← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉) ရှက်သွေးဖြာသွားသော မီဒူဆာဘုရင်မ

ကျန်းချန်က ဇီယန်၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း "ငါ မင်းကို တခြားဆေးလုံးတွေ ပေးထားတယ် မဟုတ်လား၊ ဒီ အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးက ချင်းလင်းအတွက်လေ၊ ဒါကြောင့် အဲ့ဒါကို စိတ်မဝင်စားနဲ့တော့" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဇီယန်က သနားစဖွယ် အမူအရာဖြင့် သူမ၏ ခေါင်းကို အုပ်ထားပြီး သနားစရာကောင်းအောင် ဟန်ဆောင်ကာ မျက်ရည်အချို့ ထွက်လာအောင် ညှစ်ထုတ်နေလေသည်။ သူမ မတရားခံခဲ့ရသည့်အလား။

အသံကို ကြားလိုက်ရသဖြင့် ဘုရင်မကြီး မီဒူဆာ ထွက်လာသည်။ ဇီယန်၏ မျက်ရည်ဝဲနေသော ပုံစံကို မြင်သောအခါ သူမ၏ ရင်ထဲ၌ သနားစိတ်ကလေး ဖြစ်ပေါ်သွားပြီး "ဘယ်သူက ငါ့ဇီယန်လေးကို ထပ်ပြီး အနိုင်ကျင့်လိုက်ပြန်တာလဲ" ဟု မေးလိုက်သည်။

ဇီယန်သည် ချက်ချင်းပင် ဒရာမာကွင်းအဖြစ် ပြောင်းလဲသွားပြီး မီဒူဆာ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ကာ "ဝါး... အစ်မ ချိုင်လင်းရေ၊ ညီမ အစ်မကို အရမ်းသတိရနေတာ၊ အစ်ကို ကျန်းချန်နဲ့ နေရတာ တကယ်ကို စိတ်မချမ်းသာရဘူး၊ သူက ညီမကို ဘာစားစရာမှ မပေးဘူး၊ ညီမ ဗိုက်ဆာနေပြီ" ဟု ချွဲနွဲ့ကာ တိုင်တောလေတော့သည်။

ကျန်းချန်ကတော့ ခေါင်းကိုသာ ခါရမ်းမိတော့သည်။ ဤမိန်းကလေးမှာ တကယ့်ကို ဒရာမာကွင်းပင်။ သူမ တကယ် မင်းသမီးတစ်ယောက် ဖြစ်မလာခဲ့သည်မှာ တကယ့်ကို နှမြောစရာပင်။

ထိုစကားကို ကြားသောအခါ ချိုင်လင်းက ကျန်းချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဇီယန်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သူမ၏ သခင်ဖြစ်သူမှာ ထိုသို့သော အပြုအမူမျိုး ပြုလုပ်မည့်သူ မဟုတ်ကြောင်း သိထားသဖြင့် ဇီယန်ကို ဘေးသို့ ဆွဲခေါ်သွားကာ ဆေးလုံးအချို့ ပေးရန်သာ ပြင်ဆင်လိုက်တော့သည်။

ကျန်းချန်၏ ခွင့်ပြုချက်ဖြင့် ချင်းလင်းသည် နောက်ဆုံးတွင် အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးကို မျိုချလိုက်သည်။ ဆေးလုံးကြောင့် ပြင်းထန်သော နာကျင်မှုကို ခံစားရမည်ဟု သူမ ထင်မှတ်ထားသော်လည်း ဘာမှ မခံစားရဘဲ သူမ၏ ဝမ်းဗိုက်ထဲတွင်သာ နွေးထန်သော ခံစားချက်ကို ရရှိလိုက်သည်။

"ဆရာ... ဘာလို့ ဘာမှ မခံစားရတာလဲ" ချင်းလင်းက သူမ၏ ဗိုက်ကို ပွတ်ရင်း ပြောလိုက်သည်။ ယခင်က သူမ သောက်ခဲ့ဖူးသော ဆေးလုံးများနှင့် ယှဉ်လျှင် များစွာ ကွာခြားနေသကဲ့သို့ပင်။

ကျန်းချန်က ပြုံးလျက် "ဒါက ပုံမှန်ပါပဲ၊ ယင်-ယန် နဂါးဆေးလုံးရဲ့ အဓိက လုပ်ဆောင်ချက်က ဖျက်ဆီးပြီးမှ အသစ်ပြန်လည် တည်ဆောက်တာ ဖြစ်တယ်၊ အနာဂတ်မှာ မင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း အဲ့ဒီဆေးလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်၊ အဲ့ဒီအခါကျရင် မင်း သိလာမှာပါ" ဟု ရှင်းပြလိုက်သည်။

သူ့ရှေ့တွင် ရှိနေသော သနားစဖွယ် မိန်းကလေးကို ကြည့်ရင်း ကျန်းချန်က သူမ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ချင်းလင်းမှာ တကယ့်ကို ချိုသာပြီး သိတတ်လွန်းသော တပည့်မလေးတစ်ဦးပင် ဖြစ်သည်။

