← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း ၁၁၉ - စင်ကြယ်သည့် ကြာပန်း မှော်မီးတောက် မြေပုံအပိုင်းအစများ

လေလံအိမ်မှ တိုက်ခိုက်ရေးသမားနှစ်ဦးသည် မိန်းကလေးငယ်လေးတစ်ဦးကို ခေါ်ဆောင်လာကြသည်။ သူမသည် ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ်ကာ “ဂုဏ်သရေရှိ လူကြီးမင်း... လူကြီးမင်းတို့ ဒီမှာပဲ စိတ်အေးလက်အေး ပျော်ပါးနိုင်ဖို့ ကျွန်မတို့ အကာအရံတစ်ခု စီစဉ်ပေးပါရစေ” ဟု ဆိုသည်။

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး “မလိုပါဘူး... အခု သွားလို့ရပြီ” ဟု အေးစက်စွာ ပြောလိုက်သည်။

တိုက်ခိုက်ရေးသမား နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စောင်းကြည့်ကာ ဘာမှမပြောဘဲ လှည့်ထွက်သွားကြ၏။ သို့သော် ထိုမိန်းကလေးငယ်မှာမူ ကြောက်လန့်တကြား တုန်ရီနေသည်။

ကျန်းချန်က “မင်းနာမည် ဘယ်လို‌ခေါ်လဲ” ဟု မေးမြန်းလိုက်သည်။

မိန်းကလေးငယ်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် “သမီး... သမီးနာမည်က... ရှောင်တိပါ... သမီးကို လှည့်စားပြီး ဒီကို ခေါ်လာတာပါ...” ဟု တုန်ရီသောအသံဖြင့် ဖြေကြားလိုက်သည်။

“မင်းရဲ့ အဖေနဲ့ အမေကော ဘယ်မှာလဲ”

“သူတို့ ငတ်ပြီး သေကုန်ကြပြီ... သမီးရဲ့ အဖွားတစ်ယောက်ပဲ ကျန်တာ၊ အဲ့ဒီအဖွားကလည်း အသတ်ခံလိုက်ရတယ်... သမီးလည်း ဒီကို လှည့်စားခံရပြီး ပါလာတာ"

မိန်းကလေး၏ အဖြစ်ဆိုးကို ကြားရသောအခါ ကျန်းချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘေးနားရှိ မန်တျန်းချီဘက်သို့ လှည့်ကာ “ဒီကလေးကို အစ်ကို့ကိုပဲ လွှဲခဲ့မယ်၊ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့ စွမ်းအင်တွေ ကိန်းအောင်းနေတယ်၊ သေချာ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် သူမဟာ သိုင်းဘုရင်အဆင့်၊ ဒါမှမဟုတ် သိုင်းဧကရာဇ်အဆင့်အထိတောင် ရောက်ရှိဖို့ အလားအလာရှိတယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ မန်တျန်းချီက ညစ်ပတ်ပေရေနေသော မိန်းကလေးငယ်ကို အထက်အောက် သေချာကြည့်လိုက်သည်။ သူမက တကယ်ပဲ သိုင်းဧကရာဇ်အဆင့်ကို ရောက်ရှိနိုင်မှာလား။ နောက်နေတဲ့ပုံပဲ။

သို့သော် ကျန်းချန်သည် လူကဲခတ်ရာတွင် အလွန်ထူးချွန်သူဖြစ်သဖြင့် သူ့အား လိမ်ညာမည်မဟုတ်ကြောင်း မန်တျန်းချီ သိရှိသည်။ “ကောင်းပြီ... ငါ သူ့ကို ကျားနန် အကယ်ဒမီကျောင်းကို ခေါ်သွားပြီး အကြီးအကဲ စူးချန်ဆီမှာ လေ့ကျင့်ဖို့ အပ်လိုက်မယ်၊ တကယ်လို့ သူမသာ သိုင်းဧကရာဇ်အဆင့်ကို ရောက်ရှိခဲ့ရင် ကျားနန် အကယ်ဒမီကျောင်းအတွက် နောင်တစ်ချိန်မှာ အားကိုးရမယ့် ပုဂ္ဂိုလ်တစ်ယောက် တိုးလာတာပေါ့”

လေလံပွဲ၏ အစောပိုင်းအဆင့်တွင် အထူးတလည် စိတ်လှုပ်ရှားဖွယ်ရာ ပစ္စည်းများ မပေါ်ထွက်သေးပေ။ လေလံဆွဲသူများမှာလည်း သိုင်းဝိညာဉ်အဆင့်အောက်တွင်သာ ရှ်ိကြသည်။ ကျန်ရှိသော လူများကမူ နောက်ထပ် လေလံတင်မည့် တန်ဖိုးကြီးပစ္စည်းများကိုသာ စောင့်ဆိုင်းနေကြ၏။

