသတ်ရန် တစ်ရက် အပြည့် ကြာမြင့်ခဲ့သည်။
သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။
ဤအစီအရင်မှာ အလွန်ပင် ကြီးမားလှ၏။
သိုင်းနတ်ဘုရားအဆင့်ရှိသော ဝိညာဉ်စွမ်းအားဖြင့်ပင် ၎င်းကို စိတ်ထဲတွင် လုံးဝစုပ်ယူရန်မှာ မလွယ်ကူလှပေ။
ကံကောင်းထောက်မစွာဖြင့် ဤရှုပ်ထွေးသော အလုပ်မှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ။
"သွားကြစို့"
တိုးတိုးလေး ပြောပြီးနောက် လင်ချွမ်သည် လင်ယန်ရွှယ်၏ လက်မောင်းကို ဆွဲကာ ထိုဟင်းလင်းပြင်မှ လှည့်၍ ထွက်ခွာခဲ့သည်။
သူတို့ ဝူယွင်ကျွန်း၏ အပြင်ဘက်အစွန်းသို့ ရောက်ရှိလာစဉ်မှာပင် အဝေးမှ ဓားအလင်းတန်းတစ်ခု လျင်မြန်စွာ ပျံသန်းလာသည်။
ရင်းနှီးမှုအရ ကြည့်လျှင် တစ်ဦးမှာ ဓားနတ်ဘုရားဖြစ်ပြီး အခြားတစ်ဦးမှာ အစောပိုင်းက အဖိုးကြီးဖြစ်ပုံရသည်။
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ လင်ချွမ်နှင့် အခြားသူများ၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ပေါ်လာသည်။
ဓားနတ်ဘုရား ရောက်လာခြင်းကို သူတို့ မအံ့သြသော်လည်း ထိုအဖိုးကြီးမှာ သူနှင့် မည်သို့ ပတ်သက်သွားသနည်း။
သူတို့ အချင်းချင်း သိကြတာများလား။
"ဒါဆို မင်းပြောတာက အဲဒါကို ကျင့်စဉ်တစ်ခုနဲ့ လဲချင်တယ်ပေါ့လေ"
"ကျွန်တော် ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေ ရှိတယ်"
"ဒီက ဆရာကြီး... ပွင့်ပွင့်လင်းလင်းသာ ပြောပါ"
"ကျွန်တော့်ဆီမှာ ဆယ်နှစ်ကြာ လက်ပါးစေအဖြစ် လုပ်ပေးရမယ်"
"အဲဒီနောက်မှာတော့ မင်းစိတ်ကြိုက် ထွက်သွားနိုင်သလို ဆက်နေချင်လည်း နေနိုင်တယ်"
ထိုစကားကို ကြားသောအခါ စွန်းဝမ်သည် မျက်မှောင်ကို အကြီးအကျယ် ကြုတ်လိုက်လေတော့သည်။