အခန်း (၃၈၃-၃၈၄)
Vol. 39 Ch. 383-384
အခန်း ၃၈၃ - ကန့်သတ်ချုပ်ချယ်မှု
ဖော်ပြမရနိုင်သော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာသည်။
ခြောက်ခြားဖွယ်ကောင်းသော ထိုပုံရိပ်သည် နတ်ဆိုး၏ ဘေးနားသို့ ရောက်ရှိနေပြီဖြစ်၏။
လင်ချွမ်သည် လေဟာနယ်ထဲတွင် ရပ်တန့်နေပြီး သူ၏မျက်လုံးများက မောက်မာစွာဖြင့် အောက်သို့ ငုံ့ကြည့်နေသည်။
အေးစိမ့်လှသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင် မီတာဆယ်ဂဏန်းအတွင်းရှိ လေဟာနယ်၏ အပူချိန်မှာ ရုတ်ခြုံ့ကျဆင်းသွားသည်။
သူ၏အတွင်းအားများသည် လေထဲတွင် သံကြိုးများအဖြစ် အသွင်ပြောင်းလဲသွားပြီး နတ်ဆိုး၏ ခန္ဓာကိုယ်ကို ချည်နှောင်လိုက်သည်။
ကန့်သတ်ချုပ်ချယ်ခြင်း ခံလိုက်ရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားသော မိစ္ဆာသည် ယခုအခါ လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပေ။
သူသည် လေထဲတွင် တွန့်လိမ်ရုန်းကန်နေရုံသာ တတ်နိုင်တော့သည်။
"မင်းက တကယ်တော့ ဘယ်သူလဲ"
"မင်းတို့အဖွဲ့အစည်းရဲ့ နောက်ခံက ဘာလဲ"
နတ်ဆိုးသည် ထိုမေးခွန်းကို လျစ်လျူရှုထားပြီး ယခင်က ရရှိထားသော တုန်လှုပ်မှုဒဏ်မှ မလွတ်မြောက်သေးသည်မှာ သိသာလှ၏။
၎င်းကို မြင်သောအခါ လင်ချွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သိုင်းနတ်ဘုရားနယ်ပယ်၏ ဖိအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး သူ့ကို နှိမ်နင်းလိုက်သည်။
တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသော ဖိအားသည် ရုတ်တရက် ကျဆင်းလာပြီး သူ့ကို လုံးဝ ဖိခြေပစ်လိုက်သည်။
ဤကဲ့သို့ အသက်ရှူကျပ်စေသော ခံစားချက်ကို ခံစားလိုက်ရသောအခါမှ နတ်ဆိုး၏ မျက်လုံးထဲတွင် ခံစားချက်အရိပ်အယောင် အနည်းငယ် ပေါ်လာတော့သည်။
အခြားအခြေအနေမျိုးတွင် ဆိုပါက ရန်သူကို မယှဉ်နိုင်လျှင်တောင် သူသည် အသေအလဲ တိုက်ခိုက်နိုင်သည့် ယုံကြည်ချက် ရှိ၏။
သို့သော် ယခုမူ သူ၏ပြိုင်ဘက်က သူ၏ အဖိုးတန်လက်နက်အားလုံးကို တစ်ကွက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်ခြင်း။
၎င်းတို့သည် သူတို့၏ လက်နက်များကိုပင် ဆုံးရှုံးခဲ့ရသည်။
သူတို့အဖွဲ့အစည်းအတွင်းရှိ သိုင်းဘုရင် ကိုယ်ခံပညာရှင်နှစ်ဦးပင်လျှင် ဤကဲ့သို့ အခြေအနေမျိုးကို ဖန်တီးနိုင်မည်မဟုတ်ပေ။
'ဒါက ဖြစ်သင့်ပါတယ်၊ သူတို့သာ လုပ်နိုင်ရင် ငါ့ကို ဒီလို လှည့်ကွက်မျိုးသုံးဖို့ ဘာလို့ ဒီကို လွှတ်မှာလဲ'
"ငါ့မေးခွန်းကို ဖြေစမ်း"
ထိုအသံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ထပ်မံဟိန်းထွက်သွားသည်။
တစ်ချိန်တည်းမှာပင် လက်ညှိုးအတွင်းမှ မူလစွမ်းအားများတိုးထွက်လာသည်။
လင်ချွမ်၏ ထိန်းချုပ်မှုအောက်တွင် ထိုစွမ်းအားများသည် အခြားတစ်ဖက်သား၏ လည်ပင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ခန္ဓာကိုယ်ကို တိုက်စားလေတော့သည်။
ဖော်ပြမရနိုင်သော နာကျင်မှုများ ဆက်တိုက်ပေါ်ပေါက်လာပြီး နတ်ဆိုး၏ ခန္ဓာကိုယ်ကို မညှာမတာ ဖျက်ဆီးနေလေပြီ။
ဤအချိန်တွင် နတ်ဆိုး၏ အငြိုးအတေးတွင် ဝိညာဉ်စွမ်းအား အတော်အသင့် ကျန်ရှိနေသေးသော်လည်း ကျန်အစိတ်အပိုင်းများတွင်မူ ဘာမှမကျန်တော့ပေ။
အောက်ဆုံးအဆင့် သိုင်းဘုရင်တစ်ဦး၏ ဝိညာဉ်စွမ်းအားသည် သိုင်းနတ်ဘုရားတစ်ဦးနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် သေးငယ်လှသည်။