သူတို့ပိုဂရုစိုက်သည်မှာ နောက်လာမည့်အရာများသာ ဖြစ်သည်။

“နောက် ဆက်ပြီး လေလံတင်မှာကတော့ နည်းနည်း ထူးဆန်းပါတယ်... ကျွန်တော်တို့တောင် ဒါရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို သေချာ အဖြေမရှာနိုင်ခဲ့ဘူး”

ထိုအချိန်တွင် လေလံတင်သူ အဖိုးအိုက စားပွဲပေါ်မှ စုတ်ပြတ်နေသော မြေပုံအစုတ်တစ်ခုကို ကောက်ယူလိုက်သည်။ ထိုအရာကို မြင်လိုက်ရသည့် ခဏမှာပင် လူတိုင်းက သူ့ကို အထင်အမြင်သေးစွာ ကြည့်ကြသည်။ တန်ဖိုးကြီးပစ္စည်းတစ်ခုဟု ထင်မှတ်ထားသော်လည်း တကယ့်လက်တွေ့တွင် အသုံးမဝင်သော အဝတ်စုတ်တစ်ခုသာ ဖြစ်နေသောကြောင့် ဖြစ်သည်။

“ဒါက ဘာအမှိုက်လဲ... ငါ့အဖွားရဲ့ ခြေသုတ်ပဝါလောက်တောင် သန့်ရှင်းပုံမရဘူး"

“ဟုတ်တယ်... တင်ပါးသုတ်ဖို့ သုံးခဲ့တဲ့ အဝတ်ကို လေလံတင်နေတာလား... ငါတို့ကို သုံးနှစ်သားကလေးလို့များ မှတ်နေကြတာလား”

“အမြန် ပြန်ယူသွားစမ်း... အရမ်း ညစ်ပတ်လွန်းတယ်”

လေလံတင်သူမှာလည်း အနည်းငယ် ရှက်သွားသည်။ ထိုသို့ပြောခံရသောအခါ မျက်နှာတစ်ခုလုံး နီသွားသည်။

သို့သော် လေလံတင်သူတစ်ဦးဖြစ်သည့်အားလျော်စွာ အလွယ်တကူ လက်မလျှော့ဘဲ “ဒါက လျှို့ဝှက်ချက်တွေ ပါတဲ့ မြေပုံအပိုင်းအစတစ်ခုပါ၊ အပေါ်က ပုံစံတွေကို ကြည့်ရင် ဒါဟာ ရှေးဟောင်းမြေပုံတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ပြီး လျှို့ဝှက်နယ်မြေရဲ့ တည်နေရာကို ရှာဖွေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်”

“လိုချင်တဲ့သူရှိရင် အမြန် လေလံဆွဲကြပါ... ဒီအခွင့်အရေးကြီးကို လက်လွတ်မခံပါနဲ့၊ကံစမ်းကြည့်လိုက်ပါ... မင်းတို့ရဲ့ မြည်းလှည်းလေးကနေ မြင်းရထားကြီး ပြောင်းလဲသွားနိုင်တာပဲ"

“စတင် လေလံဈေး - ရွှေဒင်္ဂါး တစ်သိန်း”

ပတ်ဝန်းကျင်ရှိ လူများမှာမူ ဈေးကို ဆက်မတိုးတော့ဘဲ လက်‌ဝှေ့ယမ်းကာ ငြင်းဆန်ကြသည်။ မြေပုံအပိုင်းအစလေးတစ်ခုတည်းနှင့် အပြည့်အစုံရရှိရန် မသေချာသောကြောင့် စွန့်လွှတ်လိုက်ကြခြင်းဖြစ်သည်။

ထိုစဉ် ကျန်းချန်က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး “ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်း” ဟု ဆိုသည်။

ထိုအသံကို ကြားသောအခါ ဇီယန်၏ မျက်လုံးများ တောက်ပသွားပြီး “ဒါက အစ်ကို ကျန်းချန် လိုချင်နေတဲ့ အရာလား"

"ဒီလို အဝတ်စုတ်တစ်ခုကိုလား” ဟု တွေးတောမိသည်။

“ဘုရားရေ... အဝတ်စုတ်တစ်ခုကို ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်း ပေးမယ့် လူအ ရှိသေးတယ်ဆိုတာ ငါမယုံနိုင်ဘူး၊ ပိုက်ဆံတွေ အလကားဖြုန်းနေတာပဲ”

“ဟုတ်တယ်... ဘယ်သူက ပြောနိုင်မှာလဲ၊ ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ ဒီလူကတော့ တကယ့်ကို အလိမ်ခံရပြီ"