ဘုရင်မကြီး မီဒူဆာသည် ဇီယန်ကို နှစ်သိမ့်ပေးပြီးနောက် ကျန်းချန်ကို ထူးဆန်းသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ သူမကိုယ်တိုင်ပင် သတိမထားမိဘဲ သူတို့နှစ်ဦး သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ယခင်က သူမ ခံစားခဲ့ရသော မုန်းတီးမှုများမှာ အကုန်လုံးနီးပါး ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါတွင်မူ ယခင်က တစ်ခါမျှ မခံစားဖူးသော ခံစားချက်တစ်ခုသာ ကျန်ရှိတော့သည်။

ထိုအချိန်တွင် သူမကိုယ်တိုင်တောင် ကျန်းချန်အပေါ်တွင် မတူညီသော ခံစားချက်များ စတင်ဖြစ်ပေါ်လာသည်ကို သတိမထားမိပေ။ သူ ထွက်ခွာသွားတိုင်း သူမ၏ ရင်ထဲတွင် ဗလာကျင်းနေသကဲ့သို့ ခံစားရပြီး ကျန်းချန် ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင်မူ ထိုလစ်ဟာမှုသည် ယခင်က မကြုံစဖူးသော ကျေနပ်မှုများဖြင့် ပြည့်နှက်သွားရသည်။

ထိုခံစားချက်ကို ကိုယ်တိုင် ကြုံတွေ့ဖူးသူများသာ နားလည်နိုင်မည်ဟု သူမ တွေးမိသည်။

ကျန်းချန်က သူ့ဘေးနားရှိ ချိုင်လင်းကို ကြည့်ကာ "ဘာဖြစ်လို့လဲ၊ ဒီတစ်ခါ မင်းပုံစံက တစ်မျိုးဖြစ်နေသလိုပဲ" ဟု ဇဝေဇဝါဖြင့် မေးလိုက်သည်။

ချိုင်လင်းက ချက်ချင်းပင် ကျောခိုင်းလိုက်ပြီး "ဘာမှ မဖြစ်ပါဘူး၊ ငါက ဘာဖြစ်ရမှာလဲ၊ ယွင်ယွင်က တချို့ကိစ္စတွေကို ဖြေရှင်းဖို့ ဂိုဏ်းကို ပြန်သွားတယ်၊ ဒီမှာ ငါတစ်ယောက်တည်း ကျန်ခဲ့တော့ နည်းနည်း ပျင်းနေတာပေါ့" ဟု ပြောလိုက်သည်။

ကျန်းချန်၏ ချောမောသော မျက်နှာကို ကြည့်ရင်း ဘုရင်မကြီး မီဒူဆာမှာ ခေါင်းကိုသာ ခါရမ်းမိတော့သည်။ ဤသည်မှာ မိမိ၏ ပင်ကိုယ်စရိုက်နှင့် လုံးဝ မတူပါ။

ဤသို့ ပြောသော်လည်း သူမ၏ မျက်လုံးများက ကျန်းချန်ကိုသာ ခဏခဏ ခိုးကြည့်နေမိပြီး နှလုံးသားထဲတွင် ဖော်ပြမရသော ခံစားချက်တစ်ခု ရှိနေသည်။

မကြာသေးမီက ချင်းရွှေက ကျန်းချန်မှာ ထိုစဉ်က သိုင်းဝိဇ္ဇာအဆင့်မျှသာ ရှိသေးသော်လည်း အချို့သောအကြောင်းအရင်းများကြောင့် သူသည် အလွန်ပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။ သူနှင့် အချိန်အတော်ကြာ အတူနေထိုင်ပြီးသည့်နောက်ပိုင်း သူမတွင်လည်း သူနှင့် ပတ်သက်၍ ထူးခြားသော ခံစားချက်များ တိုးပွားလာခဲ့သည်။

မီဒူဆာ၏ အမူအရာမှာ တန့်သွားပြီး နှုတ်ခမ်းကို ကိုက်လျက် "ငါ ဘယ်လိုလုပ် ဒီလိုအတွေးမျိုး ဝင်နေရတာလဲ၊ ဒါက မကြာခင်က အလုပ်များများ လုပ်လွန်းလို့ ဖြစ်မှာပါ... ဟုတ်တယ်၊ အလုပ်များလို့ပဲ ဖြစ်ရမယ်" ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆင်ခြေပေးနေမိသည်။

"ချိုင်လင်း" ကျန်းချန်၏ အသံက သူမ၏ နောက်ဘက်မှ ထွက်ပေါ်လာသည်။

"ငါ မကြာသေးခင်က ဆေးလုံးနှစ်လုံး ဖော်စပ်ထားတယ်၊ အဲ့ဒါကို သောက်ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက ဒိုချီ ပိုအားကောင်းလာစေပြီး မင်းရဲ့ ကျင့်ကြံခြင်းကို နောက်တစ်ဆင့် တက်သွားစေလိမ့်မယ်"