ဝိညာဉ်အဆင့် မှော်ရတနာများကိုမူ ထည့်ပြောနေစရာပင် မလိုတော့ပေ။
ဤအရာအားလုံးကို ပေါင်းစပ်လိုက်လျှင် ကလဲ့စားချေနတ်ဆိုးဝိညာဉ် နောက်ထပ်သုံးခု ထပ်ပေါင်းထည့်လျှင်တောင် လုံးဝဥဿုံ ရှုံးနိမ့်စေရန် လုံလောက်သည်။
ပြင်းထန်လှသော ဝေဒနာကြောင့် နတ်ဆိုးသည် နောက်ဆုံးတွင် စိတ်လွတ်သွားသည်။
ရုတ်တရက် သူ၏ဝိညာဉ်စွမ်းအားက တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။
ထို့နောက် သူ၏စိတ်ကမ္ဘာအတွင်းတွင် နားကွဲမတတ် ဟိန်းသံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများသည် သူ၏စိတ်အာရုံကို တစ်ခုပြီးတစ်ခု ရိုက်ခတ်နေသည်။
ကျောက်ဆောင်များကို တရစပ် ရိုက်ခတ်နေသော မြင့်မားသည့် လှိုင်းလုံးကြီးများကဲ့သို့ပင်။
"အားးးးး"
အော်ဟစ်သံများသည် ပို၍ ပို၍ ကြောက်စရာကောင်းလာသည်။
ဤအခိုက်အတန့်တွင် ပြင်းထန်သော နာကျင်မှုကြောင့် နတ်ဆိုးသည် ညှဉ်းပန်းနှိပ်စက်မှုကို ဆက်လက် မခံနိုင်တော့ဘဲ အသက်ချမ်းသာပေးရန် တောင်းပန်တော့သည်။
"ငါပြောမယ်၊ ငါပြောမယ်"
"ငါတို့က ယွမ်မင်းဆက်ရဲ့ အကြွင်းအကျန်တွေပါ"
"သူတို့က တကယ်ပဲ ယွမ်မင်းဆက်ဟောင်းရဲ့ မျိုးနွယ်စုတွေ ဖြစ်နေတာကိုး"
ထိုစကားကို ကြားလိုက်ရသောအခါ လင်ချွမ်၏ နှလုံးခုန်သံ မြန်သွားသည်။
ယခင်က ထိုအကြောင်းအရာများကို ကြားသိရစဉ်က တစ်ခုခု လွဲချော်နေသလို ခံစားခဲ့ရသည်မှာ မဆန်းတော့ပေ။
၎င်းသည် မြူနှင်းများအောက်တွင် ရပ်နေရသကဲ့သို့ပင် ဖြစ်နေ၏။
အမှန်တရားကတော့ ဤသို့ပင် ဖြစ်သည်။
၎င်းမှာ ယွမ်မင်းဆက် အရာရှိဟောင်းများ၏ သတင်းအချက်အလက်ကို သူ လုံးဝမသိရှိခဲ့သောကြောင့်ဖြစ်သည်။
ထို့အပြင် ၎င်းတို့သည် အမြဲတမ်း အလင်းထဲတွင် ရှိနေပြီး ကျန်လူများမှာမူ အမှောင်ထဲတွင် ရှိနေခဲ့ခြင်းကြောင့်။
ဤအချက်ကပင် ယခုကဲ့သို့ အခြေအနေသို့ သဘာဝအလျောက် ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။
သူ၏စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီးနောက် လင်းချွမ်းက အမြန် ဆက်မေးလိုက်သည်။
"မင်းကို အမိန့်ပေးတဲ့လူက ဘယ်သူလဲ"
"သူ ဘယ်မှာလဲ၊ မင်း သူ့ကို ဘယ်လို ဆက်
သွယ်သလဲ"
"သူတို့က ဟူယွမ်….ဘုန်း"
ထိုအခိုက်အတန့်တွင် နတ်ဆိုးသည် စကားတစ်ဝက်သာ ပြောရသေးသည်။
သူ၏ခန္ဓာကိုယ်သည် သတိပေးချက်မရှိဘဲ ရုတ်တရက် ပေါက်ကွဲသွားပြီး သွေးမြူတိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဝိညာဉ်စွမ်းအားများပင်လျှင် အလွန်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားတော့သည်။
လင်ချွမ်၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
ရှေ့တွင်ရှိနေသော သွေးများကို ကိုင်တွယ်ရန် အချိန်မရှိသဖြင့် သူသည် ဝိညာဉ်စွမ်းအားကို ချက်ချင်း အသုံးပြုကာ ရှေ့ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။
အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ ကျန်ရှိနေသော ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သဲလွန်စများကို ရှာဖွေရန် သူ ကြိုးစားနေခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့် သိုင်းဘုရင်အပေါ် ကန့်သတ်ချက်များ ချမှတ်နိုင်သူများသည် ဤအချက်ကို သဘာဝအလျောက် ကြိုတင်တွေးတောထားပြီးဖြစ်သည်။
သူ၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်သော်လည်း သူ ဖမ်းဆီးနိုင်ခဲ့သည်မှာ အားနည်းလှသော စွမ်းအားအစအန အနည်းငယ်သာ။
"တောက်"