ပထမထပ်မှ လူများက ထိုမြေပုံကိလေလံဆွဲသူအားဝိုင်းဝန်း ကဲ့ရဲ့ကြသည်။ သူတို့သည် ဤချာတူးလံမြေပုံကို လေလံဆွဲသူအား မထီမဲ့မြင်ပြုနေပုံရသည်။

အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းမှ မိုအာဟန်က မေးစေ့ကို ပွတ်ရင်း “ဒီပစ္စည်းအတွက် တစ်ယောက်ယောက်က တကယ် လေလံဆွဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဒါက တကယ်ပဲ ရတနာမြေပုံများလား” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ဈေးနှုန်းက အလွန်မကြီးသော်လည်း မည်သူကမျှ အလိမ်ခံရသူ မဖြစ်ချင်ကြပေ။ အထူးသဖြင့် မြေပုံအပိုင်းအစတစ်ခုဖြစ်သောကြောင့် မည်သူမျှ လေလံမဆွဲနိုင်ပါ။

“ကျွန်တော် တစ်သိန်းငါးသောင်း ပေးမယ်"ဟု ကောင်းကင် မြွေစံအိမ်မှ အကြီးအကဲ ချင်းက နှုတ်ခမ်းသပ်လိုက်သည်။ “ခွင့်လွှတ်ပါ မောင်လေး... ငါလည်း ဒီမြေပုံအပိုင်းအစကို စိတ်ဝင်စားလို့ပါ…နင် ငါ့ကိုပဲ ပေးလိုက်ပါလား” ဟု ဆိုသည်။

အကယ်၍ ဂိုဏ်းခေါင်းဆောင်သာ အသက်ရှင်နေသေးပါလျှင် သူမ၏အတွေ့အကြုံဖြင့် ၎င်းနောက်ကွယ်မှ လျှို့ဝှက်ချက်များကို ရှာဖွေရန် လွယ်ကူပေလိမ့်မည်။

ကျန်းချန်က အကြီးအကဲ ချင်းကို ကြည့်ကာ ပြုံးလိုက်ပြီး “အကြီးအကဲ ချင်း... ဒီမပြည့်စုံတဲ့ မြေပုံက ကျွန်တော့်အတွက် အသုံးဝင်လို့ပါ၊ ဒါကြောင့် ဈေးကို ဆက်မတိုးဖို့ မျှော်လင့်ပါတယ်” ဟု ပြောလိုက်သည်။

အကြီးအကဲ ချင်းက မျက်ခုံးပင့်သွားသည်။ အကြောင်းမှာ ထိုအသံက သူမအတွက် အလွန်ရင်းနှီးနေသောကြောင့် တစ်နေရာရာတွင် ကြားဖူးသလိုလိုရှိသော်လည်း အတိအကျမမှတ်မိပါ။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ မျက်နှာဖုံး တပ်ထားသောကြောင့် ဖြစ်သည်။ သူမသည် ဤသူ မည်သူဖြစ်သည်ကို မသိပေ။ ထိုသူသည် ကောင်းကင် မြွေစံအိမ်မှ တစ်စုံတစ်ယောက်ကို သိနေသူလော။

ထိုသို့တကယ်ဖြစ်လျှင် ကျွန်တော် ဈေးထပ် မတင်နိုင်တော့ပါ။

“နင်က ဘယ်သူလဲ”

“အခုပြောဖို့တော့ အဆင်မပြေသေးဘူး... ဒါပေမဲ့ ကျွန်တော်က ကောင်းကင် မြွေစံအိမ်က လူတွေကို ဘာအန္တရာယ်မှ မပေးဘူးဆိုတာပဲ သိထားပေးပါ”

မိုအာဟန်က ရယ်မောလိုက်ပြီး “တကယ့်ကို ရယ်စရာကောင်းတဲ့ ဟာသပဲ... အကြီးအကဲ ချင်း၊ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တကယ်ယုံနေတာလား” ဟု လှောင်ပြောင်လိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ အကြီးအကဲ ချင်းသည် နက်နက်နဲနဲစဉ်းစားမိသွားသော်လည်း အတွင်းစိတ်ထဲတွင်မူ လေလံကိုရပ်ရန် အဆက်မပြတ်ပြောနေသည်။

ထိုစဉ် မိုအာဟန်က “မင်းတို့ မလိုချင်ရင် ငါယူမယ်... ရွှေဒင်္ဂါး နှစ်သိန်း” ဟု ကြိမ်းဝါးလိုက်သည်။