ကျန်းချန်က သူ၏ လက်ချောင်းများကို အသာအယာ လှုပ်ရှားလိုက်ရာ ထူးခြားသော ဆေးပုလင်းလေးမှာ လေထဲတွင် လှပသော အကွေ့အဝိုက်ပုံစံ ပျံသန်းသွားပြီး ဘုရင်မကြီး မီဒူဆာ၏ လက်ထဲသို့ ချောချောမွေ့မွေ့ ကျရောက်သွားသည်။

ဘုရင်မကြီး မီဒူဆာက မျက်မှောင်လေး ကြုတ်ကာ သူမလက်ထဲရှိ ဆေးပုလင်းကို ကြည့်ပြီး "ကျေးဇူးပဲ" ဟု ဆိုလိုက်သည်။

ကျန်းချန်က ထူးဆန်းသော အမူအရာဖြင့် "ဟား ဟား၊ မင်းဆီကနေ အဲ့ဒီစကားလုံးနှစ်လုံးကို ကြားရလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားဘူး၊ ဒါက တကယ့်ကို မထင်ထားတာပဲ" ဟု စနောက်လိုက်သည်။

"ဟွန်း"

ဘုရင်မကြီး မီဒူဆာက နှာ‌ခေါင်းရှုံ့လိုက်ပြီး သူမ၏ လှပသော ပါးနှစ်ဖက်ပေါ်တွင် မသိမသာ ရှက်သွေးဖြန်းသွားသည်။ သူမသည် ဆေးလုံးပုလင်းကို ရင်ခွင်ထဲ၌ ထည့်ထားပြီး နောက်သို့ လှည့်မကြည့်ဘဲ အခန်းထဲသို့ လျှောက်သွားလေတော့သည်။

ကျန်းချန်မှာ ချိုင်လင်း၏ ထူးဆန်းသော အပြုအမူကို ဂရုမစိုက်ဘဲ သူကိုယ်တိုင် ပြုလုပ်ထားသော မက်မွန်ပွင့်ဝိုင်ကိုသာ ဆက်သောက်နေလိုက်သည်။ ယခုအခါတွင် လူတိုင်း၏ စွမ်းအားမှာ များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ချိုင်လင်း - ကြယ်ငါးပွင့် သိုင်းဘိုးဘေး

ယွင်ယွင် - သိုင်းဘိုးဘေးတစ်ဝက်အဆင့်

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း - ကြယ်လေးပွင့် သိုင်းဘိုးဘေး

ခြင်္သေ့ပေါက်လေး - ကြယ်တစ်ပွင့် သိုင်းဧကရာဇ်

နတ်သမီးဆရာဝန်မလေး - ကြယ်သုံးပွင့် သိုင်းအရှင်

ချင်းလင်း - ကြယ်ခြောက်ပွင့် သိုင်းမြင့်မြတ်သခင် တို့ ရောက်သွားကြပြီ ဖြစ်သည်။

နတ်သမီးဆရာဝန်မလေးသည် ထူးခြားဆန်းကြယ် မီးတောက်ကို ဝါးမျိုထားခဲ့ခြင်းကြောင့် ကျင့်ကြံခြင်းအဆင့် တိုက်ရိုက် မရောက်သော်လည်း နတ်သမီး ချင်းယွင် ပေးခဲ့သော အဆင့်ရှစ် အဆိပ်ဆေးလုံးကြောင့် များစွာသော အကျိုးကျေးဇူး ရရှိခဲ့သည်။ တစ်ဆယ့်ငါးရက်အတွင်းမှာပင် သူမ၏ စွမ်းအားမှာ ခုန်ပျံကျော်လွှားသွားပြီး ကြယ်သုံးပွင့် သိုင်းအရှင်အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်လည်း များစွာ ကျေနပ်မိသည်။ ဆရာတစ်ယောက်အနေဖြင့် သူ၏ တပည့်များ ပိုမို သန်မာလာသည်ကို မြင်တွေ့လိုသည်မှာ သဘာဝပင်။ သူတို့ ပိုမို သန်မာလေလေ၊ သူသည် ဒိုချီတိုက်ကြီးမှ ထွက်ခွာသွားပြီးနောက် ပို၍ စိတ်အေးရလေလေ ဖြစ်ပေလိမ့်မည်။

လှေငယ်နှစ်စင်းသည် ကမ်းစပ်တွင် ဆိုက်ကပ်ထားပြီး လိမ္မော်ရောင် လှိုင်းကြက်ခွပ်လေးများကြားတွင် အသာအယာ ယိမ်းနွဲ့နေသည်။

လရောင်၏ အလင်းယိုင်မှုအောက်တွင် တောက်ပသော လမင်းကြီးမှာ ရေပြင်ပေါ်၌ ပေါ်ထွက်နေသည်။

ကျန်းချန်သည် လရောင်အောက်တွင် ဝိုင်သောက်နေပြီး ထိုကဲ့သို့ လွတ်လပ်ပေါ့ပါးသော ဟန်ပန်မျိုးမှာ သူတစ်ယောက်တည်းသာ လုပ်နိုင်လောက်ပေသည်။

"ဆရာ..."