ထိုအခိုက်အတန့်တွင် လင်ချွမ်သည် ရုတ်တရက် ဆဲရေးလိုက်မိသည်။
သူ ဆဲရေးနေစဉ်တွင် သူ၏မျက်လုံးများမှာ ဒေါသရိပ်များဖြင့် ပြည့်နှက်နေသည်။
ထိုဒေါသများကြားတွင် လေးစားမှု အာရုံတစ်ခုကိုလည်း ခံစားနေရသည်။
ထိုယွမ်မင်းဆက်အပေါ် သစ္စာရှိသူများသည် ဤကဲ့သို့ စွမ်းဆောင်ရည်နှင့် သတ္တိမျိုး ရှိကြသည်။
၎င်းတို့သည် သိုင်းဘုရင် မသိရှိစေဘဲ အလွန်ခိုင်မာသော ပိတ်ဆို့မှုကို ပြုလုပ်နိုင်ခဲ့ကြသည်။
စကားလုံး အနည်းငယ် ပြောပြီးသည်နှင့် သွေးမြူတိမ်တိုက်အဖြစ် ပေါက်ကွဲသွားခဲ့သည်။
မည်သည့် သတိပေးလက္ခဏာမျှ မရှိခဲ့ပေ။
သတ္တိနှင့် ပတ်သက်လျှင်မူ ပို၍ပင် ကြောက်စရာကောင်းလှ၏။
အစွမ်းထက်သော သိုင်းဘုရင်ကိုပင် စွန့်ပစ်ရမည့် နယ်ရုပ်တစ်ခုကဲ့သို့ ဆက်ဆံခဲ့ကြသည်။
သူတို့ နေထိုင်ရာ အရပ်တွင် သိုင်းဘုရင်များသည် ခွေးများကဲ့သို့ ပေါများနေသလား၊ သို့မဟုတ် နေရာအနှံ့မှာ ရှိနေသလားဟုပင် သူ တွေးတောမိလေပြီ။
သရော်စရာကောင်းသည်မှာ လင်ချွမ်ကိုယ်တိုင်ပင် ထိုအကြောင်းကို တွေးမိသောအခါ ပြောစရာ စကားမဲ့သွားရခြင်း ဖြစ်၏။
လင်ချွမ်သည် လက်ကို အနည်းငယ် လှုပ်ယမ်းလိုက်ပြီး လေထဲတွင် ကျန်ရှိနေသော အသားနှင့် သွေးစများကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်သည်။
ယခင်က သူသည် ရန်သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ရန် သူ၏ မူလစွမ်းအားကို အသုံးပြုခဲ့၏။
သို့သော် အချိန်ကန့်သတ်ချက်ကြောင့် ရန်သူသည် သွေးမြူတိမ်တိုက်အဖြစ် မပေါက်ကွဲမီ သူ၏ ရလဒ်များကို မချဲ့ထွင်နိုင်ခဲ့ပေ။
ထို့ကြောင့် ထိုအရာများသည် ယခုအခါ အသုံးမဝင်တော့ပေ။
အတွင်းအားများ အနည်းငယ် လှိုင်းထသွားပြီးနောက် လင်ချွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးစွမ်းအားများကို သူ၏ ကိုယ်ပေါ်ရှိ အတွင်းအားများဖြင့် ဖယ်ရှားလိုက်သည်။
သူသည် ရှောင်လင်ကျောင်းတော် တံခါးဝသို့ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး လူအများ၏ စူးစမ်းသော အကြည့်များကို ရင်ဆိုင်လိုက်သည်။
ကိုယ်ခံပညာရှင်များသည် ယခုလေးတင် ဖြစ်ပျက်သွားသော အရာများကို ကြည့်ရင်း မှင်တက်နေကြဆဲ။
သူတို့၏ မျက်လုံးများထဲတွင် လုံးဝ မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
လင်ချွမ် လမ်းလျှောက်ဝင်လာမှသာ သူတို့သည် ဘာဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိကြပြီး အချို့က အံ့သြတကြီး အော်ဟစ်ကြကာ အချို့မှာမူ စိုးရိမ်ပူပန်လာကြသည်။
ကျဲ့ခုန်းသည် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
"အကြီးအကဲလင်...သူ့ကို ဘာလို့ သတ်လိုက်ရတာလဲ"
"သူက သိုင်းဘုရင် တစ်ဦးဖြစ်သလို ရာထူးကြီး အရာရှိတစ်ဦးလည်း ဖြစ်တဲ့အတွက် လျှို့ဝှက်
ချက် အများကြီးကို သိမှာပဲ"
"သူ အသက်ရှင်နေရင် ကျွန်တော်တို့အတွက် ပိုအကျိုးရှိမှာပါ"
လင်ယန်ရွှယ်ကလည်း ခေါင်းညိတ်လိုက်ပြီး လင်ချွမ်၏ သတ်ဖြတ်လိုက်သည့် ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း သိသာလှ၏။
၎င်းကို မြင်သောအခါ လင်ချွမ်သည် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည်။
“ငါ သူ့ကို သတ်ခဲ့တာ မဟုတ်ဘူး၊ သူ့ခန္ဓာကိုယ်ထဲမှာ အထူးကန့်သတ်ချက်တစ်ခု ထည့်ထားတာ"
"စစ်ဆေးမေးမြန်းနေတုန်းမှာ အဲဒါက သတိပေးချက်မရှိဘဲ အလိုအလျောက် ပေါက်ကွဲသွားတာပဲ"
"ငါလည်း အချိန်မီ မတားနိုင်ခဲ့ဘူး"
"အာ... ဒါက..."