မန်တျန်းချီက ဒေါသထွက်လုနီးပါး ဖြစ်သွားသော်လည်း ကျန်းချန်က တားမြစ်လိုက်သည်။ ဤနေရာတွင် ပြဿနာအကြီးအကျယ် ရှာရန် မလိုအပ်ပေ။ ကျန်းချန်သည် လူသတ်ရခြင်းကို မနှစ်သက်သော်လည်း ဇီယန်က သူ့အတွက် ပြဿနာအားလုံးကို ရှင်းလင်းပေးနိုင်မည်ဖြစ်သည်။

ကျန်းချန်က ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး ဂရုမစိုက်သလို နေလိုက်သည်။ ထိုအခါ လူတိုင်း၏ ကဲ့ရဲ့မှုများက အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းဘက်သို့ ပြန်လည် ဦးတည်သွားသည်။

“ဒီလူတွေက တကယ် ရူးနေတာပဲ... ဒီလောက် သိသာတဲ့ ထောင်ချောက်ထဲကို ခုန်ဆင်းသွားတာပဲ"

"ငါ့အမြင်တော့ သူတို့က သွေးသားတော်စပ်တဲ့သူတွေပဲ ဖြစ်ရမယ်"

"ဟား ဟား ဟား"

မိုအာဟန်က ဒေါသတကြီး မတ်တပ်ထရပ်လိုက်သည်။ သို့သော် ပထမထပ်ရှိ လူတိုင်းက မျက်နှာဖုံးများ တပ်ဆင်ထားသဖြင့် ထိုသူတို့မှာ မည်သူဖြစ်သည်ကို မသိနိုင်သောကြောင့် ကျန်းချန်ဘက်သို့သာ အာရုံလှည့်လိုက်ရသည်။

"သူသာ မရှိရင် ငါဒီလိုကဲ့ရဲ့ခံရမှာ မဟုတ်ဘူး"

“မိုအာဟန်... မင်း ဒါကို အရမ်းကြိုက်နေမှတော့ မင်းပဲ ယူလိုက်တော့” ဟု အကြီးအကဲ ချင်းက ရယ်မောကာ ပြောလိုက်သည်။

“မဟုတ်ဘူး ငါ... မလိုချင်တော့ဘူး”

မိုအာဟန်က ချက်ချင်း ကျိန်ဆဲလိုက်ပြီး"ဈေးပိုတင်မဲ့သူရှိရင် အခုယူလိုက်"

သို့သော် လေလံပွဲမှာ တိတ်ဆိတ်သွားသည်က သာ လူအဖြစ်ကြောင်း သက်သေပြနေသည်။ သွေးဂိုဏ်းခေါင်းဆောင် ဖန်လောင်၏သားသာမပါလျှင် သူသည် အကြီးမားဆုံး ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

“ရွှေဒင်္ဂါး နှစ်သိန်းနဲ့ မြေပုံအပိုင်းအစကို ရရှိသွားတဲ့ မစ္စတာ မိုအာဟန်ကို ဂုဏ်ပြုလိုက်ပါတယ်... ဂုဏ်ပြုပါတယ်ခင်ဗျာ"

လေလံတင်သူက ပြုံးရွှင်စွာ ရယ်မော၍ပြောလိုက်သည်။

မိုအာဟန်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။ သူ၏ မုန်းတီးသော မျက်လုံးများက ထိုအချိန်က သူ၏ ခံစားချက်ကို သက်သေပြရန် လုံလောက်နေပေသည်။

“မင်းက ဘယ်သူလဲဆိုတာ မသိစေနဲ့... တကယ်လို့ သိသွားခဲ့ရင် ငါ့အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းရဲ့ ဒေါသကို မင်း ခံစားစေရမယ်၊ မင်းကို သေချင်စိတ် ပေါက်သွားအောင် ငါ လုပ်ပြမယ်”

မိုအာဟန်သည် ကျန်းချန်ရှိရာနေရာကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ကြိမ်းဝါးလိုက်လေသည်။

အခန်း ၁၂၀ - သုံးထောင်သော မိုးကြိုးထစ်ချုန်းသံ

"နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ 'သုံးထောင်သော မိုးကြိုးလှုပ်ရှားမှု' ဖြစ်ပါတယ်၊ ဒါဟာ မြေကြီးအဆင့် အနိမ့်စား သိုင်းကွက်နဲ့ တိုက်ခိုက်ရေးပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်"

ထိုသို့ပြောလိုက်သည်နှင့် ခရစ်စတယ်စင်မြင့်ထက်တွင် ထူးခြားဆန်းပြားသော စာလိပ်တစ်ခု ပေါ်ထွက်လာသည်။ လေလံပစ်သူ၏ အသံဆုံးသည်နှင့်အမျှ လေလံပွဲအတွင်းရှိ လူအားလုံးမှာ အံ့အားသင့်သွားကာ၊ သူတို့၏ မျက်လုံးများထဲတွင်လည်း တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွားသည်။