ထိုအချိန်တွင် နတ်သမီးဆရာဝန်မလေးက ရုတ်တရက် လမ်းလျှောက်လာပြီး ကျန်းချန် ဝိုင်သောက်နေသည်ကို မြင်သောအခါ အဝတ်တစ်ထည်ကို ယူ၍ ဆရာဖြစ်သူ၏ ပုခုံးပေါ်သို့ ခြုံပေးလိုက်သည်။

ကျန်းချန်က ခါးသက်သက် ပြုံးလိုက်သည်။ သူ၏ စွမ်းအားနှင့်ဆိုလျှင် အပူအအေးဒဏ်ကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သော်လည်း နတ်သမီးဆရာဝန်မလေး ကိုယ်တိုင် လာရောက် ခြုံပေးခြင်းဖြစ်သဖြင့် သူ မငြင်းဆန်နိုင်ခဲ့ပေ။

"ဘာလို့ အခုထိ မအိပ်သေးတာလဲ" ကျန်းချန်က ကိုယ်လက် ဆန့်ထုတ်လိုက်ရင်း "မနက်ဖြန် ကျင့်ကြံရဦးမှာမို့လို့ စောစောသွားနားတော့" ဟု ပြောလိုက်သည်။

နတ်သမီးဆရာဝန်မလေးက ကျန်းချန်၏ ဘေးတွင် အသာထိုင်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ဆရာ... ဆရာက ဘာလို့ အခုထိ အစ်မ ချင်းယွင်ကို လက်မခံသေးတာလဲ"

ထိုစကားကို ကြားသောအခါ ကျန်းချန်မှာ တန့်သွားပြီး ဝိုင်ခွက်ကိုင်ထားသော သူ၏ ညာလက်မှာလည်း ရပ်သွားသည်။ သူက ခေါင်းကို လှည့်ကြည့်ကာ "မင်း ဒါကို ဘယ်လို သိတာလဲ" ဟု မေးလိုက်သည်။

"သမီး ကြားတာပေါ့"

နတ်သမီးဆရာဝန်မလေးက ကျန်းချန်၏ ပေါင်ပေါ်တွင် မည်သည့် တွန့်ဆုတ်မှုမရှိဘဲ လဲလျောင်းလိုက်ကာ သူမ၏ ချစ်စဖွယ် လျှာလေးကို ထုတ်ပြလျက် "အစ်မ ချင်းယွင် ဆရာ့ကို ပြောသမျှ အကုန်လုံး ညီမ ကြားပါတယ်၊ အစ်မက တော်တော်လှတဲ့ မိန်းကလေးပဲ၊ ဆရာ နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား" ဟု မေးလိုက်သည်။

ကျန်းချန်က သက်ပြင်းရှည်ကြီးချလိုက်ပြီး လက်ထဲရှိ ဝိုင်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ထို့နောက် သူက အဓိပ္ပာယ်ပါပါဖြင့် "မင်း နားမလည်ပါဘူး၊ ငါက တိုက်ကြီးတစ်ခုလုံးကို လှည့်လည်သွားလာရတာ ဝါသနာပါတဲ့သူ၊ သူကတော့ အဲ့ဒီလို မဟုတ်ဘူး၊ သူက ကျင့်ကြံခြင်းကို ကြိုးစားအားထုတ်ပြီး ဖြောင့်မတ်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းချင်ကြတဲ့သူတွေလေ" ဟု ဆိုလိုက်သည်။

"ဒါကြောင့် နတ်သမီး ချင်းယွင် ဒါမှမဟုတ် ချင်းရွှေတို့ရဲ့ ရှေ့မှာတော့ ငါက ပျော်ရွှင်မှုနောက်ကိုပဲ လိုက်နေတဲ့ စာပေသမားတစ်ယောက်လို ဖြစ်နေတာပေါ့"

ဤနေရာသို့ ရောက်သောအခါ ကျန်းချန်က ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် ထိုစဉ်က အနောက်မြောက်တိုက်၊ အရှေ့ဘက်တိုက်ကြီး သို့မဟုတ် ဆေးလုံးမျှော်စင်ရှိရာ အလယ်ပိုင်းဒေသတွင်ပင် လူများစွာ၏ လိုက်ပိုးခြင်းကို ခံခဲ့ရဖူးသည်။ ထိုနေရာများတွင်လည်း သူ၏ သူငယ်ချင်းကောင်းများစွာ ရှိနေကြသည်။