ထိုစကားကို ကြားလိုက်ရသောအခါ ကျဲ့ခုန်း၏ မျက်နှာတွင် တုန်လှုပ်မှုများ ပေါ်လာသည်။
လင်ချွမ် ပြောလိုသော အဓိပ္ပာယ်ကို သူ သဘာဝကျကျ နားလည်သွားသည်။
အစွမ်းထက်သော သိုင်းဘုရင်သည် အမှန်တကယ်ပင် နယ်ရုပ်တစ်ခုကဲ့သို့ ဆက်ဆံခံရခြင်းပင်။
ဆန့်ကျင်ဘက် အင်အားစုသည် မည်မျှပင် အစွမ်းထက်နေသနည်း။
၎င်းတို့သည် ဒဏ္ဍာရီဟု ခေါ်ဆိုနိုင်သော သိုင်းဘုရင်တစ်ဦးကိုပင် စတေးရန် အသင့်ရှိနေကြသည်။
လူတိုင်း ထိုသတင်းကို မတွေးတောနိုင်မီမှာပင် လင်ချွမ်က နောက်ထပ် အရေးကြီးသော သတင်းတစ်ခုကို ထုတ်ပြောလိုက်သည်။
"မော့ယွမ် ပြောတာအရဆိုရင် သူတို့က ယွမ်
မင်းဆက်ရဲ့ လက်အောက်ခံဟောင်းတွေပဲ"
"ဘာ"
"ဪ... ဒါကြောင့်ကိုး......"
"သူတို့ ဖြစ်နေတာပဲ"
"......"
ဤသတင်းသည် လူတိုင်းကို လုံးဝ မိန်းမောသွားစေသည်။
ထို့ကြောင့် သူတို့သည် စစ်တုရင်ခုံ၏ အခြားတစ်ဖက်တွင် ရှိနေသော ပြိုင်ဘက်မှာ မည်သူနည်းဆိုသည်ကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီ ဖြစ်၏။
သူတို့သည် အားနည်းချက် ရှိနေသေးသော်လည်း အနည်းဆုံးတော့ သဲလွန်စတစ်ခု ရရှိသွားပြီ။
ထက်မြက်သော လူအနည်းငယ်သည် ခဏမျှ စဉ်းစားလိုက်ပြီး ထိုသဲလွန်စအားလုံးကို လျင်မြန်စွာ ချိတ်ဆက်လိုက်ကြသည်။
အမှန်ပင်၊ ထိုမျှလောက် အစွမ်းထက်နေသည်မှာ မဆန်းတော့ပေ။
သူတို့သည် ယွမ်မင်းဆက်၏ အကြွင်းအကျန်များ ဖြစ်နေကြသည်ကိုး။
ဤနည်းဖြင့် ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် လျင်မြန်စွာ ဆက်စပ်သွားမိတော့သည်။
လင်ချွမ်းယခင်က ထောက်ပြခဲ့သည့်အတိုင်းပင်။
အင်အားစု အမြောက်အမြားကြား ပဋိပက္ခတွင် မည်သည့်ဘက်က အကျိုးအမြတ် အများဆုံး ရရှိသနည်း။
၎င်းတို့မှာ သဘာဝအလျောက် ယွမ်မင်းဆက်၏ လက်အောက်ခံဟောင်းများပင် ဖြစ်သည်။
ထိုလူများသည် မင်မင်းဆက်၏ အုပ်ချုပ်မှုကို ဖြုတ်ချပြီး ယွမ်မင်းဆက်ကို ပြန်လည် တည်ထောင်လိုကြသဖြင့် အစွမ်းထက်သော မျိုးနွယ်စုများနှင့် ဂိုဏ်းဂဏများ ထွန်းကားလာမှုကို သဘာဝအတိုင်း သည်းမခံနိုင်ကြပေ။
အစိတ်ချရဆုံး နည်းလမ်းမှာ ၎င်းတို့အချင်းချင်း ပဋိပက္ခဖြစ်အောင် သွေးထိုးပေးပြီး ကြားကနေ အကျိုးအမြတ် ထုတ်ယူရန်ပင်။
ဤအကြောင်းကို တွေးတောမိသောအခါ လူတိုင်းသည် ပို၍ပင် ဒေါသထွက်လာကြလေတော့သည်။