"မြေကြီးအဆင့် တိုက်ခိုက်ရေးပညာတဲ့၊ ဒီလောက် တန်ဖိုးရှိတဲ့ မြေကြီးအဆင့် တိုက်ခိုက်ရေးပညာရပ်ကို လေလံတင်ရက်တဲ့သူ ရှိလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး၊ တကယ်ကို နှမြောစရာကောင်းတာပဲ"

" 'သုံးထောင်သော မိုးကြိုးထစ်ချုန်းသံ' ... ဒါ ဖုန်းလေဂိုဏ်းရဲ့ လေ-မိုးကြိုးကျင့်စဉ် မဟုတ်လား" မန်တျန်းချီက ဘေးနားတွင်ရှိသော ကျန်းချန်ကို လှည့်ကြည့်ရင်း မေးလိုက်သည်။ ဖုန်းလေဂိုဏ်း၏ အထူးကျင့်စဉ်သည် အမှောင်ထုလွှမ်းနယ်မြေထဲသို့ အမှန်တကယ် ရောက်ရှိနေခြင်းဖြစ်သည်။ အကယ်၍ ဖုန်းလေဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များသာ ဤအကြောင်းကို သိရှိသွားပါလျှင် သေကြေပျက်စီးသည်အထိ တိုက်ပွဲကြီးများ ဖြစ်လာနိုင်ပေသည်။

ထို့‌ကြောင့် ဤပစ္စည်းကို ရရှိထားသူသည် ကိုယ်တိုင်မကျင့်ကြံဘဲ လေလံတင်ရခြင်း ဖြစ်နိုင်သည်။ ဖုန်းလေဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်သော လက်စားချေမှုကို ရှောင်ရှားလိုသောကြောင့် ဖြစ်ပေလိမ့်မည်။

"မှန်ပေသည်၊ ဒါ ဖုန်းလေဂိုဏ်းရဲ့ ပညာရပ်ပဲ၊ ဒါပေမဲ့ ဖုန်းလေဂိုဏ်းရဲ့ ဂိုဏ်းချုပ် လေမင်ရဲ့ အစွမ်းက ငါတို့ လှုပ်ရှားရလောက်တဲ့အထိ မရှိပါဘူး"

ကျန်းချန်က အေးအေးဆေးဆေး ပြုံးလိုက်သည်။ ဖုန်းလေဂိုဏ်း၏ ဂိုဏ်းချုပ် လေမင်သည် ကြယ်သုံးပွင့် သိုင်းဝိဇ္ဇာအဆင့်သာ ရှိသေးရာ ကျန်းချန်နှင့် မန်တျန်းချီတို့နှင့် ယှဉ်လျှင် များစွာ နိမ့်ကျနေပါသေးသည်။

'သုံးထောင်သော မိုးကြိုးထစ်ချုန်းသံ' ပေါ်ထွက်လာသည်နှင့်အမျှ လေလံအိမ်အတွင်း အငွေ့အသက်မှာ စိတ်အလှုပ်ရှားဆုံးသော အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ရှေ့ဆုံးတန်းတွင် ထိုင်နေသော အင်အားကြီးအဖွဲ့အစည်းများမှာလည်း အပြိုင်အဆိုင် လေလံဆွဲကြသဖြင့် လူအများအပြားကို မယုံနိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။

"ရွှေဒင်္ဂါး ငါးသန်း"

ထိုစဉ် အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းမှ မိုအာဟန်က လက်မြှောက်ကာ လေလံဈေးခေါ်လိုက်သဖြင့် လူတိုင်း၏ အာရုံမှာ သူ့ထံသို့ ရောက်သွားသည်။

"ဘာလဲဟ၊ ရွှေဒင်္ဂါး ငါးသန်းတောင်လား"

"သူ ရူးနေတာလား၊ ငါ့တစ်သက်မှာ ဒီလောက်များတဲ့ ပိုက်ဆံကို မမြင်ဖူးဘူး၊ သူကတော့ ငါးသန်းကို အသာလေး လေလံဆွဲလိုက်တာပဲ၊ သူ့မှာ ရွှေတွင်းရှိလို့လား"

"ဟုတ်ပဗျာ၊ ဒီလို ပစ္စည်းကောင်းမျိုးတွေက ချမ်းသာပြီး အင်အားရှိတဲ့သူတွေ လက်ထဲပဲ ရောက်သွားလိမ့်မှာပဲ၊ တောက်"