ကျန်းချန်သည် ယခင်က အတွေ့အကြုံစွမ်းရည်များ ရရှိရန်နှင့် သူ၏ စွမ်းအားကို မြှင့်တင်ရန်အတွက်သာ အာရုံစိုက်ခဲ့သည်။ ကူးပြောင်းလာသူ တစ်ဦးအနေဖြင့် ကျန်းချန်သည် စွမ်းအားမရှိလျှင် အရာအားလုံးမှာ အချည်းနှီးသာဖြစ်သည်ဟု ယုံကြည်ထားသည်။ အကယ်၍ သူ့တွင် လုံးဝဥဿုံ အစွမ်းထက်သော ပါဝါမရှိပါက အမျိုးသမီးတစ်ဦးကို ပိုင်ဆိုင်ခွင့်ရလျှင်ပင် သူ့ထက် အခြား‌သောအစွမ်းထက်သူများ၏ လုယူခြင်းကို ခံရပေလိမ့်မည်။

အခန်း ၁၃၀ - ချင်းရွှေ ရောက်လာပြီလား

ကျန်းချန်၏ စကားများကြောင့် စီနီယာ ချင်းယွင်နှင့် ချင်းရွှေတို့ ဆရာအား လွမ်းဆွတ်တမ်းတနေကြမည်ကို နတ်သမီးဆရာဝန်မလေး ရှောင်ရီရှန် နားလည်သွားခဲ့သည်။ သံယောဇဉ် ခံစားချက်တစ်ခု ဖြစ်တည်လာပြီးနောက်တွင် ခုနစ်ပါးသော ခံစားချက်နှင့် ခြောက်ပါးသော ကိလေသာဆန္ဒများကို ဖြတ်တောက်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပေသည်။

ဆရာသည် အရည်အချင်းရော ရုပ်ရည်ပါ အဆမတန် ထူးကဲလှသူဖြစ်ရာ မည်သူမဆို စွဲမက်သွားမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

နတ်သမီးဆရာဝန်မလေးသည် သူမဆရာ၏ ပေါင်ပေါ်တွင် လှဲလျက် တောက်ပနေသော ကြယ်တာရာများကို တိတ်ဆိတ်စွာ ကြည့်နေရင်း သူမ၏စိတ်ထဲတွင် မည်သည်ကိုတွေးနေသည်ကိုမူ မည်သူမျှ မသိရှိနိုင်ပေ။

"ဘာဖြစ်လို့ ဒီနေ့မှ ဒါတွေကို ရုတ်တရက် ပြောလာရတာလဲ" ဟု ကျန်းချန်က နူးညံ့သောအပြုံးဖြင့် ရှောင်ရီရှန်၏ ဖြူစင်သော မျက်နှာလေးကို ငုံ့ကြည့်ကာ မေးလိုက်သည်။ "မင်း ဆရာ့ကိစ္စတွေကို စိတ်မပူပါနဲ့တော့"

ရှောင်ရီရှန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် "ဆရာ... ဆရာက တစ်သက်လုံး တစ်ယောက်တည်းပဲ နေသွားတော့မလို့လားဟင်" ဟု မေးရှာသည်။

ထိုစကားကို ကြားသောအခါ ကျန်းချန်၌ ပြောစရာစကားမရှိတော့ချေ။ သို့ရာတွင် သူသည် တစ်ယောက်တည်း မနေဘူးဟူ၍ သူမကို ကတိပေးလိုက်သည်။

ပုစဉ်းရင်ကွဲကောင်များ၏အသံက ညဉ့်နက်သန်းခေါင်၏ တိတ်ဆိတ်မှုကို တဖြည်းဖြည်း ဖြိုဖျက်လိုက်သည်။ ကျန်းချန်သည် တစ်နေရာရာကို စေ့စေ့စပ်စပ် ကြည့်နေစဉ် ရှောင်ရီရှန်မှာမူ သူ့ဆရာ၏အနားတွင် တဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့သည်။

ကျန်းချန်သည် ပြုံးလိုက်သော်လည်း ရှောင်ရီရှန်၏ အနားယူမှုကို မနှောင့်ယှက်ဘဲ တိတ်တဆိတ် ထိုင်ကာ သူ၏ ဒိုချီ စွမ်းအင်ကို အသုံးပြုပေးပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အအေးဓာတ်များကို ဖယ်ရှားပေးနေခဲ့သည်။

ကောင်းကင်ယံထက်တွင် ငွေရောင်ဗန်းကြီးအလား လမင်းကြီးသည် ထွန်းလင်းနေပြီး အေးမြသော လရောင်တို့က တောင်တန်းကြီးတစ်ခုလုံးကို ငွေရောင်ခြုံလွှာ ပါးပါးလေး လွှမ်းခြုံပေးထားသကဲ့သို့ ဖြစ်နေ လေသည်။

……………

နောက်တစ်နေ့။

နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည်က တဖြည်းဖြည်း ပွင့်လာသည်။

ရှောင်ရီရှန်သည်လည်း အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့သည်။ သူမသည် ဆရာ့ပေါင်ပေါ်တွင် မှီအိပ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ ရှက်သွေးဖြာသွားပြီး "ဆရာ... ဘာလို့ ကျွန်မကို မနှိုးတာလဲ" ဟု ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

ကျန်းချန်က ညင်သာစွာပင် "မင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို ဆရာက ဘယ်လိုလုပ် ရက်ရက်စက်စက် နှိုးနိုင်မှာလဲ၊ ကဲ... သွားပြီး ကျင့်ကြံတော့၊ နောင်မှာလည်း ကျင့်ကြံခြင်းလမ်းစဉ်မှာ ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်နော်" ဟု ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

ရှောင်ရီရှန်သည် ထရပ်လိုက်ပြီး လျှာလေးကို ထုတ်ကာ ချစ်စရာကောင်းအောင် မျက်နှာပြောင်ပြလိုက်ပြီး အဝေးသို့ ထွက်ခွာသွားခဲ့သည်။

ကျန်းချန်သည်လည်း ထရပ်လိုက်ပြီး ခြေလက်များကို ဆန့်လိုက်သည်။ သူသည် မပင်ပန်းသော်လည်း ဤမျှကြာအောင် ပုံစံတစ်မျိုးတည်း ထိုင်နေရသဖြင့် အနည်းငယ်တော့ မသက်မသာ ဖြစ်နေသည်။

ဘုရင်မကြီး မီဒူဆာသည် သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကျန်းချန်ကို စိုက်ကြည့်လျက် "ဘဝက အရမ်းကို သာယာနေတာပဲ၊ ကျွန်မတို့ မြွေလူမျိုးစုဆီကို အစွမ်းထက်တဲ့ အဖွဲ့ဝင်တစ်ယောက် ဘယ်တော့လောက် ပို့ပေးမှာလဲ" ဟု လှပသော မျက်လုံးအစုံကို အနည်းငယ် ကစားကာ မေးလိုက်သည်။

"ဟိုဘက်က တည်ဆောက်ရေးတွေ ဘယ်လိုတွေဖြစ်နေလဲ" ကျန်းချန်က ကမ်းစပ်နားတွင် မျက်နှာသစ်ပြီးနောက် မေးလိုက်သည်။

"အားလုံး အဆင်သင့်ပါပဲ၊ အချိန်မရွေး အစွမ်းထက်တဲ့ မြွေလူမျိုးတွေကို ချက်ချင်း စေလွှတ်လို့ရတယ်"

ဘုရင်မကြီး မီဒူဆာသည် ဤကိစ္စကို အမြဲ အလေးထားနေပြီး စီမံကိန်းမှာလည်း ပြီးစီးလုနီးပါးဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် ကျန်းချန်၏ သဘောတူညီမှုကို ရယူကာ မြွေလူမျိုးများကို အခုပင် လာရောက်စေလိုခြင်းဖြစ်သည်။

"နည်းနည်းလောက် ထပ်စောင့်လိုက်ဦး၊ မှော်သားရဲတောင်တန်းက ကိစ္စတွေကို မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက ကိုင်တွယ်ဖြေရှင်းဖို့ လိုသေးတယ်"

ကျန်းချန်က ပြောရင်း လက်ပေါ်မှ ရေစက်များကို ခါထုတ်လိုက်သည်။ မှော်သားရဲတောင်တန်း၏ အရှေ့ဘက်ခြမ်းသည် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း၏ နယ်မြေဖြစ်သော်လည်း ကျန်ရှိသော ဧရိယာများတွင် အခြားသော အဆင့်ခြောက်အဆင့်ရှိသည့် သားရဲများ ရှိနေသေးသည်။ ဤအခွင့်အရေးကို အသုံးချကာ ၎င်းတို့ကို နှိမ်နင်းရန်မှာ အလွန်ပင် အရေးကြီးလှသည်။

သို့မဟုတ်ပါက မြွေလူမျိုးများသည် အနောက်ဘက်တောင်တန်းများကို ဖြတ်သန်းသွားစဉ် ဒေသခံမှော်သားရဲများ၏ မကျေနပ်မှုကို ဆွပေးသကဲ့သို့ ဖြစ်သွားနိုင်ပြီး မမျှော်လင့်ထားသော ဘေးဒုက္ခများ ကြုံတွေ့ရပါက ဆုံးရှုံးမှုကြီးမားပေလိမ့်မည်။

ချိုင်လင်း (မီဒူဆာ)သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

သူမသည်လည်း မာနခဲတစ်ယောက် ဖြစ်သည်။ ကောင်းကောင်းမွန်မွန် ပြောဆိုလျှင် နားထောင်ကောင်း နားထောင်နိုင်သည်။ သို့ရာတွင် လေသံ၊ အပြောအဆိုက မိမိနှင့် မသင့်တော်ပါက မည်သူပင်ဖြစ်စေ သူမသည် အေးစက်စက်သာ ဆက်ဆံပေလိမ့်မည်။

တခဏမျှ စဉ်းစားပြီးသည့်နောက် မီဒူဆာသည် ကျန်းချန်လည်း မြွေလူမျိုးများအတွက် လုပ်ဆောင်ပေးနေကြောင်း သိရှိသွားသည်။ သို့သော် သူမ၏ မျက်လုံးထဲတွင် ခက်ထန်သော ပုံရိပ်များ ထင်သွားပြီး သွားကြိတ်ကာ "ဒါဆိုရင် အချိန်အတိအကျ တစ်ခုပေးပါ၊ ဒီအတိုင်း အချိန်ဆွဲမနေနိုင်ဘူး" ဟု ပြောလိုက်သည်။

ကျန်းချန်က ပခုံးတွန့်လိုက်ပြီး "ရှောင်ဟော်ရဲ့ ကိစ္စတွေ အဆင်ပြေသွားတာနဲ့ သူနဲ့အတူ မင်းတို့ မြွေလူမျိုးစုဆီကို လိုက်ပို့ဖို့ စီစဉ်ပေးပါ့မယ်" ဟု ဆိုသည်။

မီဒူဆာ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေသော်လည်း ဘာမှ ထပ်မပြောတော့ပေ။ အဆုံးတွင် မြွေလူမျိုးစု၏ ကံကြမ္မာမှာ ကျန်းချန်၏ လက်ထဲတွင်သာ ရှိနေသည် မဟုတ်ပါလား။ သူမအနေဖြင့် ဆက်လက် စောင့်ဆိုင်းရန်သာ ရှိတော့သည်။

"မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း... အဲဒီ အဆင့်ခြောက် သားရဲတွေကို သွားပြီး နှိမ်နင်းဖို့ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ သူတို့က နာခံမှုမရှိရင် သတ်ပစ်လိုက်ရုံပဲ"

ဘုရင်မကြီး မီဒူဆာ၏အကြည့်သည် အိပ်ပျော်နေဆဲဖြစ်သော မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းကို စိုက်ကြည့်ကာ အော်လိုက်သဖြင့် ခြင်္သေ့မင်းမှာ ထိတ်လန့်တကြား ခုန်ထလာတော့သည်။

သူသည် မလိုလားသော်လည်း သူ့သခင်၏ ခွင့်ပြုချက်ဖြင့် ဘုရင်မကြီး မီဒူဆာ၏ နောက်သို့ လိုက်ပါကာ အခြားနယ်မြေရှိ အဆင့်ခြောက် သားရဲများကို သွားရောက်နှိမ်နင်းရတော့သည်။

၎င်းတို့ နှစ်ဦးစလုံးမှာ သိုင်းဘိုးဘေး အဆင့်များ ဖြစ်ကြသဖြင့် မည်သည့်မှော်သားရဲမျှ ၎င်းတို့ကို မယှဉ်နိုင်ပေ။ ထိုမှော်သားရဲများအတွက် လက်နက်ချခြင်း သို့မဟုတ် အမြစ်ပြတ် ချေမှုန်းခံရခြင်းဟူသော လမ်းနှစ်သွယ်သာ ရှိတော့သည်။

ကျန်းချန်သည် ကုလားထိုင်ပေါ်တွင် ပြန်မှီလျက် သူ့လက်ထဲရှိ စာအုပ်ကို စိုက်ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်သွားပြီး အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။

"အင်း..."

ကျန်းချန်က နှုတ်ခမ်းကို အနည်းငယ်ဟလျက် သူတို့ရှိရာသို့ ဦးတည်လာနေသော ကြီးမားသည့် အနက်ရောင် တိမ်တိုက်ကြီးကို ကြည့်နေသည်။ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူသည် ကုလားထိုင်မှ ချက်ချင်း ထရပ်လိုက်ပြီး

"မဟုတ်တာတွေ လာမလုပ်နဲ့" ဟု ဆိုလိုက်သည်။

ဗုန်း။

ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ လျှပ်စီးအလင်းတန်းတစ်ခုသည် ကျန်းချန်၏ ခြေရင်းသို့ တည့်တည့်ကျကာ ဝါးတောအတွင်းရှိ ဝါးစင်လေးကို ဖျက်ဆီးပစ်လိုက်သည်။

ကျန်းချန်သည် ရောက်ရှိလာသူကို အကူအညီမဲ့စွာ ကြည့်ကာ "ဟေး... အစ်မကြီး၊ ခြေလှမ်းလေး ဘာလေး ကြည့်လှမ်းပါဦး၊ ဒါကို အချိန်တော်တော်ကြာ ဆောက်ထားရတာ" ဟု ပြောလိုက်သည်။

"ကွန်ဖြူးရှပ် ပညာရှိဆိုတဲ့ လူယုတ်မာ၊ လော်လီတဲ့ကောင်"

ရောက်ရှိလာသူမှာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးကာ လှပသော မျက်လုံးအစုံနှင့် လေထဲတွင် ဝဲလွင့်နေသော ဆံပင်နက်ရှည်ကြီးများကို ပိုင်ဆိုင်ထားသည်။ နံနက်ခင်း မြူနှင်းများ၊ ကြည်လင်သော ရေပြင်နှင့် ကြာပန်းစိမ်းများအကြားတွင် သူမသည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းလှပြီး နတ်သမီးတစ်ပါးအလား တင့်တယ်လှပေသည်။

ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာပြီး လေဆင်နှာမောင်းများစွာက သစ်ပင်နှင့် ကျောက်တုံးများကို လွင့်စင်လာစေသည်။ မှော်သားရဲတောင်တန်းရှိ သားရဲများမှာ ထိတ်လန့်တကြား ထွက်ပြေးကြသည်။

လေမုန်တိုင်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ တောအုပ်များမှာ ပျက်စီးသွားသည်။ ကံကောင်းထောက်မစွာ ကျန်းချန် ချမှတ်ထားသော အတားအဆီးများကြောင့် ဤနေရာမှာမူ ဘေးဒုက္ခမှ ကင်းဝေးနေခဲ့သည်။

ကျန်းချန်သည်လည်း လေထဲသို့ ပျံတက်လိုက်ပြီး ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ ဘေးပတ်ပတ်လည်ရှိ မိုးပြာရောင် လေဆင်နှာမောင်းများမှာ သူ့ကို အနည်းငယ်မျှ ထိခိုက်နိုင်ခြင်း မရှိပေ။

"ချင်းရွှေ... မင်း ဘာလို့ ကောင်းကင်မြွေစံအိမ်မှာ ကောင်းကောင်းမွန်မွန် မကျင့်ကြံဘဲ ဒီကို ရုတ်တရက် ရောက်လာတာလဲ"

"ရှင် ဘယ်လိုတောင် ပြောရဲတာလဲ" ချင်းရွှေသည် မျက်နှာရဲရဲဖြင့် ထူးဆန်းသော ဆေးပုလင်းတစ်လုံးကို သူ့ထံသို့ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်ကာ "ရှင် ကျွန်မအတွက် ဘယ်လိုဆေးမျိုးကို ဖော်စပ်ပေးလိုက်တာလဲ" ဟု မေးလိုက်သည်။

ကျန်းချန်က အပြစ်ကင်းစင်ဟန်ဖြင့် "ဆွဲဆောင်မှုရနံ့ဆေးလုံးလေ၊ မင်းကိုယ်တိုင်ပဲ ဒီလိုဆေးလုံးမျိုး အမြဲတမ်း လိုချင်နေတာ မဟုတ်ဘူးလား" ဟု ဆိုသည်။

"ရှင်... လူယုတ်မာ၊ ရှင့်ရဲ့ ကာမအားတိုးဆေးက ကျွန်မကို ဘယ်လိုမျိုးတွေ ခံစားရအောင် လုပ်လဲဆိုတာ... အခုဆိုရင် အကြီးအကဲ ချင်းတောင် ကျွန်မရဲ့ အသံကို ကြားနေရတယ်၊ ရှင်... လူယုတ်မာ၊ ရှင် သေသင့်တယ်"

ကျန်းချန်သည် အနေခက်စွာဖြင့် ချောင်းနှစ်ကြိမ်ဟန့်လိုက်သည်။ အမှန်တကယ်တော့ ဤသည်မှာ သူနှင့် မသက်ဆိုင်ဘဲ ဆေးလုံး၏ အဓိက ပါဝင်ပစ္စည်းကြောင့်သာ ဖြစ်သည်။ ထိုပါဝင်ပစ္စည်းသည် ချင်းရွှေကို အမှန်တကယ် လှပပြီး ဆွဲဆောင်မှုရှိစေနိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ချင်းရွှေမှာ ဘေးအန္တရာယ်ကို သတိမမူမိဘဲ ထိုဆေးကို စားသုံးပြီးနောက် အရှက်ရဖွယ် ကိစ္စရပ်များ ကြုံတွေ့ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် အကြီးအကဲ ချင်း တစ်ယောက်တည်းသာ ရှိနေခဲ့သည်က တော်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက ကျန်းချန်ကို သတ်ပစ်လျှင်ပင် အလွန်အကျွံ ဖြစ်မည်မဟုတ်ပေ။

"ဒါကို ခံစားလိုက်စမ်း"

"ကဲပါ... ထိုင်ပြီး ကောင်းကောင်း စကားပြောကြရအောင်၊ အသေအလဲ တိုက်ခိုက်နေဖို့ မလိုပါဘူး"

ကျန်းချန်သည် တည်ငြိမ်စွာပင် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ချင်းရွှေ၏ ပြင်းထန်သော ဓားစွမ်းအင်ကို ချက်ချင်းပိတ်ဆို့တားဆီးလိုက်သည်။ ဤကဲ့သို့ လွယ်လင့်တကူ တားဆီးနိုင်မှုကြောင့် ချင်းရွှေသည် သူမနှင့် ကျန်းချန်ကြားရှိ ကွာဟချက်မှာ ပိုမိုကြီးမားလာပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ကြည်လင်နေသော ကောင်းကင်ယံထက်တွင် နားကွဲလုမတတ် ပြင်းထန်လှသော မိုးခြိမ်းသံကြီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာလေသည်။

All Chapters