အခန်း ၃၈၄ - ရှုကျွင်း၏ ဆုံးဖြတ်ချက်
လင်ချွမ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ခေတ္တမျှ စဉ်းစားကာ မေးမြန်းလိုက်သည်။
"ယွမ်မင်းဆက် အရာရှိဟောင်းတွေနဲ့ ပတ်သက်ပြီး မင်းတို့ ဘာများ သိထားလဲ"
လင်ချွမ်၏ မေးခွန်းကို ကြားလျှင် လင်ယန်ရွှယ်သည် သူမ၏ အတွေးများကို အမြန် စီစဉ်
လိုက်ပြီး သိသမျှကို ပြန်ပြောပြလေသည်။
"အဲဒီလူတွေက ယွမ်မင်းဆက်ရဲ့ အကြွင်းအကျန်တွေပဲ"
"မင်မင်းဆက်ကို ဖြုတ်ချပြီး ယွမ်မင်းဆက်ကို ပြန်လည် ထူထောင်ဖို့ ကြံစည်နေကြတာ"
"လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သူတို့ဟာ မင်မင်းဆက် အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှုတွေ အများကြီး လုပ်ခဲ့ဖူးတယ်"
"ကံကောင်းတာက နန်းတွင်းက ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့လို့ ပြည်သူတွေကို မြန်မြန်ဆန်ဆန် ငြိမ်သက်စေပြီး အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့တာ"
"ဒါကြောင့်လည်း အဲဒီလူတွေက ပေါ်ပေါ်ထင်ထင် တိုက်ခိုက်တာကနေ တိတ်တဆိတ် လှုပ်ရှားတဲ့ အသွင်ကို ပြောင်းသွားကြတာပဲ"
ခေတ္တရပ်ပြီးနောက် လင်ယန်ရွှယ်သည် အတိတ်က ဖြစ်ရပ်တစ်ခုကို ပြန်လည် အမှတ်ရကာ ပြောလိုက်သည်။
"ရှေ့က ရှန်ယွီ ကိုတော့ ရှင် မှတ်မိဦးမှာပါ"
ထိုစကားကို ကြားသောအခါ လင်ချွမ်သည် ခေတ္တ စဉ်းစားလိုက်သည်။
သူသည် မိမိဂိုဏ်း ဖျက်ဆီးခံရပြီး တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သည့် အမျိုးသမီးကို ချက်ချင်း သတိရသွားကာ ခေါင်းညိတ်ပြလိုက်
သည်။
"အင်း"
"အဲဒီတုန်းက အနီးအနားက ရွာကို ဟူယွမ်ရဲ့ သံချပ်ကာ မြင်းတပ်တွေ တိုက်ခိုက်ခဲ့တာ"
"ဟူယွမ် နန်းတွင်း ဆိုတာက ယွမ်မင်းဆက် အရာရှိဟောင်း တချို့နဲ့ ဖွဲ့စည်းထားတာလေ"
လင်ယန်ရွှယ်၏ စကားကို ကြားသောအခါ ကျွမ်းကျင်သူ အချို့သည် ချက်ချင်းပင် ကျိန်ဆဲကြတော့သည်။
၎င်းတို့သည် ယွမ်မင်းဆက် အရာရှိဟောင်းများအပေါ် အလွန်အမင်း နာကျည်းနေကြသည်မှာ သိသာလှ၏။
"ဒီကောင်တွေက ငါတို့နဲ့ မျိုးနွယ်မတူဘူး၊ သူတို့ စိတ်ဓာတ်ကလည်း ငါတို့နဲ့ တခြားစီပဲ"
"ဟုတ်တယ်၊ သူတို့က ယွမ်မင်းဆက်ကို ပြန်
ထူထောင်ဖို့ ဘာမဆို လုပ်မယ့်သူတွေ"
"ငါ့မိန်းမလည်း ဒါကြောင့်ပဲ သေခဲ့ရတာ..."