တရိပ်ရိပ် တက်နေသော လေလံဈေးများမှာ လက်ခံနိုင်စရာ မရှိလောက်အောင် ကြီးမားလွန်းလှသဖြင့် သာမန်လူများမှာ လုယူရန်ပင် အင်အားမရှိတော့ပေ။

ကောင်းကင် မြွေစံအိမ်မှ အကြီးအကဲ ချင်း ကလည်း အလွန်စိတ်ဝင်တစားဖြင့် လေလံဈေးက်ို ထပ်တိုးလိုက်သည်။

"ရွှေဒင်္ဂါး ရှစ်သန်း"

အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းမှ လူများမှာ ကောင်းကင် မြွေစံအိမ်မှ လူများ ဝင်ရောက်ယှဉ်ပြိုင်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ ၎င်းမှာ ကောင်းကင် မြွေစံအိမ်မှ လူများသည်လည်း ဝေစုလိုချင်နေသည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။ ဤသည်မှာ မိမိတို့ကို လေးစားမှုမရှိဘဲ လုယူရန် ကြိုးစားနေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။

အကြီးအကဲ ချင်းက နှာခေါင်းရှုံ့လိုက်သည်။ သူတို့နှင့် ယှဉ်ပြိုင်ချင်နေသလော။ သူတို့ကို သူတို့ဘယ်သူမှန်းတောင် မသိကြဘူးလား။ ဂိုဏ်းချုပ် ပေါ်ထွက်လာချိန်ကတည်းက အနောက်မြောက်တိုက်ကြီး တစ်ခုလုံးတွင် ကောင်းကင် မြွေစံအိမ်ကို ယှဉ်နိုင်သူ မရှိတော့ပေ။

အမှန်တကယ်မှာ အကယ်ဒမီကျောင်းရှိ ကွန်ဖြူးရှပ် ပညာရှင်များမှအပ ကျန်သောသူများကို ကြောက်စရာ မလိုပေ။

မိုအာဟန်၏ နှုတ်ခမ်းများ တုန်ရီသွားပြီး ဒေါသတကြီးဖြင့် "အကြီးအကဲ ချင်း၊ ခင်ဗျားက အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ကြံစည်နေတာလား၊ အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းက အထူးပညာရပ်တွေကို ကျင့်ကြံနေတယ်ဆိုတာ ခင်ဗျားသိမှာပါ၊ အခုလို လုယူတာမျိုးက မယဉ်ကျေးရာကျဘူးလား" ဟု ပြောလိုက်သည်။

သို့သော် ထိုကဲ့သို့သော ချိန်းခြောက်မှုမျိုးသည် အခြားသူများအတွက် အလုပ်ဖြစ်နိုင်သော်လည်း ကောင်းကင် မြွေစံအိမ်အတွက်မူ မှားယွင်းနေပေသည်။ အကြီးအကဲ ချင်းက သူမ၏ သွယ်လျသော လက်ချောင်းလေးကို ဆန့်ထုတ်ကာ ပြုံးလျက် "မင်းပြောတာ မမှန်ဘူး၊ လေလံပွဲဆိုတာ ဈေးအများဆုံး ပေးနိုင်တဲ့သူက အနိုင်ရတာပဲ၊ ငါလုပ်တာက ကျိုးကြောင်းဆီလျော်ပြီး တရားမျှတပါတယ်၊ ဒါကို မယဉ်ကျေးဘူးလို့ စွပ်စွဲတာလား" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

"ဒါ‌ပေမဲ့ မင်းတို့အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်နာမည်ကို သုံးပြီး ငါ့ကို ချိန်းခြောက်နေတာကမှ တကယ့်ကို ရိုင်းတာပဲ"

အရှက်ရသွားသော မိုအာဟန်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။ အကယ်၍ ကောင်းကင် မြွေစံအိမ်မှ လူများကို မကြောက်ရွှံ့ပါလျှင် သူသည် ဤအမျိုးသမီးကို လုံးဝ မျက်နှာသာပေးမည် မဟုတ်ပေ။ ထို့ပြင် ဤအမျိုးသမီးသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်သဖြင့် အကြောင်းမဲ့ ရန်မစလိုပေ။ သို့သော် သူတို့သည် 'သုံးထောင်သော မိုးကြိုးထစ်ချုန်းသံ' ကို ရရှိရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ဤသို့အရှုံးပေးလိုက်ခြင်းသည် အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်း၏ ပုံစံမဟုတ်ပေ။

"ရွှေဒင်္ဂါး ဆယ်သန်း"

မိုအာဟန်က အော်လိုက်သည်။

အကြီးအကဲ ချင်းမှာ မျက်မှောင်ကြုတ်သွားရသည်။ မိုအာဟန်က ဤမျှအထိ ကျေးဇူးကန်းလိမ့်မည်ဟု သူ မထင်ထားမိပေ။ အခြေအနေက ဤသို့ ရောက်လာပြီဆိုပါလျှင် သူမ ဈေးထပ်မတိုးပါက လူပြောစရာ ဖြစ်ပေလိမ့်မည်။

သို့သော် ဆယ်သန်းဆိုသည်မှာ တကယ်ပင် ဈေးများလွန်းလှသည်။ ကောင်းကင် မြွေစံအိမ်အတွက် ဆယ်သန်းမှာ ကိစ္စမရှိသော်လည်း သူတို့ နောက်ထပ် လိုချင်နေသော အရာရှိနေသေးသည်။

အသေအချာ စဉ်းစားပြီးနောက် အကြီးအကဲ ချင်းက လက်ယမ်းပြကာ ဈေးထပ်မတိုးတော့ကြောင်း ပြသလိုက်သည်။ အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းမှ လူမိုက်များသာ ဤဈေးကို ပေးနိုင်ပေလိမ့်မည်။

ယောင်ရှားဇဂိုဏ်းမှ ကျွမ်းကျင်သူက သူ၏လက်ထဲရှိ ထက်လှသည့် ဓားမြှောင်ကို ကစားရင်း ပြုံးလိုက်သည်။ "ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်တဲ့ ဈေးနှုန်းလဲ၊ ဆယ်သန်းတဲ့၊ အမှောင်ထုလွှမ်းနယ်မြေတစ်ခုလုံးမှာ ဒီဈေးကို ပေးနိုင်တဲ့ အဖွဲ့အစည်းက နည်းနည်းပဲရှိတယ်"

"သခင်လေး၊ ကျွန်တော်တို့ လှုပ်ရှားရမလား"

"မလိုသေးဘူး" သိုင်းဘုရင် အဆင့် ကျွမ်းကျင်သူက တည်ငြိမ်စွာ ဆိုလိုက်သည်။ "ဂိုဏ်းချုပ်က ငါတို့ကို အေးအေးဆေးဆေး နေခိုင်းထားတယ်၊ မလိုအပ်ဘဲနဲ့ ဒီလူတွေနဲ့ တိုက်ခိုက်ဖို့မလိုဘူး၊ ငါတို့ တကယ် ဂရုစိုက်ရမှာက နောက်လာမယ့် ပစ္စည်းပဲ"

"မင်း မလိုချင်ဘူးလား" ဟု မန်တျန်းချီက ပြုံးလျက် မေးလိုက်သည်။

ကျန်းချန်က "ငါ့မှာ ငွေအလုံအလောက် ရှိပေမယ့် အနိမ့်စားကျင့်စဉ်တစ်ခုအတွက် ဆယ်သန်းလောက် မသုံးချင်ဘူး၊ အဲဒီအစား နောင်တစ်ချိန်ကျရင် အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းဆီ ငါကိုယ်တိုင် သွားလိုက်မယ်" ဟု ဆိုသည်။

ဇီယန်က မန်တျန်းချီကို တစ်ချက်ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြသည်။ သူမက သိနားလည်စွာ ခေါင်းညိတ်ပြရင်း "ဒါက ညီမ အကြိုက်ဆုံးပဲ၊ အလကားရတာကို ယူတာက ညီမ အကြိုက်ဆုံစပဲ" ဟု ဆိုသည်။

အလကားရယူခြင်းသည် ကိုယ်ကျင့်တရားအရ လက်ခံနိုင်ဖွယ် ရှိနိုင်သော်လည်း ဤနေရာသည် အမှောင်ထုလွှမ်းနယ်မြေ ဖြစ်သည်ကို မမေ့သင့်ပေ။ ဤနေရာသည် ဒွိဟမရှိဘဲနှင့်ပင် သတ်ဖြတ်သည့် နေရာဖြစ်သည်။ မင်း သူ့ကို မသတ်ပါလျှင်၊ သူ မင်းကို သတ်ပေလိမ့်မည်။

ထို့ကြောင့် ငါ၏ လုပ်ရပ်များသည် မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက် မဖြစ်ပေ။ အကယ်၍ ငါ ရှင်သန်ချင်ပါက ဤနေရာတွင် ခြေကုပ်ယူနိုင်ရန် ပိုမို သန်မာလာရမည်။

သို့မဟုတ်ပါက နောက်ဆုံးတွင် ဤလောက၌ အရိုးစုပုံတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် လေလံခန်းမအတွင်းရှိ မီးအလင်းရောင်များမှာ သိသိသာသာ မှိန်သွားပြီး အရပ်မျက်နှာ အသီးသီးမှ အားကောင်းသော စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်လာသည်။

ထိုမျှမက လေလံခန်းမရှိ အစောင့်အရှောက် အရေအတွက်မှာလည်း သိသိသာသာ တိုးလာပြီး တစ်ဦးချင်းစီ၏ စွမ်းအင်အငွေ့အသက်မှာ သိုင်းသခင် အဆင့်သို့ ရောက်ရှိနေသည်။ ထို့ပြင် သိုင်းဘုရင်အဆင့်ရှိသူ အချို့လည်း အနီးနားတွင် ရပ်ကာ အရာအားလုံးကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။

မန်တျန်းချီက သူ၏ မုတ်ဆိတ်မွေးကို ပွတ်ရင်း "တံခါးရှစ်ပေါက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယွမ်ရီရောက်လာပြီထင်တယ်၊ သိုင်းဧကရာဇ် အဆင့် ကျွမ်းကျင်သူ နှစ်ယောက်ရဲ့ စွမ်းအင်အငွေ့အသက်လည်း ပါတယ်" ဟု ပြောလိုက်သည်။

"အင်း"

ကျန်းချန်သည်လည်း ၎င်းကို ကြိုတင်သိရှိပြီး ဖြစ်သည်။ နောက်ဆုံး လေလံပစ္စည်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်သည်။ ထိုပစ္စည်းမှာ သူကိုယ်တိုင် ရောင်းချရန် ပြင်ဆင်ထားသည့် ပစ္စည်းလည်း ဖြစ်သည်။

ခရစ်စတယ် စင်မြင့်ထက်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အထူးအတားအဆီးတစ်ခု ပေါ်ထွက်လာကာ လေလံစင်မြင့်ကို ဝန်းရံလိုက်သည်။ မည်သူမျှ အခွင့်ကောင်းယူကာ လုယူ၍မရအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဤပစ္စည်းသည် အလွန်တန်ဖိုးရှိလှသဖြင့် တံခါးရှစ်ပေါက်ဂိုဏ်းချုပ် ယွမ်ရီကိုယ်တိုင် အလေးထားကာ ပြင်ဆင်ထားခြင်း ဖြစ်သည်။

လေလံပစ်သူက ချောင်းနှစ်ချက်ဟန့်ကာ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်ပြီးနောက် တည်ငြိမ်စွာ ပြုံးလိုက်သည်။ "လူကြီးမင်းတို့ခင်ဗျာ၊ နောက်ထပ် လေလံတင်မဲ့ ပစ္စည်းကတော့ ဒီပွဲရဲ့ အကောင်းဆုံး အထူးပစ္စည်းပဲ ဖြစ်ပါတယ်"

လေလံပစ်သူက ဗန်းပေါ်ရှိ အဝါရောင်ပိတ်စကို ဖြည်းညှင်းစွာ မလိုက်သောအခါ ခမ်းနားထည်ဝါသော သေတ္တာတစ်လုံး ပေါ်ထွက်လာသည်။ ထိုသေတ္တာအတွင်းမှ အဖြူရောင် စွမ်းအင်အငွေ့အသက်လေးများ ထွက်ပေါ်နေပြီး ကြည့်ရှုသူများကို ရေခဲလိုဏ်ဂူထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။

ထိုသေတ္တာကို မြင်လိုက်ရုံဖြင့် ၎င်းမှာ ဆေးလုံးတစ်လုံး ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။ နောက်ဆုံးတွင် ထားရှိသော ဆေးလုံးမှာ သာမန် ဆေးလုံးတစ်လုံး မဖြစ်နိုင်ပေ။

၎င်းမှာ အဆင့်ခြောက် သို့မဟုတ် ထို့ထက်မြင့်သော ဆေးလုံး ဖြစ်နိုင်ခြေ များသည်။

ဇီယန်က လေထဲမှ အနံ့ကို ရှူရှိုက်ရင်း မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ သူမ၏ ပါးစပ်မှ သွားရည်များပင် ကျလုနီးပါး ဖြစ်သွားပြီး "ဒါ ဆေးလုံးပဲ၊ အဆင့်ခုနစ် ဆေးလုံး ဖြစ်ရမယ်၊ အစ်ကို ကျန်းချန် ... ညီမ ဒါကို စားလို့ရမလား၊ အရမ်း စားချင်နေပြီ" ဟု စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"မင်း ဒါကို စားလို့ မရဘူး၊ ဒါက အရမ်း တန်ဖိုးရှိတာ၊ အကယ်၍ မင်း စားလိုက်ရင် ဒီဆေးလုံးရဲ့ မူလတန်ဖိုးကို ဖြုန်းတီးရာ ရောက်သွားလိမ့်မယ်”

All Chapters