သူတို့၏ ရင်ထဲတွင် ခံစားချက်ချင်း တူညီသွားသကဲ့သို့ ထိုအချိန်တွင် အလားတူ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသူ အချို့ ရှေ့သို့ ထွက်လာကြသည်။
သူတို့သည် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြကြသည်။
ဇာတ်လမ်းများစွာကို ကြားသိပြီးနောက် လင်ချွမ်သည် ယွမ်မင်းဆက်ဟောင်းနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည် သိရှိသွားခဲ့သည်။
အချို့သော အသေးစိတ် အချက်အလက်များမှာ ချဲ့ကားထားနိုင်သော်လည်း အမှန်တရား၏ တစ်စိတ်တစ်ပိုင်းကို ပုံဖော်ရန်အတွက်မူ လုံလောက်နေပြီ။
လင်ချွမ်သည် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြီး ကျဲ့ခုန်းကို ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"အခုတော့ ရန်သူ့ရဲ့ အထောက်အထားကို သိရပြီဆိုတော့၊ ဂိုဏ်းချုပ်...ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးသင့်ပြီ မဟုတ်လား"
ထိုစကားကို ကြားသောအခါ လူတိုင်းသည် အိမ်မက်မှ နိုးလာသကဲ့သို့ ပင်မဆောင်အတွင်းသို့ ပြန်ဝင်လာကြသည်။
ယခုအချိန်တွင် လူတိုင်း၏ မျက်နှာမှာ တည်ကြည် လေးနက်နေပြီး အစောပိုင်းက ရှိခဲ့သော ပေါ့ပါးသည့် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျွမ်းကျင်သူများနှင့် ကိုယ်စားလှယ် အများအပြားသည် ယွမ်မင်းဆက် အခြေစိုက်နိုင်သည့် နေရာများကို ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြသည်။
အတော်ကြာ အငြင်းပွားပြီးနောက် အသုံးဝင်သော ကောက်ချက် အချို့ကို ခက်ခဲစွာ ရရှိခဲ့သည်။
၎င်းတို့ အဆုံးမရှိ အငြင်းပွားနေသည်ကို ကြည့်
ရင်း လင်ချွမ်သည် မျက်မှောင် အနည်းငယ် ကြုတ်ကာ တွေးတောနေသည့် အမူအရာ ပေါ်လာသည်။
သူကြားခဲ့ရသည့် စကားများထဲမှ ကွဲလွဲနေသော အချက်များအပေါ် အခြေခံ၍ ပိုမိုနက်ရှိုင်းသော ပြဿနာတစ်ခုကို သူ သတိပြုမိလိုက်၏။
ဥပမာအားဖြင့်၊ ထိုကိုယ်ခံပညာ သခင်ကြီးများသည် ဘယ်က ရောက်လာသနည်း။
တစ်ဖက်လူမှာ ပြိုလဲသွားသော မင်းဆက်ဟောင်းတစ်ခုသာ ဖြစ်ပါလျက်၊ မည်သို့သော အကြောင်းကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားရသနည်း။
ထို့အပြင် သိုင်းဘုရင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကိုပင် မိမိ၏ အာရုံခံနိုင်စွမ်း အောက်၌ပင် သတိပေးချက် မရှိဘဲ ပေါက်ကွဲသွားစေနိုင်ခြင်းမှာ အံ့ဩစရာပင်။
ဤလျှို့ဝှက်နည်းစနစ်သည် လောကတွင် တစ်ခုတည်းသော နည်းစနစ် ဖြစ်ပေလိမ့်မည်။
၎င်းအပြင်၊ သိုင်းဘုရင်က သူတို့ ရှောင်လင်မှာ ရှိနေမှန်း ဘယ်လို သိသနည်း။
ရောက်ရှိလာချိန်တွင် ဟိန်းဟောက်လိုက်သည့် အသံကို ကြည့်ခြင်းအားဖြင့် သူသည် ရှောင်
လင်တစ်ခုတည်းကို ရည်ရွယ်ခြင်း မဟုတ်
သည်မှာ ရှင်းနေသည်။
သူလုပ်ချင်သည်မှာ ဂိုဏ်းအားလုံးမှ ခေါင်းဆောင်များကို တစ်ကြိမ်တည်းနှင့် အမြစ်
ပြတ် သုတ်သင်ရန်ပင် ဖြစ်သည်။
"ငါသာ ဒီမှာ မရှိရင် သူ အောင်မြင်သွားလောက်တယ်"
"ဒီသတင်းက ဘယ်လို ပေါက်ကြားသွားတာလဲ"
"ဂိုဏ်းတွေထဲမှာ သစ္စာဖောက်တွေ ရှိနေမယ်လို့ ငါ သံသယရှိတယ်"
ဤအချက်ကို တွေးမိသောအခါ လင်ချွမ်၏ မျက်လုံးများတွင် စဉ်းစားစရာများ ပြည့်နှက်သွားတော့သည်။
......
ရှောင်လင် ဘုန်းကြီးများနှင့် အဖွဲ့များ ဆွေးနွေးနေကြစဉ်၊ မိုင်ပေါင်း နှစ်ထောင်ဝေးသော တောင်ကြားတစ်ခုတွင် လူတစ်ယောက်သည် တင်ပျဉ်ခွေ ထိုင်နေသည်။
ထိုအချိန်တွင် သူ၏ ဆံပင်နက်များမှာ လေမတိုက်ဘဲနှင့် အလိုအလျောက် လွင့်မျောနေလျက်။
သူ့ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်
ကောင်းသော အရှိန်အဝါများ ဖုံးလွှမ်းနေသည်။
အမျိုးမျိုးသော စွမ်းအားများသည် စုစည်းကာ အတားအဆီးကို ဖောက်ထွက်ရန် ကြိုးစားနေသော်လည်း လျင်မြန်စွာ ပြန်လည် အားနည်းသွားကြသည်။
ရှုကျွင်းသည် စိတ်ကို လျှော့ချကာ တစ်ဖန် ပြန်လည် စုစည်းရန် ပြင်စဉ်တွင် သူ၏ မျက်မှောင်များ ရုတ်တရက် ကြုတ်သွားသည်။
အရိုးကျိုးသံကဲ့သို့သော အက်ကွဲသံတစ်ခုကို သူ ဝေဝေဝါးဝါး ကြားလိုက်ရ၏။
လှည့်ကြည့်လိုက်သောအခါ ကျောက်စားပွဲပေါ်တွင် တင်ထားသော လိပ်ခွံတစ်ခုကို တွေ့လိုက်ရသည်။
၎င်းသည် အချိန်မရွေး အက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
သူ၏ အမူအရာမှာ တောင့်တင်းသွားပြီး မယုံကြည်နိုင်ဘဲ ထရပ်ကာ အနီးသို့ ကပ်ကြည့်လိုက်သည်။
လိပ်ခွံပေါ်ရှိ အက်ကြောင်းများကို အတည်ပြုနိုင်သည့်တိုင်အောင် ရှုကျွင်းသည် ဖြစ်ပျက်ခဲ့သမျှကို သတိမမူနိုင်ဘဲ ရှိနေသေးသည်။
ထို့နောက် သူသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
"အဲဒီကောင် မော့ယွမ် တကယ်ပဲ သေသွားပြီလား"
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
"သူက သိုင်းဘုရင် အဆင့် တစ်ယောက်လေ"
ပိုမို စဉ်းစားကြည့်လေ၊ သူ၏ မျက်နှာမှာ ပို၍ခက်ထန်လာလေ။
ဤရလဒ်ကို လက်ခံရန် ခက်ခဲနေသည်မှာ သိသာသည်။
သိုင်းဘုရင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူတစ်ဦးအနေဖြင့် သူသည် ဤစွမ်းအားကို အပြည့်အဝ နားလည်ထားသည်။
အချို့သော ကဏ္ဍများတွင် သူသည် ဤစွမ်းအားအပေါ် အလွန် ဂုဏ်ယူ မြတ်နိုးသူ ဖြစ်သည်။
ယခုမူ သူ ဂုဏ်ယူ၍ တောင့်တခဲ့သော ထိုစွမ်းအားမှာ သူ၏ မျက်စိရှေ့တွင်ပင် အရက်
စက်ဆုံး ဖျက်ဆီးခံလိုက်ရပြီပင်။
၎င်းမှာ အမှန်တရား ဖြစ်သော်လည်း လက်ခံရန် ခက်ခဲနေဆဲပင်။
"အဲဒီ နတ်ဆိုးက ရှောင်လင်ကို သွားခဲ့တာ"
"ပြီးတော့ အဲဒီမှာပဲ ကျဆုံးသွားတယ်"
"အဲဒီမှာ ဖုံးကွယ်ထားတဲ့ ခေါင်းဆောင်တွေ ရှိနေလို့လား"
"ဒါမှမဟုတ် အဖွဲ့အစည်းက မသိသေးတဲ့ လျှို့ဝှက်အင်အားစု တစ်ခုခု ရှိနေတာလား"
ဤအချက်ကို သိရှိသွားသောအခါ ရှုကျွင်းသည် တိတ်ဆိတ်သွားသည်။
မကြာမီ သူသည် အခြားအရာတစ်ခုကို တွေးမိပြန်သည်။
"အဲဒီ နတ်ဆိုးရဲ့ ရန်ငြိုးက ကြီးမားတယ်ဆိုရင်၊ ငါက သူ့ရဲ့ ဆက်သွယ်ရေး တစ်ယောက်ဖြစ်နေတော့ ငါ့ရဲ့ တည်နေရာလည်း ပေါက်ကြားသွားပြီလား"
ထိုအတွေးကြောင့် ရှုကျွင်း၏ ရင်ဘတ်ထဲတွင် တင်းကျပ်သွားသည်။
အတွင်းအား စီးဆင်းမှု ကမောက်ကမ ဖြစ်နေသည်ကိုပင် ဂရုမစိုက်ဘဲ အမြန် ထရပ်ကာ အထုပ်အပိုးများကို ပြင်ဆင်လေ၏။
ထွက်ခွာတော့မည့် ဆဲဆဲတွင် ရှုကျွင်းသည် တစ်
ဖန် ပြန်ရပ်လိုက်သည်။
သူ၏ ခေါင်းထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။
ထိုဖြစ်နိုင်ခြေမှာ အတော်လေး ယုတ္တိရှိသော်လည်း တွေးကြည့်ရုံနှင့်ပင် သူ့ကို ကြောက်လန့်စေသည်။
"စွမ်းအားကြီးတဲ့ သိုင်းဘုရင် တစ်ယောက်ကို ဘာလို့ သတ်ချင်ရတာလဲ"
ထိုနတ်ဆိုး၏ အဆင့်နှင့် စွမ်းဆောင်ရည်အရ သူ မနိုင်နိုင်လျှင်တောင် ထွက်ပြေးဖို့ ဆိုသည်မှာ ပြောနေစရာပင် မလိုပေ။
အကယ်၍ သူ တိုက်ပွဲတွင် ရှုံးနိမ့်ပြီး အဖမ်းခံရသည် ဆိုလျှင်ပင် ရန်သူက သူ့ကို ဘာကြောင့် နှိပ်စက်ပြီး သတင်းမနှိုက်တာလဲ။
သိုင်းဘုရင်တစ်ဦးအနေဖြင့် သူ သိထားသည့် အချက်အလက်များမှာ အလွန် များပြားပေလိမ့်မည်။
မိမိ၏ ပုန်းအောင်းရာနေရာနှင့် ဆက်သွယ်ရေး နည်းလမ်းများကို သိထားခြင်းသည် သူ့ကို သတ်ပစ်လိုက်ခြင်းထက် ပို၍ တန်ဖိုးရှိ၏။
ထိုနတ်ဆိုး၏ ဝိညာဉ်စွမ်းအားမှာ အလွန် ပြင်းထန်လွန်း၍ ဝိညာဉ်ရှာဖွေနည်းစနစ်ကို သုံး၍ မရနိုင်လျှင်တောင်၊ ခြိမ်းခြောက်မှု သို့မဟုတ် မြှူဆွယ်မှု အောက်တွင် မော့ယွမ်သည် သတင်းတချို့ကို ပေးအပ်နိုင်သည်မှာ သဘာဝကျသည်။
သို့သော် သူ၏ သေဆုံးမှုမှာ အလွန် လျင်မြန်လွန်းသည်။
ထိုနေရာတွင် ပုန်းကွယ်နေသော တစ်စုံတစ်ခု ရှိနေရမည်။
ရုတ်တရက် ပေါ်လာသော အတွေးတစ်ခုကြောင့် ရှုကျွင်းသည် သူ့ကို ကြောက်လန့်စေသည့် အဖြေကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။
၎င်းမှာ တစ်ဖက်လူသည် ထိုနတ်ဆိုးကို သတ်ရန် ရည်ရွယ်ထားခြင်း မဟုတ်နိုင်ပေ။
စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် ဝိညာဉ်ရှာဖွေခြင်း လုပ်ငန်းစဉ်အတွင်းမှာပင် တစ်ဖက်လူကြောင့် မော့ယွမ် သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်ခြေ ပိုများသည်။
အဖြေက ရှင်းနေပါသည်။
တစ်စုံတစ်ယောက်သည် ထိုနတ်ဆိုး၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားသော အရာတစ်ခုကို ထည့်သွင်းထားခဲ့ခြင်း ဖြစ်ရမည်။
သတင်းအချက်အလက် ပေါက်ကြားသွားသည်နှင့် တစ်ပြိုင်နက် ပစ်မှတ်ကို ပေါက်ကွဲသွားစေမည့် အရာမျိုး။
"ဒါကို ဘယ်သူ လုပ်နိုင်မှာလဲ"
အဖြေက အထင်အရှားပင်။
အဲဒီလူတွေပဲ ဖြစ်ရမည်။
တစ်စုံတစ်ယောက်၏ စိတ်ထဲတွင် မိမိကိုယ်တိုင် ချမှတ်ထားခဲ့သော ကန့်သတ်ချက်များကို တွေးမိသောအခါ ရှုကျွင်းသည် ကျောချမ်းသွားသည်။
"အရင်တုန်းကတော့ ငါက သိုင်းဘုရင်သွေးမျိုးဆက်ရှိလို့ ငါ့ကို အထူးအခွင့်အရေး ပေးထားတယ်လို့ ထင်ခဲ့တာ"
"ဒါပေမဲ့ အခုတော့ တကယ့် သိုင်းဘုရင် အဆင့်တွေတောင် သေကုန်ပြီ"
"အဆင့်တောင် မတက်သေးတဲ့ ငါလို လူမျိုးက ဘယ်လိုလုပ် ချွင်းချက် ဖြစ်နေမှာလဲ"
ဤအရာအားလုံးကို တွေးမိပြီးနောက် ရှုကျွင်းသည် ခါးသီးစွာ ပြုံးလိုက်မိသည်။
ချက်ချင်းဆိုသလိုပင် ထိုအပြုံးမှာ ရက်စက်သည့် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
"ငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား"
"အဲဒီလောက် မလွယ်ဘူး"
"အဆိုးဆုံး ဖြစ်လာရင်တောင် ငါ အသေခံ တိုက်သွားမယ